Real News Distribution Agency-SPT

Real News Distribution Agency-SPT သတင်းလုပ်ငန်းများ

https://m.facebook.com/story.php?story_fbid=2920719631296256&id=216265185075061
02/12/2019

https://m.facebook.com/story.php?story_fbid=2920719631296256&id=216265185075061

မြောက်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က “ အကြမ်းအားဖြင့် သကျမာရ်အောင်ဘုရားအနီးနားမှာ သွားကျတယ်လ...

02/12/2019
08/11/2019

တိမ်ကညိုညို မိုးကပြိုဆင်း
မာန်ဟုန်တင်းတင်း မိုးနတ်မင်းက
တန်ဆောင်တိုင်မိုး ရွာသွန်းဖြိုးသည်
ကထိန်ပွဲလည်း အခက်တွေ့ပီ
ကိုကိုခိုင်( ရွှေပြည်သာ)

07/11/2019

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၁၉)
====================================
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)
(မြန်မာစံတော်ချိန်(၀၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

၁။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၀၀)နာရီအချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းအခြေအနေကို အောက်ပါ အတိုင်း လေးစားစွာ အစီရင်ခံအပ်ပါသည်-

(က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် ပိုမိုအားကောင်းလာခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL) အဖြစ်ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့ (Maya Bandar) (ကပ္ပလီကျွန်း-Andaman Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၂၀) မိုင်ခန့်၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၁၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့(Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၃၆၀)မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်တောင်ဘက် ရေမိုင် (၃၈၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (Bulbul) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းဖြစ်ပါသည်။

(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
(၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)သည် နောက်(၂၄)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားမည် ဟု ခန့်မှန်းရပါသည်။

(ဃ) အသိပေးနှိုးဆော်ချက်
(၁) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)၏ အရှိန်ကြောင့် ယနေ့နံနက် မှ နောက်(၄၈)နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင် ပါသည်။

အကြံပြုချက်
၂။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"(BULBUL)၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

နေထိပန်းတိုင်း လန်းစေသော်-------------------------------- မိဘမဲ့သား ရေနည်းငါးလို အိမ်​ခြေ ယာပျောက် လမ်းပေါ်လျှောက်ရင်း စ...
06/11/2019

နေထိပန်းတိုင်း လန်းစေသော်
--------------------------------

မိဘမဲ့သား ရေနည်းငါးလို
အိမ်​ခြေ ယာပျောက် လမ်းပေါ်လျှောက်ရင်း
စရိုက်မျိုးစုံ လူမျိုးစုံကြား
ကြင်လည် ကျက်စား ဝမ်းရေးခက်ခက်
အမှား အမှန် အမှား အမှန်
​ဝေခွဲခြင်းဌာ မစွမ်းသာဘဲ
အမှားတွေဖက် အသက်ဆက်သည်။

ဒုစရိုက်စုံ နယ်ပယ်စုံရောက်
လူပေါင်းတွေမှား မျိုးစုံကြားက
ရုန်းထွက်ရန်ခက် ဝမ်းရေးဆက်ရင်း
အမှားတွေထပ် ခရီးဆက်ကာ
လမ်းပြ မဲ့သူ ဝေးလေပြီ။

လူတကာပြော မေးတွေငေါ့ရင်း
သူကလူဆိုး မပေါင်းလေနဲ့
လမ်းတွေ့ရှောင်ဖယ် ဝန်းကျင်ပယ်၍
ဟိုလူကနှိမ် ဒီလူကနင်း
မကြားတကြား ကြားလည်းကြားသည်
အကောင်းစကား မပါတည်း။

ငယ်စဥ်တောင်ကျေး ကလေးဘဝ
မိဘဆိုတာ ဘာမှန်းမသိ
ကယ်မဲ့သူပျောက် လမ်းပေါ်ရောက်ရင်း
နေထိပန်းဘဝ ညှိုးခဲ့ပြီ။

( မိစုံ ဖစုံနဲ့ သား သမီး ရတနာလေးတွေရဲ့ ဘဝတွေ
လှပနေသလို
မိမိတို့ပတ်ဝန်းကျင်မှာ မိဘမဲ့ကလေးတွေလဲ
အားလုံးက ပစ်ပယ်ရင်းနဲ့ လမ်းပေါ်ရောက်ရင်း
ဘဝတွေဆိုးခဲ့ရတယ်
မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ နေထိပန်းကလေးတွေ
လေလွင့် ပျက်စီးမသွားအောင် နွေးထွေးစွာဆက်ဆံ
ကြပါစို့)

ကိုကိုခိုင်( ရွှေပြည်သာ) မှ ခံစားရေးဖွဲ့သည်။

(၇)တန်း ကျောင်းသူအား ခိုးယူပေါင်သင်းသည့် အိမ်ထောင်ရှိ အမျိုးသားကို အရေးယူRND၊ အောက်တိုဘာ ၂၅(၂၀၁၉)ရန်ကုန်တိုင်းဒေသကြီး၊ လ...
25/10/2019

(၇)တန်း ကျောင်းသူအား ခိုးယူပေါင်သင်းသည့် အိမ်ထောင်ရှိ အမျိုးသားကို အရေးယူ

RND၊ အောက်တိုဘာ ၂၅(၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ အသက် ၁၃နှစ်အရွယ် (၇)တန်း ကျောင်းသူတစ်ဦးအား အိမ်ထောင်ရှိ အမျိုးသားက ခိုးယူပေါင်းသင်းမှု ဖြစ်ပွားကြောင်း သိရသည်။

ဝင်းကျော်သူ ၂၇နှစ် နှင့် အသက် ၁၃နှစ်အရွယ် (၇)တန်း ဂျူးလိုင်(အမည်လွှဲ)တို့က လွန်ခဲ့တဲ့ ၄လ ခန့်က ချစ်သူဖြစ်ကြတယ်။ အောက်တိုဘာ ၂၀ရက်နေ့ ချိန်းတွေ့ချိန် ၎င်းနှင့် ခိုးရာ လိုက်သွားခြင်းဟု ဆိုသည်။

အောက်တိုဘာ ၂၃ရက်နေ့ လှိုင်သာယမြို့၊ အမှတ်(၅)ရပ်ကွက်၊ နဝဒေအိမ်ယာအနီး ကျူးကျော်တဲ တွင် ဂျူးလိုင်(အမည်လွှဲ)၏ ဖခင်ဖြစ်သူက တွေ့ရှိရ၍ ခေါ်ယူမေးမြန်းစဉ်ဇနီးမောင်နှံအဖြစ် အတူနေဖြစ်ကြောင်း
ပြောဆိုတယ်။

အဆိုပါ အသက် ၁၃နှစ်အရွယ် (၇)တန်း ဂျူးလိုင် (အမည်လွှဲ)အား ခိုးယူပေါင်းသင်းသူ ဝင်းကျော်သူတွင်
ဒေးဒရဲမြို့နယ်၊ ကျုံဒါးကျေးရွာနေသူ မနန်း(အမည်လွှဲ) နှင့် တရားဝင် ဇနှီးမောင်နှံ့ဖြစ်ပြီး လသားအရွယ် သားတစ်ဦးရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အုပ်ထိန်းမှုအောက်ရှိ အရွယ်မရောက်သေးသော သမီးဖြစ်သူအား ခိုးယူသွားပြီး
သားမယားအဖြစ်ပေါင်းသင်းဆက်ဆံသူ ဝင်းကျော်သူ ၂၇ နှစ်အား အရေးယူပေးရန် အောက်တိုဘာ ၂၄ရက်နေ့ အမှုဖွင့် တိုင်တန်းလာ၍ လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းမှ (ပ)၂၉၁၆/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ညီညီ(လှိုင်သာယာ)
Real News Distribution Agency

(Unicode)

(၇)တန်း ကျောင်းသူအား ခိုးယူပေါင်သင်းသည့် အိမ်ထောင်ရှိ အမျိုးသားကို အရေးယူ

RND၊ အောက်တိုဘာ ၂၅(၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ အသက် ၁၃နှစ်အရွယ် (၇)တန်း ကျောင်းသူတစ်ဦးအား အိမ်ထောင်ရှိ အမျိုးသားက ခိုးယူပေါင်းသင်းမှု ဖြစ်ပွားကြောင်း သိရသည်။

ဝင်းကျော်သူ ၂၇နှစ် နှင့် အသက် ၁၃နှစ်အရွယ် (၇)တန်း ဂျူးလိုင်(အမည်လွှဲ)တို့က လွန်ခဲ့တဲ့ ၄လ ခန့်က ချစ်သူဖြစ်ကြတယ်။ အောက်တိုဘာ ၂၀ရက်နေ့ ချိန်းတွေ့ချိန် ၎င်းနှင့် ခိုးရာ လိုက်သွားခြင်းဟု ဆိုသည်။

အောက်တိုဘာ ၂၃ရက်နေ့ လှိုင်သာယမြို့၊ အမှတ်(၅)ရပ်ကွက်၊ နဝဒေအိမ်ယာအနီး ကျူးကျော်တဲ တွင် ဂျူးလိုင်(အမည်လွှဲ)၏ ဖခင်ဖြစ်သူက တွေ့ရှိရ၍ ခေါ်ယူမေးမြန်းစဉ်ဇနီးမောင်နှံအဖြစ် အတူနေဖြစ်ကြောင်း
ပြောဆိုတယ်။

အဆိုပါ အသက် ၁၃နှစ်အရွယ် (၇)တန်း ဂျူးလိုင် (အမည်လွှဲ)အား ခိုးယူပေါင်းသင်းသူ ဝင်းကျော်သူတွင်
ဒေးဒရဲမြို့နယ်၊ ကျုံဒါးကျေးရွာနေသူ မနန်း(အမည်လွှဲ) နှင့် တရားဝင် ဇနှီးမောင်နှံ့ဖြစ်ပြီး လသားအရွယ် သားတစ်ဦးရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အုပ်ထိန်းမှုအောက်ရှိ အရွယ်မရောက်သေးသော သမီးဖြစ်သူအား ခိုးယူသွားပြီး
သားမယားအဖြစ်ပေါင်းသင်းဆက်ဆံသူ ဝင်းကျော်သူ ၂၇ နှစ်အား အရေးယူပေးရန် အောက်တိုဘာ ၂၄ရက်နေ့ အမှုဖွင့် တိုင်တန်းလာ၍ လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းမှ (ပ)၂၉၁၆/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ညီညီ(လှိုင်သာယာ)
Real News Distribution Agency

25/10/2019
25/10/2019

အဒေါ်တော်သူကို သားမယား ပြုကျင့်ခြင်းကြောင့် တူဖြစ်သူအား အမှုဖွင့်

RND၊ အောက်တိုဘာ ၂၁(၂၀၁၉)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ မလိုမတူဘဲ တူဖြစ်သူက အဒေါ်ဖြစ်သူအား သားမယား ပြုကျင့်မှု ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၁ရက်နေ့ ကျောက်တံခါးမြို့နယ်၊
စာတိုက်ရပ်ကွက်ခေတ္တရာ(၆)လမ်းတွင် အောက်တိုဘာ ၁၂ရက်နေ့ ညည့်၁နာရီက နေအိမ်အတွင်း အိပ်နေသည့် အိမ်ထောင်ရှိ အဒေါ်တော်စပ်သူ အမျိုးသမီး ပါးစပ်ကို ပိတ်ပြီး အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့တယ်။

သားမယားပြုကျင့်ခံရသူက အဒေါ်ပေါ့။ ပြစ်မှုကျူးလွန် သူက တူဖြစ်သူပါ။ နေအိမ်အတွင်း သမီး သုံးဦးနှင့် အိပ်ပျော်နေစဉ် နေအိပ်အတွင်း ဝင်ရောက်ပြီး၊ ခြိမ်းခြောက် သားမယားပြုကျင့်မှု ဖြစ်ပွားကြောင်း၍ လာရောက် တိုင်းတန်းကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သားမယားပြုကျင့်ခံရသလို သားမီးတွေ၏ အသက် အန္တရာယ်ပါ ခြိမ်းခြောက်လာသောကြောင်း အမှုဖွင့်လာခြင်းဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ မာရှယ် ၃၀နှစ် အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းလာ သဖြင့်ကျောက်တံခါးမြို့မရဲစခန်းမှ (ပ)၅၄၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရအရေးယူဆောင်ရွက် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုခက်
Real News Distribution Agency

(unicode)

အဒေါ်တော်သူကို သားမယား ပြုကျင့်ခြင်းကြောင်း တူဖြစ်သူအား အမှုဖွင့်

RND၊ အောက်တိုဘာ ၂၁(၂၀၁၉)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ မလိုမတူဘဲ တူဖြစ်သူက အဒေါ်ဖြစ်သူအား သားမယား ပြုကျင့်မှု ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၁ရက်နေ့ ကျောက်တံခါးမြို့နယ်၊
စာတိုက်ရပ်ကွက်ခေတ္တရာ(၆)လမ်းတွင် အောက်တိုဘာ ၁၂ရက်နေ့ ညည့်၁နာရီက နေအိမ်အတွင်း အိပ်နေသည့် အိမ်ထောင်ရှိ အဒေါ်တော်စပ်သူ အမျိုးသမီး ပါးစပ်ကို ပိတ်ပြီး အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့တယ်။

သားမယားပြုကျင့်ခံရသူက အဒေါ်ပေါ့။ ပြစ်မှုကျူးလွန် သူက တူဖြစ်သူပါ။ နေအိမ်အတွင်း သမီး သုံးဦးနှင့် အိပ်ပျော်နေစဉ် နေအိပ်အတွင်း ဝင်ရောက်ပြီး၊ ခြိမ်းခြောက် သားမယားပြုကျင့်မှု ဖြစ်ပွားကြောင်း၍ လာရောက် တိုင်တန်းကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သားမယားပြုကျင့်ခံရသလို သားသမီးတွေ၏ အသက် အန္တရာယ်ပါ ခြိမ်းခြောက်လာသောကြောင့် အမှုဖွင့်လာခြင်းဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ မာရှယ် ၃၀နှစ် အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းလာ သဖြင့်ကျောက်တံခါးမြို့မရဲစခန်းမှ (ပ)၅၄၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရအရေးယူဆောင်ရွက် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုခက်
Real News Distribution Agency

25/10/2019

ရွှေပြည်မြို့တွင် အသက် ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူအား ခိုးယူပေါင်းသင်းမှု ဖြစ်ပွား

RND၊ အောက်တိုဘာ ၂၁(၂၀၁၉)

အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်းဆက်ဆံ ခဲ့သဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အောက်တိုဘာ ၁၈ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်က အသက် ၁၄နှစ်အရွယ် အဌမတန်းကျောင်းသူ သမီးငယ် နှင့် မိခင်ဖြစ်သူတို့အတူရှိနေစဉ် သမီးဖြစ်သူမှ ၎င်း၏ အမနေအိမ်သို့သွားမည် ပြောကာထွက်သွားရာမှ နေအိမ်သို့ပြန်ရောက် မလာသဖြင့် လိုက်လံ ရှာဖွေခဲ့ရကြောင်း ဆိုသည်။

မိခင်ဖြစ်သူမှ သမီးအားရှာဖွေနေစဉ် အောက်တိုဘာ ၁၉ရက်နေ့ ည ၇နာရီခွဲအချိန်တွင် ရွှေပြည်သာမြို့၊ အမှတ် ၈ရပ်ကွက် ရာအိမ်မှူးက အဆိုပါပျောက်ဆုံး ကျောင်းသူနှင့် စံလင်းနိုင် တို့ နှစ်ဦးအား ဘောဂပန်းခြံတွင် တွေ့ရှိသဖြင့် ၎င်းနေအိမ်သို့ခေါ်ဆောင်ထားကြောင်း ပြောပြသိရသဖြင့် မိခင်ဖြစ်သူမှ သွားရောက်၍ သမီးအား မေးမြန်းရာ ၎င်းနှင့်ချစ်ကြိုက်နေသည့် စံလင်းနိုင်မှ အတူတကွပေါင်းသင်းနေထိုင်လိုကြောင်း ပြောသဖြင့် ခိုးရာလိုက်ခဲ့ပြီး၊ ရွှေပြည်သာ ၁ရပ်ကွက်ရှိ တည်းခိုခန်းတွင် အတူတကွတည်းခိုပြီး သားမယားအဖြစ် ၂ ကြိမ် ဆက်ဆံခဲ့ကြောင်း ပြောပြသိရှိခဲ့ရသည် ဟု ရဲမှတ်တမ်းမှ သိရသည်။

မိဘအုပ်ထိန်းမှုအောက်တွင် လွတ်ကင်းမှုမရှိသေးသော သမီးဖြစ်သူအား သွေးဆောင်ခိုးယူပြီး သားမယားအဖြစ် ပေါင်းသင်းဆက်ဆံခဲ့သူ ရွှေပြည်သာမြို့နေ စံလင်းနိုင် အား ဥပဒေအရအရေးယူပေးပါရန် မိခင်ဖြစ်သူမှ အောက်တိုဘာ ၁၉ရက်နေ့တွင် တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စံလင်းနိုင် ၁၇နှစ်၊ ဘောဂ ၄လမ်း၊ ဘောဂပန်းခြံ၊ ၈ရပ်ကွက်နေသူအား ရွှေပြည်သာ မြို့မရဲစခန်းမှ (ပ)၃၉၄၂/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။


ရွှေပြည်မြို့တွင် အသက် ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူအား ခိုးယူပေါင်းသင်းမှု ဖြစ်ပွား

RND၊ အောက်တိုဘာ ၂၁(၂၀၁၉)

အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်းဆက်ဆံ ခဲ့သဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အောက်တိုဘာ ၁၈ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်က အသက် ၁၄နှစ်အရွယ် အဌမတန်းကျောင်းသူ သမီးငယ် နှင့် မိခင်ဖြစ်သူတို့အတူရှိနေစဉ် သမီးဖြစ်သူမှ ၎င်း၏ အမနေအိမ်သို့သွားမည် ပြောကာထွက်သွားရာမှ နေအိမ်သို့ပြန်ရောက် မလာသဖြင့် လိုက်လံ ရှာဖွေခဲ့ရကြောင်း ဆိုသည်။

မိခင်ဖြစ်သူမှ သမီးအားရှာဖွေနေစဉ် အောက်တိုဘာ ၁၉ရက်နေ့ ည ၇နာရီခွဲအချိန်တွင် ရွှေပြည်သာမြို့၊ အမှတ် ၈ရပ်ကွက်၊ ရာအိမ်မှူးက အဆိုပါပျောက်ဆုံး ကျောင်းသူနှင့် စံလင်းနိုင် တို့ နှစ်ဦးအား ဘောဂပန်းခြံတွင် တွေ့ရှိသဖြင့် ၎င်းနေအိမ်သို့ခေါ်ဆောင်ထားကြောင်း ပြောပြသိရသဖြင့် မိခင်ဖြစ်သူမှ သွားရောက်၍ သမီးအား မေးမြန်းရာ ၎င်းနှင့်ချစ်ကြိုက်နေသည့် စံလင်းနိုင်မှ အတူတကွပေါင်းသင်းနေထိုင်လိုကြောင်း ပြောသဖြင့် ခိုးရာလိုက်ခဲ့ပြီး၊ ရွှေပြည်သာ ၁ရပ်ကွက်ရှိ တည်းခိုခန်းတွင် အတူတကွတည်းခိုပြီး သားမယားအဖြစ် ၂ ကြိမ် ဆက်ဆံခဲ့ကြောင်း ပြောပြသိရှိခဲ့ရသည် ဟု ရဲမှတ်တမ်းမှ သိရသည်။

မိဘအုပ်ထိန်းမှုအောက်တွင် လွတ်ကင်းမှုမရှိသေးသော သမီးဖြစ်သူအား သွေးဆောင်ခိုးယူပြီး သားမယားအဖြစ် ပေါင်းသင်းဆက်ဆံခဲ့သူ ရွှေပြည်သာမြို့နေ စံလင်းနိုင် အား ဥပဒေအရအရေးယူပေးပါရန် မိခင်ဖြစ်သူမှ အောက်တိုဘာ ၁၉ရက်နေ့တွင် တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စံလင်းနိုင် ၁၇နှစ်၊ ဘောဂ ၄လမ်း၊ ဘောဂပန်းခြံ၊ ၈ရပ်ကွက်နေသူအား ရွှေပြည်သာ မြို့မရဲစခန်းမှ (ပ)၃၉၄၂/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။


25/10/2019


RND၊ အောက်တိုဘာ ၂၃(၂၀၁၉)







(Unicode)

အသက် ၁၂ နှစ်ကျော်အရွယ်မိန်းကလေးတစ်ဦး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရ

RND၊ အောက်တိုဘာ ၂၃(၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အသက် ၁၂ နှစ်ကျော်အရွယ်မိန်းကလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ရခြင်းအား အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

အသက် ၁၂နှစ် ၄လအရွယ် အမျိုးသမီးငယ်အား ပထွေးဖြစ်က အကြိမ်ကြိမ် သားမယား ပြုကျင့်သောကြောင့် ကိုယ်ဝန် ၄လ ရရှိသွားပြီး၊ ကိုယ်ဝန်အား ဖျက်ဆီးရာမှ သိရ၍ လှည်းကူးမြို့နယ်၊ ညောင်တစ်ချမ်းကျေးရွာအုပ်စု၊ ညောင်တစ်ချမ်းကျေးရွာ နေထိုင်သူ ဦးလေးတော်စပ်သူ အသက် ၂၂နှစ်အရွယ် ကျော်ကျော်အောင်မှ အောက်တိုဘာ ၂၂ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်တွင် တိုင်တန်းလာကြောင်း ဆိုသည်။

၎င်းကတိုင်ကြားရာတွင် အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီ ခန့်က ရွှေပြည်သာမြို့နယ် လှော်ကား ၂၇ ရပ်ကွက် အုတ်ကွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်သည့် မိခင်ဖြစ်သူ၊ ပထွေးဖြစ်သူ မြင့်ကို(၃၆ နှစ်)တို့နှင့်အတူ နေထိုင်သည့် အသက် ၁၂ နှစ် ၄ လအရွယ် တူမဖြစ်သူမှာ လွန်ခဲ့သောတစ်လခန့်က ကိုယ်ဝန် ၄ လရှိနေပြီဖြစ်သဖြင့် ဒေါ်----ဆိုသူ၏ နေအိမ်တွင် ကိုယ်ဝန်ဖျက်ချခဲ့ကြောင်း သိရသဖြင့် သွားရောက်မေးမြန်းခဲ့သည်ဟု သိရသည်။

ထိုသို့တိုင်ကြားသူအမျိုးသားကမေးမြန်းရာ အဆိုပါမိန်းကလေးက ဟုတ်မှန်ကြောင်းပြောပြခဲ့ပြီး တူမဖြစ်သူကို ထပ်မံမေးမြန်းခဲ့ရာ ပထွေးဖြစ်သူ မြင့်ကိုက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းကြောင့် ကိုယ်ဝန် ၄ လလွယ်ထားခဲ့ရကာ လွန်ခဲ့သော တစ်လခန့်က ဖျက်ချခဲ့ရကြောင်း ပြောပြသိရသဖြင့် တူမဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူကို အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လှော်ကားနယ်မြေရဲစခန်းက(ပ)၁၆၄၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ကျူးလွန်သူမြင့်ကိုအား ဖမ်းဆီး အရေးယူထားသည်။

ကိုကိုခိုင်(ရွှေပြည်သာ)
Real News Distribution Agency

Address

Bayar Dala Street
Yangon

Website

Alerts

Be the first to know and let us send you an email when Real News Distribution Agency-SPT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share