Football Sensation

Football Sensation We make quality content about football. Support us by Like and Follow our page.

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နှစ်စဉ်ကျင်းပတဲ့ 'Summer Series' ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိပြီး ဖလားဆွတ်...
04/08/2025

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နှစ်စဉ်ကျင်းပတဲ့ 'Summer Series' ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိပြီး ဖလားဆွတ်ခူးခဲ့ပါတယ်။

"အမေရိကန် မေဂျာလိဂ်ကပါ မခံနိုင်ဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုလို အောင်ပွဲခံမှု”Necaxa အသင်းက ရီကာဒို မွန်ရီးရယ်လ် (Ricardo Monr...
03/08/2025

"အမေရိကန် မေဂျာလိဂ်ကပါ မခံနိုင်ဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုလို အောင်ပွဲခံမှု”

Necaxa အသင်းက ရီကာဒို မွန်ရီးရယ်လ် (Ricardo Monreal) ဟာ အင်တာမိုင်ယာမီနှင့် ပွဲတွင် ၈၁ မိနစ်၌ ဂိုးသွင်းယူပြီးနောက် ရော်နယ်ဒို၏ ဂန္ထဝင် အောင်ပွဲခံပုံစံကို အတုယူ၍ ပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်း၊ ပွဲပြီးခါနီး အချိန်ပိုတွင် ဂျော်ဒီ အယ်လ်ဘာ (Jordi Alba) က ချေပဂိုး သွင်းယူခဲ့ပြီး၊ နောက်ဆုံးမှာ မိုင်ယာမီအသင်းက ပင်နယ်တီ အဆုံးအဖြတ် ဖြင့် အနိုင်ရသွားခဲ့ပါတယ် 👀
ဒီပွဲပြီးတဲ့နောက်မှာတော့ မေဂျာလိဂ်ရဲ့ တရားဝင်အကောင့်ကတောင်မှ "Take the L - အရှုံးကို ခံယူလိုက် စမ်းပါ" လို့ ရေးသားခဲ့ပါတယ်။

🔵 ခြင်္သေ့ပြာဖြစ်လာတဲ့ ဟာတို ဂျော်ရယ်လ် ဟာတို (Jorrel Hato) ဟာ အသက် ၁၉ နှစ်အရွယ် ဒတ်ချ်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး၊ အေဂျက်စ် ...
03/08/2025

🔵 ခြင်္သေ့ပြာဖြစ်လာတဲ့ ဟာတို
ဂျော်ရယ်လ် ဟာတို (Jorrel Hato) ဟာ အသက် ၁၉ နှစ်အရွယ် ဒတ်ချ်ကြယ်ပွင့်တစ်ဦးဖြစ်ပြီး၊ အေဂျက်စ် (Ajax) ကနေ ယူရို သန်း ၄၀ နဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းကစားသမား ဒယ်လီ အလီ (Dele Alli) ဟယ အသက် ၂၉ နှစ်အရွယ်တွင် ဘောလုံးလောကမှ အနားယူရန် စဉ်းစားနေကြောင်း...
03/08/2025

အင်္ဂလန်လက်ရွေးစင်ဟောင်းကစားသမား ဒယ်လီ အလီ (Dele Alli) ဟယ အသက် ၂၉ နှစ်အရွယ်တွင် ဘောလုံးလောကမှ အနားယူရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြသည်။ အီတလီမီဒီယာ ၏ ဖော်ပြချက်အရ Como အသင်း၏ နည်းပြ ဆက်စ် ဖာဘရီဂတ်စ် (Cesc Fàbregas) က အလီအား အသင်းကြီး လူစာရင်းမှ ဖယ်ထုတ်ထားခြင်းကြောင့် ဖြစ်သည်။
ဒီနွေရာသီ Como အသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် အလီသည် လုံးဝပါဝင်ခြင်းမရှိဘဲ သီးခြားလေ့ကျင့်နေရသည်။ အလီသည် ယခင်က အာဆင်နယ်နှင့် ဘာစီလိုနာအသင်းတို့၏ ကွင်းလယ်လူဟောင်းဖြစ်သူ ဖာဘရီဂတ်စ်နှင့် ဆက်ဆံရေး တင်းမာနေသည်ဟုလည်း သတင်းများက ဖော်ပြသည်။ ၎င်းသည် Como အသင်းအတွက် ယခုနှစ် မတ်လက အေစီမီလန်နှင့် ကစားခဲ့သောပွဲတွင် လူစားဝင်ကစားသမားအဖြစ် ၉ မိနစ်သာ ကစားခဲ့ပြီးနောက် အနီကတ်ဖြင့် ထွက်ခဲ့ရပြီး၊ ထိုအချိန်မှစ၍ တစ်ပွဲမှ ပြန်ကစားရခြင်း မရှိသေးပေ။

ဂျိမ်းစ်မက်ဒီဆန်က တော့တင်ဟမ် ဟော့စပါးမှ ထွက်ခွာမယ့် ဆွန်ဟောင်မင်အတွက်"သူ ဒီနွေရာသီမှာ တော့တင်ဟမ်ကနေ ထွက်မယ်ဆိုတာကို လွန်...
03/08/2025

ဂျိမ်းစ်မက်ဒီဆန်က တော့တင်ဟမ် ဟော့စပါးမှ ထွက်ခွာမယ့် ဆွန်ဟောင်မင်အတွက်
"သူ ဒီနွေရာသီမှာ တော့တင်ဟမ်ကနေ ထွက်မယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော့်ကို ပြောပြခဲ့တယ်။ ကျွန်တော့်အတွက်တော့ ထူးဆန်းနေတယ်။ ကျွန်တော် ပရီးမီးယားလိဂ်ကို လက်စတာစီးတီးနဲ့ ရောက်ကတည်းက ဆွန်က တော့တင်ဟမ်ဖြစ်သလို၊ တော့တင်ဟမ်ကလည်း ဆွန်ပဲလို့ ခံစားရတယ်။ရဆွန်မပါဘဲ တော့တင်ဟမ် ဟော့စပါးအသင်းအကြောင်းကို တွေးကြည့်ရတာ ထူးဆန်းပါတယ်။"
"သူဟာ ကျွန်တော့်ရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဖြစ်လို့ စိတ်ခံစားမှုတော့ နည်းနည်းဖြစ်မိတယ်။ သူ့ကို အရမ်းချစ်ခင်လေးစားပါတယ်။ သူက အရမ်းကောင်းတဲ့ လူသားတစ်ယောက်ပါ။ သူ့အကြောင်းကို ပြောဖို့ စကားလုံးတွေ၊ အချိန်တွေက မလုံလောက်ပါဘူး။ သူ့အကြောင်း ကောင်းတာတွေပဲ ပြောလို့ရတယ်။ သူ့ကို အရမ်းကို လွမ်းဆွတ်နေရမှာပါ၊ ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ တစ်သက်တာ သူငယ်ချင်းပါပဲ။"

လူးဝစ် ဒီယက်ဇ် (Luis Díaz) ဟာ ဘိုင်ယန်မြူးနစ် (Bayern Munich) နဲ့ လိုင်ယွန် (Lyon) ပွဲစဉ်မှာ ပွဲဦးထွက်ခဲ့ပြီး ချက်ချင်းဆ...
02/08/2025

လူးဝစ် ဒီယက်ဇ် (Luis Díaz) ဟာ ဘိုင်ယန်မြူးနစ် (Bayern Munich) နဲ့ လိုင်ယွန် (Lyon) ပွဲစဉ်မှာ ပွဲဦးထွက်ခဲ့ပြီး ချက်ချင်းဆိုသလို ထူးခြားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။
* ၄၆ မိနစ် - ပွဲထဲဝင်ရောက်
* ၄၇ မိနစ် - ဂိုးသွင်းရန် နီးစပ်ခဲ့
* ၅၁ မိနစ် - ပင်နယ်တီ ရရှိအောင် ဖန်တီးပေး
ချက်ချင်းဆိုသလို သက်ရောက်မှုပြခဲ့တဲ့ ကစားသမားပါပဲ။ 💥

တော့တင်ဟမ် ဟော့စပါး (Tottenham Hotspur) အသင်းက ကတ်တာလီနာကင်မ် (Catalina Kim) ကို အဓိက ကော်ပိုရိတ်နှင့် ဖွံ့ဖြိုးရေးအကြံပ...
02/08/2025

တော့တင်ဟမ် ဟော့စပါး (Tottenham Hotspur) အသင်းက ကတ်တာလီနာကင်မ် (Catalina Kim) ကို အဓိက ကော်ပိုရိတ်နှင့် ဖွံ့ဖြိုးရေးအကြံပေး အကြီးတန်းအမှုဆောင် အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းခြောက်သင်းထဲမှာ ပထမဆုံး အာရှအမျိုးသမီးတစ်ဦးအနေနဲ့ အကြီးတန်းအမှုဆောင်ရာထူး ရယူခြင်းလည်း ဖြစ်ပါတယ်။
ကင်မ်ဟာ ဘာသာစကားမျိုးစုံ ကျွမ်းကျင်တဲ့ အေးဂျင့်တစ်ဦးဖြစ်ပြီး C&P Sports ရဲ့ CEO လည်းဖြစ်ပါတယ်။ မန်စီးတီးကို ဝယ်ယူမှုနဲ့ ချယ်လ်ဆီးကို ရောင်းချမှုအပါအဝင် ဥရောပဘောလုံးလောကရဲ့ အဓိကအပြောင်းအရွှေ့ကြီးတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။ သူမဟာ RSA Fellow အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
သူမအနေနဲ့ စပါးအသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရိတ်မဟာဗျူဟာနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ရောင်းမလောက်ဖြစ်နေတဲ့ Adidas x Liverpool ဂျာစီလီဗာပူးလ်အသင်းနဲ့ Adidas ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် ပြန်လည်ရောက်ရှ...
02/08/2025

ရောင်းမလောက်ဖြစ်နေတဲ့ Adidas x Liverpool ဂျာစီ
လီဗာပူးလ်အသင်းနဲ့ Adidas ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် ပြန်လည်ရောက်ရှိလာပါပြီ။

ဒီ deal ဟာ ၂၀၂၅/၂၆ ဘောလုံးရာသီကစပြီး ၁၀ နှစ်ကြာ စာချုပ် ဖြစ်ပါတယ်။ ဒီဂျာစီ sponsor ဟာ ယခင် Nike နဲ့ထက် သိသိသာသာ စပွန်ဆာကြေးတိုးလာပြီး တစ်ရာသီကို ပေါင် သန်း ၆၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။ စာချုပ်ကာလတစ်လျှောက်လုံးရဲ့ စုစုပေါင်းတန်ဖိုးက ပေါင် သန်း ၆၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ဒီရေရှည်စာချုပ်က ကလပ်အတွက် ငွေရေးကြေးရေးပိုင်း အကျိုးအမြတ်များစွာ ရရှိစေမှာပါ။

ဒါဟာ လီဗာပူးလ်အသင်းသမိုင်းမှာ Adidas နဲ့ သုံးကြိမ်မြောက် ပူးပေါင်းခြင်း ဖြစ်ပါတယ်။ အရင်တုန်းက ၁၉၈၅-၁၉၉၆ နဲ့ ၂၀၀၆-၂၀၁၂ ခုနှစ်တွေမှာ ပူးပေါင်းခဲ့ဖူးပြီး၊ အဲဒီကာလတွေက ကလပ်ရဲ့ အကောင်းဆုံး ဂျာစီတချို့ကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၂၅/၂၆ ရာသီအတွက် ဂျာစီအသစ်တွေဟာ ဒီအမွေအနှစ်ကို အခြေခံထားပြီး၊ အိမ်ကွင်းဂျာစီမှာ ဂန္ထဝင်ဆန်တဲ့ clean red ဒီဇိုင်းနဲ့ လက်မောင်းတွေမှာတော့ Adidas ရဲ့ နာမည်ကျော် အဖြူရောင်အစင်းသုံးခု ပါဝင်မှာပါ။

"ချာတိတ်တစ်ယောက်အနေနဲ့ ရောက်လာခဲ့ပြီး ဂန္တဝင်တစ်ယောက်အနေနဲ့ နှုတ်ဆက်ခဲ့ပြီ" ဆွန်ဟောင်မင်ဟာ စပါးအသင်းမှာ ဆယ်စုနှစ်တစ်ခုဖြ...
02/08/2025

"ချာတိတ်တစ်ယောက်အနေနဲ့ ရောက်လာခဲ့ပြီး ဂန္တဝင်တစ်ယောက်အနေနဲ့ နှုတ်ဆက်ခဲ့ပြီ"
ဆွန်ဟောင်မင်ဟာ စပါးအသင်းမှာ ဆယ်စုနှစ်တစ်ခုဖြတ်သန်းခဲ့ပြီး အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက်
* ၄၅၄ ပွဲ ကစား
* ၁၇၃ ဂိုး
* ၁၀၁ ဂိုး ဖန်တီးမှုပြုလုပ်ခဲ့ပြီး
ယူရိုပါလိဂ်ဖလားကို အရယူခဲ့ကာ ကလပ်ဂန္တဝင်အနေနဲ့ နှုတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။

̇n

အာလင်း ဟာလန်း:"လူတွေက ကျွန်တော့်ကို 'Tap-in Merchant' (ဂိုးပေါက်ရှေ့မှာပဲ အလွယ်တကူ ပိတ်သွင်းတတ်တဲ့သူ - ကောက်စား) လို့ ခေ...
01/08/2025

အာလင်း ဟာလန်း:
"လူတွေက ကျွန်တော့်ကို 'Tap-in Merchant' (ဂိုးပေါက်ရှေ့မှာပဲ အလွယ်တကူ ပိတ်သွင်းတတ်တဲ့သူ - ကောက်စား) လို့ ခေါ်တာကို ကျွန်တော် သဘောကျတယ်။ အရမ်းကို ကြိုက်တယ်။ အဲဒါက ကျွန်တော်တစ်ခုခု မှန်အောင်လုပ်နေတယ်ဆိုတာ ပြတယ်။ တခြားသူတွေ အများကြီး ဒါမျိုး လုပ်ချင်တောင် လုပ်လို့မှမရတာ။"

ဘရာဇီးလ်ကြယ်ပွင့် နေမာ (Neymar) ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ပြင်သစ်ကလပ် မာဆေးလ် (Marseille)...
01/08/2025

ဘရာဇီးလ်ကြယ်ပွင့် နေမာ (Neymar) ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ပြင်သစ်ကလပ် မာဆေးလ် (Marseille) အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့မယ်ဆိုရင်၊ နေမာဟာ သူ့ရဲ့ အရင်ကလပ် ပီအက်စ်ဂျီ (PSG) ရဲ့ ပြိုင်ဘက်ဟောင်းတွေဆီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

(သတင်းရင်းမြစ်- )

လီယွန်နယ်မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ချုပ်ဆိုသွားတော့မှာပါ။​ ကလပ်ကမ္ဘာ့ဖလားပြို...
01/08/2025

လီယွန်နယ်မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ချုပ်ဆိုသွားတော့မှာပါ။​ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းမှာ မက်ဆီဟာ မိုင်ယာမီအသင်းရဲ့ အနာဂတ်ကို မေးခွန်းထုတ်ခဲ့ပြီး အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဘက်ခမ်းတို့က အမေရိကန်ရဲ့ power house အသင်းတစ်သင်းဖြစ်လာအောင် လုပ်ဆောင်ပေးသွားမယ်လို့ ကတိပေးခဲ့တာကြောင့် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တာပါ။​ ပြီးခဲ့တဲ့ အပတ်အတွင်းကလည်း မက်ဆီရဲ့ အာဂျင်တီးနားမှာ အားကိုးရတဲ့ အသင်းဖော် ရိုဒရီဂို ဒီပေါလ်ကိုလည်း အရခေါ်ယူပေးခဲ့ပါသေးတယ်။

Address

Yangon
<<NOT-APPLICABLE>>

Website

Alerts

Be the first to know and let us send you an email when Football Sensation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share