26/09/2025
ကိုယ့်အကောင့် ဟက်ခံမထိအောင် လုံခြုံအောင် ဘယ်လိုထားမလဲ
-Mobile legends အကောင့်တွေအခုနောက်ပိုင်း Hack ခံရတယ် ban ခံရတယ် Acc ပါသွားတယ်ဆိုတာတွေတော်တော်လေးတွေ့လာရတယ်
-ဒါကကိုယ့်ရဲ့ထိန်းသိမ်းမှုပေါ်မူတည်သလိုတစ်ခါတစ်လေကျသေချာထိန်းသိမ်းပါရက်နဲ့အယုံလွယ်ပြီးအကောင့်ဆုံးတာမျိုးတွေလဲရှိတယ်
-ပထမဆုံးဘယ်လိုထိန်းသိမ်းကြမလဲကနေစရမယ်ဆိုရင် Mlbb acc တွေကို Moonton နဲ့ဘဲချိတ်ထားစေချင်တယ် ဒါကစိတ်အချရဆုံးတွေထဲကတစ်ခုဘဲ
နောက်တစ်ခုက third party app တွေနဲ့ချိတ်တာတွေကိုသတိထားစေချင်တယ် ဉပမာ Fb နဲ့ချိတ်ထားတယ် Fb acc သာပျက်သွားတာဝင်မရတာမျိုးတစ်ခုခုဆို Game acc ပါကျတယ် ဒါမျိုးကိုပြောချင်တာ
ပြီးတော့ Skin တွေ Hack ဆော့တာ Vpn ခံပြီး Skin တွေဂုန်းတာ ဒါမျိုးတွေကလဲ ကိုယ့်အကောင့်ကိုတန်ဖိုးထားတယ်ဆိုရင်မလုပ်သင့်ဘူး ကိုယ့်အကောင့်အချိန်မရွေးထိသွားနိုင်တယ်
-ဒုတိယတစ်ခုက ထိန်းသိမ်းတတ်ပေမယ့် လောဘကြီးတာ
ဟုတ်တယ်ဗျ ဒါကဘာကိုပြောချင်တာလဲမေးရင် ဒီလင့်ကိုဝင်ရင်ဒီစကင်ရမယ် ဒီစကင်လေးလိုချင်ရင်ဒါလေးနှိပ်ပါ ဘာညာ တွေ့ဖူးကြလိမ့်မယ်
ကိုယ်က IT ပိုင်းနဲ့သိပ်မရင်းနှီးဘူး မကျွမ်းကျင်ဘူးဆိုရင် ဒီလင့်တွေက အတုအစစ်မခွဲနိုင်တာကြောင့်တွေ့ကရာလင့်တွေမဝင်သင့်ဘူး
တစ်ခါတလေ Mlbb. ဘာညာဆိုတာလေးတွေလင့်တွေမှာတောင်ပါနေတတ်တယ် ဒါပေမယ့် စိတ်ချပါ Mt က special skin တောင်နေ့တိုင်းဂိမ်းထဲဝင်မှပေးမယ် ဘာလုပ်မှပေးမယ် ညာလုပ်မှပေးမယ်လုပ်နေတာ အဲ့လောက်လွယ်လွယ်ဘယ်တော့မှမရဘူးလို့သာမှတ်ထားလိုက်ပါ:3
-နောက်ဆုံးတစ်ခုအယုံလွယ်တတ်တာ
ကိုပြောင် Page နာမည်မြင်တိုင်းမမေးမမြန်း မစုံစမ်းဘဲ အကောင့်တွေအရောင်းအဝယ်လုပ် ပြီးမှကိုပြောင့်ဆီလာပြောကြ…..အဲ့လိုမျိုး ဒါဉပမာပြောပြတာနော်:3
ပြောချင်တာကအယုံအရမ်းလွယ်တာ ဒီခေတ်ကြီးထဲမှာကိုယ့်နားရှိတဲ့သူတောင် မယုံရတော့ဘူး အဲ့လိုအချိန်သူစိမ်းတစ်ယောက်ကိုယုံပြီး အတင်းဇွတ်မလုပ်သင့်ဘူး
ကိုပြောင့်ဆီလာရင်လဲ ကိုပြောင်အစစ်ဟုတ်မဟုတ် Vcall ပြောကြည့်ရမယ် ပြီးမှငွေလွှဲတာအကောင့်ပေးတာယူတာတွေဆက်လုပ်ရမယ်
ဆိုတော့ ကိုယ့်အကောင့်လေးတွေကိုယ်တန်ဖိုးထားကြတယ်ဆိုရင်ဒါလေးတွေတော့သတိထားဖို့လိုမယ်ဗျာ><