Holiday Bread & Cake

Holiday Bread & Cake Affordable & High Quality

25/06/2025

အသက်ရှည်နုပျိုစေဖို့ ဗီတာမင်များရဲ့အရေးပါပုံ

ဗီတာမင်များကို မြန်မာတို့က သက်စောင့်ဆေးဟုလည်း တင်စားခေါ်ဝေါ်လေ့ရှိသည်။ ဗီတာမင် အမျိုးအစား များစွာရှိရာ အဓိကအနေနှင့် ရေတွင်ပျော်ဝင်သော ဗီတာမင်များ (Water-soluble vitamins) နှင့် ဆီတွင်ပျော်ဝင်သော ဗီတာမင်များ (Fat-soluble vitamins) ဟူ၍ အုပ်စု (၂) ခုခွဲထားသည်။ အဆိုပါ ဗီတာမင်များအားလုံးသည်ရှိသင့်သည့် ပမာဏအတိုင်းရှိပါမှ ကျန်းမာပြီးအသက်ရှည်နိုင်မည်ဖြစ်သည်။ ဗီတာမင်တစ်မျိုးသည် ရှိသင့်သည့်ပမာဏအောက် လျော့နည်းနေပါက အဆိုပါဗီတာမင် ချိုတဲ့သည့် ရောဂါလက္ခဏာများကို တွေ့ရှိခံစားရပေလိမ့်မည်။ ထိုအခါ အဆိုပါဗီတာမင်ကို ပြန်လည်ဖြည့်တင်းပေးပါမှ အဆိုပါရောဂါလက္ခဏာများ သက်သာပျောက်ကင်းသွားမည်ဖြစ်ပြီး အဆိုပါဗီတာမင် ချို့တဲ့မှန်းမသိဘဲ အခြားရောဂါထင်ပြီး ဆေးကုနေပါက အနာတခြား ဆေးတခြားဖြစ်ကာ ရောဂါလည်းသက်သာမည် မဟုတ်ပေ။ ဥပမာအားဖြင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အစားနည်းသူများသည် ဗီတာမင်စီ ချို့တဲ့နေတတ်ပါသည်။

ထိုအခါ ဗီတာမင်စီ ချို့တဲ့သည့်လက္ခဏာဖြစ်သော သွားဖုံး၌သွေးထွက်ခြင်း၊ အရေပြား၌ အညိုရောင်အကွက်များ ပေါ်လာတတ်ခြင်း၊ အနာကျက်နှေးခြင်း အစရှိသည့်လက္ခဏာများ ကြုံတွေ့ရလေ့ရှိသည်။ အဆိုပါလူနာများကို ဗီတာမင်စြွီကယ်ဝသည့် ချဉ်ပြီးအရည်ရွှမ်း သော သစ်သီးများစားစေခြင်း သို့မဟုတ် ဗီတာမင်စီဆေးပြားများ သောက်စေခြင်းဖြင့် အဆိုပါ ရောဂါလက္ခဏာများ ခဏအတွင်း သက်သာပျောက်ကင်းသွားပေလိမ့်မည်။ ထို့ကြောင့် ဗီတာမင်အားလုံးသည် ကျန်းမာရေးအတွက် လွန်စွာမှ အရေးပါလှသည်။ အသက်ရှည်လိုသူများအနေနှင့် မိမိ၏ခန္ဓာကိုယ်တွင်း၌ ဗီတာမင်များ ပြည့်ဝစွာရှိနေဖို့ အရေးကြီးလှပါသည်။

အဆိုပါဗီတာမင်များသည် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၌ နေ့စဉ်အသုံးပြုနေရသဖြင့် နေ့စဉ်လိုအပ်လျက် ရှိနေပါသည်။ အချို့သော ဗီတာမင်များမှာ ခန္ဓာကိုယ်တွင်း သိုလှောင်ထားနိုင်သဖြင့် တစ်ခါတည်းများများစားထားလျှင် နောက်ရက်များတွင် မစား ဖြစ်ပါကလည်း ပြဿနာမရှိပေ။ အထူးသဖြင့် ဆီ၌ပျော်ဝင်သော ဗီတာမင်များသည် ခန္ဓာကိုယ်အတွင်းရှိ အဆီများ၌ပျော်ဝင်လျက် သိုလှောင်ထားနိုင်သည်။ အချို့သော ဗီတာမင်များကို အသည်း၌ သိုလှောင်ထားနိုင်သည်။ သို့ရာတွင် အချို့သောဗီတာမင်များ (ဥပမာ ဗီတာမင်ဘီအုပ်စုနှင့် ဗီတာမင်စီ) မှာမူ ခန္ဓာကိုယ်တွင်း၌ သိုလှောင်ထားနိုင်ခြင်းမရှိ၍ နေ့စဉ်စားသောက်နေသည့် အစားအစာတွင် ပုံမှန်ပါဝင်နေရန် လိုအပ်ပါသည်။ ဤနေရာတွင် အရေးကြီးသည့်အချက်တစ်ခုကို တင်ပြလိုပါသည်။ လူတို့ နေ့စဉ်သွားလာ လှုပ်ရှားဖို့နှင့် ကျန်းမာစေဖိို့ လိုအပ်သောဗီတာမင်ပမာဏနှင့် အသက်ရှည်စေရန်လိုအပ်သည့် ဗီတာမင်ပမာဏမှာ ကွာခြားမှုရှိသည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဗီတာမင်စီသည် နေ့စဉ်လိုအပ်ချက်မှာ ၇၅-၉ဝ မီလီဂရမ်သာဖြစ်သော်လည်း အသက် ရှည်စေရန်အတွက် အင်တီအောက်ဆီဒင့်အာနိသင် ရရှိဖို့လိုအပ်ရာ တစ်နေ့လျှင် ၁၀၀၀-၂၀၀၀ မီလီဂရမ်အထိ လိုအပ်မည်ဖြစ်ပါသည်။ အခြားသော ဗီတာမင်များမှာလည်း ထိုနည်းအတူတူ ဖြစ်ပါသည်။ အချို့သော ဗီတာမင်များမှာ လိုသည်ထက် ပို၍စားသုံးပါက ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် ဆီ၌ပျော်ဝင်သော ဗီတာမင်များသည် ခန္ဓာကိုယ်က ပိုလျှံနေသော ပမာဏကို စွန့်ထုတ်နိုင်ခြင်း မရှိ၍ ကျန်းမာရေးပြဿနာ ပေးနိုင်ပါသည်။ အဆိုပါ ဗီတာမင်များ၏ ပုံမှန်ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်သည့် ပမာဏနှင့် အသက်ရှည်နုပျိုစေရန် လိုအပ်သည့် ပမာဏတို့ကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)
"ဇရာကိုအန်တုခြင်း" စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

25/06/2025
23/06/2025

အက်ပဲလ်ကုမ္ပဏီဟာ သူ့ Devices တွေရဲ့ Operating System အမည်ပေးတဲ့ပုံစံကို အပြောင်းအလဲလုပ်တော့မယ်လို့ကြေညာလိုက်ပါတယ်။

OS နံပါတ်သတ်မှတ်ပုံစံသစ်ဟာ အက်ပဲလ်ရဲ့ ယခင်စနစ်ကို ရိုးရှင်းအောင် ပြုလုပ်လိုက်တာဖြစ်ပါတယ်။ အရင်စနစ်မှာဆိုရင် Phone iOS 18 ထွက်နေချိန်မှာ watchOS 11 နဲ့ visionOS 2 ဆိုပြီး မတူညီတဲ့ Devices အသီးသီးမှာ မကိုက်ညီတဲ့ နံပါတ်တွေပေးထားပါတယ်။

အသစ်ထုတ်မဲ့ Devices တွေမှာတော့ ယခင်ကအမည်ပေးပုံမဟုတ်တော့ဘဲ နှစ်အလိုက် အမည်ပေးသွားမှာဖြစ်ပါတယ်။ တိတိကျကျပြောရရင် နောက်နှစ် ၂၀၂၆ ခုနှစ် ကစပြီး သတ်မှတ်သွားမှာပါ။

ဒါကြောင့် နောက်နှစ်ထွက်အိုင်ဖုန်းတွေမှာ iOS 26 ရရှိမှာဖြစ်ပြီး၊ အက်ပဲလ်ကွန်ပျူတာတွေအတွက် macOS Tahoe 26 ကို ရရှိမှာပါ။ ဒါ့အပြင် iPadOS 26၊ watchOS 26၊ tvOS 26 နဲ့ visionOS 26 တို့အသီးသီးဖြစ်လာမှာဖြစ်ပါတယ်။ နောက်နှစ်တိုင်းအဲ့လိုအမည်ပေးသွားမှာဖြစ်တဲ့အတွက် I devices တွေရဲ့ ဆော့ဝဲလ်ဟာ နောက်ဆုံးပေါ်ဗားရှင်းမားလားဆိုတာ လွယ်လွယ်ကူကူသိနိုင်တော့မှာပါ။

ဒီသတင်းကို အက်ပဲလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာဆော့ဖ်ဝဲဖွံ့ဖြိုးရေး ညီလာခံ Worldwide Developers Conference (WWDC) မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

23/06/2025

လူတို့ အိုမင်းလာရခြင်း အကြောင်းအရင်းများထဲတွင် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေး အခြေအနေများကလည်း လွှမ်းမိုးမှုရှိကြောင်း စိတ်ပိုင်းဆိုင်ရာပညာရှင်များက တင်ပြခဲ့ရာ ယင်းတို့အနက် အောက်ဖော်ပြပါပုံထဲမှ စိတ်ပညာရှင် 𝐌𝐚𝐬𝐥𝐨𝐰 က ၁၉၄၃ ခုနှစ်မှာ လူသားတို့ အသက်ရှည်ရပ်တည်နိုင်ဖို့ လိုအပ်ချက်အဆင့် (၅) ဆင့်ကို တင်ပြပေးခဲ့ပါသည်။

မတ်စလိုး၏ လူတို့လိုအပ်ချက်များဆိုင်ရာ အယူအဆ (𝐌𝐚𝐬𝐥𝐨𝐰'𝐬 𝐡𝐢𝐞𝐫𝐚𝐫𝐜𝐡𝐲 𝐨𝐟 𝐧𝐞𝐞𝐝𝐬)

၁၉၄၃ ခုနှစ်တွင် စိတ်ပညာရှင်တစ်ဦးဖြစ်သူ မတ်စလိုးက လူသားတို့၏ လိုအပ်ချက်နှင့် ပတ်သက်၍ အဆင့် (၅) ဆင့်ရှိကြောင်း တင်ပြခဲ့သည်။ အဆိုပါအဆင့်များ အားလုံးပြီးပြည့်စုံစေရန် လူသားတိုင်းကြိုးစားကြသော်လည်း အနည်းငယ်သော ပမာဏ သာလျှင် အချက် (၅) ချက်စလုံးကို ရယူပိုင်ဆိုင်နိုင်ကြသည်။ ထို့ကြောင့် အဆိုပါအချက်များကို ပိရမစ်ပုံစံနှင့် နှိုင်းယှဉ်ဖော်ပြထားသည်။ အဆိုပါအဆင့် (၅) ဆင့်စလုံးကို ဖြတ်ကျော်ပိုင်ဆိုင်နိုင်သူများသည် အသက်ရှည်ကျန်းမာစွာ နေကြရလေ့ရှိသည်ဟုဆိုသည်။

အဆင့် (၁) ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်ချက် (𝐏𝐡𝐲𝐬𝐢𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐧𝐞𝐞𝐝𝐬)
လူတို့အသက်ရှင်ရပ်တည်ရန် အစားအစာ၊ ရေ၊ နေထိုင်စရာ၊ အဝတ်အစား၊ လိင်ကိစ္စ၊ အိပ်စက်ခြင်း၊ အနားယူခြင်း စသည့်အကြောင်းအရာများမှာ မရှိမဖြစ်လိုအပ်ပါသည်။ အဆိုပါအကြောင်းအရာများကို အခြေခံလိုအပ်ချက်များ (𝐁𝐚𝐬𝐢𝐜 𝐧𝐞𝐞𝐝𝐬) ဟုလည်းခေါ်သည်။ ဥပမာ အစာငတ်ရေငတ်ဖြစ်ပါက မည်သို့မှ အသက်ရှင်ရပ်တည်ရန် မဖြစ် နိုင်ပေ။

အဆင့် (၂) ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်ချက် (𝐒𝐚𝐟𝐞𝐭𝐲 𝐧𝐞𝐞𝐝𝐬)
ပထမအဆင့် အခြေခံလိုအပ်ချက်များ ပြည့်စုံသော်လည်း လူသားတို့အတွက် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ မီးဘေး၊ ရာသီဥတုဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်များ၊ စစ်ပွဲများ၊ မတော်တဆထိခိုက်မှုများ၊ ခိုက်ရန် ဖြစ်ပွားမှုများ အစရှိသည့် လူလုပ်ဘေးအန္တရာယ်များ ကြုံတွေ့ရပါကလည်း စောစီးစွာ သေဆုံးခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေးမှာလည်း လူသားတို့ ဆက်လက်အသက်ရှင်နေထိုင်နိုင်ရေးအတွက် အရေးပါလှပါသည်။

အဆင့် (၃) ချစ်ခြင်းမေတ္တာနှင့် ပိုင်ဆိုင်မှုများ လိုအပ်ချက် (𝐋𝐨𝐯𝐞 𝐚𝐧𝐝 𝐛𝐞𝐥𝐨𝐧𝐠𝐢𝐧𝐠𝐧𝐞𝐬𝐬 𝐧𝐞𝐞𝐝𝐬)
ပထမအဆင့် (၂) ခု ပြည့်စုံပြီးလျှင် တတိယအဆင့်အနေနှင့် လူ့ဘဝအတွက် လိုအပ်သော ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများဖြစ်သည့် နေစရာအိမ်၊ စီးစရာကား၊ အလုပ်အကိုင်၊ နေရာအဆောက်အဦ အစရှိသည်တို့ လိုအပ်လာပါသည်။ ထို့အပြင် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံမှု၊ ချစ်ခင်လေးစားမှု၊ အဖွဲ့အစည်းနှင့်ဆက်ဆံမှု၊ အပြန်အလှန် ယုံကြည်မှု စသည်တို့မှာလည်း အရေးပါသောကိစ္စများ ဖြစ်သည်။ ယင်းသို့ ပြည့်စုံလျှင် လူ့ဘဝတွင် အတော်လေးနေရတာ ပျော်စရာကောင်းနေပြီဟု ဆိုနိုင်သည်။

အဆင့် (၄) ဂုဏ်သိက္ခာအတွက် လိုအပ်ချက်များ (𝐄𝐬𝐭𝐞𝐞𝐦 𝐧𝐞𝐞𝐝𝐬)
လူတစ်ယောက်အနေဖြင့် ဘဝတွင် အောင်မြင်မှုများ၊ ထင်ပေါ်ကျော်ကြားမှုများ၊ အများ၏ ချစ်ခင်ကြည်ညိုလေးစားမှုများရရှိပါက ပို၍ကောင်းပါသည်။ အထူးသဖြင့် ငယ်စဉ်ဘဝကတည်းက ကျောင်းတွင် ထူးချွန်သဖြင့် ဂုဏ်ပြုခံရခြင်းများသည် အသက်ရှည်လိုစိတ်များကို ပိုမိုအားပေးစေကြောင်းတွေ့ရသည်။ ဘဝတွင် အောင်မြင်မှုများ မရရှိသူများအနေနှင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ရှင်သန်လိုစိတ် မရှိသူများအနေနှင့် သက်တမ်းပို၍ တိုတတ်ပါသည်။

အဆင့် (၅) မိမိကိုယ်ကို ယုံကြည်မှုရှိရန် လိုအပ်ချက်များ (𝐒𝐞𝐥𝐟-𝐚𝐜𝐭𝐮𝐚𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐧𝐞𝐞𝐝𝐬)
မိမိကိုယ်မိမိ ယုံကြည်မှုရှိရန် လိုအပ်ပါသည်။ မည်သည့်ကိစ္စမဆို လုပ်ကိုင်ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိနိုင်ရန် ယုံကြည်မှုခိုင်မာဖို့ လွန်စွာ အရေးကြီးပါသည်။ ထိုသို့ယုံကြည်နိုင်ရန် မိမိကိုယ်မိမိ အရည်အသွေး တိုးတက်ကောင်းမွန်နေအောင် အမြဲလေ့ကျင့် ပျိုးထောင်ပေးရန် လိုပါသည်။ မိမိလုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် စာများဖတ်ရှုလေ့လာခြင်း၊ အတွေ့အကြုံ ဗဟုသုတများ ရှာမှီးခြင်း၊ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့လုပ်ဆောင်ခြင်းများသည် မိမိကိုယ်ကို ယုံကြည်မှုများ တိုးပွားစေပါသည်။
အထက်ပါအချက် (၅) ချက်သည် လူတစ်ယောက် အသက်ရှည်ရပ်တည်နိုင်ရန် လိုအပ်ချက်များဟု မက်စလိုးက တင်ပြခဲ့ပါသည်။ အဆိုပါအချက်များအားလုံး ပြည့်စုံလျှင် အသက်ရှည်စေရန် များစွာ အထောက်အကူပြုသည်ဟု ဆိုသည်။ ယင်း၏ အယူအဆများကို ခေတ်ကာလနှင့် လျော်ညီစွာ ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ ၁၉၆၂ ခုနှစ်က တစ်ကြိမ်နှင့် ၁၉၈၇ခုနှစ်က တစ်ကြိမ် ပြင်ဆင်ရေးသားခဲ့သည်။ အဆိုပါအချက်များသည် လူတစ်ဦးနှင့်တစ်ဦးပေါ်မူတည်ပြီး လိုအပ်ချက်များ ပြောင်းလဲမှုရှိနိုင်ကြောင်းလည်း တင်ပြခဲ့ပါသည်။

ဒေါက်တာခင်မောင်လွင် (𝐅𝐀𝐌𝐄)
"ဇရာကိုအန်တုခြင်း" စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

18/06/2025

ခေါင်းလျှော်ရေချိုးပြီး_နားကလော်ရင်
ဦးနှောက်အမြှေးရောင်တတ်တာ_ဟုတ်ပါသလား ❓

Meningitis ( ဦးနှောက်အမြှေးရောင်ခြင်း )

အပေါ်က ပြဿနာကို ဖြေရှင်းဖို့က

1. Meninges ဦးနှောက်အမြှေးပါး
2. Meningitis ဦးနှောက်အမြှေးရောင်ခြင်း
3. External Ear အပြင်နား စတာတွေတော့ အနည်းငယ် သိဖို့လိုအပ်ပါတယ်။

1. းနှောက်အမြှေးပါး

ဦးနှောက် (Brain) နှင့် အာရုံကြောမကြီး (Spinal Cord) ကို အပေါ်ကနေ အုပ်ကာထားတဲ့ အလွှာ/အမြှေးပါးအစု ကို Meninges လို့ခေါ်ပါတယ်။
လွယ်လွယ်ခေါ်တော့ ဦးနှောက်အမြှေးပါးပေါ့ တကယ်က Meninges မှာ
1. dura mater
2. arachnoid mater and
3. pia mater ဆိုတဲ့ အလွှာ (၃) ခုပါဝင်ပါတယ်

#ဦးနှောက်အမြှေးပါး_က_ဘာလုပ်ပေးလဲ ❓
အရေးကြီးဆုံးအလုပ်ကို လုပ်နေရသော်လည်း နူးညံပြီး အထိမခံ နိုင်တဲ့ ဦးနှောက်ကို
1. ကာကွယ်ပေးပါတယ်။ ( သူရဲ့အလွှာတွေကြားမှာ CSF ဆိုတဲ့ အရည်တွေ ရှိခြင်းဖြင့် 👉 အပြင်က ဦးခေါင်းခွံကို ရိုက်ခတ်လာတဲ့ အားကို ဦးနှောက်ဆီအရောက်နည်းအောင်ကာကွယ်ပေးပါတယ်)
2. ဦးနှောက်ကို အာဟာရတွေ Oxygen တွေ ရအောင် ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေက သူ့ရဲ့အလွှာတွေထဲမှာ ရှိပါတယ်။
ဆိုတော့ကာ သူ့ရဲ့ တာဝန်က အရေးကြီးတဲ့နေရာမှာ ရှိနေပါတယ်။

2. းနှောက်အမြှေးရောင်ခြင်း

အပေါ်က ရှင်းပြခဲ့တဲ့ ဦးနှောက်အမြှေးပါး ရောင်ရမ်းမှုဖြစ်ခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းလို့ခေါ်ပါတယ်။
သေသေချာချာ ကုသမှုမခံယူပါက အသက်သေဆုံးသည်အထိဖြစ်တဲ့ရောဂါမို့ ကြောက်စရာကောင်းလှပါတယ်။ လက္ခဏာတွေကတော့
- အဖျားကြီးခြင်း အပြင်
- ခေါင်းအရမ်းကိုက်ခြင်း
- အလင်းမခံနိုင်ခြင်း
- အလွန်ပျို့/အန်ခြင်း
- ဇက်ကြီးခိုင်နေခြင်း
- အရမ်းမှိန်းခြင်း စသည်တို့ဖြစ်တတ်ပါတယ်

ဦးနှောက်အမြှေးရောင်ခြင်း ကို #ဖြစ်စေတာတွေက
- ပိုး (Bacteria, TB, Virus)
- မှို (Fungus)
- ဓာတုပစ္စည်း (Chemical)
- ကင်ဆာရောဂါ
- ကိုယ်ခံအားကမောက်ကမရောဂါ (Auto immune disease) အစရှိသည်တို့ကြောင့် ဖြစ်တတ်ပါတယ်။

3. ြင်နား

ကျွန်တော်တို့ ရဲ့နားမှာ

- External Ear (အပြင်-နား)
- Middle Ear (အလယ်-နား)
- Inner Ear (အတွင်း-နား) ဆိုပြီး (၃) ပိုင်းရှိပါတယ်။

အပြင်နားရွက်ကနေ ကျွန်တော်တို့ နားဖာကလော်တဲ့ နားအဝကနေ အဆုံး နားစည် (Ear drum) အထိကို External Ear (အပြင်-နား) ပါ။
Middle Ear (အလယ်-နား) နဲ့ External Ear (အပြင်-နား) ကို နားစည် (Ear drum) နဲ့ ပိတ်ထားပါတယ်။

ခဏခဏ ရေချိုး/ခေါင်းလျှော်တာ ဖြစ်စေ ၊ အဓိက ကတော့ ရေကူးလို့ဖြစ်စေ နားထဲ ရေဝင်တတ် ပါတယ်။
နား-လှိုင်ခေါင်းလေးက ကျဉ်းတော့ ဝင်တဲ့ရေက ပိတ်မိပြီးကျန်နေတတ်ပါတယ်။ အဲ့လို ခဏ ခဏ နားထဲရေဝင်ရင်တော့ နားတွင်းမှာ စိုထိုင်းစမြင့်လာတဲ့အတွက် ပိုး တွေပေါက်ဖို့ လွယ်ကူစေပါတယ်။

ပိုး တွေကတော့ နားထဲ အလိုလို ရောက်မလာပါဘူး
အပြင်ကနေ ကျွန်တော်တို့ ထိုးထည့်လိုက်တဲ့
- နားဖာကလော်တွေ
- Ear phone တွေ
- နားကလော်တဲ့ဂွမ်းတံတွေ ကနေ နား အထဲကို ပိုး တွေ ဝင်လာပါတယ်။

နား ထဲ ပိုးတွေဝင်လာတိုင်း နား ပိုးဝင်ရောဂါ ဖြစ်လားဆိုတော့ #မဖြစ်ပါဘူး
သဘာဝ တရားကြီးက ခန္ဓာကိုယ်နဲ့ အပြင်ကိုဆက်စပ်နေတဲ့ အပေါက်မှန်သမျှမှာ ပိုးတွေကို ကာကွယ်ဖို့ ပစ္စည်းပေးထားပါတယ်
နားမှာကတော့ Ear wax ပါ။ ကျွန်တော်တို့ကတော့ နားဖာချေးလို့ အဓိပ္ပာယ်ဖွင့်တော့ အညစ်အကြေးဆိုပြီး ရွံကြပါတယ်။ ရှိနေရင်ရှက်ကြပါတယ်
မြင်ရင်လည်း မနေနိုင်ပါဘူး၊ "ဟယ် နားဖာချေး တွေနဲ့ လာစမ်းဆိုပြီး ကလေးတွေကို အတင်းချုပ်ပြီး နားဖာချေး ကလော်ကြပါတယ်"

တကယ်က နားက ပိုး ဝင်မှာစိုးလို့ ထုတ်ထားတဲ့ ပစ္စည်းကို အညစ်ကြေးဆိုပြီး ကော်ထုတ်ပစ်တယ်။
ခဏ ခဏ ကလော်တော့ နားမှာ ဒဏ်ရာရတယ်။

အဲ့လိုကနေ နားရောင် နားပိုးဝင်တာကနေ နားပြည်ယိုတဲ့ ရောဂါရပါတော့တယ်။ (Ortitis externa)
---
ဒီအထိဆိုရင်
Ortitis externa (အပြင်-နား ရောင်ခြင်း) ဟာ
- နားထဲ ရေခဏခဏ ဝင်ခြင်း
- နားကလော်ခြင်း
- Ear wax နားအဆီ (ကျွန်တော်တို့အခေါ် နားဖာချေး) မရှိခြင်း စတာတွေကြောင့်ဖြစ်ရတာပါ

Ortitis externa (အပြင်-နား ရောင်ခြင်း) ဟာ
👉 နား အရမ်းနာပါတယ်
👉 မကုသရင် နား ပြည်ယိုပါတယ်
👉 ခေါင်းကိုက်ပါတယ်
👉 ဖျားတတ်ပါတယ်
အဆိုးဆုံးအနေနဲ့ နားစည်ပေါက်တာ ၊ နားအတွက်ဘက်နံရံတွေ ပြည်စားသွားတာ ထိဖြစ်တတ်ပါတယ် (ရှားပါတယ် 👉 အရမ်းခံစားရလို့ ကုသမှု ခံယူလိုက်ကြပြီး အဲ့လောက်ထိ ဆိုးတာ ဖြစ်ခဲပါတယ်)
---------
ဒီ (၃) မျိုး ကိုရှင်းပြပြီးတဲ့ အခါ

နား ဟာ ခေါင်းမှာ ကပ်ပြီး ပေါက်နေပေမယ့် ဦးနှောက်နဲ့ #တိုက်ရိုက်_ဆက်မနေပါဘူး။
အပြင်-နား က ရောဂါဟာ နားစည်နဲ့ ပိတ်နေလို့ အလည်နားဆီကိုတောင် မရောက်ပါဘူး။

အဲ့ဒါကြောင့် Social Media မှာ ပျံ့နေတဲ့
" ခေါင်းလျှော်ရေချိုးပြီး_နားကလော်ရင် ဦးနှောက်အမြှေးရောင်တတ်တယ်" ဆိုတာ #မဟုတ်ပါဘူး

ဖွတဲ့သူက ဦးနှောက်အာရုံကြောအထူးကုဆရာဝန်မကြီး ရဲ့ နာမည်သုံးပြီး ဖွထားပါတယ်။
Share ကြတာ ထောင်ချီရှိတယ်။

သူပြောသလို " နားကလော်တာ နဲ့ ဦးနှောက်အမြှေးမရောင်တတ်ပေမယ့်"

👉 ရေချိုးတိုင်း/ခေါင်းလျှော်တိုင်း နားထဲရေမဝင်တတ်ပါဘူး
👉 ရေကူး ရေငုပ်ရင်တော့ ဝင်တတ်ပါတယ်
👉 ခေါင်းလျှော်ဆိုင်မှာ #နားဆေးတယ် ဆိုပြီး အူကြောင်ကြား လုပ်ကြတာရှိပါတယ် (လုံးဝ မလုပ်ပါနဲ့)
👉 နားထဲ ရေခဏ ခဏ ဝင်ရင် နား ပိုးဝင်တတ်ပါတယ်
👉 အဲ့ဒါကို နားကလော်ရင် ပိုဆိုးစေပါတယ်
👉 ကိုယ့်ကို အကျိုးပြုနေတဲ့ Ear wax - နားအဆီ ကို နားဖာချေး ဆိုပြီး ကော်ထုတ်မနေပါနဲ့ (ကလေးတွေကို တွေ့ရင် မနေနိုင်မထိုင်နဲ့ သွားမကလော် နေပါနဲ့)

***နားရေဝင်ပြီး နားကလော်ရင် အပြင်-နား ရောင်ခြင်းတော့ ဖြစ်တတ်ပါတယ်
#ဦးနှောက်အမြှေးတော့မရောင်ပါဗျာ

(ဦးနှောက်အမြှေးရောင်စေတဲ့ Chronic suppurative otitis media ဆိုတဲ့ ရောဂါက သတ်သတ်ရှိကြောင်းပါဗျာ)
(Original Post; Oct,2022 👉 https://m.facebook.com/story.php?story_fbid=535774405041848&id=100058278781320&mibextid=qC1gEa)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

Address

Yangon
11411

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00

Telephone

+959977555166

Website

Alerts

Be the first to know and let us send you an email when Holiday Bread & Cake posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Holiday Bread & Cake:

Share