Movie Clip MM

Movie Clip MM "sharing is caring"

09/02/2026
10/04/2025

❝ဆုန်ကရန်ပိတ်ရက် တန်အောင် ဘယ်တွေလည်ကြမလဲ❞

ဧပြီလဆိုတာ ဆုန်ကရန်ပိတ်ရက်နဲ့တိုးလို့ အားလပ်ရက်တွေရတဲ့ကာလ ခရီးသွားရာသီပါ။ ဒီပိတ်ရက်ထဲ ထိုင််းနိုင်ငံမှာ ဘယ်တွေလည်ရမလဲ ခေါင်းစားနေပြီဆိုရင်တော့ သွားလည်ရမယ့် နေရာလေးတွေလမ်းညွှန်ပေးပါ့မယ်။ အောက်မှာ ဆက်ဖတ်ကြစို့။

🔫ဆုန်ကရန်ပွဲတော်ကိုလည်ပတ်မယ်
သင်္ကြန်ပိုးထနေသူတွေ၊ ခံစားချက်ပြန်ရချင်သူတွအတွက် ထိုင်း ဆုန်ကရန်ပွဲတော်ကို လည်ပတ်လို့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့၊ရွာမရွေးကျင်းပကြပြီး ကြီးကြီးမားမားဆိုရင်တော့ ဘန်ကောက်၊ ချင်းမိုင်၊ ကော့စမွေ၊ ဖူးခက်တို့မှာ ပွဲတော်တွေ၊ ရှိုးပွဲတွေအကြီးအကျယ်လုပ်ကြပါတယ်။ ဧပြီ ၁၃ ရက် ကနေ ၁၅ ရက်အတွင်းလည်ပတ်ပါ။

🌕ကော့ဖငန်လပြည့်ပါတီ
Full Moon Party လို့နာမည်ကြီးတဲ့ ကော့ဖငန်ပါတီပွဲကလည်း နိုင်ငံခြားသားတွေအကြိုက်ပါ။ လစဥ်ကျင်းပပြုလုပ်ပြီး ပြုလုပ်တဲ့နေရာကတော့ Haad Rin ကမ်းခြေမှာပါ။ ဧပြီ ၁၂။ ၁၃ နှစ်ရက်ကျင်းပပြီး ညပိုင်းကျင်းပတဲ့ပွဲတော်ပါ။

🤿ရေငုပ်ပြီး အလှအပတွေခံစားမယ်။
အချိန်ရတယ်ဆိုရင် Surin ကျွန်းစု၊ Koh Lipe ကျွန်း၊ Phi Phi ကျွန်းတို့မှာ ရေငုပ်ပြီး ပျော်လို့ရပါတယ်။

🐷ဝက်တွေရှိတဲ့ ကျွန်းကိုသွားလည်မယ်။
ကော့စမွေက နာမည်ကြီး ဝက်တွေရှိတဲ့ Koh Mad Sum ကျွန်းကိုသွားပြီး ထူးထူးခြားခြားလည်ပတ်လို့ရပါတယ်။

🏝️ကျွန်းစုတွေကို လျှောက်သွားမယ်။
ကမ်းခြေသွားရတာ ကြိုက်တဲ့သူတွေဆိုရင် အပူရှောင်ရင်း အခုအချိန်တွေက ကျွန်းစုတွေကို ပတ်ဖို့အချိန်ကောင်းပါပဲ။ ကော့ဖငန်၊ ကော့စမွေ၊ ဖိဖိကျွန်းတို့အပြင် အခြားတောင်ပိုင်းက ကျွန်းတွေကိုသာ ဒီရက်ပိုင်းတန်အောင် ပတ်ဖို့ ညွှန်းပါရစေ။

ကဲ…ဒါတွေကတော့ နိုင်ငံခြားသားတွေသွားလေ့သွားထရှိတဲ့ နေရာကောင်းတွေပါပဲ။ ဒီထဲက သွားဖို့ လက်မှတ်ဖြတ်ထားပြီးသားသူတွေရှိရင် ကွန်မန့်မှာ ပြောခဲ့ပါဦး အမျိုးတို့။

Ref: Thaiger

*** Thai National Telecom ရဲ့စီမံပေးမှုဖြင့် ထိုင်းဖုန်းတွေကနေ မြန်မာဖုန်းတွေကို ဒီလ ၃၁ ရက်နေ့အထိ အခမဲ့ဖုန်းခေါ်ဆိုနိုင်...
30/03/2025

*** Thai National Telecom ရဲ့စီမံပေးမှုဖြင့် ထိုင်းဖုန်းတွေကနေ မြန်မာဖုန်းတွေကို ဒီလ ၃၁ ရက်နေ့အထိ အခမဲ့ဖုန်းခေါ်ဆိုနိုင်ပါတယ် ***

ဖုန်းခေါ်ဆိုမယ်ဆိုပါက -

အရင်ဆုံး 001800001 ကိုခေါ်ပါ။
ထိုင်းလိုပြောတာကြားရင် keypad ကိုနှိပ်ပြီး 009 95 ခံပြီး ကိုယ်ဆက်သွယ်ချင်တဲ့မြန်မာဖုန်းနံပါတ်ရိုက်ထည့်လိုက်ရင် အခမဲ့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
Crd

Oasis - Bar and Restaurant

🚨အခုလက်ရှိအချိန်ဟာ မြန်မာရောထိုင်းမှာပါ ငလျင်က စိတ်ချရမဲ့အခြေနေမဟုတ်သေးပါ။🚨    ညအိပ်ပျော်နေရင်း ငလျင်ပြင်းပြင်းထန်ထန်လှု...
28/03/2025

🚨အခုလက်ရှိအချိန်ဟာ မြန်မာရောထိုင်းမှာပါ ငလျင်က စိတ်ချရမဲ့အခြေနေမဟုတ်သေးပါ။🚨
ညအိပ်ပျော်နေရင်း ငလျင်ပြင်းပြင်းထန်ထန်လှုပ်ခဲ့သည်ရှိသော် ကိုယ့်ကို Alarm နဲ့ နိုးစေဖို့ ဒီ App လေးတွေကိုအခုပဲ ထည့်ထားဖို့အကြံပြုလိုပါတယ်။
ပစ္စည်းတွေကိုလည်း အရေးကြီးတာတွေပဲစုထည့်ထားပြီးသယ်ရလွယ်အောင်လုပ်ထားကြပါလို့ အကြံပြုလိုပါတယ်ရှင်။
ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးကင်းကြပါစေဟု "Where to?" မှ ဆုတောင်းမေတ္တာပို့ရင်း အောက်ပါAppလေးများကို sharing လုပ်ပေးလိုက်ပါတယ်။🌐🙏

My Earthquake Alerts
https://play.google.com/store/apps/details?id=com.jrustonapps.myearthquakealerts

Earthquake Alarm & Bag
https://play.google.com/store/apps/details?id=com.keremdmn.sensor

Earthquake Alarm
https://play.google.com/store/apps/details?id=com.serkanayaz.earthquake_alarm

Earthquakes Near Me
https://play.google.com/store/apps/details?id=me.syncrex.earthquaketracker

Earthquakes Alert & Tracker
https://play.google.com/store/apps/details?id=earthquake.informations

Crd

28/03/2025

အိမ်ပြန်ရခက်သူများ ခေတ္တနားနိုင်ရန် ပန်းခြံ (၄)ခု ညလုံးပေါက်ဖွင့်ထားမည်။

မကြာသေးခင်က လှုပ်ခတ်တဲ့ ငလျင်ကြောင့် MRT, BTS တွေ ရပ်နားထားတဲ့အပြင် ကားလမ်းတွေလည်း ပိတ်ဆို့မှုဖြစ်နေတာကြောင့် ဘန်ကောက်မြို့တော်ဝန် Chadchart က အိမ်ပြန်နောက်ကျမည့်သူများ နားနေနိုင်ရန်အတွက် ပန်းခြံတွေကို ညလုံးပေါက်ဖွင့်ဖို့ အမိန့်ပေးလိုက်ပါတယ်။

ဒါ့အပြင် နားနေသူတွေအတွက် သောက်ရေသန့်ကားများနှင့်အတူ Mobile အိမ်သာများကိုပါ တစ်ပါတည်းစီစဉ်ပေးထားမယ်လို့ သိရပါတယ်။

ညလုံးပေါက်ဖွင့်မယ့် ပန်းခြံတွေကတော့ လုမ္ပဏီပန်းခြံ, ဘဏ်ချသီရိပန်းခြံ, ဘန်ဂျခေတ်တိ ပန်းခြံ နဲ့ ချက်တူချက် ပန်းခြံတို့ပဲ ဖြစ်ပါတယ်။

ရွှေမြန်မာတို့ ပြန်ရခက်နေရင် ဒီပန်းခြံတွေမှာ ခဏသွားနားပြီးမှ ပြန်ကြပါနော်။

Ref - Nation Thailand

23/03/2025

Maha Songkran World Water Festival 2025 မှာ ကျင်းပမယ့် ပွဲအခမ်းအနားများ

ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင် (TAT) က ဘန်ကောက် ၊ Sanam Luang မှာ ကျင်းပမယ့် Maha Songkran World Water Festival 2025 မှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီပွဲတော်ကို ဧပြီလ ၁၁ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

၅ ရက်ကြာ ကျင်းပမယ့် ပွဲအခမ်းအနားတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

💢8 Grand Songkran Parades
Ratchadamnoen Klang လမ်းမှာ ဧပြီလ ၁၂ နဲ့ ၁၃ ရက်မှာ ချီတက်လမ်းလျှောက်ပွဲတွေကို ကျင်းပမှာ ဖြစ်ပြီး ထိုင်း ဒေသများစွာရဲ့ ယဉ်ကျေးမှုတွေကို ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။

💢တေးဂီတ ဖျော်ဖြေပွဲ
ထိုင်းရဲ့ နာမည်ကြီး အနုပညာရှင်တွေရဲ့ မြးကြွတဲ့ တေးဂီတတွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

💢Water Splash Zone x EDM Music
နာမည်ကြီး EDM DJs တွေရဲ့ ဖျော်ဖြေမှုတွေကို ခံစားနိုင်မှာ ဖြစ်ပြီး ဘဝမှာ မေ့မရနိုင်တဲ့ ဆုန်ခရန် ပွဲတော်ကို ဆင်နွှဲရမှာ ဖြစ်ပါတယ်။

💢Drone Light Show
ဆုန်ခရန်ရဲ့ သမိုင်းကြောင်းကို Drone ၁,၂၀၀ နဲ့ ညဘက်မှာ တင်ပြမှာ ဖြစ်ပါတယ်။

💢ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း
ထိုင်းရဲ့ နှစ်သစ်ကူးမှာ ဘုရားကျောင်းတွေမှာ ဗုဒ္ဓရုပ်ပွားတော်တွေကို ရေသပ္ပါယ် ပူဇော်ကြပါတယ်။

💢ထိုင်း အစားအစာ ဈေး
ထိုင်းရဲ့ ဒေသမျိုးစုံမှ အစားအစာတွေကို မြည်းစမ်းနိုင်ပြီး ထိုင်း နိုင်ငံရဲ့ အကောင်းဆုံး လမ်းဘေးစာတွေကို ခံစားနိုင်ပါတယ်။

Ref : Nation Thailand

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

🤨
22/03/2025

🤨

ထိုင်းရောက် မြန်မာအလုပ်သမားများ သင်္ကြန်ပိတ်ရက်ကာလတွင် အတတ်နိုင်ဆုံး အလည်ပြန်ခြင်းမပြုရန် အလုပ်သမားရေးအကူအညီပေးနေသူများ သတိပေး

ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် သင်္ကြန်(ဆုန်ခရမ် )ပိတ်ရက်ကာလတွင် မြန်မာနိုင်ငံအတွင်းသို့ အလည်ပြန်မည်ပါက သတိထားကြရန်နှင့် အတက်နိုင်ဆုံးအနေဖြင့် အလည် ပြန်ခြင်းမပြုကြရန် ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီပေးနေသူများက သတိပေးပြောဆို ထားကြသည်။

ထိုင်းနိုင်ငံ၊ အလုပ်သမားရေးဝန်ကြီးဌာနက မြန်မာ၊ လာအို နှင့် ကမ္ဘောဒီယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမားများ အနေ ဖြင့် ဆုန်ခရမ်ကာလ ဧပြီ ၁ ရက်မှ မေ ၁၅ ရက်နေ့အထိ re-entry (ခေါ်) အိမ်ပြန်တံဆိပ်တုံး ထုစရာ မလိုအပ်ပဲ မိခင်နိုင်ငံသို့ ပြန်ခွင့်ပြု ကြောင်း ထုတ်ပြန်ထားသည်။

"ဒီနှစ်ကတော့ အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းဥပဒေနဲ့ စစ်သားတွေစုဆောင်းနေသလို မြန်မာပြည် ထဲက လူငယ်လူရွယ် တွေတောင်ပြည်ပထွက်ခွာခွင့်တွေ ပိတ်ထားတယ်။ လက်ရှိထိုင်းထဲက လူငယ်တွေကိုပါ ပြန်ခေါ်ဖို့ကြိုးစားနေတဲ့ အခြေအနေမျိုးမှာ re-entry တုံး အလကား ထုခွင့်ပြုတာက စစ်ကောင်စီရဲ့ ထိုင်းရောက်မြန်မာ တွေကို ဆင်တဲ့ ထောင် ချောက်လို့ပဲ သတ်မှတ်ထားတယ်" ဟု ထိုင်းရောက်မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသည့် M.H.A.C အဖွဲ့တည်ထောင်သူတစ်ဦး ဖြစ်သည့် ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ရသည့်နည်းလမ်းဖြင့် စစ်သားစုဆောင်းခြင်းများကို ပြုလုပ်နေပြီး လူငယ်များ ပြည်ပထွက်ခွာခွင့်များကိုလည်း နေစဉ်နှင့်အမျှ ကန့်သတ်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် သင်္ကြန်ပိတ်ရက်တွင် အလည်ပြန်သူများ အနေဖြင့် ပြန်လည်၍ပြည်ပထွက်ခွာခွင့်များ ခက်ခဲနိုင်ပြီး ပြည်တွင်း စစ်မှုထမ်းဥပဒေဖြင့်လည်း တပ်သားသစ် စုဆောင်းခံရနိုင်ချေ မြင့်မားသည့် အတွက် သတိပြုရန်လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သင်္ကြန်ပိတ်ရက်ကာလတွင် အိမ်ပြန်ရန် ယာဉ်လက်မှတ်ဝယ်ယူမှုများလည်း မြင့်တက် နေကြောင်း သိရပြီး ထိုင်းနိုင်ငံ အနေဖြင့်လည်း အိမ်ပြန်တံဆိပ်တုံး အလကား ထုခွင့်ပြုခြင်းမှာလည်း ရံဖန်ရံခါမှသာဖြစ်သည့်အတွက် စစ်ကောင်စီ နှင့် ဆက်စပ်နိုင်ကြောင်း ကိုရဲမင်းက သတိပေးထားသည်။

"ထိုင်းဘက်က အလကားထုခွင့်ပြုတာက နည်းနည်းထူးဆန်းနေတယ်။ နှစ်တိုင်း ပေးတာမဟုတ်ဘူး။ မပေးတာကြာပြီ။ အကြမ်းဖက်စစ်အုပ်စုဘက်နဲ့ ဘယ်လိုတွေ နားလည်မှုယူထားလဲ မသိနိုင်ဘူး။ ပြတ်ပြတ်သားသား ပြောချင်တာက စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းချင်လဲ ပြန်ကြပေါ့။ ပြန်လာရဖို့ မသေချာဘူးဆိုတာ ကိုယ့်ကိုယ်ကို သိထားရင်ပို ကောင်းတယ်" ဟုလည်း ကိုရဲမင်းက ဆက်လက်ပြောသည်။

ထို့ပြင် လက်ရှိတွင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သန်းချီမှာ အလုပ်လုပ်ကိုင်ခွင့်ဗီဇာ သက်တမ်း ကုန်ဆုံးနေပြီး သက် တမ်းတိုးရန် စောင့်ဆိုင်း နေဆဲကာလဖြစ်သည့်အတွက် မြန်မာနိုင်ငံ ပြန်ပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် အခက်အခဲများကြုံနိုင်ကြောင်းသိရသည်။

စစ်ကောင်စီသည် ယနေ့ မတ် ၂၂ ရက်နေ့တွင်ပင် ထိုင်းသို့ အလုပ်သမားစေလွှတ်မှုများကို တစ်လလျှင် အလုပ်ခေါ်စာတစ်ခုကို အေဂျင်စီတစ်ခုလျှင် အလုပ်သမား ၅၀ ဦးသာ စေလွှတ်ခွင့်ပြုတော့မည် ဖြစ်ကြောင်း ၎င်းတို့ပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် ကြေညာခဲ့သည်။

ဓာတ်ပုံ - အင်တာနက်

#ထိုင်း #ရွှေ့ပြောင်းအလုပ်သမား #အိမ်ပြန်တံဆိပ်တုံး #အလကားထုခွင့်ပြု #သင်္ကြန်ပိတ်ရက် #စစ်မှုထမ်း

ဟိုနားဒီနား သွားရင် သိထားဖို့ ဘန်ကောက်ဘတ်စ်ကားနံပါတ်များနဲ့ ရောက်မယ့်နေရာများ 🇹🇭🚌ဘန်ကောက်က ဘတ်စ်ကားတွေဟာ နေ့စဉ် မနက် ၅ န...
18/03/2025

ဟိုနားဒီနား သွားရင် သိထားဖို့ ဘန်ကောက်ဘတ်စ်ကားနံပါတ်များနဲ့ ရောက်မယ့်နေရာများ 🇹🇭🚌

ဘန်ကောက်က ဘတ်စ်ကားတွေဟာ နေ့စဉ် မနက် ၅ နာရီကနေ ည ၁၁ နာရီထိ ပြေးဆွဲလေ့ရှိပါတယ်။ တစ်ချို့ ဘတ်စ်ကားတွေကတော့ တစ်နေ့ကို ၂၄ နာရီလုံး ပြေးဆွဲကြပါတယ် ✅

သင့်အနေနဲ့ အောက်က ဘတ်စ်ကားနံပါတ်တွေကို သေချာသိထားလို့ရှိရင် Taxi တွေ Grab တွေ ဈေးကြီးပေးပြီး စီးနေစရာမလိုဘူးနော် 😍😍

🚌ဘတ်စ်နံပါတ် ၂ 👉 ပတ်ခလောင်တလာ - ဆမ်ရွန်

🚌ဘတ်စ်နံပါတ် ၃ 👉 မိုချစ်မိုင် - ခလောင်ဆမ်

🚌ဘတ်စ်နံပါတ် ၄ 👉 ခလောင်သိမ် - ထနမ်ဖစီ

🚌ဘတ်စ်နံပါတ် ၇ 👉 ခလောင်ခွမ် - ဟွမ်လဖုန်း

🚌ဘတ်စ်နံပါတ် ၂၂ 👉 လတ်ဖရောင် - ရမ

🚌ဘတ်စ်နံပါတ် ၂၃ 👉 ထဝပ် - ဆမ်ရွန်

🚌ဘတ်စ်နံပါတ် ၂၅ 👉 ပတ်နမ် - ထချမ်

🚌ဘတ်စ်နံပါတ် ၂၆ 👉 မင်းဘူရိ - လွတ်လပ်ရေးကျောက်တိုင်(အနုစာဝါရီ ချန်ချနာ)နား

🚌ဘတ်စ်နံပါတ် ၂၇ 👉 မင်းဘူရိ - လွတ်လပ်ရေးကျောက်တိုင်(အနုစာဝါရီ ချန်ချနာ)နား

🚌ဘတ်စ်နံပါတ် ၂၉ 👉 ဟွမ်လဖုန်း - ရမ်စစ်

🚌ဘတ်စ်နံပါတ် ၃၄ 👉 ဟွမ်လဖုန်း - ရမ်စစ်

🚌ဘတ်စ်နံပါတ် ၃၉ 👉 ဆနမ်လူ - မဟိဒွန်းတက္ကသိုလ်

🚌ဘတ်စ်နံပါတ် ၄၆ 👉 ရမ ၂ - ရမွန်

🚌ဘတ်စ်နံပါတ် ၅၄ 👉 ဝမ်ချင်ဟွေးခွမ် - လွတ်လပ်ရေးကျောက်တိုင်(အနုစာဝါရီ ချန်ချနာ)နား

🚌ဘတ်စ်နံပါတ် ၅၉ 👉 ရမ်စစ် - ဆလမ်လူ

🚌ဘတ်စ်နံပါတ် ၆၀ 👉 ပတ်ခလောင်တလာ - ဆွမ်ဆရမ်

🚌ဘတ်စ်နံပါတ် ၆၃ 👉 လွတ်လပ်ရေးကျောက်တိုင်(အနုစာဝါရီ ချန်ချနာ) - နွန်ထဘူရိ

🚌ဘတ်စ်နံပါတ် ၇၁ 👉 ဆွမ်ဆရမ် - ဝထက်ထွန်

🚌ဘတ်စ်နံပါတ် ၇၃ 👉 ဆွမ်ဆရမ် - ဖုတံတား

🚌ဘတ်စ်နံပါတ် ၇၆ 👉 ရမ ၄ - ဖလန်ဂျစ်

🚌ဘတ်စ်နံပါတ် ၇၇ 👉 မိုချစ် - ရမ ၃

🚌ဘတ်စ်နံပါတ် ၈၀ 👉 ဆနမ်လူ - နောင်ခမ်

🚌ဘတ်စ်နံပါတ် ၈၂ 👉 ဆနမ်လူ - ဖရာပရာဒန်

🚌ဘတ်စ်နံပါတ် ၈၄ 👉 အွန်ယိုင် - ခလောင်ဆမ်

🚌ဘတ်စ်နံပါတ် ၉၇ 👉 နွန်ထဘူရိ - ဆမ်ခဆေးရုံ

🚌ဘတ်စ်နံပါတ် ၁၃၄ 👉 မိုချစ် ၂ - ဘမ်ဘော်ထောင်

🚌ဘတ်စ်နံပါတ် ၁၄၅ 👉 ပတ်နမ် - မိုချစ် ၂

🚌ဘတ်စ်နံပါတ် ၂၀၃ 👉 ဆနမ်လောင် - နွန်ထဘူရိ

🚌ဘတ်စ်နံပါတ် ၂၀၆ 👉 ခပ်ဆယ်စာ တက္ကသိုလ် - စီနခရင်နျူရော့ တက္ကသိုလ်

ထိုင်းက‌နေ မြန်မာဘာသာပြန်ထားတာဖြစ်လို့ နာမည်လေးတွေ နည်းနည်းလွဲကောင်း လွဲနိုင်ပါတယ်ရှင်

အချက်အလက်များအတွက် မူရင်းရေးသားသူကို Credit ပေးပါတယ်ရှင့် ✨🙏🏻

17/03/2025

အရောင်တွေက စကားပြောသော 7-Eleven မှ ထမင်းဘူးများအကြောင်း

7-Eleven မှာ ရောင်းချတဲ့ ထမင်းဘူးတွေကို ရွေးချယ်
ဝယ်ယူစားသုံးတဲ့အခါမှာ အရောင်တွေဟာ ဒီဇိုင်းအတွက် သက်သက် မဟုတ်ဘဲ ထမင်းဘူးရဲ့ ကြာရှည်
ခံမှုကို ခွဲခြားဖော်ပြထားတာ ဖြစ်ပါတယ်။

💢အဖြူရောင်
အဖြူရောင် ထမင်းဘူးဟာ ၆ လအထိ စားသုံးလို့ရပါတယ်။ ရေခဲသေတ္တာထဲမှာ ကာလရှည်ကြာမှာ သိမ်းထားနိုင်ပါတယ်။

💢အနက်ရောင်
အနက်ရောင် ထမင်းဘူးဟာ ၇ ရက်အထိပဲ စားသုံးနိုင်ပါတယ်။ အဲဒီ ထမင်းဘူးထဲက အစားအစာတွေဟာ ပိုမို လတ်ဆတ်ကြပါတယ်။

💢အနီရောင်
အနီရောင် ထမင်းဘူးဟာ ၄ ရက်အတွင်းပဲ စားသုံးနိုင်ပါတယ်။ ထမင်းဘူး အားလုံးထဲမှာ အလတ်ဆတ်ဆုံးလို့ ပြောနိုင်ပါတယ်။

ထမင်းဘူးတွေရဲ့ ကြာရှည်ခံမှုကို အရောင်တွေနဲ့ ခွဲခြားထားတဲ့အတွက် စားသုံးသူတွေက သူတို့နဲ့ ကိုက်ညီတဲ့ ထမင်းဘူးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Ref : Nation Thailand

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Address

Yangon
11421

Alerts

Be the first to know and let us send you an email when Movie Clip MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share