28/02/2023
ချယ်လ်ဆီးသည် ဂရေဟမ်ပေါ်တာလက်ထက်တွင်
ဆိုးရွားသောအချိန်များကို ကြံ့ကြံ့ခံပြီး မကြာမီ
စတန်းဖို့ဒ်ဘရစ်ချ်မှအထုတ်ခံရဖို့နီးစပ်နေပါတယ်
ချယ်လ်ဆီးအသင်းသည် ယခုအပတ်တွင် လန်ဒန်
ပြိုင်ဘက်တော့တင်ဟမ်ဟော့စပါးအသင်းကိုထပ်မံ
ရှုံးနိမ့်ခဲ့သည်။
Potter'sရဲ့အသင်းဟာ မကြာသေးမီကအသုံးစရိတ်
အများအပြားအသုံးပြုပြီး ကစားသမားအသစ်များ
ခေါ်ယူထားပေမယ့်ပရီးမီးယားလိဂ်တွင်
ဂိုးသွင်းအနည်းဆုံးအသင်းဖြစ်တယ်။
ဒါကြောင့် စနေနေ့မှာ လိဒ်ရှုံးပါက Todd Boehly
က အသင်းမှထုတ်ပယ်နိူင်ပါတယ်။
အသက်၄၇နှစ်အရွယ် ပေါ်တာရဲ့နေရာမှာ
အစားထိုးဖို့ နည်းပြ၅ဦးကို ရွေးချယ်ထားပြီးပြီလို့
သိရပါတယ်။