Kaung Gyi - Real Estate

Directions

Kaung Gyi - Real Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Gyi - Real Estate, Media/News Company, Yangon.

🏡 မြောက်ဒဂုံမြို့နယ် | အိမ်နှင့်ခြံ အရောင်းအခွင့်အရေးကောင်း 🏡📍 (၅) ရပ်ကွက်📍 ၇၈ လမ်းဆုံမှ ဝင်ရောက်ရလွယ်ကူ📍 ၈/သမနဲ့ နီးကပ်...
27/08/2026

🏡 မြောက်ဒဂုံမြို့နယ် | အိမ်နှင့်ခြံ အရောင်းအခွင့်အရေးကောင်း 🏡

📍 (၅) ရပ်ကွက်
📍 ၇၈ လမ်းဆုံမှ ဝင်ရောက်ရလွယ်ကူ
📍 ၈/သမနဲ့ နီးကပ်တဲ့နေရာ

အိမ်တစ်လုံးနဲ့ ခြံတစ်ကွက်ကို တစ်ခါတည်း ရရှိနိုင်မယ့် အခွင့်အရေးပါ။
✨ လူနေဖို့အတွက်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံဖို့အတွက်ဖြစ်စေ စိတ်ဝင်စားဖွယ်ကောင်းတဲ့နေရာလေးပါ။

📐 မြေအကျယ် — ပေ ၂၀ × ပေ ၆၀
📄 ဂရန်ခွဲစိတ်ရမည်

💰 ရောင်းဈေး — သိန်း ၇,၀၀၀ (ညှိနှိုင်း)

စိတ်ဝင်စားသူများအနေဖြင့် နေရာအသေးစိတ်နှင့် အခြားအချက်အလက်များ သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📞 09 777 462 142

📌 မြောက်ဒဂုံမှာ အိမ်နဲ့ခြံကို ရှာဖွေနေသူများအတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတစ်ခုပါ။

#မြောက်ဒဂုံ #မြောက်ဒဂုံအိမ်ခြံမြေ #အိမ်နှင့်ခြံရောင်းမည် #အိမ်ခြံမြေအရောင်း #ရန်ကုန်အိမ်ခြံမြေ #အိမ်ဝယ်မည် #ခြံဝယ်မည်

အခုစက်တင်ဘာလ (၁) ရက်နေ့ကစလို့ ရောင်းသူရောဝယ်သူပါ နှစ်ဘက်စလုံးက အခွန်ဆောင် ထားတဲ့ အထောက်အထားပါမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိ...
23/08/2026

အခုစက်တင်ဘာလ (၁) ရက်နေ့ကစလို့ ရောင်းသူရောဝယ်သူပါ နှစ်ဘက်စလုံးက အခွန်ဆောင် ထားတဲ့ အထောက်အထားပါမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခွင့်ပြုတာ၊ မြို့တော်စည်ပင်မှာ အမည်ပေါက် ပြောင်းတာတွေကို ခွင့်ပြုတော့မယ်လို့သိရပါတယ်။

၎င်းစနစ်ကို စက်တင်ဘာ(၁)ရက်နေ့ကစလို့ စတင်ကျင့်သုံးတော့မှာဖြစ်လို့ အရောင်းအဝယ်ကိစ္စရပ်တွေမှာ အရင်ကထက်ပိုမိုသတိကြီးစွာဆောင်ရွက်ကြဖို့ အကြံပြုချင်ပါတယ်။

🏡🏡🏡

#အိမ်ခြံမြေ
#အခွန်

15/08/2026

အိမ်ခြံမြေ
အရောင်းအဝယ်ထက်
အငှားပိုသွက်
(ပိုအလုပ်ဖြစ်နေ)🏠
♦️Kaunggyi Real Estate♦️

19/07/2026

ဒဂုံဆိပ်ကမ်း၊ စက်မှုဇုံမြေ - ၁ ဧက
ရောင်းရန်ရှိပါတယ်။

(နေရာအလွန်ကောင်းသော မိန်းလမ်းမကြီးပေါ် )

စက်မှု ဂရန် အမည်ပေါက် ရမည်။

ကနောင်မင်းသားကြီးမိန်းလမ်းမပေါ်
မေးတင်။

Price - သိန်း ၈၅၀၀၀

အသေးစိတ် Info - DM - 09-777462142(Viber)

19/07/2026

မြောက်ဒဂုံ ၄၃ ရပ်ကွက် ၊ပင်လုံအနီး
စေတနာ၂ လမ်း ၊ပေ၄၀.၆၀၊ဂရန်မူရင်း
အိမ်နှစ်လုံး..မီတာနှစ်လုံးအပါ
price..14000
ဆ.သ.ရ...09 - 777462142(Viber)

#အိမ်ခြံမြေအရောင်း
#လူတိုင်
#မြောက်ဒဂုံ

စိတ်ဝင်စားတယ်ဆို Hello နော် ချစ်တို့...☎️☎️☎️ #တိုက်ခန်းအရောင်း  #‌ဒေါပုံမြို့နယ် -RealEastet 🏡🏡🏡
06/07/2026

စိတ်ဝင်စားတယ်ဆို
Hello နော် ချစ်တို့...☎️☎️☎️

#တိုက်ခန်းအရောင်း #‌ဒေါပုံမြို့နယ်
-RealEastet 🏡🏡🏡

စိတ်ဝင်စားတယ်ဆို Hello နော် ချစ်တို့...☎️☎️☎️ #တိုက်ခန်းအငှား  #မရမ်းကုန်းမြို့နယ် -RealEastet 🏡🏡🏡
06/07/2026

စိတ်ဝင်စားတယ်ဆို
Hello နော် ချစ်တို့...☎️☎️☎️

#တိုက်ခန်းအငှား #မရမ်းကုန်းမြို့နယ်
-RealEastet 🏡🏡🏡

04/07/2026

“ဟိတ်လူတွေ မြို့ရောက်ရင် ဦးရွှေဘောင်းကို ပြောလိုက်ပါအုံးဗျာ့ နေကောင်းကျန်းမာအောင်နေပါလို့ ရွာကိုလည်းစိတ်မပူနဲ့လို့ နေကောင်းကျန်းမာမှသာ ပြန်လာပါလို့...”

“စိတ်ချပါဗျာ့ ဦးရွှေဘောင်းကို ပြောလိုက်ပါ့မယ်
ကဲ … အချိန်လဲလင့်ပြီမို့ ကျုပ်တို့ကို ခွင့်ပြုအုံး မြို့အထိ
သွားရမှာဆိုတော့”

ရွာသားတွေက ရွာထိပ်ကနေ ထွက်ခွာသွားတဲ့ ဟိုင်းလတ်ကားလေးကို ငေးကြည့်ရင်း ဝမ်းနည်းစွာနဲ့ လက်ပြနှုတ်ဆက် ကျန်ရစ်လို့သာပေါ့…

“ဪ …. ရွှေဘောင်း ရွှေဘောင်း မင်းနှယ့် ဖြစ်မှ
ဖြစ်ရလေကွာ…”
လို့ ရွာလူကြီး အဘ ဦးဘိုးစီ က စုတ်တသသနဲ့ပေါ့…

(နှစ်ပတ်ခန့် အကြာ…)

“ဦးရွှေဘောင်းကြီးပြန်လာပြီ ဦးရွှေဘောင်းကြီး ပြန်လာပြီ”
ကိုရင်စာကလေး ရဲ့ ဆော်သြသံက “အထော်”ရွာလေးကို လှုပ်ခတ်သွားစေတာအမှန်…

ဦးရွှေဘောင်း ဆိုတာကလည်း စေတနာပြည့်ဝပြီး သဘောမနောကောင်းသူတစ်ဦးဖြစ်သလို အထော်ရွာလေးရဲ့ရွာမျက်နှာဖုံးဆိုလည်း မမှားပေဘူးလေ။

ဒါကြောင့် တစ်ရွာလုံးကလည်း ဦးရွှေဘောင်းဆိုတာနဲ့ချစ်ခင်ရိုသေကြတာကိုး…

“ဟာ ရွှေဘောင်းကြီး မင်းပြန်ရောက်လာပြီပေါ့…”
ရွာလူကြီး အဘဦးဘိုးစီက တအံ့တသြနဲ့ နှုတ်ဆက်စကား
ဆိုရင်း…

“မသေလို့ ပြန်တွေ့ရတာ ဝမ်းသာသဟ ရွှေဘောင်းရေ
မင်းနှယ့်ကွာ မသေကောင်းမပျောက်ကောင်း ဖြစ်မှဖြစ်ရတယ်လို့ ရွှေဘောင်းရယ် …မင်းမြို့ရောက်နေတုန်းက မင်း လွတ်လိုက်တဲ့ သူတွေလည်း ငါတို့ရွာကိုရောက်လာတယ်… တစ်ရွာလုံးကလည်း မင်းအတွက် စိတ်မကောင်းဖြစ်နေကြတာကွ အေး…ရွှေဘောင်းကြီး အခုလို ပြန်တွေ့ရတာ ဝမ်းသာသဟေ့ ဒါနဲ့ မင်းခြေထောက်ရော သက်သာရဲ့လား…”

ရွာသူကြီး အဘ ဦးဘိုးစီ စကားကြောင့်… ဦးရွှေဘောင်း
တစ်ယောက် တအံ့တသြဖြစ်သွားတာ အမှန်…

“ဟ…နေပါအုံး အဘစီရ ကျုပ်မြို့က လူလွတ်လိုက်တယ် ဟုတ်စ နောက် အဘစီ စကားထဲမှာ မသေကာင်းမပျောက်ကောင်းဆိုတော့ ကျုပ်ကဘာဖြစ်လို့လဲဗျာ့…ကျုပ်ဘာမှမဖြစ်ပါဘူး..အဘစီရ”

“အဟေ့… မင်းမြို့ကို ဘုရားဖူး သွားတာလေ ရန်ကုန်ဘူတာကြီး ရောက်တော့ မင်းရထားပေါ်က ဆင်းဆင်းချင်း ခြေချော်ကျပြီး ခြေထောက်ကျိုးသွားတယ် ဆေးရုံတက်ရတယ်ဆို
ပါသွားတဲ့ မင်းမိသားစုတွေလည်း မင်းကိုဆေးရုံမှာ ပြုစုနေရလို့ ဆေးဖိုးဝါးခတွေလိုနေလို့ ရွာကို လူလွတ်ပြီး ပိုက်ဆံရော စားစရာတွေရောလာယူခိုင်းတာလေ… ငါတို့ တစ်ရွာလုံးကလည်း စိတ်မကောင်းဖြစ်ပြီး ရှိတဲ့ ပိုက်ဆံလေးတွေစုပြီးပေးလိုက်ရတာကွ ဆန်၊ဆီ၊ဆား ငါးပိငါးခြောက် အို…
အစုံပါပဲကွာ… ကားတစ်စီးအပြည့်တိုက်ပဲ ​ရွှေ​ဘောင်းရ
မင်းက မြို့မှာ ဆေးကုတာဘယ်လောက်ကြာမယ်မှန်းမှ မသိတော့ ငါတို့ကလည်း ပိုပိုလျှံလျှံထည့်ပေးလိုက်တာ ကွ…”

“ဟာ… အဲ့ဒါဆိုရင်တော့ လွဲပြီ အဘစီရေ …”

“အဟေ့… ဘာလွဲတာတုန်း ရွှေဘောင်းရ ပြောစမ်းပါအုံံးဟ…”
တစ်ရွာလုံးကလည်း… စိတ်ဝင်တစားနဲ့ နားထောင်ရင်းပေါ့…

“ကျုပ်က ဘာမှမဖြစ်တာ အဘစီရ ဆေးရုံလဲမတက်ရဘူး ရထားပေါ်ကလဲ ချော်မကျပါဘူးဗျာ့ မြို့ကအမျိုးတွေက
တစ်ပတ်လောက် ဆက်နေပါအုံးဆိုတာနဲ့ ဆက်နေလိုက်တာ အဲ့ဒါကြာသွားတာဗျို့ အခုလည်း မြို့ကရောက်ရောက်ချင်း
အဘစီက အရေးတကြီး တွေ့ချင်တယ်ဆိုတာနဲ့ စာကလေးလာပြောလို့ ကျုပ်လည်း ရောက်ရောက်ချင်း အဘစီ ဆီမြို့က လက်ဆောင်လေးတွေလည်းပေးရင်း ရောက်လာတာဗျို့…”

“ဟာ…လွဲပြီဟေ့…ရွှေဘောင်းရေ”

တစ်ရွာလုံးကလည်း အဘဘိုးစီနှင့် ဦးရွှေဘောင်း
ပြောတာတွေကို နားထောင်ရင်း တအံ့တသြတွေဖြစ်လို့ပေါ့…

“ဟုတ်တယ် အဘစီ လွဲပြီ ဒါနဲ့ နေပါအုံံး မြို့က ကျနော်လွတ်လိုက်တယ်ဆိုတဲ့သူတွေက ဘယ်သူတွေတုန်းတဲ့ဗျာ့ …ဘယ်လိုပုံစံတွေလဲ အဘစီရ ​ပြောပြပါအုံး..."

“အဟေ့ …မင်းလွတ်လိုက်တာပဲ ပြောတာကွ သူ့နာမည်က ကိုကိုထူးတဲ့ (ကွီးထူး)ဆိုလားကွာ နဖူးပြောင်ပြောင်နဲ့ ကွမ်း​တွေတဝါးဝါးနဲ့ သူ့ကြည့်ရတာ မိန်းမ​ကြောက်ပုံ​တော့ရတယ်ကွ ​နည်းနည်းဝတယ်… သူနဲ့အတူပါလာတာက ကိုဌေးဆိုလား ဘိုထေးဆိုလား မျက်စိပေါက်ခပ်ကျဉ်းကျဉ်းနဲ့ ​စကား​ပြောတာက အ​တော်ညက်တယ်ကွာ … အဲ မင်းရွာကထွက်သွားပြီး နောက်တစ်နေ့ ညနေပဲ ငါတို့ရွာကို သူတို့ရောက်ချလာတာဟ… မင်းရထားပေါ်က ​ခြေချော်ကျပြီး ရန်ကုန်မှာဆေးရုံတက်နေရတယ် ပိုက်ဆံအရေးတကြီးလိုနေလို့ ရွာက အဘစီမှာတောင်းခိုင်းလိုက်လို့ ဆိုပြီး ရွာမှာလာတောင်းသွားတာပဲကွ…နှစ်ယောက်လုံးကလည်း မြို့ကြီးသားအိုက်တင်ကွ
လူ​တွေကလည်း လူရည်သန့်ဆိုတော့ သူတို့ပြောတဲ့စကားကိုယုံပြီး မင်းအတွက် ရွာကလူတွေက ပိုက်ဆံတွေရော စားစရာတွေရော ထည့်ပေးလိုက်တာပဲ…သူတို့နဲ့ အတူပါလာတဲ့ကားဆရာ တစ်ယောက်ရှိတယ်…မင်းရန်ပိုင်ဆိုလား ဘာလားကွာ ဇာတ်မင်းသားလိုလို ဘာလိုလို ခပ်ပိန်ပိန်နဲ့ဟ… ငါတို့ကတော့ရွာမှာရှိတာအကုန် ထည့်ပေးလိုက်တာပဲ ရွှေဘောင်းရေ...”

“ဟာ…ကျ​​နော် မှတ်မိပြီ အဲ့လူ​တွေက ရထား​ပေါ်မှာ ကျ​နော်နဲ့ ခင်ခဲ့တဲ့သူ​တွေဗျာ့...အဘစီရ"

"အ​ဟေ့... ဒါဆို သူတို့က..."

"လူလိမ်​တွေ​ပေါ့ အဘစီရ ရထား​ပေါ်မှာ ကျ​နော်နဲ့ ကျ​နော့ ရွာအ​ကြောင်းကို ​မေးလို့ ​ပြောပြရင်း စကားလက်ဆုံကျရင်း...ကျ​နော်တို့ ရွာအ​ကြောင်းကို သိသွား​တော့ သူတို့က လမ်းတစ်ဝက်မှာ ဆင်းပြီး ရွာအထိ အ​ရောက် လာလိမ်သွားတာဖြစ်မယ်ဗျာ့..."

"ဟာ... သွား​ရောကွာ"

"အဲ့ဆို လူလိမ်​တွေ​ပေါ့"

"အမှန်ပဲ လူလိမ်လည်​တွေ​ပေါ့ အဘစီ..."

တစ်ရွာလုံးလည်း ဦး​ရွှေ​ဘောင်းရဲ့ အဖြစ်အပျက်ကို ကြားပြီး မိမိတို့ ခံလိုက်ရပုံကို ​တွေးရင်း ငိုအားထက် ရယ်အားသန်ခဲ့
ကြ​တော့သည်။

အဘစီက​တော့...
"မှားတဲ့ အခါလည်း မှား​ပေမ​ပေါ့...
လွဲတဲ့ အခါလည်း လွဲ​ပေမ​ပေါ့...​ငါ့​ကောင် ရွှေ​ဘောင်းရယ်"
ဟုသာ....ရယ်ကျဲကျဲဖြင့် ​ပြောရင်း...

ဦး​ရွှေ​ဘောင်း
တစ်ယောက်လဲ ဘာမှဆက်မ​ပြောနိုင်​တော့ပဲ
ပြုံးစိစိနဲ့သာ...

ဤမျှသာ...🍃

"ထို့​ကြောင့် ရထားဖြင့် ခရီးသွားပါ ကိုယ်နဲ့ မသိသူများနှင့် မိတ်မဖွဲ့ရန် စကားမ​ပြောရန် ရထားဘူတာရုံအချို့မှာ ခရီးသွား​တွေကို အသိ​ပေးတဲ့ သတိ​ပေးစာ အချို့ကိုလည်း ယ​နေ့
အထိတိုင် တွေ့ မြင်နိုင်ပါတယ်"

စာကြွင်း - တကယ့် အဖြစ်အပျက်အမှန် ဖြစ်ပါသည်။
(အဲ့​​ခေတ်တုန်းက ဖုန်း​တွေ ဆက်သွယ်ရေး​တွေလည်း ယ​နေ့​ခေတ်လို သိပ်မလွယ်တဲ့ ​ခေတ်ဖြစ်ပါသည်။)

🍂 ကိုခက်​ပြော​သောဇာတ်လမ်း​လေးများ 🍂

#​တော်​တော်ဖြစ်သွားတယ်
#​ဦးရွှေ​ဘောင်းနှင့်အ​ထော်ရွာ
#ဝတ္တုရသဇာတ်လမ်းတို

🍁"ဇာတ်လမ်း မူပိုင်ရှိပါသည်"🍁

Date - 3.7.2026 ❤

#ဟိုနားဒီနား


゚

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kaung Gyi - Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share