Channel W

Channel W Casting, Analysis, Review,Report,News & Media

Channel W For U

20/08/2026

No Adi...No Trophy ဆိုတဲ့မေးခွန်းကို ပါးပါးနပ်နပ် ပြန်လည်ဖြေကြားသွားတဲ့ Coach CW

Ads

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶

Jersey အသစ်နဲ့မြင်တွေ့ရတဲ့ MSC 2026 Champion - Team Spirit 📸
20/08/2026

Jersey အသစ်နဲ့မြင်တွေ့ရတဲ့ MSC 2026 Champion - Team Spirit 📸



MSL Myanmar S1 မှာ MythicSEAL နဲ့အတူ Champion ဆုရယူခဲ့တဲ့ Coach Lynndaddy နဲ့ Mid Laner - Niko တို့ဟာ MSL Myanmar S4 မှာ...
20/08/2026

MSL Myanmar S1 မှာ MythicSEAL နဲ့အတူ Champion ဆုရယူခဲ့တဲ့ Coach Lynndaddy နဲ့ Mid Laner - Niko တို့ဟာ

MSL Myanmar S4 မှာတော့ MythicSEAL ရဲ့ Line Up မှာ ပါဝင်ဖို့မရှိဘဲ တခြားအသင်းကို အငှါးပြောင်းရွှေ့ဖို့ရှိတယ်လို့ ကြေညာထားပါတယ်။

ကောလဟာလတွေအရတော့ အသစ်ဖွဲ့စည်းထားတဲ့ Team Secret MM ကို ပြောင်းရွှေ့ကြောင်း သတင်းပျံ့နေပါတယ်။

MythicSEAL မှာတော့ Niko ရဲ့နေရာကို YoYoe က Stand-In အဖြစ် ရောက်ရှိနေပြီး နည်းပြနေရာကတော့ ကြေညာထားခြင်းမရှိပါဘူး။

MythicSEAL ရဲ့ Teaser Photo အရဆိုရင်တော့ ဝါရင့်ကစားသမားဟောင်း ShinShinKick ရောက်လာမယ်လို့ ပရိသတ်အများစုက ပြောဆိုနေကြပါတယ်။

Lynndaddy နဲ့ Niko တို့မပါဝင်တဲ့ MythicSEAL အနေနဲ့ MSL MM S4 မှာ အရင်လိုအင်အားကြီးအသင်းအဖြစ် မြင်တွေ့ရပါ့မလားဆိုတာတော့ စိတ်ပူစရာပါ။

✨✍️


19/08/2026

ဆရာမ Brigida နဲ့ Team Liquid PH အတန်းသားများ

Ads

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶

🚨 Esports Nations Cup 2026 မရှိတော့ပါဘူး — ENC ကို 2027 အထိ တစ်နှစ်ရွှေ့ဆိုင်းလိုက်ပါပြီလာမယ့် နိုဝင်ဘာလမှာ Riyadh, Saud...
19/08/2026

🚨 Esports Nations Cup 2026 မရှိတော့ပါဘူး — ENC ကို 2027 အထိ တစ်နှစ်ရွှေ့ဆိုင်းလိုက်ပါပြီ

လာမယ့် နိုဝင်ဘာလမှာ Riyadh, Saudi Arabia မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Esports Nations Cup (ENC) 2026 ကို ယခုနှစ်အတွင်း ကျင်းပတော့မှာမဟုတ်ဘဲ November 2027 အထိ တစ်နှစ်တိတိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

Esports Nations Cup ဟာ Club တွေကို အခြေခံယှဉ်ပြိုင်တဲ့ Esports World Cup နဲ့မတူဘဲ ကစားသမားတွေကို နိုင်ငံကိုယ်စားပြုအသင်းတွေအဖြစ် မြင်တွေ့ရမယ့် Global Esports Tournament တစ်ခုဖြစ်ပါတယ်။

ဒါကြောင့်လည်း ပုံမှန်အားဖြင့် မတူညီတဲ့ Club တွေမှာ ကစားနေကြတဲ့ ကစားသမားတွေကို National Team တစ်သင်းတည်းအောက်မှာ အတူတကွမြင်တွေ့ရမယ့် ပြိုင်ပွဲ ဖြစ်တာကြောင့် စတင်ကြေညာခဲ့ချိန်ကတည်းက Esports ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများအပြားရရှိခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ပရိသတ်တွေဟာ ဒီမြင်ကွင်းတွေကို နောက်ထပ်တစ်နှစ် စောင့်ရပါတော့မယ်။

Organizer ဖြစ်တဲ့ Esports Foundation ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိဒေသတွင်းအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်လက်သုံးသပ်မှုတွေ ပြုလုပ်ခဲ့သလို သက်ဆိုင်ရာသူတွေနဲ့ ဆွေးနွေးပြီးနောက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

National Teams၊ Players၊ Publishers၊ Partners နဲ့ ပရိသတ်တွေအတွက် ပိုမိုသေချာတည်ငြိမ်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်ဖို့ November 2026 ကနေ November 2027 အထိ တစ်နှစ်တိတိ ရွှေ့ဆိုင်းခဲ့တာပါ။

စိတ်ဝင်စားစရာကောင်းတာကတော့ ဒီနှစ်အတွင်း Saudi Arabia မှာ ကျင်းပဖို့ မူလစီစဉ်ထားတဲ့ Esports ပြိုင်ပွဲကြီးတွေနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေ ဆက်တိုက်မြင်တွေ့နေရတာ ဖြစ်ပါတယ်။

Esports World Cup 2026 ကိုလည်း မူလ Riyadh မှာ ကျင်းပဖို့ စီစဉ်ထားရာကနေ Paris ကို ပြောင်းရွှေ့ကျင်းပခဲ့ရပြီး အခုတစ်ကြိမ်မှာတော့ Esports Nations Cup ကပါ 2027 အထိ ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဒါကြောင့် တစ်နှစ်တည်းအတွင်း အခုလို Major Esports Events နှစ်ခုရဲ့ အစီအစဉ်တွေ ပြောင်းလဲလာခဲ့ခြင်းက Saudi Arabia မှာ လက်ရှိအခြေအနေတွေအောက် Esports Mega Events တွေ ကျင်းပဖို့ ဘယ်လောက်အထိ တည်ငြိမ်မှုရှိမလဲ ဆိုတဲ့ မေးခွန်းကို ပရိသတ်တွေအကြား ပေါ်ပေါက်လာစေနိုင်ပါတယ်။

ဒါပေမယ့် Organizer ဘက်ကတော့ Saudi Arabia ဟာ Major Sporting နဲ့ Entertainment Events တွေကို ဆက်လက်လက်ခံကျင်းပနိုင်စွမ်းရှိနေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။

အခုနောက်ထပ် စောင့်ကြည့်ရမယ့်အရာကတော့...

စတင်ယှဉ်ပြိုင်ထားပြီးသားနဲ့ စီစဉ်ထားပြီးသား ENC Qualifier ပွဲစဉ်တွေ၊ Qualified Teams တွေရဲ့ အခြေအနေကို ဘယ်လိုဆက်လက်ကိုင်တွယ်သွားမလဲဆိုတာပါပဲ။





Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

18/08/2026

လက်ရှိ meta ကို ဖိလစ်ပိုင်သားတွေ သိပ်ပြီး နားမလည်ကြသေးဘူးလို့ ဆိုလာတဲ့ Kairi

🌍 GEG 2026 Women MLBB — Main Stage ကို Indonesia နဲ့ Philippines အသင်းများ တက်လှမ်း 🇮🇩🇵🇭Global Esports Games (GEG) 2026 ...
18/08/2026

🌍 GEG 2026 Women MLBB — Main Stage ကို Indonesia နဲ့ Philippines အသင်းများ တက်လှမ်း 🇮🇩🇵🇭

Global Esports Games (GEG) 2026 Women MLBB Qualifier ပွဲစဉ်တွေကနေတစ်ဆင့် Main Stage ကို ဘယ်အသင်းတွေ တက်လှမ်းသွားခဲ့ပြီလဲ ဆိုတာကို မနေ့က သိရှိခဲ့ရပြီ ဖြစ်ပါတယ်။

Qualifier ရဲ့ Semi-Final ပွဲစဉ်တွေမှာ Malaysia ကို အနိုင်ရခဲ့တဲ့ Indonesia 🇮🇩 နဲ့ Vietnam ကို အနိုင်ရခဲ့တဲ့ Philippines 🇵🇭 တို့က Main Stage ကို အသီးသီးတက်လှမ်းသွားခဲ့ကြတာပါ။

Main Stage ပွဲစဉ်တွေကိုတော့ အမေရိကန်နိုင်ငံ Los Angeles မြို့မှာ လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။ 🇺🇸

ဒီတစ်ကြိမ် Indonesia ကိုယ်စားပြုအသင်းမှာတော့ ပုံမှန်မြင်တွေ့နေကျ Team Vitality ကစားသမားတွေအစား Falcons Vega ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Philippines ကိုယ်စားပြုအသင်းမှာတော့ NAVI PH ကစားသမားတွေကို အခြေခံထားတဲ့ Lineup နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

🇲🇲 ဒီ Qualifier မှာ Myanmar Women MLBB Team ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ နည်းပြ Come To Pa Pa ဦးဆောင်ပြီး Kuu၊ Luna၊ Lynn၊ Kell၊ Jay နဲ့ Anna တို့က မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

သို့ပေမယ့် မြန်မာအသင်းဟာ Philippines ကိုယ်စားပြုအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် GEG 2026 ခရီးစဉ်ကို အဆုံးသတ်ခဲ့ရပါတယ်။





Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

နည်းပြ Panda ဟာ Philippines ရဲ့ Hall of Legends စာရင်းဝင်တစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ မိခင်နိုင်ငံကတော့ တောင်ကိုရီးယားနိုင်ငံ ...
17/08/2026

နည်းပြ Panda ဟာ Philippines ရဲ့ Hall of Legends စာရင်းဝင်တစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ မိခင်နိုင်ငံကတော့ တောင်ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။

Philippines MLBB Community အတွက် နှစ်ပေါင်းများစွာ အကျိုးပြုခဲ့သူတစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်အသင်းတွေ၊ ဖိလစ်ပိုင်ကစားသမားတွေနဲ့ အမြဲလိုလို တွဲမြင်ခဲ့ရတာကြောင့် သူ့အကြောင်းသေချာမသိတဲ့သူတွေအတွက် ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်လို့တောင် ထင်မှတ်စရာပါပဲ။

Panda ရဲ့ MLBB Career ကလည်း သာမန်မဟုတ်ပါဘူး။

🏆 MPL PH Champion

🏆 MPL ID Champion

🏆 MSC 2022 Champion

🥇 Philippines အတွက် SEA Games Gold Medal

MPL PH နဲ့ MPL ID နှစ်ခုစလုံးမှာ Champion ဖြစ်ဖူးတဲ့ တစ်ဦးတည်းသောနည်းပြဖြစ်သလို SEA Games မှာလည်း Philippines ကို ရွှေတံဆိပ်ရရှိအောင် ဦးဆောင်ပေးခဲ့သူပါ။

ဒါကြောင့် Panda ကို Philippines MLBB နဲ့ ခွဲမြင်ဖို့တောင် ခက်ခဲခဲ့ပါတယ်။

ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ မြင်ကွင်းတစ်ခု ပြောင်းလဲလာပါတော့မယ်။

Esports Nations Cup 2026 မှာ နည်းပြ Panda ကို သူ့ရဲ့ မိခင်နိုင်ငံ South Korea 🇰🇷 ကိုယ်စားပြုအသင်းနဲ့အတူ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

South Korea ဟာ ENC အတွက် East Asia Qualifier ကနေ Hong Kong နဲ့ Japan ကိုယ်စားပြုအသင်းတွေကို ကျော်ဖြတ်ပြီး တက်ရောက်လာခဲ့တာပါ။

တစ်ချိန်လုံး Philippines MLBB နဲ့ တွဲမြင်ခဲ့ရတဲ့ Panda တစ်ယောက် အခုတော့ သူ့ရဲ့ မိခင်နိုင်ငံအလံအောက်မှာ ဘယ်လောက်အထိ ခရီးဆက်သွားနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။ 🇰🇷🔥





Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

16/08/2026

MPL ရာသီသစ်ပွဲစဉ်တွေစပြီဗျို Official Restream

ဒီနေ့တော့ MPL ID S18 မှာ BTR နဲ့ ONIC တို့ရဲ့ ပွဲဦးထွက်ပွဲစဉ်တွေရှိပါတယ်။ပွဲဦးထွက်ပွဲစဉ်တွေမှာ အင်အားကောင်းခဲ့တဲ့ TLID န...
16/08/2026

ဒီနေ့တော့ MPL ID S18 မှာ BTR နဲ့ ONIC တို့ရဲ့ ပွဲဦးထွက်ပွဲစဉ်တွေရှိပါတယ်။

ပွဲဦးထွက်ပွဲစဉ်တွေမှာ အင်အားကောင်းခဲ့တဲ့ TLID နဲ့ AE တို့ ၂ သင်း ဒီနေ့ရော ဘယ်လောက်အထိ လက်စွမ်းပြနိုင်မလဲ ကြည့်ရပါမယ်။





Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

Address

Yangon
11191

Telephone

+959771778954

Website

Alerts

Be the first to know and let us send you an email when Channel W posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Channel W:

Shortcuts

Share