ZAW's Travelog

ZAW's Travelog ဘဝအခိုက်အတန့် ခဏလေးမှာ ကျန်ခဲ့မယ့်
ကောင်းမွန်တဲ့ ချန်ရစ်ခြင်းတွေပဲ ရှိပါမယ်။

12/09/2025

Designer carrier သွားလိုသည့် ညီ၊ ညီမငယ်များအတွက် Landscape Digital Art

01/09/2025

ဂျိုင်းတံတား(ဇာသပြင်)

ဘားအံ-မော်လမြိုင်ကားလမ်းပေါ်တွင် တည်ရှိ‌သော ကရင် ပြည်နယ် နှင့် မွန်ပြည်နယ် နယ်စပ်ရှိ ဂျိုင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် သံမဏိကြိုးတံတား တစ်စင်း ဖြစ်ပြီး အရှည် ၄၉၀၀ ပေ ရှိကာ ဇာသပြင်အနောက်ရွာ၊ ဘားအံမြို့နယ် နှင့် ခရုံရွာ၊ ကျိုက်မရောမြို့နယ် တို့ကို ဆက်သွယ်ထားသည်။

၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့၍ ၁၉၉၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ သံမဏိကြိုးဆွဲထားသောနေရာတွင် သံများခင်းထားသည်။ မြန်မာနိုင်ငံတွင် ၃ စင်းမြောက် အရှည်ဆုံးကြိုးတံတားဖြစ်သည်။

ယခု လက်ရှိကာလတွင် (ဇာသပြင်)ဂျိုင်းတံတား အသစ် တည်ဆောက်နေပြီး ရာခိုင်နှုန်းတော်တော်များများ ပြီးစီးနေ ပြီဖြစ်သည်။ တံတားသစ်ပြီးစီးသွားပါက လမ်းပန်း ဆက်သွယ်ရေး ယခုထက် ပိုမိုကျယ်ပြန့်ပြီး ကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်သွားမည် ဖြစ်သည်။

Zaw Hlaing Tun

#ဂျိုင်းတံတား #ဇာသပြင် #ဂျိုင်းမြစ် #မွန်ပြည်နယ် #ကရင်ပြည်နယ် #တံတား fans

28/03/2025

I got 10 reactions and comments on one of my posts last week! Thanks everyone for your support! 🎉

တောင်ဝိုင်း တခွင်မှ ပတ်ဝန်းကျင် အလှတရားများ(21-3-2025) #ကရင်ပြည်နယ်            #တောင်ဝိုင်း
22/03/2025

တောင်ဝိုင်း တခွင်မှ ပတ်ဝန်းကျင် အလှတရားများ
(21-3-2025)

#ကရင်ပြည်နယ် #တောင်ဝိုင်း

13/03/2025

တပေါင်းလပြည့်နေ့ အမှတ်တရ (၁၃-၃-၂၀၂၅)(ဘားအံမြို့)

#တပေါင်းလပြည့်နေ့ #မီးပုံပျံလွှတ်တင်ပွဲ #စတုဒီသာ #ဘားအံ #ကရင်ပြည်နယ်

31/01/2025

နည်းပညာခေတ်ထဲက ရိုးရာဓလေ့ တံဆိပ်များ

၃၀-၁-၂၀၂၅ နေ့ ည(၈)နာရီခန့်က ဘားကပ်ကျေးရွာ၊ ဘားအံ၊ ကရင်ပြည်နယ်ရှိ ၃၇ မင်းနတ် မီးနင်းပွဲ ကျင်းပရာသို့ ခဏတာ ရောက်ခဲ့ပါသည်။ ပွဲ တပွဲကျင်းပသည်နှင့်အမျှ လောင်းကစားဝိုင်းများလည်း စည်စည်ကားကား တွေ့မြင်ခဲ့ကြောင်းပါ။ တရွာတပုဒ်ဆန်း တကျောင်းတဂါထာလိုပါပဲ၊ သူ့ဒေသ သူ့ဓလေ့ သူ့ရိုးရာများကတော့ နည်းပညာခေတ်ထဲမှာ ဂါထာမန္တာန်တခုလို တည်ရှိနေအုံးမှာပါပဲ။

Zaw Hlaing Tun -Travel Diary 31

#ရိုးရာဓလေ့များ #နည်းပညာခေတ်ထဲကရိုးရာဓလေ့များ
#၃၇မင်းနတ် #မီးနင်းပွဲ #၃၇မင်းနတ်မီးနင်းပွဲ
#ဘားကပ် #ကရင်ပြည်နယ် #ဘားအံ #ပွဲတော်များ Hpa-An fans

ပုံရိပ်မဲ့ ဂရပ်ဖစ်ကို မျှော်လင့်ခြင်းလမင်းနဲ့အတူ ဝေးဝေးကပဲ လွမ်းရတော့မယ်။ R.I.P ပါ ကိုမာကြီး ရယ်။
24/01/2025

ပုံရိပ်မဲ့ ဂရပ်ဖစ်ကို မျှော်လင့်ခြင်းလမင်းနဲ့အတူ
ဝေးဝေးကပဲ လွမ်းရတော့မယ်။ R.I.P ပါ ကိုမာကြီး ရယ်။

25/12/2024

ပျော်ရွှင် ငြိမ်းချမ်းပြီး ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည့် ခရစ္စမတ်အချိန်အခါ ဖြစ်ပါစေ

Zaw Hlaing Tun -Travel Diary 31
fans

09/12/2024

2024 Karen State Travel Diary

#ခရီးသွားအမှတ်တရ #ကရင်ပြည်နယ် #ဘားအံ #အပန်းဖြေခရီး fans

နိုဝင်ဘာ ဇွဲကပင် ဒိုင်ယာရီ ၂၀၂၄ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်သည့် ဇွဲကပင်တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေ မြင့်...
24/11/2024

နိုဝင်ဘာ ဇွဲကပင် ဒိုင်ယာရီ ၂၀၂၄

ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်သည့်
ဇွဲကပင်တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေ မြင့်ပြီး ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင် တည်ရှိသည်။

ဇွဲကပင်တောင်တွင် တည်ထားပူ‌ဇော်သည့်ဆံတော်ရှင် စေတီတော်သမိုင်းသည် ကျိုက်ထီးရိုးစေတီ၊ ဇင်းကျိုက်တောင်စေတီနှင့် မုလအိစေတီတို့၏ သမိုင်းကြောင်းနှင့် ခေတ်ပြိုင်ဖြစ်ကြောင်း ရာဇဝင်မှတ်တမ်းများ အရ သိရသည်။

ဇွဲကပင်တောင်သို့ တက်ရန်နှင့် ဆင်းရန်အတွက် နေရာ (၂) ခု ရွေးချယ်နိုင်သည်။

တစ်ခုမှာ ခလောက်နို့ ကျေးရွာဝင်ပေါက်ဖြစ်ပြီး
ဘားအံမြို့မှ နေ၍ (၁၅) မိနစ်ခန့် ဆိုင်ကယ် (သို့) ကားဖြင့် သွားရောက်နိုင်သည်။

နောက်တစ်ခုမှာ လုမ္ဗနီဥယျာဉ်၊ ဒုံရင်းဖက်ဝင်ပေါက်ဖြစ်ပြီး သံလွင်တံတားနှင့် နီးသောကြောင့် ခရီးသွားများ အများဆုံးတက်ရောက်သော ဝင်ပေါက်ဖြစ်သည်။

ယခု တက်ရောက်ခဲ့သည်မှာ လုမ္ဗနီဥယျာဉ် ဖက်ခြမ်းမှ တက်ရောက်ခဲ့သောကြောင့် ၎င်းနေရာ၏ တောင်းတက်ခရီးအစမှာ-

အစကနဦး တောင်ပေါ်တက်ရောက်သူများ အဖို့ တောင်တက်အသွား(၄)နာရီ၊ အပြန်(အဆင်း)၂ နာရီခန့် ကြာမြင့်နိုင်သည်။ တောင်ပေါ်ခရီးနှင့် အနေမစိမ်းသူများအဖို့ တောင်တက်ခရီးသည် အသွားအပြန်(၂)နာရီခန့်သာ ကြာမြင့်နိုင်မည် ဖြစ်သည်။

တောင်တက်ခရီးတွင် တောအုပ်အတွင်းမှ ရုတ်တရက်ထွက်လာသည့် မျောက်များကို သတိပြုရန်လိုအပ်သည်။ အဆိုပါ မျောက်များသည် အစားအသောက် လက်ဆွဲများကို လုယူထွက်ပြေးတတ်သည်။

ဇွဲကပင်တောင်ပေါ်သို့ ရောက်လျှင် တောင်အနီးတွင် ဖွင့်လှစ်ထားသည့် ထမင်းဆိုင်တွင် အမောဖြေ ထမင်းစားသုံးနိုင်သည်။ ရံဖန်ရံခါ ဇွဲကပင်တောင်ပေါ်၌ စတုဒီသာကျွေးသည်နှင့်လည်း ကြုံကြိုက်နိုင်ပါသည်။

တောင်တက် အတွေ့အကြုံမရှိသူများ တောင်ပေါ်တက်လျှင် ရေဘူးယူသွားပါ။ နားနားနေနေ တက်ပါ။ ဦးထုပ်ဆောင်းပါ။ တချို့နေရာတွင် နေပူပါသည်။ တောင်ပေါ်မှာရှိသည့် ကရင်မောင်နှမ နတ်ကွန်းနားသို့ ရောက်လျှင် ခရီးစဉ် သုံးပုံ နှစ်ပုံ ရောက်ရှိပြီဟု မှတ်ယူနိုင်ပါသည်။ တချို့နေရာတွင်လမ်းကျဉ်းပြီး တောင်နံရံဖက်ခြမ်းကို အားပြုပြီးသွားသင့်သည်။

ခလောက်နိုဖက်မှ တက်လျှင် လမ်းပိုကောင်းသည်ဟု သိရပါသည်။ ၎င်းဖက်တွင် လှေကားတန်းများ စနစ်တကျရှိသောကြောင့် ကနဦး တောင်တက်ရောက်သူများ အဖို့ အဆင်ပြေနိုင်ပါမည်။

Zaw Hlaing Tun- Travel Diary 31

#အပန်းဖြေခရီး #ဇွဲကပင်တောင် #ခရီးသွားအမှတ်တရ #ကရင်ပြည်နယ် #ဘားအံ #နိုဝင်ဘာ fans

ဇွဲကပင်တောင် ၏ ကရင်ပါးစပ်ရာဇဝင်အရ ကရင်မောင်နှမ ပုံသဏ္ဍန် မြင်တွေ့ရသည့် ကျောက်နံရံဖက်ခြမ်း မြင်ကွင်း(ကျောက်ကလပ်စေတီ ဖက်ခြ...
21/11/2024

ဇွဲကပင်တောင် ၏ ကရင်ပါးစပ်ရာဇဝင်အရ ကရင်မောင်နှမ ပုံသဏ္ဍန် မြင်တွေ့ရသည့် ကျောက်နံရံဖက်ခြမ်း မြင်ကွင်း

(ကျောက်ကလပ်စေတီ ဖက်ခြမ်းမှ ရိုက်ကူးထားသည်)

#ဇွဲကပင်တောင် #ဘားအံမြို့ #ခရီးသွားအမှတ်တရ #ကရင်ပြည်နယ်

Address

Yangon

Alerts

Be the first to know and let us send you an email when ZAW's Travelog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share