18/12/2023                                                                            
                                    
                                                                            
                                            VPN ဝယ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ကိုယ်သုံးမဲ့ VPN အကြောင်းကို သေချာလေးနားလည်ထားမှသာ သုံးရတာ အဆင်ပြေဆုံးဖြစ်မှာပါ၊ 
ဒါကြောင့် ဒီ post လေးမှာ Casa Mia 808 မှာ ရရှိနိုင်တဲ့ VPN ၃ မျိုးအကြောင်းကို အသေးစိတ်ရှင်းပြသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ 
🛑 Express VPN 
Express VPN ကတော့ Casa Mia 808 မှာ အရောင်းရဆုံးနဲ့ Customer တွေ အမေးများဆုံး VPN ပဲဖြစ်ပါတယ်။ 
World’s 1st Premium VPN အနေနဲ့ သတ်မှတ်ခံထားရတဲ့ Express VPN က ချိတ်တာလည်း စက္ကန့်ပိုင်းပဲကြာတဲ့အပြင် လိုင်းဆွဲအားလည်း တော်တော်ကိုကောင်းပါတယ်။ 
Online Shop လုပ်တဲ့သူတွေ၊ Live Streaming ကြည့်တဲ့သူတွေအတွက် အင်မတန်မှ အဆင်ပြေတဲ့ VPN ပါပဲ။ 
နိုင်ငံပေါင်း ၁၀၅ နိုင်ငံ က server ပေါင်း ၃,၀၀၀ ကျော်တောင်ရှိတာမို့ ရွေးချယ်စရာ နိုင်ငံတွေလည်း အတော်စုံပြီး Myanmar Server ပါ ပါဝင်တဲ့ VPN ပဲဖြစ်ပါတယ်။ 
US VPN လိုအပ်တဲ့ Streaming Sites တွေဖြစ်တဲ့ HBO MAX, Disney+ တွေအတွက်လည်း VPN တွေအားလုံးထဲမှာ IP ကျော်တဲ့နေရာမှာ Express VPN က အဆင်ပြေဆုံးပါပဲ။ 
Netflix ရဲ့ Geolock ကိုလည်း အသာလေး ကျော်နိုင်တဲ့ Express ပါ။ 
ဒါ့အပြင် iOS, Android, Windows, Mac အပြင် Linux, Routers စတဲ့ Platforms တွေမှာပါ သုံးလို့ ရတဲ့ VPN ဖြစ်တာမို့ Express နဲ့ မကိုက်တဲ့ Device ဆိုတာ မရှိသလောက်ရှားပါတယ်။ 
Wifi / Sim လည်း မရွေးတာမို့ VPN ကြောင့်လိုင်းကျနေလို့ စိတ်ညစ်ရတာမျိုးမဖြစ်ချင်ဘဲ လိုင်းဆွဲအားကောင်းကောင်းနဲ့ Premium VPN သုံးချင်တဲ့ Customers တွေအနေနဲ့ အခုပဲ Casa Mia 808 မှာ Express VPN ကို လာရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ။
❇️ IPVanish VPN 
နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်က Server ပေါင်း ၂,၂၀၀ ကျော်ပါတဲ့ IPVanish VPN ကတော့ ချိတ်ရတာ လွယ်ကူမြန်ဆန်ပြီး စျေးသက်သာတဲ့ VPN လေး တစ်ခုပဲဖြစ်ပါတယ်။ 
သူ့ရဲ့ Server တွေအားလုံးထဲမှာမှ United States Server က တော်တော်ကောင်းတာမို့ US VPN လိုအပ်တဲ့သူတွေအနေနဲ့ အရမ်းအဆင်ပြေစေမဲ့ VPN ပဲဖြစ်ပါတယ်။ 
Netflix, HBOMAX, Disney+ တို့ရဲ့ geolock ကိုလည်း သေချာကျော်နိုင်တဲ့ VPN မို့လို့ admin တို့အနေနဲ့ Bundle တွေတွဲရောင်းပေးတဲ့အခါ IPVanish နဲ့ပဲ တွဲပေးတာပါ။ 
iOS, Android, Windows, Chrome platforms အကုန်မှာ အသုံးပြုနိုင်ပြီး Android TV တွေမှာလည်း အသုံးပြုနိုင်တဲ့ VPN ပဲဖြစ်ပါတယ်။ 
စျေးသက်သက်သာသာနဲ့ Casual ဖြစ်ဖြစ် အသုံးပြုချင်တဲ့ သူတွေအတွက်တော့ IPVanish ကို ရွေးချယ်တာမှားမှာ မဟုတ်ပါဘူး။ 
IPVanish VPN လေးကိုလည်း Casa Mia 808 မှာ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။
🟢 Tunnelbear VPN
နိုင်ငံပေါင်း ၄၇ နိုင်ငံက servers တွေ ရှိတဲ့ Tunnelbear က အခြား VPN တွေထက်စာရင် server နည်းပေမဲ့ အထင်မသေးသင့်တဲ့ VPN တွေထဲပါပါတယ်။ 
Freemium Budget VPN ဖြစ်တဲ့အတွက် လူကြိုက်အရမ်းများပြီး Free Version သုံးဖူးသွားရင်ကို Tunnelbear ရဲ့ Premium Version က ဘယ်လောက်တန်လဲကို သိရမှာဖြစ်ပါတယ်။ 
နိုင်ငံနည်းပေမဲ့ လူသုံးများတဲ့ အဓိက နိုင်ငံတွေ အကုန်ပါဝင်ပြီး လိုင်းဆွဲအားလည်း ကောင်းမွန်တဲ့အပြင် Split Tunneling ဆိုတဲ့ Feature လေးလည်း ပါဝင်ပါတယ်၊ Split Tunneling ဆိုတာကတော့ VPN ချိတ်ပြီး ဝင်လို့ အဆင်မပြေတဲ့ Application တွေ Website တွေအတွက် VPN ကို တကူးတက သွားဖြုတ်လိုက် ပြန်ချိတ်လိုက် လုပ်စရာမလိုဘဲ အဲ့ App တွေ ဝင်တဲ့အခါ Split Tunneling နဲ့ auto VPN ကို ပိတ်ထားလို့ရမှာပဲ ဖြစ်ပါတယ်။ 
VPN ချိတ်တဲ့အခါလည်း နာမည်နဲ့လိုက်အောင် ဝက်ဝံလေးက တွင်းတူးပြီး ချိတ်ပေးတဲ့ animation လေးမို့ တော်တော်လည်း ချစ်ဖို့ကောင်းတာပါ။ 
iOS, Android, Windows, Chrome စတဲ့ Platform အကုန်လုံးမှာ အသုံးပြုနိုင်ပါတယ်။ 
Budget VPN လေးမို့ စျေးသက်သက်သာသာနဲ့ အဆင်ဆင်ပြေပြေ အသုံးပြုလိုတဲ့ user တွေ အခုပဲ Casa Mia 808 မှာ Tunnelbear VPN လေးကို လာရောက်ဝယ်ယူနိုင်ပါပြီ ခင်ဗျာ။