Amigos Bookshop

Amigos Bookshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amigos Bookshop, Book & Magazine Distributor, Yangon.

ကျိုက်ထီးရိုးဘုရား ရောက်တော့…ဆရာမမိုးမိုး(အင်းလျား)ရဲ့ “မြန်မာပြည်မှာနေကြသည်”ဆိုတဲ့စာအုပ်ထဲက “ခင်စိုး”ကိုသတိရတယ်။ခင်စိုး...
05/10/2026

ကျိုက်ထီးရိုးဘုရား ရောက်တော့…
ဆရာမမိုးမိုး(အင်းလျား)ရဲ့ “မြန်မာပြည်မှာနေကြသည်”ဆိုတဲ့စာအုပ်ထဲက “ခင်စိုး”ကိုသတိရတယ်။

ခင်စိုးဆိုတာ ကျိုက်ထီးရိုးဘုရားဖူးခရီးသည်တွေရဲ့ ပစ္စည်းတွေကို တောင်ပေါ်တောင်အောက် အတက်အဆင်း ထမ်းပေးရတဲ့ ကင်ပွန်းစခန်းမှ အထမ်းသမား တစ်ဦး ဖြစ်ပါတယ်။မိသားစုကို ပင်ပင်ပမ်းပမ်း ရုန်းကန်ရှာဖွေကျွေးမွေးတဲ့ မေတ္တာကြီးမားသူ တစ်ယောက်ဖြစ်သလို ခရီးသည်တွေအပေါ်မှာလည်း စေတနာထား ရိုးသားပြီး ခေါင်းပုံဖြတ်လိုစိတ် မရှိသူပါ။

ကျိုက်ထီးရိုးဘုရားမှာ ခင်စိုးလိုအထမ်းသမားတွေအများကြီးတွေ့ခဲ့ရတယ်။ခုလိုခေတ်ကြီးထဲမှာ ကိုယ်တိုင်အပါအဝင် ကြိုးစားရှင်သန်နေရတာ မလွယ်ကူပါဘူး။မြန်မာပြည်ရဲ့ အောက်ခြေအခြေခံလူတန်းစားတွေရဲ့ လှုပ်ရှားရုန်းကန်းရမှုဟာ ပင်ပမ်းလှပါတယ်။


#ကျိုက်ထီးရိုး
#မြန်မာပြည်မှာနေကြသည်
#မိုးမိုးအင်းလျား

ဒီနေ့က မွေးနေ့ရောက်ဖို့ တစ်ရက်အလိုမှာ ကွယ်လွန်သွားရှာတဲ့ ကဗျာဆရာ ကြည်ဇော်အေးရဲ့ မွေးနေ့ပါ။၄ အောက်တိုဘာ ၂၀၂၆❗️ဆရာ၏မူရင်းဓ...
04/10/2026

ဒီနေ့က မွေးနေ့ရောက်ဖို့ တစ်ရက်အလိုမှာ ကွယ်လွန်သွားရှာတဲ့ ကဗျာဆရာ ကြည်ဇော်အေးရဲ့ မွေးနေ့ပါ။

၄ အောက်တိုဘာ ၂၀၂၆

❗️ဆရာ၏မူရင်းဓာတ်ပုံပိုင်ရှင်အားလေးစားစွာဖြင့် credit ပေးပါသည်။


#ကြည်ဇော်အေး

“စစ်ကြီးပြီးရင် အချစ်သီချင်းလေးတွေပဲ နားထောင်ကြမယ်။ချစ်သူများသာ အဓွန့်ရှည်ပါစေ” ဆိုတဲ့ခေတ်ပေါ် မြန်မာ ကဗျာဆရာ ကြည်ဇော်အေ...
03/10/2026

“စစ်ကြီးပြီးရင်
အချစ်သီချင်းလေးတွေပဲ နားထောင်ကြမယ်။
ချစ်သူများသာ အဓွန့်ရှည်ပါစေ” ဆိုတဲ့
ခေတ်ပေါ် မြန်မာ ကဗျာဆရာ ကြည်ဇော်အေးဟာ သူချစ်မြတ်နိုးတဲ့ ကဗျာတွေကို ထားရစ်ခဲ့ပြီး စစ်ကြီးမပြီးခင်မှာပဲ လူ့လောကထဲကနေ အပြီးအပိုင် နှုတ်ဆက် ထွက်ခွါသွားခဲ့တာ ယနေ့မှာ (၄)နှစ်ရှိခဲ့ပါပြီ။

ဆရာကြည်ဇော်အေးဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဦးနှောက်သွေးကြောပေါက်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာတော့ အသက် (၄၅) နှစ်ဖြစ်ပြီး မွေးနေ့မရောက်ခင် တစ်ရက်အလို နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။အောက်တိုဘာလ၄ရက်နေ့က ဆရာ့မွေးနေ့ပါ။

အေးချမ်းမြင့်မြတ်တဲ့ ဘုံဘဝမှာ ရောက်ရှိခံစားနေပါစေဆရာ 🕊️🪦

❗️ဆရာ၏မူရင်းဓာတ်ပုံပိုင်ရှင်အားလေးစားစွာဖြင့် credit ပေးပါသည်။


#ကဗျာဆရာကြည်ဇော်အေးကွယ်လွန်
#အောက်တိုဘာလ၃ရက်

ဂျာနယ်ကျော်မမလေး က “လောကမှာ ဂုဏ်အမျိုးမျိုးရှိပါတယ်။ဘယ်ဂုဏ်ဟာ အကောင်းဆုံးလဲ။ဘယ်ဂုဏ်ကို အနှစ်ခြိုက်ဆုံးလဲ။ဘယ်ဂုဏ်ကို ရွေး...
01/10/2026

ဂျာနယ်ကျော်မမလေး က “လောကမှာ ဂုဏ်အမျိုးမျိုးရှိပါတယ်။ဘယ်ဂုဏ်ဟာ အကောင်းဆုံးလဲ။ဘယ်ဂုဏ်ကို အနှစ်ခြိုက်ဆုံးလဲ။ဘယ်ဂုဏ်ကို ရွေးချယ်ကျင့်နေသလဲ။”ဆိုပြီး ဂျာနယ်ကျော်ဦးချစ်မောင်ကို မေးပါတယ်။

ဂျာနယ်ကျော်ဦးချစ်မောင် က ခုလိုပဲ ပြန်ဖြေထားပါတယ်။

“ကျွန်တော်တော့ ရိုးဂုဏ်ကို ကြိုက်ပါတယ်။မြန်မာများဟာ ရိုးဂုဏ် လိုနေပါတယ်။ဘာသာကောင်းပါလျက်နဲ့ အကျင့်ပျက်နေကြပါတယ်။လောကမှာ စိတ်ပျော်မွေ့ဖွယ်အကောင်းဆုံးဟာ လူရိုးလူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားတာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ဒီလို လူရိုးလူကောင်းတစ်ယောက်ဖြစ်အောင် ထိန်းသိမ်းစောင့်စည်းရတာ မလွယ်လှကြောင်းကိုလည်း ကျွန်တော်သိပါတယ်။မလွယ်သော်လည်း မဖြစ်နိုင်တာ မဟုတ်လို့ ကြိုးစားပြီး လူရိုးလူကောင်းဖြစ်အောင် ကျင့်မယ်လို့ ကြံပါတယ်။”

###

❗️ဆရာနှင့်ဆရာမတို့၏ မူရင်းဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် credit ပေးပါသည်။


#ဂျာနယ်ကျော်မမလေး
#ဂျာနယ်ကျော်ဦးချစ်မောင်

စက်တင်ဘာ ၃၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့  တဲ့။နိုင်ငံတကာစာပေတွေကို လေ့လာဖတ်ရှုခွင့်ရအောင် ဘာသာပြန်ပေးခဲ့တဲ့ ဘာသာ...
30/09/2026

စက်တင်ဘာ ၃၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ တဲ့။

နိုင်ငံတကာစာပေတွေကို လေ့လာဖတ်ရှုခွင့်ရအောင် ဘာသာပြန်ပေးခဲ့တဲ့ ဘာသာပြန်စာရေးဆရာကြီးတွေကို ကျေးဇူးတင်ပါတယ်။ဘာသာပြန်ဆရာကြီးတွေကျေးဇူးကြောင့်ပဲ နိုင်ငံတကာစာပေတွေကို ရင်းနှီးခွင့်ရခဲ့တာ။

ကျွန်မကတော့ (လေရူးသုန်သုန်၊အဖြူရောင်သစ္စာပန်းတစ်ပွင့်၊ရဲတိုက်၊အချစ်များစွာနဲ့ပါဆရာ)ဒီစာအုပ်တွေကို စဖတ်မိရာကနေ ဘာသာပြန်စာအုပ်တွေကို ကြိုက်မိသွားတာပါ။အဲဒီနောက်မှာတော့ အဲဒီစာရေးဆရာကြီးတွေရဲ့ နောက်ထပ်ဘာသာပြန်စာအုပ်တွေကို တတ်နိုင်သလောက် ဖတ်ဖြစ်နေပါတယ်။

ဘာသာပြန်စာပေတွေ ဖတ်ပြီးသားထဲမှ ကြိုက်နှစ်သက်ရတဲ့စာအုပ်တွေက စာရေးဆရာတစ်ယောက်စီမှာ တစ်အုပ်မက ရှိကြမယ် ထင်ပါတယ်။

မိတ်ဆွေတို့ရော…ဘာသာပြန်ဆရာကြီးတွေရဲ့ ဘယ်စာအုပ်တွေ ကြိုက်နှစ်သက်လဲဆိုတာ မျှဝေပေးခဲ့ပါဦးနော်🫶

▪️Amigos Bookshop


#အပြည်ပြည်ဆိုင်ရာဘာသာပြန်နေ့
#စက်တင်ဘာ၃၀

သိအောင်စာဖတ်ရတယ် ************************ထပ်ပြောပါရစေဦး။လူရာ ဝင်ချင်တယ်။ လူတစ်လုံး သူတစ်လုံး ဖြစ်ချင်တယ်ဆိုရင် စာမဖတ်လို...
29/09/2026

သိအောင်စာဖတ်ရတယ်
************************

ထပ်ပြောပါရစေဦး။လူရာ ဝင်ချင်တယ်။
လူတစ်လုံး သူတစ်လုံး ဖြစ်ချင်တယ်ဆိုရင်
စာမဖတ်လို့ ဖြစ်ကိုမဖြစ်ပါဘူး။

တစ်ခုတော့ ရှိတာပေါ့လေ။
စာဖတ်တယ်ဆိုပြီး ပေါက်လွတ်ပဲစား အလေနတော စာတွေကို အချိန်မှကုန်စေတော့ဆိုပြီး လျှောက်ဖတ်နေလို့ကတော့ ဘယ်ဖြစ်မလဲ။စာကောင်းပေကောင်းကတော့ ရွေးဖတ်တတ်ရလိမ့်မယ်။

စာကောင်းပေကောင်းတွေထဲမှာ
ဝတ္ထုလည်းပါတယ်။ဝတ္ထုတို့၊ပြဇာတ်တို့၊ကဗျာတို့ကို ရသစာပေ၊ဖန်ဆင်းတဲ့ စာပေ၊စိတ်ကူးစာပေလို့ ခေါ်တယ်။သုတစာပေကို ဖတ်ရသလို ရသစာပေကိုလည်း ဖတ်ရတယ်။ရသစာပေကို ဖတ်ပါမှ အသိဉာဏ် ထက်မြက်လာ၊ဖွံ့ဖြိုးလာတဲ့အပြင် လူအကြောင်း၊လူ့သဘာဝကိုလည်း သိလာရတယ်။

လူ့စိတ်ဓာတ်ကို လေ့လာချင်ရင် စိတ်ပညာကျမ်းစာအုပ်ကြီးတွေထက် ဝတ္ထုကို ဖတ်တာက ပိုပြည့်ပြည့်စုံစုံ နှိုက်နှိုက်ချွတ်ချွတ် သိစေနိုင်ပါကြောင်း။

▪️မောင်သာနိုး
(သိအောင်စာဖတ်ရတယ်)


#မောင်သာနိုး
#သိအောင်စာဖတ်ရတယ်

လူတွေဟာ မျှော်ရတာနဲ့ပဲ ဘဝတစ်ဝက် ကုန်နေကြရတာ သိပ်နှမြောစရာကောင်းတာပဲ ။ အထူးသဖြင့် မေတ္တာငတ်သူအဖို့ မေတ္တာကို မျှော်ရတာ ပင...
28/09/2026

လူတွေဟာ မျှော်ရတာနဲ့ပဲ
ဘဝတစ်ဝက် ကုန်နေကြရတာ
သိပ်နှမြောစရာကောင်းတာပဲ ။

အထူးသဖြင့် မေတ္တာငတ်သူအဖို့
မေတ္တာကို မျှော်ရတာ ပင်ပန်းလှပါတယ်။

▪️ခင်ခင်ထူး
(ပန်းကြာဝတ်မှုန်)


#ခင်ခင်ထူး
#ပန်းကြာဝတ်မှုန်

ဆရာ့ ပင်ကိုယ်ရေး ဝတ္ထုတွေထဲက ဘယ်ဝတ္ထုကို အားအရဆုံးနဲ့ အကြိုက်ဆုံး ဖြစ်ပါသလဲ။ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ကို ...
27/09/2026

ဆရာ့ ပင်ကိုယ်ရေး ဝတ္ထုတွေထဲက ဘယ်ဝတ္ထုကို အားအရဆုံးနဲ့ အကြိုက်ဆုံး ဖြစ်ပါသလဲ။

ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ကို အကြိုက်ဆုံးပါ။

▪️မြသန်းတင့်
(ချယ်ရီအင်တာဗျူးမှ)


#မြသန်းတင့်
#ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်

ကိုယ်က ချစ်ရတာနဲ့ ညီမျှတဲ့ အချစ်ကိုမှ ပြန်လိုချင်တဲ့သူဟာ စိတ်ဆင်းရဲရတတ်တယ်။▪️မင်းလူ(အော်ဆွေး)   #မင်းလူ  #အော်ဆွေး
26/09/2026

ကိုယ်က ချစ်ရတာနဲ့ ညီမျှတဲ့ အချစ်ကိုမှ
ပြန်လိုချင်တဲ့သူဟာ စိတ်ဆင်းရဲရတတ်တယ်။

▪️မင်းလူ
(အော်ဆွေး)


#မင်းလူ
#အော်ဆွေး

Happy Birthday ဆရာမ သန်းမြင့်အောင်သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး ဒီထက်မက ပရဟိတအလုပ်တွေကို ကြိုးပမ်းလုပ်ဆောင်နိုင်ပါစေ။စက...
25/09/2026

Happy Birthday ဆရာမ သန်းမြင့်အောင်

သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး ဒီထက်မက ပရဟိတအလုပ်တွေကို ကြိုးပမ်းလုပ်ဆောင်နိုင်ပါစေ။

စက်တင်ဘာလ ၂၅ ရက်နေ့ဟာ ပရဟိတအလုပ်တွေလုပ်ရင်း စာရေးသားတဲ့ စာရေးဆရာမ သန်းမြင့်အောင်ရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်က မွေးဖွားခဲ့တာဖြစ်လို့ ယနေ့မှာတော့ (၇၃)နှစ် ပြည့်တာပါ။

❗️ဆရာမ၏မူရင်းဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် credit ပေးပါသည်။


#သန်းမြင့်အောင်

Address

Yangon

Telephone

+959426642802

Website

Alerts

Be the first to know and let us send you an email when Amigos Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share