Zaw Chronicles

Zaw Chronicles I am creating this channel with the aim of making my travelogues to various places, festivals, and local knowledge memorable.

01/03/2026

My Singapura Moments Episode 15

Singapore Night View Part 1
Marina Bay Sands Hotel

11/02/2026

My Singapura Moments Episode 14

Santosa Trip Final Part

10/02/2026

My Singapura Moments Episode 13

Visit to Santosa Trip Part 1

07/02/2026

My Singapura Moments Episode 12

East Coast Beach

05/02/2026

My Singapura Moments Episode - 10
Visit to Singapore River

04/02/2026

စင်္ကာပူရဲ့ Fountain of Wealth ဆိုတာက မြန်မာလို ကြွယ်ဝမှုအင်း (သို့မဟုတ်) ချမ်းသာသုခ ရေပန်း လို့ အဓိပ္ပါယ်ရပါတယ်။ စင်္ကာပူလို ဖွံ့ဖြိုးပြီး၊ တိုးတက်ပြီးနိုင်ငံတောင် တရုတ် ဖုန်းရွှေ ပညာရပ်၊ တာအို အယူအဆ၊ ဟိန္ဒူအယူအဆ များစွာဖြင့် ဤ Fountain of Wealth ကို ဖန်တီး တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၅ ခုနှစ်တွင် ဖန်တီး တည်ဆောက်ခဲ့ပြီး၊ အချင်း (၆၆)ပေ ရှိကာ၊ ၁၉၉၈ ခုနှစ်မှာ ဂင်းနစ်စံချိန်တင်ခဲ့သလို ကမ္ဘာ့အကြီးဆုံးရေပန်းဖြစ်ခဲ့ပါတယ်။

စည်းလုံးညီညွတ်မှု၊ ကြွယ်ဝမှုနှင့် ကောင်းမွန်တဲ့ စွမ်းအင်များကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ရေကန်ကြီးကတော့ စင်္ကာပူကျွန်းကို ကိုယ်စားပြုပြီး၊ ရေပန်း ဒေါက်တိုင် လေးခုက အရပ်လေးမျက်နှာကို ကိုယ်စားပြုကာ၊ အဝိုင်းပုံစံကစွမ်းအင်ကို ကိုယ်စားပြုကြောင်း ဆိုပါတယ်။

ရေစီးဆင်းမှုမှ တဆင့် စင်္ကာပူနိုင်ငံကို ချမ်းသာမှုနှင့် အောင်မြင်မှုများ ယူဆောင်လာစေတယ်လို့ ယုံကြည်ကြပါတယ်။

စင်္ကာပူရဲ့ အထင်ကရနေရာတစ်ခုဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်များအတွက် ကံကောင်းစေသောနေရာအဖြစ်လည်း လူသိများပါတယ်။

စင်္ကာပူနိုင်ငံသားတွေရဲ့ အယူအဆ အရ Fountain of Wealth ကို လက်ယာရစ် သုံးပတ် လှည့်ပတ်ပြီး ရေကို လက်ဖြင့် ထိတွေ့စေခြင်းဖြင့် ကံကောင်းခြင်းနှင့် ကြွယ်ဝမှုကို ယူဆောင်လာစေတယ်လို့ ယုံကြည်ကြပါတယ်။

တရွာ တပုဒ်ဆန်း၊ တကျောင်း တဂါထာဆိုသလို နိုင်ငံ အသီးသီးမှာလည်း ၎င်းတို့ ယုံကြည်ရာ ကဏ္ဍတွေလည်း ရှိနေစမြဲ ဖြစ်ကြောင်း ကျနော့် မိတ်ဆွေများ ဗဟုသုတရစေရန် အလို့ငှာ ဖော်ပြလိုက်ပါတယ်။

Zaw Hlaing Tun (4-2-2026)

03/02/2026

My Singapura Moments Episode 9
Visit to Marina Bay

01/02/2026

My Singapura Moments Episode 8

University of the Arts Singapore, National Library Building, Jubilee, Raffles City အနီးအနား၊ အာရပ်အငွေ့အသက်များနှင့် Mustafa, အိန္ဒိယ အငွေ့အသက်များနှင့် Little India

30/01/2026

My Singapura Moments Episode 7
Visit to BUGIS street
စင်ကာပူ၏ ဒုတိယမြောက် China Town အဖြစ် သတ်မှတ်ရမည့် BUGIS street

29/01/2026

My Singapura Moments Episode 6

Visit to Masjid Sultan

ဆူလတန်ဗလီ (သို့) Masjid Sultan သည် စင်္ကာပူနိုင်ငံ၊ Kampong Glam ရပ်ကွက်တွင် တည်ရှိသော ထင်ရှားသည့် ဗလီတစ်ခုဖြစ်ကာ ကြီးမားသော ဗိမာန်နှင့် ခမ်းနားထည်ဝါသည့် ဗိသုကာလက်ရာကြောင့် လူသိများသည့် စင်္ကာပူနိုင်ငံ၏ အရေးပါသည့် အလှပဆုံး ဗလီများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

စင်္ကာပူရှိ မူဆလင်အသိုင်းအဝိုင်း၏ အဓိက ကိုးကွယ်ရာနေရာနှင့် ယဉ်ကျေးမှု အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ပါသည်။

ဤဗလီကို ၁၈၂၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး
စင်္ကာပူ မူဆလင် အသိုင်းအဝိုင်းအတွက် အရေးပါသော ဗဟိုဌာနတစ်ခု ဖြစ်ကာ ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိပြီး အဆိုပါ ဆူလတန် ဗလီရှိရာ Kampong Glam ရပ်ကွက်တွင် ဘီယာဆိုင်များ၊ ကဖေးဆိုင်များ များစွာရှိပြီး စင်္ကာပူနိုင်ငံ၏ Multi Culture အငွေ့အသက်များကို ခံစားရရှိစေနိုင်ပါသည်။

Zaw Hlaing Tun (30-1-2026)

#ဆူလတန်ဗလီ

28/01/2026

My Singapura Moments Episode 5

Address

Yangon

Alerts

Be the first to know and let us send you an email when Zaw Chronicles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share