Yan Aung Sarpay - 2

Yan Aung Sarpay - 2 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Aung Sarpay - 2, Book & Magazine Distributor, No 12 kyaw thu 25 Street South okkalapa yangon, Yangon.

လမ်းတချို့ အရာတွေမှာကျမ တွေဝေခဲ့ဖူးတယ်ဘာကြောင့်တွေဝေလဲပေါ့နှလုံးသားနဲ့ စဉ်းစားရင်း ငဲ့ညှာရမှာတွေကိုလှည့်ကြည့်ရင်းကိုယ်မရ...
20/02/2025

လမ်း

တချို့ အရာတွေမှာကျမ
တွေဝေခဲ့ဖူးတယ်

ဘာကြောင့်တွေဝေလဲပေါ့

နှလုံးသားနဲ့ စဉ်းစားရင်း
ငဲ့ညှာရမှာတွေကိုလှည့်ကြည့်ရင်း
ကိုယ်မရှိရင်မဖြစ်ပါဘူးလေလို့တွေးရင်း
ဝေဝေဝါးဝါးလမ်းတွေလျောက်နေမိတယ်

လျောက်တော့လျောက်နေတာပဲ
ပန်းတိုင်ဆိုတာဘယ်မှာလဲ

ရောက်တော့ရောက်နေတာပဲ
လိုချင်တဲ့ နေရာမဟုတ်ခဲ့

သူတို့ကိုယ့်ကိုလိုအပ်လိမ့်မယ်လေဆိုတဲ့
ဘဝင်လေဟပ်တဲ့ ကျမအမှားပဲ

လိုရင်သုံးဖို့ အဆင်သင့်နေခဲ့မိလို့
ရှက်မိပါရဲ့

ဘာလုပ်သင့်လဲ

ရပ်နေလိုက်တယ် မဆုံးဖြတ်ရဲလို့
ရှေ့မတိုးရဲသလို နောက်လည်းမဆုတ်ဝံပါဘူး

အပြောင်းအလဲတွေအများကြီးဖြစ်တယ်
ပြတ်သားစေဖို့
တွန်းပို့လိုက်သလိုပဲ
လမ်း ........ ဆက်လျောက်အုန်းမယ်

ဒီတစ်ခါတော့
ကိုယ့်စိတ် ကိုယ့်ကိုယ်ဖြစ်ကောင်းပါရဲ့

သီရိမောင်

ကျားဆိုတိုင်း ပြေးနေရအောင်ကျမက ကြောင်လေးတစ်ကောင်မဟုတ်ဘူး…..ခြင်္သေ့ဆိုတိုင်း ရှောင်ရအောင်လည်းယုန်လေးတစ်ကောင်မဟုတ်ခဲ့ဘူး…...
24/08/2024

ကျားဆိုတိုင်း
ပြေးနေရအောင်
ကျမက ကြောင်လေး
တစ်ကောင်မဟုတ်ဘူး…..

ခြင်္သေ့ဆိုတိုင်း
ရှောင်ရအောင်လည်း
ယုန်လေးတစ်ကောင်
မဟုတ်ခဲ့ဘူး……

မီးဆိုတိုင်းလဲ ပြာမကျဘူး
ကျမကစက္ကူဘူးလေးမှ
မဟုတ်တာ…..

မုန်တိုင်းဆိုတိုင်းလဲ
လွင့်မယ်မထင်နဲ့
ကျမကအတင့်ရဲတဲ့
ပန်းတစ်ပွင့်ပါ…..

အခက်အခဲတွေကို
ရှောင်လွဲဖို့ထက်
ဖြေရှင်းဖို့ပဲတွေးတတ်သလို
လာမဲ့ဘေးလည်း ပြေးတွေ့ဖို့
ဝန်မလေးတဲ့ သူပါ…..

🎸🎸🎸🎸ညှိလို့မရတဲ့ကီးတွေကြောင့်ခဏတာလွတ်ချထားလိုက်အမှတ်မရှိပြန်ညှိလိုက်နဲ့ ပင်ပန်းလိုက်တာ……မင်းညှိနေတာ ဂစ်တာလေဂစ်တာက ဂစ်တာသ...
12/12/2023

🎸🎸🎸🎸

ညှိလို့မရတဲ့ကီးတွေကြောင့်
ခဏတာလွတ်ချထားလိုက်
အမှတ်မရှိပြန်ညှိလိုက်နဲ့
ပင်ပန်းလိုက်တာ……

မင်းညှိနေတာ ဂစ်တာလေ
ဂစ်တာက ဂစ်တာသံပဲရမှာပေါ့
ဘာတွေထပ်မျှော်လင့်နေတာလဲ
မျှော်လင့်မနေနဲ့ ……

သီရိမောင်

❤️ချစ်ခင်လေးလှစွာသော ဆရာမကြီး’ကြူကြူသင်း’ စုစည်းတင်ပြတဲ့❤️စာရေးဆရာကြီးရန်အောင် အမှတ်တရများ စုစည်းမှု’’ စာအုပ် လေးကို သမီ...
11/12/2023

❤️ချစ်ခင်လေးလှစွာသော ဆရာမကြီး’ကြူကြူသင်း’ စုစည်းတင်ပြတဲ့
❤️စာရေးဆရာကြီးရန်အောင် အမှတ်တရများ စုစည်းမှု’’ စာအုပ် လေးကို သမီးဖြစ်သူ ဒေါနီနီအောင်မှ ဖြန့်ချိခွင့် ရတဲ့ အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်
❤️ဆရာမကြီးနှင့် တကွရေသားသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားပါရစေရှင့် 🙏🙏🙏

နွယ်သခင်✍️✍️✍️✍️✍️✍️✍️နွယ်တပင် အမြစ်တွယ်လေတော့တွယ်ကပ်ရာ နှလုံးသားနံရံတလျောက်တင်းကြပ်ခါ ဆုတ်ထားသလိုပေါ့ရုံးထွက်လို့လဲမရ ရ...
27/05/2023

နွယ်သခင်

✍️✍️✍️✍️✍️✍️✍️

နွယ်တပင် အမြစ်တွယ်လေတော့
တွယ်ကပ်ရာ နှလုံးသားနံရံတလျောက်
တင်းကြပ်ခါ ဆုတ်ထားသလိုပေါ့

ရုံးထွက်လို့လဲမရ ရုံးလဲမထွက်ချင်
ဆွဲနုတ်လို့လဲမရ ဆွဲလဲမနုတ်ချင်
ခွာချလို့လဲမရ ခွာလဲမခွာချချင်

နှလုံးနံရံမှာ တွယ်ညိတဲ့နွယ်တပင်
​ဆွဲနုတ်ခွာကျ ရုံးထွက်ခဲ့လဲ
သေရာပါ ဒဏ်ရာကိုကြည့်
သေသည်အထိ ဝေဒနာ
မခံစားလိုပင်

မေးချင်စမ်းပါဘိ ဘာနွယ်လဲသိချင်
သိလိုက်ပါပြီ နှောင်ဖွဲ့လွန်းတဲ့သခင်

နှလုံးသားကို
​ရစ်ပတ်ထားတဲ့ သွေးကြောမျှင်
သူမရှိရင် နှလုံးသားပင်အသက်မဝင်

အရေးပါတဲ့ သွေးကြောမျှင်
နာမည်ပေးလေးတော့ ပေးလိုက်ချင်
နှောင်ဖွဲ့လွန်းတဲ့ နွယ်သခင်

သီရိမောင်

စာရေးဆရာကြီး ရန်အောင်ရဲ့ အဖေနဲ့ အမေ စာအုပ်ကို စာရေးဆရာကြီးရဲ့သမီးဖြစ်သူ နီနီအောင်က မှတ်တိုင်တစ်ခု အနေနဲ့ ထုတ်ဝေလိုက်ပါတယ...
06/03/2023

စာရေးဆရာကြီး ရန်အောင်ရဲ့
အဖေနဲ့ အမေ စာအုပ်ကို
စာရေးဆရာကြီးရဲ့သမီးဖြစ်သူ နီနီအောင်က
မှတ်တိုင်တစ်ခု အနေနဲ့ ထုတ်ဝေလိုက်ပါတယ်ရှင့်

ဈေးနှုန်း ၈၀၀၀ ပါ

ဆက်သွယ်မှာယူရန် ဖုန်း
095195629
09421036981
09421073173

စာရေးဆရာတွင်းကြီးဝမ်းမောင်ရဲ့ ငတောငလုံး -၆  လေးမှာယူလို့ရပါပြီရှင့်ဆက်သွယ်ရန်ဖုန်း0951956290942173698109421073173
06/03/2023

စာရေးဆရာတွင်းကြီးဝမ်းမောင်ရဲ့

ငတောငလုံး -၆ လေးမှာယူလို့ရပါပြီရှင့်

ဆက်သွယ်ရန်ဖုန်း

095195629
09421736981
09421073173

တနေကုန် အားမရှိ 😔😔😔😔😔😔ရှိုက်သံလိုအင်💊💊💊💊💊💊အသက်ရှူသံတိုင်း မင်းရှိနေဖို့ မလိုအပ်ပေမဲ့ ရှိုက်သံတချက်မှာ မင်းရှိနေမှ အသက်ရှ...
06/03/2023

တနေကုန် အားမရှိ
😔😔😔😔😔😔

ရှိုက်သံလိုအင်

💊💊💊💊💊💊

အသက်ရှူသံတိုင်း မင်းရှိနေဖို့
မလိုအပ်ပေမဲ့

ရှိုက်သံတချက်မှာ မင်းရှိနေမှ
အသက်ရှူ ဝမယ်

စိတ်ဓာတ်ခွန်အား
လူ့စွမ်းအားတွေ

အမြဲအားတွေ
ပြည့်မနေလို့

အားပေးဖော်ဆိုတာ
ဒါပဲထင်တယ်

လိုအပ်တယ်
လက်တဖက်
အပြုံးတချက်
စကားတခွန်းက

ရှိုက်သံရဲ့ အားဆေးတခွက်

သီရိမောင်

အလွမ်းကမ်းခြေသို့📷📷📷📷📷📷အလွမ်းကမ်းခြေသို့အလည်တခေါက်ရောက်သွားတယ်အက်ကွဲနေတဲ့ နှလုံးသားကျောက်ဆောင်ငိုနေလေရဲ့​တစ်စုံတစ်ယောက်က...
07/02/2023

အလွမ်းကမ်းခြေသို့
📷📷📷📷📷📷

အလွမ်းကမ်းခြေသို့
အလည်တခေါက်ရောက်သွားတယ်

အက်ကွဲနေတဲ့
နှလုံးသားကျောက်ဆောင်
ငိုနေလေရဲ့

​တစ်စုံတစ်ယောက်ကိုမျှော်နေတဲ့
အထီးကျန်ခုံလေးက
တိတ်ဆိတ်လို့နေတယ်

ကြေကွဲနေတဲ့
ခရုခွံလေးတွေ
ကောက်သူမဲ့နေတယ်

သဲသောင်လေးကတော့
အားငယ်နေတဲ့ ခရုခွံလေးတွေကို
အဖော်ပြုရင်း
လှိုင်းအလာကိုမျှော်နေတယ်

သူတို့ အလွမ်းတွေကိုကြည့်ပြီး
အမှတ်တရဓာတ်ပုံ ရိုက်ရမှာ
အရမ်းအားနာနေမိတယ်

သီရိမောင်

ငတောငလုံး ဝတ္ထုတိုများ ဆိုတာနဲ့ ၁ ကနေ ၆ အထိ စာဖတ်ပရိတ်သတ်များသိပြီးကြပြီဖြစ်ပါလိမ့်မယ်အခုလည်း ငတောငလုံး -၇ ဘယ်တော့ထွက်မလ...
03/01/2023

ငတောငလုံး ဝတ္ထုတိုများ ဆိုတာနဲ့
၁ ကနေ ၆ အထိ စာဖတ်ပရိတ်သတ်များ
သိပြီးကြပြီဖြစ်ပါလိမ့်မယ်

အခုလည်း ငတောငလုံး -၇
ဘယ်တော့ထွက်မလဲဆိုပြီး
တမေးတည်းမေးနေကြတဲ့
စာပေချစ်သူများအတွက်

စာရေးသူတွင်းကြီးဝမ်းမောင် ရဲ့ရသတွေကို
အမြန်ဆုံးဖတ်နိုင်စေဖို့အတွက်

၂၀၂၃ ဇန်နဝါရီ ၁၅ ရက်ဝန်းကျင်မှာထွက်ရှိဖို

ရန်အောင်စာပေ -၂ က ကြိုးစားနေပါတယ်လို့
သတင်းကောင်းပါးပါရစေ

မှာယူမယ်ဆိုရင်တော့
၀၉၄၂၁၀၃၆၉၈၁
၀၉၅၁၉၅၆၂၉ ကိုသာ ဟယ်လိုလိုက်ပါတော့နော်

၆၅၀၀ ကျပ်နဲ့ ရောင်းပေးနေပါတယ် ဈေးမတတ်သေးပါဘူးမြို့နယ် အလိုက်deli ခရှိပါတယ်ရှင့်
06/09/2022

၆၅၀၀ ကျပ်နဲ့ ရောင်းပေးနေပါတယ်
ဈေးမတတ်သေးပါဘူး
မြို့နယ် အလိုက်deli ခရှိပါတယ်ရှင့်

အချစ် အလွမ်း အဆွေးတွေ စုစည်းထားပါတယ် အပုဒ်ရေ ၁၀၀ ပါပါတယ် သီရိမောင်ရဲ့ ပထမဆုံးစုစည်းထားခြင်းပါတပုဒ် စ နှစ်ပုဒ်စရေးရာကနေ အ...
24/08/2022

အချစ် အလွမ်း အဆွေးတွေ စုစည်းထားပါတယ်
အပုဒ်ရေ ၁၀၀ ပါပါတယ်
သီရိမောင်ရဲ့ ပထမဆုံးစုစည်းထားခြင်းပါ
တပုဒ် စ နှစ်ပုဒ်စရေးရာကနေ
အားပေးကြလို့ အပုဒ်ရေ ၁၀၀ ပြည့် အနေနဲ့
မွေးနေ့ မှာ စာအုပ်လုပ်ဖြစ်ခဲ့ပါတယ်

၂၀၀၀ ကျပ်ပါ

ဖတ်ကြည့်ရင်စွဲငြိသွားစေပါမယ်နော်

နောက်ထပ်တစ်အုပ် လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်

Address

No 12 Kyaw Thu 25 Street South Okkalapa Yangon
Yangon

Telephone

+959421073173

Website

Alerts

Be the first to know and let us send you an email when Yan Aung Sarpay - 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share