HOPE Publishing

  • Home
  • HOPE Publishing

HOPE Publishing “If you want to go fast, go alone; if you want to go far, go together"

🚨 တတိယအကြိမ်မြောက် စာပေသစ်ပင်စိုက်ပျိုးခြင်း ပရောဂျက် ဒုတိယအဆင့် အင်တာဗျူး အောင်မြင်သူများစာရင်း ကြေညာခြင်း🚨
26/03/2025

🚨တတိယအကြိမ်မြောက် ''စာပေသစ်ပင် စိုက်ပျိုးခြင်း'' ပရောဂျက် ပထမအဆင့် လျှောက်လွှာ အောင်မြင်သူများစာရင်း ကြေညာခြင်း🚨
18/03/2025

📌16.3.2025 ရက်နေ့ ဖောင်တင်ရက် နောက်ဆုံးမို့ လာလျှောက်မယ့် သူများ အမြန်ဆုံး လာရောက်လျှောက်ပေးထားကြပါခင်ဗျာ 📌📝https://www....
12/03/2025

📌16.3.2025 ရက်နေ့ ဖောင်တင်ရက် နောက်ဆုံးမို့ လာလျှောက်မယ့် သူများ အမြန်ဆုံး လာရောက်လျှောက်ပေးထားကြပါခင်ဗျာ 📌📝

https://www.facebook.com/100063526917072/posts/1229927295801489/

📕 “တတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများ ခေါ်ယူခြင်း📕

🚨လျှောက်လွှာ နောက်ဆုံးထား ပေးပို့ရမည့်နေ့ - ၃လပိုင်း ၁၆ ရက်
🚨ပထမအဆင့် ရလဒ်ကြေညာမည့်နေ့ - ၃လပိုင်း ၁၈ ရက်
🚨ဒုတိယအဆင့် လူတွေ့အင်တာဗျူးမည့်နေ့ - ၃လပိုင်း ၂၁၊ ၂၂ ရက်
🚨ဒုတိယအဆင့် ရလဒ်ကြေညာမည့်နေ့ - ၃လပိုင်း ၂၆ ရက်

📝📝📝စာဖတ်နည်းပြ ဆရာဖြစ် အကြိုသင်တန်း ကျင်းပမည့်နေ့ - သင်္ကြန်ပိတ်ရက်အပြီး ၄လပိုင်း စတုတ္ထအပတ်အတွင်း (၂) ရက်သင်တန်း ပြုလုပ်သွားပါမည်။ ရက်အတိအကျကို နောက်ပိုင်းတွင် ထပ်မံ ကြေညာပေးသွားပါမည်။

🔖🔖🔖 ProDVD Co.,LTD သည် Shepherd Co.,LTD နှင့် ပူးပေါင်းပြီး ၂ဝ၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ တိုးတက်လှပေစေမည့် စာပေဆိုင်ရာ ပရောဂျက်များစွာကို လုပ်ဆောင်လာခဲ့ပါသည်။ လက်ရှိတွင်လည်း စာအုပ် အခမဲ့ လှူဒါန်းခြင်း ပရောဂျက်၊ ဘာသာပြန် စာအုပ်နှင့် ဗီဒီယို တည်းဖြတ်ထုတ်လုပ်ခြင်း ပရောဂျက်၊ မြန်မာစာအုပ် အသံသွင်း တည်းဖြတ်ထုတ်လုပ်ခြင်း ပရောဂျက်တို့အပြင် ယခုတစ်ခေါက်တွင်လည်း “တတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများအား ခေါ်ယူမွေးထုတ်သွားမည့် အစီအစဉ်ရှိပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ကလေးငယ်များအား စာဖတ်နည်းပြရန် စိတ်ဝင်စားသူများအား ဖိတ်ခေါ်အပ်ပါသည်။💞💞💞

📚“စာပေသစ်ပင် စိုက်ပျိုးခြင်း”📚
📌ပရောဂျက် အစီအစဉ်နှင့် စာဖတ်နည်းပြဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ📌

🎯၁။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ စာဖတ်နည်းပြဆရာ၊ ဆရာမ (၁ဝ) ဦးခန့်အား ရွေးချယ်ခေါ်ယူသွားမည်။
(မှတ်ချက်။ ။ စာဖတ်နည်းပြ စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီပါက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှလည်း ဆရာ၊ ဆရာမ တစ်ဦးနှင့်အထက် ရွေးချယ်ခေါ်ယူသွားနိုင်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသူ နည်းပါးပါက ခေါ်ယူသူ (၁ဝ) ဦးအောက်လည်း ဖြစ်သွားနိုင်သည်။)

🎯၂။ ပရောဂျက်ကာလ (၈) လ - ၂ဝ၂၅ ခုနှစ် (၅) လပိုင်းမှ (၁၂) လပိုင်းအထိ
(မှတ်ချက်။ ။ (၄) လပိုင်းအတွင်း စာဖတ်နည်းပြဆရာ၊ ဆရာမ အကြိုသင်တန်း (Online or Offline) ပို့ချပေးသွားမည်။ သင်တန်းပို့ချရာတွင် ကုန်ကျမည့် အသွားကားခတစ်ကြောင်းနှင့် အင်တာနက် အသုံးပြုခတို့ကို ကုမ္ပဏီဘက်မှ တာဝန်ယူပေးသွားမည်။ သင်တန်းကာလ ကြာမြင့်ချိန်နှင့် ရက်အတိအကျကို နောက်ပိုင်းတွင် ပြန်လည် ကြေညာပေးသွားမည်။)

🎯၃။ ကလေးငယ်များအား စာဖတ်နည်းပြပေးရန် စိတ်ဝင်စားသူ မည်သူမဆို လာရောက် လျှောက်ထားနိုင်သည်။ အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက် မရှိပါ။
(မှတ်ချက်။ ။ ကွန်ပျူတာအခြေခံ (Microsoft Word, Excel, PowerPoint) အသုံးပြုတတ်သူဖြစ်ရမည်။ စာရေးစာဖတ်တတ်ပြီး ကလေးငယ်များအား စာဖတ်၊ စာရေး လမ်းညွှန်ပေးနိုင်သူ၊ စာပေကို ချစ်မြတ်နိုးသူ၊ ကလေးငယ်များအပေါ် စိတ်ရှည်သည်းခံနိုင်သူ၊ ပရောဂျက်ကာလ (၈) လကို အစမှ အဆုံးအထိ တာဝန်ယူလုပ်ဆောင်ပေးနိုင်သူ ဖြစ်ရန် လိုအပ်သည်။)

🎯၄။ လစဉ် ကလေးငယ်များအား စာဖတ်ပြမည့် စာအုပ်အမျိုးအစားများကို ကုမ္ပဏီဘက်မှ အနည်းဆုံး (၁) လ ကြိုတင်ပြီး ဝယ်ယူထောက်ပံ့ပေးသွားမည်။ ထို့အပြင် လစဉ် သင်ကြားပေးသွားမည့် သတ်မှတ် စာအုပ်များ၏ ဆရာ့လက်ကိုင် သင်ကြားရေးမှတ်တမ်း (Teaching Plan) ကိုလည်း ကုမ္ပဏီဘက်မှ ကြိုတင်စီစဉ်ပံ့ပိုးပေးသွားမည်ဖြစ်သည်။

🎯၅။ စိတ်ဝင်စား၍ လာရောက်လျှောက်ထားသော ဆရာ၊ ဆရာမများအတွက် လစဉ် စာသင်ကြားခအဖြစ် ငွေကျပ် ၁၂ဝ,ဝဝဝ နှင့် စာသင်ကြားမည့် နေရာ အသုံးပြုဌားရမ်းခတစ်ဖြစ်လဲ စာရေးကိရိယာ ဝယ်ယူခအဖြစ် ငွေကျပ် ၁၁ဝ,ဝဝဝ ကျပ်တို့အား လစဉ် ကုမ္ပဏီဘက်မှ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။

🎯၆။ စာဖတ်နည်းပြအလုပ်ကို စိတ်ဝင်စား၍ လာရောက်လျှောက်ထားသော ဆရာ၊ ဆရာမများအနေဖြင့် အသက် (၈) နှစ်မှ (၁၃) နှစ်အတွင်း ကလေး အယောက် (၄ဝ) ခန့်ကို ကိုယ်တိုင် ရှာဖွေစုဆောင်းကာ စာသင်ကြားမည့် နေရာကိုလည်း မိမိအဆင်ပြေသလို ရှာဖွေသင်ကြားပေးသွားရမည်ဖြစ်သည်။ စာသင်ကြားရမည့် အချိန်ကိုလည်း မိမိအဆင်ပြေသလို လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။

🎯၇။ လစဉ် မိမိတို့ သင်ကြားပေးလိုက်သော ကျောင်းသားအမည်စာရင်းနှင့် လစဉ် သင်ကြားရေး အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသော အစီရင်ခံစာကိုမူ ကုမ္ပဏီဘက်သို့ သတ်မှတ်ရက်တွင် အပြီးပြန်လည်ပေးအပ်သွားရမည်ဖြစ်သည်။
(မှတ်ချက်။ ။ ကျောင်းသားအမည်စာရင်းနှင့် လစဉ် သင်ကြားရေးအတွေ့အကြုံများကို ပြန်လည်မျှဝေပေးသော အစီရင်ခံစာ Sample Form ကို ကုမ္ပဏီဘက်မှ ထောက်ပံ့ကူညီ ပေးသွားမည်ဖြစ်သည်။)

🎯၈။ (၂) လ တစ်ကြိမ် ဒေသအသီးသီးမှ စာဖတ်နည်းပြဆရာ၊ ဆရာမများနှင့် Online သို့မဟုတ် Offline မှ တွေ့ဆုံပြီး တစ်ဦးချင်း စာသင်ကြားနေသည့် အတွေ့အကြုံနှင့် အခက်အခဲများကို တိုင်ပင်ဆွေးနွေးအကြုံပြုခြင်းနှင့်အတူ စာဖတ်နည်းပြသင်ကြားရေးအတွက် လိုအပ်မည့် အသိပညာ ဗဟုသုတများကိုလည်း ကုမ္ပဏီဘက်မှ တာဝန်ရှိသူများမှ ဖြည့်စွက်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

👇“တတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” လျှောက်လွှာစာရွက်ထုတ်ယူခြင်းနှင့် ပရောဂျက်ဆိုင်ရာ အသေးစိတ် ထပ်မံ သိရှိလိုပါက

☎️09 – 770 998 040, 09 – 667 913 939 တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

❤️***မြန်မာနိုင်ငံက ကလေးငယ်များ၏ အနာဂတ်ဘဝ သာယာတိုးတက်လှပအောင် အားလုံး အတူတူ လက်တွဲပြီး ဖန်တီးပုံဖော်သွားကြဖို့ ဖိတ်ခေါ်အပ်ပါသည်***❤️

📕 “တတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများ ခေါ်ယူခြင်း📕🚨လျှောက်လွှာ နောက်ဆုံ...
26/02/2025

🩶Part-Time Online Marketer (ကျား/ မ ၂ ဦး)🩶📌  ကုမ္ပဏီရှိ YouTube Channel များကို လူပိုသိလာအောင် အဓိကလုပ်ပေးရမည်📌  Channel...
11/02/2025

🩶Part-Time Online Marketer (ကျား/ မ ၂ ဦး)🩶

📌 ကုမ္ပဏီရှိ YouTube Channel များကို လူပိုသိလာအောင် အဓိကလုပ်ပေးရမည်
📌 Channel Promote လုပ်ရာတွင် လိုအပ်ပါက မိမိဘာသာ Content များ ဖန်တီးရေးသားနိုင်ရမည်
📌 Online Marketing Knowledge ရှိရမည်
📌 Social Media အကြောင်း နားလည်ရမည်
📌 Part-Time Job ဖြစ်သည့်အတွက် Work from Home လုပ်နိုင်သည်
📌 အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
📌 အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက် မရှိပါ
📌 လစာညှိနှိုင်း (အင်တာဗျူးချိန်တွင် တစ်ပါတည်း ညှိနှိုင်းနိုင်သည်)

CV Form ကို *၂ လပိုင်း ၂၈ ရက်နေ့* နောက်ဆုံးထားပြီး *Fb Messenger သို့မဟုတ် Viber ဖုန်းနံပါတ် 09-667913939* သို့ ဆက်သွယ်ပေးပို့လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ ။ လျှောက်လွှာအဆင့် အောင်မြင်သူများကို နောက်ပိုင်းတွင် Zoom မှတစ်ဆင့် အင်တာဗျူးသွားမည်ဖြစ်သည်။ အင်တာဗျူးချိန်တွင် Online Marketing နှင့် ပတ်သက်ပြီး မိမိလုပ်ဆောင်ပေးနိုင်သည့် နည်းစနစ်များအကြောင်းကို ရှင်းပြပေးရန်လိုအပ်သည်။

08/06/2024

ဒုတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း ပရောဂျက် နှီးနှောဖလှယ်ပွဲနဲ့ စာဖတ်နည်းပြသင်တန်းမှအမှတ်တရပုံရိပ်အချို့

🚨ဒုတိယအဆင့် အင်တာဗျူး အောင်မြင်သူများစာရင်း ကြေညာခြင်း🚨
23/03/2024

🚨ဒုတိယအဆင့် အင်တာဗျူး အောင်မြင်သူများစာရင်း ကြေညာခြင်း🚨

🚨ဒုတိယအကြိမ်မြောက် ''စာပေသစ်ပင် စိုက်ပျိုးခြင်း'' ပရောဂျက် ပထမအဆင့် လျှောက်လွှာ အောင်မြင်သူများစာရင်း ကြေညာခြင်း🚨
08/03/2024

🎯စာဖတ်နည်းပြ လုပ်ရန် စိတ်ပါ၀င်စားသူ မည်သူမဆို Viber Ph.no 09766484618 သို့ မက်ဆေ့ခ်ျ ပို့ပြီး လျှောက်လွှာစာရွက် လာရောက် ...
14/02/2024

🎯စာဖတ်နည်းပြ လုပ်ရန် စိတ်ပါ၀င်စားသူ မည်သူမဆို Viber Ph.no 09766484618 သို့ မက်ဆေ့ခ်ျ ပို့ပြီး လျှောက်လွှာစာရွက် လာရောက် ထုတ်ယူနိုင်ပါသည်🎯

📕 “ဒုတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများ ခေါ်ယူခြင်း📕

🚨လျှောက်လွှာ နောက်ဆုံးထား ပေးပို့ရမည့်နေ့ - ၃လပိုင်း ၄ ရက်
🚨ပထမအဆင့် ရလဒ်ကြေညာမည့်နေ့ - ၃လပိုင်း ၈ ရက်
🚨ဒုတိယအဆင့် လူတွေ့အင်တာဗျူးမည့်နေ့ - ၃လပိုင်း ၁၄၊ ၁၅၊ ၁၆ ရက်
🚨ဒုတိယအဆင့် ရလဒ်ကြေညာမည့်နေ့ - ၃လပိုင်း ၂၃ ရက်

📝📝📝စာဖတ်နည်းပြ ဆရာဖြစ် အကြိုသင်တန်း ကျင်းပမည့်နေ့ - သင်္ကြန်ပိတ်ရက်အပြီး ၄လပိုင်း စတုတ္ထအပတ်အတွင်း (၂) ရက်သင်တန်း ပြုလုပ်သွားပါမည်။ ရက်အတိအကျကို နောက်ပိုင်းတွင် ထပ်မံ ကြေညာပေးသွားပါမည်။

🔖🔖🔖 ProDVD Co.,LTD သည် Shepherd Co.,LTD နှင့် ပူးပေါင်းပြီး ၂ဝ၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ တိုးတက်လှပေစေမည့် စာပေဆိုင်ရာ ပရောဂျက်များစွာကို လုပ်ဆောင်လာခဲ့ပါသည်။ လက်ရှိတွင်လည်း စာအုပ် အခမဲ့ လှူဒါန်းခြင်း ပရောဂျက်၊ ဘာသာပြန် စာအုပ်နှင့် ဗီဒီယို တည်းဖြတ်ထုတ်လုပ်ခြင်း ပရောဂျက်၊ မြန်မာစာအုပ် အသံသွင်း တည်းဖြတ်ထုတ်လုပ်ခြင်း ပရောဂျက်တို့အပြင် ယခုတစ်ခေါက်တွင်လည်း “ဒုတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများအား ခေါ်ယူမွေးထုတ်သွားမည့် အစီအစဉ်ရှိပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ကလေးငယ်များအား စာဖတ်နည်းပြရန် စိတ်ဝင်စားသူများအား ဖိတ်ခေါ်အပ်ပါသည်။💞💞💞

📚“စာပေသစ်ပင် စိုက်ပျိုးခြင်း”📚
📌ပရောဂျက် အစီအစဉ်နှင့် စာဖတ်နည်းပြဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ📌

🎯၁။ ပြည်နယ်နှင့် တိုင်းဒေသကြီး (၈) ခုမှ စာဖတ်နည်းပြဆရာ၊ ဆရာမ (၁ဝ) ဦးအား အသီးသီး ရွေးချယ်ခေါ်ယူသွားမည်။
(မှတ်ချက်။ ။ စာဖတ်နည်းပြ စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီပါက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှလည်း ဆရာ၊ ဆရာမ တစ်ဦးနှင့်အထက် ရွေးချယ်ခေါ်ယူသွားနိုင်သည်။)

🎯၂။ ပရောဂျက်ကာလ (၈) လ - ၂ဝ၂၄ ခုနှစ် (၅) လပိုင်းမှ (၁၂) လပိုင်းအထိ
(မှတ်ချက်။ ။ (၄) လပိုင်းအတွင်း စာဖတ်နည်းပြဆရာ၊ ဆရာမ အကြိုသင်တန်း (Online or Offline) ပို့ချပေးသွားမည်။ သင်တန်းပို့ချရာတွင် ကုန်ကျမည့် သွားလာစရိတ်နှင့် အင်တာနက် အသုံးပြုခတို့ကို ကုမ္ပဏီဘက်မှ တာဝန်ယူပေးသွားမည်။ သင်တန်းကာလ ကြာမြင့်ချိန်နှင့် ရက်အတိအကျကို နောက်ပိုင်းတွင် ပြန်လည် ကြေညာပေးသွားမည်။)

🎯၃။ ကလေးငယ်များအား စာဖတ်နည်းပြပေးရန် စိတ်ဝင်စားသူ မည်သူမဆို လာရောက် လျှောက်ထားနိုင်သည်။ အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက် မရှိပါ။
(မှတ်ချက်။ ။ ကွန်ပျူတာအခြေခံ (Microsoft Word, Excel, PowerPoint) အသုံးပြုတတ်သူဖြစ်ရမည်။ စာရေးစာဖတ်တတ်ပြီး ကလေးငယ်များအား စာဖတ်၊ စာရေး လမ်းညွှန်ပေးနိုင်သူ၊ စာပေကို ချစ်မြတ်နိုးသူ၊ ကလေးငယ်များအပေါ် စိတ်ရှည်သည်းခံနိုင်သူ၊ ပရောဂျက်ကာလ (၈) လကို အစမှ အဆုံးအထိ တာဝန်ယူလုပ်ဆောင်ပေးနိုင်သူ ဖြစ်ရန် လိုအပ်သည်။)

🎯၄။ လစဉ် ကလေးငယ်များအား စာဖတ်ပြမည့် စာအုပ်အမျိုးအစားများကို ကုမ္ပဏီဘက်မှ အနည်းဆုံး (၁) လ ကြိုတင်ပြီး ဝယ်ယူထောက်ပံ့ပေးသွားမည်။ ထို့အပြင် လစဉ် သင်ကြားပေးသွားမည့် သတ်မှတ် စာအုပ်များ၏ ဆရာ့လက်ကိုင် သင်ကြားရေးမှတ်တမ်း (Teaching Plan) ကိုလည်း ကုမ္ပဏီဘက်မှ ကြိုတင်စီစဉ်ပံ့ပိုးပေးသွားမည်ဖြစ်သည်။

🎯၅။ စိတ်ဝင်စား၍ လာရောက်လျှောက်ထားသော ဆရာ၊ ဆရာမများအတွက် လစဉ် စာသင်ကြားခအဖြစ် ငွေကျပ် ၁၁ဝ,ဝဝဝ နှင့် စာသင်ကြားမည့် နေရာ အသုံးပြုဌားရမ်းခတစ်ဖြစ်လဲ စာရေးကိရိယာ ဝယ်ယူခအဖြစ် ငွေကျပ် ၇ဝ,ဝဝဝ ကျပ်တို့အား လစဉ် ကုမ္ပဏီဘက်မှ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။

🎯၆။ စာဖတ်နည်းပြအလုပ်ကို စိတ်ဝင်စား၍ လာရောက်လျှောက်ထားသော ဆရာ၊ ဆရာမများအနေဖြင့် အသက် (၈) နှစ်မှ (၁၃) နှစ်အတွင်း ကလေး အယောက် (၄ဝ) ခန့်ကို ကိုယ်တိုင် ရှာဖွေစုဆောင်းကာ စာသင်ကြားမည့် နေရာကိုလည်း မိမိအဆင်ပြေသလို ရှာဖွေသင်ကြားပေးသွားရမည်ဖြစ်သည်။ စာသင်ကြားရမည့် အချိန်ကိုလည်း မိမိအဆင်ပြေသလို လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။

🎯၇။ လစဉ် မိမိတို့ သင်ကြားပေးလိုက်သော ကျောင်းသားအမည်စာရင်းနှင့် လစဉ် သင်ကြားရေး အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသော အစီရင်ခံစာကိုမူ ကုမ္ပဏီဘက်သို့ သတ်မှတ်ရက်တွင် အပြီးပြန်လည်ပေးအပ်သွားရမည်ဖြစ်သည်။
(မှတ်ချက်။ ။ ကျောင်းသားအမည်စာရင်းနှင့် လစဉ် သင်ကြားရေးအတွေ့အကြုံများကို ပြန်လည်မျှဝေပေးသော အစီရင်ခံစာ Sample Form ကို ကုမ္ပဏီဘက်မှ ထောက်ပံ့ကူညီ ပေးသွားမည်ဖြစ်သည်။)

🎯၈။ (၂) လ တစ်ကြိမ် ဒေသ (၈) ခုစလုံးမှ စာဖတ်နည်းပြဆရာ၊ ဆရာမများနှင့် Online သို့မဟုတ် Offline မှ တွေ့ဆုံပြီး တစ်ဦးချင်း စာသင်ကြားနေသည့် အတွေ့အကြုံနှင့် အခက်အခဲများကို တိုင်ပင်ဆွေးနွေးအကြုံပြုခြင်းနှင့်အတူ စာဖတ်နည်းပြသင်ကြားရေးအတွက် လိုအပ်မည့် အသိပညာ ဗဟုသုတများကိုလည်း ကုမ္ပဏီဘက်မှ တာဝန်ရှိသူများမှ ဖြည့်စွက်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

👇“ဒုတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်နှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံ သိရှိလိုပါက

☎️09 – 767 722 685, 09 – 448 024 624, 09 – 425 324 244 တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

❤️***မြန်မာနိုင်ငံက ကလေးငယ်များ၏ အနာဂတ်ဘဝ သာယာတိုးတက်လှပအောင် အားလုံး အတူတူ လက်တွဲပြီး ဖန်တီးပုံဖော်သွားကြဖို့ အထူး မေတ္တာရပ်ခံလိုပါသည်***❤️

Korea National University of Science and Technology (UST) https://www.ust.ac.kr/eng/စိတ်ဝင်စားသူများ မေးမြန်းဆက်သွယ်နိုင...
15/01/2024

Korea National University of Science and Technology (UST)
https://www.ust.ac.kr/eng/
စိတ်ဝင်စားသူများ မေးမြန်းဆက်သွယ်နိုင်ပါတယ်

🇰🇷ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး ထောက်ခံသည့်🇰🇷🏯ကိုရီးယားသမိုင်းတစ်ခေတ်၏ အထင်ကရ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တစ်ဦး၏ အတ္ထုပ္...
16/10/2023

🇰🇷ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး ထောက်ခံသည့်🇰🇷
🏯ကိုရီးယားသမိုင်းတစ်ခေတ်၏ အထင်ကရ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တစ်ဦး၏ အတ္ထုပ္ပတ္တိစာအုပ်🏯

♥️တိုင်းသူပြည်သားတို့အတွက် ကိုရီးယားစာလုံးကို တီထွင်ပေးခဲ့သော ဆယ်ဂျုံးဘုရင်မင်းမြတ်❤️

🌟ကိုရီးယားအက္ခရာစာလုံးကို စတင် မွေးဖွားပေးခဲ့သူ
🌟ကိုရီးယားလူမျိုးများ အလေးစားရဆုံး ခေါင်းဆောင်
🌟ဂျိုဆောင်ခေတ်၏ စတုတ္ထမြောက်မင်းဆက်

☺️ဖွဲ့နွဲ့သီကုံးရေးသားလျှင် ကုန်နိုင်ဖွယ်ရာ မရှိသည့် ကိုရီးယားလူမျိုးများ အသည်းစွဲ ချစ်ခင်ရသော #ဆယ်ဂျုံးဘုရင်မင်းမြတ် အကြောင်းကို ကျွန်မတို့ HOPE Publishing စာအုပ်တိုက်မှ ၁၃ အုပ်မြောက် စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ပါပြီ📒

🎀စာအညွှန်း🎀

🌹ကိုရီးယားနိုင်ငံ၏ ရှည်လျားလှသော သမိုင်းကြောင်းအဆက်ဆက်တွင် ချန်လှပ်ထား၍ မရနိုင်သော အထင်ကရ ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည့် ဆယ်ဂျုံးဘုရင်မင်းမြတ်၏ ဘဝဇာတ်ကြောင်းအစုံအလင်ကို ဖြစ်ရပ်မှန်အတိုင်း အပိုအလိုမရှိ ဂုဏ်ပြုရေးသားထားသော အတ္ထုပ္ပတ္တိ စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

🌹ညှို့ယူဆွဲငင်အားကောင်းသော ဤအတ္ထုပ္ပတ္တိတွင် စာဖတ်သူအားလုံးအနေဖြင့် ဆယ်ဂျုံးဘုရင်မင်းမြတ်၏ ပြည်သူများအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကြောင့် ကမ္ဘာပေါ်တွင် ဆန်းသစ်တီထွင်မှုအရှိဆုံး ကိုယ်ပိုင်စာအရေးအသား စနစ်ဖြစ်သည့် ကိုရီးယားအက္ခရာကို မည်ကဲ့သို့ စတင်တီထွင်ဖန်တီးနိုင်ခဲ့ကြောင်းကို ဤစာအုပ်မှတစ်ဆင့် လေ့လာသိရှိနိုင်မည်ဖြစ်သည်။

🌹ဆယ်ဂျုံးဘုရင်မင်းမြတ် ချန်ထားရစ်ခဲ့သော အမွေအနှစ်သည် ကိုရီးယားအက္ခရာ စတင်တီထွင်ဖန်တီးခြင်း တစ်ခုတည်း၌သာ အဆုံးသတ်ခဲ့ခြင်း မဟုတ်ပေ။ သူ၏ နန်းစံသက်အတွင်း သိပ္ပံပညာနှင့် နည်းပညာမှသည် အနုပညာနှင့် ယဉ်ကျေးမှုအထိ နယ်ပယ်များစွာတွင် အံ့မခန်း တိုးတက်ပြောင်းလဲမှုများ ရှိခဲ့သည်။ ဆယ်ဂျုံးဘုရင်မင်းမြတ်မှတစ်ဆင့် ကျွန်ုပ်တို့သည် ခေါင်းဆောင်တစ်ဦး၏ ကြီးကျယ်မြင့်မြတ်မှုဆိုသည်မှာ ထိုခေါင်းဆောင်၏ ရာထူးအာဏာတွင် တည်ရှိခြင်းမျိုး မဟုတ်ဘဲ တိုင်းသူပြည်သားတို့ကို ရှေးရှုသည့် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ထိုချစ်ခြင်းမေတ္တာကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် စဉ်ဆက်မပြတ်သော ကြိုးစားအားထုတ်မှု၊ စိတ်အားထက်သန်ပြင်းပြမှုတို့တွင်သာ ရှိကြောင်း နှိုင်းချင့်တွက်ဆမိလာခဲ့သည်။

🌹ဆယ်ဂျုံးဘုရင်အနေဖြင့် သူ၏ နန်းစံသက် (၃၂) နှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်ပြခဲ့သည့် အရာတိုင်းသည် တိုင်းသူပြည်သားတို့၏ အနာဂတ်ဘဝကောင်းစားရေးကိုသာ ရှေးရှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဂျိုဆောင်ခေတ်၏ အာဏာအရှိဆုံး ဘုရင်တစ်ပါးပင် ဖြစ်လင့်ကစား မိမိဆန္ဒသည် ပြည်သူတို့၏ ဆန္ဒနောက်တွင်သာ ရှိပြီး မိမိကိုယ်ကျိုးထက် အများကောင်းကျိုးကိုသာ လိုလားသော စိတ်ထားဖြင့် နယ်ပယ်ပေါင်းစုံတွင် အများထက် အမြဲ ခြေတစ်လှမ်းသာအောင် အမျှော်အမြင်ရှိရှိ တွေးခေါ်ကာ လက်တွေ့ဆောင်ရွက်တတ်သူတစ်ဦးလည်းဖြစ်သည်။

#ဝယ်ယူအားပေးဖတ်ရှုချင်တယ်ဆိုရင်တော့ တစ်အုပ်ကို (💸💸💸 ၃ဝဝဝ)ကျပ်နှုန်းနဲ့ ရန်ကုန်၊ မန္တလေး၊ ဟင်္သာတ၊ ပြည်၊ ကော့ကရိတ်မြို့များသို့ ဖြန့်ချိထားပါတယ်ရှင့်။

📢📢📢 ရန်ကုန်မြို့တွင်းမှ ဝယ်ယူရရှိနိုင်သည့် ဆိုင်များ
🔶 မျိုးဆက်သစ်စာပေ (မဟာသုခလမ်း၊ ကျီတော်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်)
🔶 ပစ်တိုင်းထောင်စာပေ (ဗိုလ်ချုပ်လမ်း)
🔶 အရုဏ်သစ်စာပေ (၃၉လမ်းနှင့် လမ်း၄၀ကြား)
🔶 စိတ်ကူးသစ်စာပေ (ဆိပ်ကမ်းသာလမ်းအောက်၊ ကျောက်တံတား)
🔶 အလင်းရောင်စာပေ (ပန်းဆိုးတန်းအလယ်၊ ကျောက်တံတား)
🔶 အမြင်သစ်စာပေ (၃၇လမ်းအလယ်)
🔶 TAB Book Centre (ပန်းဆိုးတန်းလမ်း၊ ကျောက်တံတား)
🔶 စာပေလောက (လှည်းတန်း)
🔶 ရာပြည့်စာပေ (လှည်းတန်း)
🔶 အလင်းရိပ်မြုံစာပေ (လမ်းသစ်လမ်း၊ အုတ်ကျင်းဝမှတ်တိုင်၊ အင်းစိန်)
🔶 သုတေးစစ်စာပေ (၃ လမ်းထိပ်၊ မဟာသုခိတာလမ်းမကြီး၊ အင်းစိန်)
🔶 Z-Kae Books & Learning Hub
🔶 Wun Zinn to home
🔶 ပန်းဆက်လမ်း
🔶 Yadanar May Book Store
🔶 ကိုလတ်စာပေ

📢📢📢 နယ်ဘက်တွင် ဝယ်ယူရရှိနိုင်သည့် ဆိုင်များ
🔷 ပြည်မြို့တွင် ပဉ္စဂံစာပေ
🔷 ကော့ကရိတ်မြို့တွင် ခိုင်စတိုး (မြို့မဈေး နာရီစင်ရှေ့)

📣📣📣 မျိုးဆက်သစ်မှတစ်ဆင့် ဖြန့်ချိထားသော စာအုပ်ဆိုင်များ
(ရန်ကုန်အတွင်းမှာဆို
🔶 စာပေဗိမာန် (ကုန်သည်လမ်း)၊
🔶 အင်းဝ (ပန်းဆိုးတန်း-ထက်)၊
🔶 စာပေလောက ၂ (ပန်းဆိုးတန်း-ထက်)၊
🔶 ရာပြည့် (ပန်းဆိုးတန်းအထက်)၊
🔶 ငါတို့စာပေ (book plaza)၊
🔶 အင်းဝ (လှည်းတန်း)၊
🔶 စိတ်ကူးချိုချို (လှည်းတန်း)၊
🔶 အပါးတော်မြဲ (ရေကျော်)၊
🔶 အင်းဝ(book&cafe) (မြန်မာပလာဇာ)၊
🔶 အင်းဝ(book&cafe) (Time City)၊
🔶 အင်းဝ(book&cafe) (MICT Park)၊
🔶 ပါရမီ (၂၉ လမ်းအထက်)၊
🔶 book tree (ပန်းဆိုးတန်း) တို့တွင် ရရှိနိုင်ပါသည်)

#နယ်ဘက်မှာဆို
🔷 ဟင်္သာတတွင် ရွှေမောင်း၊
🔷 မန္တလေးတွင် စိတ်ကူးချိုချို တို့၌ ရရှိနိုင်ပါသည်။

✔️✔️✔️ အခြားမြို့နယ်တွေကိုလည်း စာတိုက်ကနေ ပို့ပေးပါတယ်နော် 📬💌

HOPE Publishing (09-767722685) ကိုလည်း တိုက်ရိုက်ဆက်သွယ် အားပေးနိုင်ပါတယ်။ 🙏🙏🙏

🥰🥰🥰 ဝေဖန်အကြံပြုပေးသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်စကား လက်ဆင့်ကမ်းပေးလိုက်ပါတယ်
ထပ်မံ ထွက်ရှိမယ့် စာအုပ်အသစ်များကိုလည်း မှာယူအားပေးကြစေလိုပါတယ်

💝အားလုံးကို ကျေးဇူးအထူးတင်ရှိလျက်💝

#ဆယ်ဂျုံးဘုရင်မင်းမြတ်
#ကိုရီးယားအက္ခရာစာလုံးကိုတီထွင်ခဲ့သူ
💕💕💕

Address

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959767722685

Alerts

Be the first to know and let us send you an email when HOPE Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOPE Publishing:

  • Want your business to be the top-listed Media Company?

Share