utmz68

utmz68 news and knowledge
(6)

လူ ၅၀၀ နီးပါး သေဆုံးခဲ့သည့် ဂါဇာဆေးရုံ ပေါက်ကွဲမှု ဖြစ်ပွားနောက် အီရန်က အချိန်စေ့သွားပြီဟု အစ္စရေးကို သတိပေးလူ ၅၀၀ နီးပါ...
18/10/2023

လူ ၅၀၀ နီးပါး သေဆုံးခဲ့သည့် ဂါဇာဆေးရုံ ပေါက်ကွဲမှု ဖြစ်ပွားနောက် အီရန်က အချိန်စေ့သွားပြီဟု အစ္စရေးကို သတိပေး

လူ ၅၀၀ နီးပါးသေဆုံးခဲ့ရသည့် ဂါဇာ ဆေးရုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အချိန် စေ့သွားပြီဟု အောက်တိုဘာ ၁၈ ရက်တွင် ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးက အစ္စရေးကို သတိပေးလိုက်သည်။
ဂါဇာ၌ ပါလက်စတိုင်းများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် အစ္စရေး တာဝန်ရှိသူများကို တရားစွဲရမည်ဟု အီရန်ဥသျှောင် အယာတိုလာခါမေနီက အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးက ၎င်း၏ တရားဝင်လူမှုမီဒီယာ X တွင် “အချိန်စေ့ပြီ” ဟု ရေးထားသောပို့စ်ကို အောက်တိုဘာ ၁၈ ရက်တွင် တင်ခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/255342

Ref: India today
Photo: AFP

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ဇနီး ကေသီဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဖာဂူဆန်ဟာ သူ့ ဇနီးသည်ကို အချိန်ပေးဖို...
07/10/2023

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ဇနီး ကေသီဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဖာဂူဆန်ဟာ သူ့ ဇနီးသည်ကို အချိန်ပေးဖို့အတွက် ယူနိုက်တက်နည်းပြရာထူးကို စွန့်လွှတ်ခဲ့တာလို့ ပြောဆိုဖူးပါတယ်။

၂၀၁၃ မှာ သူ နည်းပြဘဝကနေ အနားယူခဲ့ပြီး ဇနီးသည်ကို ဆယ်စုနှစ်တခုကြာ အချိန်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တ်နည်းပြဘဝမှာ ဇနီးသည်ကို အချိန်မပေးနိုင်ခဲ့တဲ့ ဖာဂူဆန်အတွက် အဆိုပါကာလတွေက စိတ်ချမ်းသာစရာဖြစ်ခဲ့မှာတော့ သေချာပါတယ်။

ဆာအဲလက်စ်နဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း သတင်းထုတ်ပြန်ဖော်ပြထားပါတယ်။

ကိုယ့်ခေါင်းဆောင် ကိုယ်တင်မြှောက်နေနိုင်ကတည်းက ထိုင်ဝမ်ဟာ လွတ်လပ်ပြီးသားပဲလို့ ဒုတိယ သမ္မတပြော People's Spring ကိုယ့်ခေါ...
07/10/2023

ကိုယ့်ခေါင်းဆောင် ကိုယ်တင်မြှောက်နေနိုင်ကတည်းက ထိုင်ဝမ်ဟာ လွတ်လပ်ပြီးသားပဲလို့ ဒုတိယ သမ္မတပြော

People's Spring

ကိုယ့်ခေါင်းဆောင်ကိုယ် ရွေးကောက် တင်မြှောက်ခွင့် ရနေကတည်းက ထိုင်ဝမ်ဟာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံတစ်ခုဆိုတာ သက်သေပြနှင့်ပြီးပြီလို့ သမ္မတသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ပုဂ္ဂိုလ်က ပြောပါတယ်။

တရုတ်က ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကို နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်တောက်အောင် သံတမန်ရေးအရ အစွမ်းကုန် ဖိအားပေးနေပြီး ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့သာ ရပ်တည်လိုနေပါတယ်။

တရုတ်က လိုအပ်လာရင် ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားဖူးပြီး အဲဒီစကားကိုလည်း ဘယ်တုန်းကမှ မရုပ်သိမ်းခဲ့ပါဘူး။

ဂျပန် သတင်းဌာန တစ်ခုနဲ့ အင်တာဗျူးမှာတော့ ထိုင်ဝမ် ဒုတိယ သမ္မတ ဝီလျံလိုင်က ထိုင်ဝမ်ဟာ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိတွေကို အဆင့်တိုင်းမှာ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက် တင်မြှောက်နေတာ ဖြစ်ကြောင်း၊ အောက်ခြေ ရပ်ရွာ အုပ်ချုပ်ရေးမှူးကအစ သမ္မတ အဆင့်ထိ ကိုယ့်ခေါင်းဆောင်ကိုယ် ရွေးကောက် တင်မြှောက်နိုင်တာ တစ်ခုတည်းကို ကြည့်ရင်တောင် ထိုင်ဝမ်ရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို အလွယ်တကူ သိမြင်နိုင်ကြောင်း ပြောကြားသွားပါတယ်။

တကယ့်ကို စစ်မှန်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုသာ မဟုတ်ခဲ့ရင် လွတ်လပ်ပွင့်လင်းပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဘယ်လို ဖြစ်နိုင်မှာလဲလို့လည်း လီက မေးခွန်းထုတ်ခဲ့ပါသေးတယ်။

သူက ထိုင်ဝမ်ဟာ တရုတ် သမ္မတနိုင်ငံဆိုတဲ့ တရားဝင် နာမည်ကို ပြောင်းလဲဖို့လည်း ဆန္ဒမရှိဘူးလို့ အတည်ပြုသွားပါတယ်။

ထိုင်ဝမ်မှာ ဇန်နဝါရီလ ရွေးကောက်ပွဲကျရင် လက်ရှိ သမ္မတ ဆိုင်အင်ဝမ်က ပါဝင်ယှဉ်ပြိုင်ခွင့် ရတော့မှာ မဟုတ်ဘဲ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ လိုင်က ရေပန်းအစားဆုံး ရပ်တည်နေတာ ဖြစ်ပါတယ်။

အစ္စရေးကို ဟားမတ်စ်အဖွဲ့က ဒုံးကျည်အစင်း (၅၀၀၀) နဲ့ တိုက်ခိုက် ၊ စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးကြေညာဂျေရုဆလင်၊ အ...
07/10/2023

အစ္စရေးကို ဟားမတ်စ်အဖွဲ့က ဒုံးကျည်အစင်း (၅၀၀၀) နဲ့ တိုက်ခိုက် ၊ စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးကြေညာ

ဂျေရုဆလင်၊ အောက်တိုဘာ-၇-၂၀၂၃
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီးနောက် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။

ဒုံးကျည်တွေ ပစ်ခတ်မှုကြောင့် အစ္စရေးတောင်ပိုင်းတခွင်နဲ့ မြို့တော် တဲလ်အဗစ်တို့မှာ လေကြောင်းရန် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးစစ်တပ်က ကြေညာထားပါတယ်။

ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ဆိုပါတယ်။ မိနစ် ၂၀ အတွင်း ဒုံးကျည်အစင်းပေါင်း ၅၀၀၀နဲ့တိုက်ခိုက်ခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက် သေဆုံးသွားပြီး အခြား ၁၅ ယောက်ဒဏ်ရာရရှိကာ တယောက်မှာ အခြေအနေစိုးရိမ်ရကြောင်း ကူညီရေးအဖွဲ့တွေကဆိုပါတယ်။

ဒုံးကျည်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီါ် လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်သမားအများအပြားဟာ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးပိုက်နက်နယ်မြေအတွင်းသို့ စိမ့်ဝင်မှုတွေရှိနေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC

-of-rockets -from-Gaza -Israel

စစ်ပွဲမှာ ယူကရိန်း ရှုံးနိမ့်ရင် ရုရှားက အခြားတိုင်းပြည်တွေကို တိုက်ခိုက်လိမ့်မယ်လို့ သမ္မတ ဇီလန်စကီးက ဉရောပခေါင်းဆောင်တ...
07/10/2023

စစ်ပွဲမှာ ယူကရိန်း ရှုံးနိမ့်ရင် ရုရှားက အခြားတိုင်းပြည်တွေကို တိုက်ခိုက်လိမ့်မယ်လို့ သမ္မတ ဇီလန်စကီးက ဉရောပခေါင်းဆောင်တွေကို သတိပေး

ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်

ဉရောပနိုင်ငံတွေက ယူကရိန်းအတွက် ပံ့ပိုးကူညီမှု မပြုတော့လျင် ရုရှားနိုင်ငံက ၅ နှစ်အတွင်း စစ်ရေး စွမ်းပကား ပြန်လည်တည်ဆောက်ကာ အခြားတိုင်းပြည်တွေကို တိုက်ခိုက်နိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စ ကီးက ဉရောပခေါင်းဆောင်တွေကို သတိပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံနဲ့ အခြားဉရောပတိုင်းပြည်တွေမှာ နိုင်ငံရေးမုန်တိုင်းတွေ ရှိလင့်ကစား ယူကရိန်းသို့ ငွေ ကြေးအကူအညီ ဆက်လက် ထောက်ပံ့မယ်လို့ ယုံကြည်ကြောင်း စပိန်နိုင်ငံမှာကျင်းပတဲ့ ဉရောပ နိုင်ငံရေးအ သိုင်းအဝိုင်း ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ ဇီလန်စကီးက ဆိုပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအရှေ့ပိုင်း၊ ကာကတ်ဗ်မြို့တော်မှာ ကလေးငယ် တွေဟာ မြေအောက်ဘူတာရုံတွေမှာ စာသင်နေရတယ်လို့ သူက မိန့်ခွန်းတစ်ခုအတွင်း စိတ်ထိခိုက်စွာ ပြောပါ တယ်။

အောက်တိုဘာလ ၅ ရက်က ယူကရိန်းနိုင်ငံ၊ ကာကတ်ဗ်ဒေသရှိ ကျေးရွာတစ်ရွာအပေါ် ရုရှားရဲ့ တိုက် ခိုက်မှုကြောင့် ၆ နှစ်အရွယ် ကလေးငယ်တစ်ဉီး အပါအဝင် လူ ၄၉ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးခြင်းအားဖြင့် ဉရောပတိုင်းပြည်တွေဟာ ရုရှားနိုင်ငံက ဉ ရောပတိုက်ရှိ အခြားတိုင်းပြည်ကို မတိုက်ခိုက်အောင် ကူညီပေးနိုင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

“ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကမ္ဘာ့အခြားဒေသတွေအပေါ် တိုက်ခိုက်ခွင့်ပေးလို့ မရပါဘူး။ အခြား တိုင်းပြည်တစ်ခုမှာ ရုရှားစစ်တပ်ရှိနေတာဟာ ကျွန်တော်တို့အားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ ရု ရှားကို အခြားတိုင်းပြည်တွေကနေ မောင်းထုတ်နိုင်ဖို့ ကျွန်တော်တို့ အတူလက်တွဲဆောင်ရွက်ရပါမယ်” လို့ သူက ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ယူကရိန်းသို့ ယူရို ၅၀ ဘီလီယံ ထောက်ပံ့ပေးဖို့ လုပ်ဆောင်နေပြီး အမေရိကန်နိုင်ငံက ယူကရိန်းသို့ ဆက်လက်ပံ့ပိုးမယ်လို့ ယုံကြည်ကြောင်း ဉရောပကော်မရှင် အကြီးအကဲ အူဆူလာ ဗွန်ဒါလီယန်းက ပြောပါတယ်။

စပိန်က ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ဒရုန်းဖျက်စနစ်တွေ ထောက်ပံ့ပေးမယ့်အပြင် ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးမယ်လို့ စပိန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ကိုးကား - Reuters
Ref; Zelenskiy tells Europe: Russia will attack others if Ukraine loses

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ပွဲပြီးရလဒ်များဆဲလ်တစ် ၁-၂ လာဇီယိုဒေါ့မွန် ဝ-၀ အေစီမီလန်နယူးကာဆယ် ၄-၁ PSGဇဗက်ဒါ ၂-၂ ယန်းဘွ...
04/10/2023

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ပွဲပြီးရလဒ်များ

ဆဲလ်တစ် ၁-၂ လာဇီယို

ဒေါ့မွန် ဝ-၀ အေစီမီလန်

နယူးကာဆယ် ၄-၁ PSG

ဇဗက်ဒါ ၂-၂ ယန်းဘွိုင်းစ်

လိုက်ပ်ဇစ် ၁-၃ မန်စီးတီး

ပေါ်တို ဝ-၁ ဘာစီလိုနာ

Photos: Twitter

04/10/2023
အယ်လ်ဟီလေ အသင်းအတွက် ပထမဆုံးဂိုးသွင်းယူပေးခဲ့တဲ့ နေမာနေမာကတော့ သူ့ရဲ့ဆော်ဒီကလပ်အယ်လ်ဟီလေ အတွက် ပထမဆုံးဂိုးကို AFC Champi...
04/10/2023

အယ်လ်ဟီလေ အသင်းအတွက် ပထမဆုံးဂိုးသွင်းယူပေးခဲ့တဲ့ နေမာ

နေမာကတော့ သူ့ရဲ့ဆော်ဒီကလပ်အယ်လ်ဟီလေ အတွက် ပထမဆုံးဂိုးကို AFC Champion League ပွဲမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်ဟီလေဟာ
အီရန်ကလပ် Nassaji အသင်းနဲ့ ကစားခဲ့ရပြီး အဝေးကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ​့ အနိုင်ရခဲ့ပါတယ်။ ဒီမှာနေမာဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး တစ်ဂိုးသွင်း တစ်ဂိုးဖန်တီး်မူပြုလုပ်ခဲ့ပါတယ်။

★ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) (ပထမနေ့) ပွဲစဥ်အလိုက် အကောင်းဆုံးဆုရှင်များ03/10: Union Berlin 2-3 Braga – Bruma03/10: Sa...
04/10/2023

★ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) (ပထမနေ့)
ပွဲစဥ်အလိုက် အကောင်းဆုံးဆုရှင်များ

03/10: Union Berlin 2-3 Braga – Bruma
03/10: Salzburg 0-2 Real Sociedad – Brais Méndez
03/10: Man United 2-3 Galatasaray – Rasmus Højlund
03/10: Copenhagen 1-2 Bayern – Joshua Kimmich
03/10: Lens 2-1 Arsenal – Elye Wahi
03/10: PSV Eindhoven 2-2 Sevilla – Noa Lang
03/10: Napoli 2-3 Real Madrid – Jude Bellingham
03/10: Inter 1-0 Benfica – Lautaro Martínez

Photos: Teams' Facebook

★ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) (ပထမနေ့) ပွဲပြီးရလဒ်များနာပိုလီ ၂-၃ ရီးယဲလ်မက်ဒရစ်နာပိုလီ - အော်စတီဂတ် (၁၉')၊ ဇီလင်စီကီး ...
04/10/2023

★ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) (ပထမနေ့) ပွဲပြီးရလဒ်များ

နာပိုလီ ၂-၃ ရီးယဲလ်မက်ဒရစ်
နာပိုလီ - အော်စတီဂတ် (၁၉')၊ ဇီလင်စီကီး (၅၄')
ရီးယဲလ်မက်ဒရစ် - ဗင်နီစီယပ်စ် (၂၇')၊ ဘယ်လင်ဟမ် (၃၄')၊ မယ်ရတ် (၇၈' OG)

အင်တာမီလန် ၁-၀ ဘင်ဖီကာ
အင်တာမီလန် - မားကပ်စ်သူရမ် (၆၂')

ကိုပင်ဟေဂင် ၁-၂ ဘိုင်ယန်မြူးနစ်
ကိုပင်ဟေဂင် - လီရာဂါ (၅၅')
ဘိုင်ယန်မြူးနစ် - မူဆီယာလာ (၆၇')၊ မက်သိုင်းTel (၈၃')

မန်ယူ ၂-၃ ဂါလာတာစာရေး
မန်ယူ - ဟွိုင်လန်း (၁၇'၊ ၆၇')
ဂါလာတာစာရေး - ဇာဟာ (၂၃')၊ အက်တာကိုဂလူး (၇၁')၊ အီကာဒီ (၈၁')

လန်းစ် ၂-၁ အာဆင်နယ်
လန်းစ် - သောမတ်ဆန် (၂၅')၊ ဝါဟီ (၆၉')
အာဆင်နယ် - ဂျေးဆူး (၁၄')

PSV ၂-၂ ဆီဗီလာ
ဆာလ်ဇ်ဘာ့ဂ် ဝ-၂ ဆိုစီဒက်
အူန်ယွန်းဘာလင် ၂-၃ ဘရာဂါ

Photos: Twitter

Siam Paragon ပစ်ခတ်မှုကြောင့် သေ-ဆုံးသူများထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးပါဝင်နေထိုင်းနိုင်ငံ ဘန်ကောက...
04/10/2023

Siam Paragon ပစ်ခတ်မှုကြောင့် သေ-ဆုံးသူများထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးပါဝင်နေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာတွင် အောက်တိုဘာ (၃) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် သေ-ဆုံးသူများထဲ မြန်မာရွှေ့ပြောင်း အမျိုးသမီး လုပ်သားတစ်ဦး ပါဝင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ဘန်ကောက်မြို့ Siam Paragon Shopping Mall အတွင်း ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူ (၄) ဦး သေ-ဆုံးပြီး (၅) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ သေ-ဆုံးသည့်ထဲ ပါဝင်သူ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးမှာ မမိုးမြင့်ဖြစ်ကြောင်း ထိုင်းသတ င်းများအရ သိရသည်။

မမိုးမြင့်အား ဆေးရုံတွင် (၁) နာရီခန့်ကြာအောင် ကုသပေးသော်လည်း သေ-ဆုံးခဲ့ရကြောင်း ထိုင်းသတင်းများအရ သိရသည်။

အဆို ပစ်ခတ်မှု ဖြစ်စဥ်နှင့် ပတ်သက်၍ အသက် (၁၄) နှစ်အရွယ် လူငယ် တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ပစ်ခတ်ခံရမှူကြောင့် သေ-ဆုံးသူများ၏ ဈာပနအတွက် ဘုရင့်တော်ဝင်နန်းတော်မှ တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

သေ-နတ်ဖြင့် ပစ်ခတ်မှူ ဖြစ်စဥ်များသည် ထိုင်းနိုင်ငံတွင် အဖြစ်များသော ဖြစ်ရပ် တစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း ရဲအရာရှိဟောင်းတစ်ဦး၏ ကျောင်းအတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ် (၂၂) ဦး သေ-ဆုံးခဲ့မှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Photo - AFP

🐐 @ 38 🔥 နှစ်အရွယ် ဒီဘဲကြီးက ၂၀၂၃ ခုနှစ်မှာ ဒီလိုတွေခြေစွမ်းပြနေတယ်...
03/10/2023

🐐 @ 38 🔥 နှစ်အရွယ် ဒီဘဲကြီးက ၂၀၂၃ ခုနှစ်မှာ ဒီလိုတွေခြေစွမ်းပြနေတယ်...

Address

9th Street
Yangon

Website

Alerts

Be the first to know and let us send you an email when utmz68 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share