အလင်းခေတ်-Alinn Khit

အလင်းခေတ်-Alinn Khit “လူထုဘဝအမှောင်ခေတ်မှအလင်းခေတ်သို့?

လက်ယက်ကုန်းအတွက် ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်ခွန်သပိတ် 🖋CJ-001မန္တလေးတိုင်း ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်၍ ယနေ့ စက်တ...
21/09/2022

လက်ယက်ကုန်းအတွက် ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်ခွန်သပိတ်


🖋CJ-001

မန္တလေးတိုင်း ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်၍ ယနေ့ စက်တင်ဘာလ ၂၁ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီမှ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် စာသင်နေသည့် ကလေးငယ်များကို လေကြောင်းဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းအပေါ် "မင်းတို့စစ်တပ်က ကလေးတွေကိုလည်း ပစ်သတ် တာပဲလား" စာတန်းနှင့် သရုပ်ဖော် ဆန္ဒပြခဲ့ကြသည်။

#အလင်းခေတ်

ဓာတ်ပုံ- ပြည်ကြီးတံခွန်သပိတ်အင်အားစု
#ပြည်ကြီးတံခွန်သပိတ်အင်အားစု #လက်ယက်ကုန်း #ဒီပဲယင်း #လေကြောင်းတိုက်ခိုက်မှု

ပြင်ဦးလွင်မြို့နယ် ကြက်မွေးမြူရေးခြံတစ်ခုတွင် ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွား 🖋အောင်နိူင်သူပြင်ဦးလွင်မြို့နယ် စည်းကား...
18/09/2022

ပြင်ဦးလွင်မြို့နယ် ကြက်မွေးမြူရေးခြံတစ်ခုတွင် ငါးလောင်းပြိုင် လူသတ်မှု
ဖြစ်ပွား


🖋အောင်နိူင်သူ

ပြင်ဦးလွင်မြို့နယ် စည်းကားကျေးရွာရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် အလုပ်လုပ်နေသူမိသားစုဝင်ငါးဦး ယနေ့ နံနက်ပိုင်းတွင် သတ်ဖြတ်ခံရသည်ဟု မြို့ခံတွေဆီက သိရသည်။

အသက် ၁၂ နှစ်အရွယ်ကလေးအပါဝင် မိသားစုဝင်ငါးဦးကို အမည်မသိသူတွေက ယနေ့နံနက်ပိုင်းက သတ်ဖြတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
"ဘာကြောင့်သတ်လဲ စဥ်းစားမရဘူး ကြက်ခြံမှာ မရှိလို့လာအလုပ်တဲ့သူတွေပါ စိတ်ထဲမကောင်းဘူး ခေတ်ကြီးက အတော်ဆိုးနေပြီ"ဟု ပြောသည်။

အလောင်းများကို သွားရောက်သယ်ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း အသတ်ခံရသူများအနက် လေးဦးမှာ ၎င်းတို့ရောက်ရှိချိန်တွင် အသက်ဆုံးပါးနေပြီဖြစ်ကာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာများရရှိ၍ ဆေးရုံပို့ရာသေဆုံးသွားတာဖြစ်သည်ဟု ပြောသည်။

"ညပိုင်းကမဟုတ်ရင် ဒီနေ့ မနက်စောစော အသတ်ခံရတာဖြစ်မယ် ကလေးလေးက အသက်ရှိသေးတယ် ကျွန်တော်တို့ရောက်တော့ ဆေးရုံရောက်မှ သေတာ"ဟု ရှင်းပြသည်။

ကြက်မွေးမြူရေးခြံတွင် အလုပ်လုပ်နေသူငါးဦးကို အမည်မသိအဖွဲ့ ဓားများဖြင့်ခုတ်သတ်ခဲ့တာဖြစ်သည်ဟု လူမှုကူညီရေးအသင်းကဆိုသော်လည်း CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်မှု မရှိသေးပေ။

လက်ရှိအခြေအနေတွင် သေဆုံးသူရုပ်အလောင်းများကိုပြင်ဦးလွင် ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပြီး စစ်ကောင်စီတပ်များမှ လာရောက်စစ်ဆေးနေသည်ဟု သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် ဖြစ်ပေါ်ခဲ့သော လူသတ်မှုများအနက် ယနေ့သတ်ဖြတ်ခံရသော ငါးလောင်းပြိုင်လူသတ်မှုမှာ အဆိုးဝါးဆုံး ဖြစ်ကြောင်း မြို့ခံတွေဆီက သိရသည်။

#အလင်းခေတ်
#အလင်းခေတ်
#ပြင်ဦးလွင်မြို့ #ငါးလောင်းပြိုင်လူသတ်မှု

ပုသိမ်-ချောင်းသာလမ်းမပေါ်၌ ကားနှင့်ဆိုင်ကယ်တိုက်နှစ်ဦးသေ တစ်ဦးဒဏ်ရာရ 🖋အောင်နိူင်သူချောင်းသာမြို့ ပုသိမ်-ချောင်းသာ လမ်းမပ...
18/09/2022

ပုသိမ်-ချောင်းသာလမ်းမပေါ်၌ ကားနှင့်ဆိုင်ကယ်တိုက်နှစ်ဦးသေ တစ်ဦးဒဏ်ရာရ


🖋အောင်နိူင်သူ

ချောင်းသာမြို့ ပုသိမ်-ချောင်းသာ လမ်းမပေါ်တွင် ယမန်နေ့ ညနေငါးနာရီဝန်းကျင်က အိမ်စီးကားနှင့် ဆိုင်ကယ်တိုက်မိပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ချောင်းသာမြို့တွင်းမှ ချောင်းသာကမ်းခြေဘက်သို့ မောင်းနှင်လာသည့် Honda Fit အဖြူရောင် အိမ်စီးကားမှ ချောင်းသာကမ်းခြေမှ ချောင်းသာမြို့တွင်းသို့ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"မှားတာက ကားသမားပဲ ယာဥ်လမ်းကြောင်းကိုမှားပြီးမောင်းလာတာ ဆိုင်ကယ်က သုံးယောက်စီးလာတာ နှစ်ဦးသေတယ် တစ်ဦးကလည်း အခြေအနေစိုးရိမ်ရတယ်" ဟု ရှင်းပြသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ ဦးဝင်းစိုး နှင့် နောက်တွင်လိုက်စီးလာသူ ဦးဇော်ထွန်း တို့နှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားပြီး ဒေါ်မာမာသက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ယာဥ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

Honda Fit အဖြူရောင်ယာဥ်မောင်းနှင်သူ ဦးစောလှိုင်အား ချောင်းသာနယ်မြေရဲစခန်းမှ ယာဥ် (ပ)၂/ ၂၀၂၂ပုဒ်မ-၃၀၄(က)၃၃၈/၂၉၇ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။

#အလင်းခေတ်

#ဧရာဝတီတိုင်း #ချောင်းသာမြို့ #ယာဉ်တိုက်မှု

ဖုန်း ၁၈ လုံးခိုးယူသွားသူက ရဲမေကို ရည်စားစကားပြောပြီး ဓာတ်ပုံသွားပို့မိရာမှ ဖမ်းဆီးခံရ 🖋အောင်နိူင်သူပြည်မြို့က ဖုန်းဆိုင...
18/09/2022

ဖုန်း ၁၈ လုံးခိုးယူသွားသူက ရဲမေကို ရည်စားစကားပြောပြီး ဓာတ်ပုံသွားပို့မိရာမှ ဖမ်းဆီးခံရ


🖋အောင်နိူင်သူ

ပြည်မြို့က ဖုန်းဆိုင်တစ်ဆိုင်မှ ဖုန်း ၁၈ လုံးခိုးယူသွားသူအမျိုးသားတစ်ဦးက ရဲမေတစ်ဦးကို ရည်းစားစကားသွားပြောရာမှ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရသည်။

ပြည်မြို့ AEC mobile ဖုန်းဆိုင်အတွင်းမှ စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက ဖုန်းများဖောက်ထွင်းခိုးယူခဲ့သူ အမျိုးသားတစ်ဦးကို ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"ဖုန်းအားလုံးပေါင်း ၁၈ လုံး သိန်းတစ်ရာနီးပါးပဲ ခိုးပြီးတော့ အဲ့သူခိုးက ရဲမေကို ဖွန်သွားကြောင်တယ် သူက ဖုန်းဆိုင်ဖွင့်ထားတာပေါ့ ရဲမေကပုံပို့ပေးဆိုတော့ မက်ဆင်ဂျာကပို့ပေးတာ AEC mobileဖုန်းဆိုင်ကို ဖောက်သွားတဲ့သူဖြစ်နေတယ်"ဟု ရှင်းပြသည်။

ပြစ်မှုကျူးလွန်သူဟုစွပ်စွဲခံရသူကို ပြည်မြို့ ရွာဘဲရပ်ကွက်တွင် အဆိုပါရဲမေအား လာရောက်တွေ့ဆုံစဥ် ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

AEC mobil eဖုန်းဆိုင်ဖောက်ထွင်းခဲ့သည့်နေ့တွင် ရဲတပ်ဖွဲ့က CCTVမှ ပြစ်မှုကျူးလွန်သူမျက်နှာပုံစံဓာတ်ပုံ ရရှိခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက် ဖုန်းရောင်းဝယ်ရေးဆိုင် ၊ဖုန်းအဟောင်းရောင်းဝယ်ရေးဆိုင်၊ အပေါင်ဆိုင်များသို့ တရားခံဓာတ်ပုံအား ဖြန့်ဝေထားသည်ဟု ဖုန်းအရောင်းအဝယ်လုပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးရမိသူမှာ ကိုချစ်စမ်းမောင်(ခ) "ပြောကြည့် ရင်ထဲပေါ့သွားတာပေါ့" FB Account ပိုင်ရှင် ဖြစ်ပြီး သိမ်းဆည်းရမိသည့် ဖုန်း ၁၈လုံးနှင့်အတူ ပြည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု မြို့ခံတွေဆီက သိရသည်။

#အလင်းခေတ်

#ပြည်မြို့ #ဖုန်းဆိုင်ဖောက်ထွင်းခံရ

ကူညီထောက်ပံ့မှုများနဲ့ ကင်းထောက် Mini Drone တစ်စီးကို PDF- ထီးလင်းက ဝယ်ယူအလင်းခေတ်၊ စက်တင်ဘာ ၁၇၊ ၂၀၂၂။"တော်လှန်မဲဝယ်ပြီး...
17/09/2022

ကူညီထောက်ပံ့မှုများနဲ့ ကင်းထောက် Mini Drone တစ်စီးကို PDF- ထီးလင်းက ဝယ်ယူ

အလင်းခေတ်၊ စက်တင်ဘာ ၁၇၊ ၂၀၂၂။

"တော်လှန်မဲဝယ်ပြီး နိုင်ငံတာဝန်ထမ်းဆောင်သောပြည်သူများ " နဲ့ "Yaw Funding Korea" အဖွဲ့၏ ပံ့ပိုးကူညီမှု နဲ့ ကင်းထောက် Mini Drone တစ်စီး ဝယ်ယူနိုင်ခဲ့ပြီဖြစ်တဲ့အတွက် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်တယ်လို့ PEOPLE'S DEFENCE FORCE-HTILIN(YRPA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထပ်မံ၍လည်း တိုက်ခိုက်ရေး ဒရုန်းတစ်စင်းက်ု ထပ်မံဝယ်ယူနိုင်ရန်အတွက် ပံ့ပိုးပေးကြဖို့နဲ့ ရရှိလာတဲ့ ဒရုန်းကိုလည်း ရိုသေစွာကိုင်တွယ်အသုံးပြုပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်ရေးအတွက် လုပ်ဆောင်နေသော တော်လှန်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

#အလင်းခေတ်

အိမ်မဲမြို့နယ်တွင် လောင်းကစားဝိုင်းများ တရားဝင်သဖွယ်လုပ်ဆောင်နေပြီး လာကစားသူများကို ရဲစခန်းက ထမင်းကျွေးနေဟုဆို 🖋လင်းခိုင...
17/09/2022

အိမ်မဲမြို့နယ်တွင် လောင်းကစားဝိုင်းများ တရားဝင်သဖွယ်လုပ်ဆောင်နေပြီး လာကစားသူများကို ရဲစခန်းက ထမင်းကျွေးနေဟုဆို


🖋လင်းခိုင်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် လောင်းကစားဝိုင်းများအား တရားဝင်သဖွယ် ပွဲတော်လုပ်ဆောင်ကာ ကျင်းပနေပြီး လာကစားသူများကို ရဲစခန်းက ထမင်းကျွေးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ကမ်းပြိုအုပ်စု သစ်တိုချောင်းကျေးရွာမှာ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေနဲ့ စည်းကားနေတယ် အဲ့ဒီမှာလာကစားတဲ့သူတွေကို လူကောင်းကျွန်းရဲစခန်းက ထမင်းပါကျွေးနေတာ"ဟု အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

လူကောင်းကျွန်းရဲစခန်းမှ ရဲများသည် လောင်းကစားဝိုင်းမှ လိုင်းကြေးရရှိနေပြီး လူစည်းကားမှုရှိရန် ထမင်းကျွေးခြင်းများပါပြုလုပ်ကာ တရားမဝင်လောင်းကစားဝိုင်းကို အားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းပြိုအုပ်စု သစ်တိုချောင်းကျေးရွာတွင် ကြက်ခြောက်ကောင်သီးသန့်ဝိုင်းအပြင် သုံးဝိုင်း ကြက်တစ်ဝိုင်း စုံမတစ်ဝိုင်းများကို စနေ့နေ့တိုင်းပြူလုပ်နေသည်မှာ သုံးလကျော်ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ထို့ပြင် လောင်းကစားဝိုင်း၌ WY ဆေးပြားများပါရောင်းချနေပြီး တစ်ပြားလျှင်ငွေကျပ် ထောင့်ငါးရာနှင့် နှစ်ထောင်ကြားသာရှိသည့်အတွက် လူငယ်များဝယ်ယူသုံးစွဲမှုများပြားနေကြောင်းလည်း ဒေသခံတစ်ဦးက CJ Platformသို့ပြောကြားသည်။

#အလင်းခေတ်

ဓာတ်ပုံ-CJ
#ဧရာဝတီတိုင်း #အိမ်မဲမြို့ #လူကောင်းကျွန်း #လောင်းကစားဝိုင်းများ

သင်ဇာဝင့်ကျော်နှင့်နန်းမွေစံ ကို မရမ်းကုန်းနှင့်မြောက်ဒဂုံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေး *အောင်နိူင်သူရုပ်ရှင်နှင့်...
14/09/2022

သင်ဇာဝင့်ကျော်နှင့်နန်းမွေစံ ကို မရမ်းကုန်းနှင့်မြောက်ဒဂုံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေး


*အောင်နိူင်သူ

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့နှစ်ဦးကို ယနေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးနှင့် မြောက်ဒဂုံမြို့နယ်တရားရုံးတို့မှာ ရုံးထုတ်စစ်ဆေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းက သိရသည်။

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ယနေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးမှာ အီလက်ထောနစ်ဥပဒေပုဒ်မ ၃၃ (က)ဖြင့် ရုံးထုတ်ရမန်ယူခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

"သူတို့ကို ရုံးထုတ်ရမန်ယူတာပါ စစ်တပ်က တရားလိုလုပ်ပြီးစွဲတာပါ နောက်ပိုင်း အင်းစိန်ထောင်မှာပဲ စစ်မယ်နဲ့တူတယ်"ဟု ပြောသည်။

အလားတူပင် မော်ဒယ်နန်းမွေစံကိုလည်း ယနေ့ နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်တရားရုံးမှာ အီလက်ထောနစ်ဥပဒေပုဒ်မ ၃၃(က)နှင့် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။

"နှစ်ဦးစလုံးကို ရုံးထုတ်တာပါ သင်ဇာဝင့်ကျော်ကိုလည်း ရုံးထုတ်တယ် မရမ်းကုန်းတရားရုံးမှာ အခုတော့ အင်စိန်ထောင်ကို ပြန်ပို့လိုက်ပြီ"ဟု ရှင်းပြသည်။

သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ တို့ (၂) ဦးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ-၃၃(က)နှင့် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်သည်။

#အလင်းခေတ်

#သင်ဇာဝင့်ကျော် #နန်းမွေစံ #ရုံးထုတ်

အထိနာခဲ့သည့် စစ်ကောင်စီတပ် မိုးဗြဲမှ ပြန်လည်ထွက်ပြေး *ခေတ်နီရှမ်း ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စက်တင်ဘာလ ၈ရက်နေ့ကနေ့ စတင...
13/09/2022

အထိနာခဲ့သည့် စစ်ကောင်စီတပ် မိုးဗြဲမှ ပြန်လည်ထွက်ပြေး


*ခေတ်နီ

ရှမ်း ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စက်တင်ဘာလ ၈ရက်နေ့ကနေ့ စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ကရင်နီကာကွယ်ရေးတပ်များကြား တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးများစွာဖြင့် ပြန်လည်ထွက်ပြေးသွားပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီတပ်များဟာ စက်တင်ဘာလ ၈ ရက်နေ့မနက်ပိုင်းကစပြီး ၎င်းတို့အခြေစိုက်ရာ ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့ဘက်ကိုအင်အား၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာစဥ် ကရင်နီပူးပေါင်းအဖွဲ့များဖြစ်ကြသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF၊ကရင်နီတပ်မတော်KA၊မိုးဗြဲ PDF၊ဖယ်ခုံPDFအပါအဝင် တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်သည်။

အဆိုပါတိုက်ပွဲများမှာ စစ်ကောင်စီဘက်က စက်တင်ဘာလ ၈ရက်နေ့တစ်နေ့တည်းမှာတင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်အများအပြားကို ပူးပေါင်းအဖွဲ့များဘက်က သိမ်းဆည်းရမိခဲ့တာကြောင့် စစ်ကောင်စီဖက်က တပ်ကူများဖြင့်အင်အားဖြည့်မှုများနှင့် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြုတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဟာ စက်တင်ဘာလ ၁၂ရက်နေ့မနက်ပိုင်းထိ ဖြစ်ပွားနေခဲ့တာပဲ ဖြစ်သည်။

"သူတို့မနေ့က နေ့လည်လောက်တည်းက ဆုတ်သွားတယ် မိုင်းတွေလဲထောင်ထားခဲ့တာနေရာတိုင်းပဲ နယ်မြေရှင်းလင်းရေးတော့လုပ်နေပြီ အရပ်သားတွေကိုတော့ အဲ့ဧရိယာကိုမဖြတ်ဖို့ပြောထားရတယ် ဒီနေ့တော့ သူတို့အိမ်တွေကနေပစ္စည်းပြန်ယူကြတဲ့သူတချို့တော့ရှိတယ် အိမ်တွေကနေလို့မရတော့ဘူးဆိုတော့ စစ်ရှောင်ဖို့အတွက် လိုတာလေးတွေပြန်ယူကြတာပေါ့ မိုင်းတွေတော့ရှိသေးတယ် နယ်မြေရှင်းလင်းရေးလုပ်ရင်းရှင်းသွားရမှာဟု"KNDF ပြန်ကြားရေးတာဝန်ခံက CJ Platform ကိုပြောသည်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့တပ်စွဲထားခဲ့သည့် မိုးဗြဲမြို့ ပွဲကုန်း ၃ ရပ်ကွက်မှဘုရားကျောင်းကနေ ပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့် မိုးဗြဲမြို့အနီးတဝိုက်ကို လက်နက်ကြီးပစ်ခတ်မှုများနှင့် အတွဲလိုက်ဒုံးများကို ယနေ့ညပိုင်းထိ ပစ်ခတ်နေဆဲပဲဖြစ်တယ်လို့လဲ မိုးဗြဲPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၈ ရက်မှ ၁၂ရက်ထိ ၅ရက်တာကာလအတွင်းမှာ ကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များအရ စစ်ကောင်စီဘက်က ၆၀ကျော်ထိသေဆုံးခဲ့ကာ ပူးပေါင်းအဖွဲ့များမှလဲ ရဲဘော် ၂ဦးကျဆုံးကာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ကလေးငယ်တစ်ဦး ဆုံးပါးခဲ့သည်။

#အလင်းခေတ်

#ကရင်နီပြည် #မိုးဗြဲမြို့နယ် #စစ်ကောင်စီတပ်အထိနာ

CDM စစ်သည်များ၏ သားသမီးများကို KNU ကျောင်းထားပေး 🖋မောင်ဒဂုံအလင်းဝင်လာသည့် CDM စစ်သည် နှစ်ဦး၏ သားသမီး ၄ဦးကို KNU က ကျော...
13/09/2022

CDM စစ်သည်များ၏ သားသမီးများကို KNU ကျောင်းထားပေး


🖋မောင်ဒဂုံ

အလင်းဝင်လာသည့် CDM စစ်သည် နှစ်ဦး၏ သားသမီး ၄ဦးကို KNU က ကျောင်းအပ်နှံပေးကြောင်း ကရင်အခြေစိုက် KIC သတင်းဌာနက ဖော်ပြထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM မိသားစုများ ပြန်လည်ပေါင်းစည်းရေး အစီအစဥ်အရ ကျောင်းနေအရွယ် ကလေးများပညာသင်ကြားရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထိုသို့ ကျောင်းစတင်အပ်နှံပေးလိုက်ခြင်းဟု သိရသည်။

KNU ကျောင်းအပ်နှံပေးခဲ့သည့် ကလေးများမှာ CDM တပ်သားကိုဟိန်းစိုးနှင့် ဇနီး မကြည်ပြာဝင်းတို့၏ သားသမီး ၃ဦး၊ တပ်ကြပ်သန်းနိုင်ဦးနှင့် မစန္ဒီဗီးလှိုင်တို့၏သမီး ၁ဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ် ၄ ဦးသည် ယနေ့ကျောင်း စတင်တက်ရောက်ကြပြီဖြစ်ပြီး ပြည်သူ့စစ်သားဇနီးများအဖွဲ့ မှ ကျောင်းပညာရေးအထောက်အကူပြုပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

#အလင်းခေတ်
ဓာတ်ပုံ-KIC

PDF အဖြစ်တာဝန်ထမ်းဆောင်နေသည့် CDM စစ်သားနှင့် ရဲ ၁၇ ဦးအားဂုဏ်ပြုချီးမြှင့် 🖋လင်းခိုင်PDFအဖြစ် တာဝန်ထမ်းဆောင်နေသည့် CDM ...
12/09/2022

PDF အဖြစ်တာဝန်ထမ်းဆောင်နေသည့် CDM စစ်သားနှင့် ရဲ ၁၇ ဦးအားဂုဏ်ပြုချီးမြှင့်


🖋လင်းခိုင်

PDFအဖြစ် တာဝန်ထမ်းဆောင်နေသည့် CDM စစ်သားနှင့် ရဲ ၁၇ဦးအား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ဂန့်ဂေါခရိုင် အမှတ် ၃တပ်ရင်းနှင့် အမှတ်၅ တပ်ရင်းတို့တွင် CDM ဝင်ရောက် PDFအဖြစ်တာဝန်ထမ်းဆောင်သည့် စစ်သား ရဲသား ၁၇ဦး ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ရက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ပြည်သူနှင့်ပူးပေါင်းရန်ဆုံးဖြတ်သည့် အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်း PDFရဲဘော်အဖြစ် ခံယူပြီး လက်တွေ့တော်လှန်ရေးတွင်ပါဝင်နေသည့် သတင်းကို ပြည်သူများကြားပါက ဂုဏ်ယူမဆုံးဖြစ်မည်ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

စစ်ကောင်စီသည် စိတ်ဓာတ် စည်ကမ်း ကျင့်ဝတ်ကင်းမဲ့ရုံသာမက စစ်တိုက်နိုင်စွမ်းမရှိပဲ ပြည်သူကိုရန်ရှာပြီး မီးရှို့သတ်ဖြတ်သည့် လူသတ် ဓားပြဂိုဏ်းအဆင့်ဖြစ်နေသောကြောင့် စစ်အုပ်စု၏နေဝင်ချိန်မဝေးတော့ဘူးဆိုတာကိုပြသနေကြောင်း ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

PDFရဲဘော်အဖြစ်တာဝန်ယူဆောင်ရွက်နေသည့် CDMရဲဘော်များသည် ဂန့်ဂေါခရိုင် အမှတ် ၃နှင့် အမှတ်၅တွင် တစ်နှစ်နီးပါးတာဝန်ထမ်းဆောင်နေသူများဖြစ်သည်။

#အလင်းခေတ်

ရုရှားခရီးစဉ်ကနေ ပြန်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဌာနဆိုင်ရာဝန်ထမ်းများ မဖြစ်မနေသွားကြိုရ 🖋အောင်နိူင်သူရုရှားခရီးစဉ...
12/09/2022

ရုရှားခရီးစဉ်ကနေ ပြန်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဌာနဆိုင်ရာဝန်ထမ်းများ မဖြစ်မနေသွားကြိုရ


🖋အောင်နိူင်သူ

ရုရှားခရီးစဉ်ကနေ ပြန်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဌာနဆိုင်ရာဝန်ထမ်းများ မဖြစ်မနေ သွားရောက်ကြိုဆိုခဲ့ရသည်ဟု သတင်းရင်းမြစ်တွေဆီက သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လုပ်ရပ်ကို ပြည်သူလူထုက ထောက်ခံမှုမရှိ၍ အပြန်ခရီးတွင် လူထုထောက်ခံမှုရရှိသည်ဟု နိူင်ငံတကာတွင် သိရှိစေရန် စီစဥ်တာဖြစ်သည်ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

"ဝန်ကြီးဌာနတွေက အကုန်လွတ်ပေးရတယ် ဌာနတစ်ခုကို လူငါးယောက် ၊လူထုကကြိုဆိုတယ်ဆိုတာ ကောက်စိုက်နေရင်း ပြေးလာတာတို့ အလုပ်လုပ်နေရင်း လုပ်လက်စအလုပ်တွေပစ်ချပြီး ပြေးကြိုတာမျိုး ဒါက လူထုထောက်ခံမှုလို့ ခေါ်တာ အခုက စိတ်ထဲကမပါဘဲ လုပ်ယူတာ"ဟု ပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းများအပြင် ကြံဖွံ့ပါတီ၊ မဘသ များ အမျိုးသားရေးလှုပ်ရှားသူများ၊ စစ်လော်ဘီများ၊စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ရာအိမ်မှုး၊ဆယ်အိမ်မှုးတွေပါဝင်သည်ဟု နေပြည်တော်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

"အရင် ဦးသန်းရွှေလုပ်ခဲ့တဲ့ လမ်းစဥ်အတိုင်း ရပ်ကွက်တစ်ခုက ရာအိမ်မှုး ဆယ်အိမ်မှုးဘယ်နှစ်ယောက် အမျိုးသမီးရေးရာနဲ့ မိခင်နဲ့ကလေးတောင်ပါတယ် သွားကြိုတဲ့ရုပ်တွေကြည့် ပျော်ချင်ဟန်ဆောင်နေရတာ စိတ်ပင်ပန်းတယ်"ဟုအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရုရှားပြန်ခရီးစဥ်၌ ပြည်သူလူထုများ ကြိုဆိုကြသည်ဟု စစ်တပ်ဝါဒရုပ်သံမီဒီယာနှင့် သတင်းဌာနများတွင် ဖော်ပြထားသည်။

#အလင်းခေတ်

#ရုရှားခရီးစဉ် #အာဏာသိမ်းစစ်ခေါင်းဆောင်

ရေနံချောင်းမြို့နယ်တွင် ရိုဟင်ဂျာ ၁၅ ဦး ဖမ်းဆီးခံရ 🖋အောင်နိူင်သူရေနံချောင်းမြို့နယ် တွင်းကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွ...
10/09/2022

ရေနံချောင်းမြို့နယ်တွင် ရိုဟင်ဂျာ ၁၅ ဦး ဖမ်းဆီးခံရ


🖋အောင်နိူင်သူ

ရေနံချောင်းမြို့နယ် တွင်းကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ရိုဟင်ဂျာ ၁၅ ဦးကို ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကောင်စီလက်အောက်ခံ နယ်မြေလှည့်ကင်းရဲများသည် ယနေ့ နံနက်လေးနာရီက ကင်းလှည့်ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"ရဲကတော့ မသိဘူး သတင်းပေးက အဲ့အိမ်မှာ ရိုဟင်ဂျာတွေ ရောက်နေတယ်ဆိုပြီး ရဲတွေကို ခေါ်လာတာ အာကြောင့် မိသွားတာ"ဟု ပြောသည်။

ဖမ်းဆီးရသည့် ရိုဟင်ဂျာများမှာ အမျိုးသားခြောက်ဦး ၊ အမျိုးသမီးကိုးဦးနှင့်ကလေးငယ်တစ်ဦးတို့ဖြစ်ပြီး လက်မှတ်ကုန်းနယ်မြေရဲစခန်းက စစ်ဆေးနေသည်ဟု လဝကဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"အိမ်ရှင်က ထွက်ပြေးတော့ အခုသူတို့ကို စစ်ဆေးဖို့ခက်နေတယ် လဝကရုံးကတော့ သူတို့ဥပဒေနဲ့အမှုဖွင့်မှာလို့ပြောတယ်"ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် အဆိုပါရိုဟင်ဂျာခြောက်ဦးကို ရေနံချောင်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လက မင်းတုန်းမြို့နယ်မှာလည်း ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာ ၁၆ ဦးကို မင်းတုန်းမြို့နယ်တရားရုံးမှာ လဝကဥပဒေဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

#အလင်းခေတ်

#ရေနံချောင်း #ရိုဟင်ဂျာ

Address

Yangon

Alerts

Be the first to know and let us send you an email when အလင်းခေတ်-Alinn Khit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အလင်းခေတ်-Alinn Khit:

Share