Srivatsa Publications, သီရိဝစ္ဆစာပေ

Srivatsa Publications, သီရိဝစ္ဆစာပေ Publication House in Yangon
Established since 1995
Contribute the progress of Myanmar Literature intl

၁၉၈၀ ပြည့်နှစ်များ ကတည်းက ဘာသာပြန်ပြီးအဟောင်းပုံ ထဲ ရောက်နေခဲ့တာမျိုးဆက်သစ်တွေ စီစဥ် ပေး တဲ့သီရိဝစ္ဆ စာအုပ်သစ်"လေးယောက် ...
17/08/2024

၁၉၈၀ ပြည့်နှစ်များ ကတည်းက ဘာသာပြန်ပြီး
အဟောင်းပုံ ထဲ ရောက်နေခဲ့တာ

မျိုးဆက်သစ်တွေ စီစဥ် ပေး တဲ့
သီရိဝစ္ဆ စာအုပ်သစ်

"လေးယောက် သံပြိုင်တေး လေးပုဒ်"
Four Quartets by T. S. Eliot
-----
စာပေ နိုဘယ်ဆုရ ကဗျာ ဆရာ
တီအက်စ် အဲလိယက် က
ဟောသည့် ကဗျာ လေးပုဒ် ကို
၁၉၃၆ ကနေ ၁၉၄၂ အထိ
၆ နှစ် ကြာအောင် ရေးခဲ့တယ်

သည် ကဗျာတွေ ရေးဖွဲ့ အပြီးမှာ
သူ့ရဲ့ ကဗျာဆရာ ဘဝ ကို
တခန်းရပ် ပစ်လိုက်တာ ဖြစ်တယ်
ပြဇာတ် နဲ့ ဝေဖန်ရေးပဲ ရေးတော့တာ

ကဗျာ လေးပုဒ် ဟာ
ရေမြေလေမီး ဓါတ်ကြီး လေးပါး သဖွယ်
တစ်ပုဒ် နဲ့ တစ်ပုဒ် အချင်းချင်း
ဆက်စပ် ပေါင်းစည်း နေကြတဲ့
အဇ္စျတ္တ အတွင်း စူးစိုက် ဆင်ခြင်မှုတွေ ဖြစ်ကြတယ် . .
လူသား နဲ့ အချိန် နာရီ . . လူသား နဲ့ သမိုင်း . . လူသား နဲ့ စကြဝဠာ . . လူသား နဲ့ ဘုရားသခင် တို့ အကြား က
ဆက်သွယ် ဆက်ဆံရေး ကို အဓိက ထား ရေးဖွဲ့တယ် . .

ဘုရားသခင် ကို ကဗျာဆရာ
ဘယ်လို နားလည် သဘောပေါက်သလဲ ဆိုတာ
တွေ့ရတယ်
အရှေ့တိုင်း အယူအဆတွေ နဲ့
အနောက်တိုင်း က ခရစ်ယာန် ဘာသာ အပြင်
ခရစ်တော် မပေါ်ခင် ထွန်းကားခဲ့တဲ့
ဂရိ အတွေးအခေါ်တွေ ကို
ကဗျာ ဖြစ်စဥ် နဲ့ မြင်ကွင်း လှုပ်ရှားမှုတွေ ထဲမှာ
ရောနှော ပေါင်းစပ် ပြခဲ့တယ်

ဝေဖန်ရေး ဆရာ အများစု က
"လေးယောက် သံပြိုင်တေး လေးပုဒ်" ဟာ
တီအက်စ် အဲလိယက် ရဲ့
ကြီးကျယ် ခမ်းနား လှ တဲ့ နောက်ဆုံး လက်ရာ လို့ ဆိုကြတာ တချို့ကလည်း ဘာသာရေး သဘောတရားတွေ
များလွန်းတယ် ဆိုပြီး ပြောကြတယ် . .

တချို့ကျပြန်တော့
အဲသည့် ဘာသာရေး အကြောင်းခြင်းရာတွေ ကပဲ
ကဗျာတွေ ကို အားကောင်း သန်မာစေခဲ့တာပါ တဲ့

စာမျက်နှာ ၁၇၈ စက္ကူဖြူချော
တန်ဖိုး ၈၀၀၀ ကျပ်

ရန်ကုန်
အင်းဝ (ပန်းဆိုးတန်း) အင်းဝ (လှည်းတန်း) စာပေလောက (လှည်းတန်း)၊ စာပေလောက ၂၊ စာပေဗိမာန်၊ Book Tree၊ ရာပြည့် ၊ ကိုထွန်း စာပေ ၃၆ လမ်း၊ ကိုလတ်စာပေ၊ tab books စာအုပ်ဆိုင်များမှာ အားပေးနိုင်ပါပြီ

Online မှာရန်
----
https://www.facebook.com/profile.php?id=100064053699574&mibextid=ZbWKwL

သီရိဝစ္ဆ စာအုပ်သစ်--- .မျိုးဆက်သစ်တွေ စီစဥ် ပေးကြတဲ့သီရိဝစ္ဆ စာအုပ်သစ်----"လှပတဲ့ အိပ်မက် ဝင်္ကပါ"တကယ်တော့စာ အသစ် မရေးဖြ...
08/05/2024

သီရိဝစ္ဆ စာအုပ်သစ်
--- .

မျိုးဆက်သစ်တွေ
စီစဥ် ပေးကြတဲ့
သီရိဝစ္ဆ စာအုပ်သစ်
----
"လှပတဲ့ အိပ်မက် ဝင်္ကပါ"

တကယ်တော့
စာ အသစ် မရေးဖြစ်ချိန်
အရင့် အရင် ပုံနှိပ် ဖော်ပြပြီးသား
အပြန့်ပြန့်အကျဲကျဲ ဘာသာပြန် ဝတ္ထု တချို့ ကို
စုစည်းပေးလိုက်ကြတာ ဖြစ်တယ်

ဂျာမန် ဝတ္ထုတိုတွေ ဆိုသော်လည်း
အင်္ဂလိပ် ဘာသာ ကနေ ပြန်ဆို ထားတာသာ ဖြစ်တယ်

​သောမတ် မန်း၊ ဟာမန်း ဟက်ဆာ၊ ဖရန့်ဇ် ကာဖ်ကာ၊
အန့်စ် ယွင်ဂါ၊ ဟိန်းဇ် ပွင့်သစ်၊ ဂန်းထား ဂရပ်စ်၊
မိုက်ကယ် အဲန်ဒါ၊ မန်းဖရက် ဘီလာ၊ ခရစ္စတို့ဖ် မက်ကယ်လ်

၉ ယောက် ၁၀ ပုဒ်

တန်ဖိုး ၉၀၀၀ ကျပ်

ရန်ကုန်
အင်းဝ စာပေလောက Book Tree ရာပြည့်
ကိုလတ်စာပေ . .
စာအုပ်ဆိုင်များမှာ အားပေးနိုင်ပါပြီ

Online မှာရန်
----
https://www.facebook.com/profile.php?id=100064053699574&mibextid=ZbWKwL

Khin Zaw Naing ZawInk & Paper8th solo exhibition November 22-26, 2023
22/11/2023

Khin Zaw Naing Zaw
Ink & Paper
8th solo exhibition
November 22-26, 2023

မိသမျှ အာရုံ "Perceived Senses" 7th Solo Art Exhibition
22/06/2023

မိသမျှ အာရုံ "Perceived Senses"
7th Solo Art Exhibition

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595007074

Alerts

Be the first to know and let us send you an email when Srivatsa Publications, သီရိဝစ္ဆစာပေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Srivatsa Publications, သီရိဝစ္ဆစာပေ:

Share