09/12/2025
👄
Hip Hop ဂီတရဲ့ အကောင်းဆုံး Featuring
သို့မဟုတ် ကြိုက်နှစ်သက်ရပါသော Rihanna
=============================
Rihanna ကိုတော့ ၂၀၀၀ ခုနှစ် [ အနှောင်းပိုင်း ] Hip Hop Music များအတွက်အကောင်းဆုံး Energy ပေးစွမ်းနိုင်တဲ့ Featured , Female Artist တယောက်လို့ ကျွန်တော်ကတော့ ဖော်ကြူးချင်ပါတယ် ၊
သူရဲ့ အသံဟာစူးရှရှနဲ့ Gritty Raspy ဖြစ်တဲ့အသံမျိုးကိုပိုင်ဆိုင်ထားတာပါ ၊ မြင်သာအောင် ပြောရရင်သူ့ရဲ့ Stereotype နဲ့ Appearance က သူ့အသံနဲ့ တထပ်တည်းကျနေတာမျိုးပါ၊
နောက်တခုက Rihanna ကို Featured Artist ဆိုပြီး
Personal Opinion အရ သတ်မှတ်ချင်ပါတယ်၊
သီချင်းတစ်ပုဒ်မှာ Featuring ဟာအရမ်းအရေးပါတဲ့ ထည့်သွင်းသီဆိုရတဲ့ ရွေးချယ်မှုတစ်ခုပါ ၊ Rap Featuring ပဲဖြစ်ဖြစ် ၊ Chorus/ Hook featuring ပဲဖြစ်ဖြစ် Featuring အနေနဲ့ ပါဝင်ထားတဲ့သူတယောက်ရဲ့ သီဆိုဟန်တွေဟာ သီချင်းတစ်ပုဒ်ရဲ့ အနှစ်သာရကို ပိုပြီးမြင်သာအောင် ပြောင်းလဲသွားစေနိုင်တဲ့အပြင် အလှည့်အပြောင်းတွေအများကြီး သက်ရောက်စေနိုင်ပါတယ်၊
Eminem ရဲ့ Love the Way You Lie မှာ Rihanna ရဲ့ စူးရှရှအက်ကွဲကွဲအသံ အားလုံးကသတိထားမိခဲ့ကြပါတယ် ၊
“ငါ့ကို မုန်းနေတဲ့ကောင်တွေအတွက် အချိန်မရှိဘူး
ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ကိုယ့်ဘဝကိုယ်ရှင်သန်လိုက်
စမ်းပါ“ ဆိုပြီး energy ပေးတဲ့ မာထန်တဲ့အသံနဲ့ T.I နဲ့ Live Your Life လိုသီချင်းမျိုး
Jay Z နဲ့ အတူ Umbrella လို Hip Hop Vibe ပေးစွမ်းတဲ့ Music တွေဟာ Rihanna ရဲ့ အသံအနေအထားနဲ့ အလိုက်ဖက်ဆုံးလို့ ကျွန်တော် သတိထားမိပါတယ် ၊
Take a Bow သီချင်းမှာဆိုရင်
“နင်ငိုရင် နင်ရုပ်ကြီးက အရမ်းဆိုးတာပဲ”
ဆိုပြီး သူ့ဘဲကို ခနဲ့တဲ့စာသားတွေက နားဆင်သူအတွက် ရိသဲ့သဲ့တောင်ဖြစ်သွားစေပါတယ် ၊
Kanye နဲ့ Jay Z ရဲ့ Run This Town လိုမျိုး
Rebel ,Riot, City pride မုတွေ အပြည့်ပေးစွမ်းနိုင်တဲ့
သီချင်းတွေဟာ Rihanna လို Dark Gritty မုနဲ့ မှ ပိုပြီးလိုက်ဖက်သွားစေခဲ့တာမျိုးပါ ၊
ဒါအပြင့် Party Vibe တွေဖြစ်ကြတဲ့
Work
We Found The Love
Don’t Stop the Music
စတဲ့ ခပ်ထန်ထန် Raspy ဖြစ်တဲ့ အသံတွေကလည်း Party မုကို အပြည့်အဝပေးစွမ်းထားဆဲပါ၊
Rihanna က ဘာဘေးဒိုစ် ကျွန်းနိုင်ငံလေးတစ်ခုကနေ မွေးဖွားလာခဲ့တာပဲဖြစ်ပါတယ်၊ ဘာဘေးဒိုစ်ဆိုတာ Caribbean ပင်လယ် အရှေ့ဘက် Atlantic Ocean အနောက်ပိုင်းမှာတည်ရှိတဲ့ ကျွန်းနိုင်ငံငယ်လေးတစ်ခုပါ၊ ငယ်စဉ်ကလေးဘဝမှာကတည်းက Broken Family ဖြစ်ခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့အတူ သူ့မိခင်ရဲ့လက်ထဲမှာ ကြီးပြင်းခဲ့ရတာပါ၊
2004 ခုနှစ်မှာ Producer Evan Rogers က ဘာဘေးဒိုစ်ကို အပန်းဖြေခရီးထွက်ရင်း Rihanna ရဲ့ သီဆို ဖျော်ဖြေမှုတွေကိုတွေ့ရှိခဲ့ပြီး နောက်ပိုင်း New York သို့ ခေါ်ယူခဲ့ပါတယ် ၊နောက်ပိုင်းမှာ Jay-Z ရဲ့ Def Jam Recordings နဲ့ လက်မှတ်ထိုးခဲ့ပြီး အသက် 16 နှစ်မှာ
ပရော်ဖက်ရှင်နယ်အဆိုတော်ဖြစ်လာခဲ့ပါတယ် ၊
သူ့ကို Jay Z တို့က Debut album နဲ့ Sec Album ဖြစ်တဲ့ The Music Of Sun အခွေနဲ့ A Girl Like Me ဆိုပြီး အခွေထုတ်ပေးခဲ့တယ် ၊ဒါပေမယ့် အဲ့အခွေမှာက Reggae အထာ ၊ Caribbean အငွေ့အသက်တွေပိုများခဲ့တယ် ၊ပြောရရင် Album နှစ်ခုလုံးကတူနေတဲ့ အပြင်
သီချင်း Music Style တွေက ထပ်နေခဲ့ပါတယ် ၊
တကယ်တမ်း Rihanna ရယ်လို လူတော်တော်များများလက်ခံခဲ့ရပြီး Grammy Award တွေပါရရှိခဲ့တဲ့အခွေကတော့ ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Good Girl Gone Bad Album ၊ ဒီအခွေထဲမှာက အရင်ကသူလုပ်ခဲ့တယ် Reggae Music Style တွေပါဝင်လာခြင်းမရှိတော့ပဲ Hip Hop RnB အဓိကထားလုပ်ခဲ့တဲ့ အခွေလည်းဖြစ်ပါတယ် ၊ ဒီအခွေကတော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ အခွေပါ၊ Umbrella, Don’t stop the Music, Rehab, Take a Bow စတဲ့ Album ထဲက သီချင်းအကုန်နီးပါး အောင်မြင်ခဲ့ပါတယ် ၊ကျွန်တော်တို့ ကိုယ်တိုင်လည်း
စပြီးနှစ်သက်ခဲ့ရတဲ့ အခွေပေါ့ဗျာ ၊
Rihanna ဟာ စိတ်သဘောထားကောင်းတဲ့သူ
နိုင်ငံရေးအမြင်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်၊
သူဟာကျွန်တော်တို့နိုင်ငံရဲ့ အစောပိုင်းကာလတွေမှာ Shout Out လုပ်ပေးခဲ့သူတွေထဲက တစ်ဦးပါ ၊
Artist တစ်ယောက်ဟာကိုယ်နဲ့လိုက်ဖက်တဲ့
ဂီတကို ရွေးချယ်တတ်ဖို့ဟာ အလွန်အရေးကြီးပါတယ်၊
အစောပိုင်း Reggae မုတွေသီဆိုခဲ့တဲ့ Rihanna ဟာ
Good Girl Gone Bad နောက်ပိုင်း ထွက်ရှိလာခဲ့တဲ့ Album တွေတိုင်းမှာ Rihanna ဟာ RnB နဲ့ Hip Hop , Dance Hall စတဲ့ Energy and emotional တွေပေးတဲ့သီချင်းနဲ့ ပိုပြီး အသားကျပြီး Hip Hop RnB Music ရဲ့ female Artist တစ်ယောက်အဖြစ်ပုံစံပြောင်းလာခဲ့ပါတယ် ၊နောက်ထပ် Gritty မုတွေ Hip Hop Music ပေါ်မှာဘယ်လို RnB Cadence တွေသီဆိုဦးမလဲဆိုတာစောင့်မျှော်ရင်းဖြင့် ။