Myanmar Development Team-MDT

Myanmar Development Team-MDT အသစ်သစ်သောသတင်းတွေ လူသိနည်းသောသတင်းတွေကို အချိန်ပြည့်စောင့်ကြည့်ဖော်ပြသွားမည်

ပေါင်းတည်တွင် ဟင်းစားရှာထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးရန်ကုန်၊ ဇူလိုင် ၁၄ ပဲခူးတိုင်း၊ ပေ...
14/07/2024

ပေါင်းတည်တွင် ဟင်းစားရှာထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၄

ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် ဟင်းစာရှာထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ ၃၆၀၁ PPDFတပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှ ဟင်းသီး၊ဟင်းရွက်ရှာထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁၊ PPDF တပ်ရင်း တပ်ခွဲ၁ မိုင်းကွင်းစောင့်ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၊ စစ်သား ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေးကင်းကြောင်း၊ လတ်တလော စစ်ရေးအရှိန်မြှင့်တင်မှုများ ရှိလာသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေဝေးရှောင်ကြည်ကြပါရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်၊ ၃၆၀၁ PPDFတပ်ရင်းက မေတ္တာရပ်ခံထားသည်။

အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်တပ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်...
08/07/2024

အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်တပ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်တပ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကိုသည် လယ်ထဲကို လာရောက်စဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ချစ်ကိုသည် အုပ်ချုပ်ရေးမှူး တာဝန်မှ နှုတ်ထွက်ထားသည်ဟု လိမ်လည်ပြီး အကြမ်းဖက် စစ်တပ်ထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​ကို ထောက်​လှမ်း​သတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေး ကောက်ခံနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ ပြည်သူများကို စစ်မှုထမ်းရန် အတင်းအကြပ်လူစုခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းနေသည့် စစ်ကောင်စီ ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါ စစ်ကောင်စီ ထောက်တိုင်များအနီး ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

"ပြန်ဆုံကြေး"◼️ဆူးနတ်သန်မပျော်နဲ့ဦး အချစ် ဝမ်းနည်းလည်း မနေနဲ့ဦး ပွဲက မသိမ်းသေးဘူး။မျက်ရည် စက်လက် ဖြစ်လို့မရဘူး ခွက်ထိုးခ...
06/07/2024

"ပြန်ဆုံကြေး"

◼️ဆူးနတ်သန်

မပျော်နဲ့ဦး အချစ်
ဝမ်းနည်းလည်း မနေနဲ့ဦး
ပွဲက မသိမ်းသေးဘူး။

မျက်ရည် စက်လက် ဖြစ်လို့မရဘူး
ခွက်ထိုးခွက်လန် ရယ်လို့မရဘူး
ဥုံဖွဆိုပြီး မန်းမှုတ်လို့မရဘူး
တချက်မှားရုံနဲ့ သေနိုင်တယ်
တလှမ်း လှမ်းလိုက်တာနဲ့ ပန်းတိုင်ရောက်နိုင်တယ်
မချစ်လို့မှ မဟုတ်တာဘဲ
အသက်တွေ ဘယ်လောက်ကြီးကြီး
အချစ်ခရီးက တွင်နေမှာပဲ။

ဘာလို့ ခေါင်းငုံ့နေမလဲ
ခေါင်းမော့ထား အချစ်
သက်တန့်တွေ မြင်ရဖို့
ဘယ်ခေတ်ရောက်ရောက် အမှန်တရားက
အလင်းဆုံးဆိုတာ သိရဖို့
ဘယ်လောက်မှ မကြာပါဘူး
ရယ်ရယ်မောမောပေါ့။

ခေတ်ဟာ တို့တတွေကို သယ်ဆောင်ရမယ့်အစား
တို့တတွေက ခေတ်ကို သယ်ဆောင်ခဲ့တဲ့ ခရီးလေ
ရေဆန် လေဆန်မှာ မြင်နိုင်သူတွေ
တို့တတွေကို ကြိုကြပြီ။

ကဲ.....ဘယ်လိုလဲ
လမ်းကို ဖောက်တော့ အရောက်ပြန်ခဲ့တာပေါ့
အသက်ကို ကြေးအကြီးဆုံး လောင်းခဲ့ပြီ
အချစ်ရေ တို့တတွေ
ပြန်ဆုံကြေး....။crd..
#ဆူးနတ်သန်

#ခေါ်သံ

ပေါင်းတည်တွင် စစ်ကောင်စီခန့် သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးရန်ကုန်၊ ဇူလိုင် ၅ ပဲခူးတိုင်း၊ ပေါင်း...
05/07/2024

ပေါင်းတည်တွင် စစ်ကောင်စီခန့် သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၅

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီခန့် သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ရဲမင်းဌေး(ခ) ဂျင်မီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊သိမ်ကုန်းအုပ်စု၊သိမ်ကုန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးယူပေးနေသော သိမ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဂျင်မီ(ခ)ရဲမင်းဌေးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၄ က ပျဉ်ကြီးရွာနှင့်သိမ်ကုန်းရွာအကြားတွင် သေနတ်ဖြင့်ပစ်ခတ်ရာ ဦးခေါင်းထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသူ သိမ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဂျင်မီ(ခ)ရဲမင်းဌေးထံမှ ဆေးအိတ် ၁ လုံး၊မှတ်ပုံတင်ကတ်ပြား ၁ ခုနှင့် စစ်ကောင်စီထံ ဆက်သွယ်ထားသောဖုန်း ၁ လုံးတိုကိုသိမ်းဆည်းရရှိခဲ့ကြောင်း ၊ အုပ်ချုပ်ရေးမှူးဂျင်မီ (ခ)ရဲမင်းဌေးကို အုပ်ချုပ်ရေးမှူးရာထူးမှ နုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းရန်အကြိမ် ကြိမ် သတိပေးခဲ့ကြောင်း၊ သို့ရာတွင် ၎င်းက စစ်ကောင်စီနှင့်ပေါင်းပြီးအုပ်စုအတွင်းပြည်သူများအပေါ်အာဏာပြဗိုလ်ကြခြင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၏နေအိမ်များကိုဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကိုသိမ်းယူခြင်း၊ သိမ်ကုန်း တာဝါတိုင်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တစ်လလျှင် ၂ ကြိမ်ထက်မနည်း စားဝိုင်းသောက်ဝိုင်းများပြုလုပ်ပေးခြင်း၊ စစ်ကောင် စီ အတွက် လက်နက်၊ခဲ၊ယမ်းနှင့်စားသောက်ကုန်ပစ္စည်းများကိုဝဲကြီးဆည် ရေ လမ်းမှနေ၍သယ်ဆောင်ပေးနေခြင်းတို့ကြောင့် ရှင်းလင်းခြင်းဖြစ်ကြောင်း သိ ရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန် မီ နုတ်ထွက်ပြီး ပြည်သူနှင့်ပူး ပေါင်း ကြရန် ပြည်သူနှင့်မပူးပေါင်းပါက ပြတ် ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းက သတိပေးထားသည်။

သဲကုန်းမြို့နယ်တွင် စစ်တပ်၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံးရန်ကုန်၊ ဇွန် ၂၉ ပဲခူးတိုင်း၊ ...
29/06/2024

သဲကုန်းမြို့နယ်တွင် စစ်တပ်၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၉

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်တပ်၊ ရဲ၊ ထွေအုပ်၊ စည်ပင် တို့ပါဝင်သော မိုးရာသီ လမ်းဘေးသစ် ပင်စိုက် ပျိုးပွဲကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စေခိုင်းမှုကြောင့် ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲတိုက်နယ် အပိုင် ဇီးကုန်းကျေးရွာအနီးတွင်စစ်တပ်၊ရဲ၊ထွေအုပ်၊စည်ပင်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက လမ်းဘေး သစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လမ်းဘေးသစ်စိုက်ပျိုးပွဲကို အဝေးထိန်းမိုင်းဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

"စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက ဆင်မြီးဆွဲဘက်ကနေ ဇီးကုန်းရွာအနီးမှာ ကား ၈ စီးနဲ့ လမ်းဘေးဝဲယာ ဟန်ပြသစ်ပင်စိုက်ဖို့ လုပ်နေတဲ့အချိန် အသင့်ထောင်ထားတဲ့ မိုင်းကို အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့ပါတယ်" ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရှင်းပြသည်။

မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦး သေဆုံးသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိသူများကို ကားများဖြင့် သဲကုန်းမြို့နယ်ဘက်သို့သယ်ဆောင်၍ သဲကုန်းမြို့နယ်မှတစ်ဆင့် ရွှေတောင်မြို့နယ် ကုတင် ၁၀၀ စစ်ဆေးရုံသို့ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းခွဲမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ Wisdomအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များကို ပြင်း ပြင်း ထန်ထန်အရေးယူဆောင်ရွက်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်နှင့်နီးစပ်ရာနေရာများကို ရှောင်တိမ်းသွာလာကြပါရန် တော်လှန်ရေးတပ်က သတိပေးချက်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သော​ နေပြည်တော်သစ်ပစ်စိုက်ပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)

အုတ်ဖိုမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မြင့်နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံးရန်ကုန်၊ ဇွန် ၂၈ ပဲခူးတိုင်း၊ အုတ်ဖိုမ...
28/06/2024

အုတ်ဖိုမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မြင့်နိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ မြင့်နိုင်ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Black Dragon GBK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင်နေထိုင်သော အသက် ၄၀ အရွယ် မြင့်နိုင်ဦးသည် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် PDF တပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်းကာ ပေးပို့ခြင်း၊ အကြမ်းဖက်စစ်တပ်ထံသို့ မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ယာခင်းထဲအလာကို စောင့်ပြီး သေနတ်နဲ့ ၃ ချက် ပစ် ရှင်းခဲ့တာပါ။ စကစကို မမှန်သတင်းတွေပေးပြီး ပြည်သူတွေကို ဖမ်းခိုင်းတာတွေရှိတယ်၊ သူဖမ်းခိုင်းလို့ ဖမ်းခံရပြီး ထိခိုက်သူတွေများလာတယ်။ ပြီး တော့ သူက စကစ အရာရှိတွေနဲ့ အရက်လိုက်သောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေ ကို စုံစမ်းပြီး ပေးပို့တယ်။ သူ့ကြောင့်ထိခိုက်မှုတွေများလာလို့ အရေးယူခဲ့ရတာပါ၊ ပစ္စည်းတွေ သိမ်း ဆည်းခဲ့တာ၊ စကစတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရတာမျိုး မရှိပါဘူး” ဟု Black Dragon GBK PDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon-PDF တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ညနေက..မြို့ထဲ ရောက်တော့..သွားရင်းလာရင်း..ကောင်မလေးတစ်ယောက်နဲ့ တိုက်မိသလို..ဖြစ်သွားတယ်..သူက..တမင်လာတိုက်သလိုပါပဲ..ပြီးတေ...
26/06/2024

ညနေက..မြို့ထဲ ရောက်တော့..သွားရင်းလာရင်း..
ကောင်မလေးတစ်ယောက်နဲ့ တိုက်မိသလို..ဖြစ်သွားတယ်..

သူက..တမင်လာတိုက်သလိုပါပဲ..ပြီးတော့..ဆော်ရီးနော်.ဆိုပြီး..ပြုံးပြသေးတယ်..ကျနော်က..''ရပါတယ်''..ဆိုတော့..သူက ဘာပြန်ပြောတယ်မှတ်လဲ..

''ခေါ်မလား..''..တဲ့..

မရှင်းလို့...ထပ်မေးမိတယ်..

''ဘာပြောတာလဲ..ညီမ''

''ညီမကို..ခေါ်မလား..လို့..''

''ဘယ်လို..ညီမကို..အစ်ကိုက..ဘာလို့ခေါ်ရမှာလဲ..''

''တစ်သောင်းတည်းပါ..။အကုန်လုပ်ပေးမယ်..''

''တစ်သောင်း..''

''ဟုတ်..ကြိုက်ရာခိုင်း..။တစ်သောင်းပဲ..။ခေါ်မလား..''

ကြိုက်တာခိုင်း..တစ်သောင်းတဲ့ ဆိုးတော့..မဆိုးဘူးဗျ..😁ကြည့်ရတာ..သူလည်း...စားဝတ်နေရေး...ခက်ခဲနေလို့..ထင်ပါရဲ့..မရှက်မကြောက်..ပြောရရှာတာ..

ဒါနဲ့..ကူညီကောင်းပါတယ်လေ...ဆိုပြီး အိမ်ခေါ်လာတာပေါ့..

''လာ..ညီမလေး. ''

''ဟုတ်..အစ်ကို..''

''ပထမဆုံး..ကြမ်း အရင်တိုက်လိုက်ပေါ့..''

''ရှင်...''

ကောင်မလေးက နဝေတိန်တောင် နဲ့..လှမ်းကြည့်တယ်

''ဪ..ကြမ်းအရင်တိုက်လိုက်လို့...။ပြီးရင်..ဟိုမှာ..
ဆေးစရာ...ပန်းကန်တွေ..ရှိတယ်..''

''ရှင်..''

''ဪ..ဘာတွေ ''ရှင်''နေတာလဲ....။ပန်ကန်ဆေးမယ်လို့...။ပန်ကန်ဆေးပြီးရင်....အိမ်သာ..ဆေးမယ်..။ပြီးရင်....''

''ဟို...မဟုတ်ဘူးလေ..အစ်ကို..။ဘာတွေ..ပြောနေတာလဲ..''

''ဘာလဲ..။ညည်းပဲ..ကြိုက်ရာခိုင်း..အကုန်လုပ်မယ်..
တစ်သောင်းပဲ..ပေးဆို...''

''ဟာ..ဟုတ်ပူးလေ..။ညီမပြောတာက.....ဒါ..လေ..''

ကောင်မလေးက ဘယ်လက်က..လက်ညိုးလက်မကွင်းလုပ်ပြီး ညာဘက်က..လက်ညိုးနဲ့..အဝင်အထွက်..ထိုးပြတယ်..

''ဒါ..လေ..''

ကျနော်လည်း...ဘယ် 'အ' မလဲ ချက်ချင်း..
သဘောပေါက်လိုက်တာပေါ့..

''ဪ..အပ်နဖားက...နောက်မှ..ထိုးတာပေါ့..
လောလောဆယ်..ချုပ်စရာ..မရှိသေးဘူး...''

''တိန်..''

😁😁😁😁😁😁😁

credit #လူချွန်တော်
via kyaw zin latt

26/06/2024

ငပလီ၊သံတွဲ ကို AA တရားဝင် သတင်းမထုပ်ပြန်သေးပေမဲ့၊ ပြည်မြို့ဖက်မှာတော့ စကစတွေ ပြင်ဆင်နေ။
သံတွဲ လေဆိပ် ကို AA က ထိမ်းချုပ်ထားနိုင်ပြီလို့ BBC နဲ့တခြားဒေသတွင်း သတင်းဌာနတွေက အတည်ပြုပြောဆိုလာခဲ့ပြီးတဲ့နောက်မှာတော့၊
ရခိုင်ပြည်နယ်နဲ့ကပ်လျှက်ရှိတဲ့ ပြည်ခရိုင် ထဲမှာတော့ စကစ တွေ လှုပ်ရှားလာတာကိုတွေ့နေရပါပြီ။
မနေ့က ဇွန်လ ၂၄ ရက်နေ့တနေ့ထဲမှာပဲ ၊ ရွှေတောင်မြို့နယ် နဲ့ သဲကုန်းမြို့နယ် အစပ် ဘို့လည်ကုန်း စစ်တပ်ရဲ့နောက်ကျောမှာ NLD အစိုးရလက်ထက်က ခိုးပြီးတည်ဆောက်ထားတဲ့၊ လေယဉ်ကွင်းမှာ လေယဉ် ၅ ခေါက် ဆင်းပြီး ၊လက်နှက်တွေချည်းသယ်ဆောင်လာတာကို မျက်မြင်တွေ့ရှိသူတယောက်ထံကသိရပါတယ်။
အဲ့ဒိ လက်နှက်တွေကို ကားတွေနဲ့ တပ်မ (၆၆) ထဲကို သယ်ဆောင်ပို့ထားပြီး၊အဲ့ဒိ တပ်မထဲကနေမှတဆင့် စစ်ကားတွေနဲ့ ပြည်မြို့ဖက်ကိုသယ်ဆောင်သွားတယ်လိူ့သိရပါတယ်။
ပြည်တဖက်ကမ်း ပန်းတောင်းမြို့က ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ် မိုင် (၉၀) ခန့်သာဝေးပြီး၊သံတွဲ နဲ့ဆိုရင် မိုင် ၁၀၀ ကျော်လောက်ပဲဝေးပါတယ်။
ပန်းတောင်းမြို့နယ်ထဲမှာက လက်နှက်၊ခဲယမ်းသိုလှောင်ထိမ်းသိမ်းရေးတပ်(ခခန) ၊လက်နှက်စက်ရုံ(ကပစ) တွေအပြင် စစ်တပ်ပေါင်း (၁၃) ခုရှိပြီး၊ အဲ့ဒိတပ်တွေအများစုက လက်ရုံးတပ်တွေများတာကြောင့် ၊အများစုက ရှေ့တန်းအတွေ့အကြုံမပြောနဲ့ ၊သေနပ်တောင် ကောင်းကောင်းမပစ်ခဲ့ ဘူးသူတွေများပါတယ်လို့ (ကပစ)တပ်အငြိမ်းစားတယောက်ကပြောပါတယ်။
အခု ရောက်လာတဲ့ လက်နှက်တွေက ဘာတွေပါမယ်ဆိုတာတော့ အတိအကျမသိရပေမဲ့၊ ပြည်ခရိုင် ကိုတော့၊ ခံစစ်အတွက် ပြင်ဆင်နေတာကို ဒေသခံတွေရဲ့အပြောအရသိရပါတယ်။
ပြည်မြို့ပေါ်ကိုလဲ အခုရင်ပိုင်း လေယဉ်အဆင်းအတက်တွေနေ့စဉ်ပြုလုပ်နေပြီး၊ လက်နှက်တွေလာချနေတာလို့ ဒေသခံတွေထံကသိရပါတယ်။
ပြည်လေယဉ်ကွင်းက သရေခေတ္တရာ ရှေးဟောင်းဇုံထဲမှာ ရှိတာကြောင့် လေယဉ်အတက်အဆင်း မပြုလုပ်ဖို့ ၊ယူနက်စကိုနဲ့ ရှေးဟောင်းသုတေသနယဉ်ကျေးမှုဌာနက ပိတ်ပင်ထားခဲ့ပေမဲ့၊ စကစ တွေကတော့ ၊အခု အရေးပေါ်အခြေအနေတခု မကြာခင်ဖြစ်လာတော့မှာကို စိုးရိမ်ပြီး ၊လေယဉ်တွေ သုံးလာနေတာကိုတွေ့ရပါတယ်။
25.6.2024,Minnyo

25/06/2024
20/06/2024

သိစေချင်
*********
UG တွေမစ်ရှင်အောင်မြင်ရင် လက်ခုတ်
ဩဘာ ပေးမယ့်သူတွေ ပေါများပေမယ့်
UG တွေ မစ်ရှင်မအောင်အဖမ်းအစီးခံကြ
ရရင်တော့ နောက်ဆက်တွဲ အဖွဲ့ဝင်တွေ
နေရာရွေ့ပြောင်းဖို့ ခွေးစားမခံရဖို့အတွက်
သက်ဆိုင်ရာ ဦးဆောင်သူတွေက ဗျာများ
နေကြရ ငွေကိုအသည်းအသန်ရှာဖွေနေရ
တာကို အမြဲမြင်တွေ့နေရတယ် အကူအညီ
ပေးသူမရှိ လှုပေးသူမရှိနဲ့ လူတကာကို
လိုက်ပြောလို့မရနဲ့ အကြောင်းသိခြင်းသာ
ဖွင့်ဟကြတာက ပုံသေပါပဲ။

UG ဆိုတာ တော်လှန်ရေးရဲ့ အသဲနှလုံးပါ
မြို့ပြတိုက်ပွဲတွေ အင်နဲ့အားနဲ့ မဆင်နွဲနိုင်
သေးခင်မှာ UG တွေဟာ စစ်ခွေးတွေကို
မြို့ပြတွေ ထိမ်းချုပ်လို့မရအောင်အသက်
ဘဝတွေ ပေးဆပ်ပီး လှုပ်ရှားနေကြရတာ
ဒါကို လူအများသိကြစေချင်ပါတယ်။

crd....

19/06/2024
Breaking News-  နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်...
19/06/2024

Breaking News- နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါသော ကားကို လေဆိပ်လုံခြုံရေး စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူ

ဇွန် ၁၉ ရက်

နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါသော ကားကို စစ်တပ်က သေနတ်ဖြင့် ပစ် ခတ်ရာမှ ဆရာတော် ပျံလွန်တော်မူသွားကြောင်း ဆရာတော်နှင့်နီးစပ်သော ဒါယိကာတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ မန္တလေးသို့ လေယာဉ်ဖြင့် ကြွလာသော နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် လေဆိပ်မှ အထွက် လေဆိပ်လုံခြုံရေး စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

"လေဆိပ် လုံခြုံရေးအစောင့် တပ်က ပစ်တာလို့သိရတယ်။ လေဆိပ်အထွက်လေးမှာတင် အပစ်ခံရတာ။ ဆရာတော်တော့ နေရာမှာပဲ ပျံလွန်တော်မူတယ်။ ဒီမနက်ပဲ ပျံလွန်တော်မူပါတယ်" ဟု ဆရာတော်၏ ဒါယကာ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိ သံဃာတော်များနှင့် ဒါယကာများက ဆရာတော်၏ အလောင်းတော်ကို သယ်ယူရန် သွားရောက်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Development Team-MDT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share