A Thu Ya

A Thu Ya နည်းပညာအသစ်တွေကြားမှာ
ကျွန်တော်တို့ ...
လက်ပစ်ကူးကြည့်ရအောင် .....

29/09/2026

သိပြီးပြီလား❓❓❓

ပထမဆုံးသော ကွန်ပျူတာဂိမ်း ဖြစ်တဲ့ Spacewar ကို 1962 မှာ တီထွင်ဖန်တီးခဲ့ပါတယ်။
ဗီဒီယိုဂိမ်းတွေဟာ ဖျော်ဖြေရေး ပုံစံနဲ့အတူ ကြီးမားတဲ့ လုပ်ငန်းစဥ် ကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒီတီထွင်မှုဟာ အစောဆုံးစမှတ်တစ်ခုကို ကိုယ်စားပြုနေသလို ကွန်ပျူတာ သိပ္ပံရဲ့ ဖျော်ဖြေရေး အပိုင်းမှာ အရေးပါ အရာရောက်မှုကိုလဲ ထုတ်ဖော်နေပါတယ်။




#သိပြီးပြီလား

IQ ( Intelligent Quotient ) အလိုက် လူတွေရဲ့ ကွာခြားချက်များ Intelligent Quotient (IQ) ဆိုတာ ဥာဏ်ရည်ထက်မြက်မှု၏ အတိုကောက်...
28/09/2026

IQ ( Intelligent Quotient ) အလိုက် လူတွေရဲ့ ကွာခြားချက်များ

Intelligent Quotient (IQ) ဆိုတာ ဥာဏ်ရည်ထက်မြက်မှု၏ အတိုကောက်ဖြစ်ပြီး လူတစ်ဦးရဲ့ ဆင်ခြင်နိုင်စွမ်း ကိုတိုင်းတာတဲ့ အတိုင်းအတာတစ်ခုပါ ။ အချုပ်အားဖြင့်တော့ မေးခွန်းတွေကို ဖြေဆိုရန်၊ ကြိုတင်ခန့်မှန်းမှုတွေလုပ်ရန်အတွက် အချက်အလက်နဲ့ ယုတ္တိဗေဒတွေကို မည်မျှ အသုံးချနိုင်သည်ကို တိုင်းတာခြင်းဖြစ်ပါတယ် ။ IQ စမ်းသပ်ချက်များဟာ ရေတို နဲ့ ရေရှည် မှတ်ဥာဏ်တွေကို တိုင်းတာခြင်းနဲ့ စတင်အကဲဖြတ်ခြင်းဖြစ်ပါတယ်။

IQ အဆင့် 70 မှ 85 အတွင်း အညွှန်းတွေအရဆိုရင် တွေးခေါ်ခြင်းနဲ့ နေ့စဥ်အရာ၀တ္ထုများကို မှတ်မိခြင်း၊ အမည်ခေါ်နိုင်ခြင်းတွေက ပုံမှန်ဖြစ်ပါတယ်။ IQ ညွှန်းကိန်း 70 မှ 75 အတွင်း ရှိတဲ့သူတွေကတော့ အချိန်ဇယားတစ်ခု ဒါမှမဟုတ် ဖုန်းစာအုပ်တစ်အုပ်ကို နားလည်ဖို့နဲ့ အသုံး ပြု ဖို့အတွက် လုံလောက်တဲ့ ဥာဏ်ရည်မျှလောက်သာ ရှိသူတွေဖြစ်ကြပါတယ်။ ထိုသူများဟာ စာတတ်မြောက်နိုင်ကြပေမယ့်အသိပညာမှာတော့ မူလတန်းအဆင့်လောက်သာ ရှိကြပါတယ်။ စာဖတ်ရာတွင်လည်း သိသိသာသာ နှေးကွေးတတ်ကြပြီး စိတ်တွက်သင်္ချာကို ဂဏန်းတစ်လုံးတည်း ပေါင်းခြင်း နုတ်ခြင်း လုပ်နိုင်ကြသူတွေဖြစ်ပါတယ်။ ဦးနှောက်ကို ကန့်သတ်ထားသလိုဖြစ်နေတဲ့အတွက် သူတို့ဟာ ဘာသာစကားကျွမ်းကျင်မှု အားနည်းကြပါတယ်။ ထိုသူတွေဟာ စောင့်ရှောက်သူ မလိုအပ်ဘဲ အမှီအခိုကင်းကင်း နေထိုင်နိုင်ကြသူတွေပါ ။ သူတို့မှာ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး အဓိပ္ပာယ်ပြန်ဖို့အတွက် ခက်ခဲတာတွေရှိကြပါတယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ ၊ ဘာဖြစ်နေတာလဲဆိုတာ မသိသလိုမျိုးပေါ့။ IQ ညွှန်းကိန်း 50 မှ 70 အတွင်းရှိသူများကတော့ စောင့်ရှောက်သူတွေနဲ့ နေထိုင်မှ ပိုအဆင်ပြေမယ့်သူတွေ ဖြစ်ကြပါတယ်။

IQ ညွှန်းကိန်း 85 မှ 100 အတွင်းရှိသူများကတော့ အခြေခံကျကျ စဥ်းစားတွေးခေါ်နိုင်ကြပြီး မရင်းနှီးသော အခြေအနေနဲ့ ပြဿနာ အသစ်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်ကြသူတွေ ဖြစ်ပါတယ် ။ သူတို့ အမူအရာတွေဟာ IQ ညွှန်းကိန်း 100 အထက်ရှိသူတွေထက် ပိုမိုရိုးရှင်းကြပြီး ပေါင်းသင်း ဆက်ဆံရေးနဲ့ ဆက်သွယ်ရေးတွေမှာ ပြဿနာမရှိကြသူတွေပါ အထက် တန်းကျောင်း များနဲ့ ဒီပလိုမာ များဟာ ထိုသူတွေအတွက် ပညာရေးအဆင့်ဖြစ်ပြီး ပုံမှန်အလုပ်နေရာများမှာ နေရာယူထားကြသူတွေ ဖြစ်ပါတယ်။ အခြေခံကျကျ ဆင်ခြင်စဥ်းစားနိုင်ကြပြီး သင်ယူတတ်မြောက်ထားတဲ့ အချက်အလက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ကြပါတယ် အသစ် အသစ်သော အခြေအနေများအတွက် ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေကို နှုတ်စွမ်းရည်နဲ့ ဖြေရှင်းနိုင်သူတွေလည်းဖြစ်ပါတယ်။ အနွေးထွေးဆုံးသော နှလုံးသား ပိုင်ရှင်များဟာလည်း ဒီ IQ အဆင့်ရှိတဲ့သူတွေ အများဆုံးပါ၀င်ပါတယ်။

IQ ညွှန်းကိန်း 100 မှ 115 ရှိသူတွေကတော့ သူတို့နဲ့ စကားစမြည် ပြောဆိုချိန်မှာတောင် ပေါ့ပေါ့ပါးပါးနဲ့ တောက်ပနိုင်ကြသူတွေလို့ တင်စားရမှာပါ ။ သူတို့တွေက နေ့စဥ်အခြေအနေများနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရ သူတို့ရှုမြင်ပုံတွေကို မကြာခဏ ပုံဖော်နိုင်ကြသူတွေဖြစ်ပါတယ်။ တက္ကသိုလ် ၊ ကောလိပ်များမှ ဘွဲ့များကို ရယူနိုင်ကြသူတွေဖြစ်ပြီး အချို့က ဥာဏ်ရည်ဥာဏ်သွေးကို သုံးရတဲ့ ၀ါသနာတစ်ခုခု ရှိတတ်ကြပါတယ်။ လုံလောက်တဲ့ အားထုတ်မှုနဲ့ အချိန်ကို ပေးခြင်းဖြင့် သူတို့တွေက အလွန်ရှုပ်ထွေးတဲ့ သဘောတရားနဲ့ အချက်အလက်တွေကို သဘောပေါက်နိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ တွေးခေါ်သိမြင်မှုတွေကို နှုတ်အားဖြင့် ပြောဆိုရှင်းပြနိုင်ကြသူတွေလဲ ဖြစ်ကြပါတယ်။

IQ 115-130 ၊ ထိုသူတွေကတော့ သိသိသာသာကြီးကို ထက်မြက်ကြပြီး လျင်မြန်စွာ စဥ်းစားနိုင်ကြသူတွေလည်း ဖြစ်ကြပါတယ်။ အင်မတန် ရှုပ်ထွေးတဲ့ အချက်အလက်တွေကိုပေါင်း စပ်စဥ်းစားနိုင်ကြသူတွေဖြစ်ပြီး အတားအဆီးများကို ဖြေရှင်းနည်းပေါင်းစုံနဲ့ ဖြေရှင်းနိုင်ကြသူတွေပါ။ ထိုသူတွေရဲ့ ၃ ပုံ ၂ ပုံဟာ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်တာ၀န်များကို ယူကြသူတွေဖြစ်ပါတယ်။ IQ 125 – 130 အတွင်းရှိသူများကတော့ ခေါင်းဆောင်ရာထူးနေရာများအတွက် အသင့်တော်ဆုံး သူတွေဖြစ်ကြပါတယ်။ IQ 130-145 ။ မူလတန်းကျောင်းတုန်းက အတန်းထဲမှာ ဥာဏ်အကောင်းဆုံးသူကို စဥ်းစားကြည့်ပါ။ သူဟာ IQ အဆင့် 130 – 135 အတွင်းရှိသူဖြစ်ပါတယ်။ သဒ္ဒါပိုင်းမှာ အတော်ဆုံးသူကတော့ 135 – 140 အတွင်းရှိသူဖြစ်တယ်လို့ဆိုပါတယ်။ ဒီအဆင့်မှာတော့ ယုတ္တိဗေဒဆိုင်ရာ အချက်အလက်တွေကို အစားထိုးစဥ်းစားခြင်း ၊ သင်ယူထားတာတွေကို အသုံးချရာမှာ အလွန်ကျွမ်းကျင်ရုံမက တီထွင်ဖန်တီးမှုတွေကကောက်ချက်ချနိုင်စွမ်းလည်းရှိပါတယ်။ သူတို့ဟာ သူတို့နယ်ပယ်မှာ ထိပ်တန်းအဆင့်မှာရှိကြပြီး အချို့က သိပ္ပံပညာရှင်တွေ ဖြစ်ကြပါတယ် ။ သူတို့တွေဟာ ဆန်းသစ်တဲ့ နည်းပညာများမှာ ကျင်လည်လေ့ရှိကြပြီး ဆိုင်ဘာနည်းပညာ၊ ဆော့၀ဲလ်၊ ပရိုဂရမ် ဖန်တီးသူတွေဖြစ်ကြသလို စာရေးဆရာနဲ့ အနုပညာရှင်တွေအဖြစ်လည်း မြင်တွေ့ရတတ်ပါတယ် ။ အနုပညာရှင်တွေရဲ့ ပါရမီဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့တော့ သိပ်မဆိုင်လှဘဲ လူအများရဲ့ အထင်အမြင် သက်သက်သာဖြစ်ပါတယ်။
IQ 145 – 160 ။ ဒီအဆင့် မှာရှိတဲ့သူတွေကတော့ အလွန်ထက်မြတ်သူတွေလို့ မြင်ကြပါတယ်။ တကယ်တမ်းက ဥာဏ်ရည် 145 အထက်ရှိသူတွေဟာ လူမှုဆက်ဆံရေးနဲ့ ရွယ်တူအပေါင်းအသင်းတွေကြားမှာ ပြဿနာဖြစ်လာပါတယ် ။ သူတို့ရဲ့ စဥ်းစားတွေးခေါ်ပုံတွေဟာ ခွဲခြမ်းစိတ်ဖြာချက်တွေပါလာပြီး ပတ်၀န်းကျင်နဲ့ ကင်းလွတ်လာပါတယ်။ အခြားးသူတွေမသိနိုင်တဲ့ အချက်အလက်တွေကို သတိထားမိနိုင်ကြပြီး လျို့၀ှက်ချက်တွေကို အလွယ်တကူ သိရှိနိုင်ကြပါတယ်။ သဲလွန်စတွေကို ထုတ်ဖော်နိုင်ကြသလို ဆက်စပ်တွေးပြီး အဖြေရှာနိုင်ကြသူတွေပါ။ ဒီလို ဥာဏ်ရည်ဥာဏ်သွေး ရှိသူများဟာအာရုံခံနိုင်စွမ်းလည်းရှိသလို တစ်ခုခုကို အစအဆုံး ကွက်ကွက်ကွင်းကွင်း သိမြင်နားလည်နိုင်ကြသူတွေလည်းဖြစ်ပါတယ်။ ပြန်လည်အသုံး ချနိုင်ကြပါတယ်။ ဒီအဆင့်ကနေစပြီး ဥာဏ်ရည်ဥာဏ်သွေး အဆင့် ကွာခြားချက်ဟာ သိသိသာသာကြီးကို ကွာခြားမှုရှိလာခဲ့ပါတယ်။ သူတို့ဟာ ငယ်စဥ်ကတည်းက သူများနဲ့မတူတာကို ကိုယ့်ကိုကိုယ် သိတဲ့သူတွေဖြစ်ပြီး စိတ်၀င်စားစရာကောင်းတဲ့ စကားပြောဖော်ကိုတောင် ရှာရတော်တော်ခက်ကြပါတယ် ။ သူတို့ရဲ့ စိတ်၀င်စားမှုတွေဟာ ပုံမှန်မဟုတ်ဘဲ အကြား၊အမြင်နဲ့ အထိအတွေ့အာရုံတွေကအစ သူများနဲ့ မတူကြပါဘူး။ ဂီတတေးသွားကို အရောင်နဲ့ စပ်ဆက်တာမျိုး၊ သင်္ချာ တွက်ချက်ခြင်းကို လျှာ၊ အရေပြားတို့နဲ့ ပူးတွဲခံစားကြည့်တာမျိုး၊ စန္ဒယားကို ပုံမှန်မဟုတ်ဘဲ ခက်ခက်ခဲခဲဖြစ်အောင်တမင် လုပ်ယူပြီးတီးတာမျိုး၊ စတဲ့ အရာတွေကို လုပ်လေ့ရှိသူတွေ ဖြစ်ကြပါတယ်။ မူလတန်းမှာတုန်းကတော့ သူတို့တွေဟာ ဥာဏ်ကောင်းတဲ့ ပုံမှန်ကလေးတစ်ယောက်အဖြစ်ပါပဲ ။ တက္ကသိုလ်ရောက်ချိန်မှာတော့ တော်တော်ကြီးကို ကွဲပြားသွားပါပြီ။ IQ 155 အဆင့်မှာ ရှိတဲ့သူတွေဟာ သင်္ချာနဲ့ ရူပဗေဒ စက်၀ိုင်းမှာတောင် သီးခြားဖြစ်သွားကြပါတယ်။

IQ 160 အထက်။ ထိုအဆင့် ဥာဏ်ရည်ရှိတဲ့သူတွေကတော့ အရှုပ်ထွေးဆုံးဆိုတဲ့ အရာတွေကိုသာ တွေးခေါ်တတ် သူတွေဖြစ်ကြပါတယ် ။ ယေဘူယျ ဆန်တဲ့ ပုံစံတွေကို စွန့်ပစ်ပြီး ကမ္ဘာကြီးကို နောက်ထပ်ရှုပ်ထွေးတဲ့အရာတွေနဲ့ ချိတ်ဆက်ဖို့ စဥ်းစားနေသူတွေပါ ။ သူတို့ကို လူအများစုက လက်မခံနိုင်ကြဘဲ ဖယ်ကျဥ်ထားလေ့ရှိသလို သူတို့ကလည်း ဘယ်သူနဲ့မှ အ
ရောတ၀င် မနေကြပါဘူး။ သူတို့ဟာ ပေါင်းသင်းရန်နဲ့ တူတူပျော်ရွှင်ဖို့ ကောင်းတဲ့သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ စဥ်းစားပုံကို သိလိုက်ရရင် ဟာ ကနဲ ဟင် ကနဲ ဖြစ်သွားကြမှာပါပဲ ။ သူတို့တွေက တစ်ခါတစ်ရံ မိုက်မိုက်မဲမဲပြုမူတတ်ကြပြီး ကြောင်စီစီလုပ်ရပ်တွေကိုလည်း လုပ်လေ့ရှိကြပါတယ်။ခေါ်မကြား အော်မကြားပုံစံလည်းလုပ်တတ်ပြီး တဖက်သားကိုလည်း အားမနာတတ်သူတွေဖြစ်ပါတယ်။ ပြီးတော့ ထိုသူအများစုဟာ မူးယစ်ဆေး၀ါးကို ကျယ်ကျယ်ပြန့်ပြန့် သုံးသူတွေဖြစ်ကြပါတယ်တဲ့။

မိတ်ဆွေ သင်ရော IQ ဘယ်အဆင့်မှာပါတယ်လို့ ထင်ပါသလဲ။

စာဖတ်သူအားလုံး အသိပညာတိုးတက်ကြပါစေ။

ကိုသန့်

19.10.23





28/09/2026

သိပြီးပြီလား❓❓❓

ကမ္ဘာ့ ပထမဆုံးသော အီးမေးလ် ကို Ray Tomlinson က 1971 ခုနှစ်မှာပေးပို့ခဲ့ပါတယ်တဲ့။
ဒီအချက်က အီးမေးလ်ရဲ့ မူလနဲ့ ဆင့်ကဲတိုးတက်မှု ဖြစ်စဥ်ကို မီးမောင်းထိုးပြခဲ့ပြီး ယနေ့ ဒီဂျစ်တယ်ခေတ်မှာတော့ အီးမေးလ်ဟာ မရှိမဖြစ် ဆက်သွယ်ရေး စနစ် တစ်ခုတောင်ဖြစ်နေပါပြီ။ အီးမေးလ်ဟာ ကမ္ဘာတ၀န်းရှိ ဆက်သွယ်မှုပုံစံနဲ့ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပုံ တို့ကို ပြောင်းလဲစေခဲ့ပါတယ်။




#သိပြီးပြီလား

27/09/2026

သိပြီးပြီလား❓❓❓

အင်တာနက်သည် တိုးတက်မှုအမြန်ဆုံးဆက်သွယ်ရေးကိရိယာဖြစ်သည်။ ရေဒီယိုအသံလွှင့်ဌာနများသည် ပရိတ်သတ် သန်း ၅၀ ရောက်ရှိရန် ၃၈ နှစ်၊ ရုပ်မြင်သံကြား ၁၃ နှစ်နှင့် အင်တာနက်ကမူ ၄ နှစ်သာ အချိန်ယူခဲ့ရသည်။




#သိပြီးပြီလား

26/09/2026

သိပြီးပြီလား❓❓❓

သောမတ် အက်ဒီဆင် ရယူခဲ့တဲ့ အမေရိကန် မူပိုင်ခွင့် 1093 ခုထက်ပိုပြီး ဘယ်သူကမှ ပိုမရဖူးပါဘူး။




#သိပြီးပြီလား

အခြားသူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆွဲဆောင်နိုင်တဲ့ အချက် ၁၀ ချက် ၁။ ပြုံးခြင်းဟာ  ပျော်ရွှင်မှုနဲ့  ကြည်လင်မှုတို့ကို ...
25/09/2026

အခြားသူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆွဲဆောင်နိုင်တဲ့ အချက် ၁၀ ချက်

၁။ ပြုံးခြင်းဟာ ပျော်ရွှင်မှုနဲ့ ကြည်လင်မှုတို့ကို ကူးစက်စေပါတယ် ။ စိတ်ဓာတ်ခံစားချက်ကို မြှင့်တင် ပေးပြီး ကြင်နာမှုကို ဖော်ဆောင်ပါတယ်။ ဒါကြောင့် ပြုံးပါ။

၂။ ဂရုစိုက်ခြင်းဟာ လိုက်လျောညီထွေဖြစ်စေပါတယ် ။ စိတ်ပါလက်ပါ နားထောင်တတ်အောင်လေ့ ကျင့်ပါ ။ ဒါဟာ အခြားသူတွေကို အလေးထားကြောင်းပြသတာပါပဲ။

၃။ ကြင်နာတဲ့စိတ်နဲ့ အခြားသူတွေကို ကူညီပါ ။ အခြားသူတွေကို စိတ်ပါလက်ပါ ကူညီခြင်းဟာ ယုံကြည်မှုနဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။

၄။ အကောင်းဘက်က တွေးတတ်အောင် လုပ်ပါ ။ အကောင်းမြင်ပြီး အပြုသဘောဆောင်တဲ့ လုပ် ရပ် တွေဟာ အချိန်ကြာတာနဲ့ အမျှ ယုံကြည်လေးစားမှုကို ဖြစ်စေပါတယ်။

၅။ ပေါ့ပေါ့ပါးပါး ရယ်မောပါ။ ရယ်မောြခင်းက ဆက်ဆံရေးကို ခိုင်မာစေပါတယ်။ အခြားသူတွေကို ရယ်မောစရာတွေမျှ၀ေခြင်းကလည်း နွေးထွေးစေပါတယ်။

၆။ ရည်ရွယ်ချက် ထားပါ။ လုပ်ဆောင်ချက်နဲ့ တန်ဖိုးတွေကို ချိန်ညှိခြင်းက ပြည့်စုံမှုကိုဖြစ်စေသလို အခြားသူများရဲ့ အထင်ကြီးလေးစားမှုကိုလည်း ရပါတယ်။

၇။ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။ ဖြောင့်မတ်စွာ မတ်တပ်ရပ်ခြင်း၊ ခါးကိုတည့်မတ်စွာထိုင်ခြင်းတို့က ယုံကြည်မှုနဲ့ အာမခံချက်ကို မြင့်မားစေပါတယ်။

၈။ တည်ငြိမ်စွာ လမ်းလျှောက်ပါ။ တည်ငြိမ်တဲ့ အပြုအမူဟာ အရည်အချင်းနဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြပါတယ်။

၉။ အပြုံးကို မျက်လုံးမှာ ထင်ဟပ်စေပါ ။ ပြုံးရယ်နေတဲ့ မျက်လုံးများဟာ နွေးထွေးမှုနဲ့ ပွင့်လင်းမှကို ထုတ်ဖော်ပါတယ်။

၁၀။ အမူအရာနဲ့ စကားပြောပါ ။ လက်ပိုက်မထားဘဲ ခြေဟန်လက်ဟန်နဲ့ စကားပြောခြင်းက ရင်းနှီးမှုနဲ့ ဆက်ဆံရေးတစ်ခုကို တိုးတက်စေပါတယ်။

ဒီလို အသေးအဖွဲလေးတွေကို စနစ်တကျ ပြင်ဆင်ပြီး ပြုပြင်နိုင်ပြီဆိုရင် သေချာပြီမိတ်ဆွေ ။ သင့် ပတ်၀န်းကျင်မှာ သင်ဟာ တော်တော်ကို ဆွဲဆောင်မှုရှိပြီး သြဇာညောင်းသူတစ်ယောက်၊ ယုံကြည်ခံရသူတစ်ယောက် ဖြစ်နေပါပြီ။

စာဖတ်သူအားလုံး အသိပညာတိုးတက်ကြပါစေ...

ကိုသန့်

27.10.23




#ဗဟုသုတ


25/09/2026

သိပြီးပြီလား❓❓❓

ဂင်းနစ် စံချိန်မှတ်တမ်းများအရ ကမ္ဘာ့ အကြီးဆုံး ဖရဲသီးဟာ အလေးချိန် ပေါင် 350 ရှိပါတယ်။




#သိပြီးပြီလား

"ဒီနေ့ ဘာနေ့လဲ" ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်က အန္တရာယ် 😂
24/09/2026

"ဒီနေ့ ဘာနေ့လဲ" ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်က အန္တရာယ် 😂





24/09/2026

သိပြီးပြီလား❓❓❓

အဲလ်ဘက် အိုင်းစတိုင်း ဟာ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို 1921 ခုနှစ်မှာ ရရှိခဲ့တာပါ။




#သိပြီးပြီလား

သမုဒ္ဒရာအောက်မှာ သင်္ဘောပျက်ပေါင်း ဘယ်လောက်ရှိသလဲ?         သမုဒ္ဒရာအောက်မှာ သင်္ဘောပျက်ပေါင်း ၃  သန်းကျော်ရှိနေပါတယ်တဲ့ ...
23/09/2026

သမုဒ္ဒရာအောက်မှာ သင်္ဘောပျက်ပေါင်း ဘယ်လောက်ရှိသလဲ?

သမုဒ္ဒရာအောက်မှာ သင်္ဘောပျက်ပေါင်း ၃ သန်းကျော်ရှိနေပါတယ်တဲ့ ။ တိုက်တန်းနစ်လို နာမည်ကြီးသင်္ဘောကြီးတွေ ကိုအမည်တပ်ပြီးမှတ်တမ်းနဲ့ ပြောဆိုနိုင်ပေမယ့် အများသူငါမြင်ကွင်းကနေ နစ်မြုပ် ပျောက်ကွယ်သွားခဲ့တဲ့ သင်္ဘောအများကြီ းရှိပါသေးတယ် ။ စုစုပေါင်း အနည်းဆုံး သင်္ဘောအရေအတွက် ၃ သန်းခန့်ဟာ သမုဒ္ဒရာကြမ်းပြင်မှာ ကျရောက်နေတယ်လို့ ယုံကြည်ကြပါတယ်။
တကယ်လို့ ဒီအရေအတွက်ကို သံသယရှိခဲ့မယ်ဆိုရင် လူသားတွေဟာ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀၀ ) လောက်ကတည်းက သင်္ဘောတွေတည်ဆောက်ခဲ့ကြတယ်ဆိုတာ သတိရပါ။ ၁ ရာခိုင်နှုန်းထက်နည်းတဲ့တည်ဆောက်ခဲ့တဲ့သင်္ဘောတွေဟာ နစ်မြုပ်ခဲ့ကြရတာပါ ။ ကမ္ဘာ့သမုဒ္ဒ ရာ တွေဟာ အလွန်ကျယ်ပြန့်ပြီး ပျမ်းမျှ အနက်ပေ (၁၂၀၀၀) ကျော်ရှိပါတယ် ။ သမုဒ္ဒရာကြမ်းပြင်ရဲ့ ၁၉ ရာခိုင်နှုန်းကိုသာ မြေပုံဇယားကွက် ရေးဆွဲနိုင်သေးတာ ဖြစ်ပါတယ်။ သင်္ဘောပျက်တွေကိုရှာဖို့နဲ့ စူးစမ်းလေ့လာရေးအတွက်ကလည်း ငွေကြေးလိုအပ်ချက်ရှိနေပါတယ် ။ အချိန်တွေပြောင်းလဲလာ တာနဲ့အမျှ ရှာဖွေတွေ့ရှိမှုနှုန်းတွေလည်း ပြောင်းလဲလာပြီး ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုက မှတ်တမ်းတွေကို ပိုမို လက်လှမ်းမီစေခဲ့တာပါ။ အ၀ေးထိန်းစနစ်သုံးယာဥ်တွေ၊ အာရုံခံကိရိယာတွေနဲ့ စက်ရုပ်တွေက စူးစမ်းလေ့လာသူတွေအတွက် ပိုပြီးခရီးတွင်စေခဲ့ပါတယ်။
ရှာတွေ့ခဲ့တဲ့ သင်္ဘောပျက်အများစု ဘာဖြစ်သွားကြပါသလဲ။ သင်္ဘောပျက်အချို့ဟာ သူတို့ရဲ့ ရှေးဟောင်းပစ္စည်းသမိုင်းတန်ဖိုးကို ထိန်းသိမ်းဖို့အတွက် ဥပဒေအကြောင်းအရ ကြိုးပမ်းခဲ့ကြပေမယ့် အကျိုးအမြတ်အတွက် လုယက်ခြင်းခံခဲ့ရပါတယ်။ အချို့ကိုတော့ ရေအောက်ပြတိုက်အဖြစ်နဲ့ ထားရှိပါတယ်။ အများစုကတော့ ကျောက်တန်းများ ၊ ငါးများနဲ့ အဏ္ဏ၀ါ သက်ရှိမျိုးကွဲတွေရဲ့ ကျက်စားပျော်ပါးရာ ဖြစ်နေပါတယ်။ ဒီတော့ သဘာ၀ပတ်၀န်းကျင်တစ်ခု မပျက်စီးဖို့အတွက် ဒီအတိုင်းထားထားရတာတွေလည်း ရှိတာပေါ့လေ။ အကျိုးအမြတ်က အရမ်းကို မက်လောက်စရာဖြစ်နေရင်တော့ ရအောင်ဖော်ယူကြမှာပေါ့နော်။

စာဖတ်သူအားလုံး အသိပညာတိုးတက်ကြပါစေ...

ကိုသန့်
30.10.23




Address

Shwe Ohn Pin Housing
Yangon

Alerts

Be the first to know and let us send you an email when A Thu Ya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share