
30/07/2024
ရုပ်ရှင်အညွှန်း
Attention: Full Spoilers Alert
ပထမဦးဆုံးပြောချင်တာကတော့ D&W ကို Marvel Fans တွေကလွှဲရင် ကျန်တဲ့သူတွေမကြိုက်နိုင်လောက်ပါဘူး။
MCU က ဟိုးအစကတည်းက One line Story သွားတာဖြစ်ပြီး Stand alone movie တွေမရိုက်တဲ့အတွက် End Game အပြီးမှာကတည်းက Hero တစ်ယောက်ထဲသီးသန့်ရိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ Marvel Fans တိုင်း သိပြီးပြီ ဖြစ်ပါတယ်။
နောက်ပြီး Multiverse ဆိုတာ တကယ်တော့ MCU ရဲ့ ငွေတွင်းကြီးလည်း ဖြစ်ပါတယ်။ ဘာမဆိုငါတို့လုပ်ချင်တာ လုပ်လိုက်လို့ရတယ်လို့ မပြောယုံတမယ်ပါပဲ။ အဲ့အကွက်ကို နင်းချင်လို့ MCU ကို Build-up လုပ်လာတာလည်း ဆယ်စုနှစ်ကျော်လာပြီး Saga တစ်ခုပြီးတစ်ခု ဖြစ်နေပြီမဟုတ်လား။
D&W မှာကတော့ ရှုပ်ထွေးလှတဲ့ Varients တွေ၊ TVA၊ The Void ရယ်၊ Multiverse ရယ် Sacred Timeline အကြောင်း အတော်များများ သိထားရမှာမို့ပါ။
အဲ့တော့
- TVA နဲ့ Sacred timeline The Void အကြောင်းသိချင်ရင် Loki Season 1 နဲ့ 2 ကို နားလည်ထားရမှာဖြစ်ပြီး
- Multiverse နဲ့ Varients အကြောင်း သိချင်ရင်တော့ Doctor Strange; Multiverse of Madness ကို သိထားရမှာဖြစ်ပါတယ်
- ဇာတ်ကောင်တွေကို လုပ်ချင်တာလုပ်လို့ရလားမရလား ဆိုတဲ့ မေးခွန်းကိုတော့ What if Season 1 နဲ့ Season 2 ကို ကြည့်ရင် ရှင်းသွားမှာပါ
ဒီ အပေါ်ကပြောတဲ့ ရုပ်ရှင်တစ်ကား၊ Series 4 ခုကို ကြည့်ထားတယ်ဆိုရင် D&W ကို နားလည်မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ဒီလိုပါ
Wade တစ်ယောက် Vanessa နဲ့ မွေးနေ့ပွဲကျင်းပချိန်မှာ TVA က wade ကိုလာဖမ်းသွားတယ်။ အကြောင်းက Wade ရှိနေတဲ့ Universe ဟာ ပျက်စီးသွားတော့မှာဖြစ်ပြီး TVA က Mr.Paradox က Wade ကိုအဆုံးရှူံး မခံနိုင်လို့ လာထုတ်သွားတာပဲ ဖြစ်ပါတယ်။ ပြီးတော့သူ့မှာလည်း တခြားအကြံရှိနေပါသေးတယ်။
ဖြစ်ချင်တော့ TVA ရောက်ရောက်ခြင်းပဲ Wade ကလည်း သူ့ Universe ပျက်သွားမှာကိုသိလိုက်ရတော့ Mr.Paradox ပြောတာကိုနားမထောင်ပဲ ပြန်ကယ်တင်နိုင်အောင်ဆိုပြီး Wolverine Varients တွေထဲက ကယ်ပေးနိုင်လောက်မယ့် Wolverine ကို TVA ကိုခေါ်လာခဲ့ပါတယ်။ တကယ်တော့ Wade ခေါ်လာတဲ့ Wolverine က "The Worst" Wolverine ဖြစ်နေတာပါပဲ။
နောက်ဆုံး Mr.Paradox က The Worst ကိုရော Wade ကိုပါ ရှုပ်တယ်ဆိုပြီး TVA အမှိုက်ပုံးဖြစ်တဲ့ The Void ထဲကို ထည့်လိုက်တော့ပါတယ်။ အဲ့မှာ Wade နဲ့ worst wolverine ဘယ်လိုပေါင်းမိမလဲ၊ ဘာတွေကြုံမလဲ၊ ဘယ်လို ပြန်ထွက်မလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ အဆင်မပြေတာကိုပြောပါဆိုရင်
Cassandra ကို ကြမ်းပါတယ်လို့ပြထားပေမယ့် Villain built-up လုပ်တဲ့အပိုင်းမှာတော့ အားနည်းသွားတယ်လို့ အတော်ခံစားရပါတယ်။ Cassandra ရဲ့ လားရာ၊ ခံယူချက်၊ သူ့ကြိုးစားမှုအပိုင်းကို ဝင်ပြီးခံစားပေးလို့ မရအောင်ထိ အားနည်းသွားတော့ နောက်ဆုံး သူ့သေသွားတာကိုတောင် ဘာမှမဟုတ်တဲ့ သေဆုံးမှုတစ်ခုလို့ မြင်နေမိတာပါပဲ။ ဒီအချက်က အတော်ချာပါတယ်။
တော်တော်လေးကြိုက်တာကိုပြောပါဆိုရင်တော့
Camero တွေကို အတင်းပြွတ်သိပ်နေအောင်မဟုတ်ပဲ သူ့နေရာနဲ့သူ နေသားတကျထည့်ထားပြီး Skill တွေပြနိုင်နေအောင် လုပ်ထားတာက အတော်အားရဖို့ကောင်းတယ်။ Elektra, Blade, Gambit, X-23 တို့ကိုမြင်ရတာကတော့ Damn, that's xo awsome ပါပဲ။ အထူးသဖြင့် Gambit ပါလာတဲ့ role ကိုပိုအားအရဆုံးပါပဲ။
နောက်ပြီး MCU ရဲ့ နောက်ထက် ခြေလှမ်းတွေမှာ ဘာတွေ မျှော်လင့်လို့ရမလဲ အကုန်ပြလိုက်သလိုပါပဲ။ အထူးသဖြင့် Fantastic 4 ရဲ့ မူလလက်ဟောင်း Johnny Storm, Chris Evan ကို ပြန်မြင်လိုက်ရတော့ MCU fans တွေအနေနဲ့ကတော့ လုံးဝ high expectation ကိုရောက်နေမယ်ဆိုတာ တွေးကြည့်စရာတောင် လိုမယ် မထင်ပါဘူး။
D&W ရဲ့ ကောင်းကွက်ကိုပြောပါဆိုရင် Wade ရဲ့ fourth wall break လုပ်ထားတဲ့ Dialouges တွေနဲ့ သူ့ရဲ့ joke line တွေကလည်း အရင် Deadpool 1 & 2 ထက်စာရင် ပိုပြီး တွေးတွေးကို ရီရတာပါ။
နောက်ဆုံးတစ်ချက်ကတော့ Soundtrack တွေပါပဲ။ "Bye Bye Bye"နဲ့ ကပြီး ဖွင့်ထားချက်ကတော့ အတော်လွန်ပါတယ်။ 90's born အနေနဲ့ကိုယ်ကတော့ ဒီ opening ကိုဒဲ့ကြွေပါတယ်။ နောက်ပြီး Avril ရဲ့ I’m With You ကလည်း အချိန်ကိုက်ပါပဲ။
အားလုံးအကျဥ်းချုပ်ပြောရရင်တော့ They know what we want ပါပဲ။ fan တွေ ဘာလိုချင်လဲသိတယ်။ သိတဲ့အတိုင်းလဲ လုပ်ပေးတယ်။ ဒါကိုပဲ fan service လို့ခေါ်တာ မဟုတ်ဘူးလား။ ဒီ့ထက်ကျေနပ်စရာကောင်းတာတော့ ဘယ်ရှိမလဲ။
အဲ့တော့ D&W က MCU ရဲ့ အရေးကြီးဆုံး မကြည့်မဖြစ်လားလို့မေးရင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ခြေလှမ်းတွေကိုတော့ သိခွင့်ရမှာဖြစ်ပါတယ်။ TVA မှာလည်း Time Ripper လို စက်မျိုးရှိနေတယ်လို့ ပြသွားတာလည်း တကယ်မိုက်ပါတယ်။
အခုဆို Johnny Storm ကို ပြအပြီးမှာပဲ Dr.Doom ကြီးကို RDJ အဖြစ် confirmed လိုက်ပါပြီ။ အမှန်တော့ Cast ကို RDJ မဟုတ်ပဲ တခြားတစ်ယောက်ဖြစ်သင့်တယ်လို့ ပိုမြင်ပါတယ်။ DC မှာတောင် Doomsday ကို General Zod ရဲ့ genetic ကြောင့်ဆိုထာထက်တောင် စိတ်ပျက်မိတာပါပဲ။
Whatever, like I already said before... သူတို့လုပ်ချင်တာ လုပ်ဖို့ ဒီ Storyline ကို ရေးထားတာ ဆယ်စုနှစ် တစ်ခုကျော်ပြီလေ။ Saga အသစ်တွေမှာတော့ MCU ရဲ့ ပြန့်ကျဲနေတဲ့ He who remainရယ်, Dr.Doom ရယ်, Galactus ရယ်ကိုဘယ်လိုပြန်ပြီး ပြမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲ။ အခုလည်း Mahershala Ali ရဲ့ Blade ကလည်း ဇာတ်ညွှန်းတွေပြန်ပြန်ပြင်နေရပြီး မရိုက်တော့ဘူးတောင် ငြင်းနေလို့အတော်ရုပ်ပေါက်နေပါပြီ။ ဘာပဲ ဖြစ်ဖြစ်တော့ MCU fan တစ်ယောက်အနေနဲ့ ကြည့်ရဦးမှာပေါ့လေ။
My rating D&W - 7.5/10
Spoiler
P.S
- Lady deadpool ကတော့ Ryan Reynolds ရဲ့ မိန်းမ Blake Lively ဖြစ်ပြီး (အမေတေမဟုတ်ပါ)
- Black Pink ရဲ့ Jennie ကတော့ Korean Deadpool အနေနဲ့ပါဝင်ထားပါတယ်။