Tamwe Times

Tamwe Times News on Online, Multimedia and Facebook Breaking news alerts and the most talked about stories.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံးpresidentoffice@nugmyanmar.orgအမိန့်အမှတ်၊ ...
01/01/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံတော်သမ္မတရုံး
[email protected]

အမိန့်အမှတ်၊ ၁ / ၂၀၂၅
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

၁။​ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ (၁၆၉) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်။

၂။​အထက်အပိုဒ် ၁ တွင် အကျုံးမဝင်သော ကျန်အကျဉ်းသား/သူများကို ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်သည်။


ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့မြင်ရသည့် အာရက္ခ...
30/12/2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့မြင်ရသည့် အာရက္ခစစ်သည်တော်များ၏ မှတ်တမ်းဓာတ်ပုံတချို့
Credit - AA Info Desk

Address

Tamwe Township
Yangon

Alerts

Be the first to know and let us send you an email when Tamwe Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tamwe Times:

Share