Aye Say Studio

Aye Say Studio A creative sound studio based in Yangon.

03/09/2026

ဆယ်စုနှစ် ၂ ခုနီးပါး ‌သက်တမ်းရှိတဲ့ ဝါရင့်အသံပိုင်ရှင်ဆိုတော့ ဘာမှပြောနေဖို့တောင်မလိုတော့ပါဘူး။ ကမ္ဘာကျော် Lolane ရဲ့ TV Commercial အတွက် ကျွန်တော်တို့အမြဲလေးစားချစ်ခင်ရတဲ့ မသီရိ နဲ့အတူ Aye Say Studio မှာ အကောင်းဆုံး ဖန်တီးပေးထားပါတယ်။

Global beauty meets world-class sound. ✨💇‍♀️

Proudly featuring a veteran voice talent with two decades of experience for Lolane! At Aye Say Studio, we pair elite industry legends with pristine sound quality to deliver world-class TV commercials.

#

02/09/2026

အခု Radio မှာကြားနေရတဲ့ လူငယ်ဆန်ပြီး Fresh ဖြစ်တဲ့ Truemoney ကြော်ငြာသီချင်းလေးကိုတော့ Aye Say Studio ရဲ့ Sound Designer လည်းဖြစ်၊ Abstract band ရဲ့ Singer-Songwriter လည်းဖြစ်တဲ့ ထက်ကိုကိုပိုင် ကိုယ်တိုင် ဖန်တီးသီဆိုထားတာဖြစ်ပါတယ်။

The sound of smooth money transfers! 🎵⚡

31/08/2026

Goody ပဲဆီရဲ့ (၁၀) နှစ်ပြည့် အထိမ်းအမှတ် Radio ကြော်ငြာကို Aye Say Studio မှာ အသံသွင်းဖန်တီးပေးထားပါတယ်။

Celebrating Goody Peanut Oil’s 10th Anniversary! Produced with pristine sound quality at Aye Say Studio 🌿✨

28/08/2026

Radio မှာကြားနေရတဲ့ Enervon-C ကြော်ငြာအတွက် အားမာန်အပြည့်နဲ့ အသံသွင်းခဲ့တာကတော့ ကိုအားမာန်ပဲဖြစ်ပါတယ်။

Catch our latest radio commercial for Enervon-C, featuring a renowned voice talent and MC ⚡️✨

27/08/2026

မေတ္တာနဲ့ ကူညီပေးရတဲ့ Project တွေကစလို့ Pepsi လို ကမ္ဘာကျော် Brand တွေအထိ တူညီတဲ့စေတနာ၊ မလျော့တဲ့ကြိုးစားမှုတွေနဲ့ ကျွန်တော်တို့ Aye Say Studio က အသံပိုင်းဆိုင်ရာတွေကို ဖန်တီးချယ်မှုန်းပေးနေပါတယ်။

The taste of a new generation, brought to life with world-class voice 🎙️✨

25/08/2026

Take a moment to listen to his calm, sophisticated english voice. Effortless elegance 🎙️✨

24/08/2026

Meet the fresh voices behind our latest projects for Stop Online Harm Myanmar 🎙️✨

Aye Say Studio မှ အသံသရုပ်ဆောင် အသစ်များခေါ်ယူနေပါပြီ ✨အသံသရုပ်ဆောင်တာ၊ ကြော်ငြာတွေ ဇာတ်လမ်းတွေမှာ နောက်ခံအသံစကားပြောတာ၊...
06/02/2026

Aye Say Studio မှ အသံသရုပ်ဆောင် အသစ်များခေါ်ယူနေပါပြီ ✨

အသံသရုပ်ဆောင်တာ၊ ကြော်ငြာတွေ ဇာတ်လမ်းတွေမှာ နောက်ခံအသံစကားပြောတာ၊ Podcast တွေဖန်တီးတာ စတဲ့ Voice Talent လုပ်ငန်းတွေမှာ စိတ်ဝင်စားတယ် ဝါသနာပါတယ်ဆိုရင် ဒီအစီအစဉ်လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

Aye Say Studio ဟာ ၁၅ နှစ်ကျော် အတွေ့အကြုံရှိပြီး ပြည်တွင်းပြည်ပက အသံ Project များစွာကို တာဝန်ယူဖန်တီးတင်ဆက်နေတဲ့ Sound Designer တွေ Voice Talents တွေ Script Writer တွေ Music Producer တွေ နဲ့ စုဖွဲ့လုပ်ကိုင်နေတဲ့ Sound Studio တစ်ခုဖြစ်ပါတယ်။

နှလုံးသားကို အရင်းပြုပြီး အနုပညာ အတက်ပညာတွေနဲ့ ပေါင်းစပ်ထားတဲ့ အရည်အသွေးမြင့် အသံဖန်တီးတင်ဆက်မှုတွေမှာ သင့်အသံ ပါဝင်ဖို့အတွက် Aye Say Studio ကနေကြိုဆိုပါတယ်။

ဘာတွေလိုလည်းဆိုတော့

အသက်အရွယ် - စကားပြောတတ်ခါစအရွယ်ကနေ စကား‌ပြောနိုင်သေးတဲ့အရွယ်အထိ။

ပညာအ‌ရည်အချင်း - စာ‌ကောင်းကောင်း ရေးနိုင်ဖတ်နိုင်တဲ့သူဆိုရပါတယ်။

အတွေ့အကြုံ - အသံသွင်းဖူးတယ်ဆိုရင် ပိုကောင်းပြီး မသွင်းဖူးလည်း ရပါတယ်။

လုပ်ငန်းလိုအပ်ချက် - ကိုယ်ပြောရမယ့် အကြောင်းအရာကို သေချာပိုင်နိုင်အောင် ပြောနိုင်ပြီး စိတ်ကော အချိန်ကော ပေးနိုင်ဖို့လိုပါတယ်။ ရုံးတတ်စရာမလိုပါဘူး။ Project Based ပုံစံဖြစ်တဲ့ အတွက် ကိုယ်အသံနဲ့ကိုက်ညီတဲ့ Project မျိုးတွေဆိုရင် Aye Say Studio ဘက်ကနေ ဆက်သွယ်လာမှာပါ။ ဘာသာစကားတစ်ခုထပ်ပိုပြီး ပြောနိုင်တဲ့သူတွေ (ဥပမာ - English, Chinese, Jinphaw, Kayin, Shan စသည်ဖြင့်) အတွက် ပိုကောင်းပါတယ်။

ဘာသာ၊ လူမျိုး၊ လိင်၊ မွေးဖွားရာဒေသ၊ Certificate တွေ၊ ထောက်ခံစာတွေ တစ်ခုမှ မလိုပါဘူး။ ပုံထဲမှာရေးထားသလို အသံရယ်၊ နှလုံးသားရယ်ဆို လုံလောက်ပါတယ်။

ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ ဘယ်သူမဆို အောက်က Google Form လေးကနေတစ်ဆင့် ပေးပို့ လျှောက်ထားနိုင်ပါတယ်။ ဖတ်ရမယ့်စာသားကိုလည်း Google Form လေးမှာ ရေးပေးထားပါတယ်။

Google Form
https://forms.gle/eoDKYPsqpXXLdmG86

ကျေးဇူးအများကြီးတင်ပါတယ်။

Address

Room 007, Building B1, Highway Complex Housing (Between Hanthawaddy Road & NarNatTaw Road)
Yangon
11041

Telephone

+95943105455

Website

Alerts

Be the first to know and let us send you an email when Aye Say Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Say Studio:

Shortcuts

Share