01/12/2025
ဟဲဗီးဝိတ်ချန်ပီယံ Tom Aspinall က အင်္ဂလန်ပြန်ရောက်လာပေမယ့် အခုထိ လေ့ကျင့်ခန်းမဆင်းရသေးဘူးတဲ့။ အထူးကုဆရာဝန်တွေက တားထားလို့ပါ။ မျက်လုံးခွဲစိတ်ရဖို့ အလားအလာရှိတယ်တဲ့။ မျက်လုံးက တော်တော်ဆိုးသွားတာပဲ။ ဖြစ်တာပဲ ကြာလှပြီ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
တိကျမှန်ကန်တဲ့ အရည်အသွေးမြင့် သတင်းဆောင်းပါးတွေကို ဖတ်ရှုနိုင်တဲ့ Myanmar Fight Edition
U Tun Lin Chan Street, Hledan, Kamayut Township
Yangon
11041
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |
Be the first to know and let us send you an email when Myanmar Fight Edition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Send a message to Myanmar Fight Edition:
ကျွန်တော်က ဘောက်ဆင်၊ MMA ၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ရတာ အရသာတွေ့တယ်။ မြန်မာဘာသာနဲ့ ရေးထားတဲ့ Page တွေကို ရှာဖတ်ကြည့်တော့ အများစုက သတင်းရင်းမြစ် မခိုင်လုံတဲ့ အရေးအသားတွေ၊ ဝါကျဖွဲ့စည်းပုံနဲ့ သဒ္ဒါမမှန်တဲ့ စာကြောင်းတွေ၊ တစ်ဖက်ပိတ်အစွဲနဲ့ ဘက်လိုက်ရေးထားတဲ့ ဆောင်းပါးတွေအပြင် Clickbait ဆန်တဲ့ သတင်းခေါင်းစီးတွေပဲ တွေ့နေရတယ်။ သူများကို ဖောင်းထုတာ မဟုတ်ဘဲ ကိုယ်မကြိုက်တာကို ရင်ဖွင့်တဲ့သဘောပါ။ အနှစ်သာရရှိတဲ့ ဆောင်းပါးတွေကို ဇိမ်ယူပြီး ဖတ်ချင်တဲ့ ဝါသနာတူတွေအတွက် Myanmar Fight Edition ကို လုပ်ဖြစ်ခဲ့တာ။
ကစားသမားရဲ့အကြောင်းကို ရေးမယ်ဆိုရင် သူ ထိုးခဲ့တဲ့ပွဲတွေကို YouTube မှာ Download ဆွဲရတယ်။ အဲဒါက အနည်းဆုံး (၁၅,၀၀၀) ကျပ် ကုန်ပါတယ်။ ပြီးရင် မပျင်းမရိနဲ့ တစ်နေကုန် ထိုင်ကြည့်ရတယ်။ ပွဲစဉ်တိုင်းမှာ သုံးသပ်ချက်တွေ ထည့်ရေးရတယ်။ သူ့အကြောင်းတွေကို ရှာဖတ်ရတယ်၊ သူနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို YouTube မှာ လိုက်ကြည့်ရတယ်။ သတင်းရင်းမြစ် (၃၀) လောက်ကို ပေါင်းစုပြီး ရေးရတာ။ ညလုံးပေါက်ရော။ အဲဒီစာသားတွေထဲမှာ ခုနက ဗီဒီယိုကြည့်ပြီး ရေးထားတဲ့ ပွဲစဉ်သုံးသပ်ချက်တွေကို ပြန်ထည့်ရတယ်။ နားမလည်တဲ့ အကြောင်းအရာတွေကို သက်ဆိုင်ရာပညာရှင်တွေဆီမှာ ထပ်မေးရပါတယ်။
သုံးသပ်ချက်တွေ ဖတ်ပြီးတဲ့နောက်မှာ ဗီဒီယိုကြည့်ရအောင်လို့ YouTube နဲ့ လင့်ခ်ချိတ်ပေးလိုက်တယ်။ Facebook နဲ့ လင့်ခ်ချိတ်ပေးလိုက်ရင် ပိုလွယ်ပေမယ့် စာဖတ်သူတွေကို ကြည်လင်ပြတ်သားတဲ့ Full HD Resolution နဲ့ ကြည့်စေချင်လို့ပါ။ YouTube နဲ့ ဒီအတိုင်းချိတ်ပေးလိုက်ရင် လင့်ခ်တွေက ရှည်တော့ မျက်စိရှုပ်မှာစိုးလို့ Bitly နဲ့ လင့်ခ်ချုံ့လိုက်ပါတယ်။ ဆောင်းပါးနဲ့ ကိုက်ညီတဲ့ ပုံတွေကို ပြန်ရှာရတယ်။ စာဖတ်သူတွေ မျက်စိပသာဓဖြစ်အောင် ဓာတ်ပုံတွေကို Square Size နဲ့ ပြန်ပြင်ရပါတယ်။ နောက်ဆုံးမှာ စာလုံးပေါင်းသတ်ပုံကို အနည်းဆုံး (၅) ခေါက် ပြန်စစ်ပါတယ်။ ဆောင်းပါးမှာ Space ပိုနေရင်တောင် ကျွန်တော်က မကြိုက်ပါဘူး၊ အစအဆုံးပြန်ပြင်ပါတယ်။ စိတ်တိုင်းကျပြီဆိုမှ တင်လိုက်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ဖြစ်မြောက်ဖို့က မလွယ်ပါဘူးလို့ ဆိုလိုချင်တာပါ။ မျက်ရည်ချူပြတာ မဟုတ်သလို ကြွားလုံးထုတ်တာလည်း မဟုတ်ပါဘူး။ ကာယ၊ ဉာဏစိုက်ထုတ်အားတွေကို ထည့်မပြောသေးပါဘူး။ ဖုန်းဘေလ်တင် အနည်းဆုံး (၃၀,၀၀၀) ကျပ် ကုန်မှ ဆောင်းပါးဖြစ်လာပါတယ်။ ကစားသမားအကြောင်းကို ရေးမယ်ဆိုရင် သူတို့ပွဲတွေ ပြန်ကြည့်ရလို့ ကုန်တာပါ။ အလုပ်အဆင်ပြေနေရင် မသိသာဘူးပေါ့။ Coronavirus ကြောင့် ကျွန်တော်လည်း ဝင်ငွေလျော့လာတယ်။ ဖုန်းဘေလ်နဲ့ဆိုရင် ရေရှည်မရပ်တည်နိုင်ဘူးဆိုတာ နားလည်လာမှပဲ ဝိုင်ဖိုင်တပ်လိုက်ပါတယ်။ဆောင်းပါးတွေကို ကြိုက်တယ်လို့ Comment မှာ ရေးသွားရင် အားရှိသွားပါတယ်။ အပျော်တမ်းရေးတာဆိုတော့ အကျိုးအမြတ်ခံစားခွင့် မရှိပေမယ့် ပီတိဖြစ်တာ အမှန်ပါပဲ။
အခုလည်း Video Content လုပ်ချင်နေတာ၊ ကင်မရာက စျေးကြီးလို့ လက်တွန့်နေရတယ်။ Video Editing ကိုတော့ လေ့လာလိုက်ပါဦးမယ်။ ကင်မရာဝယ်နိုင်တဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင်လို့ပါ။ Myanmar Fight Edition မှာ ပြီးပြည့်စုံတဲ့ တင်ဆက်မှုမျိုးတွေကို မကြာခင်မှာ မြင်ရတော့မှာပါ။ ကျွန်တော့်ဘက်ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပိုကောင်းအောင် ကြိုးစားသွားပါ့မယ်။ စာဖတ်သူတွေရဲ့ အမြင်တွေကို သိရအောင် Comment တွေကို သေချာဖတ်ဖြစ်ပါတယ်။ ဘောက်ဆင်၊ MMA ၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ စတဲ့ Combat Sports ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို Message Box ဒါမှမဟုတ် Comment Box မှာ ရေးနိုင်ပါတယ်။ သာယာတဲ့ နေ့ရက်လေး ဖြစ်ပါစေ။