Myat kyaw lwin phyo

Myat  kyaw lwin phyo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat kyaw lwin phyo, News & Media Website, Yangon.

ကာချုပ်သတိပေးပြီ …
27/03/2023

ကာချုပ်သတိပေးပြီ …

အလူးအလဲ ခံနေရတဲ့ တရုတ်နိုင်ငံ*****************************တရုတ်နိုင်ငံကဆေးရုံတွေမှာ ကိုဗစ်လူနာတွေ အသစ်ထပ်လက်မခံနိုင်တော့...
27/12/2022

အလူးအလဲ ခံနေရတဲ့ တရုတ်နိုင်ငံ
*****************************
တရုတ်နိုင်ငံကဆေးရုံတွေမှာ ကိုဗစ်လူနာတွေ
အသစ်ထပ်လက်မခံနိုင်တော့တဲ့အပြင် နာရေး
လုပ်တဲ့သုသာန်တွေမှာလည်း အလောင်းတွေ
မပြတ်ရောက်လာနေတယ်လို့ ဆိုပါတယ်။
-
အရေးပေါ်ဌာနရောက်လာသူတွေဟာ ဆက်လွှဲ
စရာ လူနာကုသရေးအခန်းမရှိတော့သလို ပုဂ္ဂ
လိကဆေးရုံတွေမှာ ပုံမှန်ထက် ၃ဆ တိုးလာနေ
တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။
-
ကျန်းမာရေးဝန်ထမ်းအားလုံး ကိုဗစ်ကူးစက်ခံထား
ရပြီး ထက်ဝက်ဟာ အလုပ်မဆင်းနိုင်ကြတော့ဘူး
လို့ဆိုပါတယ်။
-
လုပ်သက်နှစ် ၃၀ ရှိတဲ့ ဆရာဝန်တစ်ဦးကတော့
ယခုလို မနိုင်မနင်းအခြေအနေမျိုးကို သူ့သက်
တမ်းတစ်လျောက် မကြုံခဲ့ဘူးဖူးလို့ ဆိုပါတယ်။
-
လက်ရှိကိုဗစ်ပိုးဟာ အသက် ၇၀ ကျော်တွေမှာ
အဖြစ်များနေပြီး အသက် ၆၀ ကျော် တရုတ်
လူကြီး ၂၃.၈ သန်းဟာ ကိုဗစ်ကာကွယ်ဆေး
တစ်လုံးမှ မထိုးကြရသေးတဲ့အတွက် မကြာခင်
လူကြီးတွေ သောင်းချီ thayကြရမယ်လို့ ခန့်မှန်း
နေကြပါတယ်။
-
ဂျပန်နဲ့ စင်္ကါပူမှာရှိတဲ့ တရုတ်တွေဟာ ဆေးတွေ
ကို အများအပြားဝယ်ပြီး တရုတ်နိုင်ငံကို ပြန်ပို့
နေတဲ့အတွက် အစိုးရတွေက ဆေးရောင်းချမှုကို
ထိန်းချုပ်နေတာ တွေ့ရပါတယ်။
-
အိန္ဒိယ ကိုဗစ်ဆေးကို ဝယ်ယူစုဆောင်းနေတဲ့
မှောင်ခိုစျေးကွက်ကြီးလည်း တရုတ်နိုင်ငံမှာ
​ပေါ်ထွန်းလာပါတယ်။
-
တို့ရွှေမြန်မာတွေ သတိထားဖို့ပါ ။

HTMS Sokhothai (FS 442) နစ်မြုပ်ခြင်းထိုင်းရေတပ်၏ Ratanakosin အတန်းအစား ကော်ဗက် စစ်ရေယာဉ် HTMS Sokhothai (FS 442) သည် Pr...
19/12/2022

HTMS Sokhothai (FS 442) နစ်မြုပ်ခြင်း

ထိုင်းရေတပ်၏ Ratanakosin အတန်းအစား ကော်ဗက် စစ်ရေယာဉ် HTMS Sokhothai (FS 442) သည် Prachuap Khiri Khan ကမ်းခြေမှ (၃၂) ကီလိုမီတာအကွာ ထိုင်းပင်လယ်ကွေ့အတွင်း မုန်တိုင်းကြောင့် ရာသီဥတုဆိုးရွားစဉ် ယမန်နေ့ညက နစ်မြုပ်ခဲ့ရသည်။ နစ်မြုပ်စဉ် လှိုင်းအမြင့် ၃ မီတာ (၁၀ ပေ) ခန့်ရှိနေကြောင်း တွေ့ရသည်။

ရေယာဉ်အဖွဲ့သား (၁၀၆) ဦးအနက် (၇၅) ဦးအားကယ်တင်နိုင်ပြီး (၃၁) ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ (၁၀) ဦးအား Pataravarin 88 ဆီတင်ရေယာဉ်က ကယ်တင်နိုင်ခဲ့ပြီး (၁) ဦးမှာ ကွယ်လွန်သွားပြီ ဖြစ်သည်။ ကျန် (၉) ဦး၏ အခြေအနေမှာ ဆိုရွားသည်ဟု သိရှိရသည်။

ထိုင်းရေတပ်မှ ဖရီးဂိတ်များဖြစ်သော HTMS Ang Thong ၊ HTMS Bhumibol နှင့် HTMS Kraburi (၃) စီးတို့နှင့် ရဟတ်ယာဉ် (၂) စီးတို့က ကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိသည်။

HTMS Sokhothai သည် ၁၉၈၄ မှ ၁၉၈၆ ခုနှစ်များအတွင်း အမေရိကန်တွင် တည်ဆောက်ခဲ့သည့် Ratanakosi အတန်းအစား ကော်ဗက် (၂) စီး အနက် တစ်စီး ဖြစ်သည်။ ၎င်း၏သက်တမ်းမှာ နှစ်ပေါင်း (၄၀) နီးပါးရှိနေပြီ ဖြစ်သည်။

ရေယာဉ်သည် တန်ချိန် (၉၆၀) ရှိပြီး အလျား (၇၆.၈) မီတာရှိကာ ရေစူးမှာ (၄.၅) မီတာ ရှိသည်။ တပ်ဆင်ထားသော လက်နက်များမှာ
- ၇၆/၆၂ မမ ပင်မအမြောက် တစ်လက်
- ၄၀ မမ (၂) လက်တွဲ အမြောက် တစ်လက်
- ၂၀ မမ အော်လီကွန် အမြောက် နှစ်လက်
- ဟာပွန်း ဒုံးပျံ (၈) လက်
- မြေပြင်မှ ဝေဟင်ပစ် Albatross ဒုံးပစ်လောင်ချာ (၈) လက်နှင့်
- တော်ပီတိုပြွန် ၆ ခု တပ်ဆင်ထားသည်။

Source:
(1) Rescue operation after Thai navy ship sinks off the coast, Sky News
(2) One HTMS Sukhothai crew member dies, 21 still missing, The Nation

17/12/2022

၂၄-၁၂-၂၀၂၂ ရက်နေ့တွင်
(၇၅)နှစ်ပြည့်မြောက်မည့် စိန်ရတု တပ်မတော်(ရေ)
နှစ်ပတ်လည်နေ့ ဂုဏ်ပြုဇာတ်လမ်းတွဲ
-
' ကြယ်ညွှန်ရာသစ္စာ' အား
MRTV၊ MWD နှင့် Sky Net တို့တွင်
၁၈-၁၂-၂၀၂၂ ရက်နေ့မှ ၂၄-၁၂-၂၀၂၂ ရက်နေ့ထိ
နေ့စဉ်ထုတ်လွှင်ပြသသွားပါမည်။
-
ဖြစ်ရပ်မှန်များအားအခြေခံထားပြီး
ပင်လယ်ပြင်အလှအပရှုခင်းများ၊ ကျွန်းများ၏
သဘာဝအလှများ၊ ကန်းရိုးတန်းနေပြည်သူလူထု၏
နေထိုင်မှုဘဝပုံရိပ်များအား‌ပေါ်လွင်စွာ ဇာတ်အိမ်
ကျယ်ကျယ်ဖြင့် ရသမြောက် အချိတ်အဆက်မိမိ
အပိုင်း(၁၂)ပိုင်းဖြင့် ပုံဖော် ထားသည့်အတွက်
စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

#ကြယ်ညွှန်ရာသစ္စာ

ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရဲထွန်းနောင် က ၇၀ ကီလိုတန်းတွင် တတိယဆု ရရှိ။ -ရဲထွန...
14/12/2022

ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု
အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ
ရဲထွန်းနောင် က ၇၀ ကီလိုတန်းတွင်
တတိယဆု ရရှိ။
-
ရဲထွန်းနောင်အနေဖြင့် ၃၁ ကြိမ်မြောက်
ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိထားသူ
တဦးလည်းဖြစ်။

ယနေ့ 13.12.2022 စက်သုံးဆီစျေးကျMyanmar Update News #ယနေ့စက်သုံးဆီစျေး ( ygn )13.12.2022လီတာ/ကျပ်92. 1795 ( - 10 )95. 188...
13/12/2022

ယနေ့ 13.12.2022 စက်သုံးဆီစျေးကျ
Myanmar Update News

#ယနေ့စက်သုံးဆီစျေး ( ygn )
13.12.2022

လီတာ/ကျပ်
92. 1795 ( - 10 )
95. 1885 ( - 10 )
Diesel. 2130 ( - 55 )
P D. 2205 ( - 55 )

Full Honor for Xi*****************ဆော်ဒီအာရေးဗီးယားဟာ အထူးဧည့်သည်တော် Xi ကို အထူးတလည်ကြိုဆိုတဲ့ အခမ်းအနားပုံစံမျိုးနဲ့ တ...
12/12/2022

Full Honor for Xi
*****************
ဆော်ဒီအာရေးဗီးယားဟာ အထူးဧည့်သည်တော်
Xi ကို အထူးတလည်ကြိုဆိုတဲ့ အခမ်းအနားပုံစံ
မျိုးနဲ့ တခမ်းတနား ကြိုဆိုခဲ့ပါတယ်။
-
ဆော်ဒီလေပိုင်နက်ထဲ တရုတ်သမ္မတလေယာဉ်
ဝင်လာတာနဲ့ တော်ဝင်လေတပ်က တိုက်လေယာဉ်
၄ စီးဟာ စီးကြိုပြီး ဘေးကခြံရံစောင့်ရှောက်ကာ
လေဆိပ်ဆင်းသည်အထိ လိုက်ပါခဲ့ကြပါတယ်။
-
Xi လေယာဉ်ပေါ်က ဆင်းချိန်မှာတော့ လေယာဉ် ၇
စီးထိသုံးကာ တရုတ်အလံအရောင်ဖြစ်တဲ့ အနီနဲ့အဝါ
ရောင်တွေနဲ့ ကောင်းကင်ကို အရောင်ခြယ်ကာ ဂုဏ်ပြု
ကြိုဆိုခဲ့ကြပါတယ်။
-
ဆော်ဒီဟာအရင်က ဒီလိုပုံစံမျိုးကို အမေရိကန်သမ္မတ
လာရောက်ချိန်မှာ ကြိုဆိုခဲ့ဖူးတာကြောင့် အမေရိကန်
နေရာမှာ တရုတ်ကို အစားထိုးလိုက်ပြီလို့ သုံးသပ်သူတွေ
က ဆိုကြပါတယ်။
-
သဘောတူညီချက်များစွာချမှတ်နိုင်ခဲ့တဲ့အတွက် Xi ရဲ့
ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါ
တယ်။


ရိုနယ်လ်ဒို ထက်ပိုခုန်ခဲ့တဲ့ အန်နက်စရီ***********************************ပေါ်တူဂီနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာမော်ရိုကို ...
12/12/2022

ရိုနယ်လ်ဒို ထက်ပိုခုန်ခဲ့တဲ့ အန်နက်စရီ
***********************************
ပေါ်တူဂီနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာမော်ရိုကို
တိုက်စစ်မှူး အန်နက်စရီဟာ သွင်းဂိုးရရှိဖို့
2.78 မီတာ ခုန်ပြီး ခေါင်းတိုက်ခဲ့တာပါ။
-
ဒီအမြင့်ဟာ ဆမ်ဒိုးရီးယားဘက်ကို ခေါင်းခုန်
တိုက်ပြီး ဂိုးသွင်းခဲ့တဲ့ ရိုနယ်လ်ဒို (2.56 မီတာ)
ထက် 22 စင်တီမီတာ ပိုမြင့်ခဲ့တာ ဖြစ်ပါတယ်။
-
ဝမ်းနည်းစရာကောင်းတာကတော့ ဒီသွင်းဂိုး
အကြောင်း ဘယ်မီဒီယာမှ တခုတ်တရ ဖော်ပြ
ခြင်းမရှိခဲ့ပါဘူး။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myat kyaw lwin phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat kyaw lwin phyo:

Share