Digital PM

Digital PM digitalPM မှ ကြိုဆိုပါတယ် — Product Thinking ကို လက်တွေ့အသုံးချနိုင်ဖို့ မျှဝေပေးနေပါတယ်

မေလကြီးကို အောင်အောင်မြင်မြင် (ပြီးတော့ ပြုံးပြုံးလေး) ဖြတ်ကျော်နိုင်ခဲ့တဲ့ PM တွေအားလုံး ဂုဏ်ယူပါတယ်။ 🥳လကုန်ပြီဆိုတော့ ...
31/05/2026

မေလကြီးကို အောင်အောင်မြင်မြင် (ပြီးတော့ ပြုံးပြုံးလေး) ဖြတ်ကျော်နိုင်ခဲ့တဲ့ PM တွေအားလုံး ဂုဏ်ယူပါတယ်။ 🥳

လကုန်ပြီဆိုတော့ ဒီလထဲမှာ ကိုယ့်ကို 'Emotional Damage' အပေးနိုင်ဆုံး Project ကြီးတွေကို လက်ပြနှုတ်ဆက်ရင်း... "နောက်လကျရင်တော့ ဒါထက် ပိုတော်အောင် လုပ်ပြဦးမယ်" ဆိုတဲ့ စိတ်နဲ့ပဲ လက်ခုပ်တီးလိုက်ကြရအောင်။ 👏

ပြန်တွေးကြည့်ရင် ဒီလထဲမှာ...
🥲၅ မိနစ် Call ဆိုပြီး Roadmap တစ်ခုလုံး ပြောင်းသွားတာတွေကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့တယ်။
🥲မဖြစ်နိုင်တာတွေ တောင်းဆိုလာရင်လည်း Professional အပြုံးနဲ့ပဲ တုံ့ပြန်နိုင်ခဲ့တယ်။

ဒါတွေအားလုံးက တကယ်တော့ ကိုယ့်ကို ပိုပြီး "Level Up" ဖြစ်စေမယ့် သင်ခန်းစာတွေပါပဲ။ ဇွန်လမှာတော့ Scope Creep တွေထက် ပိုမြန်တဲ့ နှုန်းနဲ့ Project တွေကို အချောသတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🚀

ကဲ... မေလအတွက် ကိုယ်ရခဲ့တဲ့ 'Emotional Damage' Level ကို (၁) ကနေ (၁၀) အထိ ပေးရရင် ဘယ်လောက်ရှိမလဲ? (၁၀) ဆိုရင်လည်း ဂုဏ်ယူလိုက်ပါ၊ အဲဒါ မင်းရဲ့ ရင့်ကျက်မှု Level ပါပဲ👇

ချစ်ခင်လေးစားရပါသော Digital PM ရဲ့ မိတ်ဆွေများခင်ဗျာ။​ဒီကနေ့ နယုန်လပြည့် မဟာသမယနေ့ (မေတ္တာအခါတော်နေ့) မှာ မိတ်ဆွေများအား...
30/05/2026

ချစ်ခင်လေးစားရပါသော Digital PM ရဲ့ မိတ်ဆွေများခင်ဗျာ။
​ဒီကနေ့ နယုန်လပြည့် မဟာသမယနေ့ (မေတ္တာအခါတော်နေ့) မှာ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏
​မြတ်စွာဘုရားရှင်၏ မဟာသမယသုတ္တန်ဒေသနာတော်လာအတိုင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာရှေ့ထားနိုင်ကြပြီး ကိုယ်စီကိုယ်ငှ ဘေးရန်ကင်းကွာ၍ စိတ်နှလုံးအေးချမ်းကြပါစေ။
​ #နယုန်လပြည့်နေ့ #မဟာသမယအခါတော်နေ့ #မေတ္တာအခါတော်နေ့

လကုန်ခါနီးပြီ၊ Sprint တွေ အဆုံးသတ်ဖို့ နီးလာပြီဆိုတာနဲ့ PM တွေရဲ့ စိတ်ဖိစီးမှုကလည်း အမြင့်ဆုံးကို ရောက်လာတတ်ပါတယ်။ Meeti...
28/05/2026

လကုန်ခါနီးပြီ၊ Sprint တွေ အဆုံးသတ်ဖို့ နီးလာပြီဆိုတာနဲ့ PM တွေရဲ့ စိတ်ဖိစီးမှုကလည်း အမြင့်ဆုံးကို ရောက်လာတတ်ပါတယ်။ Meeting တွေ၊ Deadline တွေ၊ Hotfix တွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး Reset ချနိုင်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် Pressure အများဆုံးအချိန်တွေမှာတောင် ခေါင်းအေးအေးနဲ့ အလုပ်ဆက်လုပ်နိုင်ဖို့ PM တွေအတွက် အကောင်းဆုံး Stress Relief နည်းလမ်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်

၁။ 🔌 Set a Hard "Digital Boundary" (အချိန်အကန့်အသတ်ထားပါ)
တစ်နေကုန် Slack နဲ့ Jira ထဲမှာ နေခဲ့ပြီးပြီဆိုရင်၊ အလုပ်ဆင်းချိန်မှာ Notification တွေကို သတ္တိရှိရှိ ပိတ်ထားဖို့ လိုပါတယ်။ "နောက်ထပ် ၅ မိနစ်လောက်ပဲ" ဆိုပြီး ဆက်ကြည့်နေတာက စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။ အလုပ်နဲ့ Personal Life ကို ပြတ်ပြတ်သားသား ခွဲထားပါ။

၂။ 🧖‍♀️ Physical Reset (ခန္ဓာကိုယ်ကို အနားပေးပါ)
တစ်နေကုန် ကွန်ပျူတာရှေ့ ထိုင်နေရတဲ့ ခန္ဓာကိုယ်ကို သေချာ Reset ချပေးဖို့ လိုပါတယ်။ Gym သွားပြီး ချွေးထုတ်တာဖြစ်ဖြစ်၊ Sauna သို့မဟုတ် Steam Room ထဲဝင်ပြီး ခန္ဓာကိုယ်မှာ စုပြုံနေတဲ့ ညောင်းညာမှုတွေကို ဖြေလျှော့တာက Screen Time ကြောင့်ဖြစ်တဲ့ ဖိစီးမှုတွေကို အမြန်ဆုံး ပြေပျောက်စေပါတယ်။ ပြီးရင် ကိုယ်အနှစ်သက်ဆုံး Skincare လေးတွေနဲ့ အချိန်ပေးပြီး ဂရုစိုက်လိုက်ရင် စိတ်ရောကိုယ်ပါ လုံးဝ Fresh ဖြစ်သွားပါလိမ့်မယ်။

၃။ 🎯 Focus on "Micro-Wins" (နေ့စဉ် အောင်မြင်မှု သေးသေးလေးတွေကို ဂုဏ်ပြုပါ။) မပြီးသေးတဲ့ Roadmap ကြီးတစ်ခုလုံးကို ကြည့်ပြီး စိတ်ညစ်မယ့်အစား၊ "ဒီနေ့ ငါ ဘာတွေ ရှင်းလင်းပေးနိုင်ခဲ့လဲ" ဆိုတဲ့ သေးငယ်တဲ့ အောင်မြင်မှု (Micro-Wins) လေးတွေကိုပဲ အာရုံစိုက်ပါ။ Ticket တစ်ခု ပိတ်နိုင်ခဲ့တာ၊ ဒါမှမဟုတ် Meeting တစ်ခုကို အဆင်ပြေပြေ ပြီးမြောက်ခဲ့တာလေးတွေက သင့်ကို ရှေ့ဆက်ဖို့ ခွန်အားဖြစ်စေပါတယ်။

Productivity ဆိုတာ အမြဲတမ်း အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ အချိန်မှန် အနားယူတတ်ခြင်းကလည်း PM တစ်ယောက်ရဲ့ အရေးကြီးဆုံး Skill တစ်ခုပါပဲ။

ကဲ... digitalPM Community ထဲက သူငယ်ချင်းတွေရော Pressure များလာရင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ Stress အမြန်ဖြေတတ်လဲ? Comment မှာ ကိုယ့်ရဲ့ Go-to Method လေးတွေ မျှဝေပေးခဲ့ပါဦး။ 👇

"အများက ဆူညံနေချိန်မှာ... အေးဆေးတည်ငြိမ်နေနိုင်တာဟာ အတော်ဆုံး PM တွေရဲ့ မမြင်ရတဲ့ စွမ်းဆောင်ရည် ပါပဲ။"Meeting ထဲမှာ အခြေ...
24/05/2026

"အများက ဆူညံနေချိန်မှာ... အေးဆေးတည်ငြိမ်နေနိုင်တာဟာ အတော်ဆုံး PM တွေရဲ့ မမြင်ရတဲ့ စွမ်းဆောင်ရည် ပါပဲ။"

Meeting ထဲမှာ အခြေအတင်တွေ ဖြစ်နေချိန်၊ Stakeholder တွေက မဖြစ်နိုင်တာတွေ တွန်းအားပေးနေချိန်မှာ... စိတ်လိုက်မာန်ပါ မတုံ့ပြန်ဘဲ "Pause" လုပ်နိုင်တာဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ အခြေအနေကို စနစ်တကျ "Control" လုပ်လိုက်တာပါ။

Leadership အစစ်အမှန်ဆိုတာ စိန်ခေါ်မှုတွေကြားမှာ Team တစ်ခုလုံးအတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းစ (Clarity) ကို ဖန်တီးပေးနိုင်ခြင်းပါ။ PM တစ်ယောက်ရဲ့ တည်ငြိမ်မှုဟာ အခြေအနေတိုင်းမှာ Team ကို ခိုင်ခိုင်မာမာ ရှေ့ဆက်နိုင်အောင် ပံ့ပိုးပေးတဲ့ အားအထားရဆုံး ကျောက်ဆူး တစ်ခုပါပဲ။

ဒီတစ်ပတ် Meeting တွေထဲမှာ စိတ်လှုပ်ရှားစရာတွေ ကြုံခဲ့ပေမဲ့... ဂုဏ်ယူရလောက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လို ဖြေရှင်းနိုင်ခဲ့လဲ? (PM တွေ အချင်းချင်း ခွန်အားဖြစ်စေဖို့ Small Win လေးတွေကို Comment မှာ မျှဝေပေးခဲ့ပါဦး) 👇

Friday Night မှာ "Have a nice weekend everyone!" လို့ ရေးပြီး Slack/Viber ကို ပိတ်ကာနီးမှ...မျက်စိထဲမှာ မြင်ချင်မှအဆုံးဖ...
22/05/2026

Friday Night မှာ "Have a nice weekend everyone!" လို့ ရေးပြီး Slack/Viber ကို ပိတ်ကာနီးမှ...

မျက်စိထဲမှာ မြင်ချင်မှအဆုံးဖြစ်တဲ့ "Urgent Issue တစ်ခု တက်နေတယ်" သို့မဟုတ် "Server Down သွားပြီ" ဆိုတဲ့ Notification တက်လာတဲ့အခါ... 🌚

အဲဒီအချိန်မှာ ခံစားရတဲ့ "နွေးထွေးမှု" က ဘာနဲ့မှ မလဲနိုင်ပါဘူး။ (နွေးထွေးတယ်ဆိုတာက ရင်ထဲမှာ မီးတောက်သွားတာကို ပြောတာပါ) 💀

စိတ်ထဲမှာတော့ ငိုနေရပေမဲ့ Stakeholder တွေနဲ့ Dev တွေရှေ့မှာတော့ "အေးဆေးပါ၊ အခုပဲ Fix လုပ်လိုက်မယ်နော်" ဆိုတဲ့ Mask အပြုံးကြီးနဲ့ အလုပ်ပြန်လုပ်ရတဲ့ PM တို့ရဲ့ သောကြာညများ။
ဒီလိုမျိုး Friday Night Hotfix နဲ့ Weekend ကို ဖြတ်သန်းဖူးတယ်ဆိုရင် "Me2" လို့ မန့်ခဲ့ပါဦး။

(ဘယ်နှစ်ယောက်တောင် ရှိမလဲ ကြည့်ရအောင်) 👇

"နှလုံးခုန်သံ မြန်တာ သူ့ကြောင့်ပေါ့..." 🥰ဒါပေမဲ့ သူဆိုတာက... Crush ကို ပြောတာမဟုတ်ဘဲ Stakeholder ဆီက "Idea အသစ်လေး ရထားလ...
20/05/2026

"နှလုံးခုန်သံ မြန်တာ သူ့ကြောင့်ပေါ့..." 🥰

ဒါပေမဲ့ သူဆိုတာက... Crush ကို ပြောတာမဟုတ်ဘဲ Stakeholder ဆီက "Idea အသစ်လေး ရထားလို့ ၅ မိနစ်လောက် Call လို့ရမလား?" ဆိုတဲ့ စာတိုလေးကို ပြောတာပါ။ 🌚

PM လောကမှာ "၅ မိနစ်" ဆိုတာ တကယ်တော့ အချိန်ကာလကို ပြောတာမဟုတ်ပါဘူး။ "လက်ရှိ Roadmap ကို မီးရှို့ပြီး Sprint တစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်တော့မယ်" လို့ အချက်ပေးတဲ့ Code Name တစ်ခုပါပဲ။ 🔥

ဖုန်းချလိုက်တဲ့အခါ ၅ မိနစ်ကနေ ၁ နာရီခွဲ ဖြစ်သွားပြီး၊ မူလ Roadmap ကတော့ အစရှာမရအောင် ပျောက်ကွယ်သွားတဲ့ အဖြစ်အပျက်မျိုး...

ဒီ "၅ မိနစ်" ဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့ အချစ်ကြောင့်မဟုတ်ဘဲ ထိတ်လန့်လို့ နှလုံးခုန်မြန်သွားတတ်တဲ့ PM တွေ ဒီပို့စ်အောက်မှာ စုရုံးကြစို့။ ✋

မင်းတို့ရော... အကြာဆုံး "၅ မိနစ် Call" က ဘယ်လောက်တောင် ကြာခဲ့ဖူးလဲ? (အသည်းကွဲခဲ့ရတဲ့ အချိန်တွေကို Comment မှာ ရင်ဖွင့်ခဲ့ကြပါဦး) 👇

Monday မနက် ၉ နာရီ။ Stand-up meeting မစခင် ၅ မိနစ်အလို။ ⏰ကော်ဖီလေးတစ်ငုံ သောက်ပြီး "အိုကေ၊ ဒီနေ့တော့ အေးဆေးပဲ" လို့ စိတ်...
18/05/2026

Monday မနက် ၉ နာရီ။ Stand-up meeting မစခင် ၅ မိနစ်အလို။ ⏰
ကော်ဖီလေးတစ်ငုံ သောက်ပြီး "အိုကေ၊ ဒီနေ့တော့ အေးဆေးပဲ" လို့ စိတ်ကူးနေတုန်း... ☕️😌
Developer ဆီကနေ Slack မှာ စာတစ်စောင် ဝင်လာတယ်- ဒါကြီးက Logic အမှားကြီး၊ အကုန်ပြန်ပြင်ရမယ်" တဲ့။ 💀💔

အဲဒီအချိန် ရင်ထဲမှာ ဗုံးပေါက်သွားသလို ခံစားရပေမဲ့၊ မျက်နှာကတော့ "အေးဆေးပါ၊ ဒါက Challenge တစ်ခုပဲ" လို့ ပြုံးပြုံးလေး ပြောနေရတဲ့ PM ဘဝ။ 🙃🔥

ဒီမနက် Stand-up မစခင်မှာပဲ ဘယ်နှစ်ယောက် 'Mental Breakdown' ဖြစ်ပြီးပြီလဲ? 🙋‍♂️🙋‍♀️ (ကိုယ်ချင်းစာလို့ ရရင် လွတ်လွတ်လပ်လပ် ရင်ဖွင့်သွားလို့ရပါတယ်) 👇

PM တစ်ယောက်ရဲ့ အစစ်မှန်ဆုံး Support System ဆိုတာ ဘာလဲ? 🤔 Jira လား? Notion လား? Scrum Master လား? မဟုတ်ပါဘူး။Meeting ထဲမှ...
17/05/2026

PM တစ်ယောက်ရဲ့ အစစ်မှန်ဆုံး Support System ဆိုတာ ဘာလဲ? 🤔 Jira လား? Notion လား? Scrum Master လား? မဟုတ်ပါဘူး။

Meeting ထဲမှာ Stakeholder က လေထဲတိုက်ဆောက်ပြီး မဖြစ်နိုင်တဲ့ Requirement တွေ တောင်းလာတဲ့အခါ... မျက်လုံးချင်း တစ်ချက်ဆုံလိုက်ရုံနဲ့ ကိုယ်ဘာတွေ ပြောချင်နေလဲ၊ စိတ်ထဲကနေ ဘယ်လိုတွေ ဆဲနေလဲဆိုတာကို အကုန်နားလည်ပေးနိုင်တဲ့ ကိုယ့် Team ထဲက Dev / Designer (Work Bestie) ပါပဲ။ 👀

Corporate လောကကြီးထဲမှာ ဒီလို Telepathy (စိတ်ချင်းဆက်) နည်းနဲ့ စကားပြောလို့ရတဲ့သူ ရှိတာ ကံအကောင်းဆုံးပဲ။

ကဲ... Meeting ထဲမှာ မျက်လုံးချင်း စကားပြောလို့ရတဲ့ ကိုယ့်ရဲ့ Work Bestie / Telepathy Partner ကို Mention ခေါ်သွားပါဦး။ 👇

Product လေး Live ဖြစ်သွားလို့ ဘာ Bug မှ မတက်ဘဲ အေးချမ်းသွားတဲ့... အဲဒီ "၅ မိနစ်" လေး။ အဲ့ဒီ ၅ မိနစ်လေးရဲ့ အရသာကလေ... တကယ...
12/05/2026

Product လေး Live ဖြစ်သွားလို့ ဘာ Bug မှ မတက်ဘဲ အေးချမ်းသွားတဲ့... အဲဒီ "၅ မိနစ်" လေး။ အဲ့ဒီ ၅ မိနစ်လေးရဲ့ အရသာကလေ... တကယ့်ကို နတ်ပြည်ရောက်သွားတာပါပဲ။ 😇

ဒါပေမဲ့... အဲဒီ "1% Happiness" လေးကို ရဖို့အတွက် ပေးဆပ်ရတဲ့ "99% Stress" ကတော့ မလွယ်ဘူးနော်။
💀 PM လုပ်ရတာက တချို့အချိန်တွေမှာ မာလာရှမ်းကော အစပ်ဆုံးအဆင့်ကို စားနေရသလိုပါပဲ။
မျက်ရည်တွေကျ၊ သွေးတွေတက်ပြီး "ငါတော့ နောက်တစ်ခါ ဘယ်တော့မှ မစားတော့ဘူး၊ ဒီအလုပ်ကို မလုပ်တော့ဘူး" လို့ နေ့တိုင်း ညည်းနေပေမဲ့... နောက်ထပ် Project သစ်တစ်ခု စပြီ၊ ပြဿနာတွေ ရှင်းရတော့မယ်ဆိုရင် အလိုလိုနေရင်း ပြန်ပြီး စိတ်လှုပ်ရှား နေပြန်ရော။ 🌶️🔥

ကဲ... digitalPM Community က လူတွေ ဝန်ခံကြစို့။ ဒီလောက် Stress တွေများတဲ့ကြားကနေ... "မင်းကို ဒီ PM အလုပ်မှာ ဆက်မြဲနေအောင် ဘာကများ ဆွဲဆောင်ထားတာလဲ?" 🤔

[A] Product အောင်မြင်သွားတဲ့အချိန်ရတဲ့ Dopamine (ပီတိ) အရသာကို စွဲလန်းနေလို့

[B] ပြဿနာတွေ၊ Chaos တွေကြားမှာ မရှင်းရရင် မနေတတ်တဲ့ ရောဂါရနေလို့

[C] လစာကြောင့်ပါ (အမှန်တိုင်း ဝန်ခံပါတယ်) 💸

[D] ကိုယ့်အကြောင်းပြချက်ကိုယ် ရေးခဲ့ပါ... 👇

ဒီနေ့က အမေများနေ့ (Mother’s Day) ပါ။ 🌸ဒီနေ့မှာ ကျွန်တော်တို့ digitalPM Community ကနေပြီးတော့ အလုပ်ခွင်ထဲမှာ ရုန်းကန်နေရတ...
10/05/2026

ဒီနေ့က အမေများနေ့ (Mother’s Day) ပါ။ 🌸

ဒီနေ့မှာ ကျွန်တော်တို့ digitalPM Community ကနေပြီးတော့ အလုပ်ခွင်ထဲမှာ ရုန်းကန်နေရတဲ့ "မေမေတွေ" အားလုံးကို အထူးပဲ ဂုဏ်ပြုချင်ပါတယ်။

မနက်ခင်းမှာ သားသားမီးမီးတို့ကို ကျောင်းပို့၊ ထမင်းချိုင့်ပြင်ပေးပြီးမှ ရုံးကို အပြေးအလွှားလာရတဲ့ မေမေတွေ...

Meeting တွေကြားထဲမှာ အိမ်က ဖုန်းလာရင် စိတ်ပူတတ်ပေမဲ့၊ အလုပ်မှာတော့ အပြုံးမပျက် တာဝန်ကျေအောင် လုပ်ဆောင်နေတဲ့ မေမေတွေ...
တစ်ဖက်မှာလည်း Project ရဲ့ ရှေ့ရေးကို စဉ်းစားရသလို၊ နောက်တစ်ဖက်မှာလည်း သားသမီးတွေရဲ့ အနာဂတ်အတွက် အပင်ပန်းခံနေရတဲ့ မေမေတွေ...

Product တစ်ခုကို အသက်ဝင်အောင် ဖန်တီးရတာထက်၊ ကလေးတစ်ယောက်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ရတာက ပိုပြီး ခက်ခဲနက်နဲတဲ့ Project တစ်ခုပါ။ အဲဒီ Project နှစ်ခုလုံးကို အကောင်းဆုံး Balance ဖြစ်အောင် ထိန်းကျောင်းနေတဲ့ မေမေတို့ဟာ တကယ့်ကို လေးစားဖို့ကောင်းတဲ့ Super Moms တွေပါပဲ။ 🛡️❤️

ဒီနေ့မှာတော့ အလုပ်တွေကို ခဏမေ့ထားပြီး သားသားမီးမီးတွေနဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်လေးတွေကိုပဲ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

Happy Mother's Day to all the Working Moms in our community!
ကိုယ့်ရဲ့ Team ထဲမှာ အလုပ်ရော မိသားစုပါ တာဝန်ကျေပွန်အောင် ကြိုးစားနေတဲ့ အားကျဖို့ကောင်းတဲ့ မေမေတစ်ယောက်ကို Tag ခေါ်ပြီး ဂုဏ်ပြုလိုက်ရအောင်။ 👇

Address

Yangon
11163

Alerts

Be the first to know and let us send you an email when Digital PM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share