Studio 9

Studio 9 Content creator

ဒါတွေ မသိသေးဘဲ Boost မလုပ်ပါနဲ့ ...==============================Audience အကြောင်းကို အဓိက ရေးမယ်ဆိုပေမယ့် Boost အကြောင်...
23/07/2024

ဒါတွေ မသိသေးဘဲ Boost မလုပ်ပါနဲ့ ...
==============================
Audience အကြောင်းကို အဓိက ရေးမယ်ဆိုပေမယ့် Boost အကြောင်းကို နည်းနည်းလောက် အတိုချုပ်ပြောချင်ပါတယ်။ Boost လုပ်တယ်ဆိုတာ တကယ်တော့ ပန်းဖလက် ဝေသလိုပါပဲ၊ ကိုယ့် page ရဲ့ ဓါတ်ပုံ၊ ဗွီဒီယို၊ post တွေကို ကိုယ် ပြစေချင်တဲ့သူကို ပြပေးဖို့ Facebook ကို ပိုက်ဆံပေးတာပါ။
ဒီမှာ တစ်ခု ရှိတာက ကိုယ့် Page ကို Like ထားတဲ့သူတွေ မမြင်ဘူးလားလို့ မေးစရာ ရှိပါတယ် ...
ဟုတ်ကဲ့ ဇူဇူက ကိုယ့် page ကို Like လုပ်ထားတဲ့သူ အားလုံးကို မပြပေးပါဘူး ပုံမှန်အားဖြင့် ၁၀% - ၂၀% လောက်ကိုပဲ ပြပါတော့တယ်၊ တော်တော်လေး ပေါက်သွားတဲ့ post တွေကတော့ ချွင်းချက်ပေါ့ဗျာ
ကိုယ့် Page က Post ရဲ့ အောက်မှာ
###x Peopled Reached
###x Engagements လို့ ဂဏန်းတွေ တွေ့ပါလိမ့်မယ်၊
Peopled Reached ဆိုတာက ကိုယ့်ရဲ့ Post ကို မြင်တဲ့သူ အရေအတွက်ပါ
Engagements ဆိုတာက Reaction (Like,Love,Wow,Sad ....), Comment & Share အရေအတွက် လို့ အလွယ်မှတ်ပါဗျ
ကိုယ်က Facebook ကို ပိုက်ဆံပေးလိုက်ရင် အဲဒီလိုပုံမှန်ရတဲ့ Reach & Engagements က ပိုပြီးတော့များလာပါတယ်

ဒါကြောင့် Boost လုပ်တယ်ဆိုတာ Facebook က ကိုယ့်ပစ္စည်း၊ ကိုယ့်ဝန်ဆောင်မှုကို ရောင်းပေးတာ မဟုတ်ပါဘူး၊ သူက ပြပဲ ပြပေးတာပါ၊ audience အကြောင်းကို ဆက်ပြောရမယ်ဆိုရင် ပန်းဖလက် ဝေတဲ့ ဥပမာ လိုပဲ တွေ့သမျှလူကို ဝေလိုက်ရင် ပန်းဖလက်ကတော့ ကုန်သွားမယ်၊ တကယ်လာ ဝယ်/ မဝယ်ကတော့ မသေချာပါဘူး၊ ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဝယ်သုံးဖို့ အလားအလာ ရှိတဲ့သူတွေကို လိုက်ဝေမယ်ဆိုရင်တော့ ဝယ်ဖို့ အလားအလာ ရှိပါတယ်။

အဲဒီလိုပါပဲ boost လုပ်တဲ့အခါလည်း audience ကို သေသေချာချာ တိတိကျကျ မသတ်မှတ်ဘဲ Default ပေးထားတဲ့အတိုင်း ၁၈ နှစ်က ၆၅ နှစ် Location က မြန်မာ ဆိုပြီး Boost နေလို့ကတော့ တွေ့သမျှလူကို ပန်းဖလက်ဝေသလိုပဲ ဖြစ်နေမှာပါ။

ကိုယ့်က ဘယ်သူ့ကို ပြစေချင်တယ်လို့ သတ်မှတ်ပေးလိုက်တဲ့ လူအုပ်စုကို Audience လို့ ခေါ်ပါတယ်။ Audience မှာ
🔹 𝐒𝐚𝐯𝐞𝐝 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞
🔹 𝐂𝐮𝐬𝐭𝐨𝐦 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞
🔹 𝐋𝐨𝐨𝐤𝐚𝐥𝐢𝐤𝐞 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 ဆိုပြီး အဓိက (၃) မျိုးရှိပါတယ်
ဒါ့အပြင်
🔹 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐝 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 ဆိုတာရှိပါသေးတယ်

ခုနောက်ပိုင်းမှာတော့
🔹 Advantage+ Audience ဆိုပြီးတော့ Facebook ရဲ့ Ai က ရွေးပေးတဲ့
Audience တိုးလာပြီးတော့ Detailed Targeting တွေကိုလည်း တချို့ဟာတွေကို ဖြုတ်လိုက်ပါတယ်။

𝐒𝐚𝐯𝐞𝐝 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 က
ကိုယ်ကြော်ငြာချင်တဲ့သူကို ရွေးပြီး မှတ်ထားတယ်ပြောရမလား၊ သိမ်းထားတယ်ပြောရမလား .. အဲဒါပါ

𝐒𝐚𝐯𝐞𝐝 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 ဖန်တီးတဲ့အခါ
📌 နာမည်တစ်ခု ပေးရမယ် (ကိုယ်ပေးချင်သလိုပေးလို့ရပါတယ်၊ ကိုပေးထားတဲ့ နာမည်အောက်မှာ ဘယ်လို လူမျိုးတွေ ရွေးထားတယ်၊ ဘာကိုရောင်းဖို့ ရည်ရွယ်တယ်ဆိုတာ ကိုယ်မှတ်မိရင် ရပါပြီ)

📌 Location ရွေးပေးရမယ်
မြန်မာတစ်နိုင်ငံလုံး ရွေးလည်းရတယ်၊ အခြားနိုင်ငံကိုရွေးလည်း ရတယ်၊ ကိုယ့်စိတ်ကြိုက် မြို့တွေ ရွေးလို့ရတယ်၊ ဒါ့အပြင် Map ပေါ်မှာ Pin ထောက်ပြီးလည်း နေရာ တိတိကျကျ ရွေးပေးလို့ရပါတယ်။

📌 အသက်အရွယ် ရွေးရပါမယ်
Default ပေးထားတာက 18 to 65+ ပါ၊ အငယ်ဆုံး ၁၅ နှစ်အထိ ရွေးလို့ရပါတယ်။
ကိုယ်ပစ္စည်းကို ဝယ်မယ့်သူတွေက ဘယ်အရွယ်တွေလဲ ကိုယ့်ဟာကိုယ်ချင့်ချိန်ပါ၊
ယောင်္ကျားလေး သီးသန့်လား၊ မိန်းကလေးသီးသန့်လား၊ (၂) မျိုးလုံလား ရွေးလို့ရတယ်။

ပြီးသွားရင် Detailed Targeting ဆိုပြီးတော့
𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭, 𝐁𝐞𝐚𝐡𝐚𝐯𝐢𝐨𝐮𝐫, 𝐃𝐞𝐦𝐨𝐠𝐫𝐚𝐩𝐡𝐢𝐜 ဆိုပြီးတော့ (၃) ခု ကို ရွေးလို့ရပါတယ်။

𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭 ခေါင်းစဉ်ရဲ့ အောက်မှာ
🔸Business and Industry
🔸Entertainment
🔸Family and relationships
🔸Fitness and wellness
🔸Food and drink
🔸Hobbies and activities
🔸Shopping and fashion
🔸Sports and outdoors
🔸Technology ဆိုပြီးတော့ (၉) ခုရှိပါသေးတယ်တယ်၊ ခေါင်းစဉ် တစ်ခုခြင်းအောက်မှာ အများကြီးကျန်ပါသေးတယ်။

𝐃𝐞𝐦𝐨𝐠𝐫𝐚𝐩𝐡𝐢𝐜 ခေါင်းစဉ်အောက်မှာ
🔸Education
🔸Financial
🔸Life Events
🔸Parents
🔸Relationship
🔸Work ဆိုပြီးတော့ ကဏ္ဍ တွေရှိပါတယ် တစ်ခုခြင်းအောက်မှာ အများကြီးရှိပါသေးတယ်

𝐁𝐞𝐚𝐡𝐚𝐯𝐢𝐨𝐮𝐫 ခေါင်းစဉ်အောက်မှာ
🔸Anniversary
🔸Consumer Classification
🔸Digital Activities
🔸Expats
🔸Mobile Device User
🔸Mobile Device User/Device Use Time
🔸More Categories
🔸Multicultural Affinity
🔸Politics (US)
🔸Purchase Behavior
🔸Ramadan (Month)
🔸Soccer
🔸Travel ဆိုပြီးတော့ ထပ်ရှိပါသေးတယ်၊ ဒါ့အပြင် ထုံးစံအတိုင်း ခေါင်းစဉ် တစ်ခုခြင်းအောက်မှာ အများကြီးရှိပါသေးတယ်။

အဲဒီအထဲကမှ ကိုယ့် ကုန်ပစ္စည်း/ လုပ်ငန်းနဲ့ ကိုက်ညီတဲ့အချက်အလက်တွေကို ရွေးထည့်ရပါတယ်။
အဲဒါပြီးသွားရင် ကိုယ့် Audience ကို ပိုပြီးတော့ တိကျစေချင်ရင် Narrow Audience မှာ ထပ်ရွေးလို့ရသေးတယ်။

အတိုပြန်ချုပ်လိုက်မယ်ဆိုရင် Save Audience တစ်ခုဖန်တီးလိုက်တယ် ဆိုပါတော့
ABC ဆိုတဲ့ Audience နာမည်မှာ
Location – Yangon
Age – 16 to 35
Gender – All
Detail Targeting – Motivation (Interests)/ Reading (Interests)/ In Collage (Demographic)
လို့ ရွေးလိုက်ပြီးတော့ Narrow Audience မှာ အပေါ်မှာပြောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့အပြင် ဒီအချက်နဲ့လည်း ကိုက်ညီရမယ်ဆိုပြီးတော့ ထပ်ချုံ့လိုက်တာပါ။
အဲဒါတွေ အားလုံး ရွေးပြီးလို့ ဆေ့လိုက်ရင် Saved Audience တစ်ခု ရလာပါပြီ။

ဒါဆိုရင် 𝐂𝐮𝐬𝐭𝐨𝐦 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 ကို ဆက်သွားရအောင်ပါ
Custom Audience တစ်ခုဖန်တီးတော့မယ်ဆိုရင်
Website - ကိုယ့်မှာ ဝက်ဆိုက် ရှိရင် ကိုယ့်ဝက်ဆိုက်ကို ဝင်ကြည့်တဲ့သူတွေ
App Activity - ကိုယ်မှာ Mobile App ရှိရင် အဲဒီ app ကို သုံးနေတဲ့သူတွေ
Customer List - ကိုယ့်က ဝယ်သူတွေရဲ့အချက်အလက်တွေကို စုဆောင်ထားမယ်ဆိုရင် အဲဒီသူတွေ
Video - ကိုယ့်ရဲ့ page က ဘယ် ဗွီဒီယို ကြည့်သွားတဲ့သူတွေ
Instagram account - ကိုယ့်ရဲ့ IG အကောင့်ကို ဝင်ကြည့်တဲ့သူ၊ Engagement ဖြစ်တဲ့သူတွေ
Lead Form - ကိုယ်ဖန်တီးလိုက်တဲ့ Lead Form ကို ဖြည့်သွားတဲ့သူတွေ (Lead Form အကြောင်း အချိန်ရရင် သပ်သပ် ရေးပါဦးမယ်)
Event - ကိုယ် page ရဲ့ Event တစ်ခုခုကို Respond လုပ်သွားတဲ့သူတွေ
Instant Experience – Canvas post လို့လည်း သိကြတဲ့ IE ကို ဖွင့်ကြည့်သွားတဲ့သူတွေ
page - ကိုယ့်ရဲ့ page နဲ့ Engagement ဖြစ်တဲ့သူတွေ

စတဲ့သူတွေကို သီးသန့် ပြန်ခွဲထုတ်ပြီး ဖန်တီးလိုက်တဲ့ Audience ပါ။ ဆိုလိုတာက Saved Audience လိုမျိုး ဘယ်မှာနေတဲ့၊ ဘယ်အရွယ်က ဘယ်အရွယ်အထိ မိန်းကလေး/ယောင်္ကျားလေး ဘာကြိုက်တဲ့သူ လို့ မရွေးတော့ဘဲ ကိုယ့် ဝက်ဆိုက်ကို ဝင်ကြည့်တဲ့သူကိုပဲ ကြော်ငြာပေးပါ ဆိုပြီးရွေးလိုက်တာပါ။

ဟုတ်ပါပြီ 𝐋𝐨𝐨𝐤𝐚𝐥𝐢𝐤𝐞 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 ဆိုတာကရော
Lookalike Audience ဆိုတာ အလားသဏ္ဍန်တူသောပေါ့ဗျာ သူ့ကို page သို့မဟုတ် Custom Audience ဆိုတဲ့ အဓိက source ၂ ခုကို အသုံးပြုပြီး ဖန်တီးတာဖြစ်ပါတယ်။ ဥပမာ ဝက်ဆိုက်ကို ဝင်ကြည့်တဲ့သူတွေကို ဖန်တီးထားတဲ့ Custom Audience ရှိတယ် ဆိုရင်
အဲဒီ ဝက်ဆိုက်ကို ဝင်ကြတဲ့သူတွေနဲ့ အလားသဏ္ဍန်တူသော မြန်မာပြည်က နောက်ထပ်လူများလို့ ပြောရမှာပေါ့ဗျာ။ Lookalike Audience မှာ
ပထမဆုံး page ကလား …? Custom Audience ကလား ဆိုပြီးတော့ Source ယူရပါတယ်
ဒုတိယ Location ရွေးရပါတယ်၊ တစ်နိုင်ငံသို့မဟုတ် နိုင်ငံ (သို့မဟုတ်) Region အများကြီး ရွေးလို့ရပါတယ်
တတိယ ကတော့ ကိုယ်ရွေးထားတဲ့ နိုင်ငံ (သို့မဟုတ်) Region မှာ ရှိတဲ့ လူဦးရေရဲ့ ၁% to ၁၀% အထိ ဘယ်လောက် လိုချင်လဲဆိုတာ ရွေးပြီးတော့ Create လုပ်လိုက်ရင် ရပါပြီ ..

ဘယ်လို အခြေအနေမျိုးမှာ ဘယ် Audience သုံးသင့်တယ်၊ ဘာကြောင့် သုံးသင့်တယ်ဆိုတာတွေကိုတော့ အချိန်ရရင် ဆက်ပြီးတော့ ရေးပါဦးမယ် … ခုတော့ စာလည်း တော်တော်ရှည်နေပါပြီ …

မိတ်ဆွေ ခုအချိန်အထိ Audience ကို Default အတိုင်း ရွေးပြီး Boost နေတုန်းပဲလား …? ဒါဆိုရင်တော့ မိတ်ဆွေရဲ့ ဒေါ်လှတွေ လေထဲ ပျံနေကြပီထင်ပါတယ် …

ဒါတွေ သေချာသိသွားပြီဆိုရင်တော့ မိတ်ဆွေရဲ့ Boost ဟာ သေချာပေါက် ထိရောက်လာပါလိမ့်မယ် ..

P.S ဒီစာလေးကလည်း ဟိုးအရင်တုန်းက ရေးထားတာပါ၊ ပြောင်းလဲမှုတစ်ချို့ရှိတယ်ဆိုပေမယ့် အခြေခံသဘောတရားက အသုံးဝင်နေဆဲမို့ ပြန်လည်မျှဝေလိုက်ပါတယ်။

Facebook ကြော်ငြာ ဘယ်လို အလုပ်လုပ်လဲ … ?
============================
ကျွန်တော်တို့ အလွယ်တကူကူ ပြောပြောနေတဲ့ Boost ထိုးတယ်ပေါ့၊ တကယ်တော့ Boost လုပ်တာ တော်တော်ကို လွယ်ပါတယ်၊ လွယ်အောင်လည်း Facebook က ဖန်တီးပေးထားပါတယ်၊ ဒါမှလည်း သူက ပိုက်ဆံရမှာကိုး … Facebook App ကပဲ Page ကို ဝင်ပြီးတော့ boost မလား … Page Manager ကပဲ Boost မလား၊ Facebook Ads က ပဲ boost မလား … Ads Manager ကပဲ boost မလား ကြိုက်တဲ့နေရာက ဘု .. လွယ်ပါတယ် … ဘယ်ကပဲ ဘုဘု ..
Engagement လား … Messages လား .. Video Views လား စတဲ့ Campaign ရွေးမယ်
ကိုယ် ဘုမယ့် Post/ photo/ video တစ်ခုခုကို ရွေးမယ် … Audience ရှိပြီးသားဆို တစ်ခုကို ရွေးမယ် … မရှိသေးရင် အသစ်လုပ်မယ် .. နေရာရွေးမယ် အသက်ရွေးမယ် … Detail Targeting မှာ Interests တွေ ရိုက်ထည့်မယ် … ရွေးမယ် ပြီးသွားရင် ပိုက်ဆံဘယ်လောက် သုံးမယ်၊ ဘယ်နှစ်ရက် ကြော်ငြာမယ် .. ပြီးသွားရင် ပြီးသွားပြီ .. ဘယ်လောက်လွယ်လဲ .. ခက်တာက အဲဒီ Audience ကို ဖန်တီးတာ .. ကြော်ငြာထိရောက်တယ် မထိရောက်တယ် … ဆိုလိုတာက Like များပြီး Sale မတက်တာ အဲဒီမှာ အများဆုံး မူတည်နေပါတယ် …

Audience ဖန်တီးတဲ့အခါ အားလုံးသိတဲ့အတိုင်း (ဒီနေရာမှာ ကျွန်တော် Custom Audience, Lookalike Audience, အကြောင်းတွေ ကို မပြောသေးဘဲ အသုံးအများဆုံး Saved Audience ကို ပြောတာပါ)

Interests
Demographics
Behaviors
အဓိက အပိုင်းကြီး (၃) ပိုင်းရှိပါတယ်။

အဲဒီ (၃) ပိုင်းကို Facebook က ဘယ်လို သတ်မှတ်ထားတာလဲ ..?
ကိုယ် ဘာတွေကို Like လုပ်ထားလဲ … ကိုယ့်ရဲ့ Friend တွေကရော ဘတွေကို Like လုပ်ထားလဲ
ကိုယ့်ရဲ့ Facebook Profile နဲ့ IG Profile က ဒေတာတွေ
ကိုယ် Check In ဝင်တဲ့ နေရာတွေ
ကိုယ်ရဲ့ ဖုန်းနံပါတ်နဲ့
ဘယ်နေရာတွေမှာ Sign Upလုပ်ထားလဲ ဆိုတာတွေ
ကိုယ်ဝင်ကြည့်တဲ့ website တွေ
ကိုယ် ဒေါင်းလိုကိတဲ့ App တွေ
ကိုယ်ချိတ်ဆက်လိုက်တဲ့ အင်တာနက် ကွန်ယက်တွေ
မိုဘိုင်းလား .. ဝိုင်ဖိုင်လား …
စတဲ့ စတဲ့ အချက်တွေနဲ့ သတ်မှတ်ပါတယ်

ဆိုပါစို့
ကျွန်တော်က Facebook Profile မှာ
ဖြည့်ထားတဲ့ မွေးနေ့အရ
🎂 25 years old
👨‍🦰 Male
🏠Yangon
💕 Engaged
Like ထားတာတွေက ထားပါတော့ Car Seeker, TBH Motors, 7 days Car ဘာညာသရကာ
ဆော့တဲ့ ဂိမ်းတွေက DSL, Sim City ဘာညာ သရကာပေါ့

ဟုတ်ပြီ ကျွန်တော်က ကားကုမ္ပဏီပေါ့ ကားရောင်းဖို့ ကြော်ငြာတဲ့အခါ
25 to 55
Male
Yangon
Engage
Interest – Car လို့ ရွေးလိုက်ပြီးတော့
ကြော်ငြာရင် သေချာတယ် Facebook က ကျွန်တော့်ကို ပြမှာပါ

ကျွန်တော် Car Page တွေကို Like ထားတယ် လိုက်ကြည့်တယ်၊ တကယ်လည်း စိတ်ဝင်စားတယ်၊ သဘောကျရင် Like ပေးလိုက်မယ်၊ Share ရင် Share မယ် ..

ဒါပေမယ့် မဝယ်သေးပါဘူးဗျ ..
ဒါကြောင့် Interests ကိုပဲ ရွေးနေသေးသေရွေ့ Target ထိဖို့ မလွယ်သေးပါဘူးဗျ
2020 report အရ Facebook မှာ ရှိတဲ့ Interest စာရင်းဟာ A4 - ရ မျက်နှာ ရှိတယ်ဗျ ..

ကျွန်တော့်ရဲ့ Interest Lists ကို ပြန်ကြည့်တဲ့အခါ
Business and Industry ခေါင်းစဉ်အောက်မှာတင် ၃၀၀ ကျော်တယ်
News & Entertainment
Hobbies & Activities
Technology
Travel, places and events
Education
Food & Drink စတဲ့
အခြား Category တွေကိုတော့ ပျင်းလို့ မနှိပ်ကြည့်တော့ဘူး
စဉ်းစားကြည့်ပေတော့ Scope ဘယ်လောက် ကျယ်လဲဆိုတာ
ဒါဆိုရင် Demographic ကေရော … အဲဒါကလည်း
Owner at ၁၀၉-၁၁၀ တွေ ရှိနေတော့
ကိုယ်က Owner တွေကို ရွေးကြော်ငြာရင်လည်း
Interest ထက်ပိုပြီးတော့ Scope ကျဉ်ပေးမယ့် ရာနှုန်းပြည့်တော့ မမှန်သေးပါဘူးဗျ

Behavior ကတော့ (၃) ခုထဲမှာ အတိကျဆုံးလို့ ပြောလို့ရပါတယ် ..
အထူးသဖြင့် Digital Activity ကတော့ လုံးဝ တိကျတယ်လို့တောင် ပြောလို့ရပါတယ် …
ကြော်ငြာတဲ့အခါ ကိုယ့်ဘယ်သူ့ကိုရောင်းမလဲ
ကိုယ့်ပစ္စည်းကို ဘယ်လိုလူတွေ ဝယ်လဲ
ဘယ်အချိန်မှာ ဝယ်လဲ စတဲ့ စတဲ့ Buyer Persona ကို သေချာဆောက်ပြီးမှ ကြော်ငြာဖို့ လိုပါတယ်
အဲလိုမှမဟုတ်ရင် ကျွန်တော်တို့ ရီစရာ ပြောလေ့ရှိတဲ့ boost ထိုးလိုက်ရင် တောသားတွေ ဝင်မန့်တယ် ဆိုတာမျိုးတွေ ဖြစ်နေပါလိမ့်မယ် …

အဲလို Audience ရွေးတာ မှန်ရင် ရောင်းရပြီလား
လူတွေဟာ တွေ့တိုင်းမဝယ်ဘူးဗျ

ပထမအဆင့် စိတ်ဝင်စားတယ်
ဒုတိယအဆင့် ကြိုက်တယ်
ဒါဆိုရင် နီးစပ်လာပြီ
ဒါပေမယ့် မသေချာသေးဘူး

ကြိုက်တယ် … မလိုသေးဘူး ဆိုရင်လည်း မဝယ်သေးဘူး
ကြိုက်တယ် … လိုလည်း လိုတယ် … ပိုက်ဆံမရှိသေးဘူး … ဆိုရင်လည်း မဝယ်သေးပါဘူး …
ကြိုက်တယ် … လိုတယ် … ပိုက်ဆံလည်းရှိတယ် .. ဒါပေမယ့် အရေးမကြီးသေးရင်လည်း မဝယ်သေးပါဘူး
မကြိုက်တော့ မကြိုက်ဘူး လိုတယ် .. (ဥပမာ နေမကောင်းလို့ ဆေးဝယ်သောက်ရတာမျိုးပေါ့) အဲဒါဆိုရင်လည်း ဝယ်ပါတယ် …
တအားကြိုက်တယ် .. ပိုက်ဆံလည်း ရှိတယ်ဆိုရင် သိပ်တော့မလိုဘူး .. ဆိုပေမယ့် ဝယ်ပါတယ်
စသည်စသည်ဖြင့် စဉ်းစားကြည့်ပါ ..

ကိုယ်ဘယ်အချိန်မှာ ပစ္စည်းတစ်ခုကို ဝယ်လဲ .. ဘာကြောင့်ဝယ်လဲ …
ကိုယ်ရောင်းတဲ့ပစ္စည်းကို လူတွေ ဘာကြောင့် ခု ဝယ်ရမလဲ ..
အဲဒါကို မြင်အောင် ပြနိုင်ရင်
အစ်ကိုတို့ အစ်မတို့ ရောင်းရပါပြီ …

အဲဒါတွေ မစဉ်းစားဘဲ .. မပြင်ဆင်ဘဲ … အားအားနေ Boost ပဲလုပ် .. မရောင်းရတိုင်း boost ထပ်လုပ်နေရင်တော့ ဇူကာဘတ် ကို အလှူလုပ်နေတာနဲ့ အတူတူပါပဲဗျ …

ကျေးဇူးအများကြီးတင်ပါတယ်

ကျွန်တော် အောင်ကိုဦိးပါ

P.S ဟိုးအရင်က တင်ဖူးပြီးသားဆိုပေမယ့် ခုလိုအချိန်မှာ ပိုပြီးတော့လိုအပ်မယ်ထင်လို့ ပြန်တင်ပေးလိုက်ပါတယ်





-이만하면 충분하다 싶은 애정이 어딨어,     -더 좋아해 줘 그냥 계속해서 나를 좋아해 줘.....       //09941652160 ( Viber )
06/07/2023

-이만하면 충분하다 싶은 애정이 어딨어,
-더 좋아해 줘 그냥 계속해서 나를 좋아해 줘.....



//09941652160 ( Viber )

-내 인생은 내꺼니까..-잠시 쉬어도 세상이 안 무너져요..       // 09941652160 ( Viber )
04/07/2023

-내 인생은 내꺼니까..
-잠시 쉬어도 세상이 안 무너져요..



// 09941652160 ( Viber )

- 당신은 제가 꿈꾸던 여자에요.       // 09941652160 ( Viber )
27/03/2023

- 당신은 제가 꿈꾸던 여자에요.



// 09941652160 ( Viber )

-당신이 행복해지는 것들을 아낌없이 놀리세요.           - 당신보다 소중한 건 없으니까요......✌️     // 09941652160 (Viber)
24/02/2023

-당신이 행복해지는 것들을 아낌없이 놀리세요.
- 당신보다 소중한 건 없으니까요......✌️



// 09941652160 (Viber)

05/01/2023

🫰Happy Mother 's Day Par

(♡⁠‿⁠♡⁠) “My Mother”⊂⁠(⁠•⁠‿⁠•⁠⊂⁠ ⁠)⁠*⁠.⁠✧

🤍အမေ အမြဲတမ်း
ကျန်း"မာ" ပျော်"ရွှင်"လေးနေပေးပါ။

2023ရဲ့ 1လပိုင်းထဲ မှာFree Portrait Giveaway 2 ယောက် Solo or couple ပေးပါမယ်ဗျာ။Giveaway မှာ ပါဝင်ကံစမ်းမယ်ဆိုရင်......-...
28/12/2022

2023ရဲ့ 1လပိုင်းထဲ မှာ
Free Portrait Giveaway
2 ယောက် Solo or couple ပေးပါမယ်ဗျာ။

Giveaway မှာ ပါဝင်ကံစမ်းမယ်ဆိုရင်......
- Page ကို Like and Follow လုပ်ပေးပါ။

-Giveaway post ကို friend 5 ယောက်ကို Tag တွဲပေးပီး public နဲ့ share ပေးပါ။

- 2023 January လအတွင်းသာ အကျုံးဝင်ပါမည်။
- Yangon အတွင်းသာ ဖြစ်ရမည်။
- Admin Location ရွေးချယ်ပါမည်။
- Facebook တွင် share ထားသော SC နှင့်အတူ Post အောက်တွင် Cmtပေးပါရန်။

-Giveaway Winner ကို January (12) ရက်နေ့မှာကြေငြာပေးပါ့မယ်။

-Promotion Giveaway post share ထားသူများအတွက် 15ပုံ Package မှာ 5000ks Discount ရှိပါမယ်ဗျ။ ( Jan လ အတွင်းသာ )

ပုံရိုက်ချင်လို့ အသေးစိတ်မေးမြန်းလိုပါက
Contact - 09941652160( Viber )

Studio 9

✌️ကိုအားကျရတဲ့အတွဲလေး......      🤍ထာဝရ‌ရွှေ လက်တွဲသွားနိုင်ပါစေ.........။
21/12/2022

✌️ကိုအားကျရတဲ့အတွဲလေး......
🤍ထာဝရ‌ရွှေ လက်တွဲသွားနိုင်ပါစေ.........။



15/12/2022

ဒါကတော့
Memory Card(sd card)ကို ဘယ်လိုလုပ်ထားသလဲဆိုတာကိုသိရဖို့
ကတ်ကိုထက်ပိုင်းချိုးလိုက်ပါ
ထက်ပိုင်းချိုးယုံနဲ့အတွင်းက memoryပျက်မသွားပါဘူး
အပေါ်ဘက်ပိုင်းမှာသာmemory saveနိုင်တဲ့နေရာရှိတာပါ
အောက်ဘက်ကလုံးဝအလွတ်ကြီးပါ
အပေါ်ကဖုံးထားတဲ့ကော်ကိုတစ်ခုခုနဲ့ခြစ်ပါ
ပါတ်လမ်းသဖွယ်ကြေးပြားသေးသေးလေးတွေ့ရပါလိမ့်မယ်
အဲ့ကြေးပြားလေးဖယ်လိုက်ပါ
အောက်မှာမှ memory ကို saveလုပ်နိုင်တဲ့ ဖလင်ပြားလိုလို၊cd ခွေကဲ့သို့ကော်ပြားလိုလိုတွေ့ရပါလိမ့်မယ်
အလုပ်လုပ်ပုံကတော့cdပြားလိုပါပဲ
ဒါပေမယ့် ကြေးပြားရဲ့ပါတ်လမ်းကြောင်းအသေးစားလေးတွေနဲ့အဲ့ဒီ့ဖလင်နဲ့ကို ညာဘက်ထိပ်ဆုံးထောင့်နားမှာ
လျှပ်စီးကြောင်းတစ်ခုနဲ့ချိတ်ထားပါတယ်
ဖလင်ပြားကcdလိုပဲ ဒါပေမယ့် အသေးစိပ်ချုံ့ထားတဲ့
Gb တို့ Mbတို့လို ထည့်နိုင်မယ့်ပမာဏချုံ့ထားတဲ့အခန်းငယ်လေးတစ်ခုပါ
ပြောရရင်cdပြားကိုသေးသေးလေးလုပ်လိုက်တာဗျာ
ဒါပေမယ့်ဝင်ဆန့်တဲ့ပမာဏကတော့ အခန်းအလိုက် အနည်းအများကွဲသွားကြတယ်။
ဒီလောက်ဆိုMemory card ကိုဘယ်လိုဖန်တီးထားကြလဲ သိလောက်ပြီထင်ပါတယ်
ကတ်ကြိုးသွားရင်လွှတ်မပြစ်နဲ့အရေးကြီးတဲ့အချက်အလက်တွေပါသွားတတ်တယ်
ဒါကြောင့်ကျွမ်းကျင်သူတွေနဲ့ပြပြီးအထဲကdataတွေမှတ်တမ်းတွေပြန်ရှာကြပါ။
လိုအပ်တာတွေရှိရင်ဝေဖန်ပေးကြပါ။

Credit…..Soe Lwin Kyaw

Address

Yangon

Telephone

+959941652160

Website

Alerts

Be the first to know and let us send you an email when Studio 9 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Studio 9:

Share

Category