ဓမ္မရတနာ

ဓမ္မရတနာ WellCome

ဘဝမှာ ကံဇာတာ အမြဲကောင်းနေချင်ရင် လုပ်ဆောင်ရမည့်အချက်များ….🙏🌹🙏🌹🙏🌹🙏🌹🙏ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်၁။ မနက်မျက်နှာသစ်တဲ့အခါသ ...
26/06/2025

ဘဝမှာ ကံဇာတာ အမြဲကောင်းနေချင်ရင် လုပ်ဆောင်ရမည့်အချက်များ….
🙏🌹🙏🌹🙏🌹🙏🌹🙏

ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်

၁။ မနက်မျက်နှာသစ်တဲ့အခါသ ရဏဂုံကိုရွတ်ဆိုပါမျက်နှာအကြည်ဓာတ်လေးရစေပါတယ်။

၂။ သွားတိုက်တဲ့အခါဂုဏ်တော်ပွါးများပါ။ ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်အပြောအဆိုမှန်သမျှ အောင်မြင်စေပါတယ်။

၃။ သတိရရင်ရသလို မေတ္တသုတ်ရွတ်ပါမေတ္တာပေးတဲ့သူနားမေတ္တာပြန်ပေးသူတွေနဲ့လုံခြုံ နွေးထွေးစေပါတယ်။

၄။ တစ်နေ့(၂)ကြိမ်အနည်းဆုံးသောက်တော်ရေကပ်လှူပါ။ ”၇”ရက်သားသမီးများအေးချမ်းသလိုကိုယ့်ဘဝလဲ အေးချမ်းပါတယ်။

၅။ တစ်နေ့တစ်ကြိမ်မဟာသမယသုတ်ရွတ်ဖြစ်အောင်ရွတ်ပါ။ နတ်တို့ချစ်ခင်စောင့်ရှောက်ပါတယ်။

၆။ တစ်နေ့တစ်ကြိမ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါ။ အကျိုးကျေးဇူး ဧကန်ထူးပါတယ်။

၇။ တစ်နေ့တစ်ကြိမ်ခင်ပွန်းကြီး(၁ဝ)ပါးကို ဝန်ချတောင်းပန်ရှိခိုး။ အပြစ်မှန်သမျှဆင်ခြင်မိစေပါတယ်။

၈။ ငါးပါးသီလကိုလုံခြုံအောင်အတတ်နိုင်ဆုံးစောင့်ထိန်းပါ။ သီလအကျိုးကြောင့်လူ့တန်ဖိုးမြင့်တက်လာပါတယ်။

၉။ မိဘကျေးဇူးကိုအထူးသိတတ်ပါ။ရောက်ရာအရပ်မှာလူချစ်လူခင်ပေါပြီးကူညီစောင်မသူတွေနဲ့တွေ့ရပါလိမ့်မယ်။

၁ဝ။ စိတ်ကောင်းရှိစွာ နေထိုင်ပါ။ စိတ်နောက်ရင်ဘဝကနောက်ပါတယ်

၁၁။ နေ့စဉ်ကုသိုလ်ပညာဥစ္စာထဲက တစ်ခုရဖို့ကြိုးစားပါ။ လူဖြစ်ရတဲ့အခိုက်အတန့်မှာ လူဖြစ်ရကျိုးနပ်စေပါတယ်။

၁၂။တစ်နေ့ကိုအနည်းဆုံး၁၅မိနစ်ခန့် တရားထိုင်ပါ။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိာင်ပါစေ။

🧡🌾🌻


゚viralシ
#ဓမ္မသုတရသစာပေများ #ဘဝ၏ပျော်ရွင်ခြင်း #💞
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #မိသားစုချစ်ခြင်း
#ချစ်ခြင်းမေတ္တာအားလုံးရရှိကြပါစေ🤎🙏
💙🙏
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်❤🌿

25/06/2025

"ဆွမ်းလောင်းလှူခြင်း ၏ အကျိုးတရား "
🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏

မြတ်စွာဘုရား-မှာ"စိန်"၊
ကျောင်း-မှာ"သိမ်"၊ သင်္ကန်း-မှာ "ကထိန်"၊ ဆွမ်း-မှာပိဏ်” -ဆိုပြီး အဆိုရှိပါတယ်။

-"ဘုရား"မှာ"စိန်ဖူးတော်"ဟာ အမြင့်မြတ်ဆုံး၊ -"ကျောင်းအဆောက်အဦးများ"မှာ သာသနာပြန့်ပွားအောင် ဆောင်ရွတ်ပေးနေတဲ့ "သိမ်"က အမြတ်ဆုံး-

"သင်္ကန်း"မှာဆို -တစ်နှစ်မှ တစ်လ-
တစ်လမှတစ်ရက်၊ -တစ်ရက်မှ တစ်ကျောင်း၊ -တစ်ကျောင်းမှာမှ တစ်ကြိမ်သာ ခင်းခွင့်ရတဲ့ "ကထိန်သင်္ကန်း"က အမြတ်ဆုံးဖြစ်သလို -

"ဆွမ်း"မှာလည်း နေ့စဉ် "အာစိဏ္ဏကံ"အမြဲမပြတ် လှူဒါန်းနေတဲ့ "ဆွမ်း"ဟာလည်း အမြတ်ဆုံးဖြစ်ပါတယ်။

ဒါကို - "ပိဏ္ဍပါတ (ပိဏ်တပါတ်) (သို့) နိစ္စဘတ်"လို့ခေါ်ပါတယ်။
(မြန်မာ-လိုပြန်ရင် “သပိတ်၌ ခံရ၍ ရသောဆွမ်း-လို့ ဖွင့်ပါတယ်။)
"နေ့စဉ် နေ့တိုင်း လောင်းလှူတဲ့ အလှူ "ကိုတော့ "ပိဏ္ဍပါတ-ဒါန" (သပိတ်ထဲသို့ ထည့်၍ ဆွမ်းလှူခြင်း) လို့ဆိုပါတယ်။

-"စာရေးတံမဲချပြီးလှူဒါန်းတဲ့ဆွမ်း"ကိုတော့ "မဟာဒုတ်ဆွမ်း"(သလာကဘတ္တ)၊
-"တစ်လမှာ"လဆန်း-(၁)ရက်မှ "လပြည့်"(၁၅)ရက်ထိ "လဆန်းပက္ခ" "လပြည့်ကျော် (၁)ရက်"မှ"လကွယ်"ထိက "လဆုတ် ပက္ခ" ဆိုပြီး-"

တစ်လမှာ"တစ်ကြိမ်"(သို့) "နှစ်ကြိမ်"- လှူဒါန်းတဲ့"ဆွမ်း"ကိုတော့
"ပက္ခိယဘတ္တ"-ဟုခေါ်ဆိုပြီး၊

-"နေ့စဉ်နေ့တိုင်း လောင်းလှူ "တဲ့ "ဆွမ်းဝတ်"ကိုတော့ "ပိဏ္ဍပါတ- ပိဏ်တပါတ်"(သို့မဟုတ်) "နိစ္စဘတ်" လို့ ခေါ်ဆိုပါတယ်။

"မိမိ"အိမ်ရှေ့သို့- - "မြတ်စွာဘုရားရှင်"၏ အလေ့အထဖြစ်တဲ့ "ဆွမ်းခံခြင်း"-အမှု -"အဂ္ဂသာဝက"၊ "မဟာသာဝက"၊ "ပကတိသာဝက"-
အရှင်အမြတ်၏ ထုံးကို နှလုံးမူ၍ -စာသင် -စာချ၊ -တရားဟော ၊ -တရားထိုင်၊ "ပရိယတ္တိဝန်"ကိုဆောင်တော်မူနေကြသော

"သံဃာတော်အရှင်မြတ်များ"၊ -"ပဋိပတ္တိဝန်"ကို ဆောင်တော်မူကြသော "သံဃာတော်"တို့၏ "သပိတ်"ထဲသို့ -ဆွမ်း တစ်ဇွန်း၊ -ဟင်း တစ်ခွက်၊ နေ့စဉ်မှန်မှန်ချက်ပြီး လောင်းလှူမယ်ဆိုရင်,

-ပုဂ္ဂိုလ်စွဲ လည်း ကင်း၊ -စေတနာ လည်း နိုင်နင်း၊ -သဒ္ဓါတရား လည်း ဖြူဝင်းပြီး -စိတ်နိုင်, ကိုယ်နိုင်လှူရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မယ်။




#တရားဓမ္မစာစု_video
#မိန်းမသားတို့ဖတ်ဖို့
#သုတရသစာစုလေးများ
:💝🌿

🙏🙏🙏🙏🙏
24/06/2025

🙏🙏🙏🙏🙏

သီလအကျိုး မြတ်တန်ဖိုး------------------------ဘုရားရှင်လက်ထက် ဘုရားပွင့်စကပေါ့။ ရသေ့ငါးရာဟာ ဟိမဝန္တာကနေ ကောသမ္ဗီပြည်မှာ ဝ...
24/06/2025

သီလအကျိုး မြတ်တန်ဖိုး
------------------------

ဘုရားရှင်လက်ထက် ဘုရားပွင့်စကပေါ့။ ရသေ့ငါးရာဟာ
ဟိမဝန္တာကနေ ကောသမ္ဗီပြည်မှာ ဝါဆိုဖို့ ဆင်းလာကြတယ်။
လမ်းခုလပ်တော အုပ်တစ်ခုထဲက ညောင်ပင်ကြီးတစ်
ပင်ကိုတွေ့တော့ နားကြတယ်။

နားရင်းနဲ့ အကြီးဖြစ်တဲ့ရသေ့က
စဉ်းစားတယ်။ ဒီညောင်ပင်ကြီးဟာ အလွန်ကြီးမားတယ်။ ဒီညောင်ပင်ကြီးမှာ စောင့်တဲ့ရုက္ခစိုးနတ်ကြီးဟာလည်း တန်ခိုးကြီးမှာပဲ။ ငါတို့ခရီး
ဝေးက ဖြတ်သန်းလာကြရတာ ရေ
ငတ်နေကြတယ်။ ရေရအောင် တန်
ခိုးနဲ့လုပ်ပေးရင်ကောင်းမှာပဲ။ ဒီလို
စဉ်းစားလိုက်တော့ စိတ်ထဲကြံစည်
တဲ့အတိုင်း ရုက္ခစိုးနတ်ကြီးက ရေဖန်
ဆင်းပေးတယ်။ နောက်ဆွမ်းအ
တွက်စဉ်းစားလိုက်တော့ ဆွမ်းဖန်
ဆင်းပေးတယ်။ ကြံစည်တိုင်းရတော့
ရသေ့တွေက တယ်တန်ခိုးကြီးတဲ့
ရုက္ခစိုးနတ်ကြီးကို တွေ့မြင်ရရင်
ကောင်းမှာပဲဆိုပြီး စဉ်းစားကြတယ်။
သူတို့တောင်းတစဉ်းစားတဲ့အတိုင်း
ရုက္ခစိုးနတ်ကြီးက ကိုယ်ထင်ပြပါ
တယ်။ ရသေ့တွေက ရုက္ခစိုးနတ်ကြီး
ကိုတွေ့တော့

" ဟာ ရုက္ခစိုးနတ်ကြီး သင်ဟာ
တန်ခိုးအလွန်ကြီးတာပဲ။ တို့ကြံတိုင်း
ကြံတိုင်း ဖန်ဆင်းပေးနိုင်တယ်။
ဘယ်လိုကုသိုလ်ကောင်းမှု့တွေပြု
လုပ်ခဲ့လို့ ဒီလိုတန်ခိုးကြီးတဲ့နတ်ကြီး
လာဖြစ်နေရတာလဲ " လို့မေးတော့
ရုက္ခစိုးနတ်ကြီးက
" ဟာမပြောပါရစေနဲ့ တပည့်
တော်ပြုလုပ်ခဲ့တဲ့ကောင်းမှု့က
မပြောပလောက်ပါ အနည်းငယ်ပါ
ရွက္စရာပါဘုရား "
အဲဒီတော့ရသေ့တွေကလည်း
"ကုသိုလ်ကောင်းမှု့ဟာရှက်စရာမ
ဟုတ်ဘူး။ ပြောသာပြောပါ။"

အတင်းတိုက်တွန်းနေတော့ သူ့
ကုသိုလ်ကောင်းမှု့ကို ပြန်ပြောပြ
တယ်။ သူဟာ အရင်ဘဝတုန်းကသူ
ဆင်းရဲတစ်ယောက်ပါ။ အလုပ်ရှာ
ရင်းနဲ့ အနာတပိဏ်သူဌေးအိမ်မှာ
အလုပ်ရပါတယ်။ နောက်နေ့မနက်
စောစောကြတော့ လယ်ကွင်းထဲအ
လုပ်ဆင်းသွားရတယ်။ အဲဒီနေ့ဟာ
ဥပုသ်နေ့ဖြစ်နေတယ်။ ဥပုသ်နေ့ဆို
ရင် သူဌေးအိမ်မှာ အိမ်သားတွေအား
လုံး ဥပုသ်စောင့်ကြတယ်။ နို့စို့က
လေးကိုတောင် ပါးစပ်ဆေးပြီး စတုမ
ဓု ခွံ့ထားကြသတဲ့။ သူဌေးကအလုပ်
သမားအသစ်ကို အမှတ်ရလို့
" ဒီနေ့ ဥပုသ်နေ့ဆိုတာ ကြိုမပြော
ထားကြဘူးလား" မေးတော့
" ဘယ်သူမှ ပြောမထားပါသူဋ္ဌေး"
ဒါနဲ့သူ့အတွက် ညစာထမင်းချက်ထားခိုင်းလိုက်တယ်။

ဒါနဲ့ အလုပ်သမားဟာ မွန်းတိမ်း
လို့ အလုပ်ကပြန်တက်လာပြီးထမင်း
စားမလို့ ထမင်းစားဆောင်ဝင်တော့
တစ်အိမ်လုံး တိတ်ဆိပ်နေကြတယ်။
ဒီနေ့တော့ တယ်တိတ်လှချည်လား
ပေါ့။ ဒါနဲ့မေးကြည့်တော့ ဒီနေ့ဥပုသ်
နေ့ဖြစ်လို့ အကုန်လုံးဥပုသ်စောင့်ကြ
တဲ့အကြောင်းပြောပြလို့သိရတယ်။
ဒါဆို အလုပ်သမားက
" ဒါဆိုရင် ကျွန်ုပ်လည်း
အခုညနေ
ဥပုသ်စောင့်လို့မရဘူးလား"
အိမ်ကလူတွေက သူဋ္ဌေးကိုမေး
ကြည့်ဦးမယ်ဆိုပြီးမေးကြည့်တော့
နေ့ထက်ဝက် ဥပုသ်ယူလို့ရကြောင်း
သိရသဖြင့် ထမင်းမစားတော့ပဲ
ပါးစပ်စဉ်အောင်ဆေးပြီး ဥပုသ်ယူ
လိုက်တယ်။

ညကျတော့ပြဿနာကတက်
တော့တာပဲ နံနက်ကအလုပ်ကလည်း ပင်ပန်း ညစာလည်းမစားရတော့
လေနာဓါတ်ခံကလည်းရှိဆိုတော့
လေနာရောဂါအပြင်းအထန်ဖြစ်လာ
ပါတယ်။ လေနာရောဂါဖြစ်နေတဲ့အ
ကြောင်း သူဋ္ဌေးကိုအကြောင်းကြား
တော့ ဆေးအဖြစ် စတုမဓူကျွေးပါ
တယ်။ ဒါနဲ့သူကမေးတယ်
" သူဋ္ဌေးတို့ကောစားကြပါသ
လား"
" ငါတို့က ဘာရောဂါမှ မရှိလို့ မ
စားဘူး "
" ဒီလိုဆို ကျွန်တော်လည်းမစား
တော့ဘူး။ သူဋ္ဌေးတို့လို တစ်နေ့လုံး
ဥပုသ်ရတာမဟုတ်ဘူး။ နေ့ထက်
ဝက်လေးစောင့်ရတာ။ စောင့်ရတဲ့အ
ခိုက်အတန့်လေးမှာ အသက်အသေခံ စောင့်ထိန်းတော့မယ်
" ဆိုပြီး မစားဘဲနေတယ်။ဒီလိုနဲ့လေနာက
တိုးတိုးပြီးပြင်းထန်လာကာ နံနက်
အာရုံတက်ချိန်မှာ အလုပ်သမားဟာ
သေဆုံးသွားပါတယ်။

ဒီဘဝကစုတေပြီးနောက် ဒီ
ညောင်ပင်ကြီးမှာ ရုက္ခစိုးနတ်ကြီးလာဖြစ်ရတာပါပဲ။
တပည့်တော်ရဲ့ကုသိုလ်ဟာ ဘာမှမပြောပလောက်ပါ
ဘူး။ နေ့ထက်ဝက်ကလေးစောင့်
ထိန်းခဲ့ရတဲ့ကုသိုလ်အကျိုးသာဖြစ်ပါ
တယ်လို့ ပြန်ပြောပြလိုက်တယ်။

ဒီတော့မှ ရသေ့တွေဟာ
သြော်လောကမှာဘုရားပွင့်
ထွန်းပေါ်ပေါက်နေပါလားလို့သိသွား
ကြတယ်။

ကျမ်းကိုး=ဓမ္မပဒ-၁။ သာမာဝတီ
ဝတ်ထု-၁၃၁။

A Shin Mandala



ဦးမြင့်ခိုင်
https://www.facebook.com/sai.myowin.731?mibextid=ZbWKwL.

အိမ်ကိုပြန်ချင်တဲ့စိတ်ကတော့ တူတူပါပဲ....နော်😐
23/06/2025

အိမ်ကိုပြန်ချင်တဲ့စိတ်ကတော့ တူတူပါပဲ....နော်😐

နမိတ်ဆိုတာတကယ်ရှိတယ်ဂုဏ်ယူပါတယ်သင့်အတွက် အိမ်ဝယ်ဖို့အခုပဲလက်ခံလိုက်ပါ🚕🏠💸💎
23/06/2025

နမိတ်ဆိုတာတကယ်ရှိတယ်
ဂုဏ်ယူပါတယ်
သင့်အတွက် အိမ်ဝယ်ဖို့
အခုပဲလက်ခံလိုက်ပါ🚕🏠💸💎

☸️ လိုက်နာမှတ်သား ဗြဟ္မဝိဟာရတရား လေးပါးမြတ်စွာဘုရားက မိဘတွေကို ဗြဟ္မာနဲ့တူတယ်လို့ ဆိုတဲ့ နေရာမှာ ဗြဟ္မာတွေဟာ ဗြဟ္မဝိဟာရ ...
23/06/2025

☸️ လိုက်နာမှတ်သား ဗြဟ္မဝိဟာရတရား လေးပါး

မြတ်စွာဘုရားက
မိဘတွေကို ဗြဟ္မာနဲ့တူတယ်လို့ ဆိုတဲ့ နေရာမှာ
ဗြဟ္မာတွေဟာ ဗြဟ္မဝိဟာရ နဲ့ နေကြတယ်။
မေတ္တာနဲ့ နေတယ်။
ကရုဏာနဲ့ နေတယ်။
မုဒိတာနဲ့ နေတယ်။
ဥပေက္ခာနဲ့ နေတယ်။

သားသမီးတွေအပေါ် မိဘတွေက သက်ရွယ်နုနယ်
ငယ်စဉ်အခါတုန်းက ဒီကလေးလေးကို ကြီးပွားစေချင်တယ်ဆိုတာ “မေတ္တာ”။

နေမကောင်း ထိုင်မသာ မကျန်းမမာဖြစ်နေတယ်ဆိုရင်
ကျန်းမာစေချင်တာက၊ မကျန်းမာမှုကနေ လွတ်မြောက်စေချင်တာက “ကရုဏာ”။

သူ့ဟာသူ အရွယ်ရောက်လာလို့
ပညာလေးတတ်လာပြီ၊ အလုပ်အကိုင်တွေ ရလာပြီ
ဆိုလို့ ရှိရင် ဝမ်းသာတာ “မုဒိတာ”။

နောက်ဆုံး သူ့ကိုယ်သူ ရပ်တည်နိုင်ပြီ။
ကိုယ်က ဘာမှကြောင့်ကြစိုက်စရာ မလိုတော့ဘူး။
အရွယ်ရောက်ပြီး အိမ်ထောင်ရက်သားကျသွားပြီ
ဆိုတဲ့အခါ “ဥပေက္ခာ”။

ဒီလို ဆိုလိုတာနော်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏

#ပါချုပ်ဆရာတော် #တရားမှတ်စု

အလိမ္မာ စာမှာရှိ "စာအုပ်စာပေ လူ့မိတ်ဆွေ "ဆိုတဲ့အတိုင်းစာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလိုစာအုပ်ဆိုတာလည်း အကောင်းဆုံ...
22/06/2025

အလိမ္မာ စာမှာရှိ "
စာအုပ်စာပေ လူ့မိတ်ဆွေ "ဆိုတဲ့အတိုင်း
စာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလို
စာအုပ်ဆိုတာလည်း အကောင်းဆုံးမိတ်ဆွေပါ။
စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်လို
စာပေအသိုင်းအဝိုင် မြင့်မားနေမှသာလျှင်
နိုင်ငံ လူမျိုး အဖွဲအစည်းအသီးသီးဟာလည်း
တဖြည်းဖြည်းနဲ့ အရည်အသွေးမြင့်မား~~~
တိုးတက်လာပြီး စိတ်နေသဘောထားတွေလည်း
လှပ တင့်တယ်လာနိုင်မှာ ဖြစ်ပါတယ်။
မရေမရ မဖတ်မရတွေ ရှာကြည့်နေမယ့်အစား
အကျိုးမရှိတာတွေ ထိုင်ပြောနေကြမယ့်အစား
ပျင်းရိ ငေးမှိင် ထိုင်ဆွေးနေကြမယ့်အစား~~
အပျော်အပါးတွေနဲ့ အမြဲအချိန်ကုန်နေမယ့်အစား
စာဖတ်နေခြင်းဟာ အကောင်းဆုံးပါပဲ~။
သုတ စာပေတွေက
ဦးနှောက်အရည်အသွေ-း မြင့်မားတိုးတက်ဖို
ထက်မြတ်ပြီး အချက်ကျကျ စဉ်းစားတွေးခေါ်တက်ဖို
အထောက်အကူပေးပါလိမ့်မယ်။
ရသ စာပေတွေက
စိတ်နှလုံးစွမ်းရည် ပြည့်ဝပြီး စိတ်ဓာက်တွေ
ခိုင်မာစေဖို စိတ်သဘောထားတွေနူးညံ့သိမ်မွေ့ဖို
အထောက်အကူပေးပါလိမ့်မယ်။
အတ္တုပ္ပတ္တိစာအုပ်တွေက
ဘဝမှာ အတုယူစရာတွေနဲ့
ရှောင်စရာ ဆောင်စရာတွေကို
စိတ်ဝင်စာဖွယ် လမ်းညွှန်ပြပေးပါလိမ့်မယ်။
ရာဇဝင်နဲ့ သမိုင်းစာပေတွေက
မတုံးစေဖို အလိမ်ညာမခံရစေဖို
အမှားအမှန်ခွဲခြားသိစေဖိုအတွက်~
အံသြဖွယ်ရာ စိတ်ဝင်စားစရာတွေနဲ့
ဖျော်ဖြေ တင်ဆက်ပေးပါလိမ့်မယ်။
ဝတ္ထု / ကဗျာ / အက်ဆေး
ပုံပြင်/ ဟာသ / အချစ် အလွမ်း~စာပေတွေက
စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်းစေဖို
အထီးကျန်မှုက လွတ်မြောက်စေနိုင်ဖို
အမုန်း အာဃာတတွေ လျော့နည်းစေဖို
ယု-တ်မာ ရိုင်းစို-င်းတဲ့သူ မဖြစ်စေဖိုအတွက်နဲ့
သာယာ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာ
စေနိုင်ဖိုအတွက် အထောက်အကူပြုပါလိမ့်မယ်။
စာ ဖတ် ပါ
အတ္တစိတ်တွေ လျော့ချဖိုအတွက်
အတွေးအခေါ်တွေ ထက်မြတ်ဖိုအတွက်
အခက်အခဲကို ရင်ဆိုင်နိုင်ဖိုအတွက်
ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖိုတွက်
တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်စေဖိုအတွက်
တည်ငြိမ် ရင့်ကျက်သူ ဖြစ်လာစေဖိုအတွက်
တစ်ယောက်ထဲ ဖြတ်သန့်းနိုင်ဖိုအတွက်
မိသားစုကြားမှာ နာလည်းမှုတွေရှိဖိုအတွက်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ဖိုအတွက်
အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေ
ဖိုအတွက် စာဖတ်ပါ / မဖြစ်မနေ ဖတ်ပါ~။
စာဖတ်တဲ့သူဟာ
ကန်ရေပြင်လို တည်ငြိမ်လာနိုင်တယ်။
စာဖတ်တဲ့သူဟာ
လဖ္ဘက်ရည်လေးတစ်ခွက်လို
မွှေးရနံ့သင်လာနိုင်တယ်~~။
စာဖတ်တဲ့သူဟာ
မိုးသားတိမ်လေးတွေလို ဖြူစင်လာနိုင်တယ်။
စာဖတ်တဲ့သူဟာ
နေဝင်ဆည်းဆာလေးလို လှပလာနိုင်တယ်။
စာဖတ်တဲ့သူဟာ
ကြယ်စင်လေးတွေလို လင်းလက်လာနိုင်တယ်။
စာဖတ်တဲ့သူဟာ
နပိုလီယံလိုမျိုး ရဲရင့်လာနိုင်တယ်။
စာဖတ်တဲ့သူဟာ
ကိုလံဘတ်လိုမိ်ျုး စွန်းစာရှာဖွေလာနိုင်တယ်။
စာဖတ်တဲ့သူဟာ
မာလာလာလိုမျိုး သတ္တိရှိလာနိုင်တယ်။
စာဖတ်တဲ့သူဟာ
ဗိုလ်ချုပ်အောင်ဆန်လိုမျိုး
နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေလာနိုင်တယ်။
စာဖတ်တဲ့သူဟာ
ဦးသန့်လိုမျိုး ကမ္ဘာကျော်လာနိုင်တယ်။
စာဖတ်တဲ့သူရဲ့ အနာဂတ်ဘဝဟာ
ဘာမဆို ဖြစ်လာနိုင်တယ်~~~
မျော်လင့်ချက်တွေနဲ့ ရှင်သန်နေနိုင်တယ်။
လောကကြီးဆီက လူသားတွေနဲ့
ပတ်ဝန်းကျင်ဆီက စာအုပ်စာပေတွေကနေ
လေ့လာ သင်ယူနေရမယ်။
ဒါ ကြောင့်
အောင်မြင်သူတစ်ယောက်ဖြစ်ဖိုအတွက် စာဖတ်ပါ
လူညံ့တစ်ယောက်မဖြစ်စေဖိုအတွက် စာဖတ်ပါ~။

ခံတွင်းအနံဆိုးတာ ကိုယ်တိုင်တောင် မခံနိုင်လောက်အောင်ပါပဲ။ အထူးသဖြင့် Mask တပ်ထားရင် သိပ်ကို အနံ့ဆိုးပါတယ်။လတ်ဆတ်တဲ့ ဂျင်း...
21/06/2025

ခံတွင်းအနံဆိုးတာ ကိုယ်တိုင်တောင် မခံနိုင်လောက်အောင်ပါပဲ။ အထူးသဖြင့် Mask တပ်ထားရင် သိပ်ကို အနံ့ဆိုးပါတယ်။

လတ်ဆတ်တဲ့ ဂျင်းတစ်ချပ်၊ ဆားမှုန့် သို့ (ဆားရိုင်းပိုကောင်းသည်) လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို နံနက် သွားတိုက်ပြီးတဲ့နောက်မှာ ဝါးပြီး ငုံထားပါ။ တစ်နေ့တာလုံး ခံတွင်းနံ့ကောင်းစေတယ်။

ကျွန်တော်ကိုယ်တိုင်လည်း လုပ်သုံးပါတယ်၊ အရမ်းကို အကျိုးရှိပါတယ်။

Crd - MON SOUNG

မင်းရဲ့အမေကို ဆက်ဆံတဲ့အတိုင်း ဘဝက မင်းကို ဆက်ဆံမှာပါ။  အမေဆိုတာ မေတ္တာရဲ့နှလုံးသားပါ။ သူကိုယ်တိုင်ကိုက ဘဝပါပဲ။  အမေလောက်...
21/06/2025

မင်းရဲ့အမေကို ဆက်ဆံတဲ့အတိုင်း ဘဝက မင်းကို ဆက်ဆံမှာပါ။

အမေဆိုတာ မေတ္တာရဲ့နှလုံးသားပါ။ သူကိုယ်တိုင်ကိုက ဘဝပါပဲ။ အမေလောက် မင်းကို အခြားသူတစ်ယောက်က ချစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် အမေကို အလျင်စလို ဝေဖန်တာမျိုး မလုပ်ပါနဲ့။

မင်း တကယ်ပဲ အမေနဲ့ထိုင်ပြီး သူပြောချင်တဲ့အ‌ ကြောင်းအရာ‌တွေကို နားထောင်ဖူးလား? သူ့ရဲ့ဖြစ်စဉ်တွေ၊ မင်းမမွေးခင်က အမှတ်တရတွေ၊ သူ့ရဲ့ဘဝအကြောင်းကို အာရုံစိုက်ပြီး နားထောင်ဖူးလား?

သူ ဖြတ်သန်းခဲ့ရတဲ့ အရာတွေအားလုံး မင်းကို ပြောပြခဲ့မှာမဟုတ်ပါဘူး။ တိတ်ဆိတ်စွာ ရုန်းကန်ခဲ့ရတဲ့အချိန်တွေ၊ သူ သယ်ထားခဲ့ရတဲ့ နာကျင်မှုတွေ၊ အနာတရတွေ၊ အဟောင်းတွေ ပြန်လာတိုင်း ထပ်နာကျင်နေဆဲဖြစ်တဲ့ အမာရွတ်တွေ။

သူက အဲဒါတွေအားလုံးကို စိတ်ထဲမှာပဲ ထားခဲ့တယ်။ ဖုံးကွယ်ဖို့မဟုတ်ဘူး၊ မင်းကို ကာကွယ်ဖို့‌‌ပေါ့ ။သူ့ရဲ့နာကျင်မှုတွေကို မင်းအတွက်ဝန်ထုပ်မဖြစ်စေချင်လို့‌ပေါ့။

တိတ်ဆိတ်မှုဟာ သူ့ရဲ့ ရင်ဆိုင်နည်းတစ်ခု ဖြစ်လာတယ်။ တိတ်ဆိတ်တဲ့ အကာအကွယ်တစ်ခုလိုပါပဲ။ ဒါကြောင့် သူ့ကို ကြင်နာစွာ ဆက်ဆံပါ။ အမေကို တန်ဖိုးထားပါ။ သူဟာ မင်းရဲ့အမေတင်မကဘူး၊ အစားထိုးလို့မရတဲ့ ဆုလာဘ်တစ်ခုပါ။

မင်းက အမေကို ဘယ်လိုဆက်ဆံလဲ၊ အဲဒီဆက်ဆံမှုဟာ တစ်နေ့မှာ မင်းဆီပြန်လာလိမ့်မယ်။ အမေကို မေတ္တာနဲ့ဆက်ဆံရင်၊ ကမ္ဘာကလည်း မင်းကို အဲဒီမေတ္တာပြန်ပေးလိမ့်မယ်။

အခုချိန်မှာ သူ့ကို တန်ဖိုးမထားရင်၊ နောက်ပိုင်းမှာ နောင်တက မင်းဆီကို အလည်လာပါလိမ့်မယ် ။ အိပ်မပျော်တဲ့ညတွေ ရောက်လာတဲ့အခါ၊ မင်းကို နှစ်သိမ့်ပေးမယ့်အသံက အမေရဲ့အသံမဟုတ်တော့ပဲ မင်းမပြောခဲ့တဲ့စကားတွေ၊ မပေးခဲ့တဲ့အချိန်တွေ၊ နောက်ကျသွားပြီဆိုတဲ့ နာကျင်မှုတွေရဲ့ အလေးချိန်သာ ဖြစ်နေပါလိမ့်မယ်။

to original

လှေကို ဆေးသုတ်ပေးဖို့ လှေပိုင်ရှင်က သူ့ကို အလုပ်အပ်တယ်။ စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး လှေပိုင်ရှင် လိုချင်တဲ့အတိုင်း အနီရောင်...
20/06/2025

လှေကို ဆေးသုတ်ပေးဖို့
လှေပိုင်ရှင်က သူ့ကို
အလုပ်အပ်တယ်။

စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး
လှေပိုင်ရှင်
လိုချင်တဲ့အတိုင်း
အနီရောင်
တောက်တောက်လေး
သုတ်ပေးလိုက်တယ်။

ဆေးသုတ်နေရင်းနဲ့
လှေဝမ်းဗိုက်မှာ
အပေါက်လေးတစ်ပေါက်
ပေါက်နေတာကို
သတိထားမိတာနဲ့
အပေါက်လေးကိုပါ
ဖာပေးလိုက်တယ်။

လှေတစ်စီးလုံး
ဆေးသုတ်ပြီးသွားတော့
လက်ခငွေယူပြီး
သူ ပြန်လာခဲ့တာပေါ့။

နောက်နေ့ကျတော့
လှေပိုင်ရှင်က သူ့ဆီလာပြီး
ချက်လက်မှတ်
တစ်စောင်ပေးတယ်။

ချက်လက်မှတ်ထဲမှာ
ရေးထားတဲ့ငွေပမာဏက
တော်တော်များတယ်။

ဒီတော့
ဆေးသုတ်သမားလည်း
အံ့အားသင့်နေတာပေါ့။ ''

ကျွန်တော့်ကို
မနေ့က ဆေးသုတ်ခ
ပေးပြီးသွားပါပြီခင်ဗျာ''
လို့ ပြောတော့ ''

ဒါက ဆေးသုတ်ခ
ပေးတာမဟုတ်ပါဘူး။

လှေအပေါက်ကို
ဖာပေးလို့ ပေးတာပါ'' လို့
လှေပိုင်ရှင်က ပြန်ပြောသတဲ့။

အော် ရပါတယ် ဆရာ။

ကျွန်တော် လုပ်ပေးတာ
အသေးအဖွဲလေးပါ။

ဒီလောက်အများကြီး
ပေးစရာမလိုပါဘူး''
ဆိုတော့မှ လှေပိုင်ရှင်က
ဖြစ်ကြောင်းကုန်စင်
ရှင်းပြတယ်။

ဖြစ်ပျက်ခဲ့တာတွေကို
မိတ်ဆွေကြီးက
မသိသေးဘူးဆိုတော့
ကျွန်တော် ရှင်းပြပါ့မယ်။

လှေကို
ဆေးသုတ်ခိုင်းတုန်းက
လှေဝမ်းဗိုက်မှာ
အပေါက်ရှိနေတာကို
မပြောလိုက်မိဘူး။

ဆေးခြောက်သွားတာနဲ့
ကျွန်တော့်ကလေးတွေက
လှေကိုယူပြီး
ငါးမျှားထွက်ကြတယ်လေ။

သူတို့ကလည်း
လှေဝမ်းဗိုက်မှာ
အပေါက်ရှိနေမှန်း
မသိကွဘူး။

အဲဒီအချိန်မှာ
ကျွန်တော်ကလည်း
အိမ်မှာ မရှိဘူးလေ။

ကျွန်တော်
အိမ်ပြန်ရောက်တော့
ကလေးတွေ
လှေယူသွားမှန်း
သိလိုက်ရတာနဲ့
ထိတ်ခနဲ
ဖြစ်သွားတော့တာပေါ့။

လှေဝမ်းဗိုက်
ပေါက်နေတာကို
ကျွန်တော်
သတိရသွားတယ်လေ။

သူတို့တွေ
ငါးမျှားထွက်ရာကနေ
ဘေးမသီ ရန်မခဘဲ
ပြန်လာတာ
မြင်လိုက်ရတော့

ကျွန်တော်
ဘယ်လောက်တောင်
ပျော်သွားလဲဆိုတာ
မိတ်ဆွေကြီး
တွေးကြည့်လိုက်ပေါ့ဗျာ။

လှေကို
ပြေးကြည့်လိုက်တော့မှ

မိတ်ဆွေကြီးက
အပေါက်ဖာပေးထားမှန်း
သိတာ။

အခုတော့
မိတ်ဆွေကြီးလည်း
ဖြစ်ကြောင်းကုန်စင်
သိရပါပြီ။

ကျွန်တော့်ကလေးတွေ
အသက်ကို မိတ်ဆွေကြီး
ကယ်ပေးလိုက်တာပဲ။

ခင်ဗျားပြောတဲ့
စေတနာအသေးအဖွဲလေး
အတွက်

ကျွန်တော်ပေးတဲ့
ငွေပမာဏက
အများကြီးနည်းပါတယ်။

အဲဒီစေတနာကို
ထိုက်ထိုက်တန်တန်
ပြန်ပေးဆပ်ဖို့ ဆိုရင်
ကျွန်တော့်ပိုင်ဆိုင်မှု့
နဲ့တောင် မလောက်ပါဘူး

"""သင်ခန်းစာ"""

ဘယ်သူ့ကိုမဆို
ဘယ်အချိန်မှာ
ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်

ကိုယ်တတ်နိုင်တဲ့ဘက်က
ကူညီပေးလိုက်ပါ။

ကိုယ်တွေ့တဲ့
အပြစ်အနာအဆာ၊
ချွတ်ယွင်းချက်တွေကို
ပြုပြင်ဖာထေး
ပေးလိုက်တာဟာ

တခြားသူတွေအတွက်
ဘဝတစ်သက်တာ
မေ့မရနိုင်တဲ့ ကူညီမှု့
ဖြစ်သွားနိုင်ပါတယ်။

ကိုယ်စွမ်းသလောက်
အကောင်းဆုံး
လုပ်ပေးခြင်းဟာ
ကြီးမားတဲ့
အပြောင်းအလဲတွေကို
ဖြစ်စေလို့ပါပဲ။

တချိန်မှာ
ကိုယ့်ရဲ့စေတနာကလည်း
အံ့အားသင့်ဖွယ်
ရောင်ပြန်
ဟပ်လာပါလိမ့်မယ်။

လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။ မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။ မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပ...
20/06/2025

မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့

ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက်

အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည်

ဖိနပ်လေးတရံနဲ့တင် သူ့တို့ကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။

ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။

လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။

ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ။

မယုံမရှိနဲ့။ သူတို့ကြောင့် မိဘအဆင်ပြေတာမဟုတ်ပဲ

မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တယ်။ ။

.

Address

Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 11:00 - 15:00
Sunday 11:00 - 15:00

Telephone

+959780190859

Alerts

Be the first to know and let us send you an email when ဓမ္မရတနာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဓမ္မရတနာ:

Share

Category