26/10/2025
ကိုယ့်လက်ရာဟာ သူ့သဘော သူဆောင်ကာ ပုံပေါ်လာပြီး ဆန်းသစ်နေစေဖို့အတွက် ပုံမှန် အသိအမြင်အောက်မှာ ပုန်းခိုနေတဲ့ အရာတွေကို ဖော်ထုတ် အသုံးချဖို့ ကြိုးစားပါ။ ထိုးထွင်းသိမြင်မှု (Intuition) ဆိုတာက မျက်လှည့်ပညာလည်း မဟုတ်ပါဘူး။ အဲဒါက လတ်တလော သိမြင်နားလည်ထားတဲ့ အထောက်အထား သတ်မှတ်ချက်တွေ မပါဝင်ဘဲ လုပ်ဆောင်တတ်တဲ့ ဆင်ခြင်မှုဆိုင်ရာ စနစ်တစ်ခု ဖြစ်တယ်။ ထိုးထွင်းဉာဏ်ဟာ မသိစိတ်ထဲမှာ ရှိနေတဲ့ အာရုံကို ဆွဲထုတ်ပြီး မစိစစ်ထားတဲ့၊ မရင်းနှီးသေးတဲ့၊ မသိသေးတဲ့ အရာတွေကို ကိုယ့်လက်ရာထဲမှာ ပါဝင်လာစေနိုင်တယ်။
ဝင်ရောက်လာပြီးတဲ့ နောက်မှာတော့ ကိုယ်ဖန်တီးခဲ့တဲ့ လက်ရာအပေါ် ပြန်လည် သုံးသပ်ဖို့အတွက် ဆင်ခြင်ပိုင်ခြားနိုင်စွမ်းကို အသုံးချနိုင်ပါပြီ။ ဒီအဆင့်ရောက်တဲ့အခါ ပြင်ဆင် ပြောင်းလဲမှုကို အမြဲလိုလို ပြုလုပ်နိုင်တယ်။ ဒီလိုဆိုပေမဲ့ အရင်က မရှိဖူးသေးတာကို မတည်းဖြတ်ပါနဲ့။ အစထဲက မလုပ်တာ (ထိုးသွင်းသိမြင်မှုက သိမြင်လာတာကို) မျိုးလည်း မလုပ်ပါနဲ့။
ညိုမောင်
(Kit White ရဲ့ 101 Things to Learn in Art School, ပါ နံပါတ် - ၄၅ ကို ဘာသာပြန် ဖော်ပြပါတယ်။)
#အနုပညာ
#ကြန်မဂ္ဂဇင်း_၂၀၂၅