MET VERSE

MET VERSE Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MET VERSE, Digital creator, SanPya 6, Street, No. 72, Thingangyun, Yangon.

လေယာဥ်​လတ်မှတ်​နဲ့​Visa​ကိစ္စတွေ​ကို​စိတ်ကြိုက်မေးမြန်းဖို့လိုတဲ့သူတွေအတွက် Shwe​ Coe​Travel​ Page ​ကိုဒီlinkကနေသွားလို့ရပါတယ်ခဗျာ။
https://www.facebook.com/share/19EYbP4EL3/

01/05/2026

MRESA ရဲ့​FATF​ သင်တန်း​တက်ရောက်​မှု​ပုံရိပ်​ ၊မင်မင်က​Travel &Tour မှာ​တင်​ရပ်မနေဘဲ​ အိမ်ခြံမြေဘက်ဆီပါနယ်ချဲ့။

25/04/2026

မပြောချင်ပေမယ့်ပြောရဦးမယ်။
Travel​ & Tour​ နဲ့​ ပတ်သတ်တဲ့အလိမ်​ကိစ္စ​။

အောက်ဆုံးထိဖတ်ပါ။

လတ်တလော​ အလိမ်နဲ့ပတ်သတ်တာ လိုင်းပေါ်​ရောက်​လာရင်​ Cargo နဲ့​ ခရီးသွား​လုပ်ငန်းတွေများတယ်။ ဒါကလဲ​လိမ်တဲ့သူ တွေကိုအပြစ်လို့ပြောလို့မရတော့ဘူး ခဗျ​။

ဘာလို့​လဲဆိုတော့​ခေတ်​ကိုက​လူလိမ်ခေတ်ဖြစ်နေတာ။

လူဘော်ကျော့တွေ လက်ကျောမတင်းတဲ့ တစ်ချို့ influencer ,Blogger တွေ၊ Motivation Spaker တစ်ချို့တွေ​ ပြောတဲ့စကားကို မှ​အမှန်​ထင်ပြီး Trend လိုက်ကျတဲ့ သူတော်တော်များများ အလိမ်ခံရတာတွေ့ရတယ်။

ကျားဖြန့် ဆိုတာ​အခုမှပေါ်လာတာ မဟုတ်​ ဟိုး​ online မရှိတဲ့​ ဘိုးတော်မင်းဘုရား လက်ထက်ထဲ က​အခု​ထိ​ နည်းအမျိုးမျိုးနဲ့ လိမ်စား​၊ခိုးစား​၊ဝှက်စားတဦ့လူတစ်စုက ခေတ်အဆက်ဆက်မှာရှိတာကို စာဖတ်အားကောင်းတဲ့သူတွေ သိမှာပါ။

ဒီဘက်ခေတ်မှာ​နည်းပညာကောင်းလာတာနဲ့အမျှ
လိမ်လည်မှု ပုံစံ​တွေက​လဲ​တစ်စနဲ့တစ်စ ပိုတိုးတက််လွယ်ကူလာတယ်။

ကျားဖြန့်ဆိုက မြန်မာပြည်မှာ Online အသုံးပြုမှုစပြီး
ကျယ်ပြန့်​လာထဲက တစ်ဖြည်းဖြည်း စိမ့်ဝင်လာတာကြာပြီ။ Cyber Crime နဲ့​ ပတ်သတ်တဲ့ ဥပဒေဆိုတာကလဲ စာအုပ်​ထဲ​ဖုန်တက်နေပြီ။

အခု​ဆိုရင်​မြန်မာပြည်မှာ​ကျား​ဖြန့်လုပ်နေတဲ့မျက်မြင်အရာအချို့ကိုပြောပြပါဆိုရင်

နံပါတ်(၁) False Marketingနဲ့ အောင်မြင်ရေးသင်တန်းဆိုတဲ့ခေါင်းစဥ်ကစရမှာပါ။

Marketing ဆိုတဲ့​ခေါင်းစဥ်အောက်မှာ
False hope တွေနဲ့​လူတွေကို​ Marketing လုပ်ပြီး
သင်တန်းတွေဖွင့်​၊ သောက်ကြီးသောက်ကျယ်တွေပြော၊ သူ့ကျတော့ အချက်အလက်​နဲ့​ ဘာမှ​မယ်မယ်ရရမချပြနိုင် ၊ အဲ့​လို​နဲ့​နောက်နှစ်​နှစ်​လောက်လဲ ရောက်​တော့​ သူက​သင်တန်းကြေးပိုက်ဆံနဲ့ ချမ်းသာသွားရော။

ပြောချင်တာ​လူတွေကို​ မျှော်လင့်ချက်ပေးပြီး လူပိန်းအကြိုက်စကားလုံးတွေအောက်မှာ မမှန်မကန် သတင်းအချက်အလတ်နဲ့သင်တန်းပေးတယ်ဆိုတာ​ လိမ်တာနဲ့အတူတူပါပဲ။ ပြောရရင်​လူတွေကို စိတ်ခံစားချက် အတု၊မျှော်လင့်ချက်အတုရောင်းတာပါ။

နံပါတ်​(၂)အနေနဲ့ဆိုရင်Online Cele နဲ့​ Online Shopping ကဏ္ဍ။

လက်ရှိ​Online Shop လုပ်နေတဲ့​နာမည်ကြီး​ Celeတစ်ချို့ရဲ့လုပ်ရပ်တွေကတော်တော်လေးကိုစုတ်ပြတ်သတ်နေတာကိုမြင်တွေ့ကြမှာပါ။

တစ်ချို့​ လောင်းကစားကြေငြာတယ်၊ တစ်ချို့​က​Marketing ဆိုတဲ့ခေါင်းစဥ် အောက်မှာ​ ပွဲရှာပြီး products ကို​Marketing လုပ်တယ်။

ဥပမာပေးဆိုရင် ပြောလို့တောင်ကုန်မှာမဟုတ် တစ်ရက်​ကို​ပွဲက​ဆယ်မျိုးလောက်တက်နေတာ။

Influencer ဆိုတာ​Public အမြင်အတွက် တာဝန်ရှိတယ်။ ပေါက်ကရလျှောက်လုပ်ပြီး မမြင်ချင်ကျော်သွားဆိုတဲ့ တောဆန်ဆန်စရိုက်တွေက Follower များရင်များသလောက် Public ပေါ်မှာ​ရိုက်ခတ်မှုရှိတယ်။

Online ဆိုတာ​ ကလေး​၊လူကြီး​၊လူငယ်​ အကုန်သုံးတာမို့လို့ ​ ပေါက်ကရတွေ လျှောက်လုပ်ပြီး​ကိုယ်ကျိုးအတွက်စီးပွားရှာတာက တစ်ကယ်အောက်တန်းကျပါတယ်။ Product​အစုတ်တွေကို ပွဲရှာပြီး​Maketing ဆင်းတာ ရောင်းတာတွေကလဲ လိမ်တာလို့ပြောလို့ရပါတယ်။

Influencer တွေနောက်မှာလဲ ထောက်ပံ့ပေးနေတဲ့ လူလိမ်ဂိုဏ်း တွေရှိပါတယ်။

လူတွေက​အလိမ်ခံရတာ ရှက်​လို့​ လက်မခံနိုင်လို့ ထုတ်မပြောကျတာပဲဖြစ်ပါတယ်။

နံပါတ်(၃)အနေနဲ့ပြောရရင် လက်ရှိပြောနေတဲ့ကျားဖြန့်ပေါ့။ ဒါကတော့ရှင်းပါတယ်​၊အဖွဲ့အစည်း ရယ်​နည်းပညာရယ် ပေါင်းပြီး ရှိသမျှအကုန်လိမ်တာပါ။

-----

အခု​ဖြစ်နေတဲ့​ကိစ္စ​Travel​ & Tour​ C​company တွေ​ဖွင့်ပြီး လိမ်တာ အခုမှမဟုတ်ဘူး။ အရင်ဖုန်းတွေမပေါ်ခင်ထဲက အလိမ်တွေရှိတာ။ ဖုန်းတွေပေါ်မှသာ လိမ်လို့ လိမ်မှန်းသိတာ။

လွန်ခဲ့တဲ့​4နှစ်တုန်း က​Hajjဘုရား​ဖူးခရီးသွား Company တစ်ခု​လိမ်လိုက်တာ ခရီးသည်​အယောက်​ ၃၀၀နီးပါး​တစ်ဖက်နိုင်ငံမှာ ဒုက္ခဖြစ်သွားတယ်။

ထူးခြားတာကသူကစျေးသက်သာတယ်။ အရင်ကလဲနာမည်ပျက်မရှိဘူး။အဲ့တာကြောင့်လူတွေက လဲ​ယုံကြည်ပြီး​ခရီးစဥ်အတွက် သေချာစုံစမ်းမေးမြန်းခြင်းလဲမရှိဘူး။

နိုင်ငံခြားခရီးစဥ်ဆိုတာ ခရီး​မသွား​ခင်​အနိမ့်ဆုံး 45 ရက်ကနေ့​ 3 လကြား company ကနေကြိုတင်စီစဥ်ထားရတယ်။ Hotel​နဲ့.Ticket​ကိုကြိုစီစဥ်မှရတာမို့လို့ပါ။

Group တွေခွဲထားတယ်ဆိုရင်လဲ ၊Group Aကတစ်စျေး၊ Group B က တစ်စျေး ၊Group Cကတစ်စျေး၊ ဒါကလဲ Time line နဲ့ကွာတာ။ Service ကအတူတူပဲ
Booking​လုပ်တဲ့​အချိန်စော လေ​သက်သာလေပဲဲ။

အဲ့​Company က​Group ၃ခုလုံးကို ၊အဲ့​ခေတ်က​ တစ်ယောက် Dollar $5000 တစ်စျေးတည်းကောက်ခဲ့တယ်။ ခရီးမထွက်ခင်15 ရက်လောက်ထဲက သူ့လက်ထဲ အကုန်ငွေအကြေရတယ်။တစ်ယောက်​ကို​$၅၀၀၀ဆိုရင် အယောက်သုံးရာကို​ USD$1.5 Million ပါ။လေယာဥ်​ထွက်ပြီး​ဟိုဘက်နိုင်ငံလဲရောက်ကော၊ Hotels Booking မရှိ၊အစားအသောက်အစီအစဥ်မရှိ၊ ဒီတိုင်းလမ်းဘေးမှာထားခဲ့တာ။ နောက်ဆုံး​ခရီးသည်​တွေကကိုယ့်​ဟာ​ကို​အိမ်ကပြန်တောင်းပြီး ရက်၄၀စာ စိတ်ဒုက္ခ​ခံခဲ့ရတယ်။ပိုက်ဆံနှစ်ဆကုန်တယ်။လေယာဥ်​Return ticket တောင်​မလုပ်ပေးထားဘူး။လိမ်တဲ့သူကတော့1.5millionနဲ့အေးဆေးနှပ်နေတယ်။

ဘယ်သူမှဘာမှမလုပ်ပေးနိုင်ဘူး။

ပြောချင်တာ​က.Tour group နဲ့​ခရီးမထွက်ခင် သေချာ​လေ့လာပါ​၊စုံစမ်း​ပါ။မေးးပါ။ အားမနာပါနဲ့။ ကိုယ်မေးလို့မဖြေရင် ၊စိတ်မရှည်ရင် အဲ့Company ကိုသတိထားတော့။ နေရာတိုင်းမှာ ပျက်စီး​ချင်းက​စိမ့်ဝင်နေတယ်။



#

Aung Za bu fan be like😂😂 : ငါဘာများမှားသွားလို့လဲကွာ။Just for fun.
15/04/2026

Aung Za bu fan be like😂😂 : ငါဘာများမှားသွားလို့လဲကွာ။

Just for fun.

သကြန်မှာ ကိုယ်တွေက အိပ်လိုက်စားလိုက် သောက်လိုက်အဖွဲ့ကပါ။😁😁
14/04/2026

သကြန်မှာ ကိုယ်တွေက အိပ်လိုက်စားလိုက် သောက်လိုက်အဖွဲ့ကပါ။😁😁

နှစ်သစ်​မှာပျော်ရွှင်ပါစေ။
13/04/2026

နှစ်သစ်​မှာပျော်ရွှင်ပါစေ။

ဗီယက်နမ်မြောက်ပိုင်းက ဒီတောင်ပေါ်မြို့လေးဟာ မြန်မာပြည်က ကလော ဒါမှမဟုတ် ပြင်ဦးလွင်နဲ့ ဆင်တူပေမယ့် သူ့ရဲ့ ထူးခြားချက်က နှင...
05/02/2026

ဗီယက်နမ်မြောက်ပိုင်းက ဒီတောင်ပေါ်မြို့လေးဟာ မြန်မာပြည်က ကလော ဒါမှမဟုတ် ပြင်ဦးလွင်နဲ့ ဆင်တူပေမယ့် သူ့ရဲ့ ထူးခြားချက်က နှင်းဖုံးတောင်တန်းကြီးတွေ နဲ့ လှေခါးထစ်စိုက်ခင်းတွေ ပါပဲ။

Sapa ရောက်ရင် ဒါလေးတွေ လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်:

Fansipan Peak (ဖန်စီပန်တောင်)

အင်ဒိုချိုင်းနားရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ Fansipan ကို ကေဘယ်ကား (Cable Car) စီးပြီး တက်လို့ရပါတယ်။
တိမ်တွေအထက်မှာ လမ်းလျှောက်နေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပြီး တောင်ပေါ်က ဘုရားကျောင်းကြီးတွေကလည်း တကယ်ကို ကြည်ညိုစရာကောင်းပါတယ်။
---

လှေခါးထစ်စိုက်ခင်းများ (Terraced Rice Fields)

Sapa ရဲ့ သင်္ကေတကတော့ တောင်စောင်းတွေပေါ်မှာ အစီအရီရှိနေတဲ့ စပါးစိုက်ခင်းတွေပါ။

အစိမ်းရောင်လွင်ပြင်တွေကို ကြည့်ချင်ရင် ဩဂုတ်/စက်တင်ဘာ မှာ သွားသင့်ပြီး၊ ရွှေဝါရောင် ရိတ်သိမ်းချိန်ကို မြင်ချင်ရင် အောက်တိုဘာ အစောပိုင်းမှာ သွားသင့်ပါတယ်။
----

တိုင်းရင်းသားရွာလေးများ (Tribal Villages)

Cat Cat Villageလို ရွာလေးတွေမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံကို လေ့လာနိုင်သလို၊ သူတို့ရဲ့ ရိုးရာဝတ်စုံလေးတွေ ငှားဝတ်ပြီး ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှပါတယ်။
----
အေးမြတဲ့ ရာသီဥတုနဲ့ ကော်ဖီ

Sapa မှာ ကော်ဖီဆိုင်လှလှလေးတွေ အများကြီးရှိပါတယ်။ တောင်တန်းကြီးတွေကို ငေးကြည့်ရင်း ပူပူနွေးနွေး ဗီယက်နမ်ကော်ဖီ သောက်ရတာဟာ Sapa ရဲ့ အနှစ်သာရပါပဲ။

---

Sapa ကို သွားမယ်ဆိုရင် ဟာနွိုင်း (Hanoi) ကနေ Sleeper Train ဒါမှမဟုတ် Limousine Bus နဲ့ ညဘက်သွားတာက ပိုပြီး ခရီးတွင်စေပါတယ်။

ကမ္ဘာ့တစ်ခုတည်းသော 7-Star အဆင့်မီ ဇိမ်ခံမှုဖြစ်တဲ့Burj Al Arab အကြောင်း စိတ်ဝင်စားဖွယ်ရာများ1.Gold Everywhere .ဟိုတယ်ရဲ့...
05/02/2026

ကမ္ဘာ့တစ်ခုတည်းသော 7-Star အဆင့်မီ ဇိမ်ခံမှုဖြစ်တဲ့Burj Al Arab အကြောင်း စိတ်ဝင်စားဖွယ်ရာများ

1.Gold Everywhere .

ဟိုတယ်ရဲ့ အတွင်းပိုင်းကို အလှဆင်ဖို့အတွက် 24-Carat Gold Leaf (ရွှေစစ်စစ် ရွှေပြား) စုစုပေါင်း ၁,၇၉၀ စတုရန်းမီတာခန့် အသုံးပြုထားပါတယ်။

2.Pillow Menu.

ဧည့်သည်တွေ အိပ်စက်တဲ့အခါ အကောင်းဆုံးဖြစ်စေဖို့အတွက် ခေါင်းအုံး အမျိုးအစားပေါင်း (၁၇) မျိုး ထဲကနေ စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ "Pillow Menu" ဝန်ဆောင်မှု ရှိပါတယ်။

3.Underwater Restaurant .

ဟိုတယ်ထဲမှာ Al Mahara ဆိုတဲ့ စားသောက်ဆိုင်ရှိပြီး ရေအောက်ထဲမှာ ရောက်နေသလိုမျိုး ငါးမျိုးစုံကို ကြည့်ရင်း စားသောက်နိုင်တဲ့ Aquarium ကြီး ရှိပါတယ်။

----

တစ်ညတာ တည်းခိုခွင့်သည် USD 3,000 မှ စတင်ကာ အခန်းအမျိုးအစားပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။

Luxury ဆိုတာ ပိုင်ဆိုင်မှုထက် ရရှိတဲ့ အတွေ့အကြုံပါပဲ။

ကမ္ဘာတစ်ဝန်းမှာအသုံးပြုနေတဲ့ Passport အရောင် (၄) မျိုးရဲ့ လျှို့ဝှက်ချက်နိုင်ငံတကာခရီးသွားရင် မရှိမဖြစ်လိုအပ်တဲ့ Passpor...
05/02/2026

ကမ္ဘာတစ်ဝန်းမှာအသုံးပြုနေတဲ့ Passport အရောင် (၄) မျိုးရဲ့ လျှို့ဝှက်ချက်

နိုင်ငံတကာခရီးသွားရင် မရှိမဖြစ်လိုအပ်တဲ့ Passport တွေမှာ ဘာလို့ အရောင်ကွဲပြားနေတာလဲဆိုတာ စဉ်းစားဖူးလား?

ကမ္ဘာပေါ်မှာ Passport အရောင်က (၄) မျိုးပဲ ရှိပြီး တစ်ရောင်ချင်းစီမှာ အဓိပ္ပာယ်ကိုယ်စီ ရှိကြပါတယ်။

၁။ အနီရောင် (Red / Burgundy)
ဒါကတော့ ကမ္ဘာပေါ်မှာ အသုံးအများဆုံးအရောင်ပါ။

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေက အများဆုံးသုံးကြပါတယ်။

တူရကီလို နိုင်ငံမျိုးကလည်း EU ထဲဝင်ချင်တဲ့အတွက် သူတို့ရဲ့ Passport ကို အနီရောင်ပြောင်းခဲ့ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကွန်မြူနစ်စနစ် ကျင့်သုံးခဲ့တဲ့ နိုင်ငံအချို့လည်း အနီရောင်ကို သုံးလေ့ရှိပါတယ်။

၂။ အပြာရောင် (Blue)

ဒီအရောင်က "ကမ္ဘာသစ် (New World)" ကို ကိုယ်စားပြုပါတယ်။

အမေရိကန်ပြည်ထောင်စု (USA)၊ ကနေဒါနဲ့ အာဂျင်တီးနား စတဲ့နိုင်ငံတွေမှာ တွေ့ရပါတယ်။

ကာရစ်ဘီယံနိုင်ငံတွေနဲ့ တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံတွေကလည်း အပြာရောင်ကို အသုံးများပါတယ်။

၃။ အစိမ်းရောင် (Green)

အစိမ်းရောင်ကတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ် ရှိပါတယ်။

အစ္စလာမ်ဘာသာကို အဓိကကိုးကွယ်တဲ့ မူဆလင်နိုင်ငံအများစု (ဥပမာ- ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်) မှာ အစိမ်းရောင်ကို သုံးပါတယ်။

အနောက်အာဖရိက စီးပွားရေးအဖွဲ့ဝင် နိုင်ငံအချို့ (ဥပမာ- နိုင်ဂျီးရီးယား) မှာလည်း တွေ့ရတတ်ပါတယ်။

၄။ အမည်းရောင် (Black) 🖤

ဒါကတော့ အရှားပါးဆုံး Passport အရောင်ပါ။a

အာဖရိကနိုင်ငံတချို့ (ဘော့ဆွာနာ၊ ကွန်ဂို) မှာ သုံးပါတယ်။

ထူးခြားတာက နယူးဇီလန်,နိုင်ငံပါ။ သူတို့နိုင်ငံရဲ့ အထိမ်းအမှတ်အရောင် (National Color) က

အမည်းရောင်ဖြစ်လို့ Passport ကို အမည်းရောင် သုံးထားတာ ဖြစ်ပါတယ်။

-----

မြန်မာနိုင်ငံရဲ့ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ကတော့ အနီရောင်ဖြစ်ပြီး၊ အစိုးရဝန်ထမ်းတွေအတွက် (Official Passport) ကတော့ အပြာရောင် ၊ သံတမန်တွေအတွက် (Diplomatic Passport) ကတော့ အစိမ်းရောင် ဖြစ်ပါတယ်။

MET VERSE

ကမ္ဘာပေါ်မှာ အခန်းအများဆုံးဟိုတယ်အဖြစ် Guinness World Record တင်ထားတဲ့ ဟိုတယ်ကြီးက ကျွန်တော်တို့နဲ့ မနီးမဝေး မလေးရှားနို...
03/02/2026

ကမ္ဘာပေါ်မှာ အခန်းအများဆုံးဟိုတယ်အဖြစ် Guinness World Record တင်ထားတဲ့ ဟိုတယ်ကြီးက ကျွန်တော်တို့နဲ့ မနီးမဝေး မလေးရှားနိုင်ငံက First World Hotel (Genting Highlands) ပါပဲ။

ဘာတွေက ဒီလောက်တောင် ထူးခြားနေလို့လဲ?

အခန်းအရေအတွက်: ၇,၃၅၁ ခန်းတောင် ရှိတာပါ။
ခင်ဗျားသာ တစ်ရက်ကို တစ်ခန်းပြောင်းအိပ်မယ်ဆိုရင် ဒီဟိုတယ်မှာတင် အနှစ် ၂၀ ကျော် တည်းလို့ရတဲ့အထိ များပါတယ်။

လူတွေ အရမ်းများလွန်းလို့ ဒီဟိုတယ်မှာ Check-in ဝင်ဖို့အတွက် Kiosk စက်တွေ နဲ့ ကိုယ်တိုင်လုပ်ရပါတယ်။
(ဝန်ထမ်းနဲ့လုပ်ရင် တစ်နေ့လုံး စောင့်နေရမှာမို့လို့ပါ)။
အဆောက်အဦးကြီးက သက်တန့်ရောင်စုံ ခြယ်သထားတာမို့ တိမ်တွေကြားမှာ အရမ်းထင်ရှားလှပပါတယ်။
ဟိုတယ်ထဲက မထွက်ဘဲ Shopping Mall၊ Indoor Theme Park နဲ့ ကာစီနိုတွေကိုပါ တစ်ခါတည်း သွားလို့ရပါတယ်။
တစ်ခုသတိထားရမှာက... ⚠️ ဒီဟိုတယ်ဟာ အခန်းအရေအတွက် အများဆုံးဖြစ်ပေမဲ့ အခန်းကျဉ်းတတ်ပါတယ်။

ဒါပေမဲ့... ပိုပြီးအံ့ဩစရာကောင်းတာက မကြာခင်မှာ ဆော်ဒီအာရေးဗီးယားက Abraj Kudai ဟိုတယ်ကြီး ဖွင့်လှစ်တော့မှာဖြစ်ပြီး အဲဒီမှာ အခန်းပေါင်း (၁၀,၀၀၀) ကျော်နဲ့ ကမ္ဘာ့အကြီးဆုံးစံချိန်ကို ထပ်မံချိုးဖျက်တော့မှာပါ။

အခန်းပေါင်း ၁၀,၀၀၀ (တစ်သောင်း) ကျော် ပါဝင်မှာပါ။ (First World Hotel ထက် အခန်း ၃,၀၀၀ နီးပါး ပိုများပါတယ်။)

အဆောက်အဦးတာဝါပေါင်း ၁၂ ခု ပါဝင်ပြီး အလယ်မှာ ဧရာမ Dome ကြီးတစ်ခု ရှိပါတယ်။
ကြည့်လိုက်ရင် ဟိုတယ်နဲ့မတူဘဲ ရှေးဟောင်းနန်းတော်ကြီး တစ်ခုလို ခန့်ညားလွန်းပါတယ်။
ဟိုတယ်ခေါင်းမိုးပေါ်မှာတင် ရဟတ်ယာဉ်ကွင်း (Helipads) ၄ ခုတောင် ပါပါတယ်။
VIP Client တွေအတွက် သီးသန့်ရဟတ်ယာဉ်နဲ့ ဆင်းလို့ရတဲ့အထိ စီစဉ်ထားတာပါ။ စားသောက်ဆိုင်ပေါင်း ၇၀ နဲ့ ဈေးဝယ်စင်တာ (Mall) တွေ၊ ကားပါကင်တွေ အပြင် တော်ဝင်မိသားစုတွေအတွက် သီးသန့် Floor ၅ ခုတောင် သီးသန့်ဖယ်ထားပါတယ်။

#ခရီးသွားဗဟုသုတ #ကမ္ဘာ့အကြီးဆုံးဟိုတယ်

ဗီယက်နမ်ခရီးစဉ်မှာ ဟိုတယ်ရွေးချယ်တော့မယ်ဆိုရင် ဒါတွေကို မဖြစ်မနေ သိထားရပါမယ်။ခရီးသွားတဲ့အခါ လည်ပတ်ရတာက စိတ်လှုပ်ရှားဖို့...
02/02/2026

ဗီယက်နမ်ခရီးစဉ်မှာ ဟိုတယ်ရွေးချယ်တော့မယ်ဆိုရင် ဒါတွေကို မဖြစ်မနေ သိထားရပါမယ်။

ခရီးသွားတဲ့အခါ လည်ပတ်ရတာက စိတ်လှုပ်ရှားဖို့ကောင်းပေမဲ့ တည်းတဲ့ ဟိုတယ်က အဆင်မပြေရင် ခရီးစဥ်တစ်ခုလုံး စိတ်ပျက်ရတတ်ပါတယ်။

ဗီယက်နမ်မှာ ဟိုတယ်တွေက ပေါများလွန်းလို့ ဘယ်ဟာရွေးရမှန်း ဝေခွဲမရဖြစ်နေတဲ့ သူငယ်ချင်းတို့အတွက် ဟိုတယ်ရွေးချယ်နည်း Guide ကို မျှဝေပေးလိုက်ပါတယ်။

၁။ တည်နေရာ (Location) ကို အရင်ကြည့်ပါ။

ဗီယက်နမ်မြို့ကြီးတွေမှာ တည်နေရာက အရမ်းအရေးကြီးဆုံးပါ။

Da Nang
----------------

မြို့ထဲထက် My Khe Beach နားက ဟိုတယ်တွေက နည်းနည်း​ပိုမိုက်ပါတယ်။

မနက်ခင်း လမ်းလျှောက်ထွက်လို့ရသလို View လည်း ပိုပြီး​လှတယ်။

Hanoi
----------

မြို့ဟောင်း (Old Quarter) ထဲမှာရှိတဲ့ ဟိုတယ်တွေကို သာရွေးချယ်​ပါ။

အစားအသောက်နဲ့ လည်ပတ်စရာတွေအားလုံးက လမ်းလျှောက်ရုံနဲ့ တင်ရောက်နိုင်လို့ပါ။

---

၂။ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အခန်းအမျိုးအစားကို ရွေးပါ။

Sapa
---------
ဆောင်းတွင်းသွားမယ်ဆိုရင် အခန်းထဲမှာ Heater (အပူပေးစက်) သေချာပေါက်ပါတဲ့ ဟိုတယ်ကို ရွေးပါ။

တောင်ပေါ်မြို့ဖြစ်လို့ ညဘက်မှာ အရမ်းအေးပါတယ်။

Beach Cities
--------------------
ကမ်းခြေမြို့တွေမှာဆိုရင် Sea View ပါတဲ့အခန်းကို ရွေးတာက မဖြစ်မနေ​ပါ။
----
၃။ Breakfast Quality ကို စစ်ဆေးပါ။

ဗီယက်နမ်ဟိုတယ်တွေရဲ့ အားသာချက်က မနက်စာပါ။

4-Star နဲ့အထက် ဟိုတယ်တွေမှာဆိုရင် Authentic Pho (ဗီယက်နမ်ခေါက်ဆွဲ) ကို ဟိုတယ်မှာတင် အရသာရှိရှိ စားနိုင်ပါတယ်။

Review တွေဖတ်တဲ့အခါ "Good Breakfast" ဆိုတဲ့အချက်ကို ဦးစားပေးကြည့်ပါ။

ဒီလောက်ဆို စိတ်ကြိုက်သေချာရွေးလို့လို့ရပါပြီ။

#ခရီးသွားဗဟုသုတ #ဟိုတယ်ရွေးချယ်နည်း

Address

SanPya 6, Street, No. 72, Thingangyun
Yangon
11021

Alerts

Be the first to know and let us send you an email when MET VERSE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share