Tamwe Times

Tamwe Times News on Online, Multimedia and Facebook Breaking news alerts and the most talked about stories.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံးpresidentoffice@nugmyanmar.orgအမိန့်အမှတ်၊ ...
01/01/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံတော်သမ္မတရုံး
[email protected]

အမိန့်အမှတ်၊ ၁ / ၂၀၂၅
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

၁။​ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ (၁၆၉) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်။

၂။​အထက်အပိုဒ် ၁ တွင် အကျုံးမဝင်သော ကျန်အကျဉ်းသား/သူများကို ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်သည်။


ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့မြင်ရသည့် အာရက္ခ...
30/12/2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့မြင်ရသည့် အာရက္ခစစ်သည်တော်များ၏ မှတ်တမ်းဓာတ်ပုံတချို့
Credit - AA Info Desk

အကြမ်းဖက်စစ်တပ်၏ စက်ယာဉ်ယန္တရားများအား ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ပေးလျှင် ကျပ်သိန်း ၂‌ထောင် မှ သိန်း ၁ သော...
07/04/2022

အကြမ်းဖက်စစ်တပ်၏ စက်ယာဉ်ယန္တရားများအား ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ပေးလျှင် ကျပ်သိန်း ၂‌ထောင် မှ သိန်း ၁ သောင်းအထိ ဆုချီးမြှင့်မည်ဟု NUG အစိုးရကြေညာ
-------------------------------------

အကြမ်းဖက်စစ်တပ်၏ လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားများ ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ပေးလျှင် သိန်း ၂၀၀၀ မှ သိန်း ၁သောင်းအထိ ချီးမြှင့်မည်ဟု NUG သမ္မတ ဒူဝါလရှီးလက ယနေ့ ၇.၄.၂၀၂၂ ‌ရက်၌ တရား ဝင် ကြေညာသည်။

(က) ပြည်သူလူထုအား ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမပြုလုပ်ဘဲ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀။

(ခ) တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်‌ ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(ဂ) အကြမ်းဖက်တိုက်ခိုက်ရန် ပျံသန်း/ထွက်ခွာလာစဉ် လမ်းခုလတ်၌ တနည်းနည်းဖြင့် ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း(သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(ဃ) ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(င) လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များကို အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(စ) တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တစ်ကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဆ) အကြမ်းဖက်စစ်တပ်၏ လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီး နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဇ) မြေပြင်ထိုးစစ်တွင် အသုံးပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင် သို့ ခိုလှုံလာလျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဈ) တင့်ကား၊ သံချပ်ကာယာဉ်များအား လုံးဝပြန်လည်အသုံးပြု၍ မရသည်အထိ ပစ်ခတ် ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ ၁ သိန်း (သို့) မြန်မာ ကျပ်ငွေ သိန်း ၂,၀၀၀။

(၅) ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့် ရှိသည်။

(၆) ဤအမိန့်အရ ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရခြင်း မရှိစေရ။

(၇) ဤအမိန့်အား The Public Property Protection Act-1947, Section 3(b) ပါ ပြဌာန်းချက်နှင့်အညီ ထုတ်ပြန်လိုက်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ကြေညာသည်။
၇.၄.၂၀၂၂

အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်မယ့် Burma Act 2021 ဥပ‌ဒေကို   အမေရိကန် အောက်လွှတ်တော်အတည်ပြု။Burma Act ဥပဒေကို အမေရိက...
07/04/2022

အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်မယ့် Burma Act 2021 ဥပ‌ဒေကို အမေရိကန် အောက်လွှတ်တော်အတည်ပြု။

Burma Act ဥပဒေကို အမေရိကန် အထက်လွှတ်တော်၌ ဆက်လက်အတည်ပြုရန် ကျန်ရှိနေသည်။
ဆက်လက်ပြီး Burma Actကို အမေရိကန် လွှတ်တော် နှစ်ရပ်လုံး၌ အတည်ပြုပြီးလျှင် အာဏာသိမ်းဖြစ်စဉ်၌ ပါဝင်ခဲ့သည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အရေး ယူပိတ်ဆို့ခြင်း၊ အခြားလူမဆန်သည့် လုပ်ရပ်များနှင့် ပတ်သက်ပြီး အကျိုးဆက် အားလုံးကို တာဝန်ယူခိုင်းနိုင်မည့် လုပ်ပိုင်ခွင့်များ ရရှိလာမည်ဖြစ်သည်။

7.4.2022

ဩစတြေးလျ ပညာရှင် ရှောင်တာနယ် လွတ်မြောက်သည့် သတင်းအမှား ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ပြန်ရှင်းနေရ။ ထိုသတင်းအမှားနှင့်...
07/02/2022

ဩစတြေးလျ ပညာရှင် ရှောင်တာနယ် လွတ်မြောက်သည့် သတင်းအမှား ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ပြန်ရှင်းနေရ။ ထိုသတင်းအမှားနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီနှင့် ရွှေလက်တွဲနေသည့်ဟွန်ဆန်အပေါ် ဝေဖန်ဟားတိုက်မှုများ မြင့်တက်နေ။
၇.၂.၂၀၂၂

စိတ်ထားဖြူစင်သူ၊ ခင်မင်နှစ်လိုဖွယ်အပြုံးပိုင်ရှင်ဖြစ်သူ၊ အများကိုကူညီတတ်သူ သူငယ်ချင်းများက ကိုတိုးလို့ချစ်နိုး ခေါ်ကြတဲ့...
02/01/2022

စိတ်ထားဖြူစင်သူ၊ ခင်မင်နှစ်လိုဖွယ်အပြုံးပိုင်ရှင်ဖြစ်သူ၊ အများကိုကူညီတတ်သူ သူငယ်ချင်းများက ကိုတိုးလို့ချစ်နိုး ခေါ်ကြတဲ့ ရန်ငြိမ်းထွန်းဆိုတဲ့ လူငယ်လေးဟာ အခုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းတာကို ခံလိုက်ရပါပြီ။

၂၀၂၀ ဖေဖော်ဝါရီလ တစ်ရက်နေ့ အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့အာဏာ တည်မြဲရေးအတွက် မြန်မာပြည်သူလူထုကို နှိပ်စက်ညှဉ်းပမ်းနေပါတယ်။

မြန်မာနိုင်ငံကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး တိုင်းပြည်တိုးတက်စေချင်တဲ့ ကိုတိုးတို့လို လူငယ်အများအပြားကိုလည်း စစ်ကောင်စီက မတရားလိုက်လံဖမ်းဆီးနေပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီက ကိုတိုးကို ပုဒ်မ ကြီးငယ်တပ်ပြီး အချုပ်နံရံနောက်ကိုထွန်းပို့နေပါပြီ။ ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တဲ့ တိုင်းပြည်အပေါ်ချစ်တဲ့၊ နိုင်ငံကိုတိုးတက်စေချင်တဲ့ ကိုတိုးရဲ့ သံမဏိ စိတ်ဓာတ်ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အချုပ်နံရံတွေက ထိန်းချုပ်လို့ မရနိုင်ဘူးဆိုတာ နွေဦးလူငယ်တိုင်းက သိရှိပြီးဖြစ်ပါတယ်။
၂.၁.၂၀၂၂
#နွေဦးလူငယ်
#ရန်ကုန်လူငယ်

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

ကြေညာချက် အမှတ် (၅ /၂၀၂၁)၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်(၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ  ၁၃ ရက်)“ ကရင်နီအမျိုးသားများကာကွယ်ရေးတ...
13/12/2021

ကြေညာချက် အမှတ် (၅ /၂၀၂၁)
၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်
(၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်)

“ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့်ပက်သက်သော ကြေညာချက် ”

၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် ကရင်နီတပ်မတော် (KA) နှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် တပ်ဦးမှတွန်းလှန် တိုက်ခိုက်နေသော တပ်ဖွဲ့ဖြစ်သည်။ KNDF သည် စနစ်ကျသော ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာသော မူဝါဒများဖြင့် ‌ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ကြီးကြပ်မှု အောက်တွင် ရပ်တည်လျက်ရှိသည်။
၂။ KNDF သည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲ ဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်။
၃။ ထို့အပြင် KNDF သည် ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) နှင့်လည်း မြေပြင်စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို စဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် ကရင်နီပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) က အသိအမှတ်ပြု၊ ပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

ပုံ
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်သည့် Stablecoinကို ပြည်တွင်း၌ သုံးစွဲခွင့်ပြုကြောင်း NUGအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်း...
11/12/2021

ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်သည့် Stablecoinကို ပြည်တွင်း၌ သုံးစွဲခွင့်ပြုကြောင်း NUGအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကြေညာချက်ထုတ်ပြန်။
၁၁.၁၂.၂၀၂၁

ယနေ့ပြုလုပ်လျက်ရှိသည့် တိတ်ဆိတ်ခြင်းသပိတ် (Silent Strike)ကို Tamwe Timesက ထောက်ခံအားပေးသည်။ယနေ့ နိုင်ငံတဝန်း တိတ်ဆိတ်ခြင...
10/12/2021

ယနေ့ပြုလုပ်လျက်ရှိသည့် တိတ်ဆိတ်ခြင်းသပိတ် (Silent Strike)ကို Tamwe Timesက ထောက်ခံအားပေးသည်။

ယနေ့ နိုင်ငံတဝန်း တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်ခြင်းသည် စစ်ကောင်စီ၏ တရားမဝင်အာဏာသိမ်းမှုကို ပြည်သူလူထုက ပြတ်ပြတ်သားသား အစဉ်အမြဲဆန့်ကျင်‌ကြောင်း ပြသလျက်ရှိနေသည်။

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

Editorial (အယ်ဒီတာ့အာဘော်)Lone Survivor ဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ထားတာ။ ပြောချင်တာက ဇာတ်ကားအကြောင်းမဟုတ်ဘူး။ အ...
05/12/2021

Editorial (အယ်ဒီတာ့အာဘော်)

Lone Survivor ဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ထားတာ။ ပြောချင်တာက ဇာတ်ကားအကြောင်းမဟုတ်ဘူး။ အဲဒီဇာတ်ကားထဲက အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေခံ ဖြစ်ရပ်လေးကို ပြောချင်တာပါ။

ဇာတ်ကားမှာ အမေရိကန်တပ်သားတချို့ အကြမ်းဖက် တာလီဘန်ခေါင်းဆောင်တစ်ယောက်ကိုသတ်ဖို့ အာဖဂန်ကို စေလွှတ်ခံရတယ်။

ဇာတ်လမ်းအစမှာပဲ စနှိုက်ပါအမေရိကန်တပ်သားနဲ့သူ့ပါတနာက သူတို့ပစ်မှတ်ဖြစ်တဲ့ တာလီဘန်ခေါင်းဆောင်ကို ပစ်ခတ်ခါနီး အထက်လူကြီးကို မေးခွန်းထုတ်ခဲ့ပါတယ်။

အခုသူတို့ ပစ်ခတ်သတ်ဖြတ်ရမယ့် ပစ်မှတ်ဟာ တာလီဘန်ခေါင်းဆောင်တစ်ဦးမဟုတ်ဘူး မင်္ဂလာပွဲကျင်းပနေတဲ့ ဖခင်တစ်ဦးသာ ဖြစ်တယ်လို့ ပြန်လည်တင်ပြပြီး၊ ပစ်ခတ်ဖို့ ငြင်းဆန်ပြီး လူသားဆန်တဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။

ပြောချင်တာက အဲဒီဇာတ်ကားထဲမှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အမေရိကန်တပ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်မြင့်မားမှု၊ နှလုံးရည်ပြည့်ဝမှုနဲ့ ဆင်ခြင်တုံတရားကို ထင်ရှားစွာ တွေ့မြင်လိုက်ရတာပါပဲ။

မသင့်ပေမယ့် နှိုင်းယှဉ်ပြောရရင် ဒီကနေ့ရန်ကုန် ကြည့်မြင်တိုင်က အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေရဲ့ လုပ်ရပ်မှာ စိတ်ပိုင်းဆိုင်ရာ၊ ဆင်ခြင်တုံတရားနဲ့ နှလုံးရည်ကတော့ စိတ်ပျက်ဖွယ်၊ ဝမ်းနည်းဖွယ်၊ စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်၊ အော့နှလုံးနာဖွယ်အ‌နေနဲ့ တွေ့မြင်ရပါတယ်။

အထက်က အမိန့်ဆိုပြီး ဆင်ခြင်တုံတရားမဲ့ လုပ်‌နေတဲ့ မအေဠိုး မင်းအောင်လှိုင်ရဲ့ လက်ပါးစေတွေမှာ ဆင်ခြင်တုံတရားဆိုတာ နတ္ထိဖြစ်နေတာကို ဒီနေ့ ကြည့်မြင်တိုင် ဖြစ်ရပ်မှာ အားလုံးတွေ့မြင်ရမှာပါ။ ပြည်သူအများ တွေ့မြင်ခဲ့ပြီးတာလည်း ကြာပါပြီ။

ပိုစတာကိုင်ထားတဲ့၊ စာရွက်ကလေးသာကိုင်ထားတဲ့ ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက် သေနတ်နဲ့ပစ်ခဲ့တဲ့ မအလမင်းအောင်လှိုင်ရဲ့ အခုလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် မအေဠိုးမအလရဲ့ လက်ပါးစေတွေနဲ့ ရင်ကြားစေ့ဖို့ဆိုတာ မိုးနဲ့မြေ ဖြစ်သွားပါပြီ။

မအေဠိုး မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ် လက်ပါစေးတွေကို မြန်မာ့မြေပေါ်ကနေ အမြစ်ဖြတ် အပြီးသတ် ဖယ်ရှားဖို့ကသာ လက်တွေ့အမှန်တရားအဖြစ် ရှုမြင်မိပါကြောင်း။

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
၅.၁၂.၂၀၂၁
Photo- Lone Survivor Trailer

29/11/2021

စစ်အာဏာရှင် ကြီးစိုးနေသည့် မြန်မာနိုင်ငံတွင် ပြည်သူများက အာဏာရှင်ကို ကြောက်ရွံ့မနေဘဲ အကြမ်းမဖက်နည်းနှင့် ဆန္ဒပြခဲ့ကြသည်။ ပြည်သူ့ဝန်ထမ်းများကလည်း စစ်အာဏာရှင်အမိန့်ကို မနာခံဘဲ လုပ်ငန်းခွင့်မှ ထွက်ခွာပြီး ဒီမိုကရေစီအရေးအတွက် CDM လုပ်ခဲ့ကြသည်။

သို့သော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့်ပြည်သူများနှင့် CDM ပြည်သူ့ဝန်ထမ်းများကို စစ်အာဏာရှင်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ထိုသို့ စစ်အာဏာရှင်က ပြည်သူများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့မှုများကြောင့် ယနေ့မှာတော့ ပြည်သူများက စစ်ကောင်စီကို ရရာလက်နက်စွဲကိုင် တော်လှန်နေကြပြီလည်းဖြစ်သည်။

ယခုသီချင်းမှာ စစ်အာဏာရှင်ကို မကြောက်မရွံ့ဆန္ဒပြခဲ့ကြသည့် ပြည်သူများနှင့် CDM ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ကယန်းပဒေါင် တိုင်းရင်းသား အဆိုတော်တစ်ဦးက ကိုယ်တိုင်ရေးစပ် သီဆိုထားခြင်းဖြစ်သည်။

သီချင်း၌ပါဝင်သော ဓာတ်ပုံများနှင့် ဗီဒီယို မူရင်းပိုင်ရှင်များကို အထူးကျေးဇူးတင်ကြောင်း Tamwe Timesက ဖော်ပြအပ်သည်။

ပြည်သူများ တာမွေမြို့နယ် လျှပ်စစ်ရုံး၌ ဓာတ်အားခပေးဆောင်နိုင်ရန် နေ့စဉ်ပိတ်ရက်မရှိဆောင်ရွက်နေကြောင်း တာမွေ EPCရုံးကြေညာ။၂...
22/09/2021

ပြည်သူများ တာမွေမြို့နယ် လျှပ်စစ်ရုံး၌ ဓာတ်အားခပေးဆောင်နိုင်ရန် နေ့စဉ်ပိတ်ရက်မရှိဆောင်ရွက်နေကြောင်း တာမွေ EPCရုံးကြေညာ။
၂၂.၉.၂၀၂၁

Address

Tamwe Township
Yangon

Alerts

Be the first to know and let us send you an email when Tamwe Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tamwe Times:

Share