Lily-Cinema

Call Directions

Lily-Cinema Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lily-Cinema, Digital creator, Yangon.

The.Housemaid.2025Freida McFadden ရဲ့ bestseller စာအုပ်ကို ပြန်ရိုက်ထားတဲ့ Psychological Thriller ကားကောင်းလေးပါ။ မင်းသမ...
20/04/2026

The.Housemaid.2025

Freida McFadden ရဲ့ bestseller စာအုပ်ကို ပြန်ရိုက်ထားတဲ့ Psychological Thriller ကားကောင်းလေးပါ။ မင်းသမီးချော Sydney Sweeney နဲ့ Amanda Seyfried တို့ အဓိကပါထားတော့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုလောက်အောင် ရှယ်ပဲ။ ဆစ်ဒနီရဲ့ အဖော်အချွတ်အခန်းတွေ ပါနေတာကြောင့် မျက်စိရှက်ရမှာစိုးရင် မကြည့်တာကောင်းပါတယ်။

ဇာတ်လမ်းအကျဉ်း

Millie (Sydney Sweeney) ဆိုတဲ့ ကောင်မလေးက ထောင်ကလွတ်လာကာစ အလုပ်အရမ်းလိုနေတဲ့အချိန်မှာ Winchesters ဆိုတဲ့ သူဌေးအိမ်မှာ အိမ်ဖော်လုပ်ဖို့ ကံကောင်းပြီး အလုပ်ရသွားပါတယ်။ အိမ်ရှင်မ Nina (Amanda Seyfried) ကတော့ စိတ်မမှန်ဘဲ အရမ်းကိုပြဿနာရှာတတ်တဲ့သူပါ။ Millie ကို နိုင်စားလိုက်၊ ကောင်းပြလိုက်နဲ့ အမျိုးမျိုးလုပ်နေပါတယ်။ Nina ရဲ့ယောကျာ်း Andrew ကတော့ ရုပ်ချော၊ သဘောကောင်းပြီး Millie ဘက်ကနေတောင် ကာကွယ်ပေးသေးတဲ့ လူကောင်းပါ။

ဒါပေမဲ့ ဒီအိမ်ကြီးထဲမှာ မြင်နေရတာတွေက အမှန်တရားမဟုတ်ဘူး။ Nina က တကယ်ရော "ငတုံး" မို့လို့ ဒီလိုတွေ လုပ်နေတာလား၊ ဒါမှမဟုတ် တခြား plan တစ်ခုခု ရှိနေတာလားဆိုတာ စောင့်ကြည့်ရမယ့်ကားမျိုး။ Millie မှာလည်း ဘယ်သူမှမသိတဲ့ အတိတ်ဆိုးတစ်ခု ရှိနေပြန်တော့ ဒီမိန်းမနှစ်ယောက်ကြားက အားပြိုင်မှုတွေ၊ လှည့်ကွက်တွေကို စိတ်ဝင်စားစရာ ကြည့်ရမှာ။

Plot Twist တွေကြိုက်တဲ့သူတွေဆိုရင်တော့ ဒီကားကို လက်လွှတ်မခံသင့်ပါဘူး။ ဇာတ်လမ်းက အလှည့်အပြောင်းတွေများလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် Thriller ကားတစ်ကားပါ။

(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link -https://t.me/yylilymoviee123
Telegram Movies Link -https://t.me/lilyvideosgooldd
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgooldd/190

R.L..Stines.Pumpkinhead.2025နာမည်ကျော်သည်းထိတ်ရင်ဖိုစာရေးဆရာ R.L. Stine ရဲ့ The Haunting Hour ဇာတ်လမ်းတိုများကို အခြေခံရ...
20/04/2026

R.L..Stines.Pumpkinhead.2025

နာမည်ကျော်သည်းထိတ်ရင်ဖိုစာရေးဆရာ R.L. Stine ရဲ့ The Haunting Hour ဇာတ်လမ်းတိုများကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး လူငယ်ပရိသတ်အကြိုက် Horror ဇာတ်ကားကောင်းတစ်ကားပါ။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းကတော့ Sam ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ တစ်ရက်မှာတော့ Sam ရဲ့ အစ်ကိုဖြစ်သူ Finn ဟာ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတယ်။ ထူးဆန်းတာက မိသားစုဝင်တွေ အပါအဝင် တစ်မြို့လုံးက လူတွေဟာ Finn ဆိုတဲ့လူ ရှိခဲ့ဖူးမှန်းကိုပါ မေ့သွားကြတာပါ။ Sam တစ်ယောက်တည်းကသာ အစ်ကိုဖြစ်သူကို မှတ်မိနေပြီး တစ်ယောက်တည်း အပူတပြင်း လိုက်ရှာပါတော့တယ်။

Halloween ည မတိုင်ခင် အချိန်အကန့်အသတ်အတွင်းမှာ Sam ဟာ သူ့သူငယ်ချင်း Becka ၊ မြို့ထဲက သီးသန့်နေတတ်တဲ့ Rusty တို့နဲ့ ပူးပေါင်းပြီး အစ်ကိုဖြစ်သူကို ပြန်ကယ်တင်ဖို့ ကြိုးစားရပါတယ်။

သူတို့စုံစမ်းရင်းနဲ့ မြို့မှာ ရှေးဟောင်းကျိန်စာတစ်ခုရှိနေကြောင်းနဲ့ "Pumpkinhead" လို့ခေါ်တဲ့ ကြောက်မက်ဖွယ် သတ္တဝါကြီး (စာခြောက်ရုပ်ပုံစံ ဘီလူးကြီး) ရဲ့ လက်ချက်ဖြစ်ကြောင်း သိလာရတဲ့အခါ R.L. Stine ရဲ့ ထုံးစံအတိုင်း ဇာတ်သိမ်းပိုင်းမှာ မထင်ထားတဲ့ လှည့်ကွက် (Plot Twist) တစ်ခုပါဝင်ပြီး တော်တော်လေး ရက်စက်တဲ့ ဇာတ်သိမ်းမျိုးလည်း ဖြစ်ပါတယ်။

လူငယ်ဆန်ဆန် စွန့်စားခန်းပုံစံဖြစ်ပေမယ့် Jump Scare တွေနဲ့ ဟော်ရာခန်းတွေလည်း ပါဝင်ပြီး ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။

Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link -https://t.me/yylilymoviee123
Telegram Movies Link -https://t.me/lilyvideosgooldd
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgooldd/189

Pillion (2025)မင်းသားကြီး Alexander Skarsgård နဲ့ Harry Potter ရုပ်ရှင်တွေထဲမှာ ဒက်ဒလေအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Harr...
20/04/2026

Pillion (2025)

မင်းသားကြီး Alexander Skarsgård နဲ့ Harry Potter ရုပ်ရှင်တွေထဲမှာ ဒက်ဒလေအဖြစ်သရုပ်ဆောင်ခဲ့တဲ့

မင်းသား Harry Mellingတို့ အဓိကပါဝင်ထားတဲ့ Queer/BL ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

ဒီဇာတ်ကားဟာ သမားရိုးကျ အချစ်ကားတွေနဲ့မတူဘဲ နာမည်ကျော် Call Me by Your Name ရုပ်ရှင်လိုမျိုး

စိတ်ခံစားချက်ကို အသားပေးရိုက်ကူးထားတာပါ။

ဘဝကို ပုံစံခွက်ထဲမှာပဲ ဖြတ်သန်းနေတဲ့ Colin ဟာ တစ်နေ့မှာတော့ သူနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့၊ လွတ်လပ်ပြီး

အရိုင်းဆန်တဲ့ ဆိုင်ကယ်သမား Ray နဲ့ ဆုံတွေ့ခဲ့ပါတယ်။

Ray ရဲ့ ဆိုင်ကယ်နောက်ထိုင်ခုံမှာ လိုက်ပါရင်း တဖြည်းဖြည်းနဲ့ Colinရဲ့‌ အေးစက်‌‌နေတဲ့ ဘဝဟာလည်း

ပိုမိုအသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ မြို့ပြရဲ့ မီးရောင်အောက်မှာ ဆိုင်ကယ်စီးရင်း သူတို့နှစ်ယောက်ကြားက

သံယောဇဉ်ဟာ စကားလုံးတွေမလိုဘဲ ရိုးရှင်းစွာ အမြစ်တွယ်လာပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ အက်ရှင်တွေ၊ ဟာသတွေထက် လူသားနှစ်ယောက်ကြားက "စစ်မှန်တဲ့ နားလည်မှု" နဲ့

"လွတ်လပ်မှု" ကို အဓိကဖော်ပြထားတာပါ။ ရုပ်ရှင်ရဲ့ ရိုက်ချက်တွေ (Cinematography) နဲ့ နောက်ခံ

တေးဂီတတွေကလည်း အထီးကျန်ဆန်သလိုလိုနဲ့ နွေးထွေးတဲ့ ခံစားချက်တစ်ခုဆီ ခေါ်ဆောင်သွားပေးမှာဖြစ်လို့

Ray နဲ့ Colinနှစ်ယောက် ဘယ်လို ဇာတ်သိမ်းမျိုးရရှိသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link -https://t.me/yylilymoviee123
Telegram Movies Link -https://t.me/lilyvideosgooldd
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgooldd/188

Perfect CRownအပိုင်းသစ်    1-4Perfect Crown (2026)******************အပိုင်းသစ် (4)Hotel Del Luna နဲ့ ပရိသတ်တွေကို စွဲလန်...
20/04/2026

Perfect CRown

အပိုင်းသစ် 1-4

Perfect Crown (2026)
******************

အပိုင်းသစ် (4)

Hotel Del Luna နဲ့ ပရိသတ်တွေကို စွဲလန်းစေခဲ့တဲ့ မင်းသမီးချော IU,
Lovely Runner ကားနဲ့ တစ်ကမ္ဘာလုံးက မိန်းကလေးတွေရဲ့ အသည်းစွဲဖြစ်သွားတဲ့ မင်းသား Byeon Woo-seok တို့ရဲ့
ခေတ်သစ်နန်းတွင်း နောက်ခံ Romance-Comedy ဇာတ်လမ်းတွဲသစ်တစ်ခု ရောက်ရှိလာပါပြီ။

What's Wrong with Secretary Kim နဲ့ Alchemy of Souls တို့ကို ရိုက်ကူးခဲ့တဲ့
ဒါရိုက်တာ Park Joon-hwa က ပုံဖော်ရိုက်ကူးထားပြီး Noh Sang-hyun၊ Gong Seung-yeon တို့လို
သရုပ်ဆောင်​​တွေကပါ ပါဝင်အားဖြည့်​ပေးထားပါတယ်။

ဇာတ်လမ်းအညွှန်း
************

Sung Hui-ju (IU) ဟာ ထိပ်တန်း လူချမ်းသာမိသားစုရဲ့ ဒုတိယမြောက်သမီး ဖြစ်ပေမဲ့လည်း
လူချမ်းသာအသိုင်းအဝိုင်းထဲမှာ သာမန်အရပ်သားတစ်ယောက်လိုပဲ ခံစားနေရပြီး
အမြဲတမ်း ဘဝကို အားမလိုအားမရ ဖြစ်နေသူပါ။

တစ်ဖက်မှာလည်း ဘုရင်ရဲ့ ဒုတိယမြောက်သားတော် Prince I-an (Byeon Woo-seok) ဆိုတာ ရှိပါတယ်။
သူဟာ မင်းသားတစ်ပါး ဖြစ်ပေမဲ့လည်း တကယ့်လက်တွေ့မှာတော့ ဘာအဆောင်အယောင်မှ မရှိဘဲ
ဝမ်းနည်းကြေကွဲမှုတွေနဲ့ ဘဝကို ဖြတ်သန်းနေရသူပါ။

ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ဒီလိုဆန့်ကျင်ဘက် အခြေအနေရှိတဲ့ သူနှစ်ယောက်ဟာ
"စာချုပ်လက်ထပ်ပွဲ" တစ်ခုကို ဖန်တီးခဲ့ကြရပါတယ်။ အာဏာ၊ ငွေကြေးနဲ့ နန်းတွင်းစည်းမျဉ်းတွေကြားမှာ
တစ်ယောက်နဲ့တစ်ယောက် ရုန်းကန်ရင်းကနေ ဘယ်လိုမျိုး သံယောဇဉ်တွေ ငြိတွယ်လာမလဲဆိုတာကို​တော့...။

၂၁ ရာစုရဲ့ ခေတ်သစ်နန်းတွင်းနောက်ခံနဲ့ လူချမ်းသာလောကကို ရောယှက်ထားတဲ့ Perfect Crown ကို
လာမယ့် ဧပြီလ ၁၀ ရက်နေ့ (၂၀၂၆) မှစတင်ပြီး အပတ်စဉ် သောကြာ၊ စနေနေ့တိုင်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link -https://t.me/HYAlilymoviess27
Telegram Movies Link -https://t.me/lilyvideosgooldd
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgooldd/187

Undercover Miss Hong (2026)အစအဆုံးရပါပါပီရှင့်အပိုင်းသစ်    15-16   endThe Judge from Hell အပြီးမှာ မမ Park Shin Hye ကတေ...
20/04/2026

Undercover Miss Hong (2026)
အစအဆုံးရပါပါပီရှင့်

အပိုင်းသစ် 15-16 end

The Judge from Hell အပြီးမှာ မမ Park Shin Hye ကတော့ ၁၉၉၀ ခုနှစ် နှောင်းပိုင်းကို
ဇာတ်အိမ်တည်ထားတဲ့ လျှိဝှက်စုံထောက်ဇာတ်လမ်းတွဲလေးနဲ့ ပြန်ရောက်ရှိလာပြီဖြစ်ပါတယ်။
Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link - https://t.me/HYAlilymovies275
Telegram Movies Link -https://t.me/lilyvideosgold
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgooldd/163

The Rip (2026)ပုံမှန်ဆိုရင် Matt Damon နဲ့ Ben Affleck ကို တွဲဖက်ညီတဲ့ သူငယ်ချင်းတွေအဖြစ် မြင်ရလေ့ရှိပေမယ့် ဒီကားမှာတော့...
29/01/2026

The Rip (2026)
ပုံမှန်ဆိုရင် Matt Damon နဲ့ Ben Affleck ကို တွဲဖက်ညီတဲ့ သူငယ်ချင်းတွေအဖြစ် မြင်ရလေ့ရှိပေမယ့်

ဒီကားမှာတော့ သူတိုနှစ်ယောက်ကြားက ယုံကြည်မှုတွေ ပျက်ပြားပြီး အားပြိုင်ကြတဲ့ သရုပ်ဆောင်ချက်တွေကို

ထူးထူးခြားခြား မြင်တွေ့ရမှာပါ။ ဇာတ်လမ်းက အိမ်တစ်လုံးထဲမှာ အဓိကထား ရိုက်ကူးထားပေမယ့် ဇာတ်ရှိန်

လုံးဝမကျသွားဘဲ လူ့စိတ်သဘောသဘာဝကို ကောင်းကောင်း ပုံဖော်ထားပါတယ်။
Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link - https://t.me/HYAlilymovies275
Telegram Movies Link -https://t.me/lilyvideosgold
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgold/165

Dust Bunny (2025)ဒီကားဟာ သာမန် သရဲကား၊ ဘီလူးကားတွေနဲ့ မတူဘဲ ကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်ကမ္ဘာနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူကြီ...
29/01/2026

Dust Bunny (2025)
ဒီကားဟာ သာမန် သရဲကား၊ ဘီလူးကားတွေနဲ့ မတူဘဲ ကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်ကမ္ဘာနဲ့ ရက်စက်ကြမ်းကြုတ်တဲ့

လူကြီးတွေရဲ့ လောကကို ပေါင်းစပ်ထားတာပါ။ "Leon: The Professional" ဇာတ်ကားထဲကလို လူသတ်သမားနဲ့

ကလေးမလေးတိုရဲ့ သံယောဇဉ်ကို တွေ့ရမှာဖြစ်သလို၊ ထူးခြားဆန်းပြားတဲ့ ဘီလူးကောင် ဒီဇိုင်းတွေနဲ့

သည်းထိတ်ရင်ဖိုစရာ အက်ရှင်ခန်းတွေကိုပါ ခံစားရမှာပါ။

Dark Fairy Tale (အမှောင်ဘက်ခြမ်း နတ်သမီးပုံပြင်) ပုံစံမျိုး ကြိုက်နှစ်သက်သူတွေ၊ Mads Mikkelsen ရဲ့

သရုပ်ဆောင်ချက်တွေကို ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။
Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link - https://t.me/HYAlilymovies275
Telegram Movies Link -https://t.me/lilyvideosgold
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgold/166

Eko (2025)ဒီနေ့မှာတော့ "Kishkindha Kaandam" တို့လို နာမည်ကြီးကားတွေကို ဖန်တီးခဲ့တဲ့အဖွဲ့ကနေ ၂၀၂၅ မှာ ထပ်မံတင်ဆက်လိုက်တဲ့...
29/01/2026

Eko (2025)
ဒီနေ့မှာတော့ "Kishkindha Kaandam" တို့လို နာမည်ကြီးကားတွေကို ဖန်တီးခဲ့တဲ့အဖွဲ့ကနေ ၂၀၂၅ မှာ ထပ်မံတင်ဆက်လိုက်တဲ့ "Eko" ဆိုတဲ့ မလေယာလမ်းကားလေးအကြောင်း ပြောပြချင်ပါတယ်ဒီကားကတော့ ထူးခြားတဲ့ ရိုက်ချက်တွေနဲ့အတူ ပရိသတ်ကို ဇာတ်လမ်းပြီးတဲ့အထိအတွေးနယ်ချဲ့စေမယ့်ကားကောင်းတစ်ကားပါဇာတ်လမ်းလေးကတော့ မြူခိုးတွေဖုံးလွှမ်းနေတဲ့ "Kaattukunnu" ဆိုတဲ့တောင်ကုန်းပေါ်ကအိမ်အိုကြီးတစ်လုံးမှာ စတင်ပါတယ် အဲဒီအိမ်မှာ မလာသီဆိုတဲ့အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ သားတွေက ငှားရမ်းပေးထားတဲလူငယ်စောင့်ရှောက်သူ ပီယူးစ်တို့ နေထိုင်ကြပါတယ် သူတို့ရဲ့ဘဝက အေးအေးဆေးဆေးရှိလှတယ်လို့ ထင်ရပေမဲ့ တကယ်တော့ဒီတောင်ကုန်းပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေခဲ့တာပါ။
Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link - https://t.me/HYAlilymovies275
Telegram Movies Link -https://t.me/lilyvideosgold
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgold/167

Ek.Deewane.Ki.Deewaniyat.2025ဇာတ်လမ်းအစမှာ ဗစ်ကရမ်က အာဒါကို မြင်မြင်ချင်းပဲ ချစ်မိသွားတာပါ ဒါပေမဲ့ အဲဒီအချစ်က ပုံမှန်အချ...
29/01/2026

Ek.Deewane.Ki.Deewaniyat.2025
ဇာတ်လမ်းအစမှာ ဗစ်ကရမ်က အာဒါကို မြင်မြင်ချင်းပဲ ချစ်မိသွားတာပါ ဒါပေမဲ့ အဲဒီအချစ်က ပုံမှန်အချစ်မျိုးမဟုတ်ဘဲအရမ်းကို ပြင်းထန်ပြီး ရူးသွပ်မှုဘက်ကို ရောက်သွားတဲ့အခါမှာတော့ ဇာတ်လမ်းက တဖြည်းဖြည်း အမှောင်ဘက်ကို ကူးသွားပါတော့တယ်...ဗစ်ကရမ်က အာဒါကို ပိုင်ဆိုင်ရဖိုအတွက် ဘယ်လိုနည်းနဲ့မဆို ကြိုးစားလာသလို အာဒါဘက်က ငြင်းပယ်လိုက်တဲ့အခါမှာတော့သူတိုနှစ်ယောက်ကြားက ဆက်ဆံရေးဟာ ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုကို ရောက်သွားပါတယ် အချစ်ဆိုတာထက်တစ်ဖက်သတ် စွဲလမ်းမှုက ဘယ်လောက်အထိ အန္တရာယ်ကြီးလဲဆိုတာကိုဒီကားမှာ မြင်တွေ့ရမှာပါ ဇာတ်လမ်းအလှည့်အပြောင်းတွေကလည်း စိတ်လှုပ်ရှားဖိုကောင်းသလို နောက်ဆုံးမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကတော့...
Telegram Group link - https://t.me/HYAlilymovicesgp
Telegram Movies Channel Link - https://t.me/HYAlilymovies275
Telegram Movies Link -https://t.me/lilyvideosgold
ရုပ်ရှင်ကားလင့် -https://t.me/lilyvideosgold/168

Address

Yangon
118099

Telephone

+959755883799

Website

Alerts

Be the first to know and let us send you an email when Lily-Cinema posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share