29/01/2021
DJ တွေနဲ့မြူးထူးရမယ့် Live Event
MILITIA Underground web radio နဲ့ Music Connects People တို့ကနေတင်ဆက်မယ့် ပွဲတစ်ခုဖြစ်ပါတယ်။
Militia Underground ရဲ့ Underground Artist တွေဖြစ်တဲ့ Claire Buckland, Andy Matter, Ultra Knife, DJ RYKKS, Joint Chief နဲ့ Jumblebag တို့က တင်ဆက်ပေးသွားကြမှာပါ။
ဒီပွဲကိုတော့ MILITIA Underground web radio, Music Connects People နဲ့ militiaunderground.com တို့မှာ Live stream ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာပြည်ကနေ Livestream ကြည့်နိုင်မယ့်အချိန်ကတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက်နေ့၊ စနေနေ့ မနက်(သောကြာနေ့ည) ၁၂ နာရီခွဲအချိန်မှာကြည့်ရမှာပဲဖြစ်ပါတယ်။