05/12/2025
သန့်ရှင်းသောသောက်သုံးရေအလုံအလောက်ထုတ်လုပ်ပေးနိုင်မည့် ဆိုလာစွမ်းအင်သုံးရေသန့်စနစ် အက်တမ်(ATOM)တပ်ဆင်ပေး
ရန်ကုန် ၊ဒီဇင်ဘာ ၄
အက်တမ်(ATOM) ၏ “အက်တမ်နှင့်အတူ (၂)ဆ လှူ” အစီအစဉ်မှတစ်ဆင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရတနာစံသာသနာပိုင်ကျောင်းတိုက် ဘုန်းတော်ကြီးသင်စာသင်ကျောင်း အတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသောသောက်သုံးရေအလုံအလောက်ထုတ်လုပ်ပေးနိုင်မည့် ဆိုလာစွမ်းအင်သုံးရေသန့်စနစ် ကို အက်တမ်(ATOM) ၏ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် တပ်ဆင်ကူညီပေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါအက်တမ်(ATOM) ၏ သုံးစွဲသူများ နှင့် ဝန်ထမ်းများမှ စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ဝိုင်းဝန်းပါဝင်လှူဒါန်းခဲ့ကြပြီးအက်တမ်(ATOM)မှ ထိုလှူဒါန်းငွေအား နှစ်ဆရရှိအောင် ထပ်မံထည့်ဝင်လှူဒါန်းကာ စုစုပေါင်း မြန်မာငွေကျပ် (၅၁.၈) သန်းကျော်ကို ရရှိခဲ့သည်။
အက်တမ်(ATOM) မှ စာသင်ကျောင်းတွင် တပ်ဆင်ပေးခဲ့သော ဆိုလာစွမ်းအင်သုံးရေသန့်စနစ်သည် သန့်ရှင်းပြီး ယုံကြည်စိတ်ချရသော သောက်သုံးရေကို အကောင်းဆုံး ထုတ်လုပ်ပေးနိုင်ရုံသာမက၊ ဆိုလာစွမ်းအင်အသုံးပြုထားခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုအတွက်ပါ ကောင်းမွန်စေမည်ဖြစ်သည်။