ONE News

ONE News တော်လှန်ရေးကာလသတင်းများကိုတင်ဆက်နေပါသည်

သတင်းမီဒီယာတွေအနေနဲ့သတင်းမှန်ပြသဖို့လိုအပ်ပါတယ်
15/02/2025

သတင်းမီဒီယာတွေအနေနဲ့သတင်းမှန်ပြသဖို့လိုအပ်ပါတယ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ် ၂၅ဦး ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်

AAMIJ / ဖေဖော်ဝါရီ ၁၄

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂၅ဦး ကို ရိုဟင်ဂျာအရေးကိစ္စနဲ့ ဆက်စပ်ပြီး အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

Burmese Rohingya Organisation UK (BROUK) က ၂၀၂၃ ဒီဇင်ဘာလမှာ စစ်တပ်က တာဝန်ရှိသူတွေကိုပဲ ဖမ်းဝရမ်းထုတ်ဖို့တင်ပြခဲ့ပေမယ့်၊ ၂၀၂၄ ဇွန်လ မှာ အာဂျင်တီးနားတရားရုံးကနေပြီး ရိုဟင်ဂျာဂျီနိုဆိုက် ဖြစ်ပွါးခဲ့တဲ့အချိန်က အစိုးရဖြစ်ခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးထင်ကျော်ကိုပါ ဖမ်းဝရမ်းစာရင်းထဲကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

အာဂျင်တီးနားတရားရုံးက ထုတ်ပြန်လိုက်တဲ့ဖမ်း၀ရမ်းဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရဲတပ်ဖွဲ့ INTERPOL ထံကို ရောက်ရှိနိုင်ပြီး အဖွဲ့ဝင် ၁၉၆ နိုင်ငံ အားလုံးမှာ 'အနီရောင်သတိ ပေးချက်' ထုတ်ပြန်ကာ မင်းအောင်လှိုင်နဲ့ ဒေါ်
အောင်ဆန်းစုကြည်အပါဝင် ၂၅ဦးကို အာဂျင်တီးနားတရားရုံးရရဲ့ တရားခွင်ကို လွှဲပြောင်းပေးဖို့ လုပ်ဆောင်သွားနိုင်ကြောင်း သိရပါတယ်။

BROUKအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်ကို ယခုနိုင်ငံရေးအခြေအနေအရ အမည်စာရင်းသွင်းတာကို ပြန်ပြီးစဥ်းစားသုံးသပ်ဖို့ တရားဝင်တောင်းဆိုခဲ့ပါသေးတယ်။

၂၀၁၇ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ ဒု-စစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် အခြားစစ်တပ်အရာရှိ ၂၃ ဦး နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်တို့ အပါဝင် ၂၅ဦးကို ဖမ်းဝရမ်းထုတ် လိုက်တာပါ။

ရန်ကုန်မြို့က နာမည်ကြီး ဆေးရုံတွေအပါဝင် ပုဂ္ဂလိကဆေးရုံ ၉ခုကို စစ်တပ်က ပိတ်သိမ်းONE News / ဖေဖော်ဝါရီ ၁၅ရန်ကုန်မြို့က နာမ...
15/02/2025

ရန်ကုန်မြို့က နာမည်ကြီး ဆေးရုံတွေအပါဝင် ပုဂ္ဂလိကဆေးရုံ ၉ခုကို စစ်တပ်က ပိတ်သိမ်း

ONE News / ဖေဖော်ဝါရီ ၁၅

ရန်ကုန်မြို့က နာမည်ကြီးပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ ဂရန်းဟံသာဆေးရုံ၊ဆာကူရာဆေးရုံ အပါအဝင် ပုဂ္ဂလိကဆေးရုံ ၉ခုကို စစ်ကောင်စီက ယာယီပိတ်သိမ်းခြင်းနဲ့ အပြီးပိတ်သိမ်းခြင်းများ ပြုလုပ်လိုက်ပါတယ်။

ဆေးရုံးတွေပိတ်သိမ်းရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးပြောပြတာကတော့

“အခွန်ကိစ္စလို့လဲကြားတယ် အဓိကကတော့ စစ်တပ်ပိုင်ဆေးရုံးတွေကို ပြည်သူတွေက လာမကုကြတာကြောင့် အခုလိုတွေ ပိတ်ပစ်တာ၊ စစ်တပ်ပိုင် မိုးကောင်းဆေးရုံဆို လူမဝင်တာအတော်ကြာပြီ” လို့ သိရပါတယ်

ဂရန်းဟံသာဆေးရုံကိုတစ်နှစ်၊ OSC ဆေးရုံကို တစ်နှစ်၊ ဆာကူရာဆေးရုံကိုခြောက်လ၊ ကောင်းဆေးရုံကိုသုံးလ၊ သမိုင်းဆေးရုံကိုသုံးလ၊ ကောင်းစုဆောင်ဆေးရုံကိုသုံးလ စစ်တပ်က ယာယီပိတ်သိမ်းလိုက်ပါတယ်။

ချမ်းမြေ့ဆေးရုံ၊ မြတ်တော်ဝင်‌ဆေးရုံနဲ့ ကျန်းမာသုခဆေးရုံတို့ကိုတော့ အပြီးပိတ်သိမ်းလိုက်ကြောင်းသိရပါတယ်။

■​ဆောင်းပါး"ဒီ​နေ့ပါ​သေးလား"-​​​ထက်ရှိုင်း/People's Spring ဒီဇင်ဘာလအတွင်းမှာ ကျွန်တော်နဲ့မိတ်ဆွေတချို့အလုပ်ကိစ္စနဲ့ ရန်က...
28/01/2025

■​ဆောင်းပါး

"ဒီ​နေ့ပါ​သေးလား"

-​​​ထက်ရှိုင်း/People's Spring

ဒီဇင်ဘာလအတွင်းမှာ ကျွန်တော်နဲ့မိတ်ဆွေတချို့အလုပ်ကိစ္စနဲ့ ရန်ကုန်မြို့ကိုခရီးသွားဖို့ဖြစ်လာပါတယ်။

ကျွန်တော်တို့အဖွဲ့မှာ အမျိုးသားများပြီးအမျိုး
သမီးကနည်းနည်းပဲပါဝင်ပါတယ်။ အမျိုးသားဦးရေများတာမို့ မလုပ်ချင်​ပေမယ့် စစ်​ကောင်စီ​လက်အောက်က ဌာန​တချို့ရဲ့ထောက်ခံစာ
ဘာညာကိုပါ လိုရမယ်ရယူလာရတာပေါ့လေ။

ထုံးစံအတိုင်းပဲ မနက် ၇ နာရီလောက်ကျွဲဆည်ကန်ကားကွင်းရောက်ပြီး၇နာရီခွဲလောက်ကျွန်တော်တို့ကားကစထွက်ပါတယ်။ကျွန်တော်တို့က ခရီးသည်တင်ကားနဲ့သွားတာပါ။

နွားထိုးကြီးPDFတွေက အမြန်လမ်းပေါ် လုံခြုံ​ရေး
စစ်ဆေးတာတွေလုပ်ပြီး​နောက်ပိုင်းမှာ စစ်တပ်က လုံခြုံပိုချလာသလို နေ့ခင်းဘက်ခရီးသွားလာသူနည်းအရင်ကထပ်ပိုနည်းတာကိုတွေ့ရပါတယ်။
ခရီးသွားပိုနည်းလာတယ်လို့ကားသမားကလည်း​ပြောပါတယ်။

ပုံမှန်ဆိုကားပေါ်တက်ရင် အိပ်နေကျ ကျွန်တော်ကဒီနေ့က မနက်ခင်းလည်းဖြစ်တာကတကြောင်းခရီးမသွားဖြစ်တာကလည်းကြာပြီမို့ လမ်းခရီးကိုစပ်စုချင်စိတ်တွေနဲ့မအိပ်ဘဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်။

ကားကမန္တလေးမြို့ဝင်အဝိုင်းပတ်ကိုကျော်ပြီးချိန်မှာခဏရပ်လိုက်တာကိုသတိထားလိုက်မိတယ်။
အဲဒီအချိန်မှာ အသက်၂၅ နှစ်ဝန်းကျင်အရွယ်လူငယ်တယောက်ကားပေါ်တက်လာပါတယ်။

သူ့ကိုကားယာဥ်မောင်း၊ယာဥ်အကူနဲ့ယာဥ်မောင်လို့ခေါ်တဲ့ ခရီးကြိုပြုတဲ့သူတွေကရင်းရင်းနှီးနှီးပြုံးပြတာကိုလည်းသတိပြုမိလိုက်ပါတယ်။ အဲဒီလူငယ်က ကားရဲ့အနောက်ခပ်ကျကျထိုင်ခုံကိုသွားထိုင်ပါတယ်။

လူ​တွေတင်ပြီး​နောက်မှာ ကားကဆက်ပြီးထွက်လာပါတယ်။ နာရီဝက်လောက်ကြာတဲ့အခါမှာ စကားသံသဲ့သဲ့ကြားတာမို့ ကျွန်တော်လှည့်ကြည့်မိလိုက်ပါတယ်။ ​စော​စောက ကား​ပေါ်တက်လာတဲ့လူငယ်ကသူ့ထိုင်ခုံကနေ ဘေးနားကထိုင်ခုံကိုရွေ့ပြီးခရီးသည်အမျိုးသားတဦးနဲ့စကားပြောနေတာပါ။

ကျွန်တော့်ထိုင်ခုံကကားအရှေ့ပိုင်းရောက်တာမို့နေရာကအနည်းငယ်လှမ်းနေသလို သူတို့စကားသံကလည်းခပ်တိုးတိုးမို့ ဘာပြောနေလဲဆိုတာတော့မကြားရပါဘူး။

အဲဒီနောက်လူငယ်ကကားတစီးလုံးကို လိုက်လံစကားပြောလိုက် ဒရိုင်ဘာဘေးထိုင်ပြီးစကားသွားပြောလိုက်လုပ်နေတာကို ဂရုပြုကြည့်မိနေတဲ့ကျွန်တော်က တော်တော်စပ်စုတဲ့လူငယ်ပဲလို့ စိတ်ထဲမှတ်ချက်ပြုမိလိုက်ပါတယ်။

ဒီလိုနဲ့ မိတ္ထီလာမြို့အနီးကစားသောက်ဆိုင်တွေမှာ နေ့ခင်းစာစားဖို့တဖြတ်နားပါတယ်။ဒီဆိုင်တွေကို
မရောက်ခင်စစ်တပ်စစ်ရေးဂိတ်တခုရှိပါတယ်။
ဒီဂိတ်ကိုမရောက်ခင်မှာ ယာဥ်မောင်က "ရှေ့မှာစစ်ဆေးရေးဂိတ်ရှိတာမို့ မိမိရဲ့လက်ကိုင်ဖုန်းများကိုပိတ်ထားပေးကြဖို့နဲ့ တခုခုဖြစ်လာပါကယာဥ်လိုင်းကတာဝန်ယူမှာမဟုတ်ကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာ "ဆိုပြီး ကြိုအော်ပါတယ်။

အဲဒီနောက်ခရီးသည်တွေက ဖုန်းတွေအသီးသီးပိတ်ကြပါတယ်။အဲဒီနောက်ယာဥ်မောင်ကဆက်ပြီးတော့ ခရီးသည်တွေအားလုံးမှတ်ပုံတင်တွေအဆင်သင့်ထုတ်ထားဖို့ပြောပြန်ပါတယ်။မှတ်ပုံ
တင်တွေကိုင်ပြီးခရီးသည်တွေကအကုန်အဆင်
သင့်စောင့်နေရတာပါ။

ဂိတ်ကိုရောက်တော့ ယာဥ်အကူနဲ့ယာဥ်မောင်ကကားပေါ်ကဆင်းပြီး ခရီးသည်စာရင်းသွားပေးပါတယ်။စာရင်းပေးဖို့စောင့်ရဟန်ရှိပါတယ်။ကျွန်
တော်တို့ကားဘေးမှာတခြားကားတွေလည်းအလားတူရပ်ထားတာတွေ့ရပါတယ်။အချိန်က
၁၀မိနစ်ကျော်လောက်ကြာပါတယ်။

ကားတစီးပေါ်ကို အစိမ်းပုတ်ရောင်တီရှပ်နဲ့ပျောက်ကြားဘောင်းဘီဝတ်ထားပြီး ရုပ်မြင်တာနဲ့ အာဏာလု စစ်အုပ်စုက စစ်သားလို့သိနိုင်သူ ငါးယောက်လောက်တက်သွားတာကိုမြင်လိုက်တော့ ကိုယ့်ကားပေါ်တက်လာမလားဆိုတော့စိုးရိမ်စိတ်ကငယ်ထိပ်တက်လာတာပါပဲ။ အသံမကြားရပေမယ့် သူတို့ရဲ့အော်ဟစ်ငေါက်ငန်းနေတဲ့ရုပ်တွေကိုကားမှန်ကို​ဖောက်ပြီးအတိုင်းသားမြင်နေရပါတယ်။

အဲဒီအချိန် ကျွန်တော်တို့ကားပေါ်က အပေါ်မှာပြောထားတဲ့လူငယ်ဟာ အဲဒီဂိတ်ထဲကိုဆင်းသွားပါတယ်။ ဂိတ်ထဲကသူ​တွေနဲ့ ​အေး​အေးလူလူ
စကား​ပြော​နေတာကိုလည်း​တွေ့လိုက်​တော့ သူဘာလည်းဆိုတာကို သ​​ဘော​ပေါက်လိုက်ပါပြီ။

ကျွန်တော်တို့အဖွဲ့တွေလည်းစိတ်တထင့်ထင့်နဲ့ တယောက်ကိုတယောက်လှမ်းကြည့်မိတာပေါ့။အဖွဲ့
ထဲမှာ အဲဒီလူငယ်နဲ့စကားပြောမိတဲ့ လူကတော့မျက်နှာတော်တော်ပျက်တာပေါ့။

ရန်ကုန်ကိုအလုပ်လုပ်ဖို့မရောက်သေးဘူး။မိတ္ထီလာမှာတင် လက်ပန်းကျချင်နေတဲ့ခရီးပါ။ဒီလိုနဲ့ကျွန်
တော်တို့ကားဟာ ကံကောင်းစွာနဲ့ပဲမိတ္ထီလာက စားသောက်ဆိုင်ကိုရောက်လာပါတယ်။

စားသောက်ဆိုင်ထဲရောက်မှပဲ ကျွန်တော်ဟာကိုယ့်ခရီးကိုယ်သွားရင်း မဆီမဆိုင်ကံကိုကျေးဇူးလှမ်းတင်မိပြန်ပါတယ်။ဒီလိုနဲ့စားသောက်ဆိုင်မှာထိုင်ကြရင်းနဲ့ လူငယ်နဲ့စကားပြောခဲ့တဲ့အဖွဲ့ထဲကလူကို သူတို့ဘာတွေပြောကြလဲလို့ စားရင်းသောက်ရင်းကျွန်တော်စပ်စုမိပြန်ပါတယ်။

သူပြန်ပြောတာက "အဲဒီကောင်လေးကရန်ကုန်သွားမလို့လား။ခရီးသွားရတာလည်းခေတ်ကဘာမှန်းမသိတော့ကြောက်နေရတာဆိုပြီးစကားအစချီလာတယ်"လို့ဆိုပါတယ်။

အဲဒီနောက် စီးပွားရေးအကြောင်းတွေပြောနေရင်းကနေ ဘယ်မြို့ကလာတာလဲလို့တရင်းတနှီးတွေမိတ်ဖွဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက် နိုင်ငံရေးကမကောင်းဘူး။ဒီတော်လှန်ရေးကမြန်မြန်ပြီးမှဖြစ်မယ်ဆိုတဲ့စကားတွေပါလာတာမို့ ကျွန်တော်တို့အဖွဲ့ထဲကလူက" နိုင်ငံရေးတော့ကြောက်လို့ဗျာ။ဘယ်အထဲမှဝင်မပါရဲဘူး"လို့ပြောမှစကားစပြတ်သွားတယ်လို့ဆိုပါတယ်။

ကံကြီးပေလို့ပေါ့။စကားတခွန်းများမှန်းရင်ဂိတ်မှာဘာမသိညာမသိဆွဲချခံရသူက ကိုယ့်လူဖြစ်နေမှာ။

မိတ္ထီလာကနေ ထွက်လာတော့လည်း ဒီလူငယ်ပြန်ပါလာပါတယ်။သူကအားလုံးကို ​စော​စောကလိုပဲပြုံးပြနေပြန်ပါတယ်။သာမာန်လူငယ်တ​​ယောက်လိုပါပဲ။

ကျွန်တော်တို့အဖွဲ့ကတော့သက်ပြင်းထချချနဲ့
အိပ်ကြတော့တာပါပဲ။တဖွဲ့လုံးကအဲဒီလူငယ်စကားလာပြောမှာကို စစ်မှုထမ်းမဲစာရင်းနှိုက်သလိုပဲထိတ်လန့်နေကြပါတယ်။

အစက အဆင်​လေးဆိုပြီးမျက်စတပစ်ပစ်ဖြစ်နေတဲ့အဖွဲ့ထဲကညီမငယ်တောင် အိပ်ချင်ယောင်ဆောင်နေပါပြီ။

ဒီလိုနဲ့လမ်းမှာအပေါ့သွားဖို့ခဏနားပါတယ်။အဲ
ဒီကနေ ဆက်ထွက်လာလိုက်တာ ရင်ခုန်စိတ်လှုပ်
ရှားဖွယ်အကောင်းဆုံး ဇီးရိုးမိုင်ဂိတ်ကိုရောက်ပါပြီ။

ဂီယာတုန်းတွေရဲ့အသံ၊ကားဘရိတ်သံ​တွေနဲ့ ခပ်မှေးမှေးအိပ်နေသူတွေ၊အိပ်မောကျနေသူတွေလည်းနိုးလာပါတယ်။ညနေ၃နာရီကျော်လောက်ကိုရောက်နေပါပြီ။

"အခြေအနေမကောင်းဘူးဟေ့"ဆိုတဲ့ယာဥ်အကူရဲ့အော်သံကြောင့်ကျွန်တော်လည်းအရှေ့ကိုမျှော်
ကြည့်လိုက်မိပါတယ်။မြန်မာနိုင်ငံမှာ စစ်အတွင်းနေရာသူဆိုတော့ အခြေအနေမကောင်းဘူးဆိုတဲ့စကားသံကိုအနည်းငယ်ရိပ်စားမိ​နေပြီလေ။

အရှေ့ကိုအနည်းငယ်လှမ်းကြည့်လိုက်တဲ့။တကယ်အခြေအ​နေမကောင်းပါ။ကားတန်းနဲ့လူတွေကိုမြင်ရပါတယ်။နည်းနည်းပဲမြင်ရတာမို့ရှေ့မှာဘယ်
လောက်ပိတ်နေလဲကျွန်တော်တို့မသိပါဘူး။ယာဥ်
မောင်ကတော့ ထုံးစံအတိုင်း"ခရီးသည်များခင်ဗျာကနေ အစချီပြီး ဖုန်းတွေပိတ်ထားဖို့၊မှတ်ပုံတင်တွေထုတ်ထားဖို့၊လိုအပ်ရင်အောက်ကိုဆင်း အစစ်ဆေးခံဖို့နဲ့တခုခုဖြစ်လာရင် သူတို့တာဝန်မယူကြောင်း"ကို သုံးကြိမ်လောက်အော်ပါတယ်။

မိတ္ထီလာထပ်ရင်ခုန်နှုန်းကပိုမြန်လာပါတယ်။တိတ်တဆိတ်စောင်ခေါင်းမြီးခြုံရင်းတယ်လီဖုန်းထဲက ဓာတ်ပုံအယ်ဘမ်ထဲဝင်ကြည့်ရသေးတယ်။အူမြူးပြီးဖေ့ဘုတ်ကပုံတွေများသိမ်းထားမိသေးလားပေါ့။

ဘာမှမပါပေမယ့်လည်းရတက်မအေးပါဘူး။ကိုယ့်အလှည့်မရောက်သေးသ၍သက်ပြင်းလည်းရဲရဲမချရဲကြပါဘူး။တနာရီလောက်စောင့်ပြီးချိန်မှာ ကျွန်တော်တို့ကားအလှည့်ရောက်လာပါတယ်။
ကျွန်တော်တို့ကားတစီးလုံးအောက်ဆင်းပြီး တန်းစီရပါတယ်။ကျွန်တော့်အထင်ခရီးသည် ၃၀ လောက်တော့ပါမယ်ထင်တယ်။

တန်းစီပြီးတော့လည်းထပ်စောင့်ကြရပြန်ပါတယ်။အရှေ့ကားတွေကလူတွေမပြီးသေးလို့ပါ။ဟိန်း
ဟောက်သံတညံညံနဲ့ စောင့်ရတာတော့ အတော်စိတ်မချမ်းသာစရာပါပဲ။အော်မြန်မာနိုင်ငံပဲလို့တော့ဖြည့်တွေးရတာပေါ့။

အသက်ပြည့်ရဲ့လားမသိတဲ့ ကလေးတွေကို အ
သက်ကြီးကြီးအမျိုးသားတွေရဲ့ဆရာ၊ဆရာခေါ်သံကလည်းနားဝင်မဆန့်လှပါတယ်။ကျွန်တော်က
တော့အဖေ့ကိုဒီလမ်းခရီးကို ဒီလိုခေတ်ဆိုး ​ခေတ်ပျက်ထဲမှာမသွားခိုင်းဘူးလို့ဆုံးဖြတ်မိပါတယ်။

အပေါ်မှာပြောတဲ့လူငယ်လေးကတော့ အေးအေး
လူလူပဲဂိတ်ထဲဝင်သွားပါတယ်။သူ​ရောက်သွားတာနဲ့ဟာဗိုလ်ကြီးအဆင်ပြေရဲ့လားဆိုပြီး ဝိုင်းနှုတ်
ဆက်ကြတာ​တွေ့လိုက်ရပါတယ် ။

ဒီလိုနဲ့ မမြင်ချင်ယောင်ဆောင်ရင်းဆက်ရပ်စောင့်ရတာပေါ့လေ။ဒီလောက်ပြောဆိုထားတဲ့ကြားထဲက ကျွန်တော်တို့အဖွဲ့ထဲကလူပျိုကြီးတယောက်ကဖုန်းထုတ်ကြည့်လိုက်ပါတယ်။သူကဖုန်းဆင်း
ကဒ်ကိုတော့ပိတ်ထားပါတယ်။စောင့်ရတာကြာတော့ အကျင့်ပါပြီးဖုန်းထုတ်ပွတ်ဖို့လုပ်တယ်ထင်ပါတယ်။

လျှက်တပျက်အတွင်းငါကိုင်တုပ်ဆဲဆိုသံတွေနဲ့ သူ့ဇက်ပိုးကို လက်ဝါးစောင်းတွေရောက်လာပါတယ်။ကျွန်တော်တို့လည်းရုတ်တရက်ဆွံ့အသွားပါတယ်။နောက်တော့မှကျွန်တော်တို့ထဲကအ
သက်ကြီးကြီးတယောက်ကတောင်းပန်ပြီး ယူလာတဲ့ထောက်ခံစာကိုထုတ်ပြလိုက်ပါတယ်။

ခင်ဗျားတို့က ဒီလို​ထောက်ခံစာပါရင် အစထဲက
ပြရောပေါ့။အလုပ်ကိုရှုပ်တယ်လို့ဆူ​ငေါက်ပြီး ကျွန်တော်တို့အစစ်ဆေးလွတ်ခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ ကျွန်တော်တို့ယူလာတဲ့ ထောက်
ခံစာအသက်ဝင်နေတယ်ဆိုတာကိုသိရပြီး တဖွဲ့လုံးအသက်ရဲရဲရူရဲကြတာပါပဲ။

ကားပေါ်ကကျန်တဲ့ခရီးသည်တွေဆက်အစစ်ဆေးခံရပါတယ်။အဓိက ၅/တွေ (စစ်ကိုင်းတိုင်း မှတ်ပုံတင်​တွေ )ကိုအခုထိဖုန်းရော၊လူရောအတင်း
အကြပ်စစ်ဆေးနေတုန်းပါပဲ။

နောက်ဆုံးကျွန်တော်တို့ကားက ကင်းလွတ်ခွင့်ရပြီး ရန်ကုန်ရွှေမြို့တော်ကြီးထဲကို ညနေ၅နာရီကျော်မှာမောင်းဝင်နိုင်ခဲ့ပါပြီ။အပေါ်ကလူငယ်ဆိုတဲ့ဗိုလ်ကြီးကတော့အဲဒီဂိတ်မှာပဲဆင်းနေခဲ့ပါတယ်။

အဲဒီတော့မှာ ကျွန်တော်လည်း စစ်​တပ်ရဲ့လုပ်ပုံကိုင်ပုံကိုသိသူ​တွေဆီက ဖြစ်စဥ်အမှန်ကိုသိခွင့်ရပါတော့တယ်။ စစ်တပ်ကအရာရှိလူငယ်တွေကို ကားတစီးတိုင်းမှာတယောက်အမြဲထည့်ပြီး ခရီး
သည်အသွင်ယူ စုံစမ်းနေတယ်ဆိုတာပါပဲ။ ခရီးသည်အ​ယောင်​ဆောင်ပြီး လမ်းတ​​လျှောက်စုံစမ်းရင်း သူတို့ မသင်ကာသူဆိုရင် စစ်​​ဆေး​ရေးဂိတ်​ရောက်တဲ့အခါဖမ်းဆီး​နေတာပါ။ ​တော်လှန်​ရေးနဲ့ ဆက်စပ်သူ​တွေ ၊​တော်လှန်​ရေး ဘက်​တော်သား​တွေကို ဖမ်းဆီးနိုင်ဖို့ ရည်ရွယ်သလို ၊ ပြည်သူ​တွေကို အ​ကြောက်တရားပိုသွင်းချင်တာလည်းပါလိမ့်မယ်လို့ ထင်မိပါတယ် ။

"တခါတလေများ ကောင်မလေးငယ်ငယ်ချောချောလေးတွေလိုက်တာဗျ "လို့ စစ်တပ်နဲ့နီးစပ်သူတစ်​ယောက်ကပြောပါတယ်။

ငယ်ငယ်ချောချောလေးတွေမို့ အာတော့မချောင်မိစေနဲ့။အထူးစုံစမ်းစစ်ဆေးရေးဌာန(စစစ)က ဗိုလ်
ကြီးမမတွေ ထည့်လေ့ရှိတယ်လို့လည်း သူက
ဆက်ပြောပါတယ်။

ဒီလိုခရီးသွားလာရင်း ဖမ်းဆီးခံရတဲ့သူတွေရှိတယ်လို့လည်းသူကခပ်တိုးတိုး​လေးပြောပါတယ်။

"အိမ်တွေမီးရှို့ခံရတဲ့ အန်တီကြီးတွေ ပါးစပ်ကနည်းနည်းကျွံသွားရင် ဂိတ်မှာဆွဲချခံရတာပဲ။ဂိတ်မှာငါ...နှမစုံအောင်ဆဲတာ။အဓိကက လူငယ်တွေပစ်မှတ်ပဲ"လို့သူကဆက်ပြောပြပါတယ်။

ရန်ကုန်၊မန္တလေးက ခရီးသည်တင်ယာဥ်တွေဆိုက်ပြီး အနားယူချိန်ဆို ယာဥ်မောင်းအချင်းချင်း နှုတ်ဆက်တဲ့စကားက "ဒီနေ့ပါသေးလား"ဆိုတဲ့စကားတောင်ဖြစ်နေပြီလို့​တောင်စုံစမ်းသိရပါတယ်။

ဘုရားပေါင်းစုံတရင်းကံကိုကျေးဇူးတင်ကာကျွန်
တော်လည်း ရန်ကုန်မြို့ကိုခြေချနိုင်ခဲ့ပါပြီ။ ။

People's Spring

▶ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)_တောင်ပိုင်းစစ်ဒေသ၊ တပ်ရင်းတပ်ဖွဲ့များမှ သင်တန်းသားသစ်များ ခေါ်ယူ။အထူးစစ်ဆင်ရေးတပ်ဖွဲ့-S...
01/09/2024

▶ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)_တောင်ပိုင်းစစ်ဒေသ၊ တပ်ရင်းတပ်ဖွဲ့များမှ သင်တန်းသားသစ်များ ခေါ်ယူ။

အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF (P-29999)
https://www.facebook.com/share/p/WZMAnt4rZ9u4Bq44/?mibextid=oFDknk

ဂဠုန်စစ်ကြောင်း - P29908
https://www.facebook.com/share/p/dt7SP9Yiacc9EnVq/

Royal Peacock Column (P - 29913)
https://www.facebook.com/share/p/ACgBX8LFpyWhAtvK/

NLD နာယက ဦးတင်ဦး ကွယ်လွန်ရန်ကုန်၊ ဇွန် ၁NLD ပါတီရဲ့နာယက သူရဦးတင်ဦးဟာ ဒီနေ့ ဇွန်လ ၁ရက် မနက်၉နာရီခန့်မှာ ကွယ်လွန်သွားပြီလိ...
01/06/2024

NLD နာယက ဦးတင်ဦး ကွယ်လွန်

ရန်ကုန်၊ ဇွန် ၁

NLD ပါတီရဲ့နာယက သူရဦးတင်ဦးဟာ ဒီနေ့ ဇွန်လ ၁ရက် မနက်၉နာရီခန့်မှာ ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက အတည်ပြုပါတယ်။

ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေဆိုးလာတာကြောင့် မေလ ၂၉ရက်က ရန်ကုန်ဆေးရုံကြီးကို တင်ထားရတာဖြစ်ပြီး ဇွန်လ ၁ရက် မနက် အစောပိုင်းမှာတော့ အခြေအနေပိုဆိုးလာတာကြောင့် အသက်ကယ်ဆေးထိုးလိုက်ရတာလို့ နီးစပ်သူတဦးကပြောပါတယ်။

မနက် ၉နာရီခန့်မှာတော့ ကွယ်လွန်သွားတာဖြစ်တယ်လို့ သူကပြောပါတယ်။


#သူရဦးတင်ဦး

ယနေ့ မေလ ၈ရက်နေ့မှာ (၈၈)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမဂ္ဂအလံတော်အောက်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေးတိုက...
08/05/2024

ယနေ့ မေလ ၈ရက်နေ့မှာ (၈၈)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမဂ္ဂအလံတော်အောက်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေးတိုက်ပွဲကို ဆင်နွှဲနေကြတဲ့ ဗကသကျောင်းသားရဲဘော်တွေအတွက် အမှတ်တရပစ္စည်းများ ဝယ်ယူရင်း ရန်ပုံငွေထည့်ဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

၂၀၂၄ ခုနှစ်၏ သက်ရှိ စည်းရိုး ဇတ်ကား အပါအဝင် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်များကို  MRTV 4 နှင့် Channel 7 ရုပ်သံလိုင်း ပိုင်ရှင...
31/03/2024

၂၀၂၄ ခုနှစ်၏ သက်ရှိ စည်းရိုး ဇတ်ကား အပါအဝင် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်များကို MRTV 4 နှင့် Channel 7 ရုပ်သံလိုင်း ပိုင်ရှင် Forever Group ကုမ္ပဏီက အဓိက ကူညီပေးနေ

၂၀၂၄ ခုနှစ်၏ သက်ရှိ စည်းရိုး ဇတ်ကား အပါအဝင် MRTV-4 နှင့် Channel-7 ကို ထုတ်လွှင့်နေသည့် Forever Group က အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်ရာတွင် အဓိက ကူညီပံ့ပိုးပေးနေသည်ဟု သိရှိရသည်။

၂၀၁၉ ခုနှစ်မှ စ၍ အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းများကို ရိုက်ကူးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွှု် ကက(ပြည်)နှင့် Forever Group တို့ နာရီ ၁၁၀ ဇာတ်ကား အတူပူးပေါင်း ရိုက်ကူးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် 'တစစ်တမက် ကိုယ်နှင့် သက်ကို 'အမည်ရ ဇာတ်ကားကို MRTV-4 ၏ ဇာတ်ဆောင် Talents များစွာနှင့် ရိုက်ကူးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်လည်း 'ကြယ်နှင့်အတူ' ဇာတ်လမ်းတွဲ၊ ၂၀၂၂ ခုနှစ်တွင် 'အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့' ဇာတ်လမ်းတွဲ၊ ၂၀၂၃ ခုနှစ်တွင် 'စောင်နီလေးတစ်ထည်' ရုပ်ရှင်'၊ ၂၀၂၃ ခုနှစ် ရေတပ် ၇၅ နှစ်ပြည့်အတွက် 'ကြယ်ညွှန်ရာသစ္စာ' ဇာတ်လမ်းတွဲ စသည်တို့တွင် ပါဝင်သည့် သရုပ်ဆောင်များနှင့် ရိုက်ကူးရေးပိုင်းများတွင် Forever Group MRTV-4 က အဓိကပံ့ပိုးကူညီရိုက်ကူးထားခြင်း ဖြစ်ကြောင်း ရုပ်ရှင်အသိုင်း အဝိုင်းက ပြောကြားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်တွင်လည်း 'သက်ရှိစည်းရိုး' ဇာတ်ကား၊ 'တွဲလက်တူစုံ ချစ်ရိပ်မြုံ' ဇာတ်ကား၊ 'တုနှိုင်းမမီသည့် စံ' စသည့် အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်ချိရေးရုပ်ရှင်ဇာတ်ကား အားလုံး၏ ရိုက်ကူးရေးပိုင်းနှင့် သရုပ်ဆောင်များသည် MRTV-4 က အဓိက ပံ့ပိုးကူညီရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ် ဝါဒဖြန့်ဇတ်ကားများကို ကူညီရိုက်ကူး ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ကြေညာခဲ့ပြီး စစ်တပ် ဝါဒဖြန့် 'တွဲလက်တူစုံ ချစ်ရိပ်မြုံ' ဇာတ်ကား၏ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာစာရင်းတွင် ရိုက်ကူးထုတ်လုပ်ရေးအဖြစ် ဒေါက်တာဟိန်းထက်အေး(Forever Group) အမည်ကို ဖော်ပြခဲ့သည်။

Forever Group ၏ CEO သည် ဦးဝင်းမော်ဖြစ်ပြီး ၎င်းကို လတ်တလောတွင် လူမြင်ကွင်းတွင် သိပ်မတွေ့ရဘဲ ဦးဝင်းမော်၏ သမက် ဖြစ်သူ ဒေါက်တာဟိန်းထက်အေး ကို အဓိက ပွဲထုတ်နေခြင်းဖြစ်သည်။

ထို့ပြင် Forever Group သည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ သမီး ခင်သီရိသက်မွန် ၏ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်သည့် Media 7၊ အာဏာရှင်ဟောင်း သန်းရွှေ၏မြေး နေရွှေသွေးအောင်(ခ)ဖိုးလပြည့်နှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်(မြတ်မေတ္တာမွန်ဆီဆိုင်) ၏ သား ထွဋ်ခိုင်ဝင်းတို့က လုပ်ကိုင်နေသည့် Hey play entertainment App နှင့်ပူးပေါင်း၍ Forever Group ၏ ရုပ်သံ Channel 7 တွင်ဇာတ်လမ်းတွဲများထုတ်လွှင့်ပြသလျက်ရှိသည်။

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင်လည်း Forever Group က အဓိကပါဝင်ကူညီခဲ့ပြီး MRTV-4မှ Talents ဇာတ်ဆောင်များ၊,MRTV-4 ၏ ဝါရင့်အစီအစဉ်တင်ဆက်သူများက အကယ်ဒမီပေးပွဲ အစီအစဉ်ကြေညာသူများအဖြစ် ပါဝင်ခဲ့ကြသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်ကို အာဏာဖီဆန်သည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များကို ၅၀၅-က ဖမ်းဝရမ်းထုတ်ပြန်ကြေညာချက်ထွက်လာသည့်အခါတွင်လည်း ဖမ်းဝရမ်းကို ပယ်ဖျက်လိုသည့် အနုပညာရှင်များကို ခံဝန်ထိုးရန် စီစဉ်ပေးသူများတွင်လည်း Forever Group ပါဝင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၏ တူမအရင်းစုလင်းရှိန်သည် MRTV-4 ၏ ဇာတ်ဆောင်(Talents) တစ်ယောက်ဖြစ်ကြောင်း၊ အာဏာရှင်ဟောင်း သန်းရွှေလက်ထက်တွင် မြန်မာ့ရုပ်ရှင်ကို အဟန့်အတားအဖြစ်ရှိခဲ့သည့် ဆင်ဆာအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးသိန်းထွန်းအောင် သည် လက်ရှိတွင် Forever Group MRTV-4 ၏ ထုတ်လုပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။

လက်ရှိတွင် နိုင်ငံရေးလှုပ်ရှားမှုများကို အနုပညာနှင့် အာရုံလွှဲရန် MRTV-4 က ဇာတ်လမ်းတွဲများထုတ်လွှင့်ပြသပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပြည်သူများ စိတ်ဝင်စားမှုမရှိစေရန် ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ- Forever Group ကုမ္ပဏီက အဓိက ကူညီထုတ်လုပ်ပေးနေသည့် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်ဇတ်ကားများ။

ဖက်ဆစ်တော်လှန်ရေးနေ့တပ်မတော်နေ့ရယ်လို့ စစ်အုပ်စုက လက်ဝါးကြီးအုပ် အမည်ပြောင်းခဲ့တဲ့ ဒီကနေ့ မတ်လ ၂၇ရက်နေ့ဟာ ဗမာ့တပ်မတော်၊ ...
27/03/2024

ဖက်ဆစ်တော်လှန်ရေးနေ့

တပ်မတော်နေ့ရယ်လို့ စစ်အုပ်စုက လက်ဝါးကြီးအုပ် အမည်ပြောင်းခဲ့တဲ့ ဒီကနေ့ မတ်လ ၂၇ရက်နေ့ဟာ ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်သူလူထုတရပ်လုံး ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ "ဖက်ဆစ်တော်လှန်ရေးနေ့" ပဲ ဖြစ်ပါတယ်။

၁၉၄၅ခုနှစ်၊ မတ်လ ၃ရက်နေ့မှာ ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကြီး (ဖတပလ) ကို တပ်မတော်သားကိုယ်စားလှယ် ၃ဦး၊ ပြည်သူ့အရေးတော်ပုံပါတီကိုယ်စားလှယ် ၃ဦး၊ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ် ၃ ဦးတို့နဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။

မတ်လ ၈ ရက်နေ့မှာ ဗိုလ်မှူးကြီးဗထူးရဲ့ တပ်တွေက ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ကို "ဖက်ဆစ်တော်လှန်ရေးနေ့" အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာပါ။

လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ကြပြီး အသက်နဲ့ရင်း တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီလိုသမိုင်းဝင်နေ့ရက်ကို ၁၉၅၅ ခုနှစ်မှာ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အုပ်စုက တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

စစ်တပ်ဟာ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ သူ့ရဲ့ ဖက်ဆစ်သဏ္ဍာန်ကို တငွားငွားထုတ်ပြပါတော့တယ်။ ပြည်သူလူထုမှာလည်း ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်ခဲ့ပေမယ့် ဖက်ဆစ် ဗမာ့တပ်မတော်ရဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ ကျောကော့အောင် ခံခဲ့ရပါတယ်။

လက်ရှိ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ ဖက်ဆစ်စစ်တပ်ဟာလည်း ၂၀၂၁ တကြော့ပြန် အာဏာသိမ်းပြီးကတည်းက လူသတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေပြန်ပါတယ်။

ပုံစာ - ဗဂျီအောင်စိုးရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ သရုပ်ဖော်ပုံတခု

#ဖက်ဆစ်တော်လှန်ရေးနေ့

လက်ပံပွင့်တွေကိုလည်း မမြင်ရပါဥဩတွန်သံကိုလည်း မကြားရပါနွေဦး‌မရောက်နိုင်တော့ပါ။နာရေးဖိတ်စာတချို့ နှင့်လေယာဉ်စက်သံများသာဝေလ...
15/03/2024

လက်ပံပွင့်တွေကိုလည်း မမြင်ရပါ
ဥဩတွန်သံကိုလည်း မကြားရပါ
နွေဦး‌မရောက်နိုင်တော့ပါ။

နာရေးဖိတ်စာတချို့ နှင့်
လေယာဉ်စက်သံများသာ

ဝေလျက်
မြည်လျက်။

-လူပျော်
#လူပျော်

 football သတင်းတွေစိတ်ဝင်စားရင်like & follow🥳🥳
11/03/2024

football သတင်းတွေစိတ်ဝင်စားရင်like & follow🥳🥳

ဘင်ဖီကာကနေ ထွက်လာတဲ့ ဂရီမယ်လ်ဒိုကို လေဗာကူဆင်က ဖရီးနဲ့ခေါ်လိုက်တယ်။ အခုတော့ သူက ၁၁ ဂိုးသွင်း၊ ၁၂ ကြိမ်ဖန်တီးပေးပြီး ခြေစွမ်းပြနေပြီ။ တန်ချက်ကတော့ လန်ထွက်နေတယ်လို့တောင် ပြောရမယ်။ လေဗာကူဆင်ရဲ့ အဓိကကစားသမား၊ ကွင်းလယ်ဘယ်ခြမ်းမှာကစားပေးပြီး ရှုံးပွဲမရှိစံချိန်ကို အခုချိန်ထိ ပိုင်ဆိုင်နေမှုမှာ ထဲထဲဝင်ဝင်ပတ်သက်နေသူပါ။

ပြန်ရောင်းထုတ်မယ်ဆိုရင်တောင်မှ ယူရိုသန်း ၂၀ လောက်က ပြန်ရလောက်တယ်။ အလွန်ဆိုလက်အောက်မှာ ဂရီမယ်လ်ဒိုက နာမည်ပိုရလာပြီး အသင်းကြီးတချို့စောင့်ကြည့်တာပါ ခံနေရပါပြီ။ အလွန်ဆိုရဲ့ ကစားသမားခေါ်ယူမှုကိုလည်း တကယ်ချီးကျူးရတယ်။ အာဆင်နယ်က ရှာခါကို ခေါ်တုန်းကလည်း ဘယ်သူမှအထင်မကြီးဘူး။ အခု ရှာခါက ကွင်းလယ်ထောက်တိုင်ကြီးကို ဖြစ်လို့။

ဒီလိုတွေစုဖွဲ့တည်ဆောာက်ပြီး အလွန်ဆိုက သူ့အသင်းကို ဦးဆောင်ခဲ့တာ တကယ်ချီးကျူးစရာပါ။ သူ့ ကစားသမားတွေ ခြေစွမ်းပြချက်ကလည်း လွန်လွန်းတယ်။ တရာသီလုံးခြေကိုကျမသွားပါဘူး။

ONE Sports

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ONE News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share