06/09/2026
IMPERIAL DIAMOND မှ Main Sponsor အဖြစ် ပါဝင်ထားသော All for LOVE IMPERIAL NOVOTEL Wedding Fair 2026 ပွဲကြီး ပထမနေ့ ပုံရိပ်များ … 🥳🤵🏻👰🏻👏🏻🎉🎊
************************************************************
NOVOTEL HOTEL YANGON နဲ့MY DREAM One Stop Wedding Service & Eventတို့ ပူးပေါင်းတင်ဆက်မယ့် All for LOVE IMPERIAL NOVOTEL Wedding Fair 2026 အခမ်းအနားကြီးကို စက်တင်ဘာလ (၅)ရက် , (၆)ရက်နေ့များတွင် NOVOTEL HOTEL မှာ (၂)ရက်တိုင်တိုင် ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး စက်တင်ဘာလ (၅)ရက်နေ့(ပထမနေ့)မှာတော့ တာဝန်ရှိသူများ , ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့်အတူ သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင် , အကယ်ဒမီများရှင် ကျော်ရဲအောင် , အကယ်ဒမီများရှင် မေသန်းနု , လှမျိုးသဉ္ဇာနွယ် , အောင်မင်းခန့် + ဂရေ့စ်ထူး , အကယ်ဒမီ မေမြင့်မိုရ် , အကယ်ဒမီ ခြူးလေး , သန္တာဗိုလ် , မြတ်သူသူ , မှုံနံသာကျော်ရဲအောင် , အလှမယ် အဒီရာဦး , အလှမယ် သဲစုငြိမ်း (Miss Cosmo Myanmar 2026) , အလှမယ် မြင့်မြတ်မိုး(Top-5/ Miss Cosmo 2025 , Miss Cosmo Myanmar 2025) နှင့် အနုပညာရှင် အတတ်ပညာရှင်များစွာ တို့က ဂုဏ်ပြုတက်ရောက်ခဲ့ပြီး နာမည်ကြီး ဖက်ရှင်မော်ဒယ်များစွာက "ဒီဇိုင်နာ ကောင်းမြတ်" ရဲ့ ဖန်တီးမှုလက်ရာများနဲ့ အမိုက်စားလျှောက်လှမ်းခဲ့ကြကာ နိုင်ငံကျော်တီးဝိုင်းအဖွဲ့ Iron Cross နှင့် နိုင်ငံကျော် အဆိုတော် မျိုးကြီး , ဝိုင်ဝိုင်း , ချစ်စမ်းမောင် တို့မှ တေးသီချင်းများစွာဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ် 🥳🤵🏻👰🏻👏🏻🎉🎊
အဆိုပါ Wedding Fair ပွဲကြီးတွင် IMPERIAL DIAMOND , Gold and Jewels မှ Main Sponsor အဖြစ် ပါဝင်ကာ AYA Bank , AYA Pay , AYA Sompo မှ Official Financial Partner , ELLEE international Company မှ Diamond Sponsor , Makeup Sponsor Linn Linn , Media Partner အဖြစ် Media Queen မှ ပံ့ပိုးပေးထားတာဖြစ်ပြီး မင်္ဂလာမောင်နှံများအနေနဲ့ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကာ Wedding Package များဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ် 👏🏻👏🏻👏🏻
&Event