Thurizza Magazine - သူရဇ္ဇမဂ္ဂဇင်း

Thurizza Magazine - သူရဇ္ဇမဂ္ဂဇင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thurizza Magazine - သူရဇ္ဇမဂ္ဂဇင်း, 114, Seinyati street, yatanarkyun Avenue Northokkalapa 09420587956, Yangon.

  #၂၀၂၅ ခုနှစ် ဇူလိုင်လထုတ် သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။တိုက်ဖြန့်ဈေး- (၉၀ဝ၀)ကျပ် (၅အုပ်နှင့်အထက်)စာအုပ်တန်ဖိုး- (၁၀၀၀၀) ကျ...
29/05/2025


#၂၀၂၅ ခုနှစ် ဇူလိုင်လထုတ်
သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။
တိုက်ဖြန့်ဈေး- (၉၀ဝ၀)ကျပ် (၅အုပ်နှင့်အထက်)
စာအုပ်တန်ဖိုး- (၁၀၀၀၀) ကျပ်
စာမျက်နှာ-(၂၀၀)မျက်နှာ။
စာအုပ်မှာယူလို့ပါက
09 420587956 သို့ ဖုန်းဆက်၍ဖြစ်စေ
Viber နှင့်ဖြစ်စေ မှာယူနိုင်ပါသည်။

#ဖြန့်ချိရေးဆိုင်များ
#ရန်ကုန်စာအုပ်ဆိုင်များ
ကိုစောဦး- 01388024/ 09250150676
သီတာနီလာ- 384939/245033/09421078078
နေစေး- 09250019632
ကျော်သိန်း- 095151798
ကိုလတ်- 095020068/ 01374542
ဦးတင်စိုး- 095101991/ 0973054340
ဖိုးတုတ်- 01242060/01707980
စာပေလောက(၆) - 0973019865/09768189536
ဂန္ထဝင်- 01707907/ 01297066
ရန်အောင်-0973223421
ပန်သစ္စာ- 01636208
ဦးစိုးအောင်- 01253255
အင်းဝ (ပန်းဆိုးတန်း)- 018398106
စာပေနန်းတော်-09260245224/
ကိုခင်ဇော်(ခရမ်း)- 095630859
မြင့်မိုရ်-0973137190
ပါရမီ- 01253246
ပစ်တိုင်းထောင်- 0973248666
စာပေရတနာ- 09731392359
မိုးကျော်- 09423718600

#နယ်စာအုပ်ဆိုင်များ
ထွန်းဦး(မန္တလေး) -024073502/024072518
သမ္မတစာပေ- 09962216633
ရွှေပြည်စိုး(မကွေး)- 095340474/ 06327299
သဇင်(ပဲခူး)- 05221816/ 09253878787
သော်တာဆန်း(ပျဉ်းမနား)- 06722701/ 06726701
ရွှေမင်းသား(နေပြည်တော်)- 0943120783/ 09250963707
သရဖူ(ပျဉ်းမနား)- 095093309/ 09797944474
မီလျှံနာ(တောင်ကြီး)- 0812122811/ 0812123989
ကျော်ကျော်(မော်လမြိုင်)- 095162196/ 095322250
ရွှေမောင်း( ဟင်္သာတ)- 04421484/ 098581775
ဦးလှမောင်(တောင်ငူ)- 05423284/ 095350252
ဦးထွန်း(တောင်ငူ) - 05424574/0973900891/095350295
ကိုငွေဦး(မင်းလှ)- 09254394563/ 09423659154

  #၂၀၂၅ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။တိုက်ဖြန့်ဈေး- (၉၀ဝ၀)ကျပ် (၅အုပ်နှင့်အထက်)စာအုပ်တန်ဖိုး- (၁၀၀၀၀) ကျပ်စ...
06/05/2025


#၂၀၂၅ ခုနှစ် ဇွန်လထုတ်
သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။

တိုက်ဖြန့်ဈေး- (၉၀ဝ၀)ကျပ် (၅အုပ်နှင့်အထက်)
စာအုပ်တန်ဖိုး- (၁၀၀၀၀) ကျပ်
စာမျက်နှာ-(၂၆၈)မျက်နှာ။

စာအုပ်မှာယူလို့ပါက
09 420587956 သို့ ဖုန်းဆက်၍ဖြစ်စေ
Viber နှင့်ဖြစ်စေ မှာယူနိုင်ပါသည်။

#ဖြန့်ချိရေးဆိုင်များ
#ရန်ကုန်စာအုပ်ဆိုင်များ
ကိုစောဦး- 01388024/ 09250150676
သီတာနီလာ- 384939/245033/09421078078
နေစေး- 09250019632
ကျော်သိန်း- 095151798
ကိုလတ်- 095020068/ 01374542
ဦးတင်စိုး- 095101991/ 0973054340
ဖိုးတုတ်- 01242060/01707980
စာပေလောက(၆) - 0973019865/09768189536
ဂန္ထဝင်- 01707907/ 01297066
ရန်အောင်-0973223421
ပန်သစ္စာ- 01636208
ဦးစိုးအောင်- 01253255
အင်းဝ (ပန်းဆိုးတန်း)- 018398106
စာပေနန်းတော်-09260245224/
ကိုခင်ဇော်(ခရမ်း)- 095630859
မြင့်မိုရ်-0973137190
ပါရမီ- 01253246
ပစ်တိုင်းထောင်- 0973248666
စာပေရတနာ- 09731392359
မိုးကျော်- 09423718600

#နယ်စာအုပ်ဆိုင်များ
ထွန်းဦး(မန္တလေး) -024073502/024072518
သမ္မတစာပေ- 09962216633
ရွှေပြည်စိုး(မကွေး)- 095340474/ 06327299
သဇင်(ပဲခူး)- 05221816/ 09253878787
သော်တာဆန်း(ပျဉ်းမနား)- 06722701/ 06726701
ရွှေမင်းသား(နေပြည်တော်)- 0943120783/ 09250963707
သရဖူ(ပျဉ်းမနား)- 095093309/ 09797944474
မီလျှံနာ(တောင်ကြီး)- 0812122811/ 0812123989
ကျော်ကျော်(မော်လမြိုင်)- 095162196/ 095322250
ရွှေမောင်း( ဟင်္သာတ)- 04421484/ 098581775
ဦးလှမောင်(တောင်ငူ)- 05423284/ 095350252
ဦးထွန်း(တောင်ငူ) - 05424574/0973900891/095350295
ကိုငွေဦး(မင်းလှ)- 09254394563/ 09423659154

 #မြန်မာနှစ် ၁၃၈၇(၁၇-၄-၂ဝ၂၅)မှ(၁၆-၄-၂ဝ၂၆) အထိခုနစ်ရက်သားသမီးများအတွက် အသက်အပိုင်းအခြားအလိုက်ဆောင်ရန်ရှောင်ရန်နှင့် အစီအရ...
16/04/2025

#မြန်မာနှစ် ၁၃၈၇
(၁၇-၄-၂ဝ၂၅)မှ(၁၆-၄-၂ဝ၂၆) အထိ
ခုနစ်ရက်သားသမီးများအတွက် အသက်အပိုင်းအခြားအလိုက်
ဆောင်ရန်ရှောင်ရန်နှင့် အစီအရင်များ

စနေသားသမီးများ
အသက် ၁၃၊ ၂၁၊ ၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅၊ ၉၃၊ ၁ဝ၁၊ ၁ဝ၉ ဆိုတဲ့နှစ်တွေရောက်လာ ပြီဆိုရင်-
အောင်မြင်လိုတဲ့ ဘယ်ကိစ္စကို ပဲဖြစ်ဖြစ် သောကြာနာမည်ရှင်များနဲ့ တိုင်ပင်ပြုလုပ်ပါ။ အကြံဉာဏ်ယူပါ။ လိုအပ်ရင် အကူအညီယူပါ။ ဒါပေ မယ့် သောကြာစ ဗုဒ္ဓဟူးပိတ်မှည့် ထားတဲ့ဟန်ရှင်၊ သက်လူဆိုတဲ့ နာ မည်တွဲမျိုးဖြစ်နေရင်တော့ အကျိုး မပေးတော့ပါဘူး။
တနင်္လာနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် ခရီး ယာယီများနေတတ်ကြလို့ ကိုယ်က အချိန်ပေးရပါလိမ့်မယ်။
အင်္ဂါ နာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် သူ တို့မှာ မိသားစုကိစ္စ၊ အလုပ်ကိစ္စတွေ ကြောင့် အသွားအလာများနေရင် ကိုယ်က အချိန်ပေးပြီး တွေ့အောင် သွားပါ။
ကျန်တဲ့နာမည်ရှင်တွေအားလုံး ခင်ဖို့ကောင်းကြပေမယ့် စပ်တူလုပ် ရင် အကူအညီတောင်းရင် မဖြစ်နိုင် တော့ပါဘူး။
(၇) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ နိုင်ငံခြား သားတွေနဲ့ စပ်တူပြုလုပ်တာတွေ၊ အထည်အလိပ်လုပ်ငန်း၊ အဆောက် အအုံနဲ့ဆိုင်တဲ့လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်းတွေ၊ အမွေကိစ္စတွေ၊ လျှပ် စစ်လုပ်ငန်း၊ ရေတူးတဲ့လုပ်ငန်းတွေ ဒီနှစ်မှာမှစပြီး လုပ်မယ်ဆိုရင်အ ကျိုးမပေးတော့ပါဘူး။
ကျန်းမာရေးကောင်းနေဖို့က ဒူး၊ အကြော၊ နှလုံးနဲ့ဆိုင်တဲ့ ကျန်း မာရေးကောင်းနေဖို့ လိုပါတယ်။ ဗိုက်အောင့်တတ်လို့ လေချုပ်၊ ဝမ်း ချုပ်မခံပါနဲ့၊ လမ်းလျှောက်ပေးပါ။ အများနဲ့စုပေါင်းပြုလုပ်ရတဲ့ လေ့ ကျင့်ခန်းလုပ်ပေးပါ။ နေ့စဉ် (၁ဝ) မိနစ်အာနာပါနမှတ်ဖြစ်အောင်မှတ် ပါ။
လူမှုရေးအတိုက်အခံများနေ ရင်ဘုရားစေတီကိုသွားပါ။ စနေ၊ တနင်္ဂနွေ၊ ကြာသပတေး၊ ဗုဒ္ဓဟူး ထောင့်များ၊ ရင်ပြင်များမှာတံမြက် စည်းလှည်း၊ အမှိုက်ရှင်းပါ။ မကြာ မကြာပြုလုပ်ပါ။ အများနဲ့ပြုလုပ်ရ တဲ့လုပ်ငန်းများမှာ နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံပါ။
အိမ်တွင်းရေးအဆင်ပြေဖို့က မိုးလင်းတာနဲ့ မိသားစုအပူလာပြော တတ်သူများကို အချိန်ကြာမြင့်စွာ လှိုက်လှိုက်လှဲလှဲ ပြန်မပြောပါနဲ့။ အများနဲ့ဆိုင်တဲ့ ငွေကြေးကိစ္စများ ရှောင်ပါ။ မလိုလားအပ်ဘဲ အိမ်ကို တိုးချဲ့ပြင်ဆင်ခြင်းမပြုပါနဲ့။
နိုင်ငံခြားသင်္ဘောလိုက်ဖို့က နံနက်စောစော အရုဏ်တက်မှာ ဆွမ်းခြွံကလာတဲ့ သံဃာတော်အ ရှင်သူမြတ်များကိုအရုဏ်ဆွမ်းမကြာ ခဏလောင်းလှူပါ။T, D, Nအက္ခ ရာနဲ့စတဲ့ကုမ္ပဏီများ၊ သင်္ဘောများ ဖြစ်နေရင် တစ်ကြိမ်မက ကြိုးစားရ ပါလိမ့်မယ်။
ပညာရေး ကံကောင်းနေပါ တယ်။ ပိုကောင်းသထက်ကောင်း အောင်စာသင်သား သံဃာတော် အရှင်သူမြတ်တစ်ပါးကို စာအုပ်စာ ပေနဲ့နဝကမ္မဝတ္ထုငွေလှူပေးပါ။ မိတ် ဟောင်း၊ ဆွေဟောင်းသူငယ်ချင်း ဟောင်းများကြောင့် သွားချင်လာ ချင်စိတ်ဖြစ်ခြင်းများကို လျှော့ပါ။ အိပ်ရေးဝအောင်အိပ်ပါ။
ရာထူးတိုးဖို့ဆိုရင် ပထဝီဇယ မန္တန်ကို နေ့စဉ်နဲ့အမျှအဓိဋ္ဌာန်ထား ပြီး(၉)ခေါက်ရွတ်ပါ။ ရာထူးတိုးဖို့ အသံကြားပြီး ရပ်နေတတ်ပါတယ်။ ဘုရားရှင်ကို ရွက်လှတွေနဲ့ မကြာ ခဏပူဇော်ပါ။ ရာထူးတိုးဖြေမယ်ဆို ရင် ဘုရားရှင်ကို ရွက်လှတွေဝေနေ အောင် ပူဇော်ပြီးမှသွားဖြေပါ။ လုပ် ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေ အောင်နေပါ စကားပြောဆင်ခြင် ပါ။
ချစ်တတ်သူတွေကတော့ ကံ ကောင်းနေပေမယ့် စကားဟောင်း များပြန်ပြောပြီး မကြာခဏပြဿနာ ဖြစ်နေတတ်ပါတယ်။ ကိုယ့်အိမ်အ တွင်းမပြေလည်မှုများကြောင့် သူ တစ်ပါးကိုပြဿနာရှာခြင်းရှောင်ပါ။ အကြောနဲ့ဆိုင်တဲ့ဝေဒနာရှင်များကို တွေ့တိုင်း ဆေး၊ အာဟာရ၊ ငွေလှူ ပေးပါ။
လုပ်ငန်းစတင်ဖို့ကသောကြာ နေ့မနက်(၇)နာရီတိတိဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က ဘုရားရှင်ကို မနက်လင်းတိုင်း မျက် နှာသစ်တော်ရေ၊ သောက်တော်ရေ ကပ်လှူပူဇော်ပါ။ ရွှေရင်အေးများ မကြာခဏကပ်လှူပူဇော်ပါ။ လပြည့် လကွယ်ရောက်တိုင်း မုန့်လုံးရေ ပေါ်ဆွမ်းတော်ကပ်ပါ။ ဝင်နေကျ အဓိဋ္ဌာန်များဝင်ပါ။ စိပ်နေကျပုတီး များစိပ်ပါ။ ခန္ဓာကိုယ်မသန်စွမ်းတဲ့ ပုဂ္ဂိုလ်များကို ဆေး၊ ငွေ၊ အာဟာရ လှူပေးပါ။
အကြောင်းကြီးငယ် ရှိရင် ဘုရားစေတီကိုသွားပါ။ ဂြိုဟ်ရှစ်ခွင် လုံးမှာရှိတဲ့ ရုပ်ပွားတော်များရှေ့မှာ ရွက်လှများဝေနေအောင် ပူဇော်ပြီး မှလိုရာသွားပါ။
ထီကံကောင်းဖို့က သောကြာ၊ ဗုဒ္ဓဟူး၊ တနင်္လာနာမည်ထီဆိုင်များ၊ အက္ခရာများ ၆၊ ၄၊ ၈၊ ၂၊ ၉ ဂဏန်း များ ကံစပ်နေပါတယ်။

စနေသားသမီးများ
အသက် ၁၄၊ ၂၂၊ ၃ဝ၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇ဝ၊ ၇၈၊ ၈၆၊ ၉၄၊ ၁ဝ၂၊ ၁၁ဝ ဆိုတဲ့ နှစ်တွေရောက် နေပြီဆိုရင်-
အောင်မြင်လိုတဲ့ ဘယ်ကိစ္စကို မဆို တနင်္လာနာမည်ရှင်များနဲ့တိုင် ပင်ပြုလုပ်ပါ၊ အကူအညီယူပါ။ ဒါ ပေမယ့် တနင်္လာစ စနေပိတ်မှည့် ထားတဲ့ ကောင်းနွဲ့၊ ခန့်နွေဆိုတဲ့နာ မည်တွဲမျိုးဖြစ်နေရင်တော့ အကျိုး မပေးတော့ပါဘူး။
ကြာသပတေးနာမည်ရှင်တွေ လည်း အကျိုးပေးပါတယ်။ ဒါပေ မယ့် သူတို့နိုင်တဲ့ဘက်က အဆင် ပြေသလို ကူညီကြပါလိမ့်မယ်။
တနင်္ဂနွေနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် သူ တို့မှာ လူမှုရေး၊ စီးပွားရေးကိစ္စတွေ ကြောင့် အသွားအလာများနေတတ် ကြတာမို့ ကိုယ်ကစိတ်ရှည်ရှည်နဲ့အ ချိန်ပေးပါ။
ကျန်တဲ့နာမည်ရှင်တွေကတော့ ခင်ဖို့ကောင်းကြပါတယ်။ ဒါပေမယ့် စီးပွားစပ်တူလုပ်တာ၊ အကူအညီ တောင်းရင်မဖြစ်နိုင်တော့ပါဘူး။
(၆) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ အနု ပညာနဲ့ဆိုင်တဲ့ လုပ်ငန်းအမျိုးမျိုး၊ ခရီးသွားလုပ်ငန်း၊ သစ်လုပ်ငန်း၊ သံထည်လုပ်ငန်း၊ စားသောက်ကုန် အမျိုးမျိုးလုပ်ငန်း၊ စက်ပစ္စည်းလုပ် ငန်း၊ ဆေးလုပ်ငန်း၊ ရွှေတူးတဲ့လုပ် ငန်း၊ စပ်တူရှယ်ယာလုပ်ငန်းများကို ဒီနှစ်မှစပြီးလုပ်မယ်ဆိုရင် အချိန် အများကြီးယူပြီး စဉ်းစားပါ။
ကျန်းမာရေး ကောင်းဖို့က အငန်များ၊ ပြင်ပဆီကြော်များ၊ ဆင်ခြင်ပြီးစားပါ။ လမ်းလျှောက် ပေးပါ။ အများနဲ့စုပေါင်းလုပ်ရတဲ့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးပါ။ သို့သော် ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်နာကျင်တဲ့အထိ အကြမ်း ပတမ်းမလုပ်ပါနဲ့။ အာနာပါနရှုမှတ် ခြင်းကိုနေ့စဉ်နိုင်သမျှပြုလုပ်ပေးပါ။
လူမှုရေးအတိုက်အခံများနေ ရင်ဘုရားစေတီကို သွားပါ။ အင်္ဂါ ထောင့်၊ ဗုဒ္ဓဟူး၊ သောကြာထောင့် များမှာ တံမြက်စည်းလှည်း အမှိုက် ရှင်းပါ။ အကြိမ်ကြိမ်ပြုလုပ်ပါ။ ဂုဏ် တော်ကိုးပါးကို အဓိဋ္ဌာန်ဝင်ပြီး ပုတီးစိပ်ပါ။ (တစ်နှစ်လုံးပြုလုပ်ပါ)
အိမ်တွင်းရေးအဆင်ပြေဖို့က မနက်မိုးလင်းတိုင်း မင်္ဂလာမရှိတဲ့ စကားတွေ၊ နိမိတ်ဆိုးစကားတွေ လုံးဝမပြောပါနဲ့။ လာပြောရင်လည်း နားမထောင်ပါနဲ့၊သွေးသံရဲရဲနဲ့သတ် ဖြတ်နေတဲ့ကားတွေ နံနက်စော စောမကြည့်ပါနဲ့ အိမ်မပူပါစေနဲ့။ သူများအိမ်က သစ်ဟောင်း၊ သွပ် ဟောင်းများ အိမ်မှာယူပြီးမသုံးပါနဲ့။
နိုင်ငံခြားသင်္ဘောလိုက်ဖို့က နံနက်စောစော အရုဏ်တက်မှာ ဆွမ်းခြွံကလာတဲ့ သံဃာတော်အ ရှင်သူမြတ်များကို အရုဏ်ဆွမ်းမကြာ ခဏလောင်းလှူပါ။ အရဟံသိဒ္ဓိကို နေ့စဉ်ပုတီး(၁ဝ)ပတ်စိပ်ပါ။H အက္ခ ရာနဲ့စတဲ့ ကုမ္ပဏီတွေ သင်္ဘောတွေ ဖြစ်နေရင် နှစ်ကြိမ်ကြိုးစားရပါလိမ့် မယ်။
ပညာရေး ကံကောင်းနေပါ တယ်။ ကြိုးစားလေအောင်မြင်လေ ပါပဲ။ အပေါင်းအသင်းသူငယ်ချင်း တွေနဲ့ သွားချင်လာချင်စိတ်များတာ မျိုး အအိပ်ပျက်၊ အစားပျက်ဂိမ်း ဆော့တာမျိုး လုံးဝရှောင်ပါ။
ရာထူးတိုးဖို့ရှိပါတယ်။ အခြား သူများရဲ့အလုပ်တွေကို ဝိုင်းဝန်း လုပ်ပေးရင်း ရာထူးတိုးပါလိမ့်မယ်။ ပထဝီဇယမန္တန်ကို တစ်နေ့ (၉) ကြိမ် မပျက်မကွက်ရွတ်ပါ။ရာထူးတိုးသွား ဖြေမယ်ဆိုရင် နဂါးရုံဘုရားမှာ ပန်း ပေါင်းစုံ (၇) မျိုးပူဇော်ပြီးမှသွားဖြေ ပါ။
ချစ်တတ်သူတွေကတော့ ခရီး သွားလာခြင်းကိစ္စနဲ့ ပတ်သက်ပြီး မကြာခဏ စကားများရတတ်ပါ တယ်။ မလိုလားအပ်ဘဲ ဖုန်းတွေ အကြာကြီးပြောပြီး စကားအမှား တွေ မကြာခဏဖြစ်တတ်ပါတယ်။ ဆွံ့အနားမကြားသူများ၊ ခန္ဓာ ကိုယ်အောက်ပိုင်းမကောင်းသူများ ကိုတွေ့တိုင်း တတ်နိုင်သမျှလှူပေး ပါ။
လုပ်ငန်းစတင်ဖို့က စနေနေ့ မနက် (၉) နာရီတိတိဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က မနက်မိုးလင်းတာနဲ့ ဘုရားရှင်ကို မျက်နှာသစ်တော်ရေ၊ သောက်တော် ရေကပ်လှူပါ။ စနေနံအာဟာရများ နဲ့ ဆွမ်းတော်ကပ်ပါ။ ပဋ္ဌာန်း၊ ပရိတ် တော်များဖွင့်ပြီး နာယူပူဇော်ပါ။ ကိုယ်တိုင်လည်းရွတ်ပါ။ အဓိဋ္ဌာန် များကိုမပျက်ပါစေနဲ့။ စိတ်ပါလိုက် စိတ်မပါလိုက်မလုပ်ပါနဲ့။ အာဟာရ ချို့တဲ့သူများ၊ ခန္ဓာကိုယ်အောက်ပိုင်း မကောင်းသူများကို တွေ့တိုင်းလှူ ပေးပါ။
အကြောင်းကြီးငယ်ရှိရင်နဂါး ရုံဘုရားကိုသွားပါ။ ဖယောင်းတိုင် (၇) တိုင်ထွန်းပြီး ဂုဏ်တော်ကိုးပါး ကို (၂၇) ကြိမ်ရွတ်ပါ။ ပြီးမှ လိုရာ သွားပါ။
ထီကံကောင်းဖို့က တနင်္လာ၊ စနေ၊ ကြာသပတေးနာမည်ထီဆိုင် များ၊ အက္ခရာများ ၂၊ ၉၊ ၇၊ ၅ ဂဏန်း များ ကံစပ်နေပါတယ်။
ငွေအစုလိုက်၊ အပုံလိုက်ဝင် လာတတ်တဲ့နှစ်ဖြစ်နေပေမယ့် ဆိုင် ကယ်အကြမ်းပတမ်းစီးခြင်းကြောင့် ဒုက္ခမရောက်ပါစေနဲ့။

စနေသားသမီးများ
အသက် ၁၅၊ ၁၆၊ ၂၃၊ ၂၄၊ ၃၁၊ ၃၂၊ ၃၉၊ ၄ဝ၊ ၄၇၊ ၄၈၊ ၅၅၊ ၅၆၊ ၆၃၊ ၆၄၊ ၇၁၊ ၇၂၊ ၇၉၊ ၈ဝ၊ ၈၇၊ ၈၈၊ ၉၅၊ ၉၆၊ ၁ဝ၃၊ ၁ဝ၄ ဆိုတဲ့ အသက်အပိုင်းအခြားတွေရောက်ပြီ ဆိုတာနဲ့-
အောင်မြင်လိုတဲ့ ဘယ်ကိစ္စကို မဆို ကြာသပတေးနာမည်ရှင်တွေ နဲ့ တိုင်ပင်ပြုလုပ်ပါ။ အကြံဉာဏ်ယူ ပါ။ လိုအပ်ရင် အကူအညီယူပါ။ အောင်မြင်ပါလိမ့်မယ်။
ဗုဒ္ဓဟူးနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် သူ တို့ရဲ့ လူမှုရေး၊ စီးပွားရေးကိစ္စ ကြောင့် အသွားအလာများနေတတ် လို့ကိုယ်ကတွေ့အောင်အချိန်ပေး ပြီးသွားရပါလိမ့်မယ်။
တနင်္ဂနွေနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် တစ် ကြိမ်နဲ့မပြီးဘဲ အကြိမ်ကြိမ်ပြန်ချိန်း နေတတ်လို့ ကိုယ်ကစိတ်ရှည်ပါ။
ကျန်တဲ့နာမည်ရှင်တွေကတော့ ခင်ဖို့ကောင်းကြပေမယ့် စပ်တူရှယ် ယာလုပ်ရင် အကူအညီတောင်း ရင်အဆင်မပြေတော့ပါ။
(၂) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ ကျောက် လုပ်ငန်း၊ ကားလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ အနုပညာနဲ့ဆိုင်တဲ့လုပ်ငန်း အမျိုးမျိုး၊ စားသောက်ကုန်လုပ်ငန်း၊ သစ်လုပ်ငန်း၊ သံထည်လုပ်ငန်းဒီ နှစ်မှာမှစလုပ်မယ်ဆိုရင် အကျိုးမ ပေးဖြစ်နေတတ်လို့ လပေါင်းများ စွာ အချိန်ယူပြီး စဉ်းစားပါ။
မကျွမ်းကျင်ဘဲနဲ့ကျောက်လုပ် ငန်း၊ ကားလုပ်ငန်းလုံးဝမလုပ်ပါနဲ့။ စပ်တူရှယ်ယာလုပ်ငန်းများ မစဉ်း စားပါနဲ့။ အခြားသူက ပြောတိုင်း နားကြားရုံနဲ့ ရှိတဲ့ပစ္စည်းထုခွဲရောင်း ချပြီး ငွေအရင်းအနှီးမထည့်ပါနဲ့။ လုပ်ငန်းလည်း မတည်ထောင်ပါနဲ့။ ငွေလည်း လုံးဝမချေးပါနဲ့။ ချေးပြီး ရင် ပြန်မရဖြစ်တတ်ပါတယ်။ ကား ကိုလည်း အခြားသူကို ရက်ရှည်မ ပေးလိုက်ပါနဲ့။
လုပ်ငန်းတွေလုပ်တော့မယ်ဆို ရင်လူမှုရေးကိုကြည့်ပြီး မဆုံးဖြတ် ပါနဲ့။ အမှန်တကယ်ကျွမ်းကျင်သူ များကိုသာခန့်ပါ။ လုပ်ငန်းကောင်း ရင်လူမှုရေးအရခန့်ထားသူများ ထဖောက်တတ်ပါတယ်။ အဲ့ဒီအခါ မှာကိုယ်လုပ်နေတဲ့လုပ်ငန်းကို ရပ် ပစ်ချင်စိတ်၊ လုပ်ငန်းတွေရောင်းပစ် ချင်စိတ်၊ ပြောင်းပစ်ချင်စိတ်ဖြစ် လာတတ်ပါတယ်။ ဒီလိုနှစ်မျိုးတွေ မှာလုပ်ငန်းအပြောင်းအလဲလုပ်ဖို့ အင်မတန်ခဲယဉ်းပါတယ်။
လုပ်ငန်းခွင်ထဲမှာ စကားပြော တဲ့အခါ ထိန်းပြောပါ။ ကိုယ့်စကား ကို ကိုယ်ကွယ်တာနဲ့ ပြက်ရယ်ပြုတဲ့ အခါစိတ်မကောင်းတာ၊ ဒေါသ ထွက်တာ ဖြစ်ရပါလိမ့်မယ်။ အဲ့ဒီအ ခါမှာ စကားခဏခဏမှားတတ်ပါ တယ်။
ကိုယ်က လုပ်ငန်းတစ်ခုမှာဝန် ထမ်းဖြစ်နေရင်လည်း ကိုယ့်သဘော နဲ့အပြောင်းအလဲတွေ မလုပ်ပါနဲ့။ ကိုယ့်အထက်ကပ်လျက်က စီမံခန့် ခွဲသူရဲ့အပြောအဆို အပြုအမူ ကြောင့် အလုပ်ပြောင်းချင်စိတ်၊ ထွက်ချင်စိတ် မကြာခဏဖြစ်တတ် ပါတယ်။ ကိုယ့်စကားကို လက်မခံ တဲ့အတွက် စိတ်အားမငယ်ပါနဲ့။ရွတ်ဖတ်နေကျအတိုင်းရွတ်ဖတ်ပါ။ စိပ်နေကျ အဓိဋ္ဌာန်ပုတီးများကို မပျက်မကွက်စိပ်ပါ။ ဇွတ်ငြင်းတာ မျိုးအထူးရှောင်ပါ။ စကားမမှား အောင်နေပါ။ ဘယ်သူနဲ့မဆို လိုက် လျောညီထွေဆက်ဆံပါ။အကောင်း မြင်ပေးပါ။
ကျန်းမာရေးကောင်းဖို့က ခြေ အေးတာကို အထူးဂရုစိုက်ပါ။ ရင် ထဲ၊ ဝမ်းထဲနေမထိထိုင်မထိဖြစ် တတ်ပါတယ်။ မကြာခဏရင်ပြည့် တတ်ပါတယ်။ အိပ်ရေးခဏခဏ အပျက်မခံပါနဲ့။(၂၄)ပစ္စည်းကို နေ့ စဉ်အဓိဋ္ဌာန်နဲ့ရွတ်ပေးပါ။ လမ်း များများလျှောက်ပေးပါ။ အများနဲ့စု ပေါင်းလေ့ကျင့်ရတဲ့ လေ့ကျင့်ခန်း များကို တစိုက်မတ်မတ်လေ့ကျင့် ပေးပါ။
လူမှုရေး အတိုက်အခံများ တတ်တဲ့နှစ်ဖြစ်နေလို့ (၁၅) ရက် တစ်ခါမသွားဖြစ်ရင်တောင် တစ်လ တစ်ခါ ဘုရားစေတီကိုသွားပါ။ တနင်္လာ၊ သောကြာ၊ ဗုဒ္ဓဟူးထောင့် များမှာတံမြက်စည်းလှည်းအမှိုက် ရှင်းပါ။ (၂၄)ပစ္စည်းကို နေ့စဉ်အ ဓိဋ္ဌာန်နဲ့ရွတ်ပါ။ အများသူငါနဲ့ ပေါင်းသင်းဆက်ဆံရတဲ့လုပ်ငန်း တိုင်းမှာစကားမမှားပါစေနဲ့။ ဇွတ် မငြင်းပါနဲ့ဆန့်ကျင်ဘက်တွေမပြော ပါနဲ့။
အိမ်တွင်းရေးအဆင်ပြေဖို့က အခြားသူများနဲ့စကားအရှုပ်အရှင်း၊ ငွေအရှုပ်အရှင်းမဖြစ်ပါစေနဲ့။ ငွေ ချေးငှားမလုပ်ပါနဲ့။ လောင်းကစား မှန်သမျှရှောင်ပါ။ သူများရဲ့ပစ္စည်း ဟောင်းများကို အိမ်မှာပြန်အသုံးပြု ခြင်းရှောင်ပါ။ မနက်လင်းတိုင်း သွေး သံရဲရဲ၊ အသက်အဖျက်ကားများကို နှစ်ခြိုက်စွာ ကြည့်ရှုခြင်း၊ မင်္ဂလာမ ရှိတဲ့စကားများကို အားရပါးရပြော ဆိုခြင်းရှောင်ပါ။
နိုင်ငံခြားသင်္ဘောတက်ဖို့က (၂၄)ပစ္စည်းကို နေ့စဉ် (၂၇) ခေါက် (၉)ရက်စီပိုင်းပြီး အဓိဋ္ဌာန်နဲ့ရွတ် ပါ။ မပြတ်မကွက်ရွတ်ရင်း ထူးခြား လာပါလိမ့်မယ်။ ဘုရားစေတီတစ် ဆူကို အနည်းဆုံး (၂) ခေါက်၊ (၃) ခေါက်လောက်သွားပြီး တံမြက်စည်း လှည်း အမှိုက်ရှင်းပါ။G,T,K နဲ့စတဲ့ သင်္ဘောများ၊ ကုမ္ပဏီများဖြစ်နေ ရင် အနည်းဆုံးနှစ်ကြိမ်ကြိုးစားရ ပါလိမ့်မယ်။
ပညာရေးကံတွေဆက်တိုက် ကောင်းနေပါတယ်။ ကြိုးစားလေ အောင်မြင်လေပါပဲ။မိဘကိုပြန်လှန် အော်ပြောတာတွေ၊ ကြမ်းကြမ်းတမ်း တမ်းပြောတာတွေ၊ စကားလုံးဝမ ပြောဘဲနေတာတွေလုံးဝမလုပ်ပါနဲ့။ အပြင်လူတွေနဲ့ကြ အကောင်း အိမ် ပြန်လာရင် အိမ်မှာပြဿနာရှာတာ မျိုး၊ ဆစ်ဆစ်ထိမခံတာမျိုး လုံံးဝ မလုပ်ပါနဲ့။
ရာထူးတိုးဖို့ရှိပါတယ်။ ဒါပေ မယ့်သင်တန်းတက်ရပါလိမ့်ဦးမယ်။ ပဋ္ဌာန်းကို အဓိဋ္ဌာန်နဲ့ နေ့စဉ်မပြတ် ရွတ်ပါ။ ရာထူးတိုးသွားဖြေမယ်ဆို ရင် နဂါးရုံဘုရားတစ်ဆူဆူမှာ ပန်း ပေါင်းစုံ(၇)မျိုး၊ ဖယောင်းတိုင် (၉) တိုင်ပူဇော်ပြီး (၂၄) ပစ္စည်းကို (၇) ခေါက်ရွတ်ပြီးမှသွားပါ။
ချစ်တတ်သူတွေကတော့ ကိုယ့် မိသားစုကိစ္စ အဆင်မပြေတိုင်း ကိုယ့်လုပ်ငန်းတွေအဆင်မပြေတိုင်း သက်ဆိုင်သူအပေါ် မမောက်မာပါ နဲ့။ စကားပြောမကြမ်းပါနဲ့ကိုယ်ချင်း စာပေးပါ။ ကိုယ့်စိတ်ကိုယ်သာအ ရင်အေးချမ်းအောင်ပြုပြင်ပါ။ အ သက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်များကို မကြာခဏအလှူဒါနပြုပေးပါ။
လုပ်ငန်းစတင်ဖို့က စနေနေ့ မနက် (၉) နာရီဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က မနက်လင်းတာနဲ့ ဘုရားရှင်ကို မျက် နှာသစ်တော်ရေ၊ သောက်တော်ရေ ကပ်လှူပါ။ ပဋ္ဌာန်း၊ ပရိတ်တော်များ ကိုနံနက်တိုင်းဖွင့်ပြီး နာယူပူဇော် ပါ။ ကိုယ်တိုင်လည်းရွတ်ပါ။ စိပ်နေ ကျအဓိဋ္ဌာန်ပုတီးများကို မပျက်မ ကွက်စိပ်ပါ။ ဝင်နေကျအဓိဋ္ဌာန်များ ကိုမပျက်မကွက်ဝင်ပါ။ အာဟာရ ဒါနမကြာခဏပြုပါ။
အကြောင်းကြီးငယ် ရှိရင် ဘုရားစေတီတစ်ဆူကိုသွားပါ။ ရုပ် ပွားတော်တစ်ဆူရှေ့တွင် ဖယောင်း တိုင် (၇) တိုင်ထွန်းပြီး ပန်းပေါင်းစုံ (၇) မျိုးနဲ့ပူဇော်ပါ။ (၂၄) ပစ္စည်းကို (၁၁)ခေါက်ရွတ်ရှိခိုးပြီးမှ လိုရာသွား ပါ။
ထီကံကောင်းဖို့က ကြာသပ တေး၊ စနေ၊ တနင်္ဂနွေနာမည်ထီဆိုင် များ၊ အက္ခရာများ ၅၊ ၇၊ ၁ ဂဏန်း များ ကံစပ်နေပါတယ်။
ကားမောင်းကြမ်းခြင်း၊ လောင်း ကစားပြုလုပ်ခြင်း အထူးဆင်ခြင်ပါ။

စနေသားသမီးများ
အသက် ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉၊ ၉၇၊ ၁ဝ၅ ဆိုတဲ့နှစ်တွေရောက်ပြီဆိုတာ နဲ့-
အောင်မြင်လိုတဲ့ ဘယ်ကိစ္စကို မဆိုသောကြာနာမည်ရှင်တွေနဲ့တိုင် ပင်ပြုလုပ်ပါ။အကူအညီယူပါ။
စနေ နာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် သူ တို့ကိုယ်တိုင်မိသားစုကိစ္စ၊ လူမှုရေး ကိစ္စတွေနဲ့ သွားသွားလာလာရှိနေ တတ်လို့ သူတို့နဲ့ဆုံအောင် ကိုယ်က အချိန်ပေးပါ။
အင်္ဂါနာမည်ရှင်တွေ အကျိုး ပေးတယ်ဆိုပေမယ့် နှုတ်နဲ့ကူညီ လမ်းညွှန်ခြင်းလောက်သာ ဖြစ်ပါ လိမ့်မယ်။
ကျန်တဲ့နာမည်ရှင်တွေက ခင် ဖို့ကောင်းကြပေမယ့် စပ်တူလုပ်ရင် အကူအညီတောင်းရင် မဖြစ်နိုင်တော့ ပါဘူး။
(၄) ဂဏန်း၊ (၈) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ ရေလုပ် ငန်းအမျိုးမျိုး၊ ရွှေတူးတဲ့လုပ်ငန်း၊ မြေဝယ်ရောင်းခြင်းများ၊ အဆောက် အဦးလုပ်ငန်းများ ဒီနှစ်မှာမှစပြီး လုပ်မယ်ဆိုရင် လနဲ့ချီပြီးစဉ်းစားပါ။
ကျန်းမာရေးကောင်းဖို့က အ ကြောအဆစ်တွေနဲ့ ဆိုင်တာတွေ၊ ရင်၊ ဝမ်းကျန်းမာရေး ဂရုစိုက်ပါ။ လမ်းများများလျှောက်ပေးပါ။
အများနဲ့စုပေါင်းလုပ်ရတဲ့ လေ့ ကျင့်ခန်းမျိုးကို တစိုက်မတ်မတ်ပြု လုပ်ပေးပါ။ နေ့စဉ်အနည်းဆုံး(၁ဝ) မိနစ်အာနာပါနရှုမှတ်ပါ။ ဓာရဏ ပရိတ်တော်ကို နေ့စဉ်အဓိဋ္ဌာန်နဲ့ ရွတ်ပါ။ ကြမ်းတမ်းတဲ့အားကစား ကြောင့် အဆစ်အမြစ်တွေမထိခိုက် အောင်ဂရုပြုပါ။
လှုမှုရေးအတိုက်အခံများနေ ရင်ဘုရားစေတီကိုသွားပါ။ စနေ၊ ဗုဒ္ဓဟူး၊ အင်္ဂါထောင့်များမှာ တံမြက် စည်းလှည်း၊ အမှိုက်ရှင်းပါ။ မကြာ ခဏပြုလုပ်ပါ။ အများနဲ့ပြုလုပ်ရတဲ့ လူမှုရေးအလုပ်များမှာ ကိုယ်ချင်း စာစိတ်နဲ့ ပြုလုပ်ပါ။ စကားပြောမ မောက်မာပါနဲ့။ ကိုယ့်သဘောတစ် ခုထဲနဲ့ မလုပ်ပါနဲ့။
အိမ်တွင်းရေးအဆင်ပြေဖို့က မနက်လင်းတာနဲ့ မင်္ဂလာမရှိတဲ့ စကားတွေမပြောပါနဲ့။ သွေးသံရဲရဲ သတ်ဖြတ်တဲ့ရုပ်ရှင်ကားတွေ မနက် စောစောမကြည့်ပါနဲ့။ မိုးလင်းတာနဲ့ အခြားမိသားစုအပူတွေ အားရပါး ရလာပြောတတ်သူတွေ စကားကို နားမထောင်ပါနဲ့။ (စက်ပြင်ဆရာ များမှာလွဲ၍) သူများရဲ့စက်ပစ္စည်း ဟောင်းများ အဝင်မခံပါနဲ့။
နိုင်ငံခြား သင်္ဘောလိုက်ဖို့က နံနက်စောစော အရုဏ်တက်မှာ ဆွမ်းခြွံကလာတဲ့ သံဃာတော်အ ရှင်သူမြတ်များကို အရုဏ်ဆွမ်း လောင်းလှူပါ။ မကြာခဏလောင်း လှူပါ။ L,W,Y,R,U အက္ခရာနဲ့စတဲ့ သင်္ဘောများ၊ ကုမ္ပဏီများဖြစ်နေရင် အနည်းဆုံး နှစ်ကြိမ်ပြုလုပ်ရပါလိမ့် မယ်။
ပညာရေးကံတွေကောင်းနေ ပေမယ့် ကြိုးစားနေရင်းကနေလျော့ ရဲရဲမဖြစ်ပါစေနဲ့။ ရန်ဖြစ်တတ်၊ ရန် လိုတတ်တဲ့သူငယ်ချင်းတွေနဲ့ အ သွားအလာမလုပ်ပါနဲ့။
ရာထူးတိုးဖို့က သမ္ဗုဒ္ဓေဂါထာ ကို အဓိဋ္ဌာန်ထားပြီးနေ့စဉ်ရွတ်ပါ။ အခြားသူရဲ့အလုပ်ကိုပါတွဲပြီး တာ ဝန်ယူရတတ်ပါတယ်။ ဒါဟာရာထူး တိုးဖို့အစဖြစ်ပါတယ်။ ရာထူးတိုး ဖြေမယ်ဆိုရင် ဘုရားရှင်ကို ပန်း ပေါင်းစုံ (၇) မျိုးနဲ့ ပူဇော်ပြီးမှ သွား ဖြေပါ။
ချစ်တတ်သူတွေကတော့ မကြာမကြာစိတ်နှစ်ခွဖြစ်ဖြစ်သွား တတ်ပါတယ်။ သက်ဆိုင်သူကို ကိုယ်ချင်းစာပေးပါ။ မလိုလားအပ် ဘဲ အတိုက်အခံတွေ မပြောပါနဲ့။ စိတ်ကျန်းမာရေးမကောင်းသူများကို တမင်ရှာဖွေပြီး ငွေ၊ အာဟာရလှူ ပေးပါ။
လုပ်ငန်းစတင်ဖို့က သောကြာ နေ့မနက် (၇) နာရီဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က မနက်လင်းတာနဲ့ ဘုရားရှင်ကို မျက် နှာသစ်တော်ရေ၊ သောက်တော်ရေ ကပ်လှူပြီး ရွတ်ဖတ်ပူဇော်နေကျအ တိုင်း ပူဇော်ပါ။ စိပ်နေကျ ပုတီးစိပ် ပါ။ မဟာသရဏဂုံတော်ကြီးကို မကြာခဏဖွင့်ပြီး နာယူပူဇော်ပါ။ လပြည့်နေ့တိုင်း ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်ပါ။ လေထိထားသူ များ စိတ်ကျန်းမာရေးမကောင်းသူ များကို တွေ့တိုင်း လှူပေးပါ။
အကြောင်း ကြီးငယ်ရှိရင် ဘုရားစေတီကိုသွားပါ။ ရုပ်ပွားတော် တစ်ဆူရှေ့မှာအုန်းပန်း၊ အုန်းဖူးများ နဲ့ပူဇော်ပြီး သမ္ဗုဒ္ဓေ (၁၁) ခေါက် ရွတ်ပြီးမှ လိုရာသွားပါ။
ထီကံကောင်းဖို့က သောကြာ၊ စနေ၊ တနင်္ဂနွေနာမည်ထီဆိုင်များ၊ အက္ခရာများ၊ ၆၊ ၇၊ ၁ ဂဏန်းများ ကံစပ်နေပါတယ်။
အမှုအခင်း ဖြစ်ထားသူများ၊ ရန်လိုသူများနဲ့ သွားအတူ၊ လာအ တူ အထူးဆင်ခြင်ပါ။ လုံးဝရန်မဖြစ် ပါနဲ့။

စနေသားသမီးများ
အသက် ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅ဝ၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉ဝ၊ ၉၈၊ ၁ဝ၆ ဆိုတဲ့ နှစ်တွေရောက်နေပြီဆို ရင်-
အောင်မြင်လိုတဲ့ ဘယ်ကိစ္စ ကိုမဆို အင်္ဂါနာမည်ရှင်တွေနဲ့ တိုင် ပင်ပြုလုပ်ပါ၊ အကြံဉာဏ်ယူပါ။ လို အပ်ရင်အကူအညီယူပါ။ ဒါပေမယ့် အင်္ဂါစပြီး တနင်္ဂနွေပိတ်မှည့်ထားတဲ့ ဇေအိုး၊ ဇွဲအိပ်ဆိုတဲ့ နာမည်တွဲမျိုး တွေ ဖြစ်နေရင်တော့ အကျိုးမပေး တော့ပါဘူး။
စနေနာမည်ရှင်တွေလည်းအ ကျိုးပေးပါတယ်။ ဒါပေမယ့် သူတို့ မှာလည်း သူတို့လူမှုရေးကိစ္စ၊ စီးပွား ရေးကိစ္စ၊ မိသားစုကိစ္စတွေကြောင့် အသွားအလာများနေတတ်လို့ ကိုယ် ကတွေ့အောင် စောင့်ရပါလိမ့်မယ်။
ဗုဒ္ဓဟူးနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် တစ်ကြိမ်နဲ့မပြီးဘဲ အကြိမ်ကြိမ်ချိန်း လို့ သွားနေရတတ်တာကို စိတ်ဓာတ် မကျပါနဲ့။
ကျန်တဲ့နာမည်ရှင်တွေက ခင် ဖို့ကောင်းကြပေမယ့် စီးပွားစပ်ရင် အကူအညီတောင်းရင် မဖြစ်နိုင်တော့ ပါဘူး။
(၅)ဂဏန်းကိုသတိထား ဂရု စိုက်ပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ မြေကိစ္စ၊ အမွေကိစ္စ၊ မြေရောင်းဝယ်တာတွေ၊ ခရီးသွားလုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊ အနုပညာနဲ့ဆိုင်တဲ့လုပ် ငန်းငန်းတွေ၊ အလှအပနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ၊ ငွေချေးတာတွေ၊ အိမ် ကိစ္စတွေ၊ အိမ်ဆောက်ပစ္စည်းရောင်း တာတွေ၊ မကျွမ်းကျင်တဲ့အလုပ်ကို ရှိသမျှ ပုံအောပြီးလုပ်ဖို့ စီစဉ်တာ တွေ အကျိုးမပေးပါဘူး။ လုပ်လက် စလူတွေတောင် ဒီလိုအသက်အ ပိုင်းအခြားမှာ အခက်အခဲတွေဖြစ် နေတတ်လို့ ကိုယ်တွေက အချိန်ယူ ပြီးစဉ်းစားပါ။
ကျန်းမာရေးကောင်းနေဖို့က ဗိုက်အောင့်တာ၊ ခါးမျက်တာ၊ ဒူး ဆစ်အကြောနာတာ ဂရုစိုက်ပါ။ ပင်ပန်းပြီး ခြေလက်ထိခိုက်လွယ်တဲ့ အားကစားမျိုးကို သတိထားလုပ်ပါ။ လမ်းများများလျှောက်ပေးပါ။ နေ့စဉ် အနည်းဆုံး ဆယ်မိနစ်အာနာပါန ရှုမှတ်ပေးပါ။ အသက်ရှူတိုင်း သရ ဏဂုံကို မမေ့မလျော့ နှလုံးသွင်းပြီး အတတ်နိုင်ဆုံးရှူပါ။
လူမှုရေးအတိုက်အခံရှိတတ် ပါတယ်။ ဘုရားစေတီကိုသွားပါ။ စနေ၊ ကြာသပတေး၊ တနင်္လာထောင့် များများမှာ တံမြက်စည်းလှည်းပါ။ အမှိုက်တွေရှင်းပါ။ မကြာခဏပြု လုပ်ပါ။ ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေ မှာကြားမညပ်ပါစေနဲ့။
အိမ်တွင်းရေးအဆင်ပြေဖို့က ကိုယ့်သဘောနဲ့ကိုယ် ရှိတာတွေ ရောင်းပြီး မလုပ်ဘူးသေးတဲ့အလုပ် တွေ မလုပ်ပါနဲ့။ ငွေချေးတဲ့အရှုပ် အရှင်းတွေ မလုပ်ပါနဲ့။ လောင်းက စားလုံးဝမလုပ်ပါနဲ့။ အပေါင်မခံပါ နဲ့။ ကိုယ့်ကားကိုသူများကိုရက်ရှည် ကြီးမပေးထားပါနဲ့။ (အငှားကား ပိုင်ရှင်များကလွဲ၍) ကိုယ်ပိုင်အိမ် စီးကားကို ဆိုလိုပါတယ်။
နိုင်ငံခြား သင်္ဘောလိုက်ဖို့က တစ်နေ့ထဲ ဘုရားသုံးဆူပြည့်အောင် သွားပါ။ ဘုရားတိုင်းမှာရှိတဲ့ရုပ်ပွား တော်တစ်ဆူဆူရှေ့မှာဖယောင်းတိုင် (၁ဝ) တိုင်ထွန်းပြီး အရဟံသိဒ္ဓိကို ပုတီးစိပ်ပါ။ သုံးဆူလုံးမှာစိပ်ပါ။ မကြာခဏသွားစိပ်ပါ။
ပညာရေးကံတွေ ကောင်းနေ ပေမယ့် ကိုယ်တိုင်လျော့ရဲရဲဖြစ်ဖြစ် နေတတ်တာ ဆင်ခြင်ပါ။ အိပ်ရေး ပျက်ပြီး အကြောတွေ ထိခိုက်ကုန် တဲ့အထိ ဂိမ်းတွေကြာရှည်စွာမဆော့ ပါနဲ့။
ရာထူးတိုးဖို့က ပထဝီဇယမန္တန် ကိုနေ့စဉ် (၉) ကြိမ်မဖြစ်မနေရွတ် ပါ။ ကိုယ့်အထက်အနီးဆုံးလူကြီး တွေနဲ့အဆင်ပြေအောင်စကားပြော ပါ။ စကားမမှားပါစေနဲ့။ မမောက် မာပါနဲ့။ ရာထူးတိုးဖြေမယ်ဆိုရင် နီး ရာဘုရားစေတီမှာရှိတဲ့ ရုပ်ပွားတော် တစ်ဆူရှေ့မှာ ဖယောင်းတိုင် (၁ဝ) တိုင်ထွန်းပြီးမှ နှုတ်က သရဏဂုံ တောက်လျှောက်ပွားပြီး သွားပါ။
ချစ်တတ်သူတွေကတော့ ငွေ ကြေးကိစ္စနဲ့ပတ်သက်ပြီး စကားကို အစဆွဲမထုတ်ပါနဲ့။ သူများတကာ ရဲ့နှလုံးသားရေးကိစ္စတွေနဲ့ နှိုင်းပြီး ကိုယ့်ချစ်သူကို စကားလုံးမာမာထန် ထန်တွေ မပြောမိပါစေနဲ့။ ငှက်က လေးတွေ မကြာမကြာလွှတ်ပေးပါ။
လုပ်ငန်းစတင်ဖို့က အင်္ဂါနေ့ မနက်(၇)နာရီတိတိ တစ်နှစ်လုံး ကုသိုလ်ပြုဖို့က ဘုရားရှင်ကို မနက် လင်းတိုင်း မျက်နှာသစ်တော်ရေ သောက်တော်ရေ ကပ်လှူပြီး မဟာ သရဏဂုံတော်ကြီးကိုဖွင့်ပြီး နာယူ ပူဇော်ပါ။ ကိုယ်တိုင်လည်း လိုက် ရွတ်ပါ။ သရဏဂုံကို နေ့စဉ်မပျက် အဓိဋ္ဌာန်ပုတီးစိပ်ပါ။ ရွတ်ဖတ်နေကျ ပရိတ်တော်တွေ ဂါထာမန္တန်တွေ ရွတ်ပါ။ လက္ခဏာရှားပါးတဲ့ ကလေး မိခင်တွေ တွေ့တိုင်း တတ်အားသ မျှ လှူပေးပါ။
အကြောင်း ကြီးငယ်ရှိရင် ဘုရားတစ်ဆူဆူကိုသွားပါ။ ရုပ်ပွား တော်တစ်ဆူရှေ့မှာ ဖယောင်းတိုင် (၁ဝ)တိုင်ထွန်းပြီး သရဏဂုံကို(၂၇) ခေါက်ရွတ်ပြီးမှ လိုရာသွားပါ။
ထီကံကောင်းဖို့ကအင်္ဂါ၊တနင်္ဂ နွေ၊ သောကြာနံထီဆိုင်များ အက္ခ ရာများ ၃၊ ၁၊ ၆ ဂဏန်းများ ကံစပ် နေပါတယ်။
ငွေမှုငွေပြဿနာမဖြစ်အောင် အထူးသတိထားပါ။

စနေသားသမီးများ
အသက် ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃၊ ၉၁၊ ၉၉၊ ၁ဝ၇ ဆိုတဲ့ အသက်အပိုင်းအခြား တွေ ရောက်နေပြီဆိုရင်-
အောင်မြင်လိုတဲ့ စီးပွားရေး၊ လူမှုရေး ဘယ်ကိစ္စကိုမဆို တနင်္လာ နာမည်ရှင်တွေနဲ့ တိုင်ပင်ပါ။ အကြံ ဉာဏ်ယူပါ။ လိုအပ်ရင် အကူအညီ ယူပါ။
ကြာသပတေးနာမည်ရှင်တွေ လည်း အကျိုးပေးပါတယ်။ ဒါပေ မယ့် သူတို့အလုပ်များနေကြလို့ တစ်ကြိမ်နဲ့မပြီးဘဲ အကြိမ်ကြိမ်သွား သွားတွေ့နေရရင် ဇွဲတော့ရှိပါ။
သောကြာနာမည်ရှင်တွေက အကျိုးတော့ပေးပါတယ်။ ဒါပေမယ့် သူတို့အဆင်ပြေသလို ကူညီတာနဲ့ ပဲကျေနပ်ပါ။ နှုတ်နဲ့ကူညီမှုတွေများ ပါလိမ့်မယ်။
ကျန်တဲ့နာမည်ရှင်တွေက ခင် ဖို့ကောင်းကြပေမယ့် စီးပွားစပ်ရင် အကူအညီတောင်းရင် မဖြစ်နိုင် တော့ပါဘူး။
(၃) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ စက် ပစ္စည်းနဲ့ဆိုင်တဲ့လုပ်ငန်း၊ ဆေးလုပ် ငန်းတွေ၊ အဆောက်အအုံလုပ်ငန်း တွေ၊ အထည်အလိပ်လုပ်ငန်းတွေ၊ လူမျိုးခြားတွေနဲ့စပ်တူလုပ်ငန်းတွေ ဒီနှစ်မှာမှစပြီးလုပ်မယ်ဆိုရင် အကျိုး မပေးလို့ လနဲ့ချီပြီး စဉ်းစားပါ။
ကျန်းမာရေး ကောင်းနေဖို့က ဒူး၊ အဆစ်ကျန်းမာရေးဂရုစိုက်ပါ။ အများနဲ့စုပေါင်းလေ့ကျင့်ရတဲ့ လေ့ ကျင့်ခန်းမျိုးကို မှန်မှန်ပြုလုပ်ပါ။ ဒါ ပေမယ့် ခြေဆစ်၊ လက်ဆစ်တွေမ ထိခိုက်ပါစေနဲ့၊လမ်းများများလျှောက် ပေးပါ။ ရင်ပြည့်စာတွေရှောင်ပါ။ အလွန်အကျွံအအေးခံခြင်းရှောင် ပါ။ နေ့စဉ် (၁ဝ) မိနစ်မဖြစ်မနေ အာနာပါနရှုမှတ်ပါ။
လူမှုရေးအတိုက်အခံများနေ ရင် ဘုရားစေတီကိုသွားပါ။ စနေ၊ သောကြာ၊ အင်္ဂါထောင့်များမှာ တံ မြက်စည်းလှည်းပါ၊ အမှိုက်ရှင်းပါ။ နှုတ်က (၂၄) ပစ္စည်းကို မပြတ်ရွတ် ပြုလုပ်ပါ။ အကြိမ်ကြိမ်သွားလှည်း ပါ။ လူမှုရေးကိစ္စတွေ ဆောင်ရွက် တဲ့အခါမှာ မလိုလားအပ်တဲ့ လူမှု ရေးကိစ္စတွေပါမလာပါစေနဲ့။
အိမ်တွင်းရေးကောင်းနေဖို့ကို တတ်နိုင်သမျှ လူမှုရေးအရှုပ်အရှင်း ရှောင်ပါ။ အိမ်ထောင်ရေးသစ္စာမရှိ သူများကို စီးပွားဥစ္စာတည်ထောင် ပေးခြင်း၊ ထောက်ပံ့ပေးခြင်းရှောင် ပါ။ မနက်လင်းတာနဲ့ ဆူပူအော်ဟစ် ခြင်း၊ မင်္ဂလာမရှိတဲ့စကားကို ပြော ဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်းရှောင် ပါ။
နိုင်ငံခြား သင်္ဘောလိုက်ဖို့က တစ်နေ့ထဲ ဘုရားငါးဆူပြည့်အောင် လှည့်ဖူးပါ။ အကြိမ်ကြိမ်လှည့်ဖူးပါ။ S, Zအက္ခရာနဲ့စတဲ့ သင်္ဘောများ၊ ကုမ္ပဏီများဖြစ်နေရင် အနည်းဆုံး နှစ်ကြိမ်ကြိုးစားရပါလိမ့်မယ်။
ပညာရေးကံတွေကောင်းနေ ပါတယ်။ အခက်အခဲဖြစ်မယ်ထင် ပြီးမှ အောင်မြင်မှုတွေ ရလာပါလိမ့် မယ်။ ဒါပေမယ့် ရှင်းလို့မရတဲ့လူမှု ရေးကိစ္စတွေတော့ အထူးရှောင်ပါ။ စိတ်လေတာတွေ ဂိမ်းအကြာကြီး ဆော့ပြီး အိပ်ရေးပျက်ခံတာတွေ ရှောင်ပါ။
ရာထူးတိုးဖို့ကဂုဏ်တော်ကွန် ချာကိုအဓိဋ္ဌာန်ပုတီးစိပ်ပါ။ အမြဲ တမ်းလည်း ရွတ်နေပါ။ အသံကြား ပြီး ကြန့်ကြာနေတတ်လို့ အဓိဋ္ဌာန် ပုတီးကို နေ့စဉ်မပြတ် မှန်မှန်စိပ်ပေး ပါ။ ရာထူးတိုးဖြေမယ်ဆိုရင် ဘုရား ရှင်ကို ပန်းပေါင်းစုံ (၉) မျိုးနဲ့ပူဇော် ပြီးမှ သွားပါ။
ချစ်တတ်သူတွေကတော့မျက် နှာအလွန်ပွင့်တတ်တဲ့နှစ်ဖြစ်နေလို့ သက်ဆိုင်သူအပေါ်မှာ သစ္စာရှိပါ။ ကိုယ်ချင်းစာပါ။ ကိုယ့်အိမ်မှာအ ဆင်မပြေတိုင်း တစ်ဖက်သားကို တအားမပြောမိပါစေနဲ့။ စိတ်ကျန်း မာရေးမကောင်းသူတွေကိုတွေ့တိုင်း ငွေ၊ အာဟာရလှူပေးပါ။
လုပ်ငန်းစတင်ဖို့က တနင်္လာ နေ့ မနက် (၇) နာရီဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က မနက်လင်းတာနဲ့ ဘုရားရှင်ကို မျက် နှာသစ်တော်ရေ၊ သောက်တော်ရေ ကပ်လှူပူဇော်ပါ။ ပဋ္ဌာန်းပရိတ်တော် များဖွင့်ပြီးနာယူပူဇော်ပါ။ ကိုယ်တိုင် လည်းရွတ်ပါ။ အသံမစဲပဋ္ဌာန်းပွဲများ နဲ့ကြုံတိုင်း လှူပေးပါ။ ကိုယ်တိုင်ဦး စီးကျင်းပနိုင်ရင်လည်း ဦးစီးပြီးကျင်း ပပူဇော်ပါ။ ဝင်နေကျအဓိဋ္ဌာန်တွေ ကိုမပျက်မကွက်ဝင်ပါ။ ရွတ်နေကျ ပဋ္ဌာန်းပရိတ်တော်တွေကို ရွတ်ပါ။
အကြောင်း ကြီးငယ်ရှိရင် ဘုရားစေတီကိုသွားပါ။ ရုပ်ပွားတော် တစ်ဆူရှေ့မှာ ပန်းပေါင်းစုံ (၉) မျိုး နဲ့ ပူဇော်ပြီး ဂုဏ်တော်များ ပွားများ ပြီးမှ လိုရာသွားပါ။
ထီကံကောင်းဖို့က တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနာမ်ထီဆိုင် များ၊ အက္ခရာများ ၂၊ ၄၊ ၈၊ ၅၊ ၉ ဂဏန်းများ ကံစပ်နေပါတယ်။
ဆိုင်ကယ် အကြမ်းစီးခြင်း (အထူး) ဆင်ခြင်ပါ။

စနေသားသမီးများ
အသက် ၂ဝ၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆ဝ၊ ၆၈၊ ၇၆၊ ၈၄၊ ၉၂၊ ၁ဝဝ၊ ၁ဝ၈ ဆိုတဲ့ အသက်အပိုင်းအခြား တွေရောက်နေရင်-
အောင်မြင်လိုတဲ့ စီးပွားရေး၊ လူမှုရေး ဘယ်ကိစ္စကိုမဆို အင်္ဂါ နာမည်ရှင်တွေနဲ့ တိုင်ပင်ပါ။ လိုအပ် ရင် အကြံဉာဏ်ယူပါ။
ဗုဒ္ဓဟူးနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။
ဒါပေမယ့် သူတို့မှာ မိသားစု ကိစ္စ၊ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ တွေကြောင့် သွားရင်းလာရင်းနဲ့ပဲ အဆင်ပြေအောင် တွေ့ရပါလိမ့်မယ်။
တနင်္ဂနွေနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ သူကူညီနိုင်တာ လေးကို ကူညီတာမို့ သူ့ရဲ့တပိုင်တ နိုင်ကူညီမှုကို ဝမ်းမြောက်ဝမ်းသာ စွာရယူပါ။
စနေ နာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် နှုတ် နဲ့ကူညီမှုက ပိုပြီးများပါလိမ့်မယ်။ အကြံကောင်း ဉာဏ်ကောင်းတွေ ပေးပါလိမ့်မယ့်။
ကျန်တဲ့နာမည်ရှင်တွေက ခင် ဖို့ကောင်းကြပေမယ့် စီးပွားစပ်ရင် အကူအညီတောင်းရင်မဖြစ်နိုင်တော့ ပါဘူး။
(၂) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ ကျောက် လုပ်ငန်း၊ ကားလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ သစ်လုပ်ငန်း၊ သံလုပ်ငန်း အနုပညာနဲ့ဆိုင်တဲ့လုပ်ငန်း၊ စား သောက်ကုန်လုပ်ငန်း၊ မြေလုပ်ငန်း တွေကို ဒီနှစ်မှစပြီးလုပ်မယ်ဆိုရင် လတော်တော်ကြာကြာစဉ်းစားပါ။ အကျိုးမပေးဖြစ်နေပါတယ်။
ကျန်းမာရေး ကောင်းဖို့က လွန်ကဲစွာ အအေးမခံပါနဲ့။ ခြေဖျား တွေမအေးပါစေနဲ့။ ညအိပ်ရင် ဂရု စိုက်ပြီး ခြေဖျားကိုသတိထားပါ။ လေထိုးလေနာ ရင်ပြည့်တာမဖြစ် အောင်နေပါ။ အာနာပါနကို နေ့စဉ် (၁ဝ) မိနစ်ရအောင်ရှုမှတ်ပါ။ လမ်း လျှောက်ပေးပါ။ အများနဲ့ စုပေါင်း လုပ်ရတဲ့ လေ့ကျင့်ခန်းကို မှန်မှန်ပြု လုပ်ပ

 #မြန်မာနှစ် ၁၃၈၇(၁၇-၄-၂ဝ၂၅)မှ(၁၆-၄-၂ဝ၂၆) အထိခုနစ်ရက်သားသမီးများအတွက်အသက်အပိုင်းအခြားအလိုက်ဆောင်ရန်ရှောင်ရန်နှင့် အစီအရင...
16/04/2025

#မြန်မာနှစ် ၁၃၈၇
(၁၇-၄-၂ဝ၂၅)မှ(၁၆-၄-၂ဝ၂၆) အထိ
ခုနစ်ရက်သားသမီးများအတွက်အသက်အပိုင်းအခြားအလိုက်
ဆောင်ရန်ရှောင်ရန်နှင့် အစီအရင်များ

သောကြာသားသမီးများ
အသက် ၁ဝ၊ ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅ဝ၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉ဝ၊ ၉၈၊ ၁ဝ၆ ဆိုတဲ့ အသက်အပိုင်းအ ခြားတွေရောက်နေပြီဆိုရင်-
စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ အောင်မြင်လိုတဲ့ဘယ်ကိစ္စကို ပဲဖြစ်ဖြစ် ဗုဒ္ဓဟူးနာမည်ရှင်များနဲ့ တိုင်ပင်ပြုလုပ်ပါ။ အကူအညီယူပါ။
ကြာသပတေးနာမည်ရှင်တွေ လည်း အကျိုးပေးပါတယ်။ ဒါပေ မယ့် သူ့မှာ မိသားစု၊ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေကြောင့် အသွားအ လာများနေတတ်လို့ သူခေါ်တွေ့ပြီ ဆိုရင် ဖြစ်အောင်သွားပါ။ ကိုယ်က အချိန်ပေးပါ။
တနင်္ဂနွေနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် သူ တို့အဆင်ပြေသလို ကူညီမှုကို ကိုယ် ကလက်ခံရပါလိမ့်မယ်။
ကျန်တဲ့နာမည်ရှင်တွေက ခင် ဖို့ကောင်းကြပေမယ့် စီးပွားစပ်ရင်၊ အကူအညီတောင်းရင် မဖြစ်နိုင် တော့ပါဘူး။
(၂) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ကားလုပ် ငန်း၊ ကျောက်လုပ်ငန်း၊ စက်ကြီးတွေ နဲ့ပတ်သက်တဲ့လုပ်ငန်း၊ ဆေးလုပ် ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ သစ်လုပ်ငန်း၊ အနုပညာ နဲ့ဆိုင်တဲ့လုပ်ငန်းများ၊ စပ်တူရှယ် ယာလုပ်ငန်းများ ဒီနှစ်မှာမှစပြီးလုပ် မယ်ဆိုရင် အနည်းဆုံး (၃) လခန့် အချိန်ယူပြီး စဉ်းစားပါ။
ကျန်းမာနေဖို့က နှလုံး၊ ဒူး၊ တင်ပါး၊ နှာခေါင်း အနာတရမဖြစ် အောင်နေပါ။ လမ်းမကြာခဏ လျှောက်ပေးပါ။ အများနဲ့ စုပေါင်း လုပ်ရတဲ့ ကိုယ်လက်လေ့ကျင့်ခန်း ကို ဖြစ်နိုင်သမျှနေ့စဉ်မပြတ်ပြုလုပ် ပါ။ နေ့စဉ် (၁ဝ) မိနစ် အာနာပါန ငြိမ်သက်စွာ ရှုမှတ်ပေးပါ။ ခါး၊ ခြေ မကောင်းတဲ့ သက်ကြီးဝါကြီးများကို ဆေး၊ ငွေ၊ အာဟာရလိုအပ်သလို လှူပေးပါ။
လူမှုရေးအတိုက်အခံများနေ ရင် ဘုရားစေတီကိုသွားပါ။ သော ကြာ၊ အင်္ဂါ၊ တနင်္လာထောင့်များမှာ တံမြက်စည်းလှည်း အမှိုက်ရှင်းပါ။ မကြာခဏပြုလုပ်ပါ။ လူမှုရေးလုပ် ငန်းများမှာ ဦးဆောင်ဦးရွက်ပါဝင် လုပ်ဆောင်ရတတ်ပါတယ်။ ငွေ ကြေးအရှုပ်အရှင်းနဲ့ စကားပြော မောက်မာခြင်းကို လုံးဝရှောင်ပါ။
အိမ်တွင်းရေးအဆင်ပြေဖို့က အပူသောကများပြားလွန်းသူများရဲ့ စကားကို နှစ်ခြိုက်စွာ နားမထောင် ပါနဲ့။ ကူညီစရာရှိရင်ကူညီပါ။ ဒါ ပေမယ့်အပူမကူးအောင်နေပါ။ အိမ် ဟောင်းမှသစ်ဟောင်း၊ သွပ်ဟောင်း များ ကိုယ့်အိမ်အရှေ့ပိုင်းမှာ ပြန်မ သုံးမိအောင် လုံးဝသတိထားပါ။
နိုင်ငံခြား သင်္ဘောလိုက်ဖို့က နံနက်စောစော အရုဏ်တက်မှာ ဆွမ်းခြွံကလာတဲ့သံဃာတော်အရှင် သူမြတ်များကို အရုဏ်ဆွမ်းအကြိမ် ကြိမ် မကြာခဏလောင်းလှူပါ။ ဘုန်းကြီးကျောင်းကိုမကြာခဏသွား ပြီး ကုဋီများကို ဆေးကြောသန့်ရှင်း ပါ။G. J. K အက္ခရာနဲ့စတဲ့ ကုမ္ပဏီ တွေဖြစ်နေရင် နှစ်ကြိမ်ထစ်ငေါ့ပြီး မှထွက်ရပါလိမ့်မယ်။
ပညာရေးကံများ ဆက်တိုက် ကောင်းနေပါတယ်။ အိပ်ရေးအ ပျက်ခံပြီး ဂိမ်းအလွန်အကျွံဆော့ တာမျိုးရှောင်ပါ။ လွယ်အိတ်ကို ခေါင်းရင်းဘေးနားမှာထားအိပ်ပါ။ စာသင်သားကိုရင်လေးများကိုပညာ နဲ့ပတ်သက်တဲ့ စာအုပ်စာပေအ ထောက်အပံ့များ မကြာခဏလှူ ဒါန်းပေးပါ။
ရာထူးတိုးဖို့ရှိပါတယ်။ ကိုယ့် ထက်ငယ်ရွယ်တဲ့ ဝန်ထမ်းများနဲ့ သင့်မြတ်အောင်နေပါ။ စကားပြော ဆင်ခြင်ပါ။ ရာထူးတိုးဖြေတော့မယ် ဆိုရင် ဘုရားရှင်ကို ရွက်လှများနဲ့ ဝေနေအောင် ပူဇော်ပြီး မုန့်လုံးရေ ပေါ်များ ဆွမ်းတော်ကပ်ပါ။ ပြီးမှ သွားဖြေပါ။
ချစ်တတ်သူတွေကတော့ မ လိုလားအပ်တဲ့ စကားအပိုတွေနဲ့ ဖုန်းအကြာကြီး မပြောပါနဲ့။ ခဏ ခဏစကားမှားတတ်လို့ပါ။ ငွေကြေး ကိစ္စနဲ့ပတ်သက်ပြီး တစ်ဖက်သားကို မောက်မာခက်ထန်စွာ မပြောမိပါ စေနဲ့။ ငါးအရှင်လေးများကို ရေအ ရှင်မှာကြုံသလိုလွှတ်ပေးပါ။ သူများ စကားကြောင့် အတွေးတွေမလွဲပါ စေနဲ့။
လုပ်ငန်းစတင်ဖို့က သောကြာ နေ့မနက် (၉) နာရီတိတိဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က ဘုရားရှင်ကို မျက်နှာသစ်တော်ရေ၊ သောက်တော်ရေကပ်လှူပူဇော်ပါ။ ပဋ္ဌာန်း၊ ပရိတ်တော်များကို ဖွင့်ပြီး နာယူပူဇော်ပါ။ ကိုယ်တိုင်လည်း ရွတ်ပါ။ အဓိဋ္ဌာန်ပုတီးများမပျက်မ ကွက်စိပ်ပါ။ လပြည့်နေ့တိုင်း ဓာတ် ကြီးလေးပါး ဆွမ်းတော်ကပ်ပါ၊ ခါး၊ ခြေမကောင်းတဲ့ သက်ကြီးဝါကြီး များကို ဆေး၊ ငွေ၊ အာဟာရမကြာ မကြာလှူပေးပါ။
အကြောင်းကြီးငယ် ရှိရင် ဘုရားရှင်ကို ရွက်လှများနဲ့ ဝေနေ အောင် ပူဇော်ပြီး သမ္ဗုဒ္ဓေ (၁၁) ခေါက်ရွတ်ပြီးမှ လိုရာသွားပါ။
ထီကံကောင်းဖို့က ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနာမည် ထီဆိုင်များ၊ အက္ခရာများ ၄၊ ၈၊ ၅၊ ၆ ဂဏန်းများ ကံစပ်နေပါတယ်။
ကိုယ့်နာမည်ဟာ သောကြာ စပြီး ဗုဒ္ဓဟူးပိတ်မှည့်ထားတဲ့ ဟန် ဝေ၊ သူလင်း၊ သစ္စာရွှန်းဆိုတဲ့ နာမည်တွဲမျိုးဖြစ်နေရင် ကားအ ကြမ်းမောင်းခြင်းကို အထူးဆင်ခြင် ပါ။

သောကြာသားသမီးများ
အသက် ၁၁၊ ၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃၊ ၉၁၊ ၉၉၊ ၁ဝ၇ ဆိုတဲ့ အသက်အပိုင်းအ ခြားတွေရောက်ပြီဆိုရင်-
အောင်မြင်လိုတဲ့ ဘယ်ကိစ္စကို မဆို စနေနာမည်ရှင်တွေနဲ့ တိုင်ပင် ပြုလုပ်ပါ။ အကြံဉာဏ်ယူပါ။ အကူ အညီလိုရင်ယူပါ။ အကျိုးပေးပါ တယ်။
အင်္ဂါ နာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် သူ တို့အလုပ်များပြားပြီး အသွားအ လာများနေတတ်လို့ သူတို့နဲ့တွေ့ဖို့ အကြိမ်ကြိမ်ပြန်ချိန်းနေပါလိမ့်မယ်၊ ကိုယ့်ဘက်ကဇွဲရှိရှိနဲ့သွားပါ။
ဗုဒ္ဓဟူးနာမည်ရှင်တွေအကျိုး ပေးတယ်ဆိုပေမယ့် ခက်ခက်ခဲခဲ ဖြစ်တတ်ပါတယ်။ သူတို့အဆင်ပြေ သလို ကူညီပေးတာမို့ သူတို့ကူညီ နိုင်သလောက်နဲ့ ကျေနပ်ပါ။
ကျန်တဲ့နာမည်ရှင်တွေက ခင် ဖို့ကောင်းကြပေမယ့် စီးပွားစပ်ရင်၊ အကူအညီယူရင် မဖြစ်နိုင်တော့ပါ ဘူး။
(၁) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ ရွှေတူး တဲ့လုပ်ငန်း၊ အဆောက်အအုံနဲ့သက် ဆိုင်တဲ့ လုပ်ငန်းအမျိုးမျိုး၊ မြေကိစ္စ၊ အမွေကိစ္စအမျိုးမျိုး သစ်၊ သံရောင်း ဝယ်ခြင်း၊ အလှအပနဲ့ဆိုင်တဲ့လုပ် ငန်းများ ဒီနှစ်မှစပြီးလုပ်မယ်ဆိုရင် နှစ်လ၊ သုံးလစဉ်းစားပြီး အချိန်ယူ ပါ။ မဖြစ်မနေစီစဉ်ပြီးပြီဆိုရင်နံသင့် အကျိုးပေးသူများနဲ့ ကြားခံပြုလုပ် ပါ။
ကျန်းမာနေဖို့က လေနဲ့ဆိုင်တဲ့ ဝေဒနာဟောင်းရှိရင် ပြန်ပေါ်တတ် လို့ အဆာမခံပါနဲ့။ အူလမ်းကြောင်း တစ်လျှောက်မှာ ပူလောင်သွားစေ နိုင်တဲ့အာဟာရမျိုး၊ အသောက်အ စားမျိုးကိုရှောင်ပါ။ အိပ်ရေးဝဖို့ အလွန်အရေးကြီးပါတယ်။ အတွေး များတာတွေလျှော့ပါ။ မကြာခဏ ယောဂီဝတ်ပြီးနေရာပြောင်းပြောင်း အိပ်ပေးပါ။ လမ်းလျှောက်ပေးပါ။ အသက်ရှူလေ့ကျင့်ခန်း နေ့စဉ်ပြု လုပ်ပါ။
လူမှုရေးအတိုက်အခံများနေ ရင် ဘုရားစေတီများကို သွားပြီး တနင်္ဂနွေ၊ ဗုဒ္ဓဟူးထောင့်များရှိ ရင် ပြင်တော်များမှာ မကြာမကြာသွား ပြီး တံမြက်စည်းလှည်း၊ အမှိုက်ရှင်း ပါ။ ကိုယ့်ကြောင့် သူများငွေကြေး ထိခိုက်မဆုံးရှုံးပါစေနဲ့။
အိမ်တွင်းရေး အဆင်ပြေဖို့ ကအိပ်ရာကနိုးတာနဲ့ အမင်္ဂလာ စကားတွေ မပြောပါနဲ့။ ဖြတ်လမ်း နည်းတွေနဲ့ စီးပွားမရှာပါနဲ့။ သတ် ခြင်း၊ ဖြတ်ခြင်း၊ ငြွေိုကးခြင်းများတဲ့ ရုပ်ရှင်ကားများ စိတ်ဝင်တစားကြည့် ခြင်း၊ အနိဋ္ဌများတဲ့သီချင်းများ စူး စိုက်စွာ နားထောင်ခြင်းရှောင်ပါ။ သစ်ဟောင်း၊ သွပ်ဟောင်းများကို မလိုလားအပ်ဘဲ အိမ်မှာဝယ်ပြီး ပုံ မထားပါနဲ့။
နိုင်ငံခြားသင်္ဘောလိုက်ဖို့က တဟိံတဟိံအစချီတဲ့ဂါထာကို နေ့ စဉ်ပုတီးတစ်ပတ် ရအောင်စိပ်ပါ။ စနေနံအာဟာရများနဲ့ ဆွမ်းတော် ကပ်ပါ။ (ဥပမာ- ထန်းသီးမုန့်၊ နဂါး မောက်သီး) A,E,I,O နဲ့စတဲ့ ကုမ္ပဏီ တွေ၊ သင်္ဘောတွေဖြစ်နေရင်အနည်း ဆုံး နှစ်ကြိမ်ကြိုးစားပြီးမှထွက်ရပါ လိမ့်မယ်။
ပညာရေးကံတွေကောင်းနေပါ တယ်။ ခုကြိုးစားလိုက် တော်ကြာ လျော့ရဲရဲဖြစ်လိုက် မဖြစ်ပါစေနဲ့။ မလိုလားအပ်တဲ့ လူမှုရေးအရှုပ် အရှင်းတွေရှောင်ပါ။ အိပ်ရေးအ ပျက်ခံပြီး ဂိမ်းဆော့တာမျိုးရှောင် ပါ။
ရာထူးတိုးဖို့ရှိပေမယ့် သူများ ရဲ့အလုပ်တွေကို ဝိုင်းလုပ်ပေးနေရ တတ်ပါတယ်။ အဲ့ဒီအတွက် စိတ် ဓာတ်မကျပါနဲ့။ ဒါဟာ တစ်ဆင့် တက်ဖို့ လမ်းစပါ။ နမောငါးချက် ဂါထာကို နေ့စဉ်အဓိဋ္ဌာန်ပြုပြီး ပုတီး တစ်ပတ်စိပ်ပါ။ ရာထူးတိုးဖြေတော့ မယ်ဆိုရင် ဘုရားရှင်ကို ပန်းပေါင်း စုံ(၇)မျိုးနဲ့ပူဇော်ပြီးမှသွားပါ။ စကား ပြောမမောက်မာပါနဲ့။
ချစ်တတ်သူတွေကတော့ မျက် နှာပွင့်တဲ့နှစ်ဖြစ်ပေမယ့် သက်ဆိုင် သူနဲ့စကားပြောရင် ခဏခဏအမှား ပါတတ်လို့ အိပ်ရေးပျက်နေချိန် အကြာကြီး စကားပြောတာမျိုး၊ မလိုလားအပ်ဘဲ ဖုန်းနဲ့အကြာကြီး ပြောတာမျိုးရှောင်ပါ။ သက်ဆိုင်သူ ကိုနှိမ့်ချပြောဆိိုတာမျိုးရှောင်ပါ။
လုပ်ငန်းစတင်ဖို့က တနင်္လာ နေ့မနက်(၇)နာရီတိတိဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ ဘုရားရှင်ကို မျက်နှာသစ်တော်ရေ၊ သောက်တော်ရေ ကပ်လှူပါ။ ပဋ္ဌာန်း၊ ပရိတ်တော်များဖွင့်ပြီး နာယူပူဇော် ပါ။ မင်္ဂလာရှိတဲ့ ဓမ္မတေးများနဲ့ပူ ဇော်ပါ။ စနေနံအာဟာရများနဲ့ ဆွမ်းဆက်ကပ်ပူဇော်ပါ။ လပြည့် နေ့ရောက်တိုင်း ဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်ပါ။ ကိုယ်စောင့်နတ် မှစပြီး သာသနာစောင့်နတ်မင်းကြီး များအထိ နေ့့စဉ်မေတ္တာပို့အမျှဝေ ပါ။ စိတ်ကျန်းမာရေးမကောင်းသူ များကို တွေ့တိုင်းငွေ၊ အာဟာရလှူ ပေးပါ။
အကြောင်းကြီးငယ် ရှိရင် ဘုရားစေတီကို သွားပါ။ ရုပ်ပွား တော်တစ်ဆူရှေ့မှာ ပန်းပေါင်းစုံ (၇) မျိုးနဲ့ ပူဇော်ပြီး ဂုဏ်တော် (၉) ပါးကို နှုတ်မှ မပြတ်ရွတ်ပြီးမှ လိုရာ သွားပါ။
ထီ ကံကောင်းဖို့က စနေ၊ တနင်္လာ၊ အင်္ဂါ၊ သောကြာနာမည်ထီ ဆိုင်များ၊ အက္ခရာများ၊ ၂၊ ၉၊ ၇၊ ၃၊ ၆ ဂဏန်းများ ကံစပ်နေပါတယ်။

သောကြာသားသမီးများ
အသက် ၁၂၊ ၁၃၊ ၂ဝ၊ ၂၁၊ ၂၈၊ ၂၉၊ ၃၆၊ ၃၇၊ ၄၄၊ ၄၅၊ ၅၂၊ ၅၃၊ ၆ဝ၊ ၆၁၊ ၆၈၊ ၇၆၊ ၇၇၊ ၈၄၊ ၈၅၊ ၉၂၊ ၉၃၊ ၁ဝဝ၊ ၁ဝ၁ ဆိုတဲ့နှစ် တွေရောက်နေပြီဆိုတာနဲ့-
အောင်မြင်လိုတဲ့ဘယ်ကိစ္စကို မဆို စနေနာမည်ရှင်များနဲ့ တိုင်ပင် ပြုလုပ်ပါ။ အကြံဉာဏ်အကူအညီ ယူပါ။ ဒါပေမယ့် စနေစပြီး ကြာသ ပတေးပိတ်မှည့်ထားတဲ့ ထွန်းပ၊ တင် မှုံဆိုတဲ့ နာမည်တွဲမျိုးဖြစ်နေရင် တော့ အကျိုးမပေးတော့ပါဘူး။
အင်္ဂါ နာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် တစ် ကြိမ်မကဘဲ(၂)ကြိမ်၊(၃)ကြိမ်တော့ သွားရပါလိမ့်မယ်။
သောကြာနာမည်ရှင်တွေ အ ကျိုးပေးပေမယ့် သူတို့ကိုယ်တိုင် အိမ်ကိစ္စ၊ အလုပ်ကိစ္စတွေနဲ့ အသွား အလာများနေတတ်လို့ သူတို့နဲ့တွေ့ ဖို့ဆိုရင် ဇွဲရှိပေးပါ၊ အောင်မြင်ပါ လိမ့်မယ်။
ကျန်တဲ့နာမည်ရှင်တွေကတော့ ခင်ဖို့ကောင်းကြပေမယ့် စီးပွားစပ် ရင် အကူအညီတောင်းရင် မဖြစ်နိုင် တော့ပါဘူး။
(၈) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေ့ကတော့ ရေလုပ် ငန်း၊ ရွှေလုပ်ငန်းအမျိုးမျိုး၊ အ ဆောက်အအုံလုပ်ငန်း အမျိုးမျိုး၊ ကားလုပ်ငန်း၊ ကျောက်လုပ်ငန်းစပ် တူရှယ်ယာလုပ်ငန်းများ ဒီနှစ်မှာမှ ပြုလုပ်မယ်ဆိုရင် အထူးသတိထား ပြီး ရှောင်ရှားဖို့အကြံပြုချင်ပါတယ်။
စပ်တူရှယ်ယာလုပ်ငန်းများပြု လုပ်ရင် ကိုယ့်ငွေဟာ သူများအ တွက်ဖြစ်သွားနိုင်ပါတယ်။ စပ်တူ ရှယ်ယာငွေထည့်ပြီး လုပ်ငန်း သဘောနားမလည်သူတွေကြောင့် ကိုယ်က သူတို့ထက်နှစ်ဆပိုပင်ပန်း တတ်ပါတယ်။လုပ်ငန်းမကျွမ်းကျင် ဘဲငွေထည့်ပြီး အချိန်တန်ရင်အ မြတ်ယူမယ်ဆိုလို့ အဆင်မပြေ လောက်ပါဘူး။ ကိုယ်ပဲတာဝန်တွေ ပိပြီး အစားမမှန်၊ အအိပ်မမှန်တဲ့အ ထိဖြစ်လာတတ်ပါတယ်။ အထူးသ ဖြင့် မြေနဲ့ဆိုင်တဲ့လုပ်ငန်းအမျိုးမျိုး ရှောင်ပါ။ (ရွှေတူးခြင်း၊ရေတူးခြင်း)
လူအများစုနဲ့ပြုလုပ်ရတဲ့လုပ် ငန်းမျိုးတွေကိုအထူးသတိထားပါ။ ဝန်ထမ်းမမြဲတဲ့ကိစ္စ၊ အောက်လူကိစ္စ တွေ မပြတ်ဖြစ်နေတတ်ပါတယ်။ အကျိုးမပေးတဲ့လုပ်ငန်းများကို ဇွတ် တိုးပြီးပြုလုပ်နေရင် စီးပွားဥစ္စာများ အတော် ကုန်ဆုံးသွားနိုင်ပါတယ်။ ငွေတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ထွက်ကုန်ပါလိမ့်မယ်။ ဒါကြောင့်မို့ ကိုယ်မကျွမ်းကျင်တဲ့လုပ်ငန်းကို အ များကဝိုင်းဝန်းပြောတိုင်း နားယောင် ပြီးမလုပ်မိပါစေနဲ့။ ကိုယ်နဲ့အကျိုး ပေးတဲ့လုပ်ငန်းကို လုပ်ဖြစ်ရင်တောင် မေတ္တာတရားထားခြင်း၊ ကိုယ်ချင်း စာတရားထားခြင်းတွေနဲ့ အောင်မြင် မှုကိုရယူပါ။ နှုတ်ကအနိဋ္ဌတွေပြော တာမျိုး၊ ဆဲရေးတိုင်းထွာပြောတာ မျိုး၊ ညည်းညူနေတာမျိုးတွေ လုံးဝ ရှောင်ပါ။
ငါပြောတိုင်း တစ်ထစ်ချဖြစ်ရ မယ်ဆိုတဲ့သဘောကို ရှောင်ပါ။ ဘာမဆိုဆင်ခြင်တုံတရားနဲ့ပြောပါ။ အစားအသောက်ကိုလည်း အချိန် မှန်စားပါ။ အိပ်ချိန်ကိုလည်း အချိန် မှန်အိပ်ပါ။ လုပ်ငန်းခွင်အတွင်း အ ထစ်အငေါ့အနည်းငယ် ဖြစ်တာနဲ့ လုပ်ငန်းပြောင်းဖို့ မစဉ်းစားပါနဲ့။ လို အပ်နေတဲ့ ကွက်လပ်ကလေးတွေ ကိုရှာဖွေဖြည့်စွက်ပြီး လုပ်လက်စ လုပ်ငန်းကို ကျစ်ကျစ်လစ်လစ်ဖြစ် အောင် ပြုလုပ်ပါက စိတ်အလိုကို လိုက်ပြီး လုပ်ငန်းတွေ ထပ်ချဲ့တာ မျိုး အထူးဆင်ခြင်ပါ။
ကျန်းမာရေး ကောင်းဖို့က အစားအသောက်ကို အချိန်နဲ့စား ပါ။ အငန်၊ အစပ်များ၊ ရင်ပြည့်စာ များကို လွန်ကဲအောင်မစားပါနဲ့။ ပန်ကာလေကို လုံးဝတိုက်ရိုက်မခံ ပါနဲ့။ အိပ်ရေးခဏခဏအပျက်မခံ ပါနဲ့၊ လမ်းလျှောက်ပေးပါ။ အများ နဲ့စုပေါင်းပြီးလုပ်ရတဲ့ လေ့ကျင့်ခန်း ကိုမှန်မှန်ပြုလုပ်ပေးပါ။နေ့စဉ်တတ် နိုင်သမျှ အာနာပါနရှုမှတ်ပါ။
လူမှုရေးအတိုက်အခံများနေ ရင်ဘုရားစေတီကိုသွားပါ။ သော ကြာ၊ တနင်္လာ၊ ဗုဒ္ဓဟူးထောင့်များမှာ တံမြက်စည်းလှည်း၊ အမှိုက်ရှင်းပါ။ မကြာမကြာပြုလုပ်ပါ။ ဘုန်းကြီး ကျောင်းများကို ရောက်တိုင်း သန့် ရှင်းရေး ပြုလုပ်ပါ၊ ကုဋီရေဆေးပါ။ လူအများနဲ့ ပြုလုပ်ရတဲ့ အများအ ကျိုးဆောင်လုပ်ငန်းများမှာ ကိုယ့် သဘောကိုယ့်စိတ်နဲ့ ရှေ့မထွက်ပါ နဲ့ စကားမမှားပါနဲ့ ဒေါသမကြီးပါ နဲ့ ဆုံးဖြတ်ချက်မလောပါနဲ့။
အိမ်တွင်းရေးအဆင်ပြေဖို့က မိသားစုထဲမှာ ခက်ထန်ကြမ်းတမ်း ခြင်းမပြုပါနဲ့။ သေးတဲ့ကိစ္စတွေကို ကြီးအောင် မဖန်တီးပါနဲ့။ စကား ဟောင်း၊ ပြဿနာဟောင်းများကို ပြန်မပြောပါနဲ့။ ဘယ်သူ့ကိုမှ ငွေမ ချေးပါနဲ့။ ကိုယ်ကလည်း လောင်း ကစားကိစ္စတွေ လုံးဝဆင်ခြင်ပါ။ ငွေအရှုပ်အရှင်းတွေ ရှောင်ပါ။
နိုင်ငံခြား သင်္ဘောတက်ဖို့က မနက်စောစော အရုဏ်တက်မှာ ဆွမ်းခြွံကလာတဲ့ သံဃာတော်အ ရှင်သူမြတ်များကို အရုဏ်ဆွမ်း လောင်းလှူပါ။ အကြိမ်ကြိမ်လောင်း လှူပါ။
ပညာရေးကံ ကောင်းနေပါ တယ်။ အောင်မြင်ပြီးရင်း အောင် မြင်ရင်းပါ။ ကြိုးစားလေ အထစ်အ ငေါ့မရှိ အောင်မြင်လေပါ။ ကျန်းမာ ရေးကောင်းနေအောင်သာ အိပ်ချိန် စားချိန်မှန်ပါစေ။
ရာထူးတိုးဖိုးကမတက်ရသေး တဲ့သင်တန်းတွေ တက်ရပါလိမ့်ဦး မယ်။ တက်ပြီးတာနဲ့ တာဝန်တစ်ခု တိုးပြီးထပ်ယူရပါလိမ့်မယ်။ ယူပြီး မကြာခင် ရာထူးတက်ပါပြီ။ လုပ် ဖော်ကိုင်ဖက်တွေကြားမှာ စကားမ မှားပါစေနဲ့။
ချစ်တတ်သူတွေကတော့ သက်ဆိုင်သူအပေါ်မှာ သစ္စာရှိပါ။ ကိုယ်ထင်သလို စကားမပြောပါနဲ့။ သံသယတွေနဲ့ မဆက်ဆံပါနဲ့။ ငွေ ကြေးကိစ္စ အလုပ်ကိစ္စတွေ အဆင် မပြေတဲ့အခါ နှလုံးသားရေးရာနဲ့ မရောထွေးပါနဲ့၊ ငှက်လေးတွေမကြာ မကြာဘေးမဲ့ပေးပါ။
လုပ်ငန်းစတင်ဖို့က ကြာသပ တေးနေ့ မနက် (၇) နာရီကို တိတိ ဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က မနက်လင်းတာနဲ့ ဘုရားရှင်ကို မျက် နှာသစ်တော်ရေ သောက်တော်ရေ ကပ်လှူပူဇော်ပါ။ ပြီးရင် ပဋ္ဌာန်း ပရိတ်တော်တွေကိုဖွင့်ပြီး နာယူပူ ဇော်ပါ။ ဝင်နေကျ အဓိဋ္ဌာန်တွေကို မပျက်မကွက်ဝင်ပါ။ လပြည့်နေ့ တိုင်း ဓာတ်ကြီးလေးပါး ဆွမ်းတော် ကပ်ပါ။ ဦးခေါင်းနှင့်ရင်ဝမ်းကျန်း မာရေးမကောင်းသူများနဲ့ ဆုံဖြစ်ရင် ဆေး၊ ငွေ၊ အာဟာရလှူပေးပါ။ ကျင့်ကြံအားထုတ်မှုများစွာနဲ့အောင် မြင်မှုများအရယူပါ။
အကြောင်း ကြီးငယ်ရှိရင် ဘုရားစေတီကို သွားပါ။ ရုပ်ပွား တော်တစ်ဆူရှေ့မှာ ဖယောင်းတိုင် (၇)တိုင်နဲ့ ပန်းအဖြူများ ဝေနေ အောင်ပူဇော်ပြီး (၂၄) ပစ္စည်းကို နှုတ်မှ (၉) ကြိမ်ရွတ်ရှိခိုးပါ။ ပြီးမှ လိုရာသွားပါ။
ထီကံကောင်းဖို့က ၇၊ ၅၊ ၆၊ ၃ ဂဏန်းများ၊ စနေ၊ ကြာသပတေး၊ သောကြာ၊ အင်္ဂါနံထီဆိုင်များ အက္ခ ရာများ ကံစပ်နေပါတယ်။
ကိုယ့်နာမည်က သောကြာစ တနင်္လာပိတ်မှည့်ထားတဲ့ သာဂေါင်၊ သစ်ကျော်၊ ဟန်ခန့်ဆိုတဲ့နာမည်တွဲ မျိုးဖြစ်နေရင်တော့ အမှုအခင်းဖြစ် စေမယ့် အရာမှန်သမျှ လုံးဝရှောင် ပါ။

သောကြာသားသမီးများ
အသက် ၁၄၊ ၂၂၊ ၃ဝ၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇ဝ၊ ၇၈၊ ၈၆၊ ၉၄၊ ၁ဝ၂ ဆိုတဲ့ အသက်အပိုင်းအခြား တွေရောက်နေပြီဆိုရင်-
အောင်မြင်လိုတဲ့ဘယ်ကိစ္စကို မဆို တနင်္ဂနွေနာမည်ရှင်တွေနဲ့တိုင် ပင်ပြုလုပ်ပါ။ အကူအညီလိုရင်ယူ ပါ၊ တိုင်ပင်ပါ။ ဒါပေမယ့် တနင်္ဂနွေ စသောကြာပိတ်မှည့်ထားတဲ့ အုံးသု၊ အိမ်သော်ဆိုတဲ့နာမည်တွဲမျိုးဖြစ်နေ ရင်တော့ အကျိုးမပေးတော့ပါဘူး။
ကြာသပတေးနာမည်ရှင်တွေ လည်း အကျိုးပေးပါတယ်။ ဒါပေ မယ့် သူတို့မှာမိသားစုအလုပ်၊ လုပ် ငန်းနဲ့ဆိုင်တဲ့ကိစ္စတွေကြောင့် အ လုပ်များနေတတ်ကြလို့တွေ့အောင် တော့ စိတ်ရှည်လက်ရှည်သွားရပါ လိမ့်မယ်။
တနင်္လာနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် တစ် ကြိမ်မက သွားသွားနေရရင် စိတ် ဓာတ်မကျပါနဲ့ ကူညီပါလိမ့်မယ်။
ကျန်တဲ့နာမည်ရှင်တွေက ခင် ဖို့ကောင်းကြပေမယ့် စီးပွားစပ်ရင် အကူအညီတောင်းရင် မဖြစ်နိုင် တော့ပါဘူး။
(၃) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ စက်ကြီး များနဲ့ပြုလုပ်ရတဲ့ လုပ်ငန်းများ၊ စက် ကြီးများထောင်ခြင်း၊ ဆေးလုပ်ငန်း များ၊ ကျောက်လုပ်ငန်း၊ ကားလုပ် ငန်းများ၊ ရွှေတူးတဲ့လုပ်ငန်း၊ လူမျိုး ခြားများနဲ့ စပ်တူပြုလုပ်တဲ့လုပ်ငန်း၊ အနုပညာနဲ့ဆိုင်တဲ့လုပ်ငန်း၊ ခရီး သွားတာနဲ့ဆိုင်တဲ့လုပ်ငန်း အခုနှစ် မှစမယ်ဆိုရင် အနည်းဆုံး (၂) လ၊ (၃) လအချိန်ယူပြီးမှ အကျိုးပေးနံ သင့်ပုဂ္ဂိုလ်များနဲ့တိုင်ပင်ပြုလုပ်ပါ။
ကျန်းမာနေဖို့က ခါး၊ ခြေ၊ အ ဆစ်အမြစ်၊ ကျောပိုင်း၊ ခန္ဓာကိုယ် အောက်ပိုင်းတွေ ကောင်းနေဖို့ ဂရု စိုက်ပါ၊ လမ်းလျှောက်ပေးပါ။ လေ့ ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။ နေ့ စဉ်မှန်မှန် အာနာပါနရှုမှတ်ပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးပြင်းများ မသောက်မိပါစေနဲ့။
လူမှုရေးအတိုက်အခံများနေ တတ်ပါတယ်။ ဒါကြောင့်မို့ ဘုရား စေတီကိုသွားပါ။ သောကြာ၊ စနေ၊ အင်္ဂါထောင့်၊ တန်ဆောင်းများပတ် ဝန်းကျင်မှာ တံမြက်စည်းလှည်း အ မှိုက်ရှင်းပါ၊ မကြာခဏပြုလုပ်ပါ။ လူများစွာနဲ့အများအကျိုးကိုဆောင် တဲ့အခါ ဇွတ်အတင်းဦးမဆောင်မိ ပါစေနဲ့။ ကိုယ့်အမြင်တစ်ဖက်ထဲက နေကြည့်ပြီး စကားတွေမလွန်မိပါ စေနဲ့။
အိမ်တွင်းရေအဆင်ပြေဖို့က ခေါင်းစွဲယောင်ယောင် ပုဂ္ဂိုလ်များ အမင်္ဂလာစကားများကိုနားမထောင် မိပါစေနဲ့။ အိမ်မှာလည်းလာမပြော ပါစေနဲ့။ အိပ်ခန်းထဲမှာ သုံးမရ တော့တဲ့ စက်ပစ္စည်းအဟောင်းများ ရှိရင်စွန့်ပစ်ပါ။ အသက်ကြီးတဲ့အ မျိုးသမီးများ၊ ယခင်မိတ်ဆွေ ဟောင်းအမျိုးသမီးများကို လုံးဝငွေ မချေးမိပါစေနဲ့။
နိုင်ငံခြားသင်္ဘောတက်ဖို့ဆိုရင် အရဟံသိဒ္ဓိကို နေ့စဉ်အနည်းဆုံး (၁၅) မိနစ်ခန့် ပုတီးစိပ်ပါ။ S, Z နဲ့ စတဲ့ကုမ္ပဏီတွေ၊ သင်္ဘောတွေဖြစ် ရင်အနည်းဆုံးနှစ်ကြိမ်ကြိုးစားရပါ လိမ့်မယ်။
ပညာရေးကံ ကောင်းနေပါ တယ်။ သူငယ်ချင်းမိတ်ဆွေများအ တွက် အချိန်တွေပေးလွန်းတာ လျှော့ပါ။အိပ်ရေးပျက်တဲ့အထိ ဂိမ်း ဆော့တာလျှော့ပါ။
ရာထူးတိုးဖို့ရှိပါတယ်။ 'အရ ဟံသိဒ္ဓိ' ကိုသာနေ့စဉ်မှန်မှန် မပျက် မကွက် အဓိဋ္ဌာန်နဲ့ပုတီးစိပ်ပါ။ ရာ ထူးတိုးဖြေမယ်ဆိုရင် ဘုရားရှင်ကို သပြေပန်း၊ သစ္စာပန်းများ ဝေနေ အောင်ပူဇော်ပြီး 'အရဟံသိဒ္ဓိ' ကို နှုတ်ကမပျက်ရွတ်ရင်း သွားဖြေပါ။
ချစ်တတ်သူတွေကတော့ အ ခြားသူများနဲ့နှိုင်းပြီးပြောရင်း မ ကြာခဏကတောက်ကဆဖြစ်တတ် ပါတယ်။ မလိုလားအပ်ဘဲ ဖုန်းအ ကြာကြီးပြောတာ လျှော့ပါ။ ခန္ဓာ ကိုယ်အောက်ပိုင်း မကောင်းသူများ၊ မျက်စိဝေဒနာရှင်များကို တွေ့တိုင်း ဆေး၊ ငွေ၊ အာဟာရလှူပေးပါ။
လုပ်ငန်း စတင်ဖို့ကတော့ သောကြာနေ့မနက် (၉) နာရီတိတိ ဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က မနက်လင်းတာနဲ့ ဘုရားရှင်ကို မျက် နှာသစ်တော်ရေ၊ သောက်တော်ရေ ကပ်လှူပူဇော်ပါ။ သစ်သီးဆွမ်းများ နဲ့မပျက်ပူဇော်ပါ။ ရွတ်နေကျပဋ္ဌာန်း၊ ပရိတ်တော်များ နေ့စဉ်ရွတ်ပါ။ စိပ် နေကျအဓိဋ္ဌာန်ပုတီးများမပျက်စိပ် ပါ။ စိတ်ကျန်းမာရေး မကောင်းသူ များကို ကြုံတိုင်း၊ တွေ့တိုင်း ငွေ၊ အာဟာရလှူခြင်း၊ စာကလေးအရှင် များ၊ ဂဏန်းအရှင်များကို ကြုံသလို ဘေးမဲ့လွှတ်ပေးခြင်းများ ပြုလုပ်ပါ။
အကြောင်းကြီးငယ် ရှိရင် ဘုရားစေတီကိုသွားပါ။ မွေးနံ ထောင့်ရှိ ရုပ်ပွားတော်မြတ်အား အုန်းပန်းပွင့်များနဲ့ ဝေနေအောင်ပူ ဇော်ပြီး သမ္ဗုဒ္ဓေဂါထာ (၁၁) ခေါက် ရွတ် ပူဇော်ပြီးမှသွားပါ။
ထီကံကောင်းဖို့က တနင်္ဂနွေ၊ သောကြာ၊ ဗုဒ္ဓဟူး၊ တနင်္လာနာမည် ထီဆိုင်များ၊ အက္ခရာများ၊ ၁၊ ၆၊ ၄၊ ၂၊ ၈၊ ၉ ဂဏန်းများ ကံစပ်နေပါ တယ်။
ဆိုင်ကယ်အကြမ်းပတမ်းစီး ခြင်း အထူးဆင်ခြင်ပါ။

သောကြာသားသမီးများ
အသက် ၁၅၊ ၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇၊ ၉၅၊ ၁ဝ၃ ဆိုတဲ့ အသက်အပိုင်းအခြား တွေရောက်ပြီဆိုရင်-
အောင်မြင်လိုတဲ့ ဘယ်ကိစ္စကို မဆို တနင်္ဂနွေနာမည်ရှင်များနဲ့ တိုင် ပင်ပါ။ အကြံဉာဏ်၊ အကူအညီယူ ပါ။
တနင်္လာနာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် သူ တို့ရဲ့မိသားစုကိစ္စ၊ လူမှုရေးကိစ္စ၊ စီး ပွားရေးကိစ္စတွေကြောင့် အလုပ်များ လွန်းပြီး တွေ့ဖို့ခက်ခဲတဲ့အခါ ကိုယ် က အချိန်ပေးပြီး တွေ့ရပါလိမ့်မယ်။
သောကြာ နာမည်ရှင်တွေ လည်းအကျိုးပေးပါတယ်။ ဒါပေ မယ့်သူ့မှာလည်း ကိစ္စတွေများပြား တဲ့အခါ သူ့ရဲ့အပြောအဆို သံစဉ် အပေါ်မှာမခံစားပါနဲ့။ သူဘယ် လောက်ပဲ ပြောတတ်ပြောတတ်၊ သူ့မှာဘယ်လောက်ပဲ အခက်အခဲ တွေရှိရှိ ကူညီပါလိမ့်မယ်။
ကြာသပတေး နာမည်တွေ အကျိုးပေးပေမယ့် သူအဆင်ပြေ သလို ကူညီပေးတာကို နားလည် ပေးရပါလိမ့်မယ်။
ကျန်တဲ့နာမည်ရှင်တွေကတော့ ခင်ဖို့ကောင်းကြပေမယ့် စီးပွားစပ် ရင် အကူအညီတောင်းရင် မဖြစ်နိုင် တော့ပါဘူး။
(၇) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ အထည် အလိပ်လုပ်ငန်းများ၊ လူမျိုးခြားနဲ့့စပ် တူလုပ်ငန်းများ၊ ဆေးလုပ်ငန်းများ၊ စက်ကြီးများထောင်တဲ့လုပ်ငန်း၊ ရွှေ တူးတဲ့လုပ်ငန်း၊ ရေလုပ်ငန်းများ ဒီ နှစ်မှစပြီးလုပ်မယ်ဆိုရင် (၂) လ၊ (၃)လအနည်းဆုံးစဉ်းစားပြီး နံသင့် အကျိုးပေးသူများနဲ့ တိုင်ပင်ပါ။
ကျန်းမာနေဖို့က ဒူး၊ အကြော၊ ခါး ဂရုစိုက်ပါ။ လေမချုပ်ပါစေနဲ့။ လမ်းများများလျှောက်ပေးပါ။ လူ များစွာနဲ့ စုပေါင်းလုပ်ရတဲ့ လေ့ကျင့် ခန်းမှန်မှန်ပြုလုပ်ပေးပါ။ နေ့စဉ်မ ပျက်အာနာပါနကို အချိန်ရသမျှရှု မှတ်ပေးပါ။ ချိုလွန်း၊ ငန်လွန်းတဲ့ အာဟာရများ လျှော့စားပါ။
လူမှုရေးအတိုက်အခံများနေ ရင် ဘုရားစေတီကိုသွားပါ။ စနေ၊ သောကြာ၊ ဗုဒ္ဓဟူးထောင့်များမှာ နှုတ်ကသရဏဂုံမပျက်ရွတ်ပြီး တံ မြက်စည်းလှည်း၊ အမှိုက်ရှင်းပါ။ သရဏဂုံအနုလုံပဋိလုံကို အဓိဋ္ဌာန် နဲ့ပုတီးစိပ်ပေးပါ။ သူများငွေကြေး ကိစ္စများ ဝင်မပါပါနဲ့။ ကိုယ်လည်း လောင်းကစားကိစ္စတွေရှောင်ပါ။
အိမ်တွင်းရေးအဆင်ပြေဖို့က လောင်းကစား၊ ငွေကြေးအရှုပ်အ ရှင်းရှောင်ပါ။ တခြားသူကလာပြော တဲ့ စီးပွားရေးများကို မကျွမ်းကျင် ဘဲလုံးဝမလုပ်မိပါစေနဲ့။ မည်သူ့ကို မှငွေမချေးပါနဲ့။ လူမှုရေးဖောက် ပြန်တတ်သူများ အဝင်အထွက်ကို ဆင်ခြင်ပါ။
နိုင်ငံခြား သင်္ဘောလိုက်ဖို့က မနက်စောစောအရုဏ်တက်မြွှာက လာတဲ့ သံဃာတော်အရှင်သူမြတ် များကို အရုဏ်ဆွမ်းလောင်းလှူပါ။ မကြာမကြာလောင်းလှူပါ။ 'အရဟံ သိဒ္ဓိ' ကို နေ့စဉ် ပုတီး (၉) ပတ်စိပ် ပါ။T,D,N အက္ခရာနဲ့စတဲ့ ကုမ္ပဏီ များ၊ သင်္ဘောများဖြစ်နေရင် (၂) ခါ အဖျားရှူးပြီးမှ ထွက်ရပါလိမ့်မယ်။
ပညာရေးကံတွေကောင်းနေ ပါတယ်။ အောင်မြင်မှုလည်း ရှိပါ တယ်။ ကြိုးစားလေ အောင်မြင်လေ ပါပဲ။ ဒါပေမယ့် အနီးကပ်အတူနေ များနဲ့ လူမှုရေးအရှုပ်အရှင်းရှောင် ပါ။
ရာထူးတိုးဖို့ရှိပါတယ်။ ပထမ တစ်ကြိမ် သတင်းကြားရုံကြားပြီး နောက်တစ်ကြိမ်မှ တိုးပါလိမ့်မယ်။ 'အရဟံသိဒ္ဓိ' ကို နေ့စဉ်ပုတီး (၉) ပတ်စိပ်ပါ။ ရာထူးတိုးဖြေမယ်ဆိုရင် ဘုရားရှင်ကို အုန်းပန်းများ၊ အကြော် ဆွမ်းများ ကပ်လှူကာ သရဏဂုံကို နှုတ်မှ မပျက်ရွတ်ရင်း သွားဖြေပါ။
ချစ်တတ်သူတွေကတော့ မလို လားအပ်တဲ့ ဖုန်းအကြာကြီးပြောပြီး စကားအကြာကြီးမပြောပါနဲ့။ မျက် နှာပွင့်ရာကနေ မျက်နှင့်အပွင့်လွန် သွားပြီး မဖြစ်သင့်တာတွေဖြစ်တတ် လို့သက်ဆိုင်သူအပေါ်မှာ ကိုယ်ချင်း စာပါ၊ မေတ္တာထားပါ။ အလှောင်ခံ ငှက်ကလေးများကို မကြာခဏဘေး မဲ့လွှတ်ပေးပါ။
လုပ်ငန်းစတင်ဖို့က တနင်္ဂနွေ မနက် (၁ဝ) နာရီခွဲနဲ့ (၁၂) နာရီ ကြားဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က ဘုရားရှင်ကို အကြော်ဆွမ်းများ၊ အုန်းသီးစိတ်ဆွမ်းများနဲ့ မပျက် ကပ်လှူပါ။ အကြောဝေဒနာရှင်များ၊ ခန္ဓာကိုယ်အောက်ပိုင်းမကောင်းသူ များကိုတွေ့တိုင်း ဆေး၊ ငွေ၊ အာ ဟာရလှူပေးပါ။ နေ့စဉ်စိပ်နေတဲ့ အဓိဋ္ဌာန်ပုတီးများ မပျက်ပါစေနဲ့။
အကြောင်းကြီးငယ် ရှိရင် ဘုရားစေတီကိုသွားပါ။ အင်္ဂါထောင့် ရှိ ရုပ်ပွားတော်ရှေ့မှာအကြော်ဆွမ်း များနဲ့ကပ်လှူပူဇော်ပြီး သရဏဂုံကို (၂၇) ခေါက်ရွတ်ပြီးမှလိုရာသွားပါ။
ထီကံကောင်းဖို့က တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ သောကြာနာမည် ထီဆိုင်များ၊ အက္ခရာများ ၁၊ ၂၊ ၃၊ ၆ ဂဏန်းများ ကံစပ်နေပါတယ်။
ငွေကြေးပြဿနာ အရှုပ်အ ရှင်း၊ ငွေမှု၊ ငွေပြဿနာမဖြစ်အောင် အထူးသတိထားရှောင်ပါ။။

သောကြာသားသမီးများ
အသက် ၁၆၊ ၂၄၊ ၃၂၊ ၄ဝ၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈ဝ၊ ၈၈၊ ၉၆၊ ၁ဝ၄ ဆိုတဲ့ နှစ်တွေရောက်နေပြီဆို ရင်-
အောင်မြင်လိုတဲ့ ဘယ်ကိစ္စကို မဆို ဗုဒ္ဓဟူးနာမည်ရှင်တွေနဲ့ တိုင် ပင်ပြုလုပ်ပါ။ လိုအပ်ရင် အကူအ ညီယူပါ။ ဒါပေမယ့် ဗုဒ္ဓဟူးစ တနင်္လာပိတ်မှည့်ထားတဲ့ လှခန့်၊ ဝေကိုဆိုတဲ့ နာမည်တွဲမျိုးတွေဖြစ် နေရင်တော့ မတိုင်ပင်ပါနဲ့တော့။
တနင်္ဂနွေ နာမည်ရှင်တွေ လည်းအကျိုးပေးပါတယ်။ ဒါပေ မယ့်သူတို့မိသားစုကိစ္စ၊ အလုပ်ကိစ္စ တွေကြောင့် မအားမလပ်များနေတဲ့ အတွက် သူတို့နဲ့တွေ့ဖို့ကို အချိန် ပေးပြီး စောင့်ပါ။
စနေ နာမည်ရှင်တွေလည်း အကျိုးပေးပါတယ်။ ဒါပေမယ့် သူ တို့အလုပ်ကိစ္စနဲ့ခရီးသွားလာမှုများ တဲ့အခါ ကိုယ်ကစိတ်ရှည်လက်ရှည် နဲ့သွားတွေ့့ပါ။
ကျန်တဲ့ နာမည်ရှင်တွေက တော့ခင်ဖို့ကောင်းကြပေမယ့် စီး ပွားစပ်ရင် အကူအညီတောင်းရင် မဖြစ်နိုင်တော့ပါဘူး။
(၅) ဂဏန်းကို သတိထားပြီး အလုပ်လုပ်ပါ။
ရှောင်ဖို့တွေကတော့ မြေကိစ္စ၊ အမွေကိစ္စနဲ့ဆိုင်တာတွေ၊ ခရီးသွား လုပ်ငန်း၊ အလှအပလုပ်ငန်း၊ အနု ပညာနဲ့ဆိုင်တဲ့လုပ်ငန်း၊ ကားလုပ် ငန်း၊ ကျောက်လုပ်ငန်းတွေ ဒီနှစ်မှာ မှစပြီးလုပ်မယ်ဆိုရင် အချိန်အများ ကြီးယူပြီး စဉ်းစားပါ။ လုပ်လက်စ လုပ်ငန်းရှင်တွေတောင် ဒီလိုအ သက်အပိုင်းအခြားမျိုးမှာ အထစ် အငေါ့တွေရှိနေတတ်လို့ နံသင့်အ ကျိုးပေးသူတွေနဲ့ တိုင်ပင်ပြုလုပ်ရ ပါလိမ့်မယ်။
ကျန်းမာရေးကောင်းဖို့က ခြေ ခဏခဏအအေးခံခြင်းကို အထူး သတိထားပါ။ ပန်ကာလေ လွန်ကဲ စွာခံခြင်း ရှောင်ပါ။ ခေါင်းမူးစာ၊ ရင် ပြည့်စာများရှောင်ပါ။ လမ်းလျှောက် ပေးပါ။ အများနဲ့စုပေါင်းလုပ်ရတဲ့ လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ နေ့စဉ် မပျက် တတ်နိုင်သမျှ အာနာပါနရှု မှတ်ပါ။ စိတ်ကျန်းမာရေးမကောင်း သူများနဲ့ဆုံတိုင်းလှူပေးပါ။
လူမှုရေးအတိုက်အခံများနေ ရင် ဘုရားစေတီကို သွားပါ။ အင်္ဂါ၊ သောကြာထောင့်များမှာ နှုတ်က ၂၄ ပစ္စည်းမပျက်ရွတ်ပြီး တံမြက် စည်းလှည်း အမှိုက်ရှင်းပါ။ မကြာ ခဏပြုလုပ်ပါ။ လူမှုရေးအကျိုးပြု လုပ်ငန်းတွေ ပြုလုပ်တဲ့အခါ မလို လားအပ်တဲ့လူမှုရေးအရှုပ်အရှင်း တွေရှောင်ပါ။ ခရီးသွားရင် လူမှုရေး ကိစ္စတွေမပါလာပါစေနဲ့။
အိမ်တွင်းရေးအဆင်ပြေဖို့က မိသားစုကို စိတ်ဝမ်းကွဲသွားစေနိုင် တဲ့စကားအရှုပ်အရှင်းများတတ်သူ များကို ညအိပ်လက်မခံပါနဲ့။ ရပ်နေ တဲ့စက်ပစ္စည်းအဟောင်းများ လည် ပတ်အောင်ပြုလုပ်ပါ။ အိမ်ဟောင်း မှသွပ်ဟောင်း၊ သံဟောင်း၊ ပျဉ် ဟောင်း၊ အုတ်ဟောင်းများ လုံးဝ ဝင်မလာပါစေနဲ့။ မလိုလားအပ်တဲ့ အဆောင်၊ လက်ဖွဲ့တွေလည်း ဝင် မလာပါစေနဲ့ခိုက်တတ်ပါတယ်။
နိုင်ငံခြား သင်္ဘောလိုက်ဖို့က 'ရွှေ' ဘွဲ့အမည်ရှိတဲ့ ဘုရားကိုသွား ပြီး ဂြိုဟ်ရှစ်ခွင်လုံးမှာရှိတဲ့ ရုပ်ပွား တော်တိုင်းကို ရေသပ္ပာယ်ပါ။ နှုတ် က (၂၄) ပစ္စည်းကို မပျက်ရွတ်ပြီး သပ္ပာယ်ပါ။ အကြိမ်ကြိမ်သွားပြီး သပ္ပာယ်ပါ။ B,P,M အက္ခရာနဲ့စတဲ့ ကုမ္ပဏီ၊ သင်္ဘောတွေဖြစ်နေရင် (၂) ကြိမ်ခက်ခဲပြီးမှ ထွက်ရပါလိမ့် မယ်။
ပညာရေးကံ ကောင်းနေပါ တယ်။ ကြိုးစားလေအောင်မြင်လေ နှစ်ဖြစ်ပေမယ့် ဘေးစကားကြောင့် မခံချင်စိတ်တွေဖြစ်ပြီး မလိုလားအပ် တဲ့လူမှုရေးအရှုပ်အရှင်းတွေ မဖြစ် ဖို့ရယ် အိပ်ရေးအပျက်ခံလွန်းပြီး စာမကျက်ချင်လောက်အောင် မဖြစ် ဖို့ရယ်ဂရုစိုက်ပါ။
ရာထူးတိုးရှိပါတယ် တိုးပြီးရင် အပြောင်းအရွှေ့ရှိပါတယ်။ ဘုရား စေတီကို မကြာခဏသွားပြီး ဂြိုဟ် ရှစ်ခွင်လုံးမှာရှိတဲ့ ရုပ်ပွားတော်မြတ် များကို ရေသပ္ပာယ်ပါ။ အကြိမ်ကြိမ် ပြုလုပ်ပါ။ ရာထူးတိုးဖြေမယ်ဆိုရင် ရုပ်ပွားတော်တစ်ဆူဆူကိုရွှေသင်္ကန်း ကပ်လှူပြီးမှသွားပါ။
ချစ်တတ်သူတွေ ကတော့ မျက်နှာပွင့်လွန်းတဲ့နှစ် ဖြစ်နေပါ တယ်။ သက်ဆိုင်သူအပေါ်မှာသစ္စာ ရှိပါကိုယ်ချင်းစာပါ။ စိတ်ကူးပေါက် တိုင်း စကားကို ကြမ်းတမ်းခက်ထန် စွာမပြောပါနဲ့။ စိတ်ကျန်းမာရေးမ ကောင်းသူများနဲ့တွေ့တိုင်း လှူပေး ပါ။
လုပ်ငန်းစတင်ဖို့က တနင်္လာ နေ့မနက်(၇)နာရီတိတိဖြစ်ပါတယ်။
တစ်နှစ်လုံး ကုသိုလ်ပြုဖို့က မနက်မိုးလင်းတိုင်း ဘုရားရှင်ကို မျက်နှာသစ်တော်ရေ၊ သောက်တော် ရေကပ်လှူပူဇော်ပါ။ ပဋ္ဌာန်းပရိတ် တော်များကိုဖွင့်ပြီး နာယူပူဇော်ပါ။ ကိုယ်တိုင်လည်း ရွတ်ပါ။ ဘုရားရှင် ကို ဗုဒ္ဓဟူးနံအာဟာရဆွမ်းများနဲ့ မကြာခဏပူဇော်ပါ။ လပြည့်နေ့ တိုင်း ဓာတ်ကြီးလေးပါး ဆွမ်းတော် ကပ်ပါ။ စိတ်ကျန်းမာရေးမကောင်း သူများကို တမင်ရှာဖွေပြီး ငွေ၊ အာ ဟာရဒါနမကြာခဏပြုပါ။
အကြောင်းကြီးငယ် ရှိရင် ဘုရားမှာရွက်လှတွေဝေနေအောင် ပူဇော်ပြီး ဂုဏ်တော်ကိုးပါးကို (၂၇) ခေါက်ရွတ်ပါ။ ပြီးမှလိုရာသွားပါ။
ထီကံကောင်းဖို့က ဗုဒ္ဓဟူး၊ တနင်္လာ၊ စနေ၊ တနင်္ဂနွေနာမည်ထီ ဆိုင်များ ၄၊ ၈၊ ၂၊ ၇၊ ၁ ဂဏန်းများ ကံစပ်နေပါတယ်။

သောကြာသားသမီးများ
အသက် ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉၊ ၉၇၊ ၁ဝ၅ ဆိုတဲ့ နှစ်တွေရောက်နေပြီဆို ရင်-
အောင်မြင်လိုတဲ့ဘယ်ကိစ္စကို မဆို အင်္ဂါနာမည်ရှင်များနဲ့ တိုင်ပင် ပါ။ အကြံဉာဏ်ယူပါ။
တနင်္လာနာမည်ရှင်လည်း အ ကျိုးပေးပါတယ်။ ဒါပေမယ့် သူ့မှာ အလုပ်များလွန်းနေတဲ့အခါ သူချိန်း သလို ကိုယ်က ရောက်အောင်သွား ပါ။ တစ်ခါတစ်ခါ လွဲချော်တတ်ပေ မယ့် ရအောင်တွေ့ပါ။
သောကြာ နာမည်ရှင်တွေ လည်းအကျိုးပေးပါတယ်။ ဒ

Address

114, Seinyati Street, Yatanarkyun Avenue Northokkalapa 09420587956
Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:45 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959420587956

Website

Alerts

Be the first to know and let us send you an email when Thurizza Magazine - သူရဇ္ဇမဂ္ဂဇင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share