15/02/2025
သတင်းမီဒီယာတွေအနေနဲ့သတင်းမှန်ပြသဖို့လိုအပ်ပါတယ်
စစ်ခေါင်းဆောင်မင်းအောင်လှိုင် နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ် ၂၅ဦး ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်
AAMIJ / ဖေဖော်ဝါရီ ၁၄
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂၅ဦး ကို ရိုဟင်ဂျာအရေးကိစ္စနဲ့ ဆက်စပ်ပြီး အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
Burmese Rohingya Organisation UK (BROUK) က ၂၀၂၃ ဒီဇင်ဘာလမှာ စစ်တပ်က တာဝန်ရှိသူတွေကိုပဲ ဖမ်းဝရမ်းထုတ်ဖို့တင်ပြခဲ့ပေမယ့်၊ ၂၀၂၄ ဇွန်လ မှာ အာဂျင်တီးနားတရားရုံးကနေပြီး ရိုဟင်ဂျာဂျီနိုဆိုက် ဖြစ်ပွါးခဲ့တဲ့အချိန်က အစိုးရဖြစ်ခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးထင်ကျော်ကိုပါ ဖမ်းဝရမ်းစာရင်းထဲကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
အာဂျင်တီးနားတရားရုံးက ထုတ်ပြန်လိုက်တဲ့ဖမ်း၀ရမ်းဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရဲတပ်ဖွဲ့ INTERPOL ထံကို ရောက်ရှိနိုင်ပြီး အဖွဲ့ဝင် ၁၉၆ နိုင်ငံ အားလုံးမှာ 'အနီရောင်သတိ ပေးချက်' ထုတ်ပြန်ကာ မင်းအောင်လှိုင်နဲ့ ဒေါ်
အောင်ဆန်းစုကြည်အပါဝင် ၂၅ဦးကို အာဂျင်တီးနားတရားရုံးရရဲ့ တရားခွင်ကို လွှဲပြောင်းပေးဖို့ လုပ်ဆောင်သွားနိုင်ကြောင်း သိရပါတယ်။
BROUKအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်ကို ယခုနိုင်ငံရေးအခြေအနေအရ အမည်စာရင်းသွင်းတာကို ပြန်ပြီးစဥ်းစားသုံးသပ်ဖို့ တရားဝင်တောင်းဆိုခဲ့ပါသေးတယ်။
၂၀၁၇ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ ဒု-စစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် အခြားစစ်တပ်အရာရှိ ၂၃ ဦး နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်တို့ အပါဝင် ၂၅ဦးကို ဖမ်းဝရမ်းထုတ် လိုက်တာပါ။