Written By Pai

Written By Pai Be Original Be Yourself

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (၇) ဒီတစ်ခါမှာတော့ "ဖူး" နဲ့ "ဘူး" ကွဲပြားပုံကို ပြောပြပေးသွားမှ...
15/08/2023

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (၇)

ဒီတစ်ခါမှာတော့ "ဖူး" နဲ့ "ဘူး" ကွဲပြားပုံကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ‼️

"ဖူး" ကိုတော့ အကြမ်းဖျင်း ကိုယ်ရောက်ခဲ့၊ ဖြစ်ခဲ့၊ တွေ့ကြုံခံစားခဲ့ တဲ့အရာတွေကို ပြောတဲ့အခါမျိုး‌တွေမှာ သုံးပါတယ်။

ဥပမာ- "မောင်လှက ဘုရားပွဲဈေးကို သုံးကြိမ်တိုင်တိုင် ရောက်ဖူးတယ်"

"ဘူး" ကိုတော့ အကြမ်းဖျင်းအားဖြင့် ငြင်းပယ်တဲ့ သဘောအနေနဲ့ သုံးပါတယ်။

ဥပမာ-"ကျွန်တော် သူမကို မသိဘူး"

သို့ပေမဲ့ အမြဲတမ်း "ဖူး" ကိုတွေ့တာနဲ့၊ "ဘူး" ကိုတွေ့တာနဲ့ အပေါ်ကပြောခဲ့သလို သဘောမသက်ရောက်ပါဘူး​။

ဥပမာ-ပြောင်းဖူး၊ ဖူးစာ၊ ထိပ်ဖူး၊ ဆေးဘူး၊ ကြားဘူးနားဝ၊ ဘုရားဖူးဘူးသည် စသည်ဖြင့်လည်း အသုံးပြုကြပါသေးတယ်။

"ဘူး" နဲ့အတူ "ဗူး" ကိုလဲ နေရာတော်တော်များများမှာ သုံးလာကြတာ ကိုလည်း မြင်တွေ့ရပါတယ်။ ဗူးကိုအသုံးပြုပြီး ရေးတိုင်းလည်း မှားတယ်လို့ သတ်မှတ်လို့မရပြန်ပါဘူး။

မြန်မာစာမှာ ဖော်မြူလာတွေ အသုံးပြုကြတာမှန်ပေမဲ့ နေရာတိုင်းမှာတော့ တရားသေမှတ်လို့မရပါဘူး။ မြန်မာစာကို ယူနီဖောင်းဝတ်ပေးလို့ မရပါ။ မူကွဲတွေလဲရှိပါသေးတယ်။

လေ့လာသိမှတ်ရသလောက်ကို ပြန်လည်မျှဝေ ပေးခြင်းသာဖြစ်ပါတယ်။ တင်ပေးစေချင်တာ ရှိရင်လဲ comment မှာ ချန်ခဲ့ပေးလို့ ရပါတယ်နော်။ content အပ်ချင်ရင်လည်း ဆက်သွယ်လို့ရပါတယ်။ ✌



#အမှတ်မထင်မှားယွင်းအသုံးပြုနေကြသောစကားလုံးများ
#ဖူးနဲ့ဘူး

Educated နဲ့ Graduated ဘာကွာလဲ ⁉️Graduated ဖြစ်တိုင်း educated တစ်ယောက်လို့ ခေါ်လို့ရနိုင်လား ⁉️Written By Pai ရဲ့ စာဖတ်...
10/08/2023

Educated နဲ့ Graduated ဘာကွာလဲ ⁉️

Graduated ဖြစ်တိုင်း educated တစ်ယောက်လို့ ခေါ်လို့ရနိုင်လား ⁉️

Written By Pai ရဲ့ စာဖတ်သူများ အားလုံးပဲ မင်္ဂလာပါ 🙏

Graduated (ဘွဲ့ရတစ်ယောက်) နဲ့ Educated (ပညာတတ်တစ်ယာက်) အကြောင်းကို admin လေ့လာသိရသလောက် မျှဝေပေးသွားမှာဖြစ်ပါတယ်။

Graduated တစ်ယောက်/ ဘွဲ့ရတစ်ယောက် ဆိုတာကတော့ရှင်းပါတယ်။ ကျောင်းပညာရေးကို လိုက်စားတယ်၊ ပြီးတော့ မြန်မာပြည်မှာဆို ဆယ်တန်းအောင်တယ်ပေါ့နော်။ အချိန်တန်တော့ အမှတ်မှီရာ တက္ကသိုလ်ကို တက်တယ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တက္ကသိုလ် တက်ပြီးတော့ ဘွဲ့ရတစ်ယောက်ဖြစ်လာတယ်ပေါ့။

ဆိုဝောာ့ educated တစ်ယောက်ဆိုတာကကော ဘာကိုပြောတာလဲ ❓
Educated ဆိုတာကတော့ graduated လိုမျိုးတော့ အရမ်းမရိုးရှင်းနေပါဘူး။

Educated တစ်ယောက်ဖြစ်တယ် ဆိုတာကို သူ့ရဲ့အတန်းပညာတွေနဲ့ တိုင်းတာလို့မရပါဘူး။ Educated တစ်ယောက်ဟာ အတန်းပညာကို သင်ဖူးချင်မှသင်ဖူးမယ်၊ ဒါပေမဲ့ သူ့မှာ လေ့လာထားတဲ့ ပညာရပ်တွေရှိမယ်၊စာပေတွေနဲ့ ရင်းနှီးကျွမ်း၀င်မယ်၊ ကျောင်းတွေမှာ မသင်တဲ့ ဘ၀ရဲ့သင်ခန်းစာတွေကို ကောင်းမွန်စွာ သင်ယူပြီး ပြန်အသုံးချနိုင်လိမ့်မယ် ဆိုရင်သေချာပါတယ်၊ အဲဒီလို လူတစ်ယောက်ကို educated person တစ်ယောက်/ ပညာတတ်တစ်ယာက်လို့ ဆိုနိုင်ပါတယ်။

အခုဆိုရင် Graduated နဲ့ Educated ကို သေချာအသေးစိတ်မသိသေးရင်တောင် မတူဘူးဆိုတာကို အကြမ်းဖျင်းလောက် သဘောပေါက်သွားကြမယ်လို့ မျှော်လင့်ပါတယ်။

လူတစ်ယောက်ဟာ graduated (ဘွဲ့ရတစ်ယောက်) ဖြစ်တိုင်းလဲ educated တစ်ယောက်မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ဟာ ကျောင်းပညာရေးက ပေးတဲ့ အသိပညာတစ်ခုထဲနဲ့ လောကကြီးမှာရပ်တည်ဖို့ မလွယ်ပါဘူး။

Mindset (စိတ်နေသဘောထား) တွေ၊ အတွေးအခေါ်တွေ၊ အပြုအမူတွေ ကလည်း educated တစ်ယောက်ဖြစ်နေဖို့ အရေးကြီးပါတယ်။ လိုတိုရှင်းပြောရရင် အမှား၊အမှန်ကို ဝေဖန်စဉ်းစားဆုံးဖြတ်ပိုင်းခြားပြီး အမှန်ကို လုပ်ဆောင်နိုင်တဲ့လူကို educated ဖြစ်တဲ့လူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

Educated နဲ့ Graduated ကိုတော့ ကွဲကွဲပြားပြားသိကြလောက်ပြီလို့ ထင်ပါတယ်။ နောက် content တွေမှာလဲ တခြားဗဟုသုတ ရစရာတွေနဲ့အတူ ပြန်လာပါဦးမယ်။ ✌️

သာယာချမ်းမြေ့တဲ့ ညလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။



&graduated

09/08/2023

Written By Pai မှ ဖတ်ရှုသူများနှင့် costumer/client များသို့ အနူးအညွတ် တောင်းပန်ခြင်း ‼️

Admin ရဲ့ ဖုန်းပျောက်သွားတဲ့အတွက် page ကို တစ်ပတ်ကျော်လောက် မကိုင်ဖြစ်ခဲ့တာပါ။ Mental break down လဲဖြစ်ပြီး ကိုယ့်ကိုယ်ကို အနားပေးတဲ့အနေနဲ့ video editing ပိုင်းကို လေ့လာနေခဲ့ပါတယ်။ laptop အစုတ်လေးနဲ့လဲ run ဖို့ကအဆင်မပြေတာကြောင့် ခဏတာပျောက်သွား၊ လစ်ဟာသွားတာတွေအတွက် အနူးညွတ်တောင်းပန်ပါတယ်။

အလုပ်အပ်ချင်လို့ လာကမ်းလှမ်းထားတဲ့ client တွေ ကိုလဲ အထူးကိုအားနာမိပါတယ်။ page messenger မှာလဲ တစ်ယောက်ချင်းစီ တောင်းပန်ထားပါတယ်နော်။

Written By Pai အနေနဲ့ ပိုမိုကောင်းမွန်တဲ့ content တွေ၊ knowledge sharing တွေ နဲ့အတူ တခြားသော သစ်လွင်တဲ့ အရာတွေနဲ့ ပြန်လာပြီဖြစ်ကြောင်းကို ပြောပြချင်ပါတယ်။

မကြာခင်မှာလဲ page လေးဟာ follower 1000 ပြည့်တော့မှာမို့လို့ giveaway အစီအစဉ်လေးလဲလာဖို့ရှိပါတယ်နော်။

Content အပ်ချင်ပါက page messenger၊ viber phone no-09750363644 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သူများထက် မသာရင်တောင် မနိမ့်တဲ့ အရည်အသွေးတွေ၊ ၀န်ဆောင်မှုတွေနဲ့ အတူ လူကြီးမင်းတို့ အနေနဲ့ စိတ်ချမ်းသာစေရမယ်လို့ အာမခံပါတယ်။

သာယာပျော်ရွှင်စရာ ညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။



အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (၆)"စားကြပါအုန်း""စားကြပါအုံး""စားကြပါဦး"ဘယ်ဟာက အမှန်လဲ⁉️"မင်းဆ...
19/07/2023

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (၆)

"စားကြပါအုန်း"
"စားကြပါအုံး"
"စားကြပါဦး"

ဘယ်ဟာက အမှန်လဲ⁉️

"မင်းဆီကို ငါလာဦးမယ်" လား၊ "မင်းဆီကို ငါလာအုံးမယ်" လား၊ "မင်းဆီကို ငါလာအုန်းမယ်" လား ဆိုတာကို ရောထွေး နေတတ်ကြပါတယ်။

"အုန်း" ဆိုတာကတော့ "နာမ်အနက်" အနေနဲ့ သုံးပါတယ်။
"အုန်း၊ နာမ်-ပင်ဖျားတွင် အလက်များစုဝေးထွက်၍ အရည်ပြည့်အသီးလုံးကြီးများ အခိုင်လိုက်သီးသော အပင်တစ်မျိုး။" လို့ မြန်မာအဘိဓာန် မှာအနက်ဖွင့်ဆိုထားပါတယ်။

"အုန်းသီး" ၊ "အုန်းရည်" တွေမှာ "အုန်း" ကိုအသုံးပြုနိုင်ပါတယ်။

"အုံး" ကိုတော့ မြန်မာအဘိဓာန်မှာ "ကြိယာ" နဲ့ "နာမ်" အနေနဲ့ အနက်နှစ်မျိုးဖွင့်ထားတာကို တွေ့ရပါတယ်။

ကြိယာ အနေနဲ့ ခေါင်းကို တစ်စုံတစ်ခုအပေါ်မှာ မှီတင် တဲ့အခါ၊ တစ်စုံတစ်ခုကို မီးခဲပြာနဲ့ ဖုံးအုပ် တဲ့အခါ တွေပါသုံးပါတယ်။

ဥပမာ-
"မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား (၁၅၅) ယောက်သည် ယခုအချိန်ဆိုလျှင် သူတို့၏ခေါင်းများကို ခေါင်းအုံးပေါ်တွင် အုံးပြီး အေးအေးလူလူ အနားယူနေကြလောက်ပြီဖြစ်သော်လည်း ကျွန်ုပ်တို့ရင်ထဲမှာမူကား နှလုံးသားကို ဖွဲမီးဖြင့် အုံးနေသည့်နှယ် ခံစားနေကြရပေလေ၏။"

နာမ်အနက်အနေနဲ့ ခေါင်းမှီတင်စရာ ခေါင်းအုံးကို ဆိုလိုတာ ဖြစ်ပါတယ်။ မှားစရာမရှိပါဘူး။

"ဦး" မြန်မာအဘိဓာန်မှာ "ကြိယာ" ၊ "နာမ်" နဲ့ "စည်း" အနေ‌နဲ့ အနက်အဓိပ္ပာယ် (၃) မျိုးဖွင့်ဆိုထားပါတယ်။

ကြိယာအနက်အနေနဲ့ "ဦး" ကို "အလျင်စောပြီးဖြစ်" ကြောင်း၊ "အလျင်စောအောင်လုပ်" ကြောင်း ဖော်ပြလိုတဲ့အခါသုံးပါတယ်။
ဥပမာ-
"လူဖြစ်ဦးလို့ လူကြီးဖြစ်တိုင်း လေးစားစရာမကောင်းကြောင်း ရှင်းရှင်းလင်းလင်းသိမြင်လာအောင် ဦးဘအောင်က ပြခဲ့လေပြီ။"

နာမ်အနက်အနေနဲ့ "ဦးခေါင်းပိုင်း၊ ထိပ်ပိုင်း၊ ရှေ့ပိုင်း၊ အစပိုင်း" ဖြစ်တဲ့အကြောင်းကို ဖော်ပြတဲ့အခါ "ဦး" ကိုသုံးပါတယ်။
ဥပမာ-
"မောင်လှ၏ခွေးသည် လှည်းဦး၊ လှေဦး တို့ပေါ်တွင် တက်ထိုင်နေလေ့ရှိသည်။"

ပစ္စည်းအနက်အနေနဲ့ (၅) မျိုး အနက်ဖွင့်ဆိုထားပါတယ်။
"(၁) လေးစားသည့်အနေဖြင့် ယောင်္ကျားအမည်ရှေ့တွင် ထည့်သွင်းသည့်စကားလုံး။"
"(၂) ရဟန်းဘွဲ့၏ ရှေ့တွင်သုံးသော စကားလုံး။"
"(၃) ဦးလေး၊ ဦးကြီးအရွယ်ယောင်္ကျားကို ရိုသေသမှုဖြင့် ခေါ်သောစကားလုံး။"
"(၄) လူကို ရေတွက်ရာ၌ သုံးသော စကားလုံး။"
"(၅) အလျင် အဦးအနက်ဖြင့် ထောက်ပံ့သော စကားလုံး။" တို့ပဲဖြစ်ပါတယ်။

အနက် (၁) ကနေ (၄) အထိကတော့ မှားယွင်းနိုင်စရာ မရှိပါဘူး။ အနက် (၅) အနေနဲ့ကတော့ မှားယွင်းနိုင်ပါတယ်။
ဥပမာ-
"ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးနေသော လူငယ်များအဖွဲ့ ပြည်သူ၊ပြည်သားများ၏ ပို့သသောမေတ္တာများကို ခံယူလိုက်ပါဦး။"

"ဒုစရိုက်သမားများ၏ မျက်ရည်များကို မြိန်ရေယှက်ရေ သောက်သုံးလိုက်ပါဦး။"

"မူးယစ်ဆေးဆွဲ‌နေသော လူငယ်များ နောက်တစ်ခါမလွန်ကြူးမီ ထောင်သို့ အရင်သွားပါဦး။"

ဒါကြောင့် "အုန်းသီး" ၊ "အုန်းပင်" ဆိုတဲ့ နာမ်ပုဒ်အနေနဲ့ သုံးချင်ရင် "အုန်း" ကိုသုံးရမှာ ဖြစ်ပါတယ်။

ခေါင်းကို တစ်ခုခုပေါ် မှီတင်တဲ့အခါ "အုံး" ကိုသုံးပြီး "ခေါင်းအုံး" နေရာမှာလဲ "အုံး" ကိုသုံးရမှာဖြစ်ပါတယ်။

"စားကြပါဦး၊ မေးကြပါဦး၊ တွေးကြည့်ပါဦး၊ မြည်းကြည့်ပါဦး၊ လုပ်ကြည့်ပါဦး၊ မင်းဆီကိုငါလာဦးမယ်၊ အိမ်ကိုအလည်လာဦး" ဆိုတာတွေ ကို သုံးတဲ့အခါမှာ "အလျင်အဦးအနက် အနေနဲ့ ထောက်ပံ့တဲ့စကားလုံး" ဖြစ်တဲ့ "ဦး" ကိုသုံးရမှာပဲဖြစ်ပါတယ်။

Edit:၂၀၁၉ ဒုတိယအကြိမ်ထုတ် မြန်မာစာစာလုံးပေါင်းသတ်ပုံကျမ်းအရ ပြောဟန်ရေးတဲ့အခါမှာတော့ "အုံး" အနေနဲ့ အသုံးပြုလို့ရပါတယ်။ ရေးဟန် မှာတော့ "ဦး" ကိုသုံးပေးရမှာပါ။
(ADMIN လေ့လာအားနည်းသွားလို့ပါ၊ messenger ကလာရောက် ထောက်ပြပေးတဲ့ အ‌မရေ ကျေးဇူးပါနော်)

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန် သုံးနိုင်ကြပါစေ ခင်ဗျာ။



#အမှတ်မထင်မှားယွင်းအသုံးပြုနေကြသောစကားလုံးများ
#အုံး၊အုန်း၊ဦးအသုံးပြုပုံ

"ဘယ်တတ်နိုင်မလဲ ကံ ပေါ့""ကံ ပေါ့ " ဆိုတဲ့ စကားလုံးကို မြန်မာနိုင်ငံမှာ လူဖြစ်လာကြတဲ့ သူတိုင်း ရင်းနှီးကျွမ်း၀င်နေကြမယ်လိ...
13/07/2023

"ဘယ်တတ်နိုင်မလဲ ကံ ပေါ့"

"ကံ ပေါ့ " ဆိုတဲ့ စကားလုံးကို မြန်မာနိုင်ငံမှာ လူဖြစ်လာကြတဲ့ သူတိုင်း ရင်းနှီးကျွမ်း၀င်နေကြမယ်လို့ ထင်ပါတယ်။

ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူများသည့် အားလျော်စွာ "ကံ" ဆိုတဲ့ စကားလုံးကို များသောအားဖြင့် အကြွင်းမဲ့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ admin တို့ ကံ နဲ့အတူ မေ့ထားလို့မရတဲ့ ဉာဏ်နဲ့ ဝီရီယ ဆိုတဲ့ စကားလုံးတွေလဲ ရှိပါသေးတယ်။

လူတွေအများစုဟာ "ကံ" ဆိုတဲ့ စကားလုံးကိုသာ highlight (အလေးပေးဖော်ပြ) နေကြပေမဲ့ ဗုဒ္ဓဘုရားရှင်ဟာ လူဘ၀နေထိုင်နည်းတွေ အ‌နေနဲ့ ကံ၊ ဉာဏ် နဲ့ ဝီရီယကို ထည့်သွင်းဟောပြောခဲ့ပါတယ်။

ဥပမာအနေနဲ့ ဖော်ပြရရင် လူတစ်ယောက်က ဖုန်းအလုခံရတယ် ဆိုရင် အရင်ဆုံး ဒေါသထွက်မယ် ပြီးရင် ပြန်မရနိုင်မှန်းလက်ခံဖို့အတွက်ဆိုရင် "ကံပေါ့ ပါသွားတော့လဲဘယ်တတ်နိုင်မလဲ" ဆိုပြီးတော့ တွေးကြတာများပါတယ်။

အမှန်တကယ်ဆိုရင် ဖုန်းခိုးခံရဖို့ ကံပါလာရင်တောင် အခိုးမခံရအောင် ဖုန်းကို သေချာကိုင်ထားမယ် ဒါမှမဟုတ်ရင် ကိုယ်နဲ့မကွာ ထားပြီး သတိကပ်ပြီးနေမယ် ဆိုရင် အခိုးခံရဖို့ ကံပါလာရင်တောင် ဉာဏ်လေးသုံးပြီး ဝီရိယလေးစိုက်ထုတ် စောင့်ကြည့်နေရင် အခိုးခံရဖို့က မသေချာတော့ပါဘူး။

ဒါကြောင့် အမြဲတမ်း ကံကိုပဲ ပုံချအပြစ်တင်နေလို့မရပါဘူး။ တစ်ချို့ကိစ္စတွေမှာ ကိုယ့်ရဲ့ ဉာဏ်စွမ်းနဲ့ ဝီရိယကိုလဲ စိုက်ထုတ်ဖို့လိုအပ်ပါသေးတယ်။

လူတစ်ယောက်ဟာ သူရဲ့ အသက် ၂၀ မှာ မီလီယံနာ ဖြစ်ဖို့ကံပါလာတယ်။ ဒါပေမဲ့ သူက မွေးရာပါ စာသင်လို့မရတဲ့ ရောဂါရှိတယ်။ အဲဒီအတွက်နဲ့ စာမသင်ပေးတော့ရင်၊ မွေးရာပါ ပါရမီကို မရှာဖွေပေးပဲ ဒီတိုင်းရှေ့ဆက်ခိုင်းလိုက်ရင်၊ ဝါသနာပါရာတွေကို မလုပ်ခိုင်းရင်၊ ကြိုးစားချင်စိတ်တွေ ဖြစ်လာအောင်မလုပ်ပေး၊ စိတ်ဓာတ်ခွန်အားတွေမပေးရင် အဲဒီလူဟာ အသက် ၂၀ မပြောနဲ့ သေတဲ့အထိ ဆင်းရဲချို့တဲ့ပြီး သေသွားရမှာပါ။

သို့ပေမဲ့ ကြိုးစားချင်စိတ်ရှိပြီး ဉာဏ်က စာသင်လို့မရနိုင်ပေမဲ့ ကံ နဲ့ ဝီရိယကို အားစိုက်ပြီး သူများတွေ တစ်နာရီနဲ့ နားလည်တဲ့ ကိစ္စတစ်ခု၊ ပညာရပ်တစ်ခုကို တစ်ရက်ကြာမှ နားလည်ရင်တောင် ဝီရီယ ပိုစိုက်ထုတ်မယ်ဆိုရင် ကံ၊ ဉာဏ်၊ ဝီရိယမှာ တစ်ခုအားနည်းပေမဲ့ ကျန်တဲ့ အရာတွေကို အားစိုက်ထုတ်ပြီး ကြိုးစားလိုက်ရင် အသက် ၂၀ မတိုင်ခင်မှာပင် မီလီယံနာဖြစ်သွားနိုင်ပါတယ်။

အဲဒီအတွက်ကြောင့် admin တို့အ‌နေနဲ့ အမြဲတမ်းကံကို ယုံပြီးပုံမချနေဖို့ လိုပါတယ်။ ဒီ content လေးကို ရေးဖြစ်တာကတော့ ဟိုတစ်လောလေးက slot game တွေ ငါးပစ်ဂိမ်းတွေ game ၅၀၀ ကျော်ဆိုတာတွေကို ဆော့ပြီး အကြွေးတွေတင်၊ အိမ်တွေပေါင်၊ နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်ကုန်ကြတာတွေကို တတ်နိုင်တဲ့ဘက်က အလင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ကိုယ့်အနေနဲ့ လုပ်လဲလုပ်မိပြီးပြီ အကြွေးတွေလဲ ဝိုင်းနေပြီဆိုပြီး အရှုံးပေးဖို့ကို အရင်မတွေးမိကြဖို့လိုပါတယ်။ ကံ အရ အခုလို ဖြစ်ဖို့ပါလာတယ်ဆိုပေမဲ့ ဉာဏ်နဲ့ ဝီရိယကို စိုက်ထုတ်ပြီး လွတ်မြောက်အောင် admin တို့အနေနဲ့ ကြိုးစားနိုင်၊ ကြိုးစားခွင့်ရှိပါသေးတယ်။ လောင်းကစားဆိုတာ မလုပ်ရင်အကောင်းဆုံးဆိုပေမဲ့ မ‌ကင်းနိုင်တဲ့ လူတွေအနေနဲ့လဲ မိမိ ရဲ့ limit (သက်မှတ်ချက်လေး) တစ်ခုလောက်ထားပြီး ဆော့ကြဖို့ တိုက်တွန်းချင်ပါတယ်။

"လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ"

ADMIN ဆီမှာ content လေးတွေအပ်လို့ရပါတယ်နော်။ content calendar လိုချင်တဲ့ လူတွေအတွက်ကော package တောင်းဆိုတဲ့ လူတွေအတွက်ရော ပေးရတာနဲ့ ပြန်ရတာတန်တဲ့ package လေးတွေ လာရောက်စုံစမ်းလို့ရပါပြီနော်။ အသေးစိတ်ကို viber no - 09750363644၊ page messenger ကနေပြီးတော့ မေးမြန်းလို့ရပါတယ်။



#ဘယ်တတ်နိုင်မလဲကံပေါ့

The key to effective copywriting ‼(Copywriting အတွက် ထိရောက်တဲ့ သော့ချက်)Content writer တွေ တော်တော်များများ ရင်းနီးနေပြ...
26/06/2023

The key to effective copywriting ‼
(Copywriting အတွက် ထိရောက်တဲ့ သော့ချက်)

Content writer တွေ တော်တော်များများ ရင်းနီးနေပြီးသားဖြစ်တဲ့ copywriting ရေးတဲ့အခါ အထိရောက်ဆုံးဖြစ်စေမဲ့ အချက်ကဘာလဲ ⁉

ကိုယ်ချင်းစာစိတ် လို့ခေါ်တဲ့ "EMPATHY" ပဲဖြစ်ပါတယ် ‼

Content writer ပဲဖြစ်ဖြစ်၊ copywriter ပဲဖြစ်ဖြစ်၊ writer တစ်ယောက်ဖြစ်လာတာနဲ့ "empathy" ဆိုတဲ့ စကားလုံးနဲ့ အလှမ်းဝေးမနေဖို့ လိုအပ်ပါတယ်။

"Empathy" လို့ခေါ်တဲ့ ကိုယ်ချင်းစာစိတ်ဆိုတာဘာလဲ ⁉

ကိုယ်ချင်းစာစိတ်ဆိုတာကတော့ ရှင်းပါတယ် တစ်စုံတစ်ယောက် နေရာကနေ ဝင်ပြီး တွေးကြည့်ပေးတာ၊ စဥ်းစားပေးတာ၊ ခံစားပေးတာ ပဲဖြစ်ပါတယ်။

Writer တွေမှာ ဘာလို့ "empathy" ကိုယ်ချင်းစာစိတ် ဆိုတာလိုအပ်တာလဲ ⁉

Writer တွေဆိုတာ Brand နဲ့ Audience ကြားမှာ connection တစ်ခုဖြစ်ပေါ်အောင် ရေးပေးယုံပဲ မဟုတ်ဘူးလား လို့မေးချင်မေးကြပါလိမ့်တယ်။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ writer တွေအနေနဲ့ brand & audience တွေရဲ့ needs (လိုအပ်ချက်တွေ)၊ fears (စိုးရိမ်ကြောက်ရွံ့စိတ်တွေ)၊ aspirations (လိုအင်ဆန္ဒတွေ) ကို "empathy" လို့ခေါ်တဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ကြည့်ပေးဖို့လိုပါတယ်။ အဲဒီလို ကြည့်ပြီးရေးပေးမှ brand & audience တွေရဲ့ ခံစား၊ ကြုံတွေ့နေရတာတွေ ကိုနားလည်ပြီး solutions တွေကို deep understanding (ထဲထဲဝင်ဝင်နားလည်မှု) ရှိစွာနဲ့ ရေးပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် "Empathy" ဆိုတဲ့ကိုယ်ချင်းစာစိတ်ဟာ writer နယ်ပယ်တွင်သာမက နယ်ပယ်တိုင်းမှာ ရှိသင့်တဲ့ စိတ်ထားတစ်ခုပဲ ဖြစ်ပါတယ်။

"Empathy is the heart and soul of persuasive copy."




အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ‼Writer အဖြစ်လုပ်ကိုင်နေတဲ့ လူဖြစ်ဖြစ်၊ Amateur writer ပဲဖြစ်ဖြစ် စာရေးတာ...
23/06/2023

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ‼

Writer အဖြစ်လုပ်ကိုင်နေတဲ့ လူဖြစ်ဖြစ်၊ Amateur writer ပဲဖြစ်ဖြစ် စာရေးတာနဲ့ ဆက်စပ်နေတဲ့ လူမှန်သမျှ အမှန်ကိုသိပေမဲ့ အမှတ်မထင်ပဲ မှားယွင်းစွာ အသုံးပြုရေးလိုက်မိတဲ့ စကားလုံးလေးတွေ အကြောင်းတင်ထားတဲ့ post တွေကို အခု post အောက်မှာ ဖတ်ရှုမှတ်သားသတိထားမိအောင် စုစည်းပေးထားပါတယ်။

"ကြ" နဲ့ "ကျ"

https://www.facebook.com/100092629831572/posts/130327340064927/

"ဒါပေမဲ့" နဲ့ "ဒါပေမယ့်"

https://www.facebook.com/100092629831572/posts/131893703241624/

"ဆို" နဲ့ "စို"

https://www.facebook.com/100092629831572/posts/132662636498064/

"လေညင်း" နဲ့ "လေညှင်း"

https://www.facebook.com/100092629831572/posts/137696355994692/

"စီ" နဲ့ "ဆီ"

https://www.facebook.com/100092629831572/posts/140735095690818/

"အုန်း" ၊ "အုံး" နဲ့ "ဦး"

https://m.facebook.com/story.php?story_fbid=163309290100065&id=100092629831572&mibextid=Nif5oz

"ဖူး" နဲ့ "ဘူး"

https://m.facebook.com/story.php?story_fbid=181052354992425&id=100092629831572&mibextid=Nif5oz

တင်သမျှ အပိုင်းတိုင်းကို update လုပ်ပြီး အခု post မှာထပ်ထည့်ပေးသွားပါမယ်။ ဖတ်ပြီး တစ်ခုခု ရခဲ့တယ်ဆိုရင် page လေးကို like and see first လေးလုပ်ထားလို့ ရပါတယ်နော်။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၊ လိုရာဆန္ဒပြည့်ဝ ကြပါစေ။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ကြပါစေခင်ဗျာ။



#အမှတ်မထင်မှားယွင်းအသုံးပြုနေကြသောစကားလုံးများ

Copywriting ဆိုတာဘာလဲ ⁉"copywriting" လို့ဆိုလိုက်တာနဲ့ "copy" ဆိုတဲ့ စကားလုံးကို အရင်ဆုံးပြေးမြင်မိကြမယ် ထင်ပါတယ်။ ခေါင်...
23/06/2023

Copywriting ဆိုတာဘာလဲ ⁉

"copywriting" လို့ဆိုလိုက်တာနဲ့ "copy" ဆိုတဲ့ စကားလုံးကို အရင်ဆုံးပြေးမြင်မိကြမယ် ထင်ပါတယ်။ ခေါင်းထဲမှာ ပထမဆုံး ပေါ်လာမဲ့ အရာကတော့ တစ်ခြားလူတစ်ယောက်ယောက်က ရေးထားတဲ့ content ကို inspiration ယူပြီး ကိုယ်ပိုင်မူနဲ့ ဒါမှမဟုတ် လိုအပ်သလိုပြင်ပြီး ပြန်ရေးထားတဲ့ content writing style တစ်ခုလို့ ထင်ကြမှာ မလွဲမသွေပါပဲ။ Admin ကိုယ်တိုင်လဲ အဲဒီလိုမျိုးထင်ခဲ့ဖူးပါတယ်။ writer လောကထဲမှာကို အမှတ်မှားနေကြတာတွေရှိကြပါတယ်။ အဲဒါကြောင့် copywriting နဲ့ပတ်သက်ပြီး Admin လေ့လာသင်ယူထားသမျှကို sharing လုပ်ပေးသွားပါမယ်။

Definition of "Copywriting"
-Salesmanship in Written Words (စာနဲ့ရေးထားတဲ့ အရောင်းပိုင်းကျွမ်းကျင်မှု)

ဆိုတော့ "Salesmanship" ဆိုတာကြီးကဘာလဲ ⁉

Salesmanship ဆိုတာကတော့ အရောင်းသမားစိတ်ဓာတ်လို့ မှတ်ယူလို့ရတယ်။ Copywriting ဆိုတာ content writing title အောက်မှာပါတဲ့ title တစ်ခုပဲဖြစ်ပါတယ်။ brand တစ်ခုခု ဒါမှမဟုတ် product တစ်ခုခုကို ရောင်းတဲ့ content ပဲဖြစ်ဖြစ်၊ promote လုပ်ပေးတဲ့ content ပဲဖြစ်ဖြစ် ကို copywriting လို့ခေါ်ပါတယ်။ content writing တစ်ခုဟာ အရောင်းသဘော၊ promote လုပ်ပေးတဲ့သဘော ပါလာတာနဲ့ အဲဒီ content ကို copywriting လို့ အလွယ်မှတ်လို့ရပါတယ်။

Copywriting ရဲ့အခြေခံကျတဲ့ အချက်တွေကတော့

-စကားပြောသလို ရေးသားပါ
-ကိုယ် target ထားတဲ့ customer ပေါ်ကို အာရုံအပြည့်အဝစိုက်ပါ
-စာကြောင်းတွေကိုအတတ်နိုင်ဆုံးရိုးရှင်းအောင်ရေးပါ (အဖွဲ့အနွဲ့တွေကို လိုအပ်မှထည့်ပါ)
-အချိန်မဆွဲပြီး စဥ်းစားမနေပဲ product ကိုချက်ချင်း ဘာလို့ ဝယ်သင့်ကြောင်း ပြောပါ
-product စသုံးချိန်ကစလို့ သုံးနေစဥ်နဲ့ သုံးပြီးရလဒ် တွေကို သေချာရှင်းလင်းစွာ ဖော်ပြပါ
-မိမိရဲ့ copywriting ကိုဖတ်ပြီးတာနဲ့ customer တွေ ဘာလုပ်သင့်လဲဆိုတာကို တိတိကျကျသိအောင် လုပ်ပေးပါ

copywriting တိုင်းက selling နဲ့ promoting ကိုအမြဲ ဦးစားပေးနေတာမျိုးတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ customer အနေနဲ့ ဘာလို့ဝယ်သင့်ကြောင်းကို customer တွေရဲ့ ပြဿနာတွေကို အသားပေးရေးလေ့ရှိကြပါတယ်။

အခုလောက်ဆိုရင်တော့ Copywriting အကြောင်းကို အလုံးစုံမဟုတ်ရင်တောင် သိသင့်သလောက်သိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မင်္ဂလာရှိသော နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။



ိုတာဘာလဲ

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (5) ဒီတစ်ခါမှာတော့ "စီ" နဲ့ "ဆီ" အကြောင်းကို ပြောပြပေးသွားမှာပဲ ...
17/06/2023

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (5)

ဒီတစ်ခါမှာတော့ "စီ" နဲ့ "ဆီ" အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

"စီ"
"စီ" ကို "ကြိယာ" အနေနဲ့
၁။ အစဥ်လိုက်တည်ရှိသည်။ ယင်းသို့တည်ရှိစေသည်။
၂။ ရေးသားသီကုံးသည်။
၃။ ပုံနှိပ်ရန် ခဲစာလုံးများကို နေရာတကျ ထည့်သွင်းထားရှိသည်။
၄။ အဆက်မပြတ် စုဝေးဖြစ်ပေါ်သည်။ "အမြှပ်စီသည်။ "
၅။ (အကျိုးအမြတ်၊ အခကြေးငွေ) မှန်မှန် ရရှိသည်။ စတဲ့ နေရာတွေမှာ သုံးပါတယ်။

စေ့စေ့ငင မျှမျှတတ ရှိသည်ကို ပြတဲ့နေရာတွေမှာ "ပစ္စည်း" အနေနဲ့ သုံးလို့ရပါတယ်။ "တစ်ဦးလျှင် ငါးခုစီယူပါ။"

"ဆီ"
"ဆီ" ကို "နာမ်" အနေနဲ့ သတ္တဝါ၊ အစေ့၊ အသီး၊ အပင်၊ ဓာတ်သတ္တု တွေမှ ထုတ်ယူထားသော ရေနဲ့မရောထားတဲ့ အရည် အနေနဲ့ သုံးပါတယ်။
"ဆီ" ကို "ဝိဘတ်" အနေနဲ့ ရှေးရှုရာ၊ တည်ရှိရာအရပ်ဒေသ၊ အချိန်ကာလကို ပြတဲ့ စကားလုံးအနေနဲ့ သုံးပါတယ်။

အဆိုပါစကားလုံးနှစ်လုံးက ရေးတဲ့ဝါကျ ဆိုလိုရင်းအလိုက် မှားတတ် ကြပါတယ်။ အဓိပ္ပါယ် ကိုသိမှသာ မှားလားမှန်လား ဆုံးဖြတ်နိုင်မဲ့ စကားလုံးတွေပါ။
ဥပမာအားဖြင့်-
၁။ အောင်မြင်မှုတစ်ခုဆီ ရောက်ဖို့အတွက် ကြိုးစားအားထုတ်မှုလိုတယ်။
(အဲဒီဝါကျမှာ "စီ" လို့သုံးရင် မှားပါတယ်။)
၂။ ကလေးများသည် မုန့်ပုံးထဲမှ မုန့်တစ်ခုစီ ယူသွားကြသည်။
(အဲဒီဝါကျမှာ "ဆီ" လို့သုံးရင် မှားပါတယ်။)

ဗဟုသုတရစရာတွေ ကို အစဥ်မပျက် သိရအောင် page လေးကို like & see first လုပ်ခဲ့ကြပါဦးနော်။



#အမှတ်မထင်မှားယွင်းအသုံးပြုနေကြသောစကားလုံးများ
#စီနဲ့ဆီ

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (4) အခုတစ်ခါမှာတော့ "လေညင်း" နဲ့ "လေညှင်း" အကြောင်းလေးကို လေ့လာတ...
13/06/2023

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (4)

အခုတစ်ခါမှာတော့ "လေညင်း" နဲ့ "လေညှင်း" အကြောင်းလေးကို လေ့လာတီးခေါက်မိသလောက် ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

အခုခေတ်ထုတ် သတ်ပုံကျမ်းမှာဆိုရင်တော့
လေညင်း = ဖြည်းညင်းစွာတိုက်သောလေ
လို့ဖော်ပြထားပါတယ်။
အရင်ထုတ်သတ်ပုံကျမ်းမှာကတော့
လေချိုဖြန်းသည် = လေချိုလေအေးတိုက်သည်
လေလှစ် = လေတိုက်သည်
လေဘောက် = လေသွန် = ဖြည်းညှင်းစွာတိုက်သောလေပြေ
စပါးညှင်း
စာညှင်း
ညှင်းညှင်းအေးအေး
ညှင်းပေါက်သည်
ဖြည်းညှင်း
ကောက်ညှင်း
ပွေးညှင်း
မွေးညှင်း
လေညှင်းခံ
လေပြည်လေညှင်း စသဖြင့် ဖော်ပြထားတာမျိုးတွေရှိပါတယ်။

လိုရင်းကိုကောက်ရမယ်ဆိုရင်တော့ အခုခေတ်သတ်ပုံကျမ်းအရ "လေညင်း" ဟာ အသုံးပြုဖို့သင့်လျော်တဲ့ စကားလုံးတစ်ခုပဲ ဖြစ်ပါတယ်။



#အမှတ်မထင်မှားယွင်းအသုံးပြုနေကြသောစကားလုံးများ
#လေညင်းနဲ့လေညှင်း

Address

Yangon

Telephone

+959750363644

Website

Alerts

Be the first to know and let us send you an email when Written By Pai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Written By Pai:

Share