Lion City News

Lion City News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lion City News, Media/News Company, ycdc, Yangon.

Sign-in ဝင်ပြီး ဂိမ်းဆော့ရုံနဲ့ OPPO စမတ်ဖုန်းနဲ့ အခြားဆုလက်ဆောင်တွေကို ပိုင်ဆိုင်ရရှိနိုင်မည့်အခွင့်အရေးရန်ကုန် စက်တင်ဘ...
26/09/2025

Sign-in ဝင်ပြီး ဂိမ်းဆော့ရုံနဲ့ OPPO စမတ်ဖုန်းနဲ့ အခြားဆုလက်ဆောင်တွေကို ပိုင်ဆိုင်ရရှိနိုင်မည့်အခွင့်အရေး

ရန်ကုန် စက်တင်ဘာ ၂၆

သက်ဆိုင်ရာ နေရာတွေမှာ Sign-in Revenue လုပ်ရင်း OPPO စမတ်ဖုန်း ၊ MLBB in-game လက်ဆောင်တွေနဲ့အတူ Partnership ဆိုင်တွေရဲ့ လက်ဆောင်ကူပွန်များကို ကံစမ်းနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က သုံးစွဲသူများ၏လိုအပ်ချက်များအပေါ် အသေးစိတ် လေ့လာလျက်ရှိပြီး အမြဲတမ်း အလေးထားဂရုစိုက်လေ့ရှိတာကြောင့် ယခု နောက်ပိုင်းနှစ်တွေမှာ လူငယ်တွေနဲ့ သုံးစွဲသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိလာနေပြီဖြစ်ပါတယ်။ ဒါတင်သာမက ပိုမိုကောင်းမွန်လာတဲ့ ဓာတ်ပုံနည်းပညာနဲ့အတူ ခေတ်ရှေ့ပြေးပြီး လက်တွေ့မှာ တကယ်အသုံးဝင်တဲ့ OPPO AI နည်းပညာတွေကြောင့် OPPO စမတ်ဖုန်းတွေက သုံးစွဲသူတွေအကြား ပိုပြီး ရေပန်းစားကျော်ကြားလာခြင်းဖြစ်သည်။

ယခုအခါမှာလဲ OPPO က Mobile Legends: Bang - MM ၊ အခြားသော Partner တွေနဲ့အတူ ပူးပေါင်းကာ သုံးစွဲသူတွေ စိတ်တိုင်းကျ ပျော်ရွှင်စေနိုင်မဲ့ အစီအစဉ် တစ်ခုကို ယူဆောင်လာပြီပဲဖြစ်ပါတယ်။ OPPO ကို ချစ်ခင်ကြတဲ့ သုံးစွဲသူတွေအနေနဲ့ MLBB ဂိမ်းထဲက Mission တချို့ကို လုပ်ဆောင်ရင်း လက်ဆောင်တွေ ရရှိနိုင်မည့်အခွင့်အရေးကို ပိုင်ဆိုင်မည့ဖြစ်သည်။

လက်ဆောင်များ ရရှိနိုင်မည့်အစီအစဉ်ကတော့ သုံးစွဲသူတွေအနေနဲ့ ပထမဦးစွာ မိမိ ဖုန်းမှာ Location ကို ဖွင့်ပြီး MLBB ဂိမ်းထဲကို ဝင်ရောက်ကာ Mode ထဲမှ Rising ကို ရွေးချယ်ရင်း Neighborhood Map ကနေ ဝင်ရောက်ကာ သက်ဆိုင်ရာ Mission တွေကို အနိုင်ရရှိအောင် ဆော့ကစားရုံနဲ့ OPPO စမတ်ဖုန်း ၊ MLBB in-game ဆုတွေ နဲ့အတူ Pizzamaru Myanmar နဲ့ ChaTraMue Myanmar တို့မှ ကူပွန်လက်ဆောင်များကို ကံစမ်းရရှိနိုင်မည်ဖြစ်သည်။

သုံးစွဲသူတွေအနေဖြင့်ဒီအစီအစဉ်တွင်ပါဝင်နိုင်ရန်အတွက် ChaTraMue Myanmar (Junction City Branch) , ChaTraMue Myanmar (Myanmar Plaza Branch) , ChaTraMue Myanmar (Pearl Condo Branch) နဲ့ Pizzamaru Myanmar (The Central Branch) တို့မှာ Sign in လုပ်ရမည် ဖြစ်သည်။

OPPO စမတ်ဖုန်းတွေကို လက်ဆောင်အဖြစ် ရယူလိုသူတွေအနေနဲ့ Junction City မှာ Sign in ဝင်ပြီး Mission တွေကို ဆော့ကစားကာ Sign-in Venue မှာ အပတ်စဥ်တိုင်း ပထမဦးဆုံး MLBB RISING OPEN Champion အနိုင်ရရှိတဲ့ Player အဖြစ် ပါရှိအောင် ဆော့ကစားရမည်ဖြစ်သည်။

OPPO ကို ချစ်မြတ်နိုးတဲ့ O-fan တွေအနေနဲ့ တစ်ပတ်ကို တစ်ခါ OPPO စမတ်ဖုန်းတွေကို အရယူနိုင်မှာဖြစ်ပြီး ဝါလကင်းလွတ် သီတင်းကျွတ်တဲ့အချိန်အခါသမယဖြစ်တဲ့ အောက်တိုဘာ ၅ ၊ ၆ နဲ့ ၇ ရက်နေ့တွေမှာတော့ တစ်နေ့ကို OPPO စမတ်ဖုန်းတစ်လုံးစီ ကံစမ်းနိုင်မဲ့ အခွင့်အရေးကြီးကို ရရှိမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် ပိုပြီး အဆင်ပြေ သဘောကျနိုင်မဲ့ အခု အစီအစဉ်ကြီးကို စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ အောက်တိုဘာ ၁၂ ရက်နေ့အထိ ပါဝင်နိုင်မှာဖြစ်သလို OPPO စမတ်ဖုန်းတွေကိုလဲ စုစုပေါင်းအားဖြင့် ၇ လုံးအထိ ကံစမ်းကာ ရယူနိုင်မဲ့အပြင် တခြားသော MLBB in-game လက်ဆောင်တွေနဲ့အတူ Partner အဖြစ်ပါဝင်လာမဲ့ ဆိုင်တွေရဲ့ ကူပွန်လက်ဆောင်တွေပါ ရရှိမှာဖြစ်ပါတယ်။ ဒါတင်သာမက Professional Gamer တွေနဲ့ Streamer တွေကပါ ပရိသတ်တွေနဲ့အတူ ဒီအစီအစဉ်မှာ လာရောက် ပူးပေါင်းဆော့ကစာနိုင်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်အတွက် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုအဖြစ် Manulife Myanmar က Great Place To Work® မှ တရားဝင်အ...
23/09/2025

၂၀၂၅ ခုနှစ်အတွက် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုအဖြစ် Manulife Myanmar က Great Place To Work® မှ တရားဝင်အသိအမှတ်ပြုခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၃

Manulife Myanmar က ၂၀၂၅ ခုနှစ်အတွက် Great Place To Work® Certified™ အဖွဲ့အစည်း၏ “အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင်” ဟူသော တရားဝင်အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ အသိအမှတ်ပြုခြင်းကို ရရှိခြင်းသည် Manulife ၏ ယုံကြည် စိတ်ချရခြင်း၊ လုပ်ငန်းခွင်အတွင်းခွဲခြားမှုကင်းဝေးပြီး အတူပူးပေါင်းဆောင်ရွက်ခြင်းအပြင် ရပ်တည်ချက်များကို တည်ဆောက် နိုင်ရန် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ရှေးရှုလုပ်ဆောင်နေသော လုပ်ငန်းခွင်ယဥ်ကျေးမှုဟုသည့် ကတိကဝတ်များအတွက် သက်သေပြယုဂ်တစ်ခုလည်း ဖြစ်သည်။ အဆိုပါ အသိအမှတ်ပြုလက်မှတ်မှာ Great Place To Work’s Trust Index™ Survey မှ Manulife Myanmar ရှိ ဝန်ထမ်းများ၏ အတွေ့အကြုံများအပေါ် အခြေခံကာ အကဲဖြတ်တိုင်းတာခဲ့ခြင်းဖြစ်သည်။

Great Place To Work® ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လုပ်ငန်းခွင်ယဥ်ကျေးမှုများ၊ ဝန်ထမ်း အတွေ့အကြုံများနှင့် စီးပွားရေးနှင့်စပ်ဆက်သော ရလဒ်ကောင်းများရရှိစေရန်အတွက် အကဲဖြတ်တိုင်းတာမှုများ ပြုလုပ်ပေး လျက်ရှိသော ယုံကြည်အားထားရသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ယင်းတို့၏ အကဲဖြတ်တိုင်းတာခြင်းနှင့် အသိအမှတ် ပြု လက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဥ်များသည် လုပ်ငန်းခွင်များရှိ ဝန်ထမ်းများ၏ အသံများကို ထင်ဟပ်စေနိုင်ရုံသာမက လူသားအရင်းအမြစ် အပေါ် ဦးစားပေးတန်ဖိုးထားသော အဖွဲ့အစည်းများကိုသာ မီးမောင်းထိုး ရွေးချယ်ဖော်ပြခြင်း ဖြစ် သည်။

သီတင်းကျွတ် မီးထွန်းပွဲတော်ကာလတွင် ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲ ကျင်းပမည် ရန်ကုန်။ စက်တင်ဘာ ၂၂ မန္တလေးတိုင်းဒေသကြီး၊ ကျောက...
23/09/2025

သီတင်းကျွတ် မီးထွန်းပွဲတော်ကာလတွင် ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်။ စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆင်အကအလှပြိုင်ပွဲကို လာမည့် သီတင်းကျွတ် မီးထွန်းပွဲတော်ကာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဆင်ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

အဆိုပါ ဆင်အကအလှပြိုင်ပွဲကို လာမည့် အောက်တိုဘာလ(၅)ရက်နေ့တွင် ကျောက်ဆည်မြို့ ရွှေသာလျောင်း တောင်ခြေရှိ ဝတ္တကကုန်းမြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

နှစ်စဉ်ရိုးရာမပျက် ကျင်းပပြုလုပ်ခဲ့သည့် ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲကို ယခုနှစ်တွင်လည်း ရိုးရာဆင် လူကြီး၊ ရိုးရာဆင် ကလေး၊ ဘော်ကြယ်ဆင်နှင့် သဘာဝဆင် ဟူ၍ ပြိုင်ပွဲအမျိုးအစား ၄ မျိုးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊လက်ရှိအချိန်ထိ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းလာရောက်ပေးသွင်းထားသည့် ဆင်ကောင်ရေ ၁၄ ကောင် ရှိပြီး ဖွင့်ပွဲအခမ်းအနားသို့တက် ရောက်၍ ဈေးကိုပတ်ကာ ဘုရားသို့ဦးခိုက်မည့် ဆင်ကောင်ရေ ၅၅ ကောင် ပါဝင်မည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ သိရသည်။

“ပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ရွှေသာလျောင်း‌တောင်ခြေက ဆင်ပြိုင်ပွဲကွင်းမှာ ကျင်းပသွား မှာဖြစ်ပါတယ်။ လက်ရှိအထိ ပြိုင်ပွဲဝင် ဆင်အစီးရေ ၁၄ စီးရှိပါတယ်။ ပြိုင်ပွဲကလည်း ၄ မျိုးကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားအလိုက် ဘော်ကြယ်တန်း ပြိုင်ပွဲမှာဝင်ပြိုင်မှာက ၃ စီး၊ ရိုးရာ အကြီးတန်းမှာက ၅ စီး၊ ကလေးဆင်က ၄ စီး၊ သဘာဝဆင်က ၂ စီး ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ဆင်စာရင်းကတော့ ၉ လပိုင်း လကုန် လောက်ဆိုရင် ပိတ်ပါ့မယ်” ဟုယင်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်ဖ။

ပြိုင်ပွဲနှင့် ပြိုင်ပွဲဝင်ဆင်များကို ခေတ်နှင့်အညီ လိုက်လျောညီအောင်ဆောင်ရွက်ထားပြီး ပြိုင်ပွဲဝင်ဆင်နှင့် လှည့်လည်မည့်ဆင်များကိုလည်း ယမန်နှစ်ကထက် မနည်းစေရန် ဆောင်ရွက်ထားကြောင်းသိရသည်။

ရိုးရာအဆင်အလာမပျက် ကျောက်ဆည်မြို့ဂုဏ်ဆောင်သည့် ဆင်အကအလှပြိုင်ပွဲအတွက် ပထမဆုကျပ် သိန်း ၃၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၊ တတိယဆု ကျပ် ၁၀ သိန်း သတ်မှတ်ထားပြီး ဆုကြေးငွေ ထပ်တိုးရန်လည်း ပြင်ဆင်နေကြောင်းနှင့် သက်ကြီးဆင်များကိုလည်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း၊ ဒီအပြင် ပြိုင်ပွဲဝင်ဆင်များအတွက်ကိုလည်း ချီးမြှင့်ငွေ ၅ သိန်းကို ကြိုတင်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ နောင်လူငယ်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းသည့်အနေဖြင့် ပြိုင်ပွဲများကို ယခုလိုနှစ်စဉ် ကျင်းပပေးခြင်းဖြစ်ကြောင်းသိရသည်။

ယမန်နှစ်က ကျောက်ဆည်မြို့တွင်ကျင်းပပြုလုပ်သည့် ဆင်အကအလှပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၄ မျိုး ဖြင့်ဆင်ကောင်ရေ ၁၂ စီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဆင်ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည််။

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင်AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ ရန်ကုန်စက်တင်ဘာ၂၂...
23/09/2025

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင်AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ

ရန်ကုန်စက်တင်ဘာ၂၂

ဖိလစ်ပိုင်နိုင်ငံတွင်စက်တင်ဘာ၁၉ရက်မှ၂၁ရက်အထိကျင်းပခဲ့သော ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ် ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship)တွင်မြန်မာ We Are Genius MYANMAR အသင်းသည် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားဖြင့် ပထမဆု ရရှိခဲ့‌ေကြာင်းသိရသည်
အဆိုပါပြိုင်ပွဲသည်စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်သည့်အခြေအနေများတွင်လူဝင်ရောက်ရန် ခက်ခဲ‌ေသာနေရာများထဲသို့ အလိုအလျောက်သွားလာ‌ေသာစနစ်ဖြင့် ရှာ‌ေဖွကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှု ရရှိခဲ့သည်။
ယင်းပြိုင်ပွဲ၌We Are Genius MYANMAR အသင်းတွင်မိုးပြည့်စုံကျော် (၁၁ နှစ်)၊ ကျော်ဘုန်းခန့်ဇော် (၁၁ နှစ်) နှင့် ဉာဏ်ကိုး (၁၂ ) နှစ်တို့သည်ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအို စသည့်နိုင်ငံများဖြင့်ယှဥ်ပြိုင်ခဲ့ကြပြီးပထမဆု ရရှိခဲ့‌သည်။
ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ် ပြိုင်ပွဲတွင်မြန်မာနိုင်ငံကိုယ်စားပြုWe Are Genius MYANMAR အသင်း၊ILBC၊CIY Club တို့၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်“Tourism and Sustainable Transformation” ရောင်စုံဓာတ်ပုံပြိုင်ပ...
09/09/2025

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်“Tourism and Sustainable Transformation” ရောင်စုံဓာတ်ပုံပြိုင်ပွဲရွေးချယ်

ရန်ကုန်စက်တင်ဘာ၉

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ‌ေရွးချယ်ပွဲကိုယနေ့နံနက်ပိုင်းကရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်၊ဗိုလ်ဆွန်ပက်လမ်းရှိဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ရုံး၌ပြုလုပ်သည်။
အဆိုပါဆုရွေးချယ်ရာတွင်ဦးမြင့်ထွေးဒုတိယညွှန်ကြားရေးမှူးချုပ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ထပ်ဆင့်အကယ်ဒမီတစ်သက်တာအကယ်ဒမီဆုရှင်ဒါရိုက်တာပန်းချီစိုးမိုးနှင့်ဓါတ်ပုံပညာရှင်များကရွေးချယ်ကြသည်။
ယင်းပြိုင်ပွဲသည်ထူးချွန်သော ဓာတ်ပုံပညာရှင်များ ပေါ်ထွန်းလာရေး၊ ဆုရရှိသော ဓာတ်ပုံများ ပြသခြင်းဖြင့် မြန်မာနိုင်ငံ၏ သဘာဝရှုခင်းများ၊ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ တိုင်းရင်းသားမျိုးနွယ်စုတို့၏ဓလေ့ထုံးတမ်းအစဉ်အလာပုံရိပ်များနှင့် ပွဲတော်များကို ဖော်ထုတ်၊ မြှင့်တင်၊ ထိန်းသိမ်းနိုင်ရေးအတွက်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။အဆိုပါဓာတ်ပုံပြိုင်ပွဲတွင်၀င်ရောက်ယှဉ်ပြိုင်သူ၅၂ဦး၊ဓာတ်ပုံပေါင်း၃၄၃ပုံ၀င်ရောက်ယှဉ်ပြိုင်ကြပြီးဆုကြေးအဖြစ်ပထမဆုကျပ်ကိုး သိန်း၊ဒုတိယဆုကျပ်ခုနှစ် သိန်း၊တတိယဆုကျပ်ငါးသိန်း၊စတုတ္ထဆု ကျပ်သုံးသိန်း၊ပဉ္စမဆုကျပ်နှစ်သိန်းနှင့်နှစ်သိမ့်ဆု၂၀ဆု(တစ်ဆုလျှင်ကျပ်တစ်သိန်းခွဲစီ)ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။

09/09/2025

TikTok တွင် တွေ့ရသည့် လိမ်လည်မှုများကို ရှောင်ရှားနိုင်ရန် သိထားသင့်သည့် အချက်များနှင့် အကောင့်လုံခြုံရေးဆိုင်ရာနည်းလမ်းမျ

၊ရန်ကုန်၊ စက်တင်ဘာ ၁၀

TikTok သည် အသုံးပြုသူများ မိမိတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို မျှဝေရန်၊ အခြားသူများနှင့် ချိတ်ဆက်ရန်နှင့် အခွင့်အလမ်းသစ်များကို ရှာဖွေရန် စုဝေးရာနေရာတစ်ခုဖြစ်သည်။
သို့သော် အခြားအွန်လိုင်းပလက်ဖောင်းများကဲ့သို့ မသမာသူများ၏ အလွဲသုံးစားလုပ်ရန် ကြိုးစားမှုကို ကြုံတွေ့ရနိုင်သည်။

TikTok အတွက် အသုံးပြုသူအသိုင်းအဝိုင်း၏ လုံခြုံရေးသည် ထိပ်တန်းဦးစားပေးဖြစ်ပြီး လူများကို လိမ်လည်လှည့်ဖြားခြင်းများနှင့် အလွဲသုံးစားပြုလုပ်ခြင်းများကို ခွင့်မပြုထားပေ။
ထို့ကြောင့် အဆိုပါစည်းမျဉ်းများကို အကြိမ်ကြိမ်ချိုးဖောက်သော အကောင့်များသည် အပြီးအပိုင်ဖယ်ရှားခံရနိုင်သည်။

သိထားသင့်သော လိမ်လည်လှည့်ဖြားမှုများ
အွန်လိုင်း လိမ်လည်မှုများသည် လူများကို ငွေကြေး သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များအတွက် လှည့်စားသည့် လုပ်ရပ်များဖြစ်သည်။ အသုံးပြုသူများ သိထားသင့်သော လိမ်လည်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
-အလုပ်အလွဲသုံးစားလုပ်မှုများ- အလုပ်အနည်းငယ်ပြုလုပ်ရုံနှင့် လစာများများရရှိမည်ဟု ကတိပေးထားသော မမှန်မကန်အလုပ်ရာထူးများ၊ "မှတ်ပုံတင်ကြေး" လိုအပ်သည်ဟုဆိုကာ ငွေတောင်းခံမှုများ၊ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို တောင်းဆိုလိမ်လည်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

-ငွေကြေးနှင့် ဆွယ်ပြီး လိမ်လည်မှုများ (Money Mule Scams)- မိမိ၏ လုပ်ခကော်မရှင်ကို ထုတ်ယူနိုင်ရန်အတွက် အရင်ဆုံးငွေပမာဏတစ်ခုကို လွှဲပေးရန် သို့မဟုတ် ဘဏ်အကောင့်ဝင်ရောက်ခွင့်ကို လွှဲပြောင်းပေးရန် တောင်းဆိုခြင်းသည်လည်း လိမ်လည်လှည့်ဖြားမှုဖြစ်ပါသည်။ တောင်းဆိုချက်များကို လိုက်လျောမိပါက တရားမဝင် ငွေကြေးခဝါချမှုများတွင် မိမိအနေဖြင့် မသိလိုက်ဘဲ ပါဝင်ပတ်သက်မိသွားနိုင်သည်။
-အယောင်ဆောင်ဖြားယောင်းမှုများ- TikTok သို့မဟုတ် အခြားယုံကြည်ရသော နေရာများမှ ပို့သကဲ့သို့ ဟန်ဆောင်ထားသော မက်ဆေ့ချ်များ သို့မဟုတ် လင့်ခ်များ၊ စကားဝှက်များ၊ OTP ကုတ်များ သို့မဟုတ် ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို တောင်းဆိုခြင်းများသည်လည်း သတိထားသင့်သည့် လိမ်လည်မှုဖြစ်သည်။

TikTok သည် တရားဝင် မဟုတ်သော ချန်နယ်များမှ တစ်ဆင့် အကောင့်ဝင်ရန် အချက်အလက်ကို မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ။

လိမ်လည်လှည့်ဖြား မခံရရန် သတိထားသင့်သည့်အချက်များ လိမ်လည်လှည့်ဖြားသူများသည် ဖိအပေး၍သော်လည်းကောင်း သို့မဟုတ် နား‌ထောင်ကောင်းသော ကမ်းလှမ်းမှုမျပြုလုပ်၍သော်လည်းကောင်း ဖြားယောင်းလေ့ရှိပါသည်။ ထို့ကြောင့် အောက်ပါ အချက်များကို တွေ့ရှိ ကြုံဆုံပါက သတိထားပါ။
-နည်းနည်းရင်းပြီး များများပြန်ရမည်၊ အလွယ်တကူငွေရှာနိုင်မည် စသည့်ကတိများပေးခြင်း။
-ငွေလွှဲပေးရန်၊ အပ်ငွေထည့်ရန် သို့မဟုတ် အခကြေးငွေ‌ပေးရန် တောင်းဆိုခြင်း။
-သံသယဖြစ်ဖွယ်လင့်ခ်များကို နှိပ်ရန် တောင်းဆိုသော မက်ဆေ့ချ်များပို့ခြင်း။
-ပုံမှန်မဟုတ်သော အကောင့်နာမည်များ၊ မပြည့်စုံသော ပရိုဖိုင်များ၊ သို့မဟုတ် ပုံမှန်မဟုတ်သည့် အပြုအမူများရှိသော အကောင့်များ စသည်တို့ဖြစ်သည်။
သံသယဖြစ်ဖွယ်တွေ့ရှိပါက မစစ်ဆေးရသေးသော လင့်ခ်များကို နှိပ်ကြည့်မည့်အစား တရားဝင်အကောင့်များနှင့် ယုံကြည်စိတ်ချရသော ရင်းမြစ်များမှတစ်ဆင့် အချက်အလက်ကို အမြဲစစ်ဆေးပါ။
TikTok က အသုံးပြုသူများ ဘေးကင်းရေးအတွက် ကူညီဆောင်ရွက်ချက်များ
TikTok သည် အသုံးပြုသူများကိုယ်တိုင် မိမိတို့၏ TikTok အသုံးပြုမှု အတွေ့အကြုံကို ထိန်းချုပ်နိုင်ရန် Tool များနှင့်လုပ်ဆောင်ချက်များကို အောက်ပါအတိုင်း ပံ့ပိုးပေးထားသည်။
-Two-step Verification မှတစ်ဆင့် မိမိ အကောင့်လုံခြုံရေးကို ပိုမိုကာကွယ်နိုင်ပါသည်။
-"Report" လုပ်ဆောင်ချက်အောက်ရှိ "လိမ်လည်မှုနှင့် ရိုက်စားလုပ်မှုများ (Frauds & Scams)" အကြောင်းရင်းဖြင့် သံသယဖြစ်ဖွယ်အကြောင်းအရာ သို့မဟုတ် အကောင့်များကို အမြန်ဆုံး တိုင်ကြားနိုင်ပါသည်။
-မှတ်ချက်စစ်ထုတ်မှုများနှင့် မက်ဆေ့ချ်ထိန်းချုပ်မှု လုပ်ဆောင်ချက်များသည် သင့်ကို ဆက်သွယ်နိုင်မည့်သူကို စိစစ်ရွေးချယ်နိုင်ရန် ကူညီပေးပါသည်။
သင့်အကောင့် အခိုးခံရသည်ဟု ယုံကြည်ပါက သို့မဟုတ် လိမ်လည်လှည့်ဖြားမှုဖြစ်နိုင်သည့် ကိစ္စတစ်ခုကို ကြုံတွေ့လာပါက ချက်ချင်း Report လုပ် တိုင်ကြားပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် သင့်ကိုသာမက ပိုမိုကျယ်ပြန့်သော အသုံးပြုသူအသိုက်အဝန်းကိုပါ ကာကွယ်ရန် ကူညီပေးနိုင်သည်။

သင့်အကောင့်ကိုကာကွယ်ရန် လုပ်‌ဆောင်နိုင်သည့်အဆင့်များသင့်အကောင့်ကို လုံခြုံအောင်ပြုလုပ်ရန် ရိုးရှင်းသော အောက်ပါ အဆင့်များအတိုင်း လုပ်ဆောင်နိုင်သည်။
-ခိုင်မာပြီး ထူးခြားသော Password များကို အသုံးပြုပါ။ အဆိုပါ Password တို့ကို အခြားသူများနှင့် မျှဝေခြင်းမှ ရှောင်ကြဉ်ပါ။
-သံသယဖြစ်ဖွယ်လင့်ခ်များ သို့မဟုတ် ပူးတွဲပါဖိုင်များကို သတိထားပါ။
-ဖုန်းနံပါတ်များ၊ ငွေကြေးဆိုင်ရာအချက်များ၊ သို့မဟုတ် မှတ်ပုံတင်နံပါတ်များကဲ့သို့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မစစ်ဆေးရသေးသော အရင်းအမြစ်များနှင့် မျှဝေခြင်း မပြုပါနှင့်။
အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများသည် အဆက်မပြတ် တိုးတက်နေသော်လည်း TikTok ၏ ဘေးကင်းရေးလုပ်ဆောင်ချက်များကပါ တိုးတက်ကာကွယ်ပေးလျက်ရှိပါသည်။ သတိရှိနေခြင်း၊ လိမ်လည်လှည့်ဖြားနိုင်သည့် အချက်များကို သိထားခြင်းနှင့် TikTok ၏ ဘေးကင်းရေး လုပ်ဆောင်ချက်များကို အသုံးပြုခြင်းဖြင့် သင်သည် ပိုမိုဘေးကင်းပြီး အပြုသဘောဆောင်သောအတွေ့အကြုံကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။ အသုံးပြုသူများ ကိုယ်တိုင်ပါ၀င်ခြင်းဖြင့် တီထွင်နိုင်စွမ်းနှင့် ချိတ်ဆက်ခြင်းများအတွက် လုံခြုံသည့် အသိုင်းအ၀ိုင်းတစ်ခုကို TikTok နှင့်အတူ တည်ဆောက်နိုင်မည်ဖြစ်သည်။

Viber Plus ဝန်ဆောင်မှုကို မြန်မာနိုင်ငံ ထိပ်တန်း FinTech & Telco လုပ်ငန်းမှတဆင့် အလွယ်တကူ ဝယ်ယူနိုင်မည်  ရန်ကုန် သြဂုတ် ...
27/08/2025

Viber Plus ဝန်ဆောင်မှုကို မြန်မာနိုင်ငံ ထိပ်တန်း FinTech & Telco လုပ်ငန်းမှတဆင့် အလွယ်တကူ ဝယ်ယူနိုင်မည်

ရန်ကုန် သြဂုတ် ၂၇


သင့်အနေနဲ့ တစ်ခါတစ်လေ အွန်လိုင်းကနေ သင်ပို့လိုက်တဲ့စာတွေကို သူများတွေ မသိခင် ပြန်ဖျက်ချင်တာမျိုး၊ ပြင်ဆင်ချင်တာမျိုး ကြုံတွေ့ဖူးမှာပါ။ နောက်တစ်ခါ သင် အွန်လိုင်းရှိနေတာကို တစ်ခြားသူတွေ မသိနိုင်တာ၊ အခပေးစတစ်ကာတွေကို အကန့်အသတ်မရှိ Free ရယူအသုံးပြုနိုင်တာ၊ နောက်ပြီး အသံဖိုင်တွေကို စာတို (Text) အနေနဲ့ ပြောင်းလဲဖတ်ရှုနိုင်တာ စတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ရယူ အသုံးပြုနိုင်မယ် ဆိုရင်ရော ဘယ်လောက် အဆင်ပြေမလဲ? မပူပါနဲ့ ဒီ လုပ်ဆောင်ချက်တွေအားလုံးကို Viber ရဲ့ Premium Version ဖြစ်တဲ့ Viber Plus ကနေ အလွယ်တကူ ရယူ သွားနိုင်ပါပြီ။ နောက်ထပ် ပိုပြီး အဆင်ပြေတာကတော့ Viber Plus ကို စာရင်းပေးသွင်းရယူဖို့ အတွက် နိုင်ငံခြား ဘဏ်ကတ်တွေ တစ်ခုမှ မလိုတော့ပဲ မြန်မာနိုင်ငံက ထိပ်တန်း FinTech နဲ့ Telco Providers တွေ ဖြစ်ကြတဲ့ KBZPay၊ AYA Pay နဲ့ ATOM Store App ပလက်ဖောင်းတွေကနေတဆင့် တစ်လကို မြန်မာငွေ ၉,၀၀၀ ကျပ်တည်းနဲ့အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ်သည်။

Viber Plus ကနေ ဒီလို အဆင့်မြင့်လုပ်ဆောင်ချက်တွေကို ရရှိသွားနိုင်မည်
· No ads - ကြော်ငြာကင်းရှင်းစွာဖြင့် အသုံးပြုနိုင်ခြင်း
· Delete messages without a trace – မက်ဆေ့ချ်များကို မှတ်တမ်းမကျန်အောင် ဖျက်နိုင်ခြင်း
· Edit messages without a trace – မက်ဆေ့ချ်များကို မှတ်တမ်းမကျန်စေပဲ ပြင်ဆင်နိုင်ခြင်း
· Invisible mode - မိမိဖက်က စာဖတ်ပြီးတာ၊ အွန်လိုင်းပေါ်ရှိနေတာကို တစ်ဖက်လူမမြင်အောင် ပြုလုပ်နိုင်ခြင်း
· Read voice messages as text - ပေးပို့လာတဲ့ အသံဖိုင်တွေကို စာတိုအဖြစ် ပြောင်းလဲ ဖတ်ရှုနိုင်ခြင်း
· Leave group silently Group Chat ထဲ မှ တိတ်တဆိတ် ထွက်ခွာနိုင်ခြင်း
·Custom app icons – Viber app icon ဒီဇိုင်းကို မိမိစိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ခြင်းUnlimited stickers - အခပေး Viber Sticker Packs တွေကို အခမဲ့ Download ရယူအသုံးပြုသွား နိုင်ခြင်း
· Live support – help when you need it, with one tap Live Support - ဘယ်အချိန်မဆို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ အကူအညီတွေ ရရှိ သွားနိုင်မယ့် Live Support Chat Verification badge – show you’re official with a premium touch Verification badge – Viber Plus ပရီမီယံဝန်ဆောင်မှုကို စာရင်းပေးသွင်းရယူထားတယ်ဆိုတာ အခြားသူတွေက မြင်တွေ့နိုင်မယ့် Verification Badgeသင့်အနေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပိုဂရုစိုက်တာပဲဖြစ်ဖြစ်၊ စတိုင်ကျကျ အသုံးပြုချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း ကြော်ငြာတွေ မပေါ်စေချင်တာပဲ ဖြစ်ဖြစ်၊ ဘယ်လိုမျိုး အသုံးပြုသူတိုင်းအတွက်မဆို Viber Plus ဟာ သင့်ရဲ့ နေ့စဉ်စာတိုပေးပို့မှု အတွေ့အကြုံတွေကို တစ်ဆစ်ချိုး ပြောင်းလဲပေးသွားမည်ဖြစ်သည်။

Viber Plus ကို ဘယ်သူတွေက အဓိကအသုံးပြုနေကြသလဲ?
Viber Plus ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး အခုအချိန်အထိ (Fintech & Telco App တွေကို အများဆုံး အသုံးပြုလေ့ရှိတဲ့) လူငယ်နဲ့ လူလတ်ပိုင်းတွေ ကြားမှာ အဓိက ရေပန်းစား အသုံးပြုမှုများပြားတာကို တွေ့ရှိရပြီး Features (လုပ်ဆောင်ချက်) ပိုင်းနဲ့ပတ်သက်ရင်တော့ မြန်မာနိုင်ငံက အသုံးပြုသူတွေ အနေနဲ့ ‘Delete messages without a trace’, Custom app icons နဲ့ Invisible Mode တွေကို အများဆုံး အသုံးပြုတာ တွေ့ရှိရတယ် လို့ Rakuten Viber က ထုတ်ပြန်ထားပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် အသုံးပြုသူတွေအနေနဲ့ မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြုံမှုရှိစေဖို့နဲ့ မိမိစိတ်တိုင်းကျ ပြောင်းလဲနိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက် တွေကို ပိုမိုလိုလားတာကို တွေ့ရှိရပြီး ဒီလိုအပ်ချက်တွေ အားလုံးအတွက် ကိုက်ညီမှုအရှိဆုံး လုပ်ဆောင်ချက်တွေ ကိုလည်း Viber Plus ကနေ ပေးအပ်ပေးနေတာကို တွေ့ရှိရသည်။
အထူးခံစားခွင့်များစွာနဲ့ Viber Plus ကို အလွယ်ကူဆုံး စာရင်းပေးသွင်း ရယူလိုက်ပါ။
Viber Plus ကို အခုအချိန်မှာ နိုင်ငံတကာဘဏ်ကတ်တွေ တစ်ခုမှ ရှိစရာမလိုပဲနဲ့ မြန်မာနိုင်ငံက ထိပ်တန်း FinTech နဲ့ Telco ပလက်ဖောင်းတွေ ဖြစ်တဲ့ KBZPay, AYA Pay နဲ့ ATOM Store App တွေကနေတဆင့် တစ်လကို မြန်မာငွေကျပ် ၉,၀၀၀ ကျပ်တည်းနဲ့ အလွယ်တကူ ဝယ်ယူသွားနိုင်ပြီ ဖြစ်သည်။
ဝယ်ယူဖို့အတွက် အောက်က ရိုးရှင်းလွယ်ကူတဲ့ အဆင့်အနည်းငယ်ကိုသာ လုပ်ဆောင်ရမည်။
·KBZPay အတွက်ဆိုရင် KBZPay အက်ပလီကေးရှင်းထဲကိုဝင် > Gift Card ကိုသွား > Others ကိုရွေး > Viber Plus ကိုရွေးပြီး ဝယ်ယူနိုင်မည်ဖြစ်သည်။
· AYA Pay အတွက်ဆိုရင် AYA Pay အက်ပလီကေးရှင်းထဲကိုဝင် > Gift Card ကိုသွား > Viber Plus ကိုရွေးပြီး ဝယ်ယူရုံပါပဲ။
· ATOM အတွက်ဆိုရင် ATOM Store အက်ပလီကေးရှင်းထဲကိုဝင် > Other Services ကိုသွား > Viber Plus ကို ရွေး > Buy now ကိုနှိပ်ပြီး ဝယ်ယူရုံပါပဲ။ (ဒီအဆင့်မှာ ဖုန်းနံပါတ်တောင်းရင် သင့်ရဲ့ ATOM နံပါတ်ကိုဖြည့်ပေးပါ - OTP Code ကျလာပြီး ဖြည့်လိုက်ရင် Payment Successful ဖြစ်သွားမည်ဖြစ်သည်။
စာရင်းပေးသွင်း ဝယ်ယူပြီးပြီလျှင် သင့်အနေနဲ့ Link တစ်ခုကို လက်ခံရရှိမည်ဖြစ်ပြီး ထို Link ကို Viber Application ထဲက My Notes မှာ Copy & Paste လုပ်ပြီး Link ကို Click နှိပ်လိုက်ရုံနဲ့ Viber Plus ရဲ့ ပရီမီယံ အဆင့် အသုံးပြုမှု အတွေ့အကြုံတွေကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။

ထိုအပြင် အကောင်းမွန်ဆုံး Viber အသုံးပြုမှု အတွေ့အကြုံတွေကို ရရှိခံစားနိုင်ဖို့အတွက်တော့ သင့်ရဲ့ Viber အက်ပလီကေးရှင်းကို နောက်ဆုံး Version ရောက်အောင် Update လုပ်ထားဖို့ အကြံပြုလိုပါတယ်။ ဒါတင်မကသေးပါဘူး သတ်မှတ်ထားတဲ့ ကာလအတွင်း ပထမဆုံးအကြိမ် Viber Plus ကို ဒီ ပလက်ဖောင်း ၃ ခုကနေ စာရင်းပေးသွင်း ဝယ်ယူသူတွေအနေနဲ့ ၁ လစာ ၉,၀၀၀ ကျပ် ပေးသွင်းရုံနဲ့ နောက်ထပ် ၂ လ (စုစုပေါင်း ၃ လ) အထိ Viber Plus ကို အသုံးပြုခွင့် ရရှိသွားမည် ဖြစ်သည်။

အခုလို လက်တွဲလုပ်ဆောင်မှု အသစ်နဲ့အတူ Rakuten Viber အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ (မြို့ပြကနေ ကျေးလက် အထိ) အသုံးပြုသူတွေကို သမရိုးကျ ဘဏ်ကတ်တွေကနေတဆင့် ဝယ်ယူစာရင်းပေးသွင်းစရာမလိုပဲ ပရီမီယံအဆင့် အသုံးပြုမှု အတွေအကြုံတွေကို ရရှိခံစားသွားနိုင်အောင် လုပ်ဆောင်ပေးလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပိုမိုမြင့်မားသည့်ဒစ်ဂျစ်တယ် နည်းပညာတွေ ပေါ်ပေါက်လာတာနဲ့အညီ Rakuten Viber အနေနဲ့လည်း အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝ အတွက် အမှန်တကယ် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ လိုအပ်တဲ့ လက်တွဲလုပ်ဆောင်မှုတွေ ကို ပိုမိုချဲ့ထွင်နိုင်ဖို့ စဉ်ဆက်မပြတ် ရည်သန်လုပ်ဆောင်နေခြင်း ဖြစ်သည်။

TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသ...
08/08/2025

TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသစ်များ မိတ်ဆက်

ရန်ကုန် သြဂုတ် ၈

TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ကမ္ဘာတစ်ဝန်းရှိ အသုံးပြုများကို ပျော်ရွှင်စေမည့် လုပ်ဆောင်ချက် (Feature) အသစ်များကို ကြေညာလိုက်ပါသည်။ ဤလုပ်ဆောင်ချက်များသည် TikTok တွင် ရှာဖွေလေ့လာသင်ယူကြသည့် ဆယ်ကျော်သက်များနှင့် မိသားစုများ၊ အကြောင်းအရာဖန်တီးသူများ၊ ချိတ်ဆက်အသုံးပြုသူများအတွက် အသုံးပြုမှုအတွေ့အကြုံကို မြှင့်တင်ပေးမှာဖြစ်သည်။

ယင်းတို့သည် TikTok ၏ လုံခြုံမှု၊ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးတို့တွင် ဆက်လက်ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မိသားစုများအတွက် လုပ်ဆောင်ချက်များ
ဆယ်ကျော်သက်အကောင့်များတွင် ၎င်းတို့ အသုံးပြုဖို့အတွက်သာ ဒီဇိုင်းထုတ်ထားသည့် မတူညီသော လုပ်ဆောင်ချက်ပေါင်း (၅၀) နှင့် ဆက်တင်များ ပါရှိသောကြောင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်းကို ဘေးကင်းစွာ ဖော်ပြနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ချိတ်ဆက်ခြင်း၊ TikTok တွင် လေ့လာသင်ယူနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
အဆိုပါ Built-in အကာအကွယ်များအပြင် TikTok သည် မိဘများနှင့် အုပ်ထိန်းသူများကို မိမိတို့ ဆယ်ကျော်သက်လူငယ်များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေအောင် လုပ်ဆောင်နိုင်သည့် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုကိုလည်း ပေးထားပါသည်။ TikTok ၏ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (Digital Safety Partnership for Families) ဖြင့် ပေါင်းစပ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ အွန်လိုင်းအတွေ့အကြုံများကို ပွင့်လင်းစွာ ပြောဆိုမှုများပြုလုပ်နိုင်ရန် မိသားစုဝင်များကို လုပ်ဆောင်ချက်များ ပံ့ပိုးပေးထားသည်။

TikTok က မိဘများအတွက် ၎င်းတို့၏ ဆယ်ကျော်သက်ရွယ်လူငယ်များအကောင့်နှင့် ပတ်သက်ပြီး ပိုမိုသိရှိမြင်သာနိုင်ရန် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုအသစ်များကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။
TikTok တွင် ဆယ်ကျော်သက်ရွယ်လူငယ်များသည် အခြားသူများမြင်နိုင်သည့် ဗီဒီယို၊ Story သို့မဟုတ် ဓာတ်ပုံကို တင်သည့်အခါ TikTok က Family Pairing ချိတ်ဆက်ထားသည့် မိဘတစ်ဦးဦးကို အလိုအလျောက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်ရွယ်လူငယ်များ၏ တီထွင်ဖန်တီးနိုင်မှု သို့မဟုတ် လွတ်လပ်မှုကို မထိခိုက်စေဘဲ မိဘများအနေဖြင့် မိမိတို့၏ ဆယ်ကျော်သက်ရွယ်များ တင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုမှုများကို စတင်နိုင်ရန် ကူညီပေးသည်။

ဆယ်ကျော်သက်ရွယ်လူငယ်များ ရွေးချယ်ထားသော ကိုယ်ရေးကိုယ်တာဆက်တင်များအကြောင်း ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆယ်ကျော်သက်ရွယ်လူငယ်များ (အသက် ၁၆-၁၇ နှစ်) သည် ၎င်းတို့တင်သည့် အကြောင်းအရာများကို အခြားသူများ ဒေါင်းလုတ်လုပ်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ သို့မဟုတ် ၎င်းတို့ follow လုပ်ထားသူစာရင်းကို အခြားသူများ မြင်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ မိဘများအနေဖြင့် ကြည့်နိုင်မည်ဖြစ်ပါသည်။ TikTok ၏ Manage Topics လုပ်ဆောင်ချက်မှ တစ်ဆင့် ဆယ်ကျော်သက်ရွယ်လူငယ်များသည် ၎င်းတို့၏ feed ကို ပုံသွင်းရန် ရွေးချယ်ထားသည့် အကြောင်းအရာများကိုလည်း မိဘများ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အသိုင်းအ၀ိုင်း၏ ကောင်းကျိုးအတွက် ပံ့ပိုးပေးခြင်း
TikTok ၏ Screen Time Management နှင့် Sleep Hours ကဲ့သို့သော လုပ်ဆောင်ချက်များသည် အသုံးပြုများအတွက် အဆင်ပြေစေမည့် Digital Routine များကို ဖန်တီးရန် ပိုမိုလွယ်ကူစေခဲ့ပါသည်။ ထို့ပြင် TikTok က အသုံးပြုသူတွေအတွက် ပိုမိုအဆင်ပြေစေမည့် ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ယူဆောင်ပေးနိုင်ရန်အတွက် ရှိပြီးသား သုတေသနများ၊ TikTok ၏ ကမ္ဘာလုံးဆိုင်ရာ လူငယ်ကောင်စီမှ လမ်းညွှန်ချက်များနှင့် ဘော့စတွန် ကလေးဆေးရုံရှိ Digital Wellness Lab မှ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။

ထို့ကြောင့် ယနေ့တွင် Well-being Missions ဟုခေါ်သော လုပ်ဆောင်ချက်အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။ ၎င်းတို့သည် လူများကို ရေရှည်ဟန်ချက်ညီသော ဒစ်ဂျစ်တယ်အလေ့အထများ ဖွံ့ဖြိုးလာစေရန်အတွက် ဒီဇိုင်းထုတ်ထားသော တိုတောင်းပြီး ဆွဲဆောင်မှုရှိသည့် မစ်ရှင်လုပ်ဆောင်ချက်များဖြစ်သည်။ မစ်ရှင်တစ်ခုပြီးသည့်အခါတိုင်း တတ်ကြွသည့် လုပ်ဆောင်မှုများကို အားပေးပြီး သတိပြုသုံးစွဲနိုင်စွမ်းကို ခိုင်မာစေမည့် ဆုတံဆိပ်များရရှိမည်ဖြစ်သည်။

Tool အသစ်များဖြင့် အကြောင်းအရာဖန်တီးသူများကို ခွန်အားဖြစ်စေခြင်း
TikTok သည် ဖန်တီးသူများကို ကာကွယ်ရန်နှင့် အောင်မြင်မှုရရှိပြီး လူအများနှစ်သက်သော အကြောင်းအရာများကို ဆက်လက်ဖန်တီးနိုင်စေမည့် လုပ်ဆောင်ချက်အသစ်များကို ယနေ့တွင် ကြေညာလိုက်ပြီဖြစ်ပါသည်။ အဆိုပါ အဆင့်မြှင့်တင်မှုများတွင် အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်သည်။

Creator Care Mode သည် ဖန်တီးသူများအတွက် မလိုလားအပ်သော မှတ်ချက်များနှင့် မသင့်လျော်သော မှတ်ချက်များကို ပိုမိုကောင်းမွန်စွာ စစ်ထုတ်နိုင်ရန် ကူညီပေးသည်။

TikTok LIVE အတွက် Mute လုပ်ဆောင်ချက်အသစ်သည် LIVE လွှင့်နေစဥ် စကားလုံးများ၊ စကားစုများနှင့် Emoji များကို တစ်ခါတည်း စုပေါင်း Mute လုပ်နိုင်ရန် ကူညီပေးသည်။

Content Check Lite သည် ဖန်တီးသူများအနေဖြင့် အကြောင်းအရာတစ်ခု မတင်မီ အဆိုပါအကြောင်းအရာသည် For You feed တွင် ပေါ်နိုင်ခြေ ရှိ မရှိကို ကြိုတင်စစ်ဆေးနိုင်စေမည်ဖြစ်သည်။
Creator Inbox သည် Inbox မက်ဆေ့များကို ပိုမို ထိရောက်စွာ စီမံနိုင်ရန် ဖန်တီးသူများအတွက် အသစ်ထည့်သွင်းထားသော လုပ်ဆောင်ချက်ဖြစ်သည်။

Creator Chat Room သည် ဖန်တီးသူများအနေဖြင့် TikTok တွင် သတ်မှတ်ချက်ပြည့်မီသော Follower များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အပြန်အလှန် ဆက်သွယ်နိုင်စေမည်ဖြစ်သည်။

TikTok သည် ဒီဂျစ်တယ်ကောင်းကျိုးအပေါ် အာရုံစိုက်ပြီး အထောက်အကူပြု Tool များနှင့် လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် စုပေါင်းထားသည့် App အတွင်း အတွေ့အကြုံအသစ်ကိုလည်း လေ့လာ ဖော်ဆောင်လျက်ရှိသည်။

Zuellig Pharma နှင့် Organon တို့ ပူးပေါင်းပြီမြန်မာနိုင်ငံရှိအမျိုးသမီးများ၏ကျန်းမာရေးစောငိ့ရှောက်မူဆိုင်ရာကျင်းပရန်ကုန...
08/08/2025

Zuellig Pharma နှင့် Organon တို့ ပူးပေါင်းပြီမြန်မာနိုင်ငံရှိအမျိုးသမီးများ၏ကျန်းမာရေးစောငိ့ရှောက်မူဆိုင်ရာကျင်းပ

ရန်ကုန်၊ သြဂုတ် ၈

အာရှတစ်လွှားတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နည်းနာ (health solutions) များ မျှဝေပေးလျက်ရှိသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် Zuellig Pharma သည် အမျိုးသမီးများ၏ ကျန်းမာရေးအဆင့်မြှင့်တင်ရေးအတွက် ကြိုးပမ်းလှုပ်ရှားနေသည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကုမ္ပဏီ Organon နှင့် မဟာဗျူဟာပိုင်းဆိုင်ရာ မိတ်ဖက်ဖြစ်လာကြောင်းသိရှိရသည်။
အဆိုပါပူးပေါင်းမှုမှတစ်ဆင့် Zuellig Pharma နှင့် Organon တို့သည် ဈေးကွက်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လမ်းကြောင်းများစွာနှင့် ချိတ်ဆက်၍ အမျိုးသမီးများနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာထိပ်တန်းထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ လက်လှမ်းမီရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားသည်။ထိုအအအပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ကျန်းမာရေးရလဒ်များ တိုးတက်လာစေရေးဆိုသည့် တူညီသော ကတိကဝတ်ကို အလေးအနက်ပြုရာ ၎င်းတွင် မမျှော်လင့်ထားသော ကိုယ်ဝန်ရခြင်းများကို လျှော့ချခြင်းနှင့် သန္ဓေတားခွင့်ရရှိရေးတို့လည်း အပါအဝင်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ်ကိုယ်ဝန်ရရှိမှု ၁,၅၁၀,၀၀၀ ခန့်ဖြင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့အနက် ၅၂၇,၀၀၀ ခန့်သော သုံးပုံတစ်ပုံနီးပါး ပမာဏသည် မမျှော်လင့်ထားသော ကိုယ်ဝန်ရရှိခြင်းများဖြစ်သည်။ ကြိုတင်ပြင်ဆင်ပြီးမှ ကိုယ်ဝန်ယူခြင်းသည် မိခင်နှင့် ကလေးကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးရလဒ်များကို ရရှိစေနိုင်သော်လည် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် သားဆက်ခြားနည်းနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ နားလည်သဘောပေါက်မှုများတွင် ကြီးမားသော လိုအပ်ချက်တစ်ရပ်ဖြစ်သည်။

ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အမျိုးသမီးတို့၏ ဦးစားပေးမှုများ၊ လူနေမှုပုံစံများနှင့်အညီ ၎င်းတို့ကိုယ်တိုင် ကလေးယူရန် သင့်လျော်သောအချိန်ကို ရွေးချယ်ခြင်းနှင့် သန္ဓေတားခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်နှင့် အားပေးကူညီမှုများကို အမျိုးသမီးများအတွက် ပံ့ပိုးပေးရန် လိုအပ်​မည်ဖြစ်သည်။

မမျှော်လင့်ထားသော ကိုယ်ဝန်ရရှိခြင်းများသည် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော ကျန်းမာရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ငွေကြေးနှင့် လူမှုရေးကုန်ကျစရိတ်များဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သောကြောင့် သန္ဓေတားခြင်းဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ရာတွင် တိကျသောသတင်းအချက်အလက်နှင့် အရင်းအမြစ်များကို ရရှိနိုင်စေရန် လိုအပ်မည်ဖြစ်သည်။
ထိုကဲ့သို့အခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် Zuellig Pharma သည် Organon ၏ လူသိများထင်ရှားသည့် သားဆက်ခြားသောက်ဆေးအတွက် စီးပွားဖြစ်ရောင်းချခွင့်နှင့် ဖြန့်ဖြူးခွင့် ရရှိထား ကေ​ငြ်သိရသည်။

၂၀၂၅ မေလမှစတင်၍ မြန်မာ့ဈေးကွက်သို့ မိတ်ဆက်ထားသည့် Organon ၏ ထုတ်ကုန်များကို လက်လီနှင့် လက်ကားဆေးဆိုင်များ၊ ခေတ်မီကုန်စုံစတိုးဆိုင်နှင့် ဆေးဆိုင်ခွဲများ၊ ဆေးရုံဆေးခန်းများနှင့် ဆေးသိုလှောင်ခန်းများအပါအဝင် ကျန်းမာရေးဌာနအမျိုးမျိုးမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးလျက်ရှိသည်။

“Organon အနေနဲ့ အမျိုးသမီးတွေအတွက် မတူညီတဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့အတွက် အမြဲအာရုံစိုက်လျက်ရှိပြီးတော့ မရှိမဖြစ် ဖြစ်တဲ့ သားဆက်ခြားကျန်းမာရေး တိုးတက်လာစေဖို့အတွက်ကိုလည်း အဓိကရည်ရွယ်ပါတယ်။ ကျွန်‌တော်တို့အနေနဲ့ ဒီလို Zuellig Pharma နဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် သန္ဓေတားဆေးကို ကျယ်ကျယ်ပြန့်ပြန်ရရှိသုံးစွဲနိုင်စေဖို့ လုပ်ဆောင်ရခြင်းအပေါ်မှာ အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီကြိုးပမ်းမှုကနေတစ်ဆင့် မြန်မာနိုင်ငံက အမျိုးသမီးထုအတွက် မှန်ကန်တဲ့ သန္ဓေတားခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့နဲ့ သူတို့လိုချင်တဲ့ မိသားစုဘဝတွေကို ဖန်တီးနိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟု Organon ၏ အာရှဖိစိဖိတ်ဒေသဆိုင်ရာ Managing Director ဖြစ်သူ Andreas Daugaard က ပြောကြားခဲ့သည်။

“ဒီလုပ်ဆောင်မှုအတွက် အဓိကအချက်ကတော့ Zuellig Pharma ရဲ့ ဆန်းသစ်တီထွင်မှုဖြစ်တဲ့ မိခင်နဲ့ မွေးကင်းစကလေး စောင့်ရှောက်ရေးဆိုင်ရာ ကျန်းမာရေးအပ်ပလီကေးရှင်းတွေကနေတစ်ဆင့် အရေးကြီးတဲ့ ကျန်းမာရေးသတင်းအချက်အလက်တွေကို ရရှိနိုင်အောင်ပဲ ဖြစ်ပါတယ်။ Organon ဟာ ကလေးမွေးပြီးနောက် မိသားစုစီမံခန့်ခွဲရေးလိုမျိုး အဓိကအကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး ပညာပေး ဆောင်းပါးတွေကနေတစ်ဆင့် အသိပညာ ဗဟုသုတ သတင်းအချက်အလက်တွေကို တကယ်လိုအပ်နေသူတွေဆီ တိတိကျကျရောက်ရှိစေနိုင်ဖို့ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်” ဟု Andreas က နိဂုံးချုပ်ပြောကြားခဲ့သည်။

“အာရှတစ်ဝှမ်းအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တစ်ဦးဖြစ်တဲ့ Zuellig Pharma အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသမီးထုအတွက် အရေးကြီးတဲ့ ကျန်းမာရေးရလဒ်တွေကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ Organon ကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီပေးနိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီမိတ်ဖက်ပူးပေါင်းမှုကနေတစ်ဆင့် ဆန်းသစ်တဲ့ ကျန်းမာရေးဖြေရှင်းနည်းတွေကို ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်အသုံးပြုနိုင်ရေးနဲ့ ဒေသတွင်း အမျိုးသမီးတွေအတွက် ရေရှည်ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးစတဲ့ ရည်ရွယ်ချက်တွေကိုအရင်းတည်ပြီး နှစ်ဦးနှစ်ဖက်စလုံးအနေနဲ့ တူညီတဲ့ကတိကဝတ် ပြုခဲ့ကြပါတယ်” ဟု Zuellig Pharma ၏ Corporate Strategy and Business Development လုပ်ငန်းအမှုဆောင်ဥက္ကဋ္ဌ Mr. Robert Kruit က ပြောကြားခဲ့သည်။

Organon ၏ အမျိုးသမီးများအတွက် ကလေးမွေးဖွားခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြင်းအရာများနှင့် စပ်လျဉ်း၍ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံသို့ အထူးသီးသန့် ကုထုံးဆေးဝါးများ ပိုမိုယူဆောင်မိတ်ဆက်ပေးလာနိုင်မည်ဖြစ်ပြီး ကျန်းမာရေးအသိပညာပေးနှင့် ကျန်းမာရေးဗဟုသုတ တိုးမြှင့်ရေးအစီအစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ရင်း ပြည်သူ့ကျန်းမာရေး အကျိုးသက်ရောက်မှုများကို ရေရှည်အနာဂတ်တွင် တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

ဤကတိကဝတ်ကို အားဖြည့်ပေးသည့်အနေဖြင့် Zuellig Pharma သည် “မမျှော်လင့်ထားဘဲ ကိုယ်ဝန်ရရှိခြင်းသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါ” ဟူသော ဆေးဘက်ဆိုင်ရာစာတမ်းဖတ်ပွဲတစ်ခုကို မိတ်ဖက်လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးတွင် ကျင်းပခဲ့သည်။ ဤစာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဆက်ခြားခြင်းဆိုင်ရာ လက်ရှိလုပ်ဆောင်ချက်များ၊ ကွာဟချက်များနှင့် အခွင့်အလမ်းများကို အထူးဦးစားပေးပြောကြားခဲ့သည်။ အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းခြင်းဖြင့် နှစ်ဖက်ကုမ္ပဏီများသည် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီမှုမှတစ်ဆင့် ဒေသန္တရ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ပံ့ပိုးကူညီရန်ဖြစ်သည်။

အက်တမ် (ATOM) မှ မေတ္တာဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ပြန်လည်ဆောက်လုပ်ရန်အလှုငွေလှုဒါန်းရန်ကုန် သြဂုတ် ၄အက်တမ် (ATOM) ...
05/08/2025

အက်တမ် (ATOM) မှ မေတ္တာဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ပြန်လည်ဆောက်လုပ်ရန်အလှုငွေလှုဒါန်း

ရန်ကုန် သြဂုတ် ၄

အက်တမ် (ATOM) မှ မေတ္တာဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ပြန်လည်ဆောက်လုပ်ရန် ငွေကျပ်သိန်းပေါင်း (၁,၂၀၀) ကျော် မတည်လှူဒါန်းပြီး ကူညီထောက်ပံ့မှုလိုအပ်လျက်ရှိသော ကလေးငယ် အယောက် (၃၄၀) အတွက် လုံခြုံစိတ်ချရပြီး တည်တံ့ခိုင်မြဲသော သင်ကြား၊ သင်ယူရေး ပတ်ဝန်းကျင်ကောင်းတစ်ခု ဖော်ဆောင်ပေးခဲ့ကြောင်းသိရသည်။

မကြာသေးမီက ဖြစ်ပေါ်ခဲ့သော သဘာဝရေဘေးအန္တရာယ်၏ ရိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆိုပါစာသင်ကျောင်းကို အက်တမ် (ATOM) မှ ‘လူမှုဘဝနှင့် ပညာရေးတိုးတက်ဖွံ့ဖြိုးရေး’ မဏ္ဏိုင် ရည်မှန်းချက်​ဖြင့်ပြန်လည်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမည့် AI သုံးစွဲမှုအတွေ့အကြုံအတွက် အသင့်ဖြစ်နေတဲ့ Samsung ၏ မိုဘိုင်းလုံခြုံရေး နည...
25/07/2025

အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမည့် AI သုံးစွဲမှုအတွေ့အကြုံအတွက် အသင့်ဖြစ်နေတဲ့ Samsung ၏ မိုဘိုင်းလုံခြုံရေး နည်းပညာအသစ်ထွက်ရှိ

ရန်ကုန်၊ ဇူလိုင် ၂၅

Samsung Electronics Co., Ltd ကနေ Samsung Galaxy စမတ်ဖုန်းအသစ်တွေအတွက် One UI 8 နဲ့အတူ Security နဲ့ Privacy Update အသစ်တွေကို မကြာသေးခင်ကပဲ ယူဆောင်ပေးလာခဲ့ပြီဖြစ်သည်။

အဆိုပါ Update အသစ်တွေနဲ့ On-Device AI အတွက် အကာကာအကွယ်အသစ်တွေ မိတ်ဆက်ပေးလိုက်ခြင်းက အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ စွမ်းဆောင်ရည်မြင့်ပြီး ယုံကြည်စိတ်ချရတဲ့ မိုဘိုင်းနည်းပညာတွေကို ယူဆောင်လာပေးရန်ဆိုတဲ့ Samsung ရဲ့ ကတိကဝတ်ကို ဖော်ဆောင် နေခြင်းဖြစ်သည်။

AI Personalization အတွက် မျိုးဆက်သစ် မိုဘိုင်းလုံခြုံရေး

Samsung ကနေ မျိုးဆက်သစ် AI နည်းပညာနဲ့ လုပ်ဆောင်ချက်တွေရဲ့ လုံခြုံရေးကို ကာကွယ်ရန် ဒီဇိုင်းထုတ်ထားတဲ့ နောက်ဆုံးပေါ် မိုဘိုင်းလုံခြုံရေး ဆန်းသစ်တီထွင်မှုတစ်ခုအနေနဲ့ Knox Enhanced Encrypted Protection (KEEP) နည်းပညာကို မိတ်ဆက်ပေးလာခဲ့ပါတယ်။ KEEP ဟာ မိုဘိုင်းထုတ်ကုန်ပစ္စည်းရဲ့ မှတ်ဉာဏ်သိုလှောင်မှုအတွင်းမှာပဲ Application တစ်ခုချင်းစီအတွက် Encrypt ပြုလုပ်ပြီး ကုဒ်ဝှက်ထားတဲ့ နေရာမှာ အချက်အလက်တွေကို သိမ်းဆည်းပေးမှာဖြစ်ပြီး Application တွေကနေ မဖြစ်မနေလိုအပ်တဲ့ အချက်အလက်ကလွဲပြီး ဘယ်အချက်အလက်ကိုမှ မရရှိနိုင်အောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။ Samsung Galaxy ရဲ့ Personal Data Engine (PDE) နဲ့ ထောက်ပံ့ပေးထားတဲ့ KEEP ဟာ Now Brief နဲ့ Smart Gallery search လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်စေတဲ့ အသုံးပြုသူရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ကာကွယ်ပေးမှာပါ။ KEEP နည်းပညာတစ်ခုတည်းနဲ့တင်မဘဲ Samsung ရဲ့ Knox Vault နည်းပညာနဲ့ပါ ထပ်မံ ကာကွယ်ပေးထားသေးတာဖြစ်လို့ အဆိုပါအချက်အလက်တွေက အသုံးပြုသူရဲ့ မိုဘိုင်းထုတ်ကုန်ပစ္စည်းထဲမှာပဲ လုံခြုံစွာရှိနေမှာဖြစ်ပြီး လုံခြုံစိတ်ချစွာနဲ့ Galaxy AI လုပ်ဆောင်ချက်တွေကို ချောချောမွေ့မွေ့ အသုံးပြုနိုင်စေမည်ဖြစ်သည်။

Knox Matrix ရဲ့ ပိုမို အဆင့်မြင့်စွာချိတ်ဆက်နိုင်လာတဲ့ Threat Response

AI နည်းပညာကို Ecosystem တစ်ခုလုံးမှာ တိုးချဲ့ထည့်သွင်းပေးလာတာနဲ့အတူ Samsung ဟာ ပိုမိုခိုင်မာတဲ့ လုံခြုံရေး စနစ်ကိုသာမဘဲ ပိုမိုပွင့်လင်းမြင်သာပြီး သုံးစွဲသူများအနေနဲ့ ပိုမိုထိန်းချုပ်မှုများပြုလုပ်နိုင်တဲ့ Knox Matrix နည်းပညာနဲ့အကာအကွယ်များကို မြှင့်တင်လျက်ရှိသည်။

ချိတ်ဆက်ထားတဲ့ Galaxy ထုတ်ကုန်တွေအတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ပြီးး အသုံးပြုရပိုမိုလွယ်ကူစေရန်အတွက် One UI 8 ကနေတစ်ဆင့် Knox Matrix ကို တိုးတက်လာအောင် ဖော်ဆောင်နေခြင်းဖြစ်သည်။
အသုံးပြုနေတဲ့ မိုဘိုင်းထုတ်ကုန်ပစ္စည်းရဲ့ စနစ်ကို ဝင်ရောက်ခြယ်လှယ်ခြင်း သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း အတုအပပြုလုပ်ခြင်းများကဲ့သိုသော လုံခြုံရေးပိုင်းဆိုင်ရာ အန္တရာယ်များရှိနေသည်ကို အချက်ပြတဲ့အခါမှာ အဆိုပါအခြေအနေကို ထိန်းချုပ်နိုင်ပြီး မပြန့်ပွားစေရန်တွက် Samsung Account မှ အလိုအလျောက်ထွက်ပြီး Cloud နဲ့ ချိတ်ဆက်ထားတဲ့ လုပ်ဆောက်ချက်များးသို့ ဝင်ရောက်ခွင့်ကို ဖြတ်တောက်ပေးမှာပါ။ အသုံးပြုသူအနေနဲ့ချိတ်ဆက်ထားတဲ့ Galaxy ထုတ်ကုန်အားလုံးမှာ အသိပေးချက်တွေရရှိမည်ဖြစ်ပြီး ‘Security status of your devices’ သို့ ဝင်ရောက်ကာ အခြေအနေကို စစ်ဆေးပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်နိုင်မှာဖြစ်သည်။

နောက်ဆုံးပေါ် Security Status Updates များနဲ့ လုံခြုံရေး အဆင့်မမြှင့်တင်ရသေးတဲ့ ထုတ်ကုန်ပစ္စည်းများမှာပင် အဝါရောင်အဆင့် သတိပေးချက်များရရှိနိုင်မှာဖြစ်ပြီး အခြေအနေပိုမို မကြီးထွားမီမှာ ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်နိုင်အောင် ကူညီပေးမည်ဖြစ်သည်။

Secure Wi-Fi စနစ်ကို ပိုမိုအားကောင်းစေတဲ့ Quantum-Resistant Encryption နည်းပညာ

Samsung သည် Galaxy S25 စီးရီးစမတ်ဖုန်းတွေမှာ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ Quantum-safe Security ကို ဆက်လက်တိုးချဲ့ပေးအပ်ပြီး Secure Wi-Fi စနစ်ကို ပိုမိုအားကောင်းစေမယ့် Post-quantum Cryptography နည်းပညာ ကို Post-Quantum Enhanced Data Protection (EDP) နည်းပညာကတစ်ဆင့် ယူဆောင်ပေးလာခဲ့ပြီဖြစ်ပါတယ်။ Secure Wi-Fi ကို ယခုအခါမှာ Cryptographic Framework အသစ်နဲ့ အဆင့်မြှင့်တင်ပေးလိုက်ပြီဖြစ်ပြီးအထူးသဖြင့် Quantum Computing နည်းပညာခေတ်မှာ အဓိကတွေ့ကြုံရတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ပေးနိုင်မှာပါ။ အဆိုပါအဆင့်မြှင့်တင်မှုတွေက အများနဲ့ မျှဝေသုံးစွဲရတဲ့ Public Networks များအသုံးပြုချိန်မှာတောင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လုံခြုံအောင် ကူညီပေးနိုင်ဦးမှာပါ။ အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမယ့်နည်းပညာတွေအတွက်ပါ အသင့်ဖြစ်နေတဲ့ အဆိုပါအခြေခံအုတ်မြစ် နည်းပညာများအပြင် Secure Wi-Fi မှာ Auto Protect၊ Enhanced Privacy Protection (EPP) နဲ့ Protection Activity စတဲ့ အဆင့်မြင့်လုံခြုံရေးလုပ်ဆောင်ချက်တွေပါ ပါဝင်လာခြင်းဖြစ်သည်။

အဆင့်မြင့် အကာအကွယ်များ ပါဝင်ပြီးသားဖြစ်ပြီး စိတ်ချယုံကြည်ရတဲ့ Platform တစ်ခု

Samsung သည် ၎င်း၏ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုများအပြင်၊ Galaxy ထုတ်ကုန်များသုံးစွဲမှု အတွေ့အကြုံကို ပိုမိုကောင်းမွန်ခိုင်မာစေတဲ့ ပင်မလုံခြုံရေးအကာအကွယ်များကို အားကောင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထီုလုပ်ဆောင်ချက်တွေက ထုတ်ကုန်တွေရဲ့ Hardware ရော Software အပိုင်းကိုပါ လုံခြုံရေးအလွှာများစွာနဲ့ ကာကွယ်ပေးထားသလို ပွင့်လင်းမြင်သာပြီး အသုံးပြုသူအနေနဲ့ ပိုမိုထိန်းချုပ်နိုင်စွမ်းတွေရှိစေမှာပါ။
စကားဝှက်များ၊ ပင်နံပါတ်များနှင့် Biometrics အချက်အလက်များကဲ့သို့ အရေးကြီးတဲ့ အချက်အလက်တွေကို ရုပ်ပိုင်းဆိုင်ရာအချက်အလက်သိမ်းဆည်းမှုများနဲ့ သီးခြားခွဲထုတ်သိမ်းဆည်းပေးထားတဲ့အတွက် ပင်မလည်ပတ်မှုစနစ် ပျက်စီးသွားသည့်တိုင်အကာအကွယ်ရရှိနေစေဦးမယ့် Knox Vault စနစ်၊
အလိုအလျှောက် အကာအကွယ်တွေပြု လုပ်ပေးထားပြီး ခွင့်ပြုထားခြင်းမရှိတဲ့ Application များ ထည့်သွင်းခြင်း Command-based လုံခြုံရေးထိုးဖောက်တိုက်ခိုက်မှုများကို ကန့်သတ်ခြင်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ Zero-click လုံခြုံရေး ထိုးဖောက်မှု အန္တရာယ်များကို လျော့ပါးစေမယ့် Auto Blocker၊
AI လုပ်ဆောင်ချက်များအတွက် အချက်အလက်များ Online ပေါ် တင်ပို့မှုကို ပိတ်ရန် ရွေးချယ်နိုင့် ပြီး အသုံပြုသူအနေနဲ့ မိမိအချက်အလက်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်စေမယ့် Advanced Intelligence Settings၊
လုယက်ခံရမှုကဲ့သို့သော အန္တရာယ်များသော အခြေအနေများတွင်ပင် Identity Check နှင့် Security Delay ကဲ့သို့သော အကာအကွယ်လုပ်ဆောင်ချက်များနဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို တားဆီးပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးမယ့် Enhanced Theft Protection စတဲ့ အဆင့်မြင့်လုံခြုံရေးစနစ်တွေနဲ့ အကာအကွယ် ရရှိနိုင်မည်ဖြစ်သည်။

နည်းပညာများတိုးတက်မှုနဲ့အတူ လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာသည်နှင့်အမျှ Samsung ဟာ ထုတ်ကုန်များမှာ တစ်ပါတည်းပါဝင်ပြီး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအတွက် အမြဲအဆင်သင့်ဖြစ်နေတဲ့ အကာအကွယ်များကို ပေးဆောင်ရန် အာရုံစိုက်ကာ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ နောက်ဆုံးပေါ် အဆင့်မြင့်လုံခြုံရေးနည်းပညာများ စတင်ပါဝင်လာတဲ့ Galaxy ထုတ်ကုန်သစ်တွေဖြစ်တဲ့ Galaxy Z Fold7 နဲ့ Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းအသစ်တွေကိုတော့ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်မှ (၂၉) ရက်အတွင်း Pre-Order အထူးဈေးနှုန်းများ၊ လက်ဆောင်များ၊ အထူးခံစားခွင့်များနဲ့အတူ [http://smsng.co/galaxy-zfold7-zflip7-pre-order-now] ကနေ ကြိုတင်စာရင်းသွင်းမှာယူသွားနိုင်မည်ဖြစ်သည်။

Address

Ycdc
Yangon
11182

Website

Alerts

Be the first to know and let us send you an email when Lion City News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share