Kay Thwe Travel Vlog

Kay Thwe Travel Vlog Travel notes

Royal Thai Embassy, Yangon’s Official Holidays in 2026 😊
25/10/2025

Royal Thai Embassy, Yangon’s Official Holidays in 2026 😊

21/10/2025

PJ to PV ချိန်းဖို့လိုအပ်တဲ့ invitation က ဘာလဲ ။ ဘယ်လိုတွေပြင်ဆင်ရမလဲ ။
များသောအားဖြင့် invitation ကို အမျိုးအစား ၄ မျိုးခွဲလို့ရပါတယ် ။
📩နိုင်ငံခြားမှာရှိတဲ့ မိသားစုက အလည်လာဖို့ဖိတ်ခေါ်တဲ့ invitation letter
📩ဆေးသွားကုဖို့ အတွက် ဆေးရုံရဲ့ appointment letter
📩အလုပ်က တဖက်နိုင်ငံမှာရှိတဲ့ကုမ္မဏီကို စေလွှတ်လို့ တဖက်နိုင်ငံကဖိတ်ခေါ်တဲ့ invitation letter
📩ကျောင်းနဲ့သက်ဆိုင်တဲ့ ကာလတို သင်တန်းတွေတက်ဖို့ ဖိတ်ခေါ်တဲ့ invitation letter
တို့ဖြစ်ပါတယ် ။
အဲ့ထဲက တခုခုရှိတယ်ဆိုရင်တော့ ဒဏ်ကြေးဆောင် အချက်အလက်ခိုင်ခိုင်မာမာပြောပြီး PJ ကနေ PV ကိုပြောင်းလို့ရပါပြီ ။
အားလုံးပဲအဆင်ပြေကြပါစေ ။

👋👋👋💥💥💢မန္တလေး💢တောင်ကြီး💢မြစ်ကြီးနား💢ဘားအံ💢ငွေဆောင်💢ချောင်းသာ နှင့်တခြား မြန်မာပြည်အနှံ့ကားလက်မှတ်တွေကို လိုအပ်ရင်သတိရပေး...
19/10/2025

👋👋👋💥💥

💢မန္တလေး
💢တောင်ကြီး
💢မြစ်ကြီးနား
💢ဘားအံ
💢ငွေဆောင်
💢ချောင်းသာ
နှင့်တခြား

မြန်မာပြည်အနှံ့ကားလက်မှတ်တွေကို လိုအပ်ရင်
သတိရပေးပါဦးနော် 🥰

လက်မှတ်လေးတွေပင်ရင်းဂိတ်စျေးအတိုင်းရောင်းပေးနေပါပြီရှင့်💯💯

📌 တောင်ကြီးတန်ဆောင်တိုင်ပွဲခင်းထဲ လည်ပတ်မယ်ဆ်ို သတိပြုရမဲ့အချက်များ 📌(၁) ပွဲခင်းထဲသို့ စောစောသွားနိုငိလေ ပိုအဆင်ပြေလေပါပ...
15/10/2025

📌 တောင်ကြီးတန်ဆောင်တိုင်ပွဲခင်းထဲ လည်ပတ်မယ်ဆ်ို သတိပြုရမဲ့အချက်များ 📌

(၁) ပွဲခင်းထဲသို့ စောစောသွားနိုငိလေ ပိုအဆင်ပြေလေပါပဲ ကားတွေ အရမ်းကျပ်ပိတ်ညှပ်နေတာမို့ အနီးစပ်ဆုံးထိကားစီးလာပြီး လမ်းလျှောက်သွားတာက ပိုအဆင်ပြေဆုံးပါနော်
ပွဲခင်းထဲသွားမဲ့ ကားတွေ တယောက်ဘယ်လောက်ဆ်ိုပီး အနီးစပ်ဆုံးထိ ကားတွေစီးလာလို့လည်းရပါတယိ

(၂)အအေးဒဏ်ခံနိုင်ဖို့ ကုတ်အကျီအရှည် Hoodies စသဖြင့် ထူထဲသော အ၀တ်အစားများ၀တ်သွားပါ။

(၃) ညှပ်ဖိနပ်အစား Sneakers ဖိနပ်ကိုစီးရင်တော့ ပြေးရလွားရတာပို အဆင်ပြေပါမယ်။ပြေးရလွားရဆိုတာ မီးကြည်မီးပုံးက ယမ်းကြတာ မီးရူးမီးပန်းများ အခန့်မသင့်ရင်ကြတာမို့ အပေါ်ကြည့် အောက်ကြည့်ပြေးဖို့ပါ ။

(၄) ပွဲခင်းထဲ မိမိတို့လူစုမကွဲအောင် လက်တွေချိတ် တွဲပြီးသွားသွားပါ လူစုကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ထားပါနော်

(၅)လူထူထပ်တဲ့နေရာဖြစ်တာကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာများ၊ ပိုက်ဆံအများအပြားနဲ့ မလိုအပ်တဲ့ အီလက်ထရောနစ်ပစ္စည်းများ ယူဆောင်လာခြင်းကို ရှောင်ကြဉ်ပါ။

(၆)ညမီးကြီး လွတ်ချိန်ကို လေလမ်းကြောင်းကိုသတိပြုပါ လေနဲ့ ဆန့်ကျင်ဘက်တွင် နေပါ။အလံတွေက အလကားမဟုတ် လေလမ်းကြောင်းကိုသူတို့က ညွန်းပေးနေတာပါ မီးရှူးထိုးလို့ ယမ်းကြလို့ ဖျာနဲ့အုပ်ပြီးပြေးရတာတွေလည်းရှိတတ်တယ် မီးခိုး မှိုင်းနံ့ကြောင့် အဝတ်အစားအကောင်းတွေသိပ်မဝတ်ပါနဲ့

(၇)မီးပုံးပျံအဖွဲ့တွေရဲ့ ကားတန်းများအနီးနဲ့ သူတို့ရဲ့ ပြင်ဆင်ရေးဇုန် (ကြိုးတားထားသည့်နေရာ) အတွင်းသို့ လုံးဝမဝင်ပါနဲ့။ အဖွဲ့သားမဟုတ်ပါက အထင်လွဲမှားစွာ တိုက်ခိုက်ခံရနိုင်ပါတယ်။

(၈)ယမ်းခွေများ: မြေပြင်မှာ ခင်းကျင်းထားတဲ့ ယမ်းခွေတွေဟာ အလွန်အန္တရာယ်များပါတယ်။ ကလေး၊ လူကြီးမရွေး အနားကပ်ခြင်း၊ ကိုင်တွယ်ခြင်း လုံးဝမပြုလုပ်ပါနဲ့။
မီးသတ်ကားအနီး: မီးပုံးပျံပျက်ကျပါက မီးသတ်ကားများက ချက်ချင်းဆိုသလို လှုပ်ရှားရတာကြောင့် ယာဉ်တိုက်မှုအန္တရာယ်မဖြစ်စေဖို့ သူတို့အနားမှာ နေခြင်းကိုရှောင်ပါ။

(၉)မီးကြီးလွှတ်တင်ချိန်: မီးကြီးမီးပုံးပျံများဟာ အလွန်အန္တရာယ်များတဲ့အတွက် မြေပြင်မှာ အိပ်ပြီး၊ ထိုင်ပြီး အေးအေးလူလူကြည့်ရှုခြင်းကို ရှောင်ကြဉ်ပါ။ အရေးပေါ်အခြေအနေအတွက် အမြဲတမ်းသတိရှိပြီး အသင့်အနေအထားမှာ ရှိနေသင့်ပါတယ်။
မီးပုံးပျံ လွတ်တဲ့ အဖွဲ့များအားအနောက်ယှက်မဖြစ်အောင် လမ်းဖယ်ပေးတာ ကူညီပေးတာမျိုးလုပ်ပါ သူတို့ သတ်မှတ်ထားသော စည်းမကျော်ပါနှင့် မီးကြည်မီးပုံး ယမ်းချိန်စင်အနီးဆေးဆိပ် မသောက်ပါနှင့်။ မီးပုံပျံ တလုံးကို ၄ လ၅လ အချိန်ယူငွေးကြေးများစွာနဲ့ ရင်းပြီးဖန်တီးရတာမို့ သင့်ကြောင့်စိတ်အ‌ နှောက်အယှက်
မဖြစ်ပါစေနင့်

•(၁၀)ပွဲတော်ပြီးဆုံးချိန်: ပွဲတော်ဟာ မနက် ၁-၂ နာရီအထိ ကြာမြင့်တတ်ပါတယ်။ ပွဲသိမ်းလို့ ပြန်ချိန်မှာ လမ်းတွေဟာ မှောင်ပြီး လူပြတ်တတ်တာကြောင့် လုယှက်မှုအန္တရာယ်ကို အထူးသတိပြုပြီး တစ်ဦးတည်းမပြန်ဘဲ အုပ်စုဖွဲ့ပြန်ကြပါ။

#တောင်ကြီးတန်ဆောင်တိုင်
#တောင်ကြီး #မီးပုံးပျံ

ဘတ်ရိုက်ခြင်း
13/10/2025

ဘတ်ရိုက်ခြင်း

🌿❤️ Safari World  ကိုမသွားနိုင်တဲ့ သူတွေအတွက် Baby လေးတွေရဲ့ကျောင်းပိတ်ရက်အတွက် ဦးစားပေး တင်ဆက်ရခြင်းဖြစ်တဲ့ ICONSIAM ရဲ...
13/10/2025

🌿❤️ Safari World ကိုမသွားနိုင်တဲ့ သူတွေအတွက်

Baby လေးတွေရဲ့ကျောင်းပိတ်ရက်အတွက် ဦးစားပေး တင်ဆက်ရခြင်းဖြစ်တဲ့ ICONSIAM ရဲ့ SAFARI SCHOOL BREAK ADVENTURE ပဲဖြစ်ပါတယ်။ 🦧🐇🦜

🐾 SAFARI SCHOOL BREAK ADVENTURE သည် ICONSIAM Park ၏ ဒုတိယထပ်တွင် အထူးစွန့်စားခန်းတစ်ခုကို ဖန်တီးထားပြီး လူတိုင်းကို တိရစ္ဆာန်မျိုးစုံ၊ အကောင်အကြီး၊ အကောင်အငယ်များနှင့် အနီးကပ်ထိတွေ့ခံစားမှုမျိုးကို ခံစားနိုင်စေဖို့ တိရစ္ဆာန်မျိုးစိတ် ၂၀၀ ကျော်ကို ပြသထားပါသည်။

🐴 ချစ်စဖွယ် Shetland ponies
🐐 ဆိတ်ဖြူလေးတွေ
🐑 သိုးကလေးတွေ
🐹 ကုန်နေ ရေနေ Capybaras လေးတွေ
🦜 ရောင်စုံ ကြက်တူရွေး မျိုးစိတ်လေးတွေ
🦉 မျက်လုံးပြူးပြူး ဇီးကွက်လေးတွေ
🐇 ချစ်စရာ ယုန်လေးတွေ
🐖 ဝက်ပုလေးတွေ
🐭 ဂီနီကြွက်ကလေးတွေ
🐔ချစ်ရာ အမွှေးဖွာဖွာကြက်ပုလေးတွေ
🦎 Tegu နှင့် iguana အမျိုးအစား ပုတ်သင်ညိုတွေ
🐍 မျက်လုံးလှလှ စပါးအုံးမြွေ

လာရောက် လေ့လာကြည့်ရှု့သူတိုင်းအတွက် ဘေးကင်းဖို့ ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုအောက်တွင် တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့၊ လေ့လာနိုင်ပြီး ဓာတ်ပုံရိုက်နိုင်ပါသည်။

🗓 ရက်စွဲ ကတော့ အောက်တိုဘာ ၁၀ ရက် မှ ၁၉ ရက်အထိ ( အရင်ရက်တွေက မအားလို့ အမှတင်ပြရခြင်းပါ)
🕒 အချိန် : ညနေ ၃:၀၀ အချိန်မှ စတင် လေ့လာနိုင်ပါပြီ

📍 ICONSIAM ရဲ့ ဒုတိယထပ် ICONSIAM လှေဆိပ်ဝန်းဆိုတော့ အဲဒီမှာ လေ့လာလည်ပတ်ပြီး ညနေဆို Dinner Cruise ပါ စီးသွားလို့ရပါတယ်😍

🚢 The Luxury White Cruise 2,000B/ person 🥰
🚢 Sawasdee Cruise 2,000/person🥰
🚢 White Orchid Cruise 890/person🥰

Photo Credit From

၁။ Boarding Pass ထုတ်ပါ။ လေယာဉ်မှတ်တစ်ခုထဲ နဲ့ လေယာဉ်ပေါ် တန်း တက်လို့ မရပါဘူး။ လေယာဉ်ပေါ်တက်ဖို့အတွက် Boarding Pass လို...
07/10/2025

၁။ Boarding Pass ထုတ်ပါ။
လေယာဉ်မှတ်တစ်ခုထဲ နဲ့ လေယာဉ်ပေါ် တန်း တက်လို့ မရပါဘူး။ လေယာဉ်ပေါ်တက်ဖို့အတွက် Boarding Pass လိုပါတယ်။ Boarding Pass ကို Online ကနေကြိုထုတ်ထားလို့ရသလို အွန်လိုင်းကနေ ထုတ်လို့မရတဲ့လေကြောင်းလိုင်းတွေဆိုရင်တော့ လေဆိပ်မှာရှိတဲ့ လေကြောင်းလိုင်းကောင်တာ ဒါမှမဟုတ် လေဆိပ်မှာတွေ့တဲ့ Kiosks စက်တွေကနေထုတ်လို့ရပါတယ်။

၂။ immigration ဖြတ်ပါ။
Boarding Pass ရပြီဆိုလျှင် Immigration မှာ အထွက်တံဆိပ်တုံးထု Security Clear လုပ် ပြီး အထဲဝင်လို့ရပါပြီ။ အထဲကို ဝင်ဖို့ နဲ့ Immigration ဖြတ်ဖို့ အတွက် Boarding Pass ရှိဖို့လိုတဲ့အတွက် Boarding Pass မရှိရင် ဘယ်သူမှဖြတ်လို့မရသလို ဖြတိပြီးသွားတာနဲ့ Immigration ရဲတွေမှ ထုတ်မပေးရင် ဘယ်သူမှလည်း အလွယ်တကူ ထွက်လို့ မရပါဘူး။

၃။ Boarding Gate ရှာပါ
အထဲကို ရောက်ပြီဆိုတာနဲ့ လေယာဉ်ပေါ်တက်ဖို့အတွက် Gate ရှာရပါမယ်။ Boarding Gate ကို Boarding Pass ထဲမှာပါတဲ့ Gate No မှာ ကြည့်လို့ရပေမဲ့ မသေချာတဲ့အတွက် အကောင်းဆုံးကတော့ လေဆိပ်ထဲမှာရှိတဲ့ TV Screenတွေကနေ မိမိစီးမည့် လေယာဉ်နံပါတ်နဲ့ တိုက်ရှာပြီးတော့ Boarding Gate ကို ကြည့်လို့ရပါတယ်။ Boarding Gate သိရတာနဲ့ Gate ဆီကိုသွားပြီး Boarding Pass ထဲမှာပါတဲ့ Boarding Time အချိန်ရောက်ရင် လေယဉ်ပေါ်တက်ဖ်ု့အတွက် ခေါ်ပါလိမ့်မယ်။ Boarding Time က အမှန်တကယ် လေယဉ်ထွက်မည့်အချိန်အထက် မိနစ် ၃၀-၄၅ မိနစ်လောက် စောနေပါတယ်။

၄။ Airport WiFi ချိတ်ပြီး ချက်ချင်း သတင်းပို့ပါ။
လေယဉ်ပေါ်ကဆင်းပြီဆိုတာနဲ့ အဝင်တံဆိပ်တုံးထုဖို့အတွက် Immigration Counter တွေဆီဘဲ တန်းစီဖို့အတွက် အားလုံး သွားကြရမှာပါ။ Immigration မှာ တန်းစီဖို့ လူအများကြီးစောင့်ရမှာဖြစ်တဲ့အတွက် လာကြိုမည့်သူတွေကို မစောင့်ရအောင်လို့ Airport WiFi ချိတ်ပြီး အိမ်ကနေ ထွက်လာဖို့အတွက် ကြိုပြီးသတင်းပို့ထားပါ။ ကိုယ့်အလှည့်ရောက်လာရင်တော့ Passport စာအုပ်အပြင်၊ Boarding Pass နဲ့ ဗီဇာရှိရင် ဗီဇာ တွေကို တခါထဲ ဖွင့်ပြပါ။ သူတို့ဘက်က လိုအပ်တာရှိရင် ထပ်ပြီး တောင်းပါလိမ့်မယ်။

၅။ အဝင်တံဆိပ်တုံး ချက်ချင်းစစ်ပါ။
Immigration ဖြတ်ပြီးတာနဲ့ ချက်ချင်း Passport စာအုပ်ထဲမှာ အဝင်တံဆိပ်တုံး ထုပေးလိုက်လား ဆိုတာကို သေချာအောင်စစ်ပြီး တံဆိပ်တုံးမတွေ့ရင် ချက်ချင်းပြန်ပြောပါ။ အဝင်တံဆိပ်တုံးမရှိဘူးဆိုလျှင် ပြန်ထွက်တဲ့အခါ တရားမဝင် ဝင်ရောက်ထားတယ်လို့ သတ်မှတ်ခံရနိုင်ပါတယ်။ အဝင် တံဆိပ်တုံးအပြင် နေထိုင်ခွင့်ရက် ဘယ်လောက် ရလဲဆိုတာကိုပါ တခါထဲစစ်ပါ။

၆။ လေဆိပ်အပြင် ထွက်လို့ရပါပြီ။
Immigration ဖြတ်ပြီးတာနဲ့ Luggage ယူစရာရှိရင် ယူ မရှိရင် အပြင်ဘက်ထွက်ပြီး လာကြိုတဲ့သူကို စောင့်လို့ရပါပြီ။

07/10/2025

ရန်ကုန် ဘန်ကောက် ရန်ကုန် အတွက်

ကားစင်းလုံးဌား
လေယာဥ်လက်မှတ်
ဟိုတယ်
TR Visa များအတွက်

လိုအပ်ပါကဆက်သွယ်နိုင်ပါတယ်ရှင့် 🙏

➡️ဘယ် နိုင်ငံရဲ့ လေဆိပ်ဖြစ်ဖြစ် သွားမယ်ဆိုရင် သိထားရမယ့် အချက် ၄ ချက်😊ဒီ ၄ ချက်မသိရင် ဘယ်လေဆိပ်ဖြစ်ဖြစ် မျက်စိလည်နေအုံးမ...
04/10/2025

➡️ဘယ် နိုင်ငံရဲ့ လေဆိပ်ဖြစ်ဖြစ် သွားမယ်ဆိုရင်
သိထားရမယ့် အချက် ၄ ချက်😊

ဒီ ၄ ချက်မသိရင် ဘယ်လေဆိပ်ဖြစ်ဖြစ်
မျက်စိလည်နေအုံးမှာပဲနော်😊

1️⃣ Check in counter ✅

ပထမဆုံးက Check in counter ကိုရှာရပါမယ် ရှာဖို့ အတွက် ကိုယ့်ရဲ့လက်မှတ် ariline နာမည်နဲ့ တိုက်ပြီးတော့ LED Board မှာရှာရပါမယ်

LED Screen က ဘယ်လိုအခြေအနေမျိုးမှာ အသုံးဝင်လဲဆိုတာကတော့?

အရင်ဆုံးမိမိ လေယာဥ် လက်မှတ်စဝယ်တဲ့အခါ လေယာဉ်လက်မှတ် မှာ လေယာဉ်နံပါတ်ဘယ်လောက် လေယာဉ်ဘယ်အချိန်စီးရမလဲဆိုတာပါပီးသားပါ။☑️

ဒါပေမဲ့ လေယာဉ် လက်မှတ် ထုတ်ဖို့နဲ့ Check in
ဝင်ဖို့ဆိုရင် ဘယ်gateမှာ ဝင်ရမှာလဲဆိုတာ
အမြဲတိုင်ပတ်တတ်ပါတယ်။☑️

Check in counter‌ တွေကတော့ လေယာဉ်မထွက်ခင် ၃နာရီ အလိုဆိုစဖွင့်ပါပီ။✍️
မိမိက စောပြီး လေဆိပ်ရောက်တဲ့အခါ Check In
လုပ်လို့ရတာနဲ့ စောစော လုပ်လေ့ရှိပါတယ်။

📌အဲ့ဒီအခါလေဆိပ် Terminal မှာရှိတဲ့ LED Screen မှာ ကြည့်ပြီးဘယ်‌ကောင်တာမှာ လုပ်ရမလဲဆိုတာသိနိုင်ပါတယ်။

(1) မိမိလေယာဉ်ထွက်မည့်အချိန်သိရပါမယ်။
(2) လေယာဉ်နံပါတ်သိရပါမယ်။
(3) ၁နဲ့၂ကို လေယာဉ်လက်မှတ် စဝယ်ကထဲက သိ
ပီးသားဖစ်နေတဲ့ အတွက် LED screenမှာ အဲ့၂ခု
နဲ့ တိုက်ကြည့်ပီး ဘယ်ကောင်နာမှာ check in ဝင်ရမလဲ စစ်ကြည့်ရမှာပါ။
(4) နံပါတ်4ကတော့ လေယာဉ် မထွက်ခင် 3နာရီ အတိမှ Check inဆိုတာလေး ပေါ်မှာပါ မိမိက4နာရီလောက် စောရောက်သွားရင်တော့ check inဝင်လို့မရသေးပါဘူး။ ‌
❤️Check inဆိုတာလေးပေါ်မှ သူတို့ပြထားတဲ့ကောင်တာမှာ boarding passထုတ်ရော laguagge အိတ် အပ်တာရော လုပ်နိုင်မှာ ဖြစ်ပါတယ် ။
2️⃣ Immigration
ဒါကတော့ ကိုယ့်ရဲ့ စာအုပ်ကို officer ကိုပေးလိုက်တာနဲ့ ကိုယ့်ရဲ့ အချက်အလက်တွေမှန်မမှန်စစ်ပါမယ် မှန်ရင် Camera ရိုက်ပါမယ် ပြီးတာနဲ့ သွားရပါပြီ မြန်မာမှာကတော့ immigration မရောက်ခင် လူကုန်ကူးမှူတိုက်ဖျက်ရေးအဖွဲ့တခုကိုဖြတ်ပြီးမှ immigration ဖြတ်ရပါမယ်

3️⃣ Security Check point
Immigration ဖြတ်ပြီးဆိုတာနဲ့ မိမိတို့ဆီမှာ ပစည်းတခုမကျန် Xray နဲ့ဖြတ်ရပါမယ် လူကိုတော့ စက်နဲ့ထပ်စစ်ပါတယ် ပြီးရင်ရပါပြီ

4️⃣Boarding Gate
ဒါကတော့ ကိုယ်ရထားတဲ့ Boarding pass မှာပါတဲ့ Gate- ကိုရှာရပါမယ်

ဒါဆို အဆင်ပြေပါပြီ မသိသေးတဲ့သူတွေအတွက် မျှဝေပေးပါဦးနော်♥️

✈️

Visit visa free 😊
26/09/2025

Visit visa free 😊

မလေးရှားနိုင်ငံတွင်းသို့ မြန်မာများအတွက် Visa Free ✍️
25/09/2025

မလေးရှားနိုင်ငံတွင်းသို့ မြန်မာများအတွက် Visa Free ✍️

17/09/2025

Flight Ticket
Domestic
International
ကို Airline က Fare အတိုင်းရောင်းပေးမှာမို့ အကူညီလိုရင်လာမေးကြည့်လို့ရပါတယ်ရှင့် 👋

Address

Online Services
Yangon

Website

Alerts

Be the first to know and let us send you an email when Kay Thwe Travel Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share