THUM

THUM 🍀A quiet place for slow stories.🍃✨
(◕‿◕)Words, memories, and moments — gently unfolding through solo living and inner growth.(๑♡3♡๑)💕

📝 Welcome to a journey of meaningful moments and heartfelt storytelling. Here, life unfolds through the lens of new beginnings, personal growth, and the beautiful art of solo living. Join me as I weave together authentic stories, culinary adventures, and thoughtful reflections that capture the essence of life's transitions. Through these pages, we'll explore the simple joys, embrace unexpected dis

coveries, and celebrate the courage it takes to chart new paths. Whether you're seeking inspiration, connection, or simply a moment of reflection, you've found a space where genuine stories come to life. Let's create, share, and grow together in this chapter of life. ✨

🍀 ခြေဦးတည့်ရာသွားမယ်ဆိုပြီး ထွက်လာခဲ့တာ ခုတော့ Dalat မြို့လေးရောက်ပြန်ပြီ။ ✨ လေယာဥ် Touch Down ဖြစ်ကတည်းက ကြည်နူးရတဲ့ စ...
24/09/2025

🍀 ခြေဦးတည့်ရာသွားမယ်ဆိုပြီး ထွက်လာခဲ့တာ ခုတော့ Dalat မြို့လေးရောက်ပြန်ပြီ။

✨ လေယာဥ် Touch Down ဖြစ်ကတည်းက ကြည်နူးရတဲ့ စိတ်လေးစတင်ခံစားလာရတယ်။ နောက် airpot ကနေ apartment သွားနေတဲ့ အချိန်လေးမှာလဲ တကယ်ကို ကိုယ်နဲ့ သိပ်မစိမ်းတဲ့ နယ်မြို့လေး ပြန်ရောက်သလို ခံစားရတယ်။

5 days ပဲ Book လုပ်ထားပေမယ့် ဆက်နေဖြစ်ဖို့သေချာသွားပြီ။ ဘယ်လောက်ကြာသည်အထိ ဆက်နေဖြစ်မလဲတော့မသိဘူး။

တကယ့်ကို အေးချမ်းတဲ့ အနှစ်သာရအပြည့်ရလိုက်တဲ့ မြို့လေး 🥰 thx you.

゚viralシfypシ゚

Hello Monday! Good Morning ☀️
22/09/2025

Hello Monday!
Good Morning ☀️

☀️မင်္ဂလာညချမ်းလေးပါ။✨အားလုံးမရောက်ချင်တဲ့ Monday morning ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြပြီလား? ✨ နေ့တစ်နေ့ရဲ့ အစတိုင်းမ...
21/09/2025

☀️မင်္ဂလာညချမ်းလေးပါ။

✨အားလုံးမရောက်ချင်တဲ့ Monday morning ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြပြီလား?

✨ နေ့တစ်နေ့ရဲ့ အစတိုင်းမှာ ကျွန်တော်ကတော့ မနက်ခင်းနေရောင်ခြည်နုနုလေးကို ခံစားရင်း အနွေးဓာတ်ပေးမယ့် ကော်ဖီလေးတစ်ခွက်နဲ့ အရင်စတင်လေ့ရှိပါတယ်။

✨နောက်ပြီး အမြဲတမ်း မနက်ခင်းတိုင်းရဲ့ အစမှာ ခဏလေး အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ် စိတ် Relax အရင်လုပ်လေ့ရှိပါတယ်။

✨အလုပ်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ မပြည့်ခင်မှာ ကိုယ်ကြိုက်တဲ့ သီချင်းလေး နားထောင်တာ၊ ဒါမှမဟုတ် ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရှူသွင်း၊ ရှူထုတ် လုပ်တာမျိုးလေးတွေ လုပ်ကြည့်နော်။ ဒါက ကိုယ့်စိတ်ကို ပိုပြီးတော့ ကြည်လင်လန်းဆန်းစေပါတယ်။

✨မနက်ဖန်အတွက် နေ့သစ်လေးမစခင်မှာ အေးချမ်းမှုလေးကို ဖန်တီးလိုက်ရအောင်။ အစပြုတဲ့ နေ့တိုင်းဟာ စိန်ခေါ်မှုတွေ ရှိနိုင်ပေမဲ့ အဲ့ဒီအရာတွေကို စိတ်အေးချမ်းသာစွာနဲ့ ရင်ဆိုင်နိုင်ဖို့ ကိုယ့်စိတ်ကို အရင် Relax လုပ်ကြည့်ဖို့ ဒီ Post လေးနဲ့ Remind လုပ်တာပါ။

“အသက်ရှူသွင်းလိုက်တိုင်း အေးချမ်းမှုတွေ ဝင်ရောက်လာပြီး အသက်ရှူထုတ်လိုက်တိုင်း စိတ်ဖိစီးမှုတွေ ထွက်သွားပါစေ။”

✨ဒီတစ်ပတ်တာလုံး ကောင်းမွန်တဲ့ခံစားမှုတွေ၊ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

GOODNIGHT 💤

゚viralシ

🇻🇳 ဗီယက်နမ်ကို ရောက်ရောက်ချင်း အရင်ဆုံး မဖြစ်မနေသွားစားရတာကတော့ Vietnam Pho ပဲ။ဆိုင်အများစုက (ကိုယ့်အတွက်) နည်းနည်းအသားန...
21/09/2025

🇻🇳 ဗီယက်နမ်ကို ရောက်ရောက်ချင်း အရင်ဆုံး မဖြစ်မနေသွားစားရတာကတော့ Vietnam Pho ပဲ။ဆိုင်အများစုက (ကိုယ့်အတွက်) နည်းနည်းအသားနံ့ (ညှီနံ့) ရတတ်တာကြောင့် ဒီတစ်ခါတော့ Vietnam သူငယ်ချင်းလေးခေါ်သွားတဲ့ဆိုင်လေးကို သွားစားတာ အတော်လေး အဆင်ပြေတယ်။

📍ဆိုင်လေးက Phở Việt Nam – 📍 14 Phạm Hồng Thái ဆိုတဲ့ဆိုင်လေးပါ။ district 1 ထဲမှာ ရှိပါတယ်။

နောက် ဗီ သူငယ်ချင်းမလေးပြောပြတဲ့ ဒီ ဖို (PHO) ကို သိသလောက်လေးပြန်လည်မျှဝေးပေးချင်ပါတယ်။

🍜 ဖိုဆိုတာ ခေါက်ဆွဲဟင်းရည်တစ်ခုတင်မဟုတ်ဘဲ "ဗ" တွေအတွက် နွေးထွေးတဲ့ အမှတ်တရတစ်ခု၊ နေ့စဉ်စားသောက်နေကျ အလေ့အထတစ်ခုနဲ့ ဗီယက်နမ်ယဉ်ကျေးမှုရဲ့ သင်္ကေတတစ်ခုဖြစ်ကြောင်းကိုလဲ Vietnamese သူငယ်ချင်းမလေးရှင်း ပြလို့သိရသေးတယ်။

⏳ ဒီခေါက်ဆွဲဟင်းရည်ရဲ့ ခရီးက ၁၉၀၀ ပြည့်နှစ်အစောပိုင်း၊ ဗီယက်နမ်မြောက်ပိုင်းက နမ်းဒင်း (Nam Định) နဲ့ ဟနွိုင်း (Hà Nội) မြို့တွေမှာ စတင်ခဲ့တာတဲ့။ အဲ့ဒီအချိန်က ပြင်သစ်တွေက အမဲသားကို မိတ်ဆက်ပေးခဲ့တာရယ်၊ တရုတ်တွေရဲ့ ခေါက်ဆွဲလုပ်တဲ့ အစဉ်အလာကို ပေါင်းစပ်ပြီး ဖြစ်ပေါလာတဲ့ ခေါက်ဆွဲဟင်းတစ်ခွက်ပါတဲ့။ လမ်းဘေးဈေးသည်တွေဟာ သူတို့ရဲ့ ရေနွေးငွေ့ထွက်နေတဲ့ ဟင်းရည်အိုးတွေကို သစ်သားဒေါက်တွေပေါ်တင်ပြီး ဟနွိုင်းရဲ့ အေးစိမ့်တဲ့ မနက်ခင်းတွေမှာ အလုပ်သမားတွေကို စတင်ရောင်းချခဲ့ကြရာကနေအချိန်ကြာလာတာနဲ့အမျှ ဖိုဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်တဲ့။

🏔️ မြောက်ပိုင်းမှာတော့ ရှင်းလင်းပြီး ရိုးရှင်းတဲ့ဟင်းရည်၊ ခေါက်ဆွဲ၊ နူးညံ့တဲ့ အမဲသား (ဒါမှမဟုတ် ကြက်သား) အစိပ်လေးတွေနဲ့ သံပရာသီးအနည်းငယ်၊ ငရုတ်သီးလေးတွေနဲ့ traditional အရသာကိုခံစားရမှာ ဖြစ်ပြီးတော့ တောင်ပိုင်းကို ရောက်တဲ့အခါမှာတော့ ပိုပြီး အရောင်အသွေးစုံ၊ ပိုပြီး အရသာရှိတဲ့ဟင်းရည်အဖြစ်စားသုံးခွင့်ရမှာပါ။တောင်ပိုင်းမှာက ထိုင်းပင်စိမ်းနဲ့ culantro လိုမျိုး ဟင်းခတ်အမွှေးအကြိုင်အသစ်တွေ၊ ပဲပင်ပေါက်၊ hoisin ဆော့စ်နဲ့ ငရုတ်သီးနှစ်တွေ အားလုံးကို ဘေးမှာ သီးသန့်ထည့်ပေးခဲ့ပါတယ်။

🇻🇳 ဒီနေ့ခေတ်မှာတော့ ဖိုဟာ ကမ္ဘာနဲ့ အနှံ လူကြိုက်များတဲ့ Vietnam Signature Noodle အဖြစ်တွေ့ရမှာပါ။ Hanoi လမ်းဘေးဆိုင်ငယ်လေးတွေကနေ Saigon က Michelin အသိအမှတ်ပြုစားသောက်ဆိုင်တွေအထိ အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ ဗီယက်နမ်မှာတော့ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံက မုန့်ဟင်းခါးလို နေ့စဉ်ဘဝရဲ့ အစားအစာတစ်ခုပါပဲ။

သူငယ်ချင်းက ဂုဏ်ယူစွာပြောပြပေးနေတော့ ကိုယ်တောင်ကြည်နူးမိသလို ကိုယ်တွေရဲ့ မြန်မာအစားအစာကိုလဲ တကယ့်ကို အောင်မြင်စေချင်တယ်။

Sharing by THUM
Follow for more 🍀
Follow my page for more!

✨ အခုရက်ပိုင်းတွေ online မှာ ပို့စ်တွေ မတင်ဖြစ်တာ ကြာပါပြီ။ အဓိက အကြောင်းရင်းကတော့ ရေးဖို့၊ edit လုပ်ဖို့ ပျင်းနေတာရယ်၊ ...
19/09/2025

✨ အခုရက်ပိုင်းတွေ online မှာ ပို့စ်တွေ မတင်ဖြစ်တာ ကြာပါပြီ။ အဓိက အကြောင်းရင်းကတော့ ရေးဖို့၊ edit လုပ်ဖို့ ပျင်းနေတာရယ်၊ နောက်ပြီး နိုင်ငံသစ်တစ်ခုကို ပြောင်းဖို့အတွက် ပြင်ဆင်နေရတာတွေ၊ ပစ္စည်းတွေ သိမ်းဆည်းနေရတာတွေနဲ့ အလုပ်ရှုပ်နေလို့ပါ။

🇹🇭 ဘန်ကောက်မှာ တစ်နှစ်ခွဲလောက် နေခဲ့ပြီးတဲ့နောက်မှာတော့ အခုအခါမှာ နယ်မြေအသစ်၊ ဒေသအသစ်တစ်ခုကို စတင်ခြေချဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

📈 ကိုယ်ပိုင် local brand business တစ်ခုကို လုပ်ကိုင်နေတဲ့သူတစ်ယောက်အနေနဲ့ vietnam မှာ ကိုယ့် brand အတွက် ပိုပြီး လေ့လာဖို့ရယ်၊ နောက်ပြီး visa ကိစ္စတွေ ခေါင်းမရှုပ်ချင်တာရယ်၊ အေးဆေးသက်တောင့်သက်သာ နေချင်တာရယ်ကြောင့် ဒီကို ပြောင်းလာဖို့ ဆုံးဖြတ်လိုက်တာပါ။

🇻🇳 တကယ်တော့ ဗီယက်နမ်ဆိုတာ ကျွန်တော့်အတွက် မစိမ်းတဲ့ နေရာတစ်ခုလို့ ပြောလို့ရပါတယ်။ ၂၀၁၃ တုန်းက တစ်ကြိမ်၊ ၂၀၁၉ တုန်းက တစ်ကြိမ် ရောက်ခဲ့ဖူးပါတယ်။ အခုတော့ ရေရှည်အတွက် တစ်ကိုယ်တော် ခရီး (Solo Journey) ကို စတင်ဖို့ ရင်ခုန်နေမိတယ်။

✈️ လူတွေ အများစုက အထူးသဖြင့် ကျွန်တော်တို့ မြန်မာအများစုက တစ်ယောက်တည်း ခရီးသွားရတာ ပျင်းစရာကောင်းတယ်၊ အဖော်မပါလို့ အထီးကျန်တယ်လို့ ထင်တတ်ကြပေမဲ့ တကယ်တမ်းကျတော့ Solo Journey ဆိုတာ ကိုယ့်ကိုယ်ကို ပိုပြီး သိကျွမ်းလာစေတဲ့၊ လွတ်လပ်ခြင်းရဲ့ အရသာကို အပြည့်အဝ ခံစားရတဲ့ အတွေ့အကြုံမျိုးပါ။ ကိုယ်သွားချင်တဲ့နေရာကို သွား၊ စားချင်တာကို စား၊ ကိုယ့်စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးမျိုးဟာ စိတ်ကို အေးချမ်းစေပါတယ်။ Peaceful living လို့ ခေါ်တဲ့ ဘဝနေထိုင်မှုပုံစံကို Solo living နဲ့ Solo travel ကနေတစ်ဆင့် အကောင်းဆုံး ဖန်တီးနိုင်ပါတယ်။

✨ ဒီခရီးသစ်ရဲ့ အစမှာတော့ စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ပါ။ အသစ်အဆန်းတွေ၊ စိန်ခေါ်မှုတွေ ရှိလာနိုင်ပေမယ့်၊ New Chapter Begins ဆိုတဲ့ ခံစားချက်က ကျွန်တော့်ကို အားအင်တွေ ပေးနေပါတယ်။

✨ ဘဝဆိုတာ တကယ်တော့ အဆုံးမရှိတဲ့ ခရီးရှည်ကြီးတစ်ခုပါပဲ။ တစ်နေရာကနေ တစ်နေရာ၊ အခြေအနေတစ်ခုကနေ အခြေအနေတစ်ခုကို ရွေ့လျားရင်းနဲ့ ကိုယ့်ရဲ့ ဘဝပုံပြင်ကို ရေးသားနေရသလိုမျိုးပါ။

⭐️ တခါတလေကျတော့ အပြောင်းအလဲဆိုတာ အကောင်းဆုံး ဆရာပါပဲ။ ဘဝရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတစ်ခေါက် ဗီယက်နမ်ခရီးစဉ်ကနေ ဘာတွေအသစ်တွေ သင်ယူရမလဲ၊ ဘယ်လိုအတွေ့အကြုံတွေ ရလာမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်။

🇹🇭

ကိုယ့်အပေါ် မေတ္တာ အစစ်အမှန် ပေးတဲ့သူကို မပြစ်မှားပါနဲ့..မေတ္တာတရား ဆိုတဲ့ စကားလုံးလေးဟာအင်မတန်မှ ကြားလို့ကောင်းတယ်နာ လိ...
02/09/2025

ကိုယ့်အပေါ်
မေတ္တာ အစစ်အမှန် ပေးတဲ့သူကို မပြစ်မှားပါနဲ့..

မေတ္တာတရား ဆိုတဲ့ စကားလုံးလေးဟာ
အင်မတန်မှ ကြားလို့ကောင်းတယ်
နာ လို့ကောင်းတယ်, ခံယူလို့ကောင်းတယ်,
သိမ်မွေ့တယ်, နူးညံ့တယ် လို့ လည်း ခံစားရပါတယ်..

ဒါပေမဲ့
အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း
မိုးကြိုးတစ်စင်း လိုလည်းဖြစ်နေတတ်ပါတယ်..

မေတ္တာ တရားလို့ ရွတ်ဆိုလိုက်ရင်
သူ့နောက်မှာ စေတနာပါတယ်
စေတနာနဲ့ ကပ်လျှက် မှဂရုဏာတရား ပါတယ်..

ဂရုဏာ ဆိုတဲ့သဘောတရားနောက်မှာ
သနားကြင်နာမှု တွေကျန်ပါသေးတယ်
ဒါနဲ့ တင်မပြီးသေးဘူး
ကိုယ့် အတွက် ခွန်အားတစ်ချို့ကိုပါ ဖြစ်တည်စေပါတယ်..

ဒါကြောင့်
ရှေး ပညာရှိတွေက ပြောကြတယ် “မေတ္တာ မစူး စေနဲ့” တဲ့..

မေတ္တာတရား ကိုနားမလည်တဲ့သူ
တန်ဖိုးမထားတဲ့ သူတွေဟာ ဝဋ် လည်တဲ့အပြင်
မေတ္တာတရားစူး ရှ တဲ့ဒါဏ်ကိုပါ ခံစားရတတ်ပါတယ်..

လောကမှာ တစ်ချို့ သောလူတွေဟာ
မေတ္တာတရား နားမလည်ကြပါဘူး
သူတို့ အတ္တတွေအတွက်,ကိုယ်ချင်းစာတရား နည်းပါးကြတယ်..

သူတို့ မာနအတွက်
တစ်ဖက်လူရဲ့ ခံစားချက်ကို မစာနာတတ်ကြပါဘူး
အဲ့ဒီလို လူတွေဟာ မေတ္တာစူးတတ်ပါတယ်..

ဒါကြောင့် ကိုယ့်အပေါ်ကို
မေတ္တာ တရားထားပေးတဲ့သူ,ဝေမျှပေးတဲ့ သူတွေကို
မနာကျင်ပါ စေနဲ့, မထိခိုက် ပါစေနဲ့
မလိုချင်ရင်တောင်, မစော်ကားမိပါစေနဲ့
ဝမ်းနည်းမှုတွေ ကိုပြန်မပေး မိပါစေနဲ့..

အဲဒီလူတွေမရှိတော့တဲ့အချိန်ကာလ တစ်ခုမှာ
ကိုယ်ပြုသမျှတွေက ဝဋ်ကြွေး ပြန်လိုက်တတ်တဲ့အပြင်
မေတ္တာတွေက ပြန်လည်ပြီး စူးတတ်ပါတယ်..

ဘဝမှာ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ
ကိုယ့်အတွက်ပြန်လည်ပြီး ပေးဆပ်ရမယ့်
ဝဋ်ကြွေး ကံကြမ္မာတစ်ခုကို မိမိအတ္တအတွက်နဲ့
ရယူလိုက်ခြင်းပဲ လို့သတိပြု ကြရပါမယ်..

🙏ပါမောက္ခချုပ်ဆရာတော်🙏

☀️ 1st September Morning Mood ☀️Starting this new month with a slow morning and a comforting breakfast on the table 🍳🥐☕L...
01/09/2025

☀️ 1st September Morning Mood ☀️

Starting this new month with a slow morning and a comforting breakfast on the table 🍳🥐☕
Let this be a gentle reminder — how you begin your morning sets the tone for your whole month.
Wishing you a September full of warmth, little wins, and peaceful routines. 🍃

New month, fresh energy. Let’s make it beautiful. 🤍

Hello September✨September က ကိုယ့်အတွက်မွေးလ လဲ ဖြစ်တယ်။ နောက် ရှေ့ပိုင်းမှာ စိတ်ပိုင်းအရရော အလုပ်အကိုင်အစစအရာရာမှာ အဆင်...
31/08/2025

Hello September

✨September က ကိုယ့်အတွက်မွေးလ လဲ ဖြစ်တယ်။ နောက် ရှေ့ပိုင်းမှာ စိတ်ပိုင်းအရရော အလုပ်အကိုင်အစစအရာရာမှာ အဆင်မပြေတဲ့နေ့ရက်တွေများခဲ့တယ်။ ဒီတော့ ယခု မွေးလကစပြီး ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေ ကုန်ဆုံးပြီလို့ ယူဆပြီးစက်တင်ဘာလကို ဝမ်းသာစွာ ကြိုဆိုလိုက်ပါတယ်။ 🥳👏

🍃 အမှန်ပြောရရင် ဒီတစ်နှစ်တာမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရလို့ စိတ်နာကျင်မှု၊ အထီးကျန်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။

🛟 တခါတလေ ဘာကြောင့်ဒီလိုတွေ ဖြစ်ရတာလဲ၊ ဘာကြောင့်အသက်ရှင်နေကြရတာလဲ ဆိုပြီး ဘဝရဲ့ အဓိပ္ပာယ်ကိုတောင် မေးခွန်းထုတ်မိတဲ့အထိပါပဲ။

🥰 ဒါပေမဲ့ ဒီလို နာကျင်မှုတွေကြားထဲကပဲ ကိုယ့်ကိုယ်ကိုယ် ချီးကျူးမိတာက မင်သေသေနဲ့ အံကြိတ်ပြီးကိုယ်ဟာ အားမလျှော့ဘဲ ရှေ့ဆက်ဖို့ ကြိုးစားခဲ့တာကိုပါ။ 👍

⏳ဒီ September လလေးကတော့ ကိုယ့်အတွက်မွေးလလေးလဲ ဖြစ်လို့ ကိုယ့်အပေါ် ပိုပြီးနူးညံ့သိမ်မွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

✨ နာကျင်ရမှုတွေ၊ စိတ်ပျက်အားငယ်ရမှုတွေ၊ ဝေးကွာနေကြရတာတွေ ထပ်မံမဖြစ်စေဖို့ ဆန္ဒပြုမိပါတယ်။ စကြာဝဠာကြီးက ကိုယ့်အတွက် အရာရာကို ညှိနှိုင်းပေးမှာ မဟုတ်ဘူးဆိုတာ သိပေမဲ့၊ ညတိုင်း ကြယ်တွေကို ကြည့်ပြီး ကိုယ့်ရဲ့ လာမယ့်နေ့ရက်တွေ ပိုမိုသက်သာရာရဖို့ ဆုတောင်းနေမိပါတယ်။ ⭐️

🍀 September လလေးကို တောင်းဆိုချင်တာကတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို နားလည်ပေးပါလို့ တောင်းဆိုပါတယ်။ ကိုယ့်အတွက် ခွန်အားနဲ့ မျှော်လင့်ချက်တွေ အပြည့်အဝပေးနိုင်တဲ့ လတစ်လဖြစ်စေချင်ပါတယ်။ ဘယ်လောက်ပဲ ဆိုးရွားတဲ့ အရာတွေ ဖြစ်ပျက်ခဲ့ပါစေ၊ ဆက်လက်ရှင်သန်ဖို့ ခွန်အားတွေ ပေးစွမ်းပါလို့ ဆုတောင်းမိပါတယ်။

💫 စက်တင်ဘာကို နွေးထွေးစွာ ကြိုဆိုရင်း၊ အလိုချင်ဆုံးကတော့ ငြိမ်းချမ်းခြင်းနဲ့ စိတ်အေးချမ်းခြင်းတွေရချင်ပါတယ်။

🍀 အားလုံးလဲ စိတ်ရောကိုယ်ပါ ကျန်းမာပြီး ချစ်ရတဲ့သူတွေနဲ့အတူ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို အတူတကွကုန်ဆုံးနိုင်ကြစေဖို့ ဆန္ဒပြုပါတယ်။

🌿 ခဏတာ ငြိမ်သက်ပြီး အေးချမ်းတဲ့ ညနေခင်းတစ်ခုမှာ ကိုယ့်ရဲ့ အတွေးတွေကို ပြန်ပြီးသုံးသပ်ကြည့်ဖူးလား။ လူတွေဟာ ခေတ်မီနည်းပညာတ...
16/08/2025

🌿 ခဏတာ ငြိမ်သက်ပြီး အေးချမ်းတဲ့ ညနေခင်းတစ်ခုမှာ ကိုယ့်ရဲ့ အတွေးတွေကို ပြန်ပြီးသုံးသပ်ကြည့်ဖူးလား။ လူတွေဟာ ခေတ်မီနည်းပညာတွေ၊ မြို့ပြတွေရဲ့ ဆွဲဆောင်မှုတွေနဲ့အတူ ရုန်းကန်လှုပ်ရှားရင်း ဘဝကို ပုံဖော်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို ခေတ်မီတဲ့ လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ လူတိုင်းလိုလိုဟာ သူတို့ရဲ့ စိတ်အာဟာရကို ဖြည့်တင်းဖို့ သဘာဝတရားဆီကို ပြန်သွားဖို့ လိုအပ်နေတာကိုတော့မေ့လျော့နေကြတယ်။

⏳ တစ်ချိန်က ကျွန်တော့်အတွက် စိတ်အပန်းဖြေတာဆိုတာက ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ မြို့ထဲမှာ အချိန်ဖြုန်းတာလောက်ပါပဲ။ ဒါပေမဲ့ အဲဒီလို လှုပ်ရှားမှုတွေက ခဏတာပျော်ရွှင်မှုပဲပေးပြီး စိတ်ထဲမှာ လစ်ဟာနေတဲ့ ခံစားချက်တစ်ခုကို ချန်ထားခဲ့ပါတယ်။

⏱️ 2018 October လောက်မှာ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ ပဲခူးရိုးမက Eco Resort ကို trip သွားဖြစ်ခဲ့ကြတယ်။ အဲဒီခရီးစဉ်ကပဲကျွန်တော် သဘာဝနဲ့ နီးစပ်အောင် ချစ်တတ်အောင်ဖန်တီးပေးသွားတာပါ။

⛰️ တောင်ပေါ်ရောက်တော့ မနက်ခင်း နေထွက်ချိန်မှာ မြင်တွေ့လိုက်ရတဲ့ ရှုခင်းတွေ၊ တိမ်တွေ၊ မြူခိုးတွေရဲ့ လှုပ်ရှားမှုတွေက ကျွန်တော့်စိတ်ကို အံ့ဩမှုတွေနဲ့ ပြည့်စေခဲ့ပါတယ်။ မြို့ပြရဲ့ ဆူညံသံတွေနဲ့ ကင်းကွာပြီး ငှက်ကလေးတွေရဲ့ သာယာတဲ့ အသံ၊ သစ်ရွက်တွေကြားက တိုးဝင်လာတဲ့ လေသံတွေက ကျွန်တော့်ကို စွဲဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနေရာက internet လိုင်းမမိတဲ့ အတွက် တိတ်ဆိတ်တဲ့ သဘာဝတရား နဲ့ အသားကျဖို့ပဲ သုံးရက်လုံးမှာ ကြိုးစားခဲ့ရတယ်။

🌿 အဲဒီလို ခရီးတွေ ထွက်လာရင်းနဲ့မှ သဘာဝတရားကို ဘာကြောင့် နှစ်သက်လာရတယ်ဆိုတာကို ကျွန်တော် နားလည်လာပါတယ်။ အဲဒါကတော့ "သဘာဝဟာ ပေးဆပ်တာပါပဲ။ အဲဒါက ကျွန်တော်တို့ရဲ့ စိတ်ကို အေးချမ်းစေတယ်၊ ကိုယ်ခန္ဓာကို အနားပေးတယ်၊ ပြီးတော့ စိတ်ပျော်ရွှင်အောင် ထားပေးတယ်" လို့ ကျွန်တော်ကတော့ယူဆတယ်။

🌿 အခုနောက်ပိုင်းမှာတော့ ကျွန်တော်ဟာ အချိန်ရတာနဲ့ သဘာဝတရားနဲ့ ပိုပြီးထိတွေ့ဖို့ ကြိုးစားလာပါတယ်။ မနက်စောစော လေကောင်းလေသန့် ထွက်ရှူတာ၊ ညနေခင်းတိုင်းမှာ လမ်းလျှောက်ထွက်တာ၊ ဒါမှမဟုတ် hiking ထွက်တာတွေက ကျွန်တော့်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။ အဲဒီလို သဘာဝတရားနဲ့ ထိတွေ့လိုက်တိုင်း ကျွန်တော့်ရဲ့ စိတ်က တည်ငြိမ်မှုနဲ့ အားအင်တွေကို အသစ်ပြန်လည် ရရှိတယ်လို့ခံစားရတယ်။ ဒါ့အပြင် သဘာဝတရားဟာ ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ်ပိုပြီး နားလည်စေခဲ့သလို ကျွန်တော်ဘာဖြစ်နေတာလဲ ဘာဖြစ်ချင်တာလဲဆိုတာကို reflect လုပ်ခွင့်ရတဲ့ နေရာလို့လဲ ခံယူတယ်။

🕊️ ဒါကြောင့် ခုလိုကာလမှ စိတ်ဖိစီးမှု့တွေလျော့ကျဖို့ နဲ့ အေးချမ်းမှု့တွေကိုရှာဖွေဖို့ သဘာဝတရားနဲ့ ထိတွေကြည့်ပါ။ ခရီးသွားနိုင်တာ မသွားနိုင်တာထက် ပတ်ဝန်းကျင်မှာ ခဏလောက်ထွက်ပြီး သဘာဝရဲ့ နေရောင်၊ လေ၊ အလှတရား
တွေကို ခံစားကြည့်ပါ။ စိတ်ပျော်ရွှင်လာပါလိမ့်မယ် 🥰

Happy Sunday everyone!⏳ဒီနေ့ တနင်္ဂနွေနေ့ နေ့လယ်စာအတွက် တို့စရာစုံစုံလင်လင်နဲ့ ခရမ်းချဥ်သီးငပိချက် တောချက်လေး ချက်စားဖြစ...
10/08/2025

Happy Sunday everyone!

⏳ဒီနေ့ တနင်္ဂနွေနေ့ နေ့လယ်စာအတွက် တို့စရာစုံစုံလင်လင်နဲ့ ခရမ်းချဥ်သီးငပိချက် တောချက်လေး ချက်စားဖြစ်တယ်။ ငယ်ဘဝကို ပြန်သတိရစေတဲ့ အရသာတစ်ခုပေါ့။ နယ်မှာနေတုန်းကဆို တစ်ပတ်ကို သုံးရက်လောက် စားနေရတဲ့ ဟင်း၊ ခုတော့ မစားရတာ အတော်ကြာပြီ။

📋 ဒီလိုပဲ ပျောက်ဆုံးနေတဲ့ အမှတ်တရတွေကို ပြန်လည်အသက်သွင်းရတာက ပျော်စရာကောင်းတယ်။ ဟင်းချက်နေရင်း ငယ်ငယ်က သီချင်းဟောင်းလေးတွေ ဖွင့်လိုက်တော့ ငယ်ဘဝဆီ ပြန်ရောက်သွားသလို ခံစားရပြီး စိတ်လည်း လန်းဆန်းသွားတယ်။

Just like home. Old songs playing, childhood memories rushing back… simple moments, priceless joy. 💛

✨ဒါကို အိမ်လွမ်းစာလို့ ခေါ်ရမလားမသိဘူး။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းတွေထဲ နဲနဲ Home Sick ဖြစ်နေတယ်ခံစားရသလို ငယ်သူငယ်ချင်...
09/08/2025

✨ဒါကို အိမ်လွမ်းစာလို့ ခေါ်ရမလားမသိဘူး။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းတွေထဲ နဲနဲ Home Sick ဖြစ်နေတယ်ခံစားရသလို ငယ်သူငယ်ချင်းတွေကိုလဲ သတိတရရှိနေတယ်။ ပုံတွေ ပြန်ကြည့် တော့ တက္ကသိုလ်ကျောင်းသားဘဝကို လွမ်းရပြန်တယ်။

✨ကျွန်တော်က ပြည်တက္ကသိုလ်မှာ ကျောင်းတတ်ရတော့ မနက်စာကို "ပေလေးပင်" မှာ "ပြည်ပလာတာ" ဒါမှမဟုတ် "ထမင်းကြော်သုတ်" ထိုင်စားပြီး သူငယ်ချင်းကို အတန်းတတ်ဖို့စောင့်လေ့ရှိတယ်။

✨ဒီနေ့တော့ အသင့်ဝယ်လာတဲ့ ပစ္စည်းလေးတွေလဲ ရှိတော့ ခင်ဝမ်းရဲ့ "ပြည်မှာဆောင်း" သီချင်းလေးဖွင့်ပြီး "ပြည်ပလာတာ" လေးချက်စား ဖြစ်တယ်ပေါ့။

✨တက္ကသိုလ် ကျောင်းသားဘဝ Memories တွေ ပြန်တွေးပြီး ပြုံးမိသေးတယ်။ သူငယ်ချင်းတွေနဲ့ ပြည်မှာ ဒေသစာလေးတွေစားရင်း ပြန်ဆုံချင်သေးတယ်။

📍video လေးကို အောက်က comment မှာ Link ချထားတဲ့ Tiktok & Youtube လေးမှာ တင်ထားတာဖြစ်လို့ ဝင်ကြည့်လို့ရပါတယ်ဗျ။

🍀အားလုံးပဲ စိတ်ကျန်းမာပြီး အေးချမ်း လုံခြုံတဲ့ နေ့သစ်များကို ပိုင်ဆိုင်ခွင့်ရကြပါစေဗျာ 🙏

✨ 08•08 Lion’s Gate Portal ✨A powerful portal is open today — calling us to align with our higher selves, awaken our inn...
08/08/2025

✨ 08•08 Lion’s Gate Portal ✨
A powerful portal is open today — calling us to align with our higher selves, awaken our inner strength, and manifest from a place of love. 🦁💫

🌟 888 is the number of abundance, balance, and cosmic alignment.
It’s a reminder that:
You are worthy,
You are powerful,
And you are a co-creator with the Universe.

Today, step into your light.
Manifest boldly.
Love deeply.
And trust your divine path. 🌠

Address

Southokkalar Hosuing
Yangon
11091YANGON

Website

Alerts

Be the first to know and let us send you an email when THUM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share