Our Beloved Hawick Lau's Myanmar Fan Club

Our Beloved Hawick Lau's Myanmar Fan Club Hong Kong Actor & Singer Hawick Lau's Myanmar Fan Club
TikTok - tiktok.com/

23/07/2025
07/07/2025

ဒီအချိန်လေးရောက်ရင် အမြဲတမ်းကိုယ်သတိရ

ဦးဝေ‌ ပေ့ခ်ျကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ပြီးသား ထိပ်တန်းစာရင်းဝင်ဒရာမာဇာတ်ကားက ၁၂ ကားကျန်ရှိနေပါသေးတယ်စီးရီးတွဲတွေ...
30/06/2025

ဦးဝေ‌ ပေ့ခ်ျကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ပြီးသား ထိပ်တန်းစာရင်းဝင်ဒရာမာဇာတ်ကားက ၁၂ ကား
ကျန်ရှိနေပါသေးတယ်

စီးရီးတွဲတွေချည်းပဲဆိုတော့ အကုန်တင်ပြီးနိုင်ဖို့ တော်တော်ကြိုးစားအားထုတ်ရဦးမှာပါ

မြန်မြန်ပြီးဖို့ ဆိုရင်တော့ ကွန်ပျုတာရှိပြီး subtitle edit လုပ်တတ်သူရှိရင် ဆက်သွယ်ပေးစေလိုပါတယ် သင့်တော်တဲ့ အခကြေးငွေ ချီးမြှင့်မှာဖြစ်ပါတယ်

Admin - HtunnMZ

ဟောင်ကောင်သရုပ်ဆောင်နှင့်အဆိုတော် မင်းသားချောကြီး လျူခိုင်ဝေ အဓိကပါဝင်သရုပ်ဆောင်ထားသည့် ဘာသာပြန်ပြီးသား စဆုံးကြည့်ရှုနို...
30/06/2025

ဟောင်ကောင်သရုပ်ဆောင်နှင့်အဆိုတော် မင်းသားချောကြီး လျူခိုင်ဝေ အဓိကပါဝင်သရုပ်ဆောင်ထားသည့် ဘာသာပြန်ပြီးသား စဆုံးကြည့်ရှုနိုင်သော ထိပ်တန်းစာရင်းဝင်ဒရာမာဇာတ်ကားများ ( သုခမိန်ကလွဲ )

ကြည့်ချင်တဲ့ကားများကို ကွန်မန့်မှာ ရေးသွားကြပါ ၁၀ ပိုင်းအထိ အခမဲ့ ကြည့်လို့ရတဲ့ လင့်ချပေးပါမယ် 👌👌👌

စုစုပေါင်း ၁၆ ကားရှိပါမယ်

တင်လက်စ ၁ ကားနဲ့ဆို ပေါင်း ၁၇ ကားဖြစ်ပါတယ်

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ မင်းကြီးကားလေး လာပါပြီဗျ ဦးခိုင်ဝေရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ မင်းကြီးအဖြစ် သရုပ...
28/06/2025

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ မင်းကြီးကားလေး လာပါပြီဗျ ဦးခိုင်ဝေရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ မင်းကြီးအဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားနှစ်ကားသာ ရှိခဲ့ဖူးပါတယ်

အဲဒီဇာတ်ကားတွေကတော့ အားလုံးသိကြတဲ့ ချစ်ကြွေးရာဇဝင်ထဲက မင်းကြီးဖြစ်ပြီး နောက်တစ်ကားကတော့ အခုတင်ဆက်ပြသတဲ့ လင်းယုန်သခင်မင်းကြီးဇာတ်ကားပဲ ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာ ဦးခိုင်ဝေကို ချစ်ကြွေးရာဇဝင်ထဲက မင်းကြီးအဖြစ်သာ လူသိများ လူကြည့်များကြပါတယ် တကယ်တော့ လင်းယုန်သခင်မင်းကြီးဇာတ်ကားရိုက်တာက ချစ်ကြွေးထက်စောပါတယ်

ချစ်ကြွေးက ဒီမင်းကြီးနောက်မှ ရိုက်တဲ့ဇာတ်ကားဖြစ်ပါတယ် မင်းကြီးကား နှစ်ကားသာ ရိုက်ခဲ့ဖူးပေမဲ့ အဲ့ဒရာမာနှစ်ကားစလုံးက ဦးဝေရဲ့ အကောင်းဆုံး top 5 စာရင်းဝင်ထိပ်တန်းဒရာမာဇာတ်ကားထဲမှာ ပါဝင်ပါတယ်

ဒီဇာတ်ကားကို အရင်တုန်းက အလွမ်းဒဏ္ဍာရီ စာစီခဲ့လေသော် ဆိုတဲ့နာမည်နဲ့ စာတန်းထိုးအခွေ ထွက်ရှိခဲ့ဖူးပါတယ် ကျွန်တော်တိုဆီမှာလည်း ရုပ်သံမကြည်တဲ့ အဲ့အခွေကို ကြည့်လိုရပါတယ်

အခု ဒီဇာတ်ကားကိုပဲ ကျွန်တော်တိုရဲ့ Our Beloved Hawick Lau’s Myanmar Fan Club မှ ဝိုင်းတော်သားများရဲ့ ကြိုးစားမှုနဲ့ အကောင်းဆုံးရုပ်သံအရည်အသွေး အပြည့်စုံဆုံး ဘာသာပြန်လက်ရာတို့နဲ့ ပေါင်းစပ်ကာ လင်းယုန်သခင် အချစ်စွမ်းအင် လို အမည်ပေးပြီး တင်ဆက်ပြသလိုက်ပါတယ်

ဒီကားက မွန်ဂိုခေတ်ကို အခြေခံထားပြီး မွန်ဂိုမင်းသမီးအချောအလှလေးတွေ အဖြစ်သရုပ်ဆောင်ထားတဲ့ အဖေတူ အမေကွဲ ညီအစ်မနှစ်ဦးရဲ့ မတူညီတဲ့ဘဝကံကြမ္မာကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်

ဟွမ်ထိုက်ကျီဆိုတဲ့ မင်းကြီးကတော့ အဒေါ်ရော တူမတွေရောကို မိဖုရားမြှောက်ခဲ့ပေမဲ့ သူတကယ်ချစ်တဲ့ မိဖုရားကတော့ တစ်ပါးတည်းပါပဲ ဒီဇာတ်ကားက ကြည့်တတ်မယ်ဆိုရင် နမူနာယူစရာတွေ ကြေကွဲဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်

ဒါ့အပြင် ဒီဇာတ်ကားမှာ ဝတ်ဆင်ထားတဲ့ မွန်ဂိုခေတ်က ဝတ်စုံအလှအပတွေကိုလည်း ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်

ဒီဇာတ်ကားက ရုံတင်ပြသတဲ့အချိန်မှာကတည်းက ကြည့်ရှုသူ အများဆုံးစံချိန်တင်ထားတဲ့ ဇာတ်ကားပါ

ကဲ ကဲ မြန်မာပြည်မှာ ဦးခိုင်ဝေဇာတ်ကားတွေကို တစ်ဦးတည်းမူပိုင်အဖြစ် တင်ဆက်ပြသပေးနေပြီး ကျွန်တော်တိုပေ့ချ်ကနေ အကောင်းဆုံးဘာသာပြန်ထားတဲ့ လင်းယုန်သခင် အချစ်စွမ်းအင် ရဲ့ အပိုင်း ၁ မှ ၁၀ အထိကို ရှုစားအားပေးလိုက်ပါဦးဗျာ

ဦးဝေရဲ့ ဇာတ်ကားတိုင်းကို ၁၀ ပိုင်းတိတိ လူတိုင်းအခမဲ့ကြည့်ရှုနိုင်အောင် ဦးဝေရဲ့သရုပ်ဆောင်မှုစွမ်းရည်ကို အကဲဖြတ်နိုင်အောင် တင်ဆက်ပေးထားပါတယ်

ဇာတ်ကားတစ်ကား ဖြစ်မြောက်ဖို့အတွက် ကျွန်တော်တို့မှာလည်း ကုန်ကျစရိတ်များစွာရှိတာကြောင့် ဇာတ်ကားတိုင်းကို ဇာတ်သိမ်းအထိ ဆက်လက်ကြည့်ရှုလိုတယ်ဆိုရင်တော့ သတ်မှတ်ဘာသာပြန်ကြေး/မန်ဘာကြေးပေးသွင်းမှသာ ကြည့်ရှုခွင့်ရမှာဖြစ်ပါကြောင်း ဦးဝေပရိသတ်များကို အသိပေးပြောကြားလိုက်ရပါတယ်

Admin – Htun MZ ( 27.6.2025 ) 8:01 PM

Ep 1 - https://t.me/HawickLauMMFC/4599

Ep 2 – https://t.me/HawickLauMMFC/4644

Ep 3 – https://t.me/HawickLauMMFC/4664

Ep 4 – https://t.me/HawickLauMMFC/4712

Ep 5 – https://t.me/HawickLauMMFC/4742

Ep 6 – https://t.me/HawickLauMMFC/5211

Ep 7 – https://t.me/HawickLauMMFC/5215

Ep 8 – https://t.me/HawickLauMMFC/5410

Ep 9 – https://t.me/HawickLauMMFC/5437

Ep 10 - https://t.me/HawickLauMMFC/5508

To be continue ……

06/06/2025
Hello Attention please -ဦးဝေရဲ့ အနုပညာလှုပ်ရှားမှုများကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကို အက်မင်ပြောစရာလေး ရှိပါတယ်အက်မ...
04/05/2025

Hello Attention please -

ဦးဝေရဲ့ အနုပညာလှုပ်ရှားမှုများကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကို အက်မင်ပြောစရာလေး ရှိပါတယ်

အက်မင်တို့ ဦးဝေရဲ့ page တွေကို update သိပ်မလုပ်ဖြစ်တော့တဲ့အတွက် ဦးဝေပရိသတ်များအနေနဲ့ tiktok channel နဲ့ telegram channel ကိုသာ လာခဲ့ဖို့ ဖိတ်ခေါ်ပြောကြား အသိပေးလိုက်ရပါတယ်

ဦးဝေက လတ်တလောမှာ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်လို့ ဒရာမာကားသစ်တွေ မရိုက်ဖြစ်သေးပေမဲ့ မကြာသေးခင်ရက်များကတော့ မိုးကြိုးမုန်တိုင်းပြဇာတ်မှာ main character အဖြစ် ပါဝင်သရုပ်ဆောင် ဖျော်ဖြေတင်ဆက်ခဲ့တယ်ဆိုတာ ပရိသတ်တွေသိကြမှာပါ လက်ရှိမှာတော့ ၂၀၂၅ ဧပြီလလယ်ကတည်းက ပြည်မကြီးရှန်ဟိုင်းမှ သူ့မိဘနဲ့ သူ့သမီးလေးရှိတဲ့ ဟောင်ကောင်ကိုပြန်လည်ရောက်နေပါပြီ

ဦးဝေရဲ့ နောက်ထပ်လာမယ့် အနုပညာလှုပ်ရှားမှုများကိုလည်း များမကြာခင် တွေ့မြင်ရတော့မယ်လို့ ထင်ပါတယ်

ပရိသတ်တွေကလည်း သူနဲ့ဆုံတုန်း အနုပညာအလုပ်တွေလုပ်ဖို့ ဇာတ်ကားတွေပြန်လည်ရိုက်ကူးဖို့ အလေးအနက်ထား တောင်းဆိုကြတာ တွေ့ရပါတယ်

ဦးဝေက ဘာအနုပညာအလုပ်မှ မလုပ်ဘဲ ပရိသတ်မြင်ကွင်းရှေ့ကနေ ၂ နှစ်ကျော် ပျောက်ကွယ်နေပြီးသကာလ ၂၀၂၅ မတ်လကုန်ပိုင်းကမှ မိုးကြိုးမုန်တိုင်းပြဇာတ်နဲ့ ပြန်လည်ပွဲထွက်လာခဲ့တာဖြစ်ပါတယ် ဒီပြဇာတ်ကို special edititon အနေနဲ့ မြို့ကြီးနှစ်မြို့မှာ တင်ဆက်ပြသဖျော်ဖြေခဲ့ပါတယ်

အနုပညာသက်တမ်း နှစ်ပေါင်း ၃၀ ကျော်ရှိပြီး ဝါရင့်သမ္ဘာရင့်မင်းသားတစ်လက်ဖြစ်တဲ့ ဦးခိုင်ဝေရဲ့အသက်ဟာလည်း နှစ် ၅၀ ဆိုတဲ့ ရွှေရတုလွန်ကာလကို ရောက်ရှိခဲ့ပြီဖြစ်ပေမဲ့ အခုအချိန်အထိ လူငယ်လေးတစ်ယောက်လို ပေါ့ပါးဖျတ်လတ်သွက်လက်နေဆဲ ဥပဓိရုပ်ကောင်းမွန်နေဆဲ သန့်ပြန့်ခန့်ချောနေဆဲ အောင်မြင်မှုကို ထိန်းထားနိုင်ဆဲဖြစ်တယ်ဆိုတာ မကြာခင်ကတက်လာတဲ့ ဦးဝေရဲ့ လှုပ်ရှားမှုပုံရိပ်များမှာ တွေ့မြင်နိုင်ပါတယ်

ဦးဝေက ဒီနှစ်ပိုင်းတွေမှာ အနုပညာအလုပ်တွေကို သိသိသာသာ လျှော့ချလိုက်ပြီး အသက်ကြီးရင့်လာပြီဖြစ်တဲ့ သူ့မိဘနဲ့ အပျိုပေါက်အရွယ်ကို ချဉ်းနင်းဝင်ရောက်လာတော့မယ့် သူ့တစ်ဦးတည်းသော ချစ်သမီးလေး ရှောင်နော့မီကို ပြုစုစောင့်ရှောက်ရင်းနဲ့ မိသားစုကိုပဲ အချိန်ပေးဂရုစိုက်လျက်ရှိပါတယ်

ဦးဝေရဲ့မွေးသဖခင်ကြီးဖြစ်တဲ့ အဖိုးလျူဒန်းဟာဆိုရင်လည်း အသက် ၈၀ ကျော်အရွယ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်

အက်မင်တို့အနေနဲ့ကတော့ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဦးဝေရဲ့ဇာတ်ကားကောင်းများကို တဖြည်းဖြည်းချင်းပဲ တင်ပေးသွားမှာပဲဖြစ်ပါတယ်

တင်ပြီးသား ဇာတ်ကားကောင်းများကို ကြည့်ရှုလိုရင်တော့ သတ်မှတ်ဘာသာပြန်ကြေး/မန်ဘာကြေးပေးပို့ပြီး ကြည့်ရှုအားပေးနိုင်ပါတယ်

ဦးဝေကို အစဉ်တစိုက် ထောက်ခံအားပေး ချစ်ခင်နေကြတဲ့ ပရိသတ်အပေါင်း ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးကာ သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုအင်ဆန္ဒ တတိုင်းရကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်

ဦးဝေရဲ့ page နဲ့ youtube channel ကိုတော့ ပုံမှန် update လုပ်နိုင်တော့မှာမဟုတ်ကြောင်း အသိပေးပြောကြားရင်းဖြင့် ဦးဝေပရိသတ်များ လာရောက် join နိုင်မယ့် Tiktok channel နဲ့ Telegram channel များကို ကြေညာပေးလိုက်ရပါတယ်

# Admin Shwe Paji ( 4.5.2025 ) 10:36 AM

Tiktok Channels –

https://www.tiktok.com/?is_from_webapp=1&sender_device=pc

https://www.tiktok.com/?is_from_webapp=1&sender_device=pc

https://www.tiktok.com/?is_from_webapp=1&sender_device=pc

Telegram Channels –

https://t.me/HawickLauMMFC

https://t.me/liukaiweidrama

https://t.me/lkwphotos

https://t.me/lkwmoviephotos

https://t.me/LKWshotvideos

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Our Beloved Hawick Lau's Myanmar Fan Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share