WE Talk

WE Talk media entertainment.

27/01/2021

ကြိုက်တယ် ကြိုက်တယ် 🥰🥰🥰
Please Like . Share & Follow 🙏🙏🙏

*လောကကြီးမှာ အိုးနဲ့တူတဲ့ လူသုံးမျိုး ရှိပါတယ်*မပြည့်တဲ့အိုး"မပြည့်တဲ့အိုးဘောင်ဘင်ခတ်"ဆိုသလို နည်းနည်းသိပြီးစကားကို ဟောင...
24/01/2021

*လောကကြီးမှာ အိုးနဲ့တူတဲ့ လူသုံးမျိုး ရှိပါတယ်

*မပြည့်တဲ့အိုး

"မပြည့်တဲ့အိုးဘောင်ဘင်ခတ်"ဆိုသလို နည်းနည်းသိပြီး
စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီး ပြောချင်တဲ့
သူမျိုးပါ

အခြေအနေမှန်ကိုလည်း ကောင်းစွာ
မသုံးသပ် အရိပ်အကဲကိုလည်း နားမလည် ကိုယ်ပြောချင်တာ
ကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်

ဒီအိုးလို သူမျိုးဟာ ပတ်ဝန်းကျင်နဲ့ဖီလာ
ကန့်လန့် အမြဲဖြစ်နေတတ်ပြီး
အရူးအပေါ စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုံချပြစ်တင်ခြင်း ခံရတတ်ပါ
တယ်

……………

*ပြည့်နေပြီလို့ထင်နေတဲ့အိုး

အရာရာငါသိ ငါတတ် ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင်
ရောက်ကာ မိမိကိုကိုယ် အထင်ကြီး ဘဝင် လေဟပ်နေသူမျိုး
ပါ

ဘာမဆိုသိပြီးသား တတ်ပြီးသား အချိုးမျိုးနဲ့အခြား တစ်ပါးသူ
ကို နှိမ့်ချ ဆက်ဆံတတ်ပါသေးတယ်

စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး
ဂိုက်ဖမ်းနေတတ်ကာ
ကိုယ့်ကိုယ်ကို ဖြည့်စရာမလိုလောက်အောင် ပြည့်နေပြီ
ထင်နေတတ်တဲ့ အိုးမျိုးလိုပါ

ဒီအိုးလို သူမျိုးဟာ ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး
တဖြေးဖြေးအရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး
ကြုံရတတ်ပါတယ်။

……………

*ဘာဆိုဘာမှမရှိသေးတဲ့အိုး

အရာရာကို တားလည်ခွင့်လွှတ်နိုင်စွမ်း
အပြည့်ရှိနေပြီး ငါသိစရာ ငါတတ်စရာတွေ အများကြီး ရှိနေ
ပါသေးသလားဆိုတာ သိနေတဲ့လူမျိုးပါ

သူများကိုအထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်
ကြီး ဘဝင်မြင့် မနေတတ်ပါဘူး

ဒီအိုးလို သူမျိုးကသာ ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ်
ဂုမငယ်ရဘဲ လူချသ် လူခင်များသထက် များနေကာ
ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို
အထူးခံစားရပါလိမ့်မယ်

……………

ကဲ
ကိုယ်ကိုယ်တိုင် ဘယ်လို အိုးမျိုးဖြစ်နေလဲ
စမ်းစစ်ကြည့်ကြရအောင်……။

credit

မေတ္တာဖြင့်
အရှင်စန္ဒာသီရိ ( ဖိုးလမင်း )

ပညာရှိ ဆိုသူများ ပညာမဲ့လာသောအခါ================ပညာရေးဝန်ကြီးဌာနအဆက်ဆက်သည် မြန်မာစာတွင်ပါရှိသော ဋ-ဌ-ဍစသောအက္ခရာများကို မျ...
22/01/2021

ပညာရှိ ဆိုသူများ ပညာမဲ့လာသောအခါ
================
ပညာရေးဝန်ကြီးဌာနအဆက်ဆက်သည်
မြန်မာစာတွင်ပါရှိသော ဋ-ဌ-ဍစသော
အက္ခရာများကို မျက်မုန်းကျိုးနေကြသည်မှာ
ကြာခဲ့ပြီဖြစ်သည်၊၊

ထိုအက္ခရာများကို
ဖြုတ်ပစ်ဖို့ကြိုးစားခဲ့ကြသည်မှာ
ယခုခေတ်မှမဟုတ် ရှေးရှေးခေတ်တွေ
ကလည်း ဖြုတ်ပစ်ကြဖို့ ကြိုးစားခဲ့ကြဘူးသည်။

ဗဟန်း၊ မြို့မကျောင်းလမ်းရှိ
စိန်ရတာစာသင်တိုက်တွင် ရှိုင်းဟုပ်ကုမ္ပဏီက
ဓမ္မာစရိယစာချသံဃာတော်များအား
ပိဋကတ်သုံးပုံ အိုင်ပက်များလှူစဉ်
ဟင်္သာတ မိုးကောင်းဆရာတော်ကြီး
သြဝါဒပေးရာတွင် ...~

ဦးနေဝင်းလက်ထက်က
ဋ-ဌ-ဍ-စသော အက္ခရာအချို့ကို
အသုံးအစွဲလည်း သိပ်မရှိ၊
ကလေးတွေ အတွက်လည်း
သင်ရခက်တယ်ဟုဆိုကာဖြုတ်ပစ်လိုကြောင်း
တင်ပြခဲ့ကြဘူးသည်ဟုဆိုသည်။

ထိုအဆိုကို .. ဦးနေဝင်းက

"ဟ- ဘာလို့ဖြုတ်ပစ်ရမှာလဲကွ၊
ကိုယ်နားမလည်တိုင်းဖြုတ်ပစ်လို့ ဖြစ်မလား?၊
ဒါဆို မင်းတို့ ပဋိသန္ဓေကို ဘယ်လိုရေးမလဲ?
ပတိသန္ဓေလို့ တဝမ်းပူနဲ့ ရေးမှာလား?
ကိုယ်ရေးချင်တိုင်းရေးလို့မရဘူးလေ"
စသည်ဖြင့်..~
ငေါက် ငန်းပြောဆိုတားမြစ်လိုက်သဖြင့်
အက္ခရာအချို့ ဖြုတ်ပစ်မည့်
အစီအစဉ်ပျက်ခဲ့ရဘူးကြောင်း..

သမိုင်းတစ်ခုကိုပြောပြပြီး
မိုးကောင်းဆရာတော်ကြီးက
ဦးနေဝင်းကို ကျေးဇူးတင်သင့်ကြောင်း
မိန့်ကြားခဲ့ဘူးပါတယ်။

ထိုနည်းတူစွာ
ငွေကြာရံကျောင်းအမကြီး ဒေါ်ဒေါ်စီကလည်း
ရှေးခေတ် ပညာရေးဝန်ကြီးတို့သည်
ဆရာတော်ကြီးများထံ
ချဉ်းကပ်ပြီး ဋ-ဌ-ဍစသောအက္ခရာအချို့ကို
ပယ်ဖျက်လိုကြောင်းလျောက်ထားရာ..~

ဆရာတော်ကြီးတွေက
ဒကာကြီးတို့
အဲဒီအက္ခရာတွေ ဖျောက်ပစ်မယ်ဆိုရင်
ပိဋကတ်စာပေတွေပျက်ကုန်မှာပေါ့ဟု..~
မိန့်ကြားသဖြင့် ထိုအစီအစဉ် လက်လျှော့
ခဲ့ကြရကြောင်း ပြောပြခဲ့ဘူးပါသည်။

အခုလောလောဆယ်
ဖြုတ်ပစ်မည့် အက္ခရာတွေအကြောင်းကို
မပြောခင်
မဖြုတ်ပဲကျန်နေသည့်အက္ခရာများ
အကြောင်းကို နဲနဲပြောချင်ပါသေးသည်၊၊

မြန်မာအက္ခရာတွေကို
အင်္ဂလိပ်အက္ခရာနှင့် တွဲပြသောအခါ
ဒ-ကို DA-လို့ ရေးတာ
မှန်ပေမဲ့ ဓ-ကို DA-လို့ ရေးထားတာ
မမှန်ပါ
စတုက္ခရာ (လေးခုမြောက်အက္ခရာ) သည်
ဓနိတ-ဃောသ-လေးလေးနက်နက်
အသံပြင်းပြင်းရွတ်ရမည့်
အက္ခရာဖြစ်သောကြောင့် H-ထည့်လျက်
DHA-ဟုရေးရမည်ဖြစ်ပါသည်၊၊

ထိုနည်းတူစွာ ဗ-ကို BA-နှင့်ရေးထားတာ
မှန်သော်လည်း
ဘ-ကိုမူ H-ထည့်လျက်
BHA-ဟုသာ ရေးရမည်ဖြစ်ပါသည်၊၊

အက္ခရာ စီစဉ်သူများ ပေါ့တီးပေါ့ဆလုပ်သဖြင့်
ဟိုတေလာက...
ကချင် ကျောင်းသုံးစာအုပ်နှင့်ပတ်သက်ပြီး
အမှားပေါင်း မြောက်များစွာပါရှိလို့
ဒေါ်ဒွဲဘူး ဝေဘန်လိုက်တာ တော်တော်
ဆူဆူညံညံဖြစ်သွားတာ ကြားလိုက်ရသေးသည်။

မြန်မာတို့သည် ဒ-နှင့် ဓ- အသံထွက်
မထူးသော်လည်း ပါဠိစာပေမှာ
အလွန်ထူးခြားလှသည့် အသံထွက်
စည်းကမ်းလည်းရှိသည်၊
သူ့အသံနှင့်သူထွက်ရမည်ဖြစ်သည်၊၊

အကယ်၍..
ဓ-ကို ဒ-အသံ၊ ဘ-ကို ဗ-သံနှင့်ထွက်ပြီး
ရဟန်းခံကမ္မဝါရွတ်မိပါက
ရဟန်းလောင်းမှာ ရဟန်းမဖြစ်၊
အန္တရာယ်ကင်း ကမ္မဝါစာတို့မှာလည်း
အစွမ်းမထွက်နိုင်တော့ပါ၊

ထို့ကြောင့်..
အက္ခရာတို့၏အသံထွက်သည်
အလွန်အရေးကြီးလှပေသည်၊

(ပါဠိမသင်ဘူးသော သူတစ်ယောက်အနေနဲ့
ထိုအသံထွက်တွေအတွက် နားလည်ဖို့
လွေယ်ကူနိုင်ပါ)
အိန္ဒိယသားတို့နားမှာ ဒ-သံနှင့်
ဓ-သံ အလွန်သဲသဲကွဲကွဲရှိကြသည်။

အခု ဖြုတ်ပစ်မည်ဆိုသည့် အက္ခရာများမှာ
(ဃ-စျ-ဋ-ဋ္ဌ-ဍ-ဎ-ဏ-ဠ)ဟုကြားသိရသည်၊၊

ထိုအက္ခရာများသည် လူတို့တွင်
အသုံးနည်းသော်လည်း ပါဠိစာပေ၌မူ
အလွန်အသုံးတွင်သော အက္ခရာများ
ဖြစ်ကြသည်၊၊

ပါဠိစာပေဥပမာဖြင့် ပြပါက
ပြလို့မကုန်နိုင်အောင် များပြားလှပေသည်၊၊

ထို့အပြင်
မြန်မာသတ်ပုံကျမ်းရေးသော
စာပေပညာရှင်တို့တွင်လည်း
ပါဠိပညာရှင်ပါဟန်မတူ။

ထို့ကြောင့် ..
ထိုအက္ခရာများနှင့်ပတ်သက်လာလျှင်
မြန်မာ့သတ်ပုံကျမ်းတွင် အကျယ်တဝင့်
ရေးပြနိုင်စွမ်းမရှိသည်ကို တွေ့ရသည်၊၊

မိမိအနေနဲ့ လူအများနားလည်ရုံမျှသာ
ရေးမည်ဖြစ်၍ ပါဠိစာပေအသုံးအနှုံးများ
ရေးမပြတော့ပါ၊
ထိုပယ်ဖျက်မည့်အက္ခရာများထဲမှ
လူတို့အသုံးအနှုံး အချို့ရှိသေးကြောင်းကိုသာ
သတိရတာလေးတွေ တင်ပြလိုက်ပါမည်။

ဥပမာ
ဃ = ဂဃနဏ၊သံဃာတော်၊
(သံဃ ဿ ဒေမ) ဃနာနို့ဆွမ်း၊
ကုမ ္ဘဃောသကလုလင်၊
ဃရာဝါသ = အိမ်ရာတည်ထောင်
လူတို့ဘောင်၊ ဃောသကသူဌေး၊
အရှင်မဟာဗုဒ္ဓဃောသ၊ ဃဋိကာရဗြဟ္မာ၊
ရှေးသတ်ပုံကျမ်းမှာ မိုဃ်းရွာသည်ဟု
ရေးထုံးရှိ (ပါဠိမေဃ)။

စျ = စျေးသူစျေးသားများ၊
စျေးရောင်းကောင်းသည်၊
ဥပဇ္စျာယ်ဆရာ၊ ရွတ်ဖတ်သရဇ္စျာယ်သည်၊
ကောင်းကင်ခရီးကို စျာန်ဖြင့်ကြွ
သွားတော်မူသည်စည်၊စျာန်ဝင်စားသည်။

ဋ = သိန်း သန်း ကုဋေ၊ ပဋိသန္ဓေ၊
ပိဋကတ်သုံးပုံ၊ မကိုဋ် သရဖူ၊
ဂန္ဓကုဋီ၊ ကုဋီအိမ်၊ ဝဋ်လည်မယ်၊
ဝဋ်ဒုက္ခ၊ ဋီကာချဲ့သည်စသည်နှင့်
ဦးရဲထွဋ် - ဇော်ဝင်းထွဋ်တို့မှာပါသော
ထွဋ် - ကိုလည်း အထွဋ်အထိပ်ဟော
ကူဋ - ပါဠိသဒ္ဒါကလာသောကြောင့်
ဋ-နှင့်သတ်ရေးရပါမည်။

ဋ္ဌ = မှာ ဌ-နှင့် ဋ္ဌ-ဟု နှစ်မျိုးရှိသေး၏
အသုံးမတူပေ၊ ဒေါ်ဌေး၊ ဥက္ကဋ္ဌ၊
အဋ္ဌမတန်း၊ ပြဌာန်းကျမ်းစာ၊ ဌာနချုပ်၊
ရာထူးဌာနန်တရ၊ ဘုရားဌာပနာ၊
ဌာန်ကရိုဏ်းကျကျ၊ ပဋ္ဌာန်းရွတ်သည်၊
သမ္မာဒိဋ္ဌိ၊ ဒိဋ္ဌိပြုတ်သည်၊အနိဋ္ဌာရုံ၊
အဓိဋ္ဌာန်အောင်သည်၊ သစ္စဓိဋ္ဌာန်၊
ဓမ္မဓိဋ္ဌာန်၊ ပုဂ္ဂလဓိဋ္ဌာန်၊ဒါ ဌာန်ကုန်ပဲ၊
ပုံပန်းသဏ္ဌာန်၊သတိပဋ္ဌာန်တရား။

ဍ = အခန်းကဏ္ဍ ပုံပြင်ဒဏ္ဍာရီ၊
နားမှာပန်ဆင်သော နားကပ်ကို
နားဍောင်းဟုရေးရသည်၊ (ပါဠိ ကုဏ္ဍလ)

ဎ = ကတော့ လူတို့ အသုံးအနှုံးမတွေ့မိ
သတိမထားမိ (ပါဠိမှာတော့ ၀ဍ်ဎကီ =
လက်သမားစသည်များစွာရှိ)

ဏ = တစ်ခဏတာ၊ ခဏ ခဏလုပ်သည်၊
ခဏပန်း၊ခေတ္တခဏ၊ စျာန်ကသိုဏ်း၊
အတိုင်းအတာ ပမာဏ၊ သရဏဂုံတင်သည်၊
ပုဏ္ဏား၊သုဝဏ္ဏသျံ၊ ဥဏ္ဏလုံမွေးရှင်တော်၊
ဒက္ခိဏသာခါ၊ ဥမင်လှိုဏ်ခေါင်း၊
ကဏန်းလက်မ၊ ဖောင်စီးကဏန်း၊
ကုမ္ပဏီ၊မောင်ဝဏ္ဏ၊မယ်ကုဝဏ်၊
ဂိုဏ်း ဂဏ၊ လူဆိုးဂိုဏ်း၊ ဂုဏ်ကျက်သရေ၊
အရုဏ်တက်သည်၊ အဏုမြူ၊
အဏုကြည့်မှန်ပြောင်းစသည်။

ဠ = ဂဠုန်၊ (ဂရုဠှ) ဆင်ကြီး ဂဠုန်ချီ၊
ဠင်းတငှက်၊ ကာဠုဒါယီ၊ မောင်ကာဠု၊
ကာဠီမယ်တော် ကာဠီဒါသ၊
ဝေဠုဝန်ကျောင်း၊
ပါဠိမှာ
လဠာနမဝိသေသောဟု
လနှင့်ဠ မထူးခြားသော
နေရာလည်းရှိ၏ ထူးခြားသောနေရာလည်းရှိ၏
ဥပမာ ၁၆ - သင်္ချာဟော သောဠ...ထို ဿ... .တော့
(သောဠေ ဿ.... နိစ္စံ) အမြဲ ဠကြီးဖြင့်သာ
ရေးရမည်ဟုသတ်မှတ်ချက်ရှိသည်၊
သောလ ဿ-....ဟုမရေးရ။

ဤသည်တို့ကား မိမိတစ်ခဏမျှ
စဉ်းစားမိသည်များကို ရေးသားတင်ပြ
လိုက်ခြင်းဖြစ်သည်၊၊

မြန်မာနိုင်ငံသားတို့အနေနဲ့
တန်ဖိုးရှိသော မိမိပိုင်ပစ္စည်းများကို
ဖျောက်ဖျက်ပစ်ခြင်းထက်
ထိန်းသိမ်းစောင့်ရှောက်ထားခြင်းကသာ
မြတ်ပေသည်၊၊

ခုတော့..
ပိဋကတ်တော် ဗုဒ္ဓဘာသာ
ဘာ - ညာ စိတ်မဝင်စားသူတွေက
ဖြုတ်ချင်ကြ ဖျက်ချင်ကြ တကဲကဲ
ဖြစ်နေတာ ကြားနေရပါပြီ၊
ဝမ်းနည်းဖွယ်ပင်၊၊

စောင့်လေမျိုးနွယ်ဟူသော
ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားကြသော
သူများအနေနှင့် မိမိတို့ရဲ့ လူမျိုး ဘာသာ
စာပေ ယဉ်ကျေးမှုများကို တန်ဖိုးထား
ထိမ်းသိမ်းကြရမည်သာဖြစ်သည်၊၊

ရေရှည်တည်တန့်အောင် ထိန်းသိမ်းပေးကြပါ၊
ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါဟု ဆန္ဒပြုလျက်ဖြင့်။

ဦးနန္ဒာစာရ (မုံရွာ)

Crd #

ကျန်းမာချင်ရင် နည်းနည်းစား-----------------------------" သူတို့ ဘာကြောင့် ကျန်းမာကြတာလဲ " #ခပ်နည်းနည်းပဲစားတဲ့_Style !မိ...
22/01/2021

ကျန်းမာချင်ရင် နည်းနည်းစား
-----------------------------

" သူတို့ ဘာကြောင့် ကျန်းမာကြတာလဲ "

#ခပ်နည်းနည်းပဲစားတဲ့_Style !
မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲဒီ Styleလေးကခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီးအကျိုးကျေးဇူးသိပ်များပါတယ်။အဲဒီStyleကိုလုပ်လိုက်ပြီဆိုတာနဲ့ကျန်တဲ့Styleတွေပါအလိုအလျောက်ပါလာမယ်ဆိုတာကိုဒီpostဖတ်ရင်းနဲ့သိသွားပါလိမ့်မယ်။

ကျနော်တို့ဟာနေ့စဉ်အစားအသောက်တွေကိုစားသောက်ကြရတယ်။အဲဒီလိုစားရာမှာရသတဏှာကိုဦးစားပေးပြီးဗိုက်ဝအောင်စားရမှကျေနပ်ကြတယ်။အသက်ရှင်ဖို့စားတာမဟုတ်ဘဲစားဖို့အသက်ရှင်နေသလိုဖြစ်နေကြတယ်။အဲဒါသည်ကျနော်တို့အတွက်အမှားကြီးမှားနေတာပြဲဖစ်တယ်။လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့အတွက်စားသင့်တဲ့အတိုင်းအတာကသူ့အစာအိမ်ပမာဏလောက်ပြဲဖစ်တယ်။အစာအိမ်ပမာဏကဂရိတ်ဖရုသီးတစ်လုံးအတိုင်းအတာလောက်ပဲရှိတာဖြစ်တယ်။ဒါကြောင့်တစ်ခါစားရင်ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲစားရမယ်။

အဲ့လိုမစားဘဲဗိုက်ကြီးပြဲကားအောင်စားနေကြတော့ဘာဖြစ်လာသလဲ။ကိုယ်တွင်းကလီစာတွေကစားလိုက်တဲ့အစာတွေကြေညက်အောင်ချက်တဲ့အလုပ်ကိုပင်ပန်းစွာလုပ်ရပါတယ်။အစာခြေရည်တွေအများကြီးထုတ်ရတယ်၊သည်းခြေရည်တွေထုတ်ရတယ်၊နှလုံးကလည်းပိုအလုပ်လုပ်ရတယ်၊ကျောက်ကပ်ကလည်းပိုဆေးရတယ်၊အသည်းကလည်းပိုပြီးအဆိပ်ဖြေပေးရတယ်။အူတွေကလည်းအလုပ်ပိုလုပ်ရတယ်။ကြာတော့ကလီစာတွေသိပ်ပင်ပန်းကြတယ်။နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့အတိုင်းအတာထက်ပိုစားတဲ့အစာတွေကကိုယ့်အတွက်အကျိုးမရှိဘူး။ပိုတဲ့အစာတွေကအဆိပ်အပုပ်တွေဖြစ်သွားတယ်။Free Radical တွေပိုထွက်လာစေတယ်။ရောဂါတွေကိုဖြစ်စေတာပဲအဖတ်တင်တယ်။ဘာမှကိုအကျိုးမရှိဘူး။

အစားကြူးတဲ့သူတွေကိုလေ့လာကြည့်ပါ။သူတို့ဟာရောဂါသိပ်များတယ်။အစောကြီးသေကြတယ်။ရုပ်ရည်အားဖြင့်လည်းကြည့်ရဆိုးတယ်။ဘဝအရည်အသွေးမကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်။

လူတွေကအများကြီးစားနိုင်မှအားရှိတယ်လို့ထင်နေကြတယ်။တကယ်တော့အပူအပုပ်ကင်းပြီးပေါ့ပါးလန်းဆန်းခြင်းသည်သာအားရှိခြင်းဖြစ်ပါတယ်။သွက်လက်ဖြတ်လတ်ခြင်းသည်သာအားရှိခြင်းဖြစ်တယ်။

ကဲ....ဒါဆိုဘယ်လိုစားရမလဲပြောမယ်နော်....မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ။အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့်Meal potion amount ကိုသာသင့်ရုံစားဖို့ဖြစ်ပါတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့။စားတာကအကုန်စားလို့ရတယ်နော်။အဆီ၊အခေါက်၊အသား၊ကလီစာ၊အသီးအရွက်၊မြေအောက်ဥ၊ကောက်နှံ၊ပဲမျိုးစုံကြိုက်တာသာစား။

Breakfast စားမယ်ဆိုရင်မုန့်ဟင်းခါးသင့်ရုံတစ်ပွဲပေါ့။၂ပွဲမဖြစ်စေနဲ့။အီကြာကွေးဆိုလည်းတစ်ချောင်းပေါ့၊ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊
ကြက်ဥပေါင်မုန့်တစ်ချပ်ပေါ့၊နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့။တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့။

Lunchစားမယ်ဗျာ။ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့။ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့။ဆီချက်ဆိုလည်းတစ်ပွဲပေါ့။သင့်ရုံပဲ။

Dinnerစားမယ်ဗျာ။ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ။ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲ။ကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့။ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်ပြဲဖစ်ရမယ်။ဗိုက်ဆာရင်ရေသောက်ပေါ့။

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့။အစာအိမ်ကသိပ်အံ့သြစရာကောင်းတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားတဲ့အလေ့အကျင့်လုပ်ပေးရင်အစာအိမ်ကသူ့ဟာသူသေးသွားရောဗျ။တစ်ပတ်ဆယ်ရက်တော့အချိန်ပေးပြီးစောင့်ရတယ်။တစ်ပတ်အတွင်းမှာတော့စားရတာတင်းတိမ်မှာမဟုတ်ပေမဲ့ဆယ်ရက်လောက်မှာကျင့်သားရပြီးမဆာတော့ဘူး။နည်းနည်းပိုစားမိရင်တောင်အစာအိမ်ကလက်မခံချင်တော့လောက်အောင်အကျင့်ကောင်းသွားပြီ။အဲဒါဆိုအေးအေးဆေးဆေးပဲ။

ရေကတော့Bodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့လိုတယ်။ပေါင်၅၀ကိုတစ်လီတာနှုန်းနဲ့သောက်ရမယ်။ပေါင်၁၅၀ဆိုရင်တစ်နေ့ကို၃လီတာအနည်းဆုံးပဲ။ရေသောက်ရင်မနက်စောစောကလွဲလို့ကျန်တဲ့အချိန်တွေမှာနည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာပိုကောင်းပါတယ်။စားထားတဲ့အစာဟောင်းတွေအကုန်ပြန်ထုတ်ဖို့ကရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်။

အဲဒီလိုခပ်နည်းနည်းပဲစားတဲ့styleနဲ့သွားရင်Bodyကတဖြည်းဖြည့်းသွယ်လျလာလိမ့်မယ်။ကိုယ်တွင်းမှာအဆိပ်အပုပ်တွေကင်းတဲ့အတွက်အသားရေကြည်လင်လှပလာလိမ့်မယ်။ပေါ့ပါးသွက်လက်တက်ကြွလာလိမ့်မယ်။မကောင်းတဲ့ကော်လက်စတြောတွေမရှိလို့မျက်နှာကအစ်ထစ်မနေတော့ဘဲပိုချောလာလိမ့်မယ်။Bodyလှလာတဲ့အတွက်ဝတ်စားဆင်ယင်မှုကလည်းအလိုလိုstyleကျနေလိမ့်မယ်။ဥာဏ်ရည်လည်းကောင်းလာလို့လုပ်ငန်းလုပ်လို့ပိုအဆင်ပြေလာလိမ့်မယ်။တရားထိုင်ရတာလည်းသိပ်ကောင်းလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာလည်းမိမိကိုယ်မိမိယုံကြည်မှုတွေတိုးလာလိမ့်မယ်။မမျှော်မှန်းထားတဲ့အကျိုးကျေးဇူးတွေရလာတာကိုအံ့သြစွာကြုံလာရပါလိမ့့်မယ်။

ရန်ကုန်မြို့ကကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာဘူဖေးညစာသွားစားဖူးပါတယ်။အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ်။သူတို့ဘယ်လိုစားလည်းလေ့လာကြည့်တယ်။အစားအစာတွေကိုပန်းကန်လှရုံပဲထည့်စားပြီးပြန်သွားကြတယ်။ကျနော်တို့မြန်မာတွေကတော့ပန်းကန်အမောက်ကြီးတွေ၂ခါ၃ခါထပ်ထည့်စားပြီးဗိုက်ပြဲကားမှအိမ်ပြန်ကြပါတယ်။အဲဒါကိုသတိထားမိတယ်။

ကျနော်စင်္ကာပူမှာနေတုန်းကနေ့တိုင်းစားတဲ့ထမင်းဆိုင်ကတရုတ်လင်မယားကကျနော်စားတာကိုနေ့တိုင်းကြည့်နေကြတယ်။ထမင်းကို၃ပန်းကန်လောက်စားတာကိုး။ခြောက်လလောက်ကြာတော့သူတိ့နဲ့ခင်သွားတယ်။သူတို့ကဘာပြောသလဲဆိုရင်မင်းအဲ့လောက်စားနေရင်ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့။သင့်ရုံပဲစားတဲ့။ဟုတ်တယ်ဗျ၊စလုံးကလူတွေထမင်းတစ်လုံးပဲစားကြလို့ရောဂါကင်းပြီးသွယ်လျကြတာတွေ့ရတယ်။

ကမ္ဘာကျော်မင်းသားမင်းသမီးတော်တော်များများဒီအတိုင်းခပ်နည်းနည်းစားတဲ့Styleကိုကျင့်သုံးနေကြတယ်။ဘောလိဝုဒ်မင်းသားမင်းသမီးတွေတောင်အရင်လိုဗိုက်မပူကြတော့ဘူးဗျ။မြန်မာပြည်မှာလည်းကြည့်။သာသနာရေးမှာဆိုရင်ပါချုပ်ဆရာတော်ကြီးပေါ့၊နိုင်ငံရေးလောကမှာဆိုအမေစုလိုပုဂ္ဂိုလ်မျိုးပေါ့၊အနုပညာလောကမှာဆိုလည်းဒါရိုက်တာဦးအောင်ကိုလတ်တို့လိုပုဂ္ဂိုလ်တွေပေါ့၊ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊စီးပွားရေးလောကမှာဆိုဦးမောင်ဝိတ်တို့လိုပေါ့။ဘယ်လောက်ကြည့်ကောင်းပြီးအောင်မြင်နေကြလဲဆိုတာ။ဒါကထင်ရှားတဲ့သူအချို့ကိုပြောတာ။အခြားပြည်တွင်းပြည်ပကလူတွေအများကြီးရှိပါသေးတယ်။

ကဲ...မိတ်ဆွေများ....အခုကJanuaryလပေါ့ဗျာ။အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကိုလုပ်ကြည့်ကြမလား။နောက်နှစ်January ဒီအချိန်လေးမှာအဖြေထုတ်ကြည့်ကြမယ်။တကယ်ဖြစ်ချင်ရင်တကယ်လုပ်-အဟုတ်ဖြစ်ရမည်တဲ့။နေမကောင်းဘူးဆိုတာမရှိစေရ။ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊သွယ်လျပြီးလှပတဲ့ဘဝ၊တိုးတက်ပြီးအောင်မြင်တဲ့ဘဝ၊စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝကိုတကယ်လိုချင်သူတွေအတွက်.....

CHALLENGE.......!!!

ချစ်ခင်လေးစားလျှက်........

စာရေးဆရာမင်းကျော်ဝင်း

လွမ်းတယ် အမေ***************နဖူးလေးစမ်းပြီးအပူတိုင်းတတ်တဲ့အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ်ဘာစားချင်လည်းလို့ခဏခဏ မေးတဲ့အမေ့ ရ...
19/01/2021

လွမ်းတယ် အမေ
***************

နဖူးလေးစမ်းပြီးအပူတိုင်းတတ်တဲ့
အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ်

ဘာစားချင်လည်းလို့ခဏခဏ မေးတဲ့
အမေ့ ရဲ့စကားသံလေးလေးကို လွမ်းတယ်

လေစိမ်းတွေ ထွက်မခံပါနဲ့ဆိုတဲ့
အမေ့ ရဲ့သတိပေးသံလေးကိုလည်း လွမ်းတယ်

ပူပူနွေးနွေးနဲ့ အမေ့ လက်ရာ
ဆန်ပြုတ်တစ်ခွက်ကိုလည်း လွမ်းတယ်

ငယ်ဘဝ ငယ်ညတွေက
အမေ နဲ့ပတ်သက်သမျှ
အရာအားလုံးကိုလွမ်းတယ် အမေ

အခုတော့ အမေ ------
ဝေးတစ်မြေ နယ်တစ်ခြားက
စာသင်သားတစ်ယောက်ဘဝရဲ့ အဖြစ်ကို
အမေ သိလေမလား

အမေ့ အမြင်မှာ မသိသာပေမယ့်
သား ရင်မှာ အထိနာခဲ့ရသူပါ အမေ

မိုးထိလို့အဖျားမိနေပေမယ့်
မရပ်နားနိုင် ဆွမ်းထွက်ရပြန်တယ် အမေ

သဒ္ဓါဆွမ်းမရပ်ရင်
တစ်ထွာဝမ်းငတ်တဲ့အဖြစ်
အမေ သိလေမလား

ဝိကာလနေအလွဲမှာ
လူတကာလို စားသောက်ပိုင်ခွင့်ကမရှိ
ဗိုက်ဆာဆာနဲ့
စာတွေအော်ကျက်ခဲ့ရတဲ့အဖြစ်
အမေ သိလေမလား

ရွယ်တူသူငယ်ချင်းတွေပျော်ပါးနေခိုက်
ပျော်စရာဘေးကပ်
အဋ္ဌကထာတွေ တိုးကျက်နေရတဲ့အဖြစ်
အမေ သိလေမလား

ယုယမဲ့သူမရှိ
ပြုစုမဲ့သူမရှိ အရွယ်နဲ့မမျှအောင်
ရင့်ကျက်နေရတဲ့သားအဖြစ်
အမေ မြင်လှည့်ပါတော့ အမေ

"သာသနာက အေးချမ်းပ ါတယ်"
ဆိုတဲ့ အေမ့စကား
သား ဘယ်လိုနားလည်ရမလဲ အမေ

တကယ်တော့ အမေ
ထင်သလောက်မလွယ် တဲ့ဒီသာသနာမှာ
ပျော်လို့နေတာတော့ မဟုတ်ပါဘူး အမေ
အမေ့ ရည်မှန်းချက်တွေတွက်
ဝေဒနာတွေကို ကွယ်ဝှက်
ဒေသနာတွေနဲ့နေတတ်အောင်
ကြိုးစားနေသူပါ အမေ
ဒါတွေ အမေ သိပါစေ ။

Credit.ပြန်လည်မျှဝေကုသိုလ်ယူပါသည်

12/01/2021

စနေ ထောင့်မှာ ပန်းလှူမယ် 🥰🥰🥰
Please Like . Share & Follow 🙏🙏🙏

ဂျပန် လူမျိုး တို့ရဲ့ အတုယူစရာ အလေ့အကျင့်များ၁။ ။ယဉ်ကျေးသိမ်မွေ့ခြင်း________________________ဂျပန်လူမျိုးတွေဟာ အလွန်ယဉ်က...
11/01/2021

ဂျပန် လူမျိုး တို့ရဲ့ အတုယူစရာ အလေ့အကျင့်များ

၁။ ။ယဉ်ကျေးသိမ်မွေ့ခြင်း
________________________

ဂျပန်လူမျိုးတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြပါတယ်။

တစ်ယောက်နှင့်တစ်ယောက်တွေ့တဲ့အခါ"ကောင်းသောနေ့လေးပါ၊ကောင်းသောညလေးပါ
"စသည်ဖြင့် နှုတ်ဆက်ကြပါတယ်။

အလုပ်ဝင်တဲ့အခါမှာလည်း တွေ့တဲ့လူတိုင်းကို "ကောင်းသောနံနက်ခင်းပါခင်ဗျာ"လို့နှုတ်ဆက်ပြီး၊

အလုပ်ပြီးလို့ပြန်တဲ့အခါမှာလည်း

"ဒီနေ့ပင်ပန်းသွားပါပီ၊ပြန်ပါတော့မယ်ခင်ဗျာ"စသည်ဖြင့် နှုတ်ဆက်ပြီးမှပြန်ကြပါတယ်။

မျက်လုံးချင်းဆုံလျှင် ခေါင်းညိတ်၊ပြုံးပြတတ်ကြပြီး၊ မတော်တစ တိုက်မိကြတဲ့အခါမှာ သူတို့က

စတင်ပြီးတောင်းပန်တတ်ကြပါတယ်။
________________________

၂။ ။ အချိန်ကိုလေးစားခြင်း
________________________

ဂျပန်လူမျိုးတွေဟာ အချိန်ကို အလွန်လေးစားတန်ဖိုးထားကြပါတယ်။

ချိန်းဆိုမှုတွေလုပ်တဲ့အခါမှာ အမြဲတမ်း ချိန်းဆိုထားတဲ့အချိန်ထက် စောရောက်နေလေ့ရှိပါတယ်။

ရထားတွေ၊ကားတွေဟာလည်း အချိန်မှန်ကန်တိကျစွာ ပြေးဆွဲကြပါတယ်။

________________________

၃။ ။စည်းကမ်းရှိခြင်း
________________________

ဂျပန်လူမျိုးတွေဟာ အလွန်စည်းကမ်းရှိကြပါတယ်။

တန်းစီတဲ့အခါမှာ စနစ်တကျ စည်းကမ်းရှိရှိ ညီညီညာညာ တန်းစီကြပါတယ်။

အမှိုက်ပစ်တဲ့အခါမှာလည်း အမှိုက်ကို အမှိုက်ပုံးရှိတဲ့နေရာအထိ သယ်ပြန်ပီး အမှိုက်ပုံးထဲမှာပဲပစ်လေ့ရှိပါတယ်။

ပျော်ပွဲစားထွက်တဲ့အခါမှာလည်း မိမိတို့အမှိုက်ကို မိမိတို့သန့်ရှင်းအောင် သိမ်းပြီးမှပြန်လေ့ရှိပါတယ်။
________________________

၄။ ။ပတ်ဝန်းကျင်ကို အလေးထားခြင်း
________________________

ဂျပန်လူမျိုးတွေဟာ မိမိအတွက်ကြောင့် တခြားလူ ဒုက္ခရောက်မှာကို အလွန်စိုးရိမ်ကြပါတယ်။

ရထားထဲ၊ကားထဲမှာ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် တယ်လီဖုန်းမပြောကြပါဘူး။ဖုန်းကိုလည်း အမြဲတမ်း အသံမထွက်အောင် vibrate
mode(တုန်ခါမှု)ပဲလုပ်ထားကြပါတယ်။

ဖုန်းလာလျှင် ရထား၊ကားကနေဆင်း၊ အပြင်ထွက်ပီး စကားပြောကြပါတယ်။

မြို့ထဲမှာ ကားအမျိုးမျိုး မောင်းနှင်သွားလာနေကြပေမယ့် ကားဟွန်းမတီးကြပါဘူး။

________________________

၅။ ။ တာဝန်ယူမှုရှိခြင်း
________________________

ဂျပန်လူမျိုးတွေဟာ ကိုယ့်တာဝန် ကိုယ်ယူလိုစိတ် ပြင်းထန်ကြပါတယ်။

ကလေးကအစ လူကြီးအဆုံး ကိုယ့်တာဝန်ကိုယ်ယူကြပါတယ်။

ဂျပန်ကျောင်းတွေမှာ သန့်ရှင်းရေးဝန်ထမ်းတွေမထားပါဘူး။

အိမ်သာကအစ စာသင်ခန်းအဆုံး ကျောင်းသားလေးတွေက အလှည့်ကျ သန့်ရှင်ရေးလုပ်ကြရပါတယ်။

လူကြီးတွေကလည်း တာဝန်ယူစိတ်အလွန် ပြင်းထန်ကြပါတယ်။

ဂျပန်အိမ်တွေမှာ အိမ်ဖော်ထားတဲ့ ယဉ်ကျေးမှုဆိုတာ မရှိပါဘူး။

ကိုယ့်အိမ်ကို ကိုယ်ကိုတိုင် သန့်ရှင်းရေးလုပ်ပြီး၊ ကိုယ့်မိသားစုအတွက် ကိုယ်ကိုတိုင်ချက်ပြုတ်ကြပါတယ်။

ဝန်ထမ်းတွေကလည်း မိမိတို့အမှားလုပ်မိလျှင် အမှားလုပ်မိကြောင်း ဝန်ခံတောင်းပန်ပြီး

တာဝန်ယူတဲ့အနေနဲ့ အလုပ် ကနေနှုတ်ထွက်ကြပါတယ်။
________________________

၆။ ။အလုပ်ကြိုးစားခြင်း
________________________

ဂျပန်လူမျိုးတွေဟာ အလုပ်အလွန်ကြိုးစားကြပါတယ်။

ဝန်ထမ်းတွေဟာ အလုပ်ချိန်ထက် အမြဲတမ်း နာရီဝက် စောလာလေ့ရှိပါတယ်။

အလုပ်လုပ်ရတာကို အလွန်နှစ်သက်မြတ်နိုးကြပါတယ်။

နေစရာမရှိလို့ ဘူတာတို့ ပန်းခြံတို့မှာ နေထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့တွေတောင် မတောင်းစားကြပါဘူး။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပါတယ်။
________________________

၇။ ။ခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိခြင်း
________________________

ဂျပန်လူမျိုးတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊အားသာချက်၊ဝါသနာကို တိတိကျကျသိကြပါတယ်။

ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ရမယ်ဆိုတဲ့ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိပြီး
ရည်မှန်းချက်ပန်းတိုင်အထိရောက်အောင် မဖြစ်မနေကြိုးစားကြပါတယ်။

________________________
credit အကီ

09/01/2021

ခေး မျက်ဝန်း ကို စိုက်ကြည့်ပေးပါ 🥰🥰🥰
Please Like . Share & Follow 🙏🙏🙏

 #အကြွေးကင်းချင်ရင် နေထိုင်မှု စတိုင်ပြောင်းပါဒီနေ့ ဘီဘီစီသတင်းဖတ်ရင်းက စိတ်ဝင်စားစရာသတင်းလေးတစ်ပုဒ် ဖတ်ဖြစ်ပါတယ် ။အင်္ဂ...
08/01/2021

#အကြွေးကင်းချင်ရင်
နေထိုင်မှု စတိုင်ပြောင်းပါ

ဒီနေ့ ဘီဘီစီသတင်းဖတ်ရင်းက စိတ်ဝင်စားစရာသတင်းလေးတစ်ပုဒ် ဖတ်ဖြစ်ပါတယ် ။အင်္ဂလန်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းခေတ် စားတဲ့ဘဏ်ချေးငွေနဲ့ အိမ်ကြီကြီး ကားကောင်းကောင်းတွေဝယ်ပြီးနေတဲ့လူနေမှုပုံစံကနေ တော်သင့်သလောက်အိမ်လေးရယ် မရှိမဖြစ်လိုမှဝယ်တဲ့ ဂျပန်ကားလေးကိုစီးပြီး အကြွေးမထူလူမပူရဘဲခပ်အေးအေး နေတဲ့ပုံစံကို ပြောင်းလဲလာပါတယ်တဲ့ ။အဲ့ဒီလို ကြွားဝါရမယ့်ကိစ္စတွေမှာ ငွေမသုံးပဲမရှိမဖြစ်တာလေးကိုစီစစ်ပြီးသုံးတာကိုအင်္ဂလိပ်လို Frugal Living လို့ခေါ်ပါတယ် ။စားစရာဝတ်စရာ စတာတွေမှာ ငွေကုန်ကြေးကျများတဲ့ ဇိမ်ခံပစ္စည်းတွေ မလိုအပ်ပဲ ၊ ဝါသနာအရဝယ်တာကို လျှော့ပြီး သင့်တင့်မျှတအောင် နေတာပါ ။

အရင်းရှင်စနစ်ရဲ့ ကျောရိုးဖြစ်တဲ့ လောဘ အလျှောက်အလွန်အကျွံ ဝယ်ယူသုံးစွဲတဲ့ အကျင့်ကနေရှိတာလေးနဲ့လှအောင်ဆင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ နေလာကြပါတယ် ။ဒီလို နေကြည့်တော့ ဘာသွားတွေ့သလဲ ဆိုတော့ဘဏ်တွေကနေ အကြွေးယူရတာ အတိုးပေးရတာနည်းသွားပြီး သူတို့နိုင်ငံကလူတွေ အတွက်ဆို အသက်၄၀လောက်မှာ ငွေကြေးစုမိဆောင်းမိ ဖြစ်သွားပြီးပင်စင်ယူ ကိုယ်ဝါသနာပါရာ လုပ်နေနိုင်သွားပါတယ် ။ဒါ့အပြင် အလုပ်ရဲ့ကျေးကျွန်၊ လောဘရဲ့သားကောင်မဖြစ်တော့ပဲ မိသားစုအတွက် အရေးပါတဲ့တစ်ဦးပေါ်တစ်ဦး အချိန်ပိုပေးလာနိုင်ပါတယ် ။ ဂျပန်မှာဆိုလည်း Frugal living ဟာအလွန် ခေတ်စားပြီး အ်ိမ်တွေမှာ မလိုတဲ့ ပစ္စည်းတွေအမှိုက်သရိုက်တွေကို ရှင်းပြစ်ပြီး အိပ်ရာကိုတောင်ကုတင်နဲ့ မအိပ်ပဲ မွှေ့ရာလေး ကြမ်းပေါ်ခင်းအိပ်မနက်တိုင်း နံရံကပ်ဘီရိုထဲ ထည့်သိမ်းကြပါတယ် ။မလိုအပ်တဲ့အရာဆို သွားပွတ်တံထားတဲ့ ခွက်တောင်မထားပဲ ရေချိုးခန်းနံရံစောင်းမှာ စီထားတဲ့အထိပါ ။အဝတ်အစားဆိုလည်း ရှိတာကိုသပ်သပ်ရပ်ရပ်ဝတ်ကြပြီး စားပွဲတစ်လုံံးထဲရှိတဲ့ကြမ်းပြင်မှာ စုပြီးစားကြသောက်ကြစာဖတ်ကြပါတယ်။

အရင်က ချမ်းသာတာကို ငွေကြေး ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာကြပေမယ့်အခုခေတ်မှာတော့ချမ်းသာတာကို ဘယ်လောက် တင်းတိမ်ရောင့်ရဲနိုင်သလဲ ဆိုတာနဲ့ တိုင်းတာပါတယ် ။အလိုနည်းခြင်းဟာချမ်းသာခြင်း အကြောင်းဆိုတာကို သူတို့ သိလာကြပါပြီ ။

: nm
Photo crd

07/01/2021

ချစ်သူ ပျော်ရွှင်ပါစေ 🥰🥰🥰
Please Like . Share & Follow 🙏🙏🙏

မြွေ သတိပေးချက် ငလျင် သတိဆိုတာ ပိုတယ် မရှိပါဘူး====/======/=====/====အခုရက်ပိုင်း စစ်ကိုင်းတိုင်း ရန်ကုန်တိုင်း ပဲခူး အဲ...
29/12/2020

မြွေ သတိပေးချက် ငလျင်
သတိဆိုတာ ပိုတယ် မရှိပါဘူး
====/======/=====/====
အခုရက်ပိုင်း စစ်ကိုင်းတိုင်း ရန်ကုန်တိုင်း ပဲခူး အဲ့ဒီပတ်ဝန်းကျင်မှာ မြေအောက်မှာ နေတဲ့ သတ္တဝါ တွေတော်တော်များများ ထွက်လာတာကို သတင်းတော်တော်များများမှာတွေ့ရတယ် များသောအားဖြင့် စပါးအုန်းမြွေကြီးတွေပါ တောထဲတို့ မြေကြီးထဲတို့ နေတတ်တဲ့ ကောင်တွေပါ
ကျန်တော်တို့ သတိထားရမဲ့ အချက်က ငလျင်အကြီးတွေပါ
အဲ့လို သတ္တဝါတွေထွက်လာတဲ့ ဒေသတွေကို လေ့လာကြည့်ရင် စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျောက်က ဒေသတွေချည်းပါပဲ စစ်ကိုင်း ပြတ်ရွေ့ကြောက စစ်ကိုင်းက စပီး ပဲခူး တိုင်း ရန်ကုန်တိုင်းဘက်ကို ဆင်းသွားတာပါ
မြွေတွေတော်တော်များများက ငလျင်ခန့်မှန်း တဲ့ နေရာမှာ အတော်ဆုံးလို့ပြောရပါတယ် အချိန်ပြည့်နီးပါး မြေကြီးနဲ့ ထိတွေ့နေတဲ့ သတ္တဝါတွေပါ
သူတို့က ငလျင်မတိုင်မီ ကမ္ဘာ့အပေါ်ယံလွှာက လျှင်မြန်စွာဖြစ်ပေါ်လာတဲ့ သံလိုက်စက်ကွင်းအပြောင်းအလဲတွေကိုကောင်းကောင်းထောက်လှမ်းနိုင်ပါတယ်
နောက်တစ်ချက်က ကျောက်တုန်းဖိအားတွေ ပြောင်းလဲလာရင်လည်း သူတို့က သိပြီး မြေပေါ်ကိုတက်လာတတ်ကြပါတယ်

မြွေတွေက ငလျင်ဖြစ်ဖို့ကို ငါးရက်ကနေ သုံးလအတွင်း ကြိုတင်ခန့်မှန်းနိုင်ပါတယ်

ကျန်တော်တို့ သမိုင်းမှလည်း အဲ့လို ငလျင်မတိုင်မီမြွေတွေ ထွက်လာတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်

BC 375 ဂရိနိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ ဟဲလီးစ် ငလျင်ကြီးမတိုင်ခင်က မြွေတွေအစုလိုက်အပြုံလိုက် ထွက်လာခဲ့တယ်လို့မှတ်တမ်းရှိပါတယ်

1805 နေပယ်လ် ငလျင်မှာလည်း အိမ်မွေးတိရိစ္ဆာန်တွေထွက်ပြေးပီး မြေအောင်းသတ္တဝါတွေထွက်လာခဲ့တယ်လို့ မှတ်တမ်းရှိပါတယ်

1906 ဆန်ဖရန်စ္စကိုငလျင် မတိုင်မီမှာလည်း အိမ်တိုင်း လိုလို မြေအောက်ခန်းတွေမှာမြွေတွေတက်လာခဲ့တယ်လို့ မှတ်တမ်းရှိပါတယ်

1934 နီပေါနဲ့ အိန္ဒိယ မှာထောင်ချီသေခဲ့တဲ့ ငလျင်အကြောင်းကို နီပေါရိုးရာ ကဗျာဆရာ Lok Nath Pokharel က မြွေတွေ သတိပေးခဲ့တဲ့ အကြောင်းထည့်သွင်းရေးသားခဲ့ပါတယ်

1975 တရုတ်အရှေ့မြောက်ပိုင်း Haicheng ဒေသအနီးတဝိုက်မှာ မြွေ အရေအတွက်သိသိသာသာတိုးလာကြောင်းသတိပြုမိခဲ့ပီး သုံးလကြာနောက် ငလျင်လှုပ်ခဲ့ပါတယ်

ရုပဗေဒပညာရှင် Helmet Tributsch ကလည်း 1976 ခုနှစ် Friuli ငလျင်ကြောင့်ပျက်ဆီးခဲ့တဲ့ သူ့အိမ်ကိုလေ့လားရင်း မှတ်တမ်းတွေကို ကောက်ယူခဲ့ရာမှာလည်း When the snake awake ဆိုပီး warning လုပ်ခဲ့ပါတယ်

ဆန်ဖရန်စစ္စကို ပင်လယ်အော် area ဘူမိဗေဒပညာရှင် ဂျင်မ်ဘာကလန်းကလည်း မြောက်ကယ်လီဖိုးနီးယား 1989 Loma Prieta ကလျင်မတိုင်မီ သူ၏ အိမ်မွေးPython ကလည်း မူမှန်သည့်အရာများကို ရက်သတ္တပတ်မတိုင်မီက ပြုလုပ်နေခဲ့သည်ဟု ဆိုခဲ့ပါတယ်

2004 December 24 မှာဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား ဆူမာတြားကျွန်း အနောက်ဘက်ကမ်းရိုးတန်းရှိ လူပေါင်း 230,000 ခန့်သေဆုံးခဲ့တဲ့ ငလျင်မှာလည်း ကျွန်းပေါ်ရှိမြွေအရေအတွက် အနညိးငယ်တိုးပွားလာတယ်လို့ ဒေသခံတွေပြောခဲ့ပါတယ်

ပီရူးနိုင်ငံ Yanachaga အမျိုသားဥယျာဉ်အတွင်းမှာလည်း 2011 အင်အား 7.0 ရစါခ်ျတာစကေးရှိငလျင်မတိုင်မီမှာ ဥယျာဉ်အတွင်းရှိမြွေများနှင့်တွင်းအောင်းသတ္တဝါအချို့ ပျောက်သွားဖူးကြောင်းမှတ်တမ်းရှိခဲ့ပါတယ်

အဲ့လိုသမိုင်းကဖြစ်ရပ်တွေကို ကြည့်ပီး သတိဆိုတာ ပိုသည်မရှိ ဂရုစိုက်ထားကြတာတော့ ကောင်းပါလိမ့်မယ်

credit org

သင်းသင်း

အသက်(၄၅)ကနေ (၆၀) လူ​ ကြီးများ အထူးသတိ ထား ပြုလုပ်သင့်သော အရာ=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=အဲဒီအတွင်းကို ဂ...
24/12/2020

အသက်(၄၅)ကနေ (၆၀) လူ​ ကြီးများ အထူးသတိ ထား ပြုလုပ်သင့်သော အရာ
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=
အဲဒီအတွင်းကို
ဂရုစိုက်နေထိုင်ရင်...
ကျန်းမာအသက်ရှည်ပါတယ် တဲ့၊
အလေ့ကျင့်ကောင်းသွားရင်
ရောဂါကြီးကြီးမား ...
မရှိရင်အသက် ရာကျော်အထိ
အသက်ရှည်
ကျန်းမာပါတယ်လို့ ဆိုကြတယ်။

၁။ ကိုယ်အလေးချိန်ကို အမြဲထိမ်းပါ။
(weightချိန် ပါ )...
၂။ အိပ်ရေးဝအောင် အိပ်ပါ....
၃။ အစာအိမ်ကို ဂရုစိုက်ပါ။
ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ။
၇၀% ပြည့်အောင်ပဲစားပါ။
အလွန်အကျွံ မစားပါနဲ့။
ပျော့တဲ့အစားစာရွေးစားပါ။
အဆီ,အငန်,အချို,
အပူစာတွေလျော့စားပါ။
၄။ အရိုးအဆစ်ကိုဂရုစိုက်ပါ။
၅။ vitamin D ရအောင်
နွားနို့,ငါး,ပဲ စားတဲ့အပြင်
မနက်(သို့) ညနေခင်း
နေရောင်ခြည်ကို
10min လောက်
အနည်းဆုံး ခံယူပါ။
vitamin Dအားဆေးလည်း
တခါတလေ စားပေးပါ။
၆။ လမ်းလျှောက် လေ့ကျင့်ခန်း
လုပ်ပေးပါ။
ကြွက်သားအားကောင်းအောင်
လေ့ကျင့်ပေးပါ။
ခြေသလုံးကြွက်သား
အားကောင်းရင်
နှလုံးရောဂါမဖြစ်နိုင်ပါဘူး။
ကခုန်ခြင်းဖြင့်လည်း
ကိုယ်လက် လှုပ်ရှား
လေ့ကျင့်ခန်းတမျိုးပါပဲ။
၇။ ရေချိုးချိန်၊
ကိုယ် အဆင်ပြေချိန်တွင်
သီချင်းအော်ဆိုပေးခြင်း ဖြင့်
အဆုတ်အားကောင်းအောင်
လုပ်ပေးပါ။
လက်ခုပ်တီးပေးပါ။
၈။ pressure ,stress လျော့ပေးပါ၊
စိတ်ပျော်ရွှင်အောင်နေပါ၊
ပြသနာအကြီးကို
သေးအောင်လုပ်၊
အသေးကိုပျောက်အောင်လုပ်။
တော်ရုံ အရေးမကြီးတာတွေနဲ့
ရန်မဖြစ်နဲ့။
စိတ်ထဲ မထားကြပါနဲ့။
၉။ စိတ်အေးချမ်းတည်ငြိမ်အောင်
တရားထိုင်ပေးပါ၊
ဝင်လေထွက်လေမှတ်ပေးပါ။
၁၀။ သန့်ရှင်းမှုကို
အလေးထားပါ၊
တကိုယ်ရည် သန့်ရှင်းမှုနဲ့
အိမ်တွင်းအိမ်ပြင်
ပတ်ဝန်းကျင် သန့်ရှင်းရေးကို
ဂရုစိုက်ပါ။
၁၁။ ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊
ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို
ကိုယ့်အိမ်တွင်း
အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။
၁၂။ ဦးနှောက်ကို
တခုခုလုပ်နေရင်းအသုံးချပါ။
စီးပွါးလုပ်ငန်း၊
အလုပ်၊ပညာ တခုခု
ကိုယ်ဝါသနာပါရာကို
အမြဲ လေ့လာရင်း
လုပ်နေရင်းနဲ့
ဦးနှောက်ကို အသုံးချပေးပါ။
ဦးခါင်းကိုအသုံးချခြင်းဖြင့်
အယ်ဇိုင်းမားရောဂါ
မဖြစ်အောင်
ကာကွယ် ပေးနိုင်ပါတယ်။
၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊
အညစ်အကြေး စွန့်ခြင်းဖြင့်
ကိုယ်ထဲက
အဆိပ် အတောက်ကို
ဖယ်ပေးနိုင်ပါတယ်။
ရေများများသောက်ခြင်းဖြင့်
သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်
ကျောက်တည်ခြင်းကို
ကာကွယ်ပေးနိုင်တယ်။
၁၄။ မနက်အစာမစားခင်
ပုံမှန်ရေတခွက်
ရေနွေး၂ခွက်
သောက်ပေးခြင်းဖြင့်
အူလမ်းကြောင်းက
အညစ်အကြေးတွေ
ထုတ်ပေးနိုင်ပါတယ်။
အိပ်ကာနီး
ရေတခွက်သောက်ခြင်းဖြင့်
မနက်ဆီးသွားပြီး
ကိုယ်တွင်းက အပူကို
ကျစေပါတယ်။
အသက်၃ဝကျော်ရင်
သွေးကြောတွေက
တဖြေးဖြေးအဆီပိတ်ပြီး
ကျဉ်းလာပါတယ်။
တချို့ကသွေးပျစ်ပီး
ကျဉ်းလာပါတယ်။

ဒါ့ကြောင့်
အဆီအကြော်စာတွေ
လျော့စားပါ
ရေနွေးရေသောက်ပေးခြင်း
လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် သွေးကြောပိတ်ခြင်းကို
ကာကွယ်နိုင်ပါတယ်။

တရုတ်ဆေးပညာ ကနေ
ဘာသာပြန် ရေးပေးတာပါ။
မိတ်ဆွေသူငယ်ချင်းများအားလုံး
ကျန်းမာအသက်ရှည်ပါစေ...

ဘာသာပြန်ပေးသူEMT(YUFL)
Photo(internet Credit)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when WE Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WE Talk:

Share

Category