ပဒေသာပင်မြို့တော် အိမ်ပိုင်ရှင်များအသင်း -HOA

  • Home
  • Myanmar
  • Yangon
  • ပဒေသာပင်မြို့တော် အိမ်ပိုင်ရှင်များအသင်း -HOA

ပဒေသာပင်မြို့တော် အိမ်ပိုင်ရှင်များအသင်း -HOA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပဒေသာပင်မြို့တော် အိမ်ပိုင်ရှင်များအသင်း -HOA, Media/News Company, YANGON, F. M. I CITY, Yangon.

အလှူဒါနဦးဖြိုးဝေဝင်း + ဒေါ်မီးမီးနတ်သုဒ္ဓါမုန့်တိုက်FMI city
05/08/2024

အလှူဒါန

ဦးဖြိုးဝေဝင်း + ဒေါ်မီးမီး
နတ်သုဒ္ဓါမုန့်တိုက်
FMI city

01/07/2024

ပဒေသာပင်မြို့တော်အတွင်းနေထိုင်ကြသော မြို့သူ/သားများခင်ဗျာ……..

ပဒေသာပင်မြို့တော်အတွင်း နှစ်စဉ်ကျင်းပလျှက်ရှိသော ဝါတွင်းဆွမ်းလောင်းလှူပွဲ၏ တစ်ဆယ့်ခြောက်ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲအား ၂၁.၇.၂၀၂၄ နေ့တွင် စတင်ကျင်းပမည်ဖြစ်ပါသည်။ ချမ်းမြေ့ပဒေသာပင်ရိပ်သာကျောင်း၊ ရှမ်းချောင်းဇေတဝန်ကျောင်း၊ သာယာကုန်းပရိယတ္တိစာသင်ကျောင်းနှင့် အောင်ပရဟိတစာသင်ကျောင်းတို့မှ သံဃာတော်အပါး (၁၀၀)ခန့်အား လောင်းလှူပါမည်။ဆွမ်းပတ်တစ်ပတ်လျှင် ကျပ် ၅၀၀,၀၀၀ိ/-(ငါးသိန်းကျပ်) ကျသင့်မည်ဖြစ်၍ လောင်းလှူလိုသည့် ဆွမ်းလောင်းကုသိုလ်ရှင်များမှ အိမ်ပိုင်ရှင်များအသင်းရုံးသို့ လာရောက်စာရင်းပေးသွင်း လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

(အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၂၁.၇.၂၀၂၄ နေ့မှ ၁၃.၁၀.၂၀၂၄ နေ့အထိ ဆွမ်းပတ် ၁၃ ပတ်လောင်းလှူပါမည်)

ဒေါ်မြင့်မြင့်ရီ နှင့် ဒေါ်ရွေစင်ထွန်း  No-85  ၊ မိသားစုမှ စေတီတော်ကြီးရေအလှူငွေ ကျပ်၁၅၀၀၀ိ/-(တစ်သောင်းငါးေထာင်ကျပ်)လှူဒ...
09/05/2024

ဒေါ်မြင့်မြင့်ရီ နှင့် ဒေါ်ရွေစင်ထွန်း No-85 ၊ မိသားစုမှ စေတီတော်ကြီးရေအလှူငွေ ကျပ်၁၅၀၀၀ိ/-(တစ်သောင်းငါးေထာင်ကျပ်)လှူဒါန်းပါသည်။.

ဦးပြည့်စုံထွန်း+ဒေါ်မြင့်ကေသွယ်၊ FL - 22 မိသားစုမှ စေတီတော်ကြီးရေအလှူငွေ ကျပ် ၃၀,၀၀၀ိ/-(သုံးသောင်းကျပ်)လှူဒါန်းပါသည်။.
09/05/2024

ဦးပြည့်စုံထွန်း+ဒေါ်မြင့်ကေသွယ်၊ FL - 22 မိသားစုမှ စေတီတော်ကြီးရေအလှူငွေ ကျပ် ၃၀,၀၀၀ိ/-(သုံးသောင်းကျပ်)လှူဒါန်းပါသည်။.

16/04/2024

ပဒေသာပင်မြို့တော်နေ အိမ်ရှင်/အိမ်ငှါး မြို့မိမြို့ဖအပေါင်းတို့ခင်ဗျား

ရိုးရာအစဉ်အလာဖြစ်သည့် နှစ်ဆန်း(၁)ရက်နေ့ ပရိတ်တရားရွတ်ဖတ်ခြင်းအား မနက်ဖြန်(၁၇-၄-၂၀၂၄)ရက် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ ပဒေသာပင်မြို့တော်ဓမ္မာရုံတွင်ရွတ်ဖတ်ပူဇော်မည်ဖြစ်ပါသည်။
ပူပြင်းလှသောဥတုကြောင့် သံဃာတော်ဘုန်းဘုန်းများအားသက်တောင့်သက်သာရှိစေလိုပါသဖြင့် ညနေခင်းလေးနာရီအစား
နှစ်ဆန်း(၁)ရက်နေ့ နံနက်( ၆:၃၀) အချိန်တွင်ပရိတ်တရားများ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပါသည်။
မိမိတို့၏ အတာအိုး ၊ ပရိတ်ရေဗူးများတို့အား ယနေ့အတက်နေ့ညနေ ည အချိန်အခါတို့တွင် ဓမ္မာရုံနှင့် ဣစ္ဆာသယဆုတောင်းပြည့်စေတီတော်တို့တွင် အချိန်မှီလာရောက်ထားရှိနိုင်ပါကြောင်း သတိပေးနှိုးဆော်ပါသည်ခင်ဗျား။ အတာအိုး ပရိတ်ရေဗူးများအား မိမိတို့အမှတ်အသားများပြုခဲ့ပေးပါရန် လေးစားစွာကြိုတင်အသိပေးအပ်ပါသည်ခင်ဗျား။
နှစ်သစ်အခါသမယတွင် ပဒေသာပင်မြို့တော်သူမြို့တော်သားအပေါင်းတို့ ကြည်နူးရွှင်ပြနှလုံးလှပ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။

14/04/2024

ပဒေသာပင်မြိုတော်နေ အိမ်ရှင်/ငှားများခင်ဗျာ…………..
ပဒေသာပင်မြိုတော်အိမ်ပိုင်ရှင်များအသင်းမှကြီးမှူး၍ ဘုရားအမှူးပြုသည့် (၁၀၁) ပါးသောသံဃာတော်အရှင်သူမြတ်တိုအား ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၁.၄.၂၀၂၄ (တနင်္ဂနွေနေ့)၊ နံနက် ၇:၃၀ နာရီတွင် ဣစ္ဆာသယဆုတောင်းပြည့် စေတီတော်၌ တစ်စုတစ်ပေါင်းတည်း စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လောင်းလှူကြမည်ဖြစ်ပါသည်။ ချမ်းမြေ့ပဒေသာပင်ရိပ်သာကျောင်း၊ ရှမ်းချောင်းဇေတဝန်ကျောင်း၊ အောင်ပရဟိတကျောင်းနှင့် သာယာကုန်းပရိယတ္တိစာသင်တိုက်ကျောင်းတို့မှ တစ်ကျောင်းလျှင် သံဃာတော် (၂၅) ပါးကြွရောက်မည်ဖြစ်ပါသည်။ လောင်းလှူရန်နေရာများကြိုတင်စီစဉ်ထားမည်ဖြစ်ပါ၍ ကုသိုလ်ယူလောင်းလှူလိုသော သဒ္ဓါကြည်လင်ပါရမီရှင် များမှ အိမ်ပိုင်ရှင်များအသင်းရုံးသို ဆက်သွယ်စာရင်းပေးသွင်းကြပါရန် လေးမြတ်စွာနှိုးဆော်အပ်ပါသည်။🙏🙏🙏

#သတငးထုတ်ပြန်ရေးနှင့်ပြန်ကြားရေးအဖွဲ

08/04/2024

ပဒေသာပင်မြို့တော် အိမ်ပိုင်ရှင်များအသင်း(H.O.A) မှ
မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အသက်(၈၀)နှင့်အထက်အဘိုးအဘွားများအား မြို့တော်ဓမ္မာရုံ၌ "သက်ကြီးပူဇော်ပွဲ" ကျင်းပပြုလုပ်ကန်တော့မည်ဖြစ်ပါသည် ။ မြို့တော်အတွင်းရှိ အသက်(၈၀)နှင့်အထက်အဘိုးအဘွားများ ကျန်ရစ်ခဲ့ခြင်းမရှိရန် မြို့တော်ဓမ္မာရုံသို့ ကြိုတင်စာရင်းပေးထားနိုင်ပါကြောင်း နွေးထွေးလေးစားစွာတိုက်တွန်းနှိုးဆော်ပါသည်ခင်ဗျား။ ရာသီဥတုပူပြင်းမှုကြောင့် အဘိုအဘွားများသက်တောင့်သက်သာအကန်တော့ခံနိုင်ရန် နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်ခင်ဗျား။။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်ဆန်း(၁)ရက်နေ့ပရိတ်တရားရွတ်ဖတ်ပူ‌ဇော်ခြင်းအားလည်း မြို့တော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ယခင်နှစ်များကဲ့သို့ ပရိတ်အိုးများနှင့် ပရိတ်ရေဗူးများကိုအချိန်မှီလာရောက်ထားရှိနိုင်ပါကြောင်းနှင့် ပရိတ်တရားလာရောက်နာယူနိုင်ကြပါကြောင်း ချစ်ခင်လေးစားစွာဖြင့် မြို့တော်သူမြို့တော်သားအပေါင်းတို့အားကြိုတင်အသိပေးအပ်ပါသည်ခင်ဗျား။

ဦးချိုဝင်း+ဒေါ်စမ်းစမ်းရီ၊ O-111 မိသားစုမှ စေတီတော်ကြီးလျှပ်စစ်မီးအလှူငွေ ကျပ် ၃၆၀,၀၀၀ိ/-(သုံးသိန်းခြောက်သောင်းကျပ်)လှူဒ...
04/04/2024

ဦးချိုဝင်း+ဒေါ်စမ်းစမ်းရီ၊ O-111 မိသားစုမှ စေတီတော်ကြီးလျှပ်စစ်မီးအလှူငွေ ကျပ် ၃၆၀,၀၀၀ိ/-(သုံးသိန်းခြောက်သောင်းကျပ်)လှူဒါန်းပါသည်။.

31/03/2024

"ပဒေသာပင်မြို့တော် FMI city "နေ မိဘပြည်သူများခင်ဗျား

မနက်ဖြန် ဧပြီလ (၁)ရက်နေ့ နံနက် ၉:၃၀ အချိန်တွင်
အသက် (၆)လ မှ (၅)နှစ်အတွင်းရှိ မိမိတို့၏ရင်သွေးငယ်များအား
"ဝက်သက်ရောဂါကာကွယ်ဆေး" "ပိုလီယိုရောဂါကာကွယ်ဆေး"
"၅ မျိုးစပ်ကာကွယ်ဆေး" တို့ကို မြို့တော်ဓမ္မာရုံ၌
ဆေးထိုးပေးမည်ဖြစ်ပါကြောင်း နှိုးဆော်ပါသည်။
ယခင်ဆေးထိုးဖူးထားခဲ့သည့်မှတ်တမ်းစာရွက်စာတမ်းများပါ တပါတည်းယူဆောင်လာခဲ့ပါရန်ခင်ဗျား

Address

YANGON, F. M. I CITY
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ပဒေသာပင်မြို့တော် အိမ်ပိုင်ရှင်များအသင်း -HOA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share