HOPE Publishing

HOPE Publishing “If you want to go fast, go alone; if you want to go far, go together"

21/09/2026

အောင်မြင်ရမယ်ဆိုတဲ့အချက်ကို ယုံကြည်မယ်ဆိုရင်
"ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်" စာအုပ်ကို ဖတ်ပြီး ဝေမျှခဲ့ကြတဲ့ သူတို့ စကားသံ


#ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိမ်မက်

ထပ်ခိုးခန်းပေါ်ကစိတ်ကူး (BookReport)မဆုမြတ်ပြည့်စုံGrade -10 (B) (အ.ထ.က သုဝဏ္ဏကျောင်း)စာအုပ်အမည် - ထပ်ခိုးခန်းပေါ်က စိတ်...
14/09/2026

ထပ်ခိုးခန်းပေါ်ကစိတ်ကူး (BookReport)

မဆုမြတ်ပြည့်စုံ
Grade -10 (B) (အ.ထ.က သုဝဏ္ဏကျောင်း)

စာအုပ်အမည် - ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်
စာရေးသူ - အီဂျီဆောင်း (E JISUNG)
ဘာသာပြန် - သက်ထားဆွေ / ခင်စုစုစံ

စာအုပ်မှကြိုက်နှစ်သက်သောစာစုများ
-“သင်အခုအောင်မြင်တဲ့ဘဝမှာ မနေထိုင်နိုင်ရတဲ့အကြောင်းရင်းက သင်ဟာအောင်မြင်မှုကို မယုံကြည်ခဲ့တဲ့အတွက်ကြောင့်ပါ”။
-“ကြီးမြတ်သူတိုင်းရဲ့ တူညီတဲ့အချက်ကတော့ ကလေးငယ်လေးတွေ လုပ်သလို့မျိုး မဖြစ်နိုင်တဲ့ စိတ်ကူးအိပ်မက်ကို မက်ကာ အဲ့ဒီစိတ်ကူးအိပ်မက်တွေ ကျိန်းသေပေါက်လက်တွေ့ ဖြစ်မြောက်လာမယ်လို့ စိတ်ထဲကနေ နှစ်နှစ်ကာကာယုံကြည်ထားခဲ့ကြတယ်ဆိုတဲ့ အမှန်တရားပါပဲ”။
-“ဧရာမအောင်မြင်မှုကို ရယူဆွတ်ခူးဖို့အတွက်ဆိုရင် အောက်ကိုအောင်မြင်ရမယ်ဆိုတဲ့ အားကောင်းပြင်းထန်တဲ့ စိတ်ဆန္ဒပြင်းပြမှုက သင့်မသိစိတ်ရဲ့ ဟိုးအောက်ခြေကြမ်းပြင်အထိ စိမ့်ဝင်ပျံ့နှံ့နေရမယ်”။

စာအုပ်အကျဥ်းချုပ်
-ကွက်ကွက်ကွင်းကွင်း စိတ်ကူးအိပ်မက်မက်ရင် လက်တွေ့ဖြစ်မြောက်လာတယ်ဆိုတဲ့စကားရဲ့ “ကွက်ကွက်ကွင်းကွင်း”မှာ အဓိပ္ပါယ်တွေအများကြီး ပါဝင်နေတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ကိုယ်အမှန်တကယ်ရှိနေချင်တဲ့နေရာဆီ အရောက်သွားပြီးတော့ စိတ်တစ်ခုလုံးကို နှစ်ကာ R=VD ဖော်မြူလာကို လက်တွေ့လုပ်တာဖြစ်တယ်။
-“အရာအားလုံးက စိတ်ကူးအိပ်မက်ကနေ စတင်တယ်” ဆိုတဲ့ စကားအတိုင်းဘဝနဲ့ အိပ်မက်ကြားရုန်းကန်ရမှုတွေ၊ လက်တွေ့ဘဝရဲ့ ခက်ခဲပင်ပန်းမှုတွေ ၊အထီးကျန်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ လူတိုင်းဟာ မိမိရဲ့အိပ်မက်ဆိုးတွေကို ပြန်လည်ခိုလှုံရင်း ဘဝကိုရှေ့ဆက်ဖို့ ခွန်အားယူကြရပါတယ်။ လူတိုင်းတွင် ကိုယ်ပိုင်အိပ်မက်များနှင့် သီးသန့်ကမ္ဘာလေးများရှိကြပြီး လိုအပ်ချက်များမည်မျှပင်ရှိစေကာမှု မိမိ၏စိတ်ကူးအိပ်မက်များကို တန်ဖိုးထားဆုပ်ကိုင်ထားရန် ၊ဝမ်းနည်းစရာအဖြစ် မမြင်ဘဲ မိမိကိုယ်တိုင်နှင့် မိမိ၏စိတ်ကို ပြန်လည်ချိတ်ဆက်ပေးတဲ့ စိက်ကိုအားပြည့်အေးချမ်းစေတဲ့ စာစုတိုများ၊စကားများ၊ဥပမာများနှင့် နေ့ရက်တိုင်းမှာ ပင်ပန်းနွမ်းနယ်နေတာဟာ လမ်းပျောက်နေတာမဟုတ်ဘဲ ကိုယ့်အနာဂတ်အတွက် တိတ်တဆိတ်ရင်းနှီးပေးဆပ်နေတာဖြစ်ကြောင်း စာဖတ်သူကို ခွန်အားပေးထားသည်။
-စိတ်ကူးအိပ်မက်တွေကို စိတ်ရင်းနဲ့ခံစားပြောဆိုပြုမှုရင် လက်တွေ့ဖြစ်လာတယ်။ စိတ်ကူးအိပ်မက်တွေ လက်တွေ့ဘဝမှာ အလိုလိုဖြစ်မြောက်လာဖို့ စောင့်မျှော်နေမယ်အစား လက်တွေ့ဘဝထဲမှာ ကိုယ်တိုင်စိန်ခေါ်ကြိုးစားပြီး စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပါ။ အတိတ်ကအမှားတွေနဲ့ လွဲချော်ခဲ့ဖူးတာတွေကို ကြိုးစားရင်း ရှေ့ဆက်ဖို့ လမ်းပြထားပါတယ်။ ဘာကိုပဲရွေးချယ်ရွေးချယ် သင်ကွက်ကွက်ကွင်းကွင်းစိတ်ကူးအိပ်မက် မက်တဲ့အရာကိုပဲ ပိုင်ဆိုင်နိုင်တယ်။
- အဓိကအားဖြင့်တော့ ဒီစာအုပ်ဟာ လက်တွေ့ဘဝမှာ မောပန်းနေတဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားပြန်လည်ဖြည့်တင်းပေးပြီး မိမိကိုယ်ကိုပြန်လည်ချစ်မြတ်နိုးလာစေဖို့ ၊ မိမိ၏စိတ်ကူးအိပ်မက်နှင့် ထိုစိတ်ကူးအိပ်မက်များကို အ စာအုပ်မှရရှိသော ကောင်အထည်ဖော်တတ်လာစေရန် ရေးသားထားတဲ့ ရသစာစုများ စုစည်းမှုစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ထို့အပြင်စာဖတ်သူကိုလည်း အမိန့်ပေးတာမျိုးမဟုတ်ဘဲ နွေးထွေးတဲ့အဖော်တစ်ယောက်လို့ ဘေးနားကနေ တိတ်တဆိတ်နားထောင်ပေး၊ ခွန်အားပေးနေတဲ့ ပုံစံမျိုးနဲ့ ရေးဖွဲ့ထားတာဖြစ်ပါတယ်။

စာအုပ်မှရရှိသော သင်ခန်းစာနှင့်ခံစားချက်
-စာအုပ်ထဲက “ထပ်ခိုး”ဆိုတာ ရုပ်ဝတ္ထုအရသေးငယ်ကျဥ်မြောင်းတဲ့နေရာလေးတစ်ခုဖြစ်ပေမဲ့၊ အဲ့ဒီနေရာဟာ လူတစ်ယောက်ရဲ့ အကန့်အသတ်မရှိတဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေနဲ့ နာကျင်မှုတွေကို သိမ်းဆည်းထားရာ “လုံခြုံစိတ်ချရတဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု”ဟု ပုံဖော်ထင်မြင်မိပါသည်။ စိတ်ထဲတွင် အိပ်မက်တစ်ခုသည် မည်မျှပင်ဝေးကွာနေပါစေ အတွေးထဲတွင် ထင်လင်းစွာ သိမ်းဆည်းထားပြီး မလျော့သောဇွဲဖြင့် ရှေ့ဆက်ပါက လက်တွေ့ဘဝတွင် အမှန်အကန်ဖြစ်လာနိုင်သည်ဆိုသည့် စိတ်ခွန်အားများရရှိလာပါသည်။
- အမှားများသည် ရှက်စရာ၊ ကြောက်စရာမဟုတ်ဘဲ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ရန်နှင့် စိတ်ဓာတ်ခိုင်မာစွာနဲ့ အမှန်ကို ပြန်လည်တည်ဆောက်ရန် အခွင့်အရေးဖြစ်ကြောင်း သင်ယူရသည်။ နေ့စဥ်ဘဝအတွက် ၊အနာဂတ်အတွက် ပင်ပန်းနွမ်းနယ်ရသည့်နေ့ရက်များသည် အလကားမဖြစ်ဘဲ မိမိအိပ်မက်ဆီသို့ တစ်လှမ်းချင်းနီးကပ်စေသည့်ရင်းနှီးပေးဆပ်မှုများဖြစ်ကြောင်း အောင်မြင်ကျော်ကြားသူများ၏ ဘဝများအကြောင်းအားဖော်ပြ၍ ဥပမာပေးထားကြောင်းနားလည်ရပါသည်။ မိမိ၏ကြိုးစားမှုများကို မိမိကိုယ်တိုင်တန်ဖိုးထားတတ်ရန်နှင့် အကောင်းဆုံးသင်ခန်းစာများအားဖော်ပြထားသည်ကို သဘောပေါက်လာပါသည်။
- အပြင်းထန်ဆုံးပင်ပန်းရတဲ့နေ့ရက်တွေဟာ ကျွန်မတို့ရဲ့ အနာဂတ်အိပ်မက်ဆီကို အနီးစပ်ဆုံးရောက်အောင် လှမ်းနေရတဲ့ နေ့ရက်တွေဖြစ်နေကြောင်းကို ဆင်ခြင်တွေးတောသုံးသပ်မိပါတော့သည်။

"ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်"🫶

07/09/2026

မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့
"ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်" စာအုပ်ကို ဖတ်ပြီး ဝေမျှခဲ့ကြတဲ့ သူတို့ စကားသံ
အပိုင်း (၁)

27/08/2026

📒📒📒ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်စာအုပ်ထဲ့က ကြိုက်နှစ်သက်မိတဲ့ စာသားများကို တင်ဆက်ပေးလိုက်ပါတယ်🌟🌟📝📝
"ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်"


#ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိပ်မက်

17/08/2026

📒📒📒"စိတ်ကူးအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ချင်ရင် အောင်မြင်မှုကို ကွက်ကွက်ကွင်းကွင်း အိပ်မက်မက်ပါ။ ဒါဆိုရင် ရှောင်လွှဲလို့ မရတဲ့ ကံတရားလိုမျိုး အခွင့်အလမ်းက သင့်ဆီ မလွဲမသွေ ရောက်လာမှာပါ။"🌟🌟📝📝
"ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်"


#ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိပ်မက်

24/07/2026

အောင်မြင်မှုရဖို့အတွက် ကြိုးစားနေရုံနဲ့ လုံလောက်ရဲ့လား? 🌟🌟📝📝
"ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်"🫶


#ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိပ်မက်

16/07/2026

💭 "မင်း တကယ်လိုချင်တဲ့ ဘဝက ဘာလဲ..."

ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် တကယ်မေးဖူးပါသလား။

ဒီ Video က စာအုပ်တစ်အုပ်လုံးကို အကျဉ်းချုပ်ပြောထားတာ မဟုတ်ပါဘူး။

📖 ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက် ကို ဖတ်ပြီး ကျွန်မ ရခဲ့တဲ့ အတွေးတွေ၊ မေးခွန်းတွေနဲ့ ခံစားချက်တချို့ကို ၃ မိနစ်အတွင်း မျှဝေထားပါတယ်။

"မင်း တကယ်လိုချင်တဲ့ ဘဝက ဘာလဲ?"

ဒီမေးခွန်းကို အခုချက်ချင်း ဖြေရမယ်ဆိုရင်...

သင့်အဖြေက ဘာဖြစ်မလဲ?

💬 Comment မှာ မျှဝေပေးခဲ့ပါဦး။

#စာအုပ်Review #ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိပ်မက်

အလုပ်တွေရှုပ်ပြီး လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြားထဲမှာ ပင်ပန်းနေပြီလား။ တစ်ခါတလေကျရင် ကျွန်မတို့ ရဲ့ စိတ်ဝိညာဉ်က အေးအေး...
04/07/2026

အလုပ်တွေရှုပ်ပြီး လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြားထဲမှာ ပင်ပန်းနေပြီလား။ တစ်ခါတလေကျရင် ကျွန်မတို့ ရဲ့ စိတ်ဝိညာဉ်က အေးအေးချမ်းချမ်းနဲ့ နားခိုဖို့ နေရာလေးတစ်ခု တောင်းဆိုတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စာအုပ်တစ်အုပ်ကို ကော်ဖီပူပူလေးတစ်ခွက်နဲ့ ဖတ်ရတာဟာ တကယ့်ကို ကုစားမှုတစ်ခုပါပဲ။ ☕️📔
ကျွန်မတို့နဲ့ ရင်ဘတ်ချင်းနီးစပ်မယ့်၊ ခွန်အားလည်းဖြစ်စေမယ့် စာအုပ်ကောင်း (၅) အုပ်ကို စာချစ်သူတို့အတွက် မိတ်ဆက်ပေးချင်ပါတယ်။
#ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိပ်မက်
#အရာအားလုံးကိုပြောင်းလဲစေသောအားပေးမှု
#ထာဝရအမှတ်ရထင်ကျန်နေမည့်အမည်နာမလင်ကွန်းသမ္မတ
#မြေပဲပါရဂူ‌ဂျော့ချ်ဝါရှင်တန်ကာဗာ
#နှလုံးသားဖြင့်နားဆင်ပါ
ဒီစာအုပ်တွေက သင်ဟာ တစ်ယောက်တည်း မဟုတ်ကြောင်း ပြောပြပေးမယ့်အပြင် လဲကျနေရင်လည်း ပြန်ထနိုင်ဖို့ တစ်စိတ်တစ်ပိုင်းကနေ ကူညီအားဖြည့်ပေးပါလိမ့်မယ်။ 🎈
✨ ဒါ့အပြင် အမြတ်အစွန်းထက် စာဖတ်စေချင်တဲ့ စိတ်တစ်ခုတည်းနဲ့...
စာအုပ်ဈေးနှုန်းတွေ တက်နေတဲ့ အချိန်မှာ စာအုပ်ကောင်းတွေကို ဖတ်စေချင်ပြီး ငွေကြေးအကန့်အသတ်ကြောင့် လက်မလွှတ်သွားစေချင်လို့ အတန်ဆုံးဈေးနှုန်းနဲ့ #၁၅ ရာခိုင်နှုန်း (15%) လျှော့ဈေး လုပ်ထားပေးပါတယ်။
#မိမိကိုယ်တိုင်အတွက် ✨ စိတ်ပင်ပန်းမှုတွေကို အပန်းဖြေဖို့ သီးသန့်အချိန်လေးတစ်ခု ပေးလိုက်ပါ။
#ချစ်ရတဲ့သူတွေအတွက် 💌"အဆင်ပြေရဲ့လား" လို့ နှုတ်ခမ်းဖျားက မေးရုံတင်မကဘဲ ဒီစာအုပ်လေးတွေ လက်ဆောင်ပေးပြီး ကိုယ့်ရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုကို ပြသလိုက်ပါ။
📬 စာအုပ်တွေကိုလည်း အိမ်အရောက် Service ပေးနေပါပြီ။
ပရိုမိုးရှင်း ကာလကိုတော့ 20.07.2026 အထိ သတ်မှတ်ထားပါတယ်။ စာအုပ်အကြောင်းကို သိချင်တာပဲဖြစ်ဖြစ်၊ မှာယူချင်တာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ HOPE Publishing Facebook Messenger ကိုလည်းကောင်း၊ Tiktok Message Box ကနေသော်လည်းကောင်း၊ ဖုန်းနံပါတ် 09266532383, 09667913939 ဖုန်းနံပါတ်ကိုပဲဖြစ်ဖြစ် တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်။💞💌
ဒီစာအုပ်လေးတွေကနေတစ်ဆင့် သင့်နှလုံးသားအတွက် အေးချမ်းမှုနဲ့ ခွန်အားတွေ ရရှိသွားဖို့ မျှော်လင့်ပါတယ်ရှင်။ 💞🩵

24/06/2026

#ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိပ်မက်
🏠💭📘[ ကွက်ကွက်ကွင်းကွင်း(Vivid) + စိတ်ကူးအိပ်မက်မက်ရင်(Dream) = လက်တွေ့ဖြစ်မြောက်လာတယ်(Realization) ]🏠💭📘

စာဖတ်ပရိသတ်တို့ရေ... ကြာရှည်စွာ စောင့်မျှော်နေကြတဲ့ စာရေးဆရာ အီဂျီဆောင်းရဲ့  ' #ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်' စာအုပ်သ...
22/06/2026

စာဖတ်ပရိသတ်တို့ရေ... ကြာရှည်စွာ စောင့်မျှော်နေကြတဲ့ စာရေးဆရာ အီဂျီဆောင်းရဲ့ ' #ထပ်ခိုးခန်းပေါ်က စိတ်ကူးအိပ်မက်' စာအုပ်သစ်ကြီးဟာ အခုဆိုရင် ဝယ်ယူသူလက်ထဲကို အရောက်ပေးပို့နိုင်ခဲ့ပါပြီ။

စာဖတ်သူတွေအနေနဲ့ မိမိတို့အိမ်နဲ့ အနီးဆုံးနေရာက အောက်ပါ စာအုပ်ဆိုင်ကြီးတွေမှာ ဝယ်ယူဖတ်ရှုလို့ ရနေပါပြီရှင့်။ 🥰
🛒 #ဝယ်ယူရရှိနိုင်မယ့် စာအုပ်ဆိုင်ကြီးများ -
• Z-Kae Books & Learning Hub
• ဆူးလေကျမ်းစာအသင်း
• CLC Book Store (အင်းစိန်ဆေးရုံကျော်နား)
• Yangon Book Plaza (17th လမ်း၊ လသာ)
• ပညာပဒေသာ (လှည်းတန်း)
• စာပေဗိမာန်စာအုပ်ဆိုင် (ပန်းဆိုးတန်း၊ အောက်ဘလောက်)
• ရာပြည့် (ပန်းဆိုးတန်း၊ အထက်ဘလောက်)
• အင်းဝ (ပန်းဆိုးတန်း၊ အထက်ဘလောက်)
• City Mart (စာအုပ်တင်သည့် city book and music ရှိသော city mart & Ocean Super Marketတွင် ရရှိနိုင်ပါသည်)
စာအုပ်ဆိုင်တွေကို ကိုယ်တိုင်သွားပြီး စာအုပ်အဖုံးလှလှလေးကို ထိကိုင်ချင်တဲ့ စာအုပ်ချစ်သူတွေလည်း အခုပဲ ကိုယ်နဲ့နီးစပ်ရာ ဆိုင်တွေမှာ အမြန်ဆုံး သွားရောက်အားပေးလိုက်ကြရအောင်ရှင်။🏃‍♂️💨
#မှတ်ချက်။ ။ အပြင်မထွက်ချင်သူတွေနဲ့ နယ်ကနေ မှာယူလိုသူတွေအတွက်လည်း ကျွန်မတို့ Page Chatbox ကနေပဲဖြစ်ဖြစ်၊ Ph – 09266532383, 09667913939ကိုပဲဖြစ်ဖြစ် ဆက်သွယ်မှာယူမယ်ဆိုရင်လည်း အိမ်အရောက် Delivery စနစ်နဲ့ သေချာလေး ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါတယ်။🫶🥰

Address

Pyay Road, 8 Mile
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959767722685

Alerts

Be the first to know and let us send you an email when HOPE Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOPE Publishing:

Shortcuts

Share

Category