Media Queen

Media Queen One of the best media to present accurate and timely news of artists from various fields.

26/10/2025

" ဗိုလ်က မာနကြီးတဲ့ အကယ်ဒမီရုပ်ရှင်မင်းသမီး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာလေးဆိုတော့ လက်ခံလိုက်တာပေါ့နော်။ အကယ်ဒမီရုပ်တုကိုတော့ မချောဆီက ခဏငှားရမှာပေါ့ "
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် သန္တာဗိုလ် နှင့် ရောင်စုံမျက်နှာဖုံးများ အကြောင်း တစေ့တစောင်း


#သန္တာဗိုလ်


#ချောဆီကအကယ်ဒမီငှားပြီးမာနကြီးပြမယ့်ဗိုလ်ရစ်

25/10/2025

“ မယ်လိုဒီကို သူ့ရဲ့မြို့ခံသူငယ်ချင်းက ခေါ်လာလို့ လာစားတာပါ။ ဒယ်အိုးကြီး မုန့်ဟင်းခါးရောင်းလာတာ အခုဆိုရင် (၃၇)နှစ်ရှိပါပြီ။ တစ်နေ့ကို မနက်ပိုင်းတင် အချိန်(၂၅)အနည်းဆုံး ရောင်းရပါတယ်။ ကျွန်တော်တို့က အော်ဒါလက်မခံပါဘူး။ ရောင်းတဲ့အားကို မကျစေချင်လို့ပေါ့နော်။ စံချိန်စံနှုန်းကိုမလျှော့ဘဲ ဘယ်အချိန်လာစားစား အရသာမပြောင်းလဲတာမို့ ဒီအချိန်အထိ ရပ်တည်နိုင်တာပါ "
.... လို့ပြောပြလာတဲ့ ဦးဌေးဝင်း , ဒေါ်မာမာအေး တို့နှင့် ဟင်္သာတမြို့က ဒယ်အိုးကြီး မုန့်ဟင်းခါးဆိုင်လေး သို့ အလည်တစ်ခေါက်


#ဦးဌေးဝင်း
#ဒေါ်မာမာအေး
#ဒယ်အိုးကြီးမုန့်ဟင်းခါးဆိုင်



#‌တစ်နေ့၂၅ပိဿာရောင်းရတဲ့မျိုးအကြိုက်၃၇နှစ်ကြာဒယ်အိုးကြီး

Drummer ဝေထွန်း ရဲ့ တူ ၊အဆိုတော် 'ထရေစီ' ရဲ သား ၊'Fever 109' Band ရဲ့ Founder  ဖြစ်သူ အဆိုတော် 'အဒီနို' ကွယ်လွန် 😓😓 ----...
25/10/2025

Drummer ဝေထွန်း ရဲ့ တူ ၊အဆိုတော် 'ထရေစီ' ရဲ သား ၊
'Fever 109' Band ရဲ့ Founder ဖြစ်သူ အဆိုတော် 'အဒီနို' ကွယ်လွန် 😓😓
----------------------------------------------------------------------
Drummer ဝေထွန်း ရဲ့ တူ ၊အဆိုတော် 'ထရေစီ' ရဲ သား ၊
'Fever 109' Band ရဲ့ Founder ဖြစ်သူ အဆိုတော် 'အဒီနို' ဟာ ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့ညမှာ ကျင်းပလျက်ရှိတဲ့ "Idiots Farewell Tour" မှာ
သီဆိုဖျော်ဖြေနေရင်း နှလုံးရောဂါအခံနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ (၃၇) နှစ် ရှိပြီဖြစ်တဲ့ အဆိုတော် ' အဒီနို' ဟာ ငယ်စဉ်ကတည်းက Drum တီးခတ်ခဲ့သူလည်း ဖြစ်ပါတယ်။အဆိုတော် Adino ဟာ နေမကောင်းလျက်နဲ့ ဖျော်ဖြေနေခဲ့တာ ဖြစ်ပြီး မကွယ်လွန်ခင်မှာ အဆိုတော်ရေမွန် "မငိုနဲ့တော့" သီချင်းကိုသီဆိုနေစဉ် လဲကျ ကွယ်လွန်ခဲ့တာ ဖြစ်ကြောင်းသိရပါတယ် 😓😓

'အဒီနို' ကွယ်လွန်သွားခြင်းအတွက် Band နဲ့အတူ နောက်ဆုံးရိုက်ခဲ့တဲ့ပုံလေးကိုလွမ်းဆွတ်တမ်းတရင်း ကျန်ရစ်သူမိသားစုနဲ့ထပ်တူ Media Queen မှ ဝမ်းနည်းမှတ်တမ်းပြုအပ်ပါတယ်။ကောင်းရာမွန်‌ရာရောက်ပါစေလို့ ဆုတောင်းလျက် 🙏🙏



'sSon

25/10/2025

" ဆရာသော်ဒီဝေ မဆုံးခင် ပထမရက်မှာ ဖုန်းပြောလိုက်ရပါတယ်။ ဆရာ့ဆီ ကျွန်တော် မနက်ဖန်ရောက်မယ်လို့ ပြောခဲ့တာပေါ့နော်။ ကိုယ်လည်း မေမြို့အရောက် သူလည်းဆုံးသွားခဲ့တာလေ။ ကပ်လွဲလေး လွဲသွားတာပေါ့ "
.... လို့ပြောပြလာတဲ့ THOR ဦးဝင်းမြင့်သိန်း နှင့် ဆရာ သော်ဒီဝေ အကြောင်း တစေ့တစောင်း


#ဦးဝင်းမြင့်သိန်း


#ဆရာသော်ဒီဝေနဲ့ကပ်လွဲ‌လေးလွဲခဲ့တယ်

25/10/2025

" ပန်းချီ ငိုတယ်ဆိုတာက ပီတိမျက်ရည်တွေပါ။ ဒါကို လူတွေက အပိုတွေလို့ ပြောကြတယ်ပေါ့နော်။ ဘလိန်းနေရအောင် ကိုယ်တိုင်ရော အဲဒီ့လို အချစ်ခံရဖူးလား ? လက်ထပ်ခွင့်တောင်းခံရဖူးလား ? Pre Wedding ရိုက်ခံရဖူးလား ? လို့ တွေးကြည့်ကြပါ "
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် စင်သီယာ နှင့် မေပန်းချီ အကြောင်း တစေ့တစောင်း


#စင်သီယာ


#ပန်းချီကိုဘလိန်းသူတွေကိုမေးခွန်းထုတ်လိုက်တဲ့စင်သီယာ

25/10/2025

" ငယ်ဇင်ရဲ့ Pre Wedding ပုံလေးတွေ ကြည့်ပြီးပါပြီ။ ကိုသားငယ် တင်ထားတာ တွေ့တယ်ပေါ့နော်။ အားကျသလို သဘောလည်း ကျပါတယ်။ ကျွန်တော့်အလှည့်ကျရင် ဖူဂျီတောင်ပေါ်သွားမှာပါ " ‌
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် ဟိန်းရတု နှင့် ငယ်ဇင် အကြောင်း တစေ့တစောင်း


#ဟိန်းရတု


#ငယ်ဇင်ကိုအားကျလို့ဖူဂျီတောင်သွားမယ့်ဟိန်းရတု

25/10/2025

" အရီးတောင်းကို ရန်ကုန်မှာ Officially ဝယ်လို့ရပြီဆိုတော့ အရမ်းပျော်ပါတယ်။ နန်းသူဇာက ကြက်ခြေနီနှပ် အရမ်းကြိုက်တာပါ။ ကြက်ခြေနီနှပ်က တော်တော်ကောင်းတာပါ။ ဟိုးအရင်ကတည်းက စားလာတာပေါ့နော်။ ကြက်ခြေနီနှပ် နဲ့ ဇယန်းနှပ်ကို အကြိုက်ဆုံးဆိုတော့ … ? "
.... လို့ပြောပြလာတဲ့ အရီးတောင်း ရန်ကုန်ဆိုင်ခွဲသစ်ဖွင့်ပွဲ အခမ်းအနား သို့ ဂုဏ်ပြုတက်ရောက်ခဲ့သော မော်ဒယ် နန်းသူဇာ နှင့် တွေ့ဆုံခြင်း


#နန်းသူဇာ


#အရီးတောင်းနဲ့ယောက္ခမကိုဖားဖို့လမ်းပြလိုက်တဲ့နန်းသူဇာ

25/10/2025

" မမစိုးပြည့် ဟင်းချက်တာကို အရမ်းကြိိုက်ပြီး သဘောကျတာပါ။ ဟင်းချက်ကောင်းတဲ့ အစ်မတစ်ယောက် ရတာပေါ့နော်။ ချက်ကျွေးဖို့တော့ ပူဆာရမှာပေါ့။ မဖြစ်မနေ ပူဆာရမယ့်အရာထဲမှာ ပါတယ် "
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် Ellaရွှေစင် နှင့် စိုးပြည့်သဇင် အကြောင်း တစေ့တစောင်း


#အယ်လာရွှေစင်


#ဟင်းချက်ကောင်းတဲ့ယောင်းမရလို့ပျော်နေတဲ့Ella

25/10/2025

" ခုနှစ်ထွေည ဇာတ်ကိုဖတ်လိုက်တဲ့အချိန်မှာ သာ ရဲ့ အနုပညာစွမ်းရည်ကို ချပြရမယ့်အခန်းတွေပါလို့ လက်ခံလိုက်တာပါ။ မအေးသောင်းလည်းဖြစ်နေလို့ လုပ်ကြည့်ချင်တယ်ပေါ့နော်။ ကိုယ့်အတွက် အနုပညာကျန်မယ်လို့လည်း ခံစားရတာမို့ … ? " ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် သံသာညီ နှင့် ခုနှစ်ထွေည အကြောင်း တစေ့တစောင်း


#သံသာညီ


#မအေးသောင်းနဲ့အတူအနုပညာစွမ်းရည်ချပြတော့မယ့်သာ

25/10/2025

" မြှူပြီးတိုက်ဆိုလို့ ခါးကော့ပြီးကြမ်းတိုက်ခဲ့တာပါ။ သီချင်းလေးညည်းနေတာက "မ"သံ ပေးနေတာပေါ့နော်။ ကြမ်းတိုက်တာနဲ့ သပြေကို တွဲမြင်သွားကြလို့ အရမ်းပျော်ပါတယ်။ တချို့ဆိုရင် သင်းသဲဗိုလ်ကို အိမ်အကူအခန်း မရိုက်ခိုင်းပါနဲ့လို့ ပြောနေကြပြီ "
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် သင်းသဲဗိုလ် နှင့် ရမ္မက် အကြောင်း တစေ့တစောင်း


#သင်းသဲဗိုလ်


#သပြေကြောင့်ရန်ကုန်မှာအိမ်အကူတွေရှားကုန်ပြီ

25/10/2025

" ခုနှစ်ထွေည မှာ ပါမယ့်ကလေးတွေက (၂၀)ပတ်ချာလည်တွေချည်းပါပဲ။ သားတွေ (၇)ယောက်တောင်ရတော့ ပျော်တာပေါ့။ ကိုယ့်အသက်က (၄၀)ကျော်နေပြီဆိုတော့လေ။ ဒါပေမယ့် မေမေပေါက်တော့ ဖြစ်နေပြီ "
.... လို့ပြောပြလာတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း နှင့် ခုနှစ်ထွေည အကြောင်း တစေ့တစောင်း


#အေးဝတ်ရည်သောင်း


#သား၇ယောက်အမေဖြစ်ရလို့ပျော်နေတဲ့မေမေပေါက်

အနုပညာရှင်များ တက်ရောက်ခဲ့တဲ့  Radiant Rays ရဲ့ Soft Launch Event အခမ်းအနား🥳👏🎉🎊 ••••••••••••••••••••••••••••••••••••••••...
25/10/2025

အနုပညာရှင်များ တက်ရောက်ခဲ့တဲ့ Radiant Rays ရဲ့ Soft Launch Event အခမ်းအနား🥳👏🎉🎊
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Radiant Rays ရဲ့ Soft Launch Event အခမ်းအနားကို အောက်တိုဘာလ(၂၅)ရက်နေ့က ရန်ကုန်မြို့ရှိ Junction City, Promotion Area မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်ခဲ့ပြီး သရုပ်ဆောင် စိန်ဖြိုး + ရီရီပွင့်ဖြူ , အဆိုတော် ဖြိုးပြည့်စုံ , ဂျူဝယ် တို့က ဂုဏ်ပြုတက်ရောက်ခဲ့ကြပြီး သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး အိမ်သုံး Battery Backup Package တွေကို အဓိကရောင်းချပေးခဲ့တဲ့အပြင် Brand အသစ်ဖြစ်တဲ့ Sonnenkraft Battery တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ် 🥳👏🎉🎊

ပွဲတက်ရောက်သူတွေအတွက် သီးသန့် special promotion အနေနဲ့ Radiant Rays Soft Launch Event package 6 %50% downpayment $ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်ပြီး လက်ငင်းဝယ်ယူသူတွေအတွက်ကတော့ 20% အထိ Discount ပေးခဲ့ပါတယ်။ Radiant Rays မှာ ဆိုလာနဲ့ပက်သက်တဲ့ product တွေကိုရောင်းချပေးတဲ့အပြင် ဝယ်ယူလိုက်တဲ့ product တွေကိုလည်း installation service တွေပါ one-stop ဆောင်ရွက်ပေးနေပါတယ်။ Customer တွေအတွက်အဆင်ပြေစေဖို့ရည်ရွယ်ပြီး ဆိုလာနဲ့စပ်ဆက်ပစ္စည်းတွေဝယ်ယူဖို့ အတွက် payment option အမျိုးမျိုးလည်း ရှိပါတယ် 🥳👏🎉🎊

လုပ်ငန်းသုံး ဆိုလာစနစ်တွေအတွက်ကိုလည်း 30% Down Payment နဲ့ Accessible solar solution တွေရှိနေတဲ့အပြင် Private PPA လိုမျိုး Radiant Rays အနေနဲ့ ဆိုလာတပ်ဆင်စရိတ် လုံးဝပေးစရာမလိုပဲ တစ်ယူနစ်ကို (၄၅၀)ကျပ်သာ ကောက်ခံပြီး ဝန်ဆောင်မှုပေးတဲ့စနစ်တွေလည်း ရှိနေတာမို့ အိမ်သုံးရော လုပ်ငန်းသုံးအတွက်ရော တစ်နေရာထဲမှာ အကုန်ရရှိနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ် 🥳👏🎉🎊





Address

YE BAW (2) Street, N O1400, PHANT KAN O UARTER, INSEIN TOWNS HIP, YANGON
Yangon
11011

Alerts

Be the first to know and let us send you an email when Media Queen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Media Queen:

Share