The Multiplier Effect - Training & Consulting

  • Home
  • The Multiplier Effect - Training & Consulting

The Multiplier Effect - Training & Consulting Empowering individuals and organizations through expert coaching, training, and consulting.

"ဝန်ထမ်းတွေက ခဏခဏ ထွက်ကြတယ်ဗျာ။ အလုပ်မှာ သင်ပေးလို့ တတ်ခါနီးရင် ထွက်သွားရော။ အဓိကကတော့ လစာ ပိုရတဲ့နေရာ သွားကြတာ ထင်ပါရဲ့...
12/06/2026

"ဝန်ထမ်းတွေက ခဏခဏ ထွက်ကြတယ်ဗျာ။ အလုပ်မှာ သင်ပေးလို့ တတ်ခါနီးရင် ထွက်သွားရော။ အဓိကကတော့ လစာ ပိုရတဲ့နေရာ သွားကြတာ ထင်ပါရဲ့။"

ဆိုတာ Business Owner အများစုနဲ့ စကားပြောဖြစ်တဲ့အခါ အမြဲတမ်းလိုလိုကြားရပါတယ်။

အဲ့တော့ လိုက်ပြီး စဉ်းစားကြည့်ပေးကြပါဦး။

တကယ်ပဲ လစာတစ်ခုတည်းကြောင့်လား?

▪️လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းတွေ ခဏခဏ အပြောင်းအလဲဖြစ်နေတာ (High Turnover Rate) ဟာ အပေါ်ယံကြည့်ရင် ငွေကြေးကိစ္စလို့ ထင်ရပေမယ့်၊ တကယ်တမ်း Organization တစ်ခုလုံးရဲ့ Dynamic ကို Diagnosis လုပ်ကြည့်တဲ့အခါ အမြစ်တွယ်နေတဲ့အကြောင်းရင်းက "Clarity (ရှင်းလင်းပြတ်သားမှု) မရှိခြင်း" ကြောင့် ဖြစ်နေတာ ပိုများပါတယ်။

၁။ Role Clarity မရှိခြင်း (employee က ငါ ဘာလုပ်ရမှန်း မသိတာ)
ဝန်ထမ်းအသစ်တစ်ယောက် ဝင်လာတဲ့ခါ သူ့ကို Job Description (JD) အကြမ်းဖျင်း ပေးထားပေမယ့် တကယ်တမ်း လုပ်ငန်းခွင်ထဲမှာတော့ အလုပ်တွေက ရှုပ်ပွပြီး ဘယ်ဟာက အဓိကလဲ မသိဖြစ်လာတယ်။ သို့မဟုတ် မိမိ ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်ဘဲ အခြားအလုပ်တွေပါ ပုံအောလုပ်နေရတယ်။ ဒီလိုနဲ့ နေ့စဉ်ရုန်းကန်နေရပြီး "ငါ ဒီကုမ္ပဏီမှာ ဘာအတွက် ရှိနေတာလဲ" ဆိုတဲ့ ရှင်းလင်းမှု ပျောက်ဆုံးသွားတဲ့အခါ ဝန်ထမ်းဟာ Burnout ဖြစ်ပြီး ထွက်ဖို့ လမ်းစ ရှာပါတော့တယ်။

၂။ Alignment Clarity မရှိခြင်း (ငါ့အထက်လူကြီးက ဘာလိုချင်မှန်း မသိတာ)
Manager က တစ်မျိုးပြော၊ Owner က တစ်မျိုးခိုင်း သို့မဟုတ် အထက်လူကြီးရဲ့ မျှော်မှန်းချက် (Expectation) က ဘာလဲဆိုတာ ဝန်ထမ်းက တိတိကျကျ မသိရတဲ့အခါ Team Friction (အဖွဲ့တွင်း ပွတ်တိုက်မှု) တွေ စဖြစ်လာပါတယ်။ "အလုပ်လုပ်ရတာထက် လူကို ညှိရတာ ပိုပင်ပန်းတယ်" ဆိုတဲ့ ခံစားချက်က ဝန်ထမ်းကောင်းတွေကို အဖွဲ့ထဲကနေ မောင်းထုတ်လိုက်သလို ဖြစ်စေပါတယ်။

၃။ Growth Clarity မရှိခြင်း (ငါ့ရဲ့ အနာဂတ် က ဘယ်ကိုလဲ မသိတာ)
လစာ ကောင်းကောင်းပေးထားရင်တောင်မှ "နောက် ၃ နှစ်နေရင် ငါ ဘယ်အဆင့် ရောက်မလဲ" ဆိုတဲ့ Career Path နဲ့ ပတ်သက်ပြီး Clarity မရှိရင် အလားအလာရှိတဲ့ ဝန်ထမ်းတွေ (High Potentials) ဟာ အကြာကြီး နေလေ့မရှိပါဘူး။ သူတို့က ငွေတစ်ခုတည်းထက် တိုးတက်မှုကို ပိုရှာဖွေကြလို့ပါ။

အချိန်ထပ်ပေးနိုင်သေးရင် အောက်က စာကို ဆက်ဖတ်ကြည့်ပါ။

အများထင်သလို “Training ပေးတာက အဖြေမဟုတ်သေးပါဘူး"

▪️ဒါကဘာလဲဆိုတော့ အဖွဲ့အစည်းတော်တော်များများက ဝန်ထမ်းတွေ စိတ်ဓာတ်ကျနေရင်၊ အလုပ်ထွက်များရင် ချက်ချင်း "သင်တန်းတစ်ခုခု ပေးလိုက်ဦးမယ်" ဆိုပြီး ဖြေရှင်းလေ့ရှိကြပါတယ်။
📌ဒါပေမယ့် တကယ့် ပြဿနာရဲ့ Root Cause ကို မသိဘဲ သင်တန်းပေးတာဟာ ရောဂါအဖြေရှာမရဘဲ အကိုက်အခဲပျောက်ဆေး တိုက်နေသလိုပါပဲ။ ခဏပဲ သက်သာပြီး ရောဂါက ပြန်ကြွလာမှာပါ။

We don't just train. We diagnose.

ဒါကြောင့် ကျမတို့ TME (The Multiplier Effect) မှာ လုပ်ငန်းခွင်ထဲကို သင်တန်းတွေ မပေးခင်မှာ အဓိကနဲ့ အရေးကြီးဆုံး ပထမဆုံး လုပ်ကို လုပ်ပေးဖြစ်တာက Assessment & Team Diagnosis ကတစ်ဆင့် အရင်ဆုံး အဖြေရှာတာပါဘဲ။

✅ဒီ Employee က ဘာကြောင့် Performance ကျနေတာလဲ ?(ကျွမ်းကျင်မှု အားနည်းလို့လား၊ သူ့ရဲ့ Design နဲ့ မကိုက်တဲ့ နေရာမှာ ရောက်နေလို့လား)

✅ဒီ Team က ဘာကြောင့် Friction များနေတာလဲ ? (ဆက်သွယ်ရေး ပုံစံတွေ မတူလို့လား)

ဘာကြောင့်လဲဆိုတော့ People Clarity ရရှိပြီးမှသာ Team Alignment (နေရာမှန် လူမှန် ညှိနှိုင်းမှု) ကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး၊ အဲ့ဒီကမှတစ်ဆင့် Business Owner တွေ လိုချင်တဲ့ “High Performance ဆိုတဲ့ Outcome “ ကို ရရှိမှာ ဖြစ်ပါတယ်။

📌သင့်လုပ်ငန်းမှာရော ဝန်ထမ်းတွေ ခဏခဏ ထွက်နေတာ တကယ်ပဲ လစာကြောင့်လား... ဒါမှမဟုတ် အဖွဲ့အစည်းတွင်းမှာ Clarity ပျောက်ဆုံးနေလို့လား?

📌တိုင်ပင်ဖို့အတွက် ၃၀ မိနစ် Free Call လက်ဆောင်စီစဉ်ထားပေးပါတယ်၊Messenger မှတဆင့် booking ယူလိုက်ရုံပါဘဲ။

TME - The Multiplier Effect
“Unlock your potential, Elevate your business .”

07/06/2026

"Clarity မရှိတဲ့ Effort တွေဟာ Burnout တွေဆီကိုပဲ အဆုံးသတ်သွားတတ်ပါတယ်။"
လူတိုင်းက ပိုကောင်းတဲ့ရလဒ်ကို လိုချင်ကြပါတယ်။ ဒါပေမဲ့ ရလဒ်တစ်ခုရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကိုယ့်ရဲ့ 'Mindset' နဲ့ 'Direction' ကို ရှင်းလင်းအောင် မလုပ်ထားနိုင်ရင်တော့ ပြေးနေပေမဲ့ ခရီးမရောက်သလို ခံစားရမှာပါပဲ။
ဒါကြောင့် “New Year, New Version” ဆိုတဲ့ Webinar လေးကို ပြုလုပ်ပေးခဲ့ပါတယိ။
ဘာတွရခဲ့ကြလဲဆိုတာတော့ Video လေးမှာ ကြည့်လိုက်နော်။

နှစ်ဝက်လည်းရောက်လာပြီဆိုတော့ ပြန်လည်ဆန်းစစ်ဖို့အချိန်
လည်းကျရောက်လာပါပြီ။

ဒါကြောင့် သိပ်မကြာခင်မှာ
✅လုပ်ငန်းရှင်တွေ၊မန်နေဂျာတွေ
✅ကိုယ့်ရဲ့ တိုးတက်ခြင်းကို စဉ်ဆက်
မပြတ်ရှာဖွေနေသူတွေအတွက် Webinar လေး လာပါတော့မယ်။

TME-The Multiplier Effect
“Unlock your potential, Elevate your business “.

လုပ်ငန်းကတော့ ပုံမှန် ဆက်သွားနေပေမယ့် ရှေ့ဆက်ရမယ့် Direction ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး ဖြစ်နေလား?အလုပ်တစ်ခုတော့ ရ...
15/05/2026

လုပ်ငန်းကတော့ ပုံမှန် ဆက်သွားနေပေမယ့် ရှေ့ဆက်ရမယ့် Direction ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး ဖြစ်နေလား?

အလုပ်တစ်ခုတော့ ရှိနေပေမယ့် ကိုယ့်ရဲ့ Future ကဘာလဲဆိုတာကို ဝေဝါးပြီး အဖြေရှာမရ ဖြစ်နေသလား?

ပြေးနေပေမယ့် ခရီးမရောက်သလို ခံစားနေရတာဟာ ခေါင်းထဲမှာ အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အရာအားလုံးက ပြွတ်သိပ်ပြီး ရှုပ်ထွေးပြီး overwhelmed နေလို့ပါ။

မြေဆွမထားတဲ့ အပင်တစ်ပင်ကို ရေဘယ်လောက်လောင်းလောင်း ရှင်သန်ကြီးထွားမှု မမြင်ရသလိုပါပဲ...
စိတ်ထဲမှာ ရှင်းလင်းပြတ်သားမှု မရှိဘဲ အတင်းရုန်းကန်နေရတာတွေဟာ ရေရှည်မှာ ပင်ပန်းနွမ်းနယ်မှုတွေဆီကိုပဲ ဦးတည်သွားစေပါတယ်။

တကယ်တော့ …
Clarity မရှိတဲ့ effort က burnout ပဲ ထွက်ပါတယ်။

ဒါကြောင့် လူတွေမေးလိုက်ရင် ဘာလုပ်ရမလဲ မသိတော့ဘူး။

လုပ်ချင်ကိုင်ချင်စိတ်တွေတောင် မရှိတော့ဘူးတို့ ဆိုတာတွေ ဖြစ်လာကြတာပါ။

ကိုယ်တိုင်ရော လုပ်ငန်းက ရှေ့ဆက်မရတော့သလို ကိုယ့် career က မတိုးတက်တော့သလို ခံစားနေရပြီလား ?

မိနစ် ၃၀ စာ free call ပေးထားတာမို့ booking လေး ယူနိုင်ပါတယ်။

Wut Yi Soe

📄 “ဝန်ထမ်းတွေ လွယ်လွယ်ထွက်မသွားစေမယ့်နည်းလမ်း”အချို့အလုပ်တစ်ခုတည်းမှာဘဲ နှစ်ဆယ်ချီလုပ်ကြတာ၊အလုပ်အပေါ်မှာ သစ္စာရှိတာတွေ တ...
11/04/2026

📄 “ဝန်ထမ်းတွေ လွယ်လွယ်ထွက်မသွားစေမယ့်နည်းလမ်း”

အချို့အလုပ်တစ်ခုတည်းမှာဘဲ နှစ်ဆယ်ချီလုပ်ကြတာ၊အလုပ်အပေါ်မှာ သစ္စာရှိတာတွေ တွေ့ဖူးကြပါလိမ့်မယ်။ခုခေတ်မှာ turnover တွေမြင့်လာတော့ ဒီလိုလူမျိုးတွေ မရှိတော့ဘူးလားလို့တောင်မှ တွေးချင်စရာပါဘဲ။ဒါပေမယ့် ဒီခေတ်မှာလည်းရှိပါသေးတယ်။

လုပ်ငန်းရှင်အများစုက ကုမ္ပဏီတစ်ခုကို တည်ဆောက်တဲ့အခါ Org Chart တွေ၊ ရာထူးတာဝန်တွေနဲ့ Policy တွေကိုပဲ အဓိကထားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာကျော် CEO တစ်ဦးဖြစ်တဲ့ Harold Geneen ကတော့ ဒီလိုပြောခဲ့ဖူးပါတယ် -

"Every company has two organizational structures: The formal one is written on the charts; the other is the everyday relationship of the men and women in the organization."

ဝန်ထမ်းတစ်ယောက်အလုပ်ဝင်တဲ့ခါမှာ မြင်ရတဲ့စာချုပ်မှာတော့ လုပ်ရမယ့်တာဝန်ဝတ္တရားနဲ့ ပေးရမယ့်အချိန်ပါသလို ဒီ Organization ကနေပြန်ရမယ့် လစာနဲ့အခွင့်အရေးတွေကလည်းထင်ရှားပါတယ်။ဒါက “give and take” ဆက်ဆံရေးသာသာဘဲမို့ သာတဲ့ဆီကူးဖို့လည်း risk ပိုများပါတယ်။

ဒါပေမယ့် တကယ် ဝန်ထမ်းကိုချုပ်ထားတာက အဲ့ဒီ စာချုပ်
မဟုတ်တဲ့ Psychological Contract (စိတ်ပိုင်းဆိုင်ရာ ကတိကဝတ်) ပါ။အခြားအလုပ်ကလစာပိုရနိုင်ရင်တောင် ဒါမှမဟုတ်အခွင့်ရေးပိုသာနေရင်တောင် ထွက်မသွားဘဲ ဒီအလုပ်မှာသာ စွဲမြဲစွာလုပ်တယ်ဆိုတာ အလုပ်ရှင်နဲ့ ဒါမှမဟုတ် မိတ်ဆွေများ လုပ်ဖော်ကိုင်ဘက်များနဲ့ကြားမှာ Psychological contract က ခိုင်မာနေလို့ဖြစ်ပါတယ်။

ခုလို လုပ်ငန်းရှင်တိုင်း ခေါင်းကိုက်နေရတဲ့ turnover ကို ထိန်းနိုင်ဖို့ ဆိုရင် Psychological contract ကို အရင်ဆုံး
တည်ဆောက်ပါ။

ဘယ်လိုတည်ဆောက်ရမလဲဆိုရင် -
အဓိကကတော့ ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာရှိလေ့ရှိတဲ့ "မျှော်လင့်ချက်" တွေကို သိထားဖို့နဲ့ နားလည်ပေးဖို့ပါဘဲ …

ဝန်ထမ်းတွေဘက်က ဘယ်လိုတွေးလေ့ရှိလဲဆိုရင်
✨ "ငါ့ကို လူတစ်ယောက်လို တန်ဖိုးထားရဲ့လား?"
✨ "ငါ့ရဲ့ ကြိုးစားမှုကိုရော အသိအမှတ်ပြုရဲ့လား?"
✨ "ငါ အခက်အခဲဖြစ်ချိန်မှာရော လုပ်ငန်းရှင်က နားလည်ပေးမှာလား?"

စတဲ့ အကြောင်းအရာလေးတွေဖြစ်ပါတယ်။

တကယ်တော့ အလုပ်ထွက်ချင်လောက်အောင် ဝန်ထမ်းရဲ့ စိတ်ဖိစီးမှု (Stress) တွေ များနေတာဟာ စာရွက်ပေါ်က စာချုပ် (Formal Structure/contract) ကြောင့်ဆိုတာထက် ဒီ "မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ကတိကဝတ်" တွေကြောင့် ဖြစ်ဖို့ ပိုများပါတယ်။

ကိုယ့်လုပ်ငန်း ကိုယ့် organization မှာရှိနေတဲ့ လူတွေရဲ့ ဆက်ဆံရေးတွေကောင်းမွန်မှသာ ရေရှည်တည်တံ့တဲ့ အောင်မြင်မှုကို ရနိုင်မှာမို့ psychological contract ကို တည်ဆောက်ထားကြဖို့ အကြံပြုချင်ပါတယ်။

သင့်လုပ်ငန်းမှာရော... ဇယားပေါ်က ဖွဲ့စည်းပုံနဲ့ လက်တွေ့နေ့စဉ် ဆက်ဆံရေးတွေကြားမှာ ဘယ်လောက်အထိ ကွာဟချက် ရှိနေပြီလဲ?

Wut Yi Soe
The Multiplier Effect (TME)

💦 “ပိတ်ရက်က ဘယ်လိုကုန်သွားမှန်းတောင် မသိဘူးနော်...”သင်္ကြန်အပြီး ရုံးပြန်တက်တဲ့နေ့မှာ ဝန်ထမ်းအချင်းချင်း နှုတ်ဆက်တဲ့ စကာ...
10/04/2026

💦 “ပိတ်ရက်က ဘယ်လိုကုန်သွားမှန်းတောင် မသိဘူးနော်...”

သင်္ကြန်အပြီး ရုံးပြန်တက်တဲ့နေ့မှာ ဝန်ထမ်းအချင်းချင်း နှုတ်ဆက်တဲ့ စကားလေးကို ကြားကြရမှာပါ။
အလုပ်ဆိုတဲ့ Mood ကလည်း မ on သေးတဲ့ချိန်မှာ ဒီလိုစကားလေးတွေပြောကြတာကို အပြစ်ယူလို့မရပါဘူး။လုပ်ငန်းရှင်တွေ၊Manager တွေ leader တွေအနေနဲ့ နားလည်ပေးရမှာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် အားလပ်ရက်ပြီးလို့ အလုပ်ပြန်စတာနဲ့ သတိထားသင့်တဲ့အရာလေးတွေမျှဝေချင်ပါတယယ်။
💫အလုပ်ပြန်စတဲ့နေ့မှာ အရေးကြီး Meeting တွေ၊ High-pressure Deadlines တွေကို မလုပ်သင့်သေးပါဘူး။
ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေရဲ့ စိတ်က Rest Mode ကနေ Work Mode ကို ပြန်ပြောင်းဖို့ အရှိန်ယူနေရဆဲပါ။ ချက်ချင်း ဖိအားပေးလိုက်ရင် အမှားအယွင်းတွေ ပိုများနိုင်ပါတယ်။
💫အားပြန်ဖြည့်လာသမျှ စွမ်းအင်တွေကို ပထမဆုံးနေ့မှာတင် အကုန်သုံးပစ်လိုက်သလို ဖြစ်သွားရင် ရှေ့ဆက်ရမယ့် အလုပ်ရက်တွေအတွက် စိတ်ဓာတ် ခွန်အား ကျဆင်းသွားတတ်ပါတယ်။
လုပ်ငန်းခွင်ပြန်ဝင်ရတဲ့ရက်မှာ Meetingအကြီးကြီးတွေထက် တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုပြန်ယူတဲ့ Catch-up လေးတွေနဲ့ပဲ စတင်မယ်ဆိုရင် ရေရှည်အတွက် ပိုထိရောက်တဲ့ Productivity ကို ရစေမှာဖြစ်ပါတယ်။

“လူတွေပါဝင်ဖွဲ့စည်းထားတဲ့ လုပ်ငန်းတွေဟာ လူတွေရဲ့ ခံစားချက်ကို ထည့်တွေးပေးဖို့တွက်က အလိုအပ်ဆုံးပါဘဲ။”

မိမိရဲ့ team ကို care လုပ်ဖို့ သူတို့ရဲ့ အခက်အခဲတွေကို Non-judgmental listening နဲ့ စတင်ပါ။

လိုအပ်ပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်

Wut Yi Soe
The Multiplier Effect (TME)

သကြင်္န် Bonus က ဝန်ထမ်းတွေဘဲ ရတာလား ….💠သင်္ကြန်ဆိုတာ မြန်မာနိုင်ငံသားတွေအတွက်တော့ ရိုးရိုးပွဲတော်တစ်ခုဆိုတာထက် ရှုပ်ထွေ...
09/04/2026

သကြင်္န် Bonus က ဝန်ထမ်းတွေဘဲ ရတာလား ….

💠သင်္ကြန်ဆိုတာ မြန်မာနိုင်ငံသားတွေအတွက်တော့ ရိုးရိုးပွဲတော်တစ်ခုဆိုတာထက် ရှုပ်ထွေးလှတဲ့ ဘဝခရီးမှာ ခေတ္တခဏ "Pause" ခလုတ်နှိပ်ပြီး ကိုယ်ရောစိတ်ပါ အေးချမ်းအောင် လုပ်ဆောင်ကြတဲ့ အချိန်ကာလတစ်ခုလို့ ပြောရမလားဘဲ ..

💠 ဧပြီလရဲ့ ပြင်းထန်တဲ့ အပူရှိန်ကြားမှာ တစ်ဦးကိုတစ်ဦး ရေနဲ့ပက်ဖျန်းရင်း အပူဒဏ်ကို မျှဝေခံစားကြတာဟာ ရုပ်ပိုင်းဆိုင်ရာအရတင်မကဘဲ စိတ်ပိုင်းဆိုင်ရာမှာပါ မေတ္တာဓာတ်နဲ့ အေးမြစေတဲ့ သဘောရှိပါတယ်။

💠လုပ်ငန်းခွင်တွေမှာ Fiscal Year-end အခွန်ကိစ္စတွေ၊ နှစ်ပိတ်စာရင်းတွေနဲ့ ခေါင်းပူနေရတဲ့အချိန်မှာပဲ တစ်ဖက်မှာလည်း သင်္ကြန် Bonus လေးတွေနဲ့ အားလပ်ရက်ရှည်အတွက် စိတ်လှုပ်ရှားနေရတာဟာ ဝန်ထမ်းတွေအတွက်တော့ "နွေဦးရဲ့ ဆုလာဘ်" တစ်ခုပါပဲ။

💠နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသလိုပဲ၊ ကိုယ့်မှာရှိတာလေးတွေကို စုပေါင်းပြီး အလှူအတန်းလုပ်ကြ၊ မဏ္ဍပ်တွေထိုးပြီး ဧည့်ခံကျွေးမွေးကြတာက မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ အားအကောင်းဆုံး Social Bonding တစ်ခုလို့ ဆိုရမှာပါ။

💠ဒီလို အပြောင်းအလဲတွေ များပြားလှတဲ့ ကာလမှာ လုပ်ငန်းရှင်တွေအနေနဲ့ကတော့ အလုပ်တွေ အပြီးသတ်ဖို့ အပြေးအလွှား လုပ်နေရသလို၊ တစ်ဖက်မှာလည်း ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်နေပြန်ပါတယ်။ဒါကဘဲ လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းတွေအပေါ်မှာ ပြသနိုင်တဲ့ Psychological contract တစ်ခုဖြစ်စေတဲ့ “သကြင်္န် Bonus” တစ်ခုပါ။

ဒီနှစ် သင်္ကြန်ကာလမှာရော စာဖတ်သူအနေနဲ့ ဒီလို ရှုပ်ထွေးလှတဲ့ အလုပ်ကိစ္စတွေကြားကနေ ကိုယ့်ရဲ့ စိတ်ခွန်အားကိုရော ပြန်လည်ဖြည့်တင်းဖို့ Self-recharge ဘယ်လို အစီအစဉ်မျိုးတွေ ရှိပါသလဲ?

✅ မိသားစုနဲ့အတူ ခရီးထွက်မလား?
✅ တရားဘာဝနာ အားထုတ်ရင်း စိတ်အညစ်အကြေးတွေ သန့်စင်မလား?
✅ မိတ်ဆွေ သူငယ်ချင်းများ၊မိမိဝန်ထမ်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းမလား?
✅ အိမ်မှာဘဲ အေးဆေး အနားယူမလား ?

ပြောပြပေးခဲ့ပါဦး

Wut Yi Soe

04/04/2026

“အလုပ်မှာ လုပ်ချင်ရာလုပ်ပြီး အလှဆုံး ပြုံးနေတတ်သူတွေရှိလား ?"

အဖြေကတော့... ရှိပါတယ်…

သူတို့က "ကိုယ့်အလုပ်ကို ကိုယ်ချစ်တဲ့သူတွေ" ပါ…

အလုပ်က ကိုယ့်ရဲ့ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ၊ ကိုယ့်ရဲ့ စွမ်းရည်တွေကို ထုတ်ပြနိုင်တဲ့ 'Playground' တစ်ခုလို ခံစားရတဲ့အခါ ဒီလိုအပြုံးမျိုးက သူ့အလိုလို ပေါ်လာတတ်ပါတယ်။

ကိုယ့်ရဲ့ 'Passion' နဲ့ အလုပ်က တစ်ထပ်တည်း ကျနေတဲ့အခါ၊ အလုပ်လုပ်နေရတာက ဖိအားမဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံစေတဲ့ 'Fulfillment' တစ်ခု ဖြစ်လာပါတယ်။ 😊✨
ဒီနေ့ သင်ကော... သင့်အလုပ်မှာ ဘာလုပ်ရတာ အပျော်ဆုံးလဲ? မန့်မှာ မျှဝေပေးခဲ့ပါဦး။

“အလုပ်မှာ လုပ်ချင်ရာလုပ်ပြီး အလှဆုံး ပြုံးနေတတ်သူတွေရှိလား ?"အဖြေကတော့...” Yes “ရှိပါတယ်။သူတို့က "ကိုယ့်အလုပ်ကို ကိုယ်ချ...
04/04/2026

“အလုပ်မှာ လုပ်ချင်ရာလုပ်ပြီး အလှဆုံး ပြုံးနေတတ်သူတွေရှိလား ?"

အဖြေကတော့...” Yes “ရှိပါတယ်။

သူတို့က "ကိုယ့်အလုပ်ကို ကိုယ်ချစ်တဲ့သူတွေ" ပါ…

အလုပ်က ကိုယ့်ရဲ့ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ၊ ကိုယ့်ရဲ့ စွမ်းရည်တွေကို ထုတ်ပြနိုင်တဲ့ 'Playground' တစ်ခုလို ခံစားရတဲ့အခါ ဒီလိုအပြုံးမျိုးက သူ့အလိုလို ပေါ်လာတတ်ပါတယ်။

ကိုယ့်ရဲ့ 'Passion' နဲ့ အလုပ် က တစ်ထပ်တည်း ကျနေတဲ့အခါ၊ အလုပ်လုပ်နေရတာက ဖိအားမဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံစေတဲ့ 'Fulfillment' တစ်ခု ဖြစ်လာပါတယ်။ 😊✨

ဒီနေ့ သင်ကော... သင့်အလုပ်မှာ ဘာလုပ်ရတာ အပျော်ဆုံးလဲ? မန့်မှာ မျှဝေပေးခဲ့ပါဦး။

Address

192 Mahabandoola Road, 37 Ward, North Dagon Township

11421

Telephone

+959953353363

Website

Alerts

Be the first to know and let us send you an email when The Multiplier Effect - Training & Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed media company?

Share