Digital Saw

Digital Saw Digital Saw: Your profit, our digital priority.

Facebook Follower တွေကို အပြင်ကဝယ်တာက အန္တရာယ်များတယ်ဆိုတာကို အားလုံးပဲ သိပြီးကြမှာပါ။ဒါဆိုရင် Organic နဲ့ Followers အစစ...
07/01/2026

Facebook Follower တွေကို အပြင်ကဝယ်တာက အန္တရာယ်များတယ်ဆိုတာကို အားလုံးပဲ သိပြီးကြမှာပါ။

ဒါဆိုရင် Organic နဲ့ Followers အစစ်အမှန်တွေ တိုးလာစေဖို့ ဘာတွေလုပ်သင့်လဲ။

✔️ Reels ဗီဒီယိုတွေကို ပိုတင်ပါ
လက်ရှိ Facebook မှာ Organic Reach အကောင်းဆုံးက Reels ပါ။ Follower မရှိသေးရင်တောင် Reels ကနေတစ်ဆင့် လူသစ်တွေဆီကို Content ရောက်သွားနိုင်ပါတယ်။

✔️ Target Audience အတွက် အကျိုးရှိမယ့် Content ဖန်တီးပါ
လူတိုင်းက သူတို့အတွက် တစ်ခုခု အကျိုးရှိမှ (ဥပမာ- ဗဟုသုတရတာ၊ ရယ်ရတာ၊ အခက်အခဲတစ်ခုကို ဖြေရှင်းပေးတာ) မျိုးတွေကို Follow လုပ်တတ်ကြတာပါ။ ဒါကြောင့် သူတို့ Wall မှာ ပြန် Share ချင်လာအောင် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်တွေကို Graphics လှလှလေးတွေနဲ့ တင်ပါ။

✔️ Engagement ကို ဦးစားပေးပါ
Post တင်ရုံတင် မဟုတ်ဘဲ သင့် Page ရဲ့ Community ကို တည်ဆောက်ပါ။ Post အောက်မှာ လာရေးသမျှ Comment တိုင်းကို လိုက်ပြီး Reply ပြန်ပေးပါ။ ဒါဟာ Algorithm အတွက်ရော customer နဲ့ ရင်းနှီးမှုရစေပါတယ်။

✔️ Consistency
ပို့စ်တွေကို တစ်ပတ်တင်ပြီး တစ်လပျောက်သွားတာမျိုးက Follower တိုးနှုန်းကို ရပ်တန့်စေပါတယ်။ တစ်ပတ်ကို (၃)ပုဒ် ဒါမှမဟုတ် (၅)ပုဒ် ပုံမှန်တင်ဖို့ ကြိုးစားပါ။

Organic Reach တိုးဖို့ဆိုတာ အချိန်တစ်ခု ပေးရပါတယ်။ ဒါပေမဲ့ ဒီနည်းနဲ့ရလာတဲ့ Follower တွေဟာ တကယ် ဝယ်ယူမယ့်သူတွေ၊ တကယ် အားပေးမယ့်သူတွေ ဖြစ်တာကြောင့် ဝယ်ယူထားတဲ့ အကောင့်တု ၁ သိန်းထက် တကယ့် Follower ၁ ထောင်က ပိုတန်ဖိုးရှိပါတယ်။

Digital Saw

page Update မှာ သင့်အတွက် အသင့်တော်ဆုံးကို ဘယ်လိုရွေးမလဲ....🤔လုပ်ငန်းရှင်တွေနဲ့ Social Influencer တွေအတွက် သတင်...
05/01/2026

page Update မှာ သင့်အတွက် အသင့်တော်ဆုံးကို ဘယ်လိုရွေးမလဲ....🤔

လုပ်ငန်းရှင်တွေနဲ့ Social Influencer တွေအတွက် သတင်းကောင်းတစ်ခုကတော့ အခုဆိုရင် Facebook (Meta) ဟာ ကိုယ့်ရဲ့ Goal နဲ့ ရည်ရွယ်ချက် ပေါ်မူတည်ပြီး Page အမျိုးအစားကို ပိုမိုတိကျစွာ ရွေးချယ်နိုင်အောင် ပြုလုပ်ပေးထားပြီ ဖြစ်ပါတယ်။

တစ်ခုချင်းစီရဲ့ အဓိက အားသာချက်တွေနဲ့ ဘယ်သူတွေအတွက် အကိုက်ညီဆုံးဖြစ်မလဲဆိုတာကို အတူ ကြည့်လိုက်ကြရအောင် 📌

🌟 Creator Type

ဒါကတော့ အနုပညာရှင်တွေ၊ social influencer တွေအတွက် အဓိက ရွေးချယ်သင့်တဲ့ Type ပဲဖြစ်ပါတယ်။

Monetization လျှောက်ပြီး Content တွေ၊ Reels တွေ ဖန်တီးနိုင်ရင် ဖန်တီးနိုင်သလောက် viewer တွေဆီက ပေးမယ့် stars တွေအပြင် Meta ဘက်ကနေ ပေးမယ့် content creator income 💵တွေကို ရရှိမှာပါ။

✔️Algorithm အရလည်း ကိုယ်တင်တဲ့ content idea (ဥပမာ- အလှအပ၊ အချက်အပြုတ်) ကို မှန်ကန်တဲ့ audience ဆီ Organic reach ဖြင့် တိုက်ရိုက် ရောက်ရှိနိုင်ပါတယ်။ Personal Branding နဲ့ ဝင်ငွေ ရှာနိုင်တာဖြစ်လို့ reels နဲ့ content ကောင်းတွေ အကောင်းဆုံးတင်ဖို့ အရေးကြီးပါတယ်။

🏢 Business Page Type

ဒါကတော့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို အဓိကထားပြီး ရောင်းချလိုတဲ့ လုပ်ငန်းရှင်တွေအတွက် ဖြစ်ပါတယ်။

👨 Page Roles နဲ့ Permission အတွက် မိမိရဲ့ Personal Account Password ပေးစရာမလိုဘဲ တခြားသူတွေကို Admin, Editor သို့မဟုတ် Advertiser အဖြစ် တာဝန်ပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းပျောက်သွားတဲ့အခါ Hack ခံရမှာ၊ Page ပြန်မဝင်ရမှာတွေကို စိုးရိမ်စရာမလိုဘဲ စိတ်ချထားနိုင်ပါတယ်။

ဒါ့အပြင် Meta က ပေးထားတဲ့ Business Tools တွေကို သေချာသုံးတတ်ရင် Customer အသစ် တစ်ယောက်က Page ကို ရောက်လာတဲ့အခါ လိုချင်တဲ့အချက်အလက်ကို အလွယ်တကူရှာတွေ့နိုင်ပြီး ကို ချက်ချင်း ဝယ်သူတစ်ယောက်ဖြစ်သွားမှာပါ။

အခုပြောပြပေးသွားတဲ့ Creator Type နဲ့ Business Page Type နှစ်မျိုးကိုတော့ (၇)ရက်မှာ တစ်ကြိမ် ပြောင်းလဲလို့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်နဲ့ မကိုက်ညီတဲ့ Type ကို ရွေးချယ်မိထားတယ်ဆိုရင်လည်း စိတ်မပူပါနဲ့နော်။ (၇)ရက် ပြည့်ပြီးနောက်မှာ အခြားတစ်ခုကို ပြောင်းနိုင်ပါတယ်။

Meta ကနေ ပြုလုပ်တဲ့ Update တွေနဲ့ပတ်သက်ပြီး အမြဲ Knowledge sharing လုပ်ပေးသွားမှာဖြစ်လို့ Digital Saw Page ကို Like & Follow လုပ်သွားဖို့လည်း မမေ့ပါနဲ့နော် 🔔



Platform အသစ်တွေ ဘယ်လောက်ပဲပေါ်လာပါစေ၊ Facebook ကတော့ ရောင်းအားအကောင်းဆုံးနေရာ ဖြစ်နေဆဲပါ ✅​အခုနောက်ပိုင်း Tiktok တို့၊ ...
04/01/2026

Platform အသစ်တွေ ဘယ်လောက်ပဲပေါ်လာပါစေ၊ Facebook ကတော့ ရောင်းအားအကောင်းဆုံးနေရာ ဖြစ်နေဆဲပါ ✅

​အခုနောက်ပိုင်း Tiktok တို့၊ အခြား Social Media တွေခေတ်စားလာတာနဲ့အမျှ "Facebook မှာစျေးရောင်းလို့ ကောင်းပါဦးမလား" ဆိုပြီး မေးလေ့ရှိကြပါတယ်။

ဒါပေမယ့် အရင်ထက်တောင် Fb က ပိုပြီးစျေးကွက်ကြီးမားလာပါသေးတယ်။

မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူအရေအတွက်က တခြား Platform တွေထက် ပိုများတဲ့အတွက် အရောင်းအဝယ်လုပ်တဲ့ နေရာမှာ Fb က ပိုပြီး အားသာချက်တွေရှိပါတယ်။

အခုနောက်ပိုင်း Tiktok လဲ လူသုံးများလာတယ်ဆိုပေမယ့် ကြော်ငြာတယ့်အပိုင်းမှာတော့ Fb က ပိုပြီးတိကျမှုရှိပါတယ်။

Online Business လုပ်နေသူတွေအတွက်တော့ Fb က ထိရောက်မှုအရှိဆုံးနေရာတစ်ခုဖြစ်နေဆဲပါပဲ။

Admin တို့လုပ်ငန်းတွေ ရောင်းအားတက်အောင် Fb မှာ ကြော်ငြာချင်တယ်ဆိုရင်တော့ Digital Saw မှာ Boosting Service လေးအပ်လို့ရပါတယ်ခင်ဗျာ။

အသေးစိတ်ကို Messenger မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 💬

Digital Saw

လွတ်လပ်ရေးနေ့ 🇲🇲ယနေ့ကျရောက်‌သော (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား မြန်မာပြည်သူပြည်သားများနှင့်အတူDigital Saw မိသားစုမှ ဂ...
04/01/2026

လွတ်လပ်ရေးနေ့ 🇲🇲

ယနေ့ကျရောက်‌သော (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား မြန်မာပြည်သူပြည်သားများနှင့်အတူ
Digital Saw မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

#လွတ်လပ်ရေးနေ့

၂၀၂၆ နှစ်သစ်မှ စတင်၍ စိတ်​၏ ချမ်းသာခြင်း၊ ကိုယ်​၏ ကျန်းမာခြင်းနှင့် ပြည့်စုံကာ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နှစ်သစ်အခါသမယလေ...
31/12/2025

၂၀၂၆ နှစ်သစ်မှ စတင်၍ စိတ်​၏ ချမ်းသာခြင်း၊ ကိုယ်​၏ ကျန်းမာခြင်းနှင့် ပြည့်စုံကာ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နှစ်သစ်အခါသမယလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါတယ်။

Digital Saw Team မှ ချစ်ခင်လေးစားရပါသော မိတ်ဟောင်းမိတ်သစ် အားလုံးကို မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက်သ...
31/12/2025

Digital Saw Team မှ ချစ်ခင်လေးစားရပါသော မိတ်ဟောင်းမိတ်သစ် အားလုံးကို မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း customer များအားလုံးရဲ့ ယုံကြည်မှုတွေကို တန်ဖိုးထားလျက် ၂၀၂၆ မှာလည်း အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါမယ်ခင်ဗျာ။

📱 စာအရှည်ကြီး ဖတ်ရတာထက် video တွေ ကြည့်ရတာကို ပိုနှစ်သက်လာတဲ့ ခေတ်မှာ TikTok က မရှိမဖြစ် ဖြစ်လာပါပြီ။အခုနောက်ပိုင်းမှာ လ...
20/12/2025

📱 စာအရှည်ကြီး ဖတ်ရတာထက် video တွေ ကြည့်ရတာကို ပိုနှစ်သက်လာတဲ့ ခေတ်မှာ TikTok က မရှိမဖြစ် ဖြစ်လာပါပြီ။

အခုနောက်ပိုင်းမှာ လူအတော်များများရဲ့ Attention Span (အာရုံစိုက်နိုင်စွမ်း) က တစ်နေ့တစ်ခြား ပိုတိုလာပါတယ်။

Facebook မှာ ပို့စ်စာ အရှည်ကြီးတွေကို ဖတ်ရတာထက် စက္ကန့်ပိုင်းအတွင်း အလွယ်တကူ ရှင်းပြသွားမယ့် ဗီဒီယိုအတိုလေးတွေကို ကြည့်ရတာကို ပိုပြီး နှစ်သက်လာကြပါတယ်။

ဒါကြောင့်ပဲ TikTok Marketing ဟာ လုပ်ငန်းရှင်တိုင်းအတွက် ရွေးချယ်စရာမဟုတ်ဘဲ "မဖြစ်မနေ စတင်သင့်တဲ့ Marketing strategy " တစ်ခု ဖြစ်လာတာပါ။

💡ကိုယ်ရောင်းမယ့် ပစ္စည်းတစ်ခုရဲ့ ကောင်းကွက်ကို စာနဲ့ အရှည်ကြီး အသေးစိတ် ရေးပြနေမယ့်အစား လက်တွေ့အသုံးပြုနေတဲ့ video/ အဝတ်အထည်ဆိုရင် Try On တွေကို ရိုက်ပြပါ။ ဒါမှ viewers တွေအနေနဲ့ ဓာတ်ပုံထက်ပိုပြီး တိတိကျကျ ပစ္စည်း အရည်အသွေးကောင်းကို မြင်နိုင်ပါလိမ့်မယ်။

လူတိုင်းတင်နေကျ တစ်ထေရာတည်း တူညီတဲ့ Trend video တွေထက် ကိုယ့် Product အကြောင်း၊ လုပ်ငန်းအကြောင်း ကြိုးစားမှုတွေနဲ့ Personal branding ကို ပိုပြီးပြသပေးပါ။ ဒါမှသာ Brand ကို သူများနဲ့ မတူကွဲပြားတဲ့ အမြင်နဲ့ customer တွေက ပိုသိလာမှာဖြစ်ပါတယ်။

နယ်ပယ် တိကျပါစေ။ အလှကုန်ရောင်းတာလား၊ အဝတ်အထည်လား။ တစ်ခုတည်းကို တစိုက်မတ်မတ် တင်ပေးရင် Algorithm က ဒီအကောင့်က "Cosmetic အကြောင်း၊ ဒါကတော့ အဝတ်အထည်နဲ့ ဆိုင်တဲ့အကောင့်" လို့ မှတ်သားပြီး သက်ဆိုင်ရာ TikTok viewers တွေဆီပဲ အမြဲပို့ပေးမှာ ဖြစ်ပါတယ်။

Facebook က ပုံတစ်ပုံက စကားလုံးပေါင်း တစ်ထောင်ကို ပြောပြနိုင်တယ်ဆိုရင်၊ TikTok video အတိုတစ်ခုက ခံစားချက် အတွေးပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း viewer တွေရဲ့ ရင်ထဲကို ပို့ပေးနိုင်ပါတယ်။

အစ်ကို၊ အစ်မတို့ Brand တွေကို အခုထက်ပိုပြီး တစ်ဟုန်ထိုး ပေါက်သွားဖို့ TikTok Marketing နဲ့ လမ်းဖောက်လိုက်ကြရအောင်။

Digital Saw

ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့ယနေ့ကျရောက်သော (၂၇၆၅) ကရင်နှစ်သစ်ကူးနေ့လေးမှာ ငြိမ်းချမ်းသာယာပြီး ပျော်ရွှင်မှုများဖြင့်...
19/12/2025

ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့

ယနေ့ကျရောက်သော (၂၇၆၅) ကရင်နှစ်သစ်ကူးနေ့လေးမှာ ငြိမ်းချမ်းသာယာပြီး ပျော်ရွှင်မှုများဖြင့် ပြည့်ဝကြပါစေကြောင်း Digital Saw မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#ကရင်နှစ်သစ်ကူးနေ့

12/12/2025

🚀 Digital ခေတ်ကြီးထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် မဖြစ်မနေသိထားသင့်တဲ့အချက်များ

Digital နည်းပညာတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ Online Business လုပ်နေသူတွေဟာ စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့နေရပါတယ်။

📌 စျေးကွက်ထဲမှာ ပြိုင်ဘက်တွေကြား​ကနေ ထိုးဖောက်ရပ်တည်ပြီး အောင်မြင်မှုရရှိဖို့ဆိုရင် ဒီအချက်တွေကို မဖြစ်မနေသိထားသင့်ပါတယ်။

(၁) အမြဲတမ်းအသစ်အသစ်တွေကို လေ့လာသင်ယူနိုင်ခြင်း။

✨ Digital စျေးကွက်ဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့နေရာတစ်ခုပါ။ ဒီနေ့မှာ အလုပ်ဖြစ်တဲ့ နည်းဗျူဟာတစ်ခုဟာ နောက်နေ့မှာ အသုံးမ၀င်တော့တာမျိုးလဲ ဖြစ်နိုင်ပါတယ်။

✨Social Media Platform တွေရဲ့ Algorithm တွေ၊ SEO စည်းမျဥ်းတွေနဲ့ ကြော်ငြာစနစ်တွေဟာ အမြဲလိုလိုပြောင်းလဲနေပါတယ်။ အပြောင်းအလဲတွေကို အချိန်မီသိရှိဖို့လိုအပ်ပြီး မိမိလုပ်ငန်းအတွက် အမြဲ Update လုပ်နေဖို့လိုအပ်ပါတယ်။

✨ ပြုင်ဘက်တွေဘာတွေလုပ်နေလဲ၊ စျေးကွက်ထဲမှာ ဘယ်လို Trend တွေခေတ်စားနေလဲဆိုတာကို စဥ်ဆက်မပြတ်လေ့လာပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။

✨ Content Marketing, Data Analysis, AI Tools စတာတွေကိုလဲ အမြဲလေ့လာသင်ယူနေမှသာ စျေးကွက်ထဲမှာ ရေရှည်ရပ်တည်နိုင်မှာပါ။

(၂) Audience များနဲ့ အမြဲ အချိတ်အဆက်မိနေခြင်း။

✨ Online Business တွေရဲ့ အဓိကအသက်သွေးကြောက ဖောက်သည် (Audience) တွေပဲဖြစ်ပါတယ်။ Audience တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့က အရေးအကြီးဆုံးပါ။

✨ Audience တွေအတွက် အကျိုးရှိစေမယ့် Content တွေပုံမှန်တင်ပြီး ယုံကြည်မှုကိုတည်ဆောက်ပါ။ ပြဿနာတွေကို ဖြေရှင်းပေးပါ။

✨ Audience တွေရဲ့ Feedback တွေကို အမြဲ​အလေးထားနားထောင်ပြီး ပိုမိုကောင်းမွန်လာအောင်ပြင်ဆင်ပါ။

✅ ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတဲ့ Digital စျေးကွက်ကြီးထဲမှာ Online Business တစ်ခုအနေနဲ့ ရေရှည်ရပ်တည်အောင်မြင်ဖို့ဆိုရင် အသစ်တွေကို အမြဲလေ့လာနေဖို့လိုအပ်ပြီး Audience တွေနဲ့ အချိတ်အဆက်မိနေဖို့က အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။

📍 ဒီနှစ်ချက်ကို အခြေခံပြီး ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင် စျေးကွက်ထဲမှာ ခိုင်မာတဲ့ နေရာတစ်ခုကို ရယူနိုင်မှာ အသေအချာပါပဲနော်။

Admin တို့အတွက် ဒီ Post လေးက အကျိုးအမြတ်တစ်စုံတစ်ရာရရှိစေတယ်ဆိုရင် Share ပေးသွားလို့ရပါတယ်ခင်ဗျာ။ 📌

Digital Saw

သင့်လုပ်ငန်းအတွက် Digital Strategy တွေကို အဆင့်မြှင့်တင်ဖို့ အသင့်ဖြစ်ပြီလား ❓မြန်မာနိုင်ံငံ Digital Marketing စျေးကွက်ထ...
06/12/2025

သင့်လုပ်ငန်းအတွက် Digital Strategy တွေကို အဆင့်မြှင့်တင်ဖို့ အသင့်ဖြစ်ပြီလား ❓

မြန်မာနိုင်ံငံ Digital Marketing စျေးကွက်ထဲမှာ Facebook ဟာ အရှိန်အဟုန်နဲ့ ကြီးထွားနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ Tiktok လိုမျိုး Short-form Video Platform တွေကလဲ လူငယ်တွေကြားထဲမှာ အရမ်းကိုလွှမ်းမိုးလာပါတယ်။

♻️ သင့်လုပ်ငန်းကို Digital ခေတ်ထဲမှာ ပိုမိုတိုးတက်ပြီး အောင်မြင်လာအောင် Awareness ရော ရောင်းအားပိုင်းမှာပါ ဘယ်လို Run သင့်လဲဆိုတာကို Pain Point / Hook Point တို့နဲ့အတူ "Digital Saw" မှ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

✅ Pain Point အနေနဲ့ထောက်ပြရမယ်ဆိုရင်တော့ ...

📍Awareness ပိုင်းမှာဆိုရင် Facebook မှာက "Boosting" လိုမျိုး ငွေသုံးပြီး Run တဲ့အခါ Reach တွေမြင့်လာပေမဲ့၊ Organic Reach က ကျနေတာကြောင့် ငွေမသုံးနိုင်ရင် လူတွေ မသိတော့ပါဘူး။

📍TikTok မှာဆိုရင် Video တွေက For You Page (FYP) ပေါ်ကိုရောက်ဖို့ ခက်ခဲလာပြီး၊ Brand Message တွေကလည်း Entertainment Content တွေကြား ပျောက်ဆုံးသွားတတ်ပါတယ်။

👉 ဒါ့ကြောင့် Platform တစ်ခုတည်းကိုပဲ အားကိုးလို့ မရတော့ပါဘူး။ ပလက်ဖောင်းနှစ်ခုစလုံးက Content အမျိုးအစားတွေကို သေချာနားလည်ပြီး Cross-Promotion လုပ်ဖို့လဲ လိုလာပါပြီ။

📍Sales အနေနဲ့ဆိုရင် Facebook မှာက Traffic တော့ရတယ်။ ဒါပေမယ့် Message Reply နှေးတာ၊ Customer Service မကောင်းတာတွေကြောင့် ဝယ်သူတွေက မ၀ယ်တော့တာ (သို့) "ဈေးဘယ်လောက်လဲ" ဆိုတဲ့ မေးခွန်းတွေ အများကြီးနဲ့ အချိန်ကုန်နေတတ်ပါတယ်။

📍TikTok မှာဆိုရင် Video က Viral ဖြစ်ပေမဲ့၊ "ဝယ်ချင်တယ်" ဆိုတဲ့သူကို တိုက်ရိုက်ရောင်းချဖို့ Call-to-Action (CTA) တွေကို ထိထိရောက်ရောက် အသုံးမပြုတတ်တာတွေကြောင့် အများကြီးပါပါတယ်။

👉 ဒါ့ကြောင့် Facebook ကို ဝယ်ယူတဲ့နေရာအဖြစ် အဓိကထားပြီးတော့၊ TikTok ကို "Traffic Generator" အဖြစ် အသုံးပြုတတ်ဖို့ လိုပါတယ်။

✅ Hook Points အနေနဲ့ပြောရမယ်ဆိုရင် ...

📍Customer Review တွေ၊ Professional Look ရှိတဲ့ Graphic Design တွေနဲ့ Brand Credibility ကို သေချာတည်ဆောက်ပြီး Audience ကို တိကျတဲ့ Interest Targeting နဲ့ Facebook Ads တွေကို Effective ဖြစ်အောင် Run ပါ။

📍Messenger Bot တွေ၊ Automated Response တွေနဲ့ Customer Service ကို မြန်ဆန်အောင် လုပ်ပြီး Sales ပိုင်းမှာ တိုးတက်လာအောင် ကြိုးပမ်းပါ။

📍နောက်ဆုံးပေါ် Trend တွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ Challenge တွေနဲ့ Educational Video တွေဖန်တီးပြီး Audience တွေရဲ့ Attention ကို ရနိုင်သမျှဖမ်းဆုပ်ပါ။

📍ဖန်တီးမှုအပြည့် Storytelling Video တွေနဲ့ ကိုယ့်ရဲ့ Brand ကို လူတွေရဲ့ စိတ်ထဲမှာ စွဲမြဲလာအောင် လုပ်ပါ။

📍Video Bio မှာ Phone Number/ Shop Link ကို ထည့်ထားပြီး၊ Video ရဲ့ အဆုံးမှာ "ဈေးဝယ်ချင်ရင် Bio ထဲက Link ကို နှိပ်ပါ" "Bio မှာတင်ထားတဲ့ ဖုန်းကိုဆက်ပြီး ၀ယ်ယူပါ" ဆိုတဲ့ CTA ကို ထည့်သွင်းပါ။

📍TikTok မှာ Awareness ရစေမယ့် Short Video, Engaging Content တွေနဲ့ စတင်ပြီး၊ အဲဒီကနေမှစိတ်ဝင်စားသူတွေကို page ကို ဆွဲခေါ်ပြီး Sales Conversion အဖြစ် လုပ်ဆောင်ပါ။

အခုပြောပြခဲ့တဲ့ အချက်တွေကတော့ သင့်ရဲ့လုပ်ငန်းကို Digital ခေတ်ကြီးမှာ အောင်မြင်လာအောင် ပံ့ပိုးပေးမယ့် အခြေခံအကြောင်းအရာတွေပဲဖြစ်ပါတယ်။ ‼️

Pain Point တွေကို သိရှိပြီး၊ Hook Point တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သဘောပေါက်ပြီဆိုရင် ...

သင့်ရဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Strategy တွေကို သေချာချမှတ်ပြီး Facebook နဲ့ Tiktok Platform နှစ်ခုလုံးမှာ Awareness နဲ့ Sales ပိုင်းကို သေချာလုပ်ဆောင်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

👉 သင့်လုပ်ငန်းအောင်မြင်ဖို့အတွက် Fb နဲ့ Tiktok Platform နှစ်ခုပေါင်းပြီး Run တဲ့အခါ လိုအပ်တဲ့အကူအညီတွေ ရှိလာပြီဆိုရင်တော့ ....

🥳 "Digital Saw" က ကူညီဖြေရှင်းပေးဖို့ အသင့်ပါပဲနော်။

✨ သင့်လုပ်ငန်းအတွက် အကောင်းမွန်ဆုံးသော Digital Strategy တွေနဲ့ ရောင်းအားတွေမြှင့်တင်ပေးဖို့ "Digital Saw" က အမြဲအသင့်ရှိနေပါတယ်။ ✨

အသေးစိတ် မေးမြန်းလိုပါက Messenger ကတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ 🤩

Digital Saw

မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ Digital Saw ကနေ Policy ငြိသွားလို့ Personal account Lock ကျခံလိုက်ရတဲ့ Client အတွက် အောင်မ...
04/12/2025

မင်္ဂလာပါခင်ဗျာ

ဒီတစ်ခါမှာတော့ Digital Saw ကနေ Policy ငြိသွားလို့ Personal account Lock ကျခံလိုက်ရတဲ့ Client အတွက် အောင်မြင်စွာ ပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။

Personal account lock ကျသွားတာက သုံးနေတဲ့ Page တွေအတွက်လည်း စိုးရိမ်ရသလို စိတ်အနှောင့်အယှက်လည်း ဖြစ်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Digital Saw ကနေ Meta Support Team ဘက်ကို Appeal တင်ပြီး အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ပါပြီ။

နောက်ထပ် ဒီလိုမျိုးမဖြစ်ရလေအောင် Facebook က အမြဲတမ်းတိုက်တွန်းထားတဲ့ အတိုင်း Two Factor Authentication ဖွင့်ပြီး အကောင့်လုံခြုံရေးကို ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် VPN location ကိုလည်း တစ်နေရာတည်းမှာပဲ ထားသုံးဖို့ အရေးကြီးပါတယ်နော်။

Facebook Account lock ကျတာပဲဖြစ်ဖြစ်၊ Policy ငြိတာပဲဖြစ်ဖြစ် စိတ်ပူစရာမလိုဘဲ Digital Saw က အကောင်းဆုံး ဖြေရှင်းပေးနေပါပြီခင်ဗျာ။
Digital Saw

Hello December ❄️🎄တစ်နှစ်တာရဲ့ နောက်ဆုံးလလေးကို ရောက်ရှိလာပါပြီ။ရာသီဥတုလည်း သိသိသာသာ ပိုအေးမြလာပြီး သိပ်မကြာခင်မှာ ခရစ်စ...
01/12/2025

Hello December ❄️🎄

တစ်နှစ်တာရဲ့ နောက်ဆုံးလလေးကို ရောက်ရှိလာပါပြီ။

ရာသီဥတုလည်း သိသိသာသာ ပိုအေးမြလာပြီး သိပ်မကြာခင်မှာ ခရစ်စမတ် အားလပ်ရက် အငွေ့အသက်တွေ အများကြီးနဲ့ 2025 ကို နှုတ်ဆက်ရတော့မှာပါ။

ဒီတစ်လလုံးမှာ ချစ်ခင်ရတဲ့သူတွေနဲ့ အချိန်ကောင်းတွေကို ဖြတ်သန်းပြီး 2026 ခုနှစ် ဘယ်လို ပိုကောင်းမွန်အောင် နေထိုင်သွားမလဲဆိုတဲ့ Goals တွေလည်း ပြင်ဆင်ထားကြမယ်နော်။

အားလုံးပဲ ပျော်ရွှင်အေးချမ်းတဲ့ 2025 December လေးကို Digital Saw နဲ့အတူ စတင်လိုက်ရအောင် ✨

Address

No(742), Aye Yeik Thar 4Street, 43 Ward, Dangon Myothit(North)
Yangon

Telephone

+959978477891

Website

Alerts

Be the first to know and let us send you an email when Digital Saw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Saw:

Share