Amigos Bookshop

Amigos Bookshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amigos Bookshop, Book & Magazine Distributor, Yangon.

ဒီပါဝလီနေ့မှာ ပျော်ရွှင်ပါစေ_________________ 🪔✨ချစ်ခင်ရတဲ့ မိသားစု၊သူငယ်ချင်း၊မိတ်ဆွေများနဲ့အတူ ဒီပါဝလီနေ့လေးကို စိတ်ချ...
20/10/2025

ဒီပါဝလီနေ့မှာ ပျော်ရွှင်ပါစေ
_________________ 🪔✨

ချစ်ခင်ရတဲ့ မိသားစု၊သူငယ်ချင်း၊မိတ်ဆွေများနဲ့အတူ ဒီပါဝလီနေ့လေးကို စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေရှင်✨🤍


#ဒီပါဝလီနေ့

19/10/2025

လူတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတယ်။
မျှော်လင့်ချက် ဆိုတာက မနက်ဖြန်ပေါ့။
တကယ်တော့ မနက်ဖြန် ဆိုတာလည်း
အကောင်အထည် မဲ့ လှပါတယ်။
ကနေ့မှာ ပျော်ရတာဟာ
မနက်ဖြန်ကို မျှော်ရတာထက် အဓိပ္ပာယ်ရှိပါတယ်။

▪️ဖော်ဝေး


#ဖော်ဝေး

လက်တွေ့ဘဝတစ်ခုကို တည်ဆောက်ကြရာမှာတစ်ယောက်နှင့်တစ်ယောက် ငေးကြည့်ရုံနှင့်ပြီးပြည့်စုံနိုင်မယ်ဆိုလျှင် ဘယ်လောက်ကောင်းမလဲ။▪️...
18/10/2025

လက်တွေ့ဘဝတစ်ခုကို တည်ဆောက်ကြရာမှာ
တစ်ယောက်နှင့်တစ်ယောက် ငေးကြည့်ရုံနှင့်
ပြီးပြည့်စုံနိုင်မယ်ဆိုလျှင်
ဘယ်လောက်ကောင်းမလဲ။

▪️မင်းလူ
(အချစ်သရုပ်ဖော် ဝတ္ထုတိုမှ)


#မင်းလူ
#အချစ်သရုပ်ဖော်

❝ ဝတ္ထုသည်အချစ်ဦး၊သုတေသနသည် ငယ်ချစ် ❞လို့ ခံယူထားတဲ့ စာရေးဆရာ ❝ ငြိမ်းကျော် ❞ကွယ်လွန်ခဲ့သည်မှာ အနှစ်(၃၀)ပြည့်ခဲ့လေပြီ။ရသ...
17/10/2025

❝ ဝတ္ထုသည်အချစ်ဦး၊သုတေသနသည် ငယ်ချစ် ❞လို့ ခံယူထားတဲ့ စာရေးဆရာ ❝ ငြိမ်းကျော် ❞ကွယ်လွန်ခဲ့သည်မှာ အနှစ်(၃၀)ပြည့်ခဲ့လေပြီ။

ရသစာပေအဖွဲ့မှာ သူမတူအောင် အရေးအသားနူးညံ့သိမ်မွေ့သလောက် လက်တွေ့ဆန်တဲ့ ဝတ္ထုကောင်းတွေကို ရေးသားချန်ရစ်ခဲ့တဲ့ စာရေးဆရာ ❝ ငြိမ်းကျော် ❞ ။
ဆရာဟာ သုတေသနလုပ်ငန်းကိုလည်း စိတ်အားထက်သန်တဲ့ စာရေးဆရာပါ။အမျိုးသားစာပေဆုကိုလည်း သုတေသနစာအုပ်ဖြစ်တဲ့ ❝ ငွေတောင်❞စာအုပ်နဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

ရသမြောက်စာပေတွေအတွက်ရော သုတေသန စာအုပ်တွေအတွက်ပါ ခုချိန်ထိ ကျေးဇူးတင်လျက်ပါဆရာ။

1995 ခုနှစ် အောက်တိုဘာလ 17 ရက်နေ့မှာ ဆရာငြိမ်းကျော် ကွယ်လွန်ခဲ့ပါတယ်။စာတွေရေးမယ်ဆို ရေးနိုင်နေသေးတဲ့ အသက် (၅၂)အရွယ်မှာ ကွယ်လွန်ခဲ့တာမို့ နှမြောဝမ်းနည်းရပါတယ်။

မွန်မြတ်တဲ့ဘုံဘဝမှာ အေးချမ်းပျော်ရွှင်စွာ ရှိပါစေဆရာ။

❗️ဆရာ၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။


#ငြိမ်းကျော်
#ကွယ်လွန်ခြင်းနှစ်၃၀ပြည့်
#အောက်တိုဘာလ၁၇ရက်

နှလုံးသား (သို့) ခံစားမှုဆိုတာဟာ တစ်စုံတစ်ခုသောအတိုင်းအတာထိတော့ အမိန့်ပေးနိုင်ခွင့်ရှိတယ်။ဒါပေမဲ့ တကယ်ပိုင်တဲ့ အချုပ်အခြ...
16/10/2025

နှလုံးသား (သို့) ခံစားမှုဆိုတာဟာ
တစ်စုံတစ်ခုသောအတိုင်းအတာထိတော့
အမိန့်ပေးနိုင်ခွင့်ရှိတယ်။
ဒါပေမဲ့ တကယ်ပိုင်တဲ့ အချုပ်အခြာအာဏာဟာ
ဦးနှောက်မှာသာတည်ပါတယ်။

▪️တက္ကသိုလ်ဘုန်းနိုင်
(လွမ်းတေးစဆုံးစေနှင့်စောသခင် မှ)


#တက္ကသိုလ်ဘုန်းနိုင်
#လွမ်းတေးမဆုံးစေနှင့်စောသခင်

ငါတို့ဟာ တစ်ရက်ချင်းအသက်ရှင်ခဲ့တယ်။     ။▪️အောင်ချိမ့်(ပြဇာတ်မင်းသားကဗျာစာအုပ်မှ)❗️ဆရာအောင်ချိမ်၏မူရင်းဓာတ်ပုံပိုင်ရှင်အ...
15/10/2025

ငါတို့ဟာ တစ်ရက်ချင်း
အသက်ရှင်ခဲ့တယ်။ ။

▪️အောင်ချိမ့်
(ပြဇာတ်မင်းသားကဗျာစာအုပ်မှ)

❗️ဆရာအောင်ချိမ်၏မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။


#အောင်ချိမ့်
#မနက်ရေအေးအေး
#ပြဇာတ်မင်းသား

သဘာဝအတိုင်းသာ ချောင်းရေမြစ်ရေများ တသွင်သွင် စီးဆင်းမြဲ၊ကျေးငှက်တို့ တေးသီကြွေးမြဲ၊ရေမြေစိမ်းလန်းမြဲ၊ရေမြေကို အမှီပြု အား...
14/10/2025

သဘာဝအတိုင်းသာ
ချောင်းရေမြစ်ရေများ တသွင်သွင် စီးဆင်းမြဲ၊
ကျေးငှက်တို့ တေးသီကြွေးမြဲ၊ရေမြေစိမ်းလန်းမြဲ၊
ရေမြေကို အမှီပြု
အားလုံး အေးအေးချမ်းချမ်း နေနိုင်ကြမြဲဆိုလျှင်
ဘယ်လောက်ကောင်းမည်နည်း။

▪️စံပယ်ဖြူနု
(မြောက်ဖျားကအလွမ်းရာသီ)


#စံပယ်ဖြူနု
#မြောက်ဖျားကအလွမ်းရာသီ

ပထမဆုံး၏ ရှေ့ နောက်ဆုံး၏ နောက်_______________________________မောင်သာ ပထမဆုံးနဲ့ နောက်ဆုံးချစ်သူပါတဲ့။ပထမဆုံးဆိုတာ အဦးဆုံ...
13/10/2025

ပထမဆုံး၏ ရှေ့ နောက်ဆုံး၏ နောက်
_______________________________

မောင်သာ
ပထမဆုံးနဲ့ နောက်ဆုံးချစ်သူပါတဲ့။

ပထမဆုံးဆိုတာ အဦးဆုံးလို့ ထင်ခဲ့တယ်။

နောက်ဆုံးဆိုတာ နိဂုံးလို့ ထင်ခဲ့တယ်။

ပထမဆုံးရဲ့ရှေ့မှာ နိဒါန်းဆိုတာတွေ

နောက်ဆုံးရဲ့ နောက်မှာ နောက်ဆက်တွဲဆိုတာတွေ

ရှိပါသေးလားဆိုတာ ခုမှသိရပါတော့တယ်။

▪️မင်းလူ
(၁၉၇၈)

❗️ဆရာမင်းလူ၏မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။


#မင်းလူ

အရှုံးဆိုသာ အပြစ်ရှိမှ ရှုံးသာမဟုတ်ဘူးသမီး…အပြစ်မရှိဘဲနဲ့လည်း ရှုံးသာရှိသယ်…မိန်းကလေးဆိုသာ သတိကြီးကြီးထားရသယ်…မီးပွါးဆို...
12/10/2025

အရှုံးဆိုသာ အပြစ်ရှိမှ ရှုံးသာမဟုတ်ဘူးသမီး…
အပြစ်မရှိဘဲနဲ့လည်း ရှုံးသာရှိသယ်…
မိန်းကလေးဆိုသာ သတိကြီးကြီးထားရသယ်…
မီးပွါးဆိုသာ အမှိုက်တောင်းကိုလည်း လောင်နိုင်သယ်…ရွှေနန်းတော်ကြီးကိုလည်း လောင်နိုင်သယ်…

▪️ခင်ခင်ထူး
(မအိမ်ကံ)


#ခင်ခင်ထူး
#မအိမ်ကံ

ဝဋ်ကြွေး________တင်ညွန့်"အမေ...ဒီမှာ ခဏနေဦးနော်...သား...ဆေးလိပ်သွားဝယ်လိုက်ဦးမယ်""အမေတို့ ဘယ်ရောက်နေပြီလဲသား..."အမေအိုက ...
11/10/2025

ဝဋ်ကြွေး
________တင်ညွန့်

"အမေ...ဒီမှာ ခဏနေဦးနော်...သား...ဆေးလိပ်သွားဝယ်လိုက်ဦးမယ်"

"အမေတို့ ဘယ်ရောက်နေပြီလဲသား..."

အမေအိုက စကားပြန်မရလိုက်သော်လည်း မျက်ရည်တွေ စီးကျလာသည်။ညကတည်းက သူအိပ်ပျော်နေပြီထင်ပြီး သားနှင့်ချွေးမ ပြောကြသည့်စကားကို ကြားပြီးဖြစ်သည်။

"ရှင့်အမေ အကန်းကို ကျွန်မက ပြုစုဖို့ ရှင့်ကို ယူခဲ့တာ မဟုတ်ဘူး။မနက်ဖြန်မှ ရှင်...ဒီအကန်းကို သွားပြီးတော့ တစ်နေရာမှာ မထားခဲ့ဘူးဆိုရင် ရှင်လည်းပြန်မလာနဲ့။ကျွန်မ အဆိုးလည်း မဆိုနဲ့နော်"

အမေအို မျက်ရည်တွေကိုသုတ်လိုက်ပြီး ခြေသံကို နားစွင့်နေသည်။သူ့သားလေးက ဆိုးမည်မထင်။သူ့ကိုစွန့်ပစ်ခဲ့တာ ဟုတ်မည်မထင်။အချိန်တွေကြာသွားသည်။ခြင်တွေကိုက်လာသည်။မျက်နှာသုတ်ပဝါလေးကို ရမ်းရင်းက ခြေသံကြားလိုက်ရသဖြင့်

"သားလားဟင်...အမေ ဗိုက်ဆာနေပြီ...အမေ့ကို မုန့်လေးတစ်ခုလောက် ကျွေးပါလား"

"ဒကာမကြီး ဘယ်ကလာတာလဲ...ဒီမှာတစ်ယောက်တည်း ဘာလုပ်နေတာလဲ...မျက်စိမမြင်ဘူးနဲ့ တူတယ်"

"သား...သားလားဟင်" ဟုမေးလိုက်သည်။

"ဒကာမကြီး သားမဟုတ်ဘူး။ဦးဇင်းပါ...ဒီကျောင်းကပါ"

"အလို...သံဃာတော်ပါလား...ကန်တော့ပါဘုရား...သားလေး မှတ်လို့ပါ"

"ဒကာမကြီးသားက ဘယ်သွားလို့လဲ"

"ဆေးလိပ်သွားဝယ်ဦးမယ်ဆိုပြီး ထွက်သွားတာကြာလှပေါ့ဘုရား။”
ပြန်လည်း မလာဘူး။တပည့်တော် ဆာလှပြီဘုရား။ထင်ပါတယ် သူတို့ တပည့်တော်ကို ပစ်သွားကြပါပြီနဲ့ တူတယ်"

"အကြောင်းစုံ ပြောပြပါလား ဒကာမကြီး"

အမေအိုက သူမ၏ အကြောင်းများကို ဦးဇင်းအားပြောပြနေသည်။မျက်မမြင် လူပိုတစ်ယောက်ဖြစ်နေသည့် သူ့ကို နောက်ဆုံးတွင် မကြည်ဖြူသဖြင့် စွန့်ပစ်မည်ထင်ကြောင်းပြောကာ ငိုချလိုက်သည်။

"အို...ကြီးလှတဲ့ ဒုက္ခတွေပါလား...အေးလေ...ဒကာမကြီးသား လာပြီးတော့ ပြန်ခေါ်မှာပါ…တစ်ရက် နှစ်ရက်လောက် ဦးဇင်းကျောင်းမှာ စောင့်ကြည့်ပါလား...လာ...လာ ဆွမ်းကျန်လေးမရှိလည်း ငှက်ပျောသီးလေးလောက်တော့ စားလို့ရမယ်ထင်တယ်"

ဦးဇင်းလေးက အမေအိုကိုတွဲကာ ကျောင်းထဲကို ခေါ်ရန် ပြင်လိုက်သည်။

အမေအိုက ထလိုက်ရာတွင် အင်္ကျီထဲက မှတ်ပုံတင် ထွက်ကျသွားသည်။ဦးဇင်းလေးက မှတ်ပုံတင်ကို ကောက်ကြည့်လိုက်ပြီး ငေးငိုင်နေသည်။အမည်၊နေရပ်အားလုံး ကျွမ်းဝင်ဖူးသည့်နေရာများဖြစ်နေသည်။သေချာသွားပြီ။တွေ့လိုက်ကတည်းက စိတ်ထဲတွင် ရင်းနှီးနေသလို ဖြစ်နေသည်မှာ အခုတော့ရှင်းသွားသည်။

"ဒကာမကြီး...လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သားတစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာ ရောင်းစားသွားဖူးသလား"

"ဟင်...ကိုထွေး...ကိုထွေးလေး လားဟင်"

"ဒကာမကြီး ဦးဇင်းဘွဲ့အမည်က ဝိမလလို့ ခေါ်ပါတယ်။ဘုရားသားတော်ပါ ဒကာမကြီး။ချမ်းသာစွာနေပါ။ကပ္ပိယကြီးက ထမင်းလာပေးလိမ့်မယ်"

▪️တင်ညွန့်
(2021 ခုနှစ်က ရေးခဲ့တဲ့ စာပါ)


#တင်ညွန့်
#ဝဋ်ကြွေး

လူ့ဘဝ ဒီတစ်ခုတည်းသော ဘဝဟာ အဖိုးတန်တယ်။အဖိုးထားရမယ်။သေဆုံးတာဟာ မွေးဖွားလာသလိုပဲ။ဘဝရဲ့ ကိစ္စတစ်ရပ်မို့ ကြောက်ရွံ့ထိတ်လန့်ပ...
10/10/2025

လူ့ဘဝ ဒီတစ်ခုတည်းသော ဘဝဟာ အဖိုးတန်တယ်။အဖိုးထားရမယ်။သေဆုံးတာဟာ မွေးဖွားလာသလိုပဲ။ဘဝရဲ့ ကိစ္စတစ်ရပ်မို့ ကြောက်ရွံ့ထိတ်လန့်ပြီး ဘဝရဲ့ အဆုံးစွန်ကို ကျော်လွန်ပြီး ရှာနေစရာ မလိုဘူး။ဒီ လူ့ဘဝတစ်ခုကို ဘယ်လိုနည်းနဲ့ နေထိုင်ချင်တယ်ဆိုတာ အရေးအကြီးဆုံးကိစ္စ ဖြစ်တယ်။ကျွန်တော့်အဖို့တော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူစားလဲဆိုတာ သိပြီး၊နှစ်သက်ပြီး ကိုယ့်အမူအကျင့်ကို ကိုယ့်ဘာသာ ကျေနပ်လက်ခံနိုင်ရင် လူ့ဘဝမှာ နေရကျိုးနပ်တာပဲ။

▪️ကြည်အေး
(မှန်၏ မှောင်ရိပ်မှ)

❗️ဆရာမကြီး၏မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။


#ကြည်အေး
#မှန်၏မှောင်ရိပ်

တစ်နေ့မှ မေ့မရသူလေးရေသည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ် အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့တောင့်ခံထားရသူပါ။▪️ပိုင်စိုးဝေ(ကလျာမဂ္ဂဇင်း...
09/10/2025

တစ်နေ့မှ မေ့မရသူလေးရေ
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းအတိုင်း ထင်ကျန်ရစ်ဖို့
တောင့်ခံထားရသူပါ။

▪️ပိုင်စိုးဝေ
(ကလျာမဂ္ဂဇင်း၊ဒီဇင်ဘာ၊၁၉၉၇)


#ပိုင်စိုးဝေ

Address

Yangon

Telephone

+959426642802

Website

Alerts

Be the first to know and let us send you an email when Amigos Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share