20/08/2026
“စစ်ပွဲသာမဖြစ်ခဲ့လျှင် ဆရာဝန်ဖြစ်လာမည့်သူများ၊ အနုပညာရှင်ဖြစ်လာမည့်သူများသည် “အာဇာနည်” ဆိုသည့် နာမည်တပ်တံဆိပ်ကပ်ထားသော ရုပ်အလောင်းများအဖြစ် မိခင်နိုင်ငံသို့ ပြန်ရောက်လာကြသည်။ အီရန်နှင့် အီရတ်တို့ရှိ ကျန်ရစ်သူမိသားစုများသည် နိုင်ငံတော်၏သတ်မှတ်ချက်အရ အာဇာနည်ဖြစ်သွားသည့် သားများ၊ ခင်ပွန်းများ၊ အစ်ကို၊ မောင်များအား ထာဝရဆုံးရှုံးမှုကို တမြေ့မြေ့ခံစားခဲ့ရသည်။ သက်ဆိုင်ရာအစိုးရများကမူ အောင်ပွဲခံနိုင်ပြီဟု ကြွေးကြော်ခဲ့ကြသော်လည်း အာဇာနည်များ၏မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် အရပ်သားများအတွက်မူ စစ်ပွဲကနေ မည်သည့်အကျိုးခံစားရပါသနည်းဆိုသည့် ဖြေဆိုလို့မဖြစ်နိုင်သော မေးခွန်းဖြင့်သာ ကျန်ခဲ့ကြသည်။”
🧟♀️အမေရိကန်ဦးဆောင်သော နိုင်ငံခြားတပ်များသိမ်းပိုက်ထားသည့် အီရတ်နိုင်ငံ၌ ဗုံးကွဲမှုကြောင့် လူများစွာ နေ့စဉ်သေဆုံးနေသည်။ အများစုမှာ အရပ်သားများဖြစ်ကြသည်။ ပြည်သူ့စစ်ခေါ် လက်နက်ကိုင်တပ်ဖွဲ့များကလည်း သက်ဆိုင်ရာနယ်မြေအလိုက်အပိုင်စားယူကာ ကိုယ်နှင့်မတူသူ၊ သံသယဝင်သူများကို ရက်စက်စွာ သတ်ဖြတ်နေသည်။ ထို့ကြောင့် နေ့စဉ် ဗုံးကွဲမှုကြောင့်ဖြစ်စေ၊ အမေရိကန်နှင့်နိုင်ငံခြားတပ်များ၏ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့်ဖြစ်စေ၊ ပြည်သူ့စစ်များ၏သတ်ဖြတ်မှုကြောင့်ဖြစ်စေ သေဆုံးသူများ၊ ခြေပြတ်လက်ပြတ်ဖြစ်ရသူများ နေ့စဉ်ရှိနေခဲ့သည်။ ဗုံးကွဲမှုကြောင့်သေဆုံးလျှင်ပင် သေဆုံးသူ၏ရုပ်အလောင်းကို အကောင်းအတိုင်းပြန်မရနိုင်။ သင်္ဂြိုဟ်ခါနီးတွင် သည်ခြေထောက်ကိုယူ၊ သည်လက်ကိုတပ် စသဖြင့် တစ်စစီကောက်ယူနေရသည်။ တစ်နေ့တွင် မထင်မှတ်ထားပါဘဲ ထိုသေဆုံးသူများ၏ကျန်ရစ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန်လည်စုစည်းကာ မကောင်းဆိုးဝါးကြီးတစ်ကောင်ပေါ်ထွန်းလာကာ မတရားသတ်ဖြတ်သူများကို ပြန်လက်စားချေလေတော့သည်။ မကောင်းဆိုးဝါး၏နာမည်ကိုမသိသောကြောင့် ဘဂ္ဂဒက်မြို့သားများက သူ့ကိုနာမည်အမျိုးမျိုးဖြင့်ခေါ်ဆိုကြသည်။ စစ်ထောက်လှမ်းရေးကတော့ သူ့ကို ဟိုအကောင်ကြီးဟု ခေါ်ဆိုကာ ဖမ်းမိနိုင်ရေး အသည်းအသန်ကြိုးပမ်းတော့သည်။
😱အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သည့်သာမန်လူများ၏ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသော ထိုမကောင်းဆိုးဝါးကြီးသည် သာမန်လူများကိုယ်စား လက်စားချေရင်း အကြမ်းဖက်မှုသည် သံသရာလည်တတ်သည့်သဘောအရ မဆုံးနိုင်အောင် လက်စားချေရကိန်းဆိုက်လာခဲ့သည်။ လောကတွင် ဖြူစင်သူပင်ရှိပါသေးရဲ့လားဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
📖ဘဂ္ဂဒက်က ဖရန်ကင်စတိုင်း(Frankenstein in Baghdad)
ရဲလွင်အောင် မြန်မာဘာသာသို့ပြန်ဆိုသည်။
အရှေ့အလယ်ပိုင်းဘာသာပြန်စာပေ အမှတ်(၁)
💸တန်ဖိုး - ၁၈၀၀၀ ကျပ်
📖စာမျက်နှာ - ၃၁၈
🚐ဖြန့်ချိရေး - Journalist Book Publishing
Royal Express ရောက်တဲ့မြို့နယ်တိုင်းကို အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့ရှိ စာအုပ်ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါပြီ။
Viber နှင့် Telegram - 09261778607 ၊ 09788794594 တို့ကနေလည်း တစ်ဆင့်မှာယူနိုင်သလို
Journalist Book Publishing ဖေ့စ်ဘွတ်ခ်စာမျက်နှာ
https://www.facebook.com/Journalistbookmyanmar
Inky Fingers စာအုပ်တိုက်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/inkyfingerspublishinghouse
ကနေလည်း ဆက်သွယ်မှာယူနိုင်ပါပြီ . .
#ဘာသာပြန်စာပေ #ဘဂ္ဂဒက်ကဖရန်ကင်စတိုင်း
+