Our Beloved Hawick Lau's Myanmar Fan Club

Our Beloved Hawick Lau's Myanmar Fan Club Hong Kong Actor & Singer Hawick Lau's Myanmar Fan Club
TikTok - tiktok.com/

31/08/2026

#ဦးဝေချစ်သူများထံသို့ရောက်စေ

31/08/2026

#ဦးဝေချစ်သူများထံသို့ရောက်စေ

26/08/2026

အနု အကြမ်း အလွမ်း စွယ်စုံပိုင်သော မင်းသားကြီး #ဦးဝေချစ်သူများထံသို့ရောက်စေ

ဦးဝေပရိသတ်များအားလုံး မင်္ဂလာပါဗျာ -သိုင်းလောကသားတွေအတွက် ဓားပျံစစ်ခင်း အချစ်တလင်း ဒရာမာဇာတ်ကားကောင်းလေး ဇာတ်သိမ်းအထိ ကြ...
17/03/2026

ဦးဝေပရိသတ်များအားလုံး မင်္ဂလာပါဗျာ -

သိုင်းလောကသားတွေအတွက် ဓားပျံစစ်ခင်း အချစ်တလင်း ဒရာမာဇာတ်ကားကောင်းလေး ဇာတ်သိမ်းအထိ ကြည့်ရှုအားပေးနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်

ကျွန်တော်တို့ Our Beloved Hawick Lau’s Myanmar Fan Club မှ မင်းသားချောကြီး ဦးခိုင်ဝေရဲ့ အကောင်းတကာ့အကောင်းဆုံး ဒရာမာဇာတ်ကားများကို အကြည်လင်ဆုံး ရုပ်သံအရည်အသွေး အပြည့်စုံဆုံး ဘာသာပြန်လက်ရာတို့ဖြင့် တင်ဆက်ပြသပေးလျက်ရှိရာ
ဒီတစ်ခါမှာ မရည်ရွယ်ဘဲ အလှည့်ကျသွားတဲ့ ဇာတ်ကားကတော့ ဦးဝေရဲ့ နာမည်ကျော် ဓားပျံရှောင်လီဇာတ်ကားဟောင်းလေးပဲ ဖြစ်ပါတယ်

ဒီဇာတ်ကားကို အရင်က အမုန်းမဲ့ချစ်ခြင်းဆိုတဲ့ အမည်နဲ့ ရုပ်သံချယ်နယ်တစ်ခုက ထုတ်လွှင့်ပြသခဲ့ဖူးပါတယ် အခုအခါမှာတော့ ဒီဇာတ်လမ်းတွဲကို ရုပ်သံကွာလတီအပြည့်နဲ့ ဘယ်နေရာမှာမှ ရှာဖွေကြည့်ရှုလို့ မရနိုင်တော့ပါဘူး ဒါကြောင့် ကျွန်တော်တို့ပေ့ချ်က ဝိုင်းတော်သားများရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဒီဇာတ်ကားကို “ ဓားပျံစစ်ခင်း အချစ်တလင်း ” လို့ အမည်သညာဆန်းသစ်ကာ တင်ဆက်ပြသပေးလိုက်ပါတယ်

ဇာတ်ကားအကြောင်းကတော့ အထွေအထူးပြောဖို့ လိုမယ်မထင်တော့ပါဘူး ချစ်သူကို လုယူခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ထင်မှတ်မထားတဲ့ ပြကွက်နဲ့ ကလဲ့စားချေမှုပဲ ဖြစ်ပါတယ် ဒီဇာတ်ကားမှာ ကျွန်တော်တို့အိုင်ဒေါ မင်းသားချောကြီးကတော့ ထုံးစံအတိုင်း အချစ်ကြီးသူ အနစ်နာခံ ပေးဆပ်တတ်သူကြီးပေါ့ဗျာ

ခေါင်းဆောင်မင်းသမီးကတော့ ဦးဝေရဲ့ ကညာပျိုနဲ့ ကလိမ်ဗိုလ်ဇာတ်ကားတုန်းက ပါဝင်ခဲ့တဲ့ မင်းသမီးချောလေး ရန်ရုန်ပဲ ဖြစ်ပါတယ်

ဒီဇာတ်ကားကို အရင်ရုပ်သံချယ်နယ်မှာ ထုတ်လွှင့်ပြသခဲ့တုန်းက မပါခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ဆင်ဆာဖြတ်ထားတဲ့ အပိုင်းတွေကိုပါ ကျွန်တော်တို့က တစ်ခန်းမှမဖြတ်ဘဲ သူ့မူရင်းအတိုင်း ပြည့်ပြည့်စုံစုံ ပါးစပ်လှုပ်သမျှ တစ်လုံးမကျန် ကွက်စေ့ ထောင့်စေ့အောင် ဘာသာပြန်တင်ဆက်ပေးထားတာဖြစ်လို့ ကြည့်ရှုသူတွေစိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမှာ အမှန်ပဲဖြစ်တယ်လို့ အာမခံပါတယ်ဗျ

မြန်မာနိုင်ငံမှာ ဟောင်ကောင်မင်းသားချောကြီးဦးခိုင်ဝေနဲ့ပတ်သက်တဲ့ ဇာတ်ကားတွေ သီချင်းတွေ သတင်းတွေ ပုံရိပ်တွေကို ကြည့်ချင်ရင် သိချင်ရင် ကျွန်တော်တို့ပေ့ချ် ကျွန်တော်တို့ချယ်နယ်ကလွဲလို့ တခြားဘယ်နေရာမှာမှ ကြည့်ရှုလို့မရနိုင်ပါဘူး

ငွေပေးပြီးကြည့်ရှုလို့လည်း မရပါဘူး ကျွန်တော်တို့က ဦးဝေဇာတ်ကားတိုင်းကို ၁၀ ပိုင်းတိတိ လူတိုင်းအခမဲ့ကြည့်ရှုခွင့်ရအောင် စီစဉ်တင်ဆက်ပေးထားပါတယ်

ဘာသာပြန်ဇာတ်ကားတစ်ကားဖြစ်အောင် ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ မည်သူ့ကိုမှ မည်သည့်အပိုင်းကိုမှ အခမဲ့ဆောင်ရွက်စေခိုင်းခြင်း မပြုခဲ့ပါ သူတို့လည်း ကာယအား ဉာဏအား အချိန်အား စိုက်ထုတ်ပင်ပန်းထားတဲ့အတွက် သင့်တော်တဲ့ ဉာဏ်ပူဇော်ခချီးမြှင့်ငွေ ပေးအပ်ခဲ့တာချည်းပါပဲ ဒီအလုပ်တွေက ငွေအသပြာကို အဓိကထားလုပ်လို့ မရပါဘူး

ဘယ်နေရာမှာမှ ကြည့်လို့မရတဲ့ ဦးဝေဇာတ်ကားကောင်းတွေကို ပရိသတ်တွေ ကြည့်ခွင့်ရပါစေတော့ ဆိုတဲ့ စေတနာ ဝါသနာ အရင်းခံပြီး လုပ်ကိုင်ဆောင်ရွက်ပေးခြင်းပါ

ဇာတ်ကားကရတဲ့ငွေကြေးနဲ့ ဘာသာပြန်တွေ အယ်ဒီတာတွေ အန်ကုတ်ဒါတွေ သူဌေး မဖြစ်သလို စီစဉ်ဆောင်ရွက်ရတဲ့ ကျွန်တော်တို့လည်း အထွေထွေ ကုန်ကျစရိတ်ကို ကိုယ့်အိတ်ထဲကစိုက်ထုတ်ပြီး လုပ်ကိုင်ဆောင်ရွက်ရတာပါ ဒါကြောင့် စရိတ်လေးနည်းနည်းကာမိအောင် ဇာတ်သိမ်းအထိ ကြည့်ချင်ရင် သတ်မှတ်ဘာသာပြန်ကြေး/မန်ဘာကြေး ပေးပို့ကြည့်ရှုကြဖို့ မေတ္တာရပ်ခံရခြင်းပါ

ဘာသာပြန်တင်ဆက်ဖို့ ကျန်ရှိနေသေးတဲ့ ကြေညာပြီးသား ဇာတ်ကားတွေကိုလည်း တစ်ကားပြီးတစ်ကား အလှည့်ကျတင်ဆက်ပေးသွားမှာဖြစ်လို့ ဦးဝေပရိသတ်တွေ စောင့်မျှော်ကြည့်ရှုကြဖို့ ပြောကြားရင်းနဲ့ “ ဓားပျံစစ်ခင်း အချစ်တလင်း ” ဒရာမာဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားအားပေးလိုက်ကြပါဦးလို့ …..

Admin – Htun MZ ( 17.3.2026 ) 4:30 PM

Ep 1 - https://t.me/liukaiweidrama/610
Ep 2 – https://t.me/liukaiweidrama/618
Ep 3 – https://t.me/liukaiweidrama/624
Ep 4 – https://t.me/liukaiweidrama/625
Ep 5 – https://t.me/liukaiweidrama/626
Ep 6 – https://t.me/liukaiweidrama/627
Ep 7 – https://t.me/liukaiweidrama/635
Ep 8 – https://t.me/liukaiweidrama/636
Ep 9 – https://t.me/liukaiweidrama/637
Ep 10 – https://t.me/liukaiweidrama/644
( Member Only )
Ep 11 – https://t.me/c/1553619921/58
Ep 12 – https://t.me/c/1553619921/60
Ep 13 – https://t.me/c/1553619921/70
Ep 14 – https://t.me/c/1553619921/72
Ep 15 – https://t.me/c/1553619921/79
Ep 16 – https://t.me/c/1553619921/86
Ep 17 – https://t.me/c/1553619921/87
Ep 18 – https://t.me/c/1553619921/88
Ep 19 – https://t.me/c/1553619921/89
Ep 20 – https://t.me/c/1553619921/90
Ep 21 – https://t.me/c/1553619921/92
Ep 22 – https://t.me/c/1553619921/93
Ep 23 – https://t.me/c/1553619921/94
Ep 24 – https://t.me/c/1553619921/95
Ep 25 – https://t.me/c/1553619921/108
Ep 26 – https://t.me/c/1553619921/109
Ep 27 – https://t.me/c/1553619921/110
Ep 28 – https://t.me/c/1553619921/111
Ep 29 – https://t.me/c/1553619921/112
Ep 30 – https://t.me/c/1553619921/113
Ep 31 – https://t.me/c/1553619921/114
Ep 32 – https://t.me/c/1553619921/116
Ep 33 – https://t.me/c/1553619921/117
Ep 34 – https://t.me/c/1553619921/118
Ep 35 – https://t.me/c/1553619921/121
Ep 36 – https://t.me/c/1553619921/122
Ep 37 – https://t.me/c/1553619921/123
Ep 38 – https://t.me/c/1553619921/124
Ep 39 – https://t.me/c/1553619921/125
Ep 40 – https://t.me/c/1553619921/126
Ep 41 – https://t.me/c/1553619921/127
Ep 42 ( Ending ) – https://t.me/c/1553619921/128
Theme song - https://t.me/liukaiweidrama/656
OST - https://t.me/liukaiweidrama/657
OST - https://t.me/liukaiweidrama/660
Song - https://t.me/liukaiweidrama/658
Trailer - https://t.me/liukaiweidrama/661

ပုံအောက်မှာ လင့်တွေပါပါတယ်ဗျ 🤗
17/03/2026

ပုံအောက်မှာ လင့်တွေပါပါတယ်ဗျ 🤗

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Our Beloved Hawick Lau's Myanmar Fan Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share