THOON Fashion Collection

THOON Fashion Collection Japanese used & jewellery Fancy ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းပေးပါသည်။

09/06/2026

ဘုရားလဲသွားရင်း.....

05/06/2026

ကြိုးစားရင်း....တဖြည်းဖြည်း အသက်တွေကြီးသွားတယ်...🌿

01/06/2026

မင်းက ကိုယ့်ရဲ့ Accessories မဟုတ်....
မင်းက ကိုယ့်ရဲ့ Necessary... 😍

27/05/2026

တစ်ခါတစ်လေ....မင်းရဲ့ချစ်သူ ဖြစ်လိုက်ချင်တယ်

23/05/2026

အိမ်မက်နဲ့ လက်တွေ့ဘဝ ထပ်တူမကျခဲ့ပင်မယ့်....

23/05/2026

ဦးနှောက်ထက် နှလုံးသား ကြီးသူမို့ တောင်တန်းတွေကို ချစ်မိတာပါ.....

21/05/2026

လိုချင်တာတွေထက်... လိုအပ်တာတွေ ပိုဦးစားပေးရတဲ့ ဘဝပါ....

16/05/2026

အရမ်းလွမ်းမိပါတယ်...

"လူတန်းစေ့အောင် ရှင်သန်ခြင်းနဲ့ လူပါးဝခြင်းကို ခွဲခြားခြင်း"လောကအလယ်မှာ လူတန်းစေ့အောင် နေထိုင်တယ်ဆိုတာ... သူတစ်ပါးထက် သာ...
06/05/2026

"လူတန်းစေ့အောင် ရှင်သန်ခြင်းနဲ့ လူပါးဝခြင်းကို ခွဲခြားခြင်း"

လောကအလယ်မှာ လူတန်းစေ့အောင် နေထိုင်တယ်ဆိုတာ...
သူတစ်ပါးထက် သာချင်လို့လည်းမဟုတ်သလို၊ သူတစ်ပါးအောက် နိမ့်ကျချင်လို့လည်း မဟုတ်ပါဘူး။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ်၊ လူပီသအောင် အေးအေးချမ်းချမ်း ရှင်သန်နေထိုင်ခြင်းသာ ဖြစ်ပါတယ်။

အတတ်နိုင်ဆုံး လူတိုင်းနဲ့ တည့်အောင်ပေါင်းတယ်၊ အဆင်ပြေအောင် ညှိနှိုင်းတယ်၊ စေတနာထားပြီး အလျှော့ပေးတယ်။

ဒါဟာ အားနည်းလို့ မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်ကို တန်ဖိုးထားလို့ပါ။

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အေးဆေးမှုကို အခွင့်ကောင်းယူပြီး "လူပါးဝ" လာတဲ့အခါမှာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားတတ်ပါတယ်။

ကိုယ့်ရဲ့ သည်းခံမှုကို အသုံးချချင်တာ၊ ကိုယ့်ရဲ့ စေတနာကို အခွင့်အရေးလို့ ထင်မှတ်တာနဲ့ အမြဲတမ်း ကိုယ့်အပေါ် အသာစီးရယူဖို့ ကြိုးစားနေတဲ့သူမျိုးတွေနဲ့တော့ ဘယ်လိုမှ ရှေ့ဆက်ပြီး လက်တွဲလို့ မရနိုင်တော့ပါဘူး။

လူတိုင်းနဲ့ တည့်အောင်နေတယ်ဆိုတာ စိတ်ကောင်းရှိခြင်းဖြစ်ပြီး၊ လူပါးဝသူတွေနဲ့ မတည့်တော့ဘူးဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး တန်ဖိုးထားခြင်းပဲ ဖြစ်ပါတယ်။

ဘဝမှာ လူတိုင်းကို စိတ်ချမ်းသာအောင် လိုက်လုပ်ပေးနေဖို့ထက် ကိုယ့်အပေါ် လေးစားမှုမရှိတဲ့သူတွေကို ရဲရဲဝံ့ဝံ့ စွန့်လွှတ်လိုက်တာကမှ ပိုပြီး မြင့်မြတ်တဲ့ နေထိုင်ခြင်းပါ။

အဲ့ဒါကြောင့် လူတန်းစေ့အောင်တော့ အတူတူ ရှင်သန်နိုင်ပေမယ့်၊ အလိုက်မသိ လူပါးဝလွန်းတဲ့သူတွေအတွက်တော့ ကျွန်တော့်ရဲ့ လောကထဲမှာ နေရာမရှိပါဘူး။.....

လူတွေနဲ့ တည့်အောင် ရှင်သန်နေထိုင်ပါတယ်

ဒီကမ္ဘာကို ကျွန်တော်တို့ တခေါက်ဘဲ လာခွင့်ရတာပါနောင် နှစ်တရာ ကြာတဲ့အခါ။ ခင်ဗျားရော ကျွန်တော်ပါ မရှိကြတော့ပါဘူး။တသက်လုံးရု...
02/05/2026

ဒီကမ္ဘာကို ကျွန်တော်တို့ တခေါက်ဘဲ လာခွင့်ရတာပါ
နောင် နှစ်တရာ ကြာတဲ့အခါ။ ခင်ဗျားရော ကျွန်တော်ပါ မရှိကြတော့ပါဘူး။
တသက်လုံးရုန်းကန်ခဲ့ပေမယ့် အုတ်တချပ် သဲတပွင့်တောင် သယ်သွားခွင့်မရပါဘူး
တသက်လုံးစွဲလမ်းခဲ့သမျှ အချစ် အမုန်း အာဃာတ တွေလည်း ထားသွားရမှာပါ
ဘဝဆိုတာ တိုတိုလေးပါ
ဒါကြောင့်
👉🏻စားချင်တဲ့အရာ စားပါ
👉🏻သွားချင်တဲ့နေရာ သွားပါ
👉🏻တွေ့ချင်တဲ့သူကိုတွေ့ပါ
👉🏻နှစ်သက်တဲ့အလှအပတွေက်ို ကြည့်ပါ
👉🏻ဝါသနာပါတဲ့ အလုပ်ကိုလုပ်ပါ
👉🏻ဘဝဆိုတာ မူလတည်းက ပျက်စီးခြင်းတရားပါ
အသက်တရက်ကြီးလာလေလေ ရှေ့ဆက်ရမယ့် အချိန်က နည်းလေလေပါ
👉🏻ပိုက်ဆံရှ်ိနေရင် နေ့ရက်တွေ ကို ကောင်းကောင်းဖြတ်သန်းပါ
👉🏻ပိုက်ဆံမရှိရင် စိတ်ခံစားချက်က်ိုကောင်းအောင်ထားပါ
👉🏻အချိန်တွေ ကုန်လာတဲ့တနေ့ အရာအားလုံးက်ို လက်လွှတ်နိုင်ဖို့ ပြင်ဆင်ပါ
👉🏻အေးအေးချမ်းချမ်းနေပါ
👉🏻ကျန်းမာအောင်လည်း ဂရုစိုက်ပါ
👉🏻ပျော်ပျော်ရွှင်ရွှင်ရယ်မောပါ
👉🏻သင့်တင့်ရုံလောက် အလုပ်များနေရင် လုံလောက်ပါပီ
👉🏻ကိုယ့်ဘဝထဲက ဘယ်သူ့က်ိုမှ အပြစ်မတင်ပါနဲ့
👉🏻အဆင်ပြေရင် ကောင်းကောင်းဆက်ဆံပါ။ဂရုစိုက်ပေးပါ။
👉🏻အဆင်မပြေရင် အကွာအဝေးတခုမှာထားပါ။ခပ်ခွါခွါနေလိုက်ပါ။
👉🏻လောကမှာ လူမျိုးစုံ ပုံစံမျိုးစုံကြံုတွေ့ရမှာပါဘဲ
လူကောင်းတွေက သင့်က်ု ပျော်ရွှင်မှုပေးလိမ့်မယ်
လူဆိုးတွေက အတွေ့အကြံုတွေ ပေးလိမ့်မယ်
အဆိုးဆုံးဆိုရင်တော့ သင်ခန်းစာတွေရတာပေါ့
👉🏻တွေ့ဆုံမှုအားလုံးဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး
ဝင်လာတဲ့သူကိုတန်ဖိုးထားပါ
ထွက်သွားတဲ့သူကို လွှတ်ပေးလိုက်ပါ
👉🏻ဆုံးရှံုးရမှာကို မကြောက်ပါနဲ့
ဘာလို့လဲဆိုတော့ သင်ဆုံးရှုံးသွားတဲ့အရာတွေက အစတည်းက သင့်အပိုင်မဟုတ်လို့ပါ
👉🏻နာကျင်ရမှာလည်း မကြောက်ပါနဲ့
သင်နာကျင်နေရတဲ့အရာတွေက အစတည်းက သင့်ဘဝရဲ့ကံကြမ္မာမို့ပါ

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959974329669

Website

Alerts

Be the first to know and let us send you an email when THOON Fashion Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to THOON Fashion Collection:

Shortcuts

Share