
15/02/2023
ဒိုင်ကူလိုနာဆိုတာ တကယ်ဖြစ်နေပြီလား 😳
သတင်းထူးဗျို့ သတင်းထူး
ဘာစီလိုနာအသင်းဟာ လာလီဂါဒိုင်လူကြီးကော်မတီကို လာဘ်ထိုးခဲ့ကြောင်း သတင်းတွေထွက်လာပါတယ်။ အတိအကျအားဖြင့် လာလီဂါဒိုင်လူကြီးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ နီဂရိုင်ရာ ကို ၂၀၁၆ကနေ ၂၀၁၈အထိ သုံးရာသီဆက်တိုက် လာဘ်ထိုးခဲ့တာဖြစ်ကြောင်း စပိန်မှာပြောနေကြပါပြီ။
နီဂရိုင်ရာ ဟာ ၁၉၉၄ မှ ၂၀၁၈ အထိ စပိန်မြေမှာ ဒိုင်လူကြီးကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူပါ။ ဘာစီလိုနာအသင်းရဲ့ လာဘ်ထိုးမှုဟာ ယူရို ၁.၄ သန်းအထိ ရှိခဲ့ကြောင်း၊ အဆိုပါ ပိုက်ဆံတွေကို နီဂရိုင်ရာ ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်တဲ့ Dasnil 95 ကနေ တစ်ဆင့် ပေးချေခဲ့ကြောင်း သိရပါတယ်။
နီဂရိုင်ရာဖက်ကတော့ ဘာစီလိုနာကို အကြံပေးရတဲ့အတွက် ဒီငွေတွေကို လက်ခံခံတာပါတဲ့။ ဘာအကြောင်းကို အကြံပေးရတာလဲဆိုရင်တော့ ဒိုင်လူကြီးတွေဆီက မျက်နှာပေးခံရအောင် ဘယ်လိုနေရမလဲဆိုတာကို အကြံပေးခဲ့ရခြင်းဖြသ်ကြောင်း ဆိုပါတယ်။
ဒီသတင်းဟာ တိကျသေချာတာမို့ မနက်ဖြန်ညမှာ ရင်ဆိုင်ရမယ့် မန်ချက်စတာယူနိုက်တတ်အတွက် မျက်ခုံးလှုပ်စရာဖြစ်နေပါပြီ။ တော်ကြာ ဒိုင်နဲ့ပေါင်းပြီး ၁၂ယောက် ကစားသွားရင် သခင်ကြီးမန်ယူတို့ပဲ နစ်နာသွားမှာ မဟုတ်လား။ ဒိုင်ကူလိုနာကို သတိကြီးကြီးထားပြီး ကစားမှဖြစ်ပါတော့မယ် 😝