STUN Media +

STUN Media + Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from STUN Media +, Media/News Company, Yangon.

02/11/2025

“ အစ်မတို့ ပရိသ-တ်တွေကိုမညာချင်ဘူး။သူများတွေကညာလိုက်စေချင်တယ် သူကတော့ညာရင်တသက် လုံးညာလိုက်ရမှာမို့ မညာချင်ဘူး အမှန်ကိုပဲပြောလိုက်တော့မယ်ဆိုတော့အိုခေပေါ့ဒါဆိုဖြစ်လာတဲ့ပြဿနာ တို-က်ခိုက်မှုဂယက်တွေကို နှစ်ယောက်လုံးခံကြမယ်ပေါ့”

National Director စိုးယုဝေ နှင့်တွေ့ဆုံခြင်း

#စတန်း #စိုးယုဝေ

02/11/2025

" ကျွန်တော့်မွေးနေ့နဲ့ တန်ဆောင်တိုင်ကတိုက်ဆိုင်သွားလို့ ကျွန်‌တော်က‌နေဝယ်ယူသူတွေအတွက် ခမ်းနားတဲ့ပွဲ‌တော်တစ်ခုကိုလုပ်‌ပေးဖြစ်သလို ကိုယ်တွေရဲ့ကျေးဇူးရှင်ဖြစ်တဲ့ ဝယ်ယူသူတွေအတွက်လည်း အထူးဈေး ရောင်းပွဲတော်ကြီးကို ( ၅ ရက်‌ ) တိတိစီစဉ်ပေးထားတယ်။ ' လက်ကီးဒိုင်းမွန်း ' ဆိုင်ကြီးက ဈေးကြီးရင်ဈေးကြီးမယ် ဒါပေမယ့် ကျွန်တော်တို့ထုတ်လုပ်လိုက်တဲ့ လက်ဝတ်ရတနာ တွေက Quality ကောင်း‌‌မွန်ပြီး သေသပ်သလို ဘယ်မှာမှ မရတဲ့ ဒီဇိုင်းမျိုးစုံကိုလည်းရရှိတယ်။ ဝယ်ယူသူတွေအတွက်စိတ်‌ကျေနပ်မှုရရှိ‌အောင် ဝန်ဆောင်မှုအပြည့်အဝပေးထားတယ်

Lucky Diamonds Myanmar ပဲ့ကိုင်ရှင် ဦးကျော် ၊ မမေဇင် တို့နှင့်တွေ့ဆုံခြင်း

#စတန်း
#ဦးကျော် #မမေဇင် Myanmar

စိန်ဝင်း ကုမ္ပဏီရဲ့ (၁၄)ဆိုင်မြောက် ဆိုင်ခွဲဖြစ်သည့် စိန်ဝင်းရာမညဌာနီ ဆိုင်ဖွင့်ပွဲကြီးမှ အမှတ်တရပုံရိပ်များ ✨📸💫⚡️စိန်ဝင...
02/11/2025

စိန်ဝင်း ကုမ္ပဏီရဲ့ (၁၄)ဆိုင်မြောက် ဆိုင်ခွဲဖြစ်သည့် စိန်ဝင်းရာမညဌာနီ ဆိုင်ဖွင့်ပွဲကြီးမှ အမှတ်တရပုံရိပ်များ ✨📸💫⚡️

စိန်ဝင်း ကုမ္ပဏီရဲ့ (၁၄)ဆိုင်မြောက် ဆိုင်ခွဲဖြစ်သည့် စိန်ဝင်းရာမညဌာနီ ဆိုင်ဖွင့်ပွဲကြီးကို ယနေ့ နိုဝင်ဘာလ ၊ ၂ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်လေရာ ပြည်သူချစ်သည့် Celebrity များစွာတက်ရောက်ဂုဏ်ပြုခဲ့ကြခြင်းဖြစ်ပြီးပွဲတက်တဲ့သူတွေနဲ့တူတူ ပျော်ပျော်ပါးပါးဂိမ်းတွေကစားအစီအစဉ်များစွာကျင်းပရင်း ဆိုင်ကြီးဖွင့်လှစ်ခဲ့သည့်ပုံရိပ်များကိုတင်ဆက်ပေးလိုက်ပါသည်။စိန်ဝင်း ကုမ္ပဏီရဲ့ (၁၄)ဆိုင် မြောက်ဆိုင်ခွဲဖြစ်သည့် စိန်ဝင်းရာမညဌာနီ လိပ်စာကတော့ အမှတ်(၁) မြို့မဆိပ်ခံတံတားထိပ်၊ကမ်းနားလမ်း၊စစ်ကဲကုန်းရပ်ကွက်၊မော်လမြိုင်မြို့နယ်တွင်ဖြစ်ပါသည်။

#စတန်း #စိန်ဝင်း #မော်လမြိုင်

02/11/2025

“ ဘာပဲနေနေ လူဆိုတော့ စိတ်ထိခိုက်စရာလေးတွေရှိတာပေါ့နော်၊ဒါပေမယ့် ကိုယ်လုပ်စရာရှိတာကို ကောင်းကောင်းမွန်မွန်လုပ်ရမှာဖြစ်တဲ့အတွက်အစ်မကလည်းသမီးလုပ်စရာရှိတာလုပ်ပါဆိုတာမို့မြတ်အနေနဲ့လည်းအကောင်းဆုံးလုပ်မှာပါ”

Miss Universe Myanmar 2025 အလှမယ် မြတ်ရတနာစိုး နှင့်တွေ့ဆုံခြင်း

#စတန်း #မြတ်ရတနာစိုး #အလှမယ်

`Miss Universe‘ ခရီးစဉ်အတွက် ထိုင်းကို စတင်ထွက်ခွါပြီဖြစ်တဲ့ `မြတ်ရတနာစိုး’ ✈️🇲🇲📸👏❤️************************မကြာခင်မှာ ထ...
02/11/2025

`Miss Universe‘ ခရီးစဉ်အတွက် ထိုင်းကို စတင်ထွက်ခွါပြီဖြစ်တဲ့ `မြတ်ရတနာစိုး’ ✈️🇲🇲📸👏❤️
************************

မကြာခင်မှာ ထိုင်းနိုင်ငံမှာ ကျင်းပတော့မယ့် Miss Universe 2025 ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ဖို့ Miss Universe Myanmar 2025 မြတ်ရတနာစိုးဟာ ဒီကနေ့ (2.11.2025) နေ့လည် ၃ နာရီမှာ ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွါခဲ့ပါတယ်…..✈️🇲🇲📸❤️

မြန်မာကိုယ်စားပြုဖို့ အကောင်းဆုံးပြင်ဆင်ထားတဲ့သူမကို Miss Universe အဖွဲ့သားများက လိုက်ပို့ခဲ့ကြပြီး National Director မစိုးယုဝေလည်း ထိုင်းနိုင်ငံအထိ လိုက်ပါပြီး ဝန်းရံအားဖြည့်သွားမှာဖြစ်တယ်လို့ သိရပါတယ်…..👏👏👏

#စတန်းမဂ္ဂဇင်း #မြတ်ရတနာစိုး

02/11/2025

" လွန်ခဲ့တဲ့နှစ်တွေတုန်းက မကြီးစိုးတို့ ရဲအောင်တို့ စိုးသူတို့သူများတွေအိမ်ထောင်ကျတဲ့အချိန်မှာ အိမ်ထောင်ပြုရင်ကောင်းမလားဆိုပြီးစဥ်းစားမိတယ်။ အဲ့ဒီအချိန်မှာ အိမ်ထောင်ကျပြီးသားလူတွေက မကောင်းဘူးလို့ပြောကြတော့ သူတို့ကိုကြည့်ပြီးစိတ်ကုန်လို့မယူဖြစ်တော့တာပါ။ တစ်ယောက်ထဲနေရတာကောင်းပေမယ့် အထီးကျန်တာတစ်ခုတော့ရှိတာပေါ့ "

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၂၁)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်မှာတွေ့ရတဲ့ သရုပ်ဆောင် အကယ်ဒမီရန်အောင်၊ အကယ်ဒမီမေသန်းနု တို့နှင့်တွေ့ဆုံခြင်း

#စတန်း #ရန်အောင် #မေသန်းနု #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #စုပေါင်းမဟာဘုံကထိန်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၂၁)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်🙏🙏🙏*******************************မြန်မာနိုင်ငံရုပ်ရှင်...
02/11/2025

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၂၁)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်🙏🙏🙏
*******************************
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သုံးရာငါးဆယ့်ခြောက်သိန်းရှစ်သောင်းခုနှစ်ထောင်၊ သိန်း(၃၀၀)ရာကျော်သက်န်းဆက်ကပ်လှူဒါန်းပွဲနှင့်ရေစက်သွန်းချအလှူတော်မဂ်လာကို ဒီကနေ့(2.11.2025) တနဂ်‌‌နွေနေ့ နံနက်(၉)နာရီအချိန် နာဂလိုဏ်ဂူ ကလေးဝတောရစာသင်ကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့ရာ အနုပညာရှင်များနှင့်အတူ တက်ရောက်လာကြတဲ့ ဧည့်ပရိသ-တ်များရဲ့ ပုံရိပ်များစွာကို STUN_Magazine ချစ်ပရိသ-တ်များအတွက်တင်ဆက်ပေးလိုက်ရပါတယ်💫💫💫

#စတန်း #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #စုပေါင်းမဟာဘုံကထိန်

02/11/2025

" ကိုယ်ရဲ့တူမလေးကို ဆူစရာရှိရင် ဘယ်နေရာပဲရောက်ရောက်ဆူတယ်။ သူဘယ်သူနဲ့ပဲဖြစ်ဖြစ် ချစ်ကြိုက်လို့ရတယ်။ သူ့ရဲ့အ
ချစ်‌ရေးတော့ ကိုယ်ကအမြဲတမ်းလိုက်ပြီးမပြော‌ပေမယ့် ၊ သူ့ချစ်တဲ့ကောင်လေးနဲ့ စည်းတွေဘော
င်တွေ မကျော်ဖို့တော့ ကိုယ်ကအမြဲမှာပြီးပြောပြ‌ပေးဖြစ်တယ် "

အလှမယ် ကျော်ကျော်အိန္ဒြာ ၊ ကျော်ကျော်နန္ဒ နှင့်တွေ့ဆုံခြင်း

#စတန်း
#ကျော်ကျော်အိန္ဒြာ #ကျော်ကျော်နန္ဒ

02/11/2025

" အဖေ့ရဲ့ခွဲစိ-တ်မှုက အောင်မြင်သွား‌တယ် ၊ အဖေက အရင်နဲ့စာရင် ပိုပြီးသက်သာလာသလိုကျန်းမာ‌ရေးတွေလည်း‌ ကောင်းလာတယ်။ ကိုယ်‌ တွေနောက်တစ်ခေါက်တော့သွားရအုန်းမယ်၊ အဖေ့ကို စိတ်ပူပေမယ့် ကိုယ်တွေစိတ်ချရတဲ့ အဖေ့ရဲ့ တပည့်ကလည်း ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်လို့ ယုံကြည်တယ်။ အဖေရဲ့မိတ်ဆွေ အပေါင်းအသင်း‌တွေက ဒီမြန်မာမှာ ရှိတာများတော့ ဒီမှာပျော်မယ်လို့ထင်မိတယ်၊ တစ်ခါတစ်လေကြရင် လူတိုင်းလိုလို စိတ်ရှုပ်တဲ့အချိန်တွေရှိပေမယ့်၊ အဖေကသန်မာပါတယ် "

ဒါရို-က်တာ မင်းသန့်မောင်မောင် နှင့်တွေ့ဆုံခြင်း

#စတန်း #မင်းသန့်မောင်မောင်

02/11/2025

" အသည်းကွဲတာ ဘာမှမဖြစ်ဘူးနော်ဆိုပြီး messenger ထိလာပြောကြတယ်။ အလုပ်နဲ့Personalကိစ္စကို မရောထားဘူး အလုပ်ကိုရောက်ရင် အလုပ်ကိုပဲ အာရုံစိုက်ထားတယ် "

သရုပ်ဆောင် ကျော်ကျော်အိန္ဒြာ နှင့် တွေ့ဆုံခြင်း

#စတန်း #ကျော်ကျော်အိန္ဒြာ

02/11/2025

" သမီးတစ်‌ယောက်ကို ထက်ပြီးမွေးထားလို့ သူ့ကိုဂရုမစိုက်ဘူး၊ မချစ်တော့ဘူးဆိုပြီး ဖြစ်မှာစိုးလို့ ကိုယ်ကဖောင်းဖောင်းကိုပဲ ပိုပြီးဂရုစိုက်ရသလို အချော့ရဆုံးကလည်း သူပဲဖြစ်တယ်။ သမီး ရဲ့ဝေရာဝေစ္စ အကုန်လုံးကို လုပ်ပေးဖြစ်တယ်။ ကိုယ်က သမီးလေးကို သဝန်တိုချင်လာလို့ ဓာ-းလေးတော့ သွေးထားတယ် "

ချစ်စရာကောင်းတဲ့ သမီး‌လေး‌ တွေရဲ့ အကြောင်းလေးပြောပြလာတဲ့ သရုပ်ဆောင် သူထူးစံ နှင့်တွေ့ဆုံခြင်း

#စတန်း #သူထူးစံ

02/11/2025

"ပျံလွန်တော်မူပြီးလေသော ဆရာတော်အရှင်အဂ္ဂ ဝံသ၏ ရွှေရှိ ငွေလျှံ ဖြစ်စေရမည့် အတိတ်နိမိတ်ဖြင့် ရွှေစေတီနှင့်အတူ ငွေစေတီကိုပါ တည်ခဲ့တာလို့မိန့်ဖူးပါတယ်။ အခက်ခဲကတော့ ငွေသင်္ကန်းတော်အရောင်မှာကျွတ်လွယ်တာမို့ ငွေသင်္ကန်းကိုအမြဲအရောင်တင်ရပါတယ်။ငွေစေတီရှေ့မှာ အသက်ဝင်နေသလိုပင်လက်ရာမြောက်သည့် ဘီလူးရုပ်တုကြီးနှစ်ခု၏ ထူးခြားဖွယ် ပဌာန်းဆက်များကတော့….”

ဘီးလူးကျွန်း ၏ ကျက်သရေတော်တစ်ခုဖြစ်သည့် ရွာလွှတ်မှ ရွှေစေတီ ငွေစေတီကြီးတို့နဲ့အတူဦးအောင်စန်းနိုင် ပြောပြသည့်ထူးဆန်းဖွယ် ဘီလူးရုပ်တုကြီးများ

#စတန်း #ဘီလူးကျွန်း #ရွာလွှတ် #ရွှေစေတီ #ငွေ့စေတီ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when STUN Media + posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share