Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်

  • Home
  • Myanmar
  • Yangon
  • Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်

Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက် လွတ်လပ်၍အမှီအခိုကင်းသောစာအုပ်တိုက်
Publisher

အောက်တိုဘာ၂၃ရက်ဟာ မြန်မာစာရေးဆရာကြီးဗန်းမော်တင်အောင် ကွယ်လွန်တဲ့နေ့ ဖြစ်ပါတယ်။ဒီနေ့ဆိုရင် ကွယ်လွန်ခြင်း ၄၇နှစ်ပြည့်ခဲ့ပါ...
23/10/2025

အောက်တိုဘာ၂၃ရက်ဟာ မြန်မာစာရေးဆရာကြီး
ဗန်းမော်တင်အောင် ကွယ်လွန်တဲ့နေ့ ဖြစ်ပါတယ်။

ဒီနေ့ဆိုရင် ကွယ်လွန်ခြင်း ၄၇နှစ်ပြည့်ခဲ့ပါပြီ။
ကွယ်လွန်ခြင်းသတိတရအဖြစ် ဆရာ့နာရေးနေ့က
ကမ်းတဲ့ ယပ်တောင်ပေါ်မှာ စတင်ဖော်ပြခဲ့ပြီးတော့
အခုထိတိုင် ထင်ရှားလူသိများတဲ့ စကားတခွန်းကိုပဲ
ထပ်ဆင့်ကာ ဖော်ပြလိုက်ချင်ပါတယ်။

ဒီစကားတွေကို ဆရာမကွယ်လွန်မီ သုံးရက်အလို
၂၀ အောက်တိုဘာ ၁၉၇၈ နေ့က သားဖြစ်သူကို
ဆေးရုံကုတင်ပေါ်မှာ ပြောခဲ့တာလို့ အမှတ်အသား
ရှိပါတယ်။
………………………………………

++“ရာစုနှစ်တခုမှာ မျိုးဆက်လေးခု ရှိတယ်။
၁၈၈၅ ခုနှစ်နောက်ပိုင်း ကိုလိုနီခေတ်က စပြီး
တို့အဘိုးတွေဟာ နယ်ချဲ့ကို တော်လှန်လာခဲ့
ကြတယ် ။ အဖေတို့ လက်ထက်ကျတော့
အမျိုးသားလွတ်မြောက်ရေးတာဝန်ကို
ထမ်းဆောင်ခြင်း ပြုခဲ့ကြတယ်။

++“သားတို့ဟာ ဒီရာစု ( ၁၈၈၅-၁၉၈၅)နှစ်ရဲ့
နောက်ဆုံးမျိုးဆက်တွေပဲ။

++“အချို့ဟာ သမိုင်းရဲ့တာဝန်တွေကို
ရဲရဲရင့်ရင့် ထမ်းဆောင်ခဲ့ကြတယ်။
အချို့ကျတော့ သမိုင်းတာဝန်ကိုမကျေပွန်ကြဘူး။

++“လူတယောက်ရဲ့ တန်ဖိုးဟာ
သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို
သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့
အချက်နဲ့ တိုင်းတာရမှာပဲ “
—ဗန်းမော်တင်အောင်
………………………………………

ဆရာဗန်းမော်တင်အောင်နဲ့ ပတ်သက်လို့ရေးကြတာ
အများကြီး ရှိတဲ့အနက် ဆရာမြသန်းတင့်က သူ့ရဲ့
‘မုန်တိုင်းထဲကလူ’ဆောင်းပါးမှာ အခုလို ရေးခဲ့တာ
ပြန်လည် ဖော်ပြလိုက်ပါရစေ။

'ကိုတင်အောင်ကား ကျနော်တို့ သိခဲ့သည့်
နှစ်ပေါင်း၃၀အတွင်းက သမိုင်းအကွေ့တိုင်းတွင်
ရေဆန်ကိုချည်း အမြဲတမ်း ကူးခဲ့သူ’ ပါတဲ့။

▪️
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်၊ ရန်ကုန်မြို့။
၂၃ အောက်တိုဘာ ၂၀၂၅။

တကယ့် စာဖတ်သမားရဲ့ ကိုယ်ပိုင်စာကြည့်တိုက်ဆိုတာ ဖတ်ပြီးသား စာအုပ်တွေကို  စုပြုံပြီးတော့သိမ်းဆည်းထားတဲ့ ဂိုဒေါင်တလုံး မဟုတ...
18/10/2025

တကယ့် စာဖတ်သမားရဲ့ ကိုယ်ပိုင်စာကြည့်တိုက်
ဆိုတာ ဖတ်ပြီးသား စာအုပ်တွေကို စုပြုံပြီးတော့
သိမ်းဆည်းထားတဲ့ ဂိုဒေါင်တလုံး မဟုတ်ပါဘူး။
လိုအပ်လာတဲ့အခါ ဖတ်ဖို့ စာအုပ်တွေကို အရံသင့်
ထား ထားတဲ့ နေရာတခုသာ ဖြစ်ပါတယ်။
ဖတ်ပြီးသား စာအုပ်တွေထက် မဖတ်ရသေးတဲ့
စာအုပ်တွေက ပိုပြီး တန်ဖိုးရှိတယ်။
……………
ကမ္ဘာကျော် စာရေးဆရာနဲ့ ဘာသာဗေဒပညာရှင်
လည်းဖြစ်သူ အွန်ဘရေတိုအေကိုရဲ့ စာအုပ်တွေနဲ့
ပတ်သက်တဲ့ပြောစကားတွေထဲက ထုတ်ယူဖော်ပြ
လိုက်တာပါ။ သူ့ရဲ့ ကိုယ်ပိုင်စာအုပ်စုဆောင်းမှုက
လည်း ကမ္ဘာကျော်ပါပဲ။

တခါသားမှာဖြင့် သူ စုဆောင်းထားတဲ့ စာအုပ်တွေ
များလွန်းလို့ အဆောက်အအုံကြံ့ခိုင်မှုကို စိုးရိမ်တဲ့
မြို့ပြအင်ဂျင်နီယာက သူ့ကို သူနေထိုင်တဲ့ တိုက်ခန်း
ကနေ အခြားကို ပြောင်းခိုင်းတဲ့အတွက် ပြောင်းပေး
ခဲ့ရဖူးလေသတဲ့။

[ ပူးတွဲ ပုံက အွန်ဘရေတို အေကိုနဲ့ သူ့ရဲ့ကိုယ်ပိုင်
စာကြည့်ခန်းတစိတ်တပိုင်းကို မြင်ရတဲ့ ဓာတ်ပုံပါ]

▪️
ဇော်ဂျီဖိုလ်ဝင်တိုက်၊ ရန်ကုန်မြို့။
၁၈ အောက်တိုဘာ ၂၀၂၅၊ စနေ။

ဖေ့ဘွတ်တခွင် စာအုပ်စင်မှာမြင်မိ တွေ့ရသမျှ  #ဂေါ့ဒိုး များအခု မြင်ရတဲ့ စာအုပ်ပုံများဟာ စာအုပ်ဆိုင်တွေက သူတို့ လူမှုစာမျက်...
15/10/2025

ဖေ့ဘွတ်တခွင် စာအုပ်စင်မှာ
မြင်မိ တွေ့ရသမျှ #ဂေါ့ဒိုး များ

အခု မြင်ရတဲ့ စာအုပ်ပုံများဟာ စာအုပ်ဆိုင်တွေက
သူတို့ လူမှုစာမျက်နှာမှာ တင်ထားတဲ့ စာအုပ်ပုံလေး
တွေကို ကောက်သင်းကောက်ပြီးတဆင့် ပြန်ကူးထား
တာပါ။ မတွေ့မိသေးတာတွေလည်း ရှိဦးမယ်။
ထပ်ရှာလိုက်ဦးမယ်။
မပါသေးရင်လည်း စိတ်မဆိုးဘဲ လာပြကြဦးနော်။
………………..
The Book Bazaar
ကံ့ကော်ခင်
ဘရဏီ
Thurein Bookshop
စိတ်ကူးချိုချို-မန္တလေး
Book Tree
မီလျံနာ-တောင်ကြီး
Maung Maung Kyaw
နွေဦးပန်း
Genius Book House
Htet Naung &Books
ချင်းတွင်းအိမ်
Book club
ကိုလတ်စာပေ
မူးနေတဲ့လှေ
Thaesu Bookstore
နိုင်လင်းစာပေ - မုံရွာ
အမြွာညီနောင်
ဆုလာဘ်ရတနာစာပေ
တူဒေးစာအုပ်ဆိုင်
The Books Land
Beyond Bookshelf
စာအုပ်ရောင်းမယ်
ဒဏ္ဍာရီစာအုပ်ဆိုင်

အစရှိတဲ့ ဆိုင်တွေက တင်ထားတဲ့ ပုံတွေကို
ပြန်ကူးပြီး ဖော်ပြတာပါ။ မမြင်လိုက်တာတွေ
ရှိနေပါဦးမယ်။ ရှာပြီး ထပ်ဖြည့်ပေးပါ့မယ်။
Comment မှာ လာပို့ရင်လည်း စိတ်မဆိုးဘူး😎
#ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း
#မြတ်သစ်
#ဇော်ဂျီဖိုလ်ဝင်

ဝသုန္ဓရေလက်ရေး[ နိုဝင်ဘာ ၁၉၈၉]စာအုပ်ထဲမှာ တွဲထည့်ပေးထားတဲ့အချပ်ပို  စာမျက်နှာလေး တွေ့လို့အမှတ်တရ ဖော်ပြလိုက်ပါရစေ။ ▪️ဇော...
14/10/2025

ဝသုန္ဓရေလက်ရေး
[ နိုဝင်ဘာ ၁၉၈၉]

စာအုပ်ထဲမှာ တွဲထည့်ပေးထားတဲ့
အချပ်ပို စာမျက်နှာလေး တွေ့လို့
အမှတ်တရ ဖော်ပြလိုက်ပါရစေ။

▪️
ဇော်ဂျီဖိုလ်ဝင်တိုက်၊ ရန်ကုန်။
၁၄ အောက်တိုဘာ ၂၀၂၅။

ဂေါ့ဒိုးကိုစောင့်မျှော်ခြင်းနဲ့ပတ်သက်လို့(ဆရာ)မြင့်သန်း ဘာပြောခဲ့သလဲ………………………………………………(ကို) မြတ်သစ်ကတော့  အတော့်ကို အချိ...
11/10/2025

ဂေါ့ဒိုးကိုစောင့်မျှော်ခြင်းနဲ့ပတ်သက်လို့
(ဆရာ)မြင့်သန်း ဘာပြောခဲ့သလဲ
………………………………………………
(ကို) မြတ်သစ်ကတော့ အတော့်ကို အချိန်ပေးပြီး
ဘာသာပြန်ပေးတာ။လေးနှစ် ကြာတယ်လို့ ဆိုထားတယ်။….သိပ်ပြီး သဘောကျရတဲ့အကြောင်းတခုက
(ကို) မြတ်သစ်က ရှင်းလင်းချက်တွေ အများကြီး
ထည့်ပေးထားတယ်။ အဲဒါဟာ အဓိက လိုအပ်ချက်
ပဲ။ စာကိုးတွေကလည်း ကိုးစားထိုက်တဲ့ စာအုပ်တွေ
ဖြစ်လို့ အားရစရာကောင်းလှတယ်။

….ဘက်ကက်ရဲ့ ပြဇာတ်တွေဟာ တနည်းအားဖြင့်
အရေးအသားမှာပဲ တည်နေနိုင်တဲ့ ပြဇာတ်မျိုး။
ဆိုလိုတာက စင်တင် ကပြ အသုံးတော်ခံ ချင်ခံ၊
မခံချင်နေ၊စာလုံး/ စကားလုံးတွေ သက်သက်အနေနဲ့
ဖတ်ပြီး အရသာခံနိုင်တဲ့ အနေအထားမှာ တည်နေနိုင်
တယ်။ ပြောရရင်တော့ ကပြအသုံးတော်ခံရာစင်ဟာ
ဖန်တီးရေးသားထားတဲ့ အရေးအသားပဲ။

ဘက်ကက်က ပုံရုပ်ဖော်နိုင်ဖို့ ပုံရိပ်ပြရာမှာ ပုံသေ
စံကိုက်(ခိုင်ခိုင်မာမာ) ပုံရိပ်ကို ဖော်လေ့ မရှိဘူး။
ဥပမာ ဂေါ့ဒိုးထဲက သစ်ပင်ကိုပဲ ကြည့်။ အဖွင့်မှာ
ကတည်းက သစ်ပင်ရဲ့ ရှိနေခြင်းကို ရေးသားပြထား
ခဲ့တယ်။ ဒါပေတဲ့ (ပုံဆောင်ပြတဲ့) သင်္ကေတ တခု
ဖြစ်မလာစေခဲ့ဘူး။

ဒါပေတဲ့လည်း သူ့ ဇာတ်ကောင်တွေက သစ်ပင်
အကြောင်း၊ သစ်ရွက်တွေအကြောင်းထည့်ပြောလေ့
ရှိတယ်။ တခုရှိတာက သစ်ပင်တွေဟာ နောက်ထပ်
သီးခြားအနက် (မြှုပ်နှံထားတဲ့ အနက် Allegorical
meaningကို ဆိုလိုတာ) ရှိမနေဘူး။ ဒါပေတဲ့ အရေး
အသားရဲ့ အတွင်းမှာ ဆက်စပ်လှုပ်ရှားမှုတွေ ရှိနေ
တယ်။ ဒါကြောင့် ဂေါ့ဒိုးရဲ့ဒုတိယအပိုင်းမှာ သစ်ပင်
အကြောင်း အတော်ကလေး ပြောလာကြတယ်။

ဒီတော့လည်း သစ်ပင်ဟာ သစ်ပင်ဖြစ်နေပေမယ့်
သစ်ပင်ဟာ သစ်ပင်ပဲရယ်လို့ တခုတည်းကိုပဲ
ကိုယ်စားပြုချင်နေတာလားဆိိုတာ တွေးစရာဖြစ်
လာတယ်။

….ဘက်ကက်ရဲ့ ပြဇာတ်တွေဟာ စင်တင်ချင်တင်၊
မတင်ချင်နေ၊ အရေးအသားသက်သက်ကိုက ဖတ်တဲ့
သူ အဖို့တော့ ဘာသာစကားနဲ့ အသုံးတော်ခံရာစင်ပဲ။

မြင့်သန်း၏ ‘ဂေါ့ဒိုကိုမျှော်နေရင်းနဲ့ပဲ’
[ နွယ်နီမဂ္ဂဇင်း၊ ဩဂုတ်၂၀၁၂ ခုနှစ်]
ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

#ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း
#ဘက်ကက် #မြတ်သစ်
#ဇော်ဂျီဖိုလ်ဝင်

“ဝါကျွတ်မှာ စာအုပ်ကံထူးကြသူများ”တနေ့က ဝါကျွတ်လက်ဆောင်အဖြစ် #ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း စာအုပ်ကိုစာဖတ်မိတ်ဆွေများအတွက် ...
09/10/2025

“ဝါကျွတ်မှာ စာအုပ်ကံထူးကြသူများ”

တနေ့က ဝါကျွတ်လက်ဆောင်အဖြစ်
#ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း စာအုပ်ကို
စာဖတ်မိတ်ဆွေများအတွက် ကံစမ်း
အစီအစဉ်လေး လုပ်ခဲ့ရာမှာ အခုအခါ
ကံထူးတဲ့ မိတ်ဆွေ ၅ ဦး ပေါ်လာပါပြီ။

ကံထူးကြတဲ့ မိတ် ဆွေများအတွက် အထူးအနေနဲ့
ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း စာအုပ်ကို ဘာသာပြန်သူ
ဆရာမြတ်သစ်ရဲ့ လက်မှတ်လေးတွေနဲ့ ပို့ပေးမှာမို့
အခု ကံထူးစာရင်းပါ မိတ်ဆွေများက မိမိအမည်နဲ့
နေရပ်လိပ်စာလေးတွေကို မက်ဆင်ဂျာက တဆင့်
လာပေးထားကြပါဦး။

အားလုံးထံ #ပို့ခ_အခမဲ့ နဲ့ အိမ်အရောက် ပို့ပေးမှာပါ။

ပျော်ပျော်ပါးပါး ပါဝင်ကံစမ်းပေးခဲ့သူ တဦးချင်းစီ
တိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ နောက်တခါ
ပြန်တွေ့ကြမယ်နော်။

ခင်မင်တဲ့—
ဇော်ဂျီဖိုလ်ဝင်တိုက်၊ ရန်ကုန်မြို့။
၂၀၂၅ အောက်တိုဘာလ ၉ ရက်။

“ဝါကျွတ်လက်ဆောင် ယူရအောင်”ကိုင်း တဝါကျွတ်ပြန်ပြီဗျို့😊တချို့သူတွေတော့  တူနှစ်ကိုယ် ဂဟေဆက်လို့ရွှေလက်တွဲကုန်ကြပြီပေါ့။ဒီခ...
06/10/2025

“ဝါကျွတ်လက်ဆောင် ယူရအောင်”

ကိုင်း တဝါကျွတ်ပြန်ပြီဗျို့😊
တချို့သူတွေတော့ တူနှစ်ကိုယ် ဂဟေဆက်လို့
ရွှေလက်တွဲကုန်ကြပြီပေါ့။
ဒီချိန်ခါ တချို့သူတွေမှာဖြင့် တစုံတယောက်ကို
စောင့်မျှော်နေရဆဲပဲ ထင်ပါရဲ့။

သို့ကလို စောင့်မျှော်နေရဆဲ သူတွေအတွက်တော့
ဇော်ဂျီဖိုလ်ဝင်တိုက်က အားပေးတဲ့အနေနဲ့ပေါ့လေ-
#ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း စာအုပ်အသစ် ၅အုပ်ကို
လက်ဆောင်အဖြစ် giveaway—ကံစမ်းတာလေး
လုပ်ပေးပါရစေ။

လာမယ့် အောက်တိုဘာလ ၉ ရက် ကြာသပတေးနေ့
ညနေ ၅ နာရီမှာ စာအုပ်ကံထူးတဲ့ မိတ်ဆွေ ငါးဦးကို
ကြေညာပေးသွားပါမယ်နော်။
……………………………….
ထုံးစံအတိုင်း ပါဝင်ရမယ့် စည်းမျဉ်းလေးတွေ
ကတော့ အောက်မှာတွေ့တဲ့ အချက်တွေ အတိုင်း
ပဲပေါ့။

▪️ဇော်ဂျီဖိုလ်ဝင် page လေးကို Like & foll၀w
လုပ်ပေးပါ။ (မ like ရသေးရင်ပါ)
▪️ဒီပိုစ့်လေးကို Like ပြီး public နဲ့ share ပေးဖို့
လိုပါတယ်။
▪️Comment မှာ page ကိုlike လုပ်ထားတဲ့
screenshot၊ယခု post လေးကို public နဲ့ share
ထားတဲ့ screenshot (၂)ခုလေးပြပြီးရင်တော့
ပါဝင်ကံစမ်းလို့ရပါပြီ။

•Giveaway သီးသန့်shareတဲ့ အကောင့်တုလေးတွေ
ကိုတော့ ထည့်သွင်း ရေတွက်မှာမဟုတ်ပါဘူးနော်။

“မိတ်ဆွေများအားလုံး ကံကောင်းကြပါစေ”

ချစ်ခင်လေးစားလျက်-
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်၊ ရန်ကုန်မြို့။
၆ အောက်တိုဘာ ၂၀၂၅၊ တနင်္လာနေ့။



#ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း_မြတ်သစ်

ဝါလကင်းလွတ်  သီတင်းကျွတ် သမယမှာစာဖတ် မိတ်ဆွေများ၊  စာပေမိတ်ဆွေများအားလုံး–  ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီးဥစ္စာ စီးပွါတိုး...
06/10/2025

ဝါလကင်းလွတ် သီတင်းကျွတ် သမယမှာ
စာဖတ် မိတ်ဆွေများ၊ စာပေမိတ်ဆွေများ
အားလုံး– ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး
ဥစ္စာ စီးပွါတိုးအောင် စွမ်းနိုင်ကြံနိုင်ပါစေ။

တဦးကိုတဦး မေတ္တာ ပွါးများနိုင်ကြပါစေ။
အမျက်အအီဟူ၍ မရှိ၊ ချစ်သောမျက်စိဖြင့်
ကြည့်မြင်နိုင်ကြပါစေ။

ဘေးဘယာ ဝေးကွာပြီး စိိုးရိမ်ထိတ်လန့်မှု
အမျိုးမျိုးတို့မှ ကင်းပကြပါစေ။

ရန်သူမျိုးငါးပါးအန္တရာယ်က အမြန်လွတ်ကြ
စေဖို့ ချစ်ခင်သောစိတ်ထားဖြင့် ဆုမွန်ကောင်း
များပို့သလိုက်ပါတယ်။

▪️
ဇော်ဂျီဖိုလ်ဝင်ဝိုင်းတော်သားများ
ရန်ကုန်မြို့။
၆ အောက်တိုဘာ၂၀၂၅၊ တနင်္လာ။

ဂေါ့ဒိုးတွေ လက်ထဲရောက်ပြီလား။ရောက်ပြီဆို စာအုပ်ပုံလှလှ ဓာတ်ပုံရိုက်ဖြစ်ကြရင်ပို့ပေးပါဦး။ ပြန်တင်ချင်လို့။ခင်မင်တဲ့ဇော်ဂျ...
03/10/2025

ဂေါ့ဒိုးတွေ လက်ထဲရောက်ပြီလား။
ရောက်ပြီဆို စာအုပ်ပုံလှလှ ဓာတ်ပုံရိုက်ဖြစ်ကြရင်
ပို့ပေးပါဦး။ ပြန်တင်ချင်လို့။

ခင်မင်တဲ့
ဇော်ဂျီဖိုလ်ဝင်
၃ အောက်တိုဘာ ၂၀၂၅။

အရင်နှင့်မတူ တမူကွဲသွားသော ဂေါ့ဒိုး ကို ဒီနေ့ စာအုပ်ဆိုင်တွေမှာ မြင်နိုင် တွေ့နိုင်ပြီ။စာဖတ်မိတ်ဆွေတွေ တမျှော်မျှော်ဖြစ်...
30/09/2025

အရင်နှင့်မတူ တမူကွဲသွားသော ဂေါ့ဒိုး ကို
ဒီနေ့ စာအုပ်ဆိုင်တွေမှာ မြင်နိုင် တွေ့နိုင်ပြီ။

စာဖတ်မိတ်ဆွေတွေ တမျှော်မျှော်ဖြစ်နေတဲ့
#ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း စာအုပ်ကို ယနေ့
အောက်တိုဘာ ၁ ရက်မှ စတင် ဖြန့်ချိပါမယ်။

ရန်ကုန်ကစာအုပ်ဆိုင်၊ အွန်လိုင်းဆိုင်တွေမှာ
နေ့လယ်ပိုင်းကစပြီး သွားဝယ်/ မှာလို့ရပါပြီ။
မန္တလေး နဲ့ အခြားမြို့တွေမှာလည်း တပြိုင်
နက်တည်း ဝယ်လို့ရပါပြီ။

တဦးချင်း အိမ်အရောက် ကြိုတင်အမှာတွေ
ပေးထားကြတဲ့ မိတ်ဆွေများထံလည်း ပို့ပြီး
ပါပြီ။ ဒီနေ့ မနက်ဖြန် ရောက်ပါမယ်နော်။

စာအုပ်တိုက်မှာ လာယူမယ့်မိတ်ဆွေများအဖို့
လည်း အဆင်သင့် လုပ်ပေးထားပါတယ်။
လမ်းကြုံရင် ဝင်ယူကြပါခင်ဗျား။

#ဂေါ့ဒိုးကဘာထူးတာလဲ?
ပထမအကြိမ်ထုတ်ဝေစဉ်က ဘာကြောင့်မှန်းမသိ
ပြုတ်ကျကျန်ရစ်သော အပြန်အလှန်စကားပြော
စာကြောင်း ၂၇ ကြောင်းကို ဖြည့်စွက်လျှက်၊
အထားအသိုမှားနေသော ဇာတ်ကောင်စကားပြော
သုံးလေးနေရာ နှင့် အမူအရာပြစာသားအချို့ကို
ထည့်သွင်း၊ ပြင်ဆင်ခြင်းများပြုသကဲ့သို့–

ဘာသာပြန်သူကလည်း ပထမအကြိမ်ပုံနှိပ်ခဲ့စဉ်က
‘မူ’ ထဲမှာ သူကိုယ်တိုင် ဘဝင်မကျ အားမရနိုင်ခဲ့တဲ့၊
မူရင်း ‘အနက်’ကို ပီပြင်ပေါ်လွင် မဖော်ထုတ်နိုင်ခဲ့တဲ့
ဘာသာပြန်ချက်တွေကို အသစ်တဖန် ဘာသာ ‘ထပ်’
ပြန်ပေးထားပြီးသကာလ—

မူရင်းစာပေလက်ရာရဲ့ လေးနက်မှု၊ အဖိုးတန်မှု၊
ဂန္ထဝင်မြောက်မှု အစရှိတွေကို စာဖတ်သူအများ
အလွယ်တကူ မြင်သိ ခံစား အရသာယူနိုင်စေဖို့ရာ
ရည်သန်၍ ရှည်လျားသော ‘နိဒါန်း’အသစ်ကြီး
တစောင်ကိုလည်း ထပ်မံ ပြုစုပေးထားခြင်းဖြင့်
ယခု အသစ်ပြင်ဆင်သော #ဒုတိယအကြိမ် ထုတ်
‘ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း’ကို ထူးခြားစေလိုက်ပြီ။

ဒီတကြိမ်ထုတ်မှာ နောက်ထပ် ဘာထူးခြားသေးလဲဟု
စာဖတ်သူတို့ တဖန် မေးလာငြားအံ့။
“မိတ်ဆွေလက်ထဲက ပထမအကြိမ်ထုတ်
ဂိုဒေါ့ စာအုပ်ကို ရာဇဝင်ထဲမှာ ထားခဲ့လိုက်ပါ” ဟူ၍
ပြောရုံမှ တပါး အခြားမရှိတော့ပါ။

စာပေနိုဗဲဆုရ ကမ္ဘာကျော် စာရေးဆရာကြီး
ဆမ်မြူရယ်ဘက်ကက်၏ အထင်ကရ ဖန်တီးမှု
လက်ရာမွန်တခု ဖြစ်သလို
ဘာသာပြန်သူ(ဆရာ) #မြတ်သစ် ကိုလည်း
စာဖတ်သူတွေ အမှတ်တရ ဖြစ်စေခဲ့ရသည့် စာအုပ်
#ဂေါ့ဒိုးကိုစောင့်မျှော်ခြင်း

▪️
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။
၁ အောက်တိုဘာ ၂၀၂၅ ။

 #ဆရာသင့်နော်သို့_သတိတရနဲ့[တဆင့် ကူးယူဖော်ပြခြင်း]ဆရာသင့်နော်က ထူးဆန်းတယ်။ သူ့ဥတ္တရလွင်ပြင်ကနေ စာအုပ်တအုပ်ထုတ်ချင်တဲ့အကြ...
28/09/2025

#ဆရာသင့်နော်သို့_သတိတရနဲ့
[တဆင့် ကူးယူဖော်ပြခြင်း]
ဆရာသင့်နော်က ထူးဆန်းတယ်။
သူ့ဥတ္တရလွင်ပြင်ကနေ စာအုပ်တအုပ်ထုတ်ချင်တဲ့
အကြောင်းကို ကျနော့်ဆီ တကူးတကန့် စာနဲ့ရေးပြီး
ပို့လိုက်တယ်။ ဖုန်းဆက်ပြောလည်း ရရဲ့သားနဲ့။
ဖုန်းတော့ ဆက်ပြီးပြောပါရဲ့။ ကိုယ် မောင်ရင့်ဆီကို
စာတစောင် ထည့်လိုက်တယ်တဲ့။

ဒီဘက်ခေတ်မှာ ဘယ်သူမှ စာတတန် ပေတတန်နဲ့
လုပ်နေကြတော့တာလည်းမဟုတ်ပါဘူး။ သူကတော့
ချိပ်ပိတ်စာအိတ်နဲ့ စာအခြေမှာ သူ့ဆိုင်စည်းတံဆိပ်
ကိုပါ ခတ်နှိပ်ထားလိုက်သေးတာ၊ တခမ်းတနားပဲ။
ဒါပေမဲ့ အခုကျမှ ဆရာ့ပေးစာက အမှတ်တရဖြစ်ခဲ့
ရပြီပေါ့။

ဆရာသင့်နော်က သူ့ရဲ့ ဥတ္တရလွင်ပြင်အနေနဲ့– သူ
ထုတ်ချင်တဲ့ စာမူတခုကို စီစဉ်ပေးပါလို့ ပြောတော့၊
ဆရာလည်း စာအုပ်ဖြစ်အောင် လုပ်တတ်သားနဲ့ဗျာ
ဆိုပြီး ကျနော် ပြန်ပြောတာကို သူက လက်မခံဘူး။
မောင်ရင် စိတ်ကြိုက် လုပ်၊ မောင်ရင် လုပ်ပေးမယ့်
Book Making နဲ့ ကိုယ့် ဥတ္တရလွင်ပြင်ကနေပြီးတော့
တအုပ်လောက် ထုတ်ချင်စမ်းတာ။ ဝန်ဆောင်ခတွေ
ဘာတွေလည်း ထုံးစံရှိသလိုယူ၊ အားနာစရာမလိုဘူး
ဆိုပြီးလည်း ပြောပါတယ်။

တကယ်ဆို ကိုယ့် တိုက်ထုတ်စာအုပ်နဲ့တင် အပတ်
မလည် ဇယ်စက်နေသမို့ အခြားစာအုပ်စီစဉ်ပေးတာ
လုပ်လေ့မရှိပေမယ့် ဆရာနဲ့ကျ ငြင်းရမယ့်သူတွေမှ
မဟုတ်တာ။ မန္တလေးဘက်ခြမ်းက စာပေကိစ္စဆိုရင်
ဆရာ့ဆီ အပူကပ်ခဲ့ရတာချည်းပဲ။ ဆရာညီပုလေးနဲ့
ဆရာသင့်နော်က သူတို့ တတ်နိုင်တာဆို ကျနော့်ကို
အကူညီပေးဖို့လည်း အသင့်ရှိနေတတ်ခဲ့သူတွေပါ။
(လူငယ်ပိုင်းကတော့ ကျနော့်ရဲသုံးဖော်က ကူပါရဲ့)

ဆရာရယ် ဒီလူနဲ့ ဒီလူ ယူစရာ ဘာလိုမလဲ၊ ဝမ်းသာ
အားရ လုပ်ပေးမှာပေါ့ဗျာ၊ ထုတ်မယ်ဆိုတဲ့ စာမူရော
ဘယ်တော့ ပို့မှာလဲ မေးတော့– စီစဉ်တုန်းပဲ၊ အသင့်
ဖြစ်ရင် ပို့လိုက်မယ်တဲ့။ ကြားမှာ ငလျင်လှုပ်တာနဲ့ပဲ
အကုန် ကသောင်းကနင်းဖြစ်၊ သူ ထုတ်မယ် စီစဉ်တဲ့
စာမူလည်း ကျနော့်လက်ထဲ အခုတိုင် ရောက်မလာ
နိုင်သေး။

ငလျင်လှုပ်လိုက်တော့ အကုန်ဖရိုဖရဲ ဖြစ်ကုန်တာမို့
စာမူကိစ္စ လက်စမသတ်နိုင်သေးဘူး၊ ပြီးရင် အထုပ်
လိုက်ပို့မှာပါ၊ မောင်ရင်ကသာ မကြာပါစေနဲ့ ဆိုပြီး
ဖုန်းပြောဖြစ်တဲ့တခေါက် သူ နောက်နေသေးတယ်။

အခုတော့ ၂၀၂၅ ခုနှစ်ထဲမှာ ဥတ္တရလွင်ပြင်ကနေပြီး
ဆရာထုတ်လိုက်ချင်ရဲ့ဆိုတဲ့ စာအုပ်လည်း ထုတ်ဖို့
အခြေအနေ မပေးတော့ဘူးပေါ့။
ကျနော်လည်း ဆရာ့ကို ကူညီလုပ်ကိုင်ပေးခွင့် မကြုံ
လိုက်ရပြန်ဘူးပေါ့ ဆရာရေ။

စာထဲမှာ ရေးခဲ့တာက သီတင်းကျွတ်ပြီးရင် စလို့ရပြီ
တဲ့လား။ မကြာခင် သီတင်းကျွတ်တော့မယ် ဆရာ။
မနှစ် သီတင်းကျွတ်အလွန်မှာ အလုပ် မစနိုင်ခဲ့ပေမဲ့
ဒီတနှစ် သီတင်းကျွတ်ပြီးရင်တော့ အလုပ်စနိုင်မယ်
မှန်းထားခဲ့ကြတာပါ။
အခု ဆရာက ကောက်ကာငင်ကာ ထွက်သွားခဲ့ပြီ။
မကြာခင် သီတင်းကျွတ်တော့မှာဆိုပေမယ့် ဒီတခါ
ကျနော်တို့နှစ်ယောက် အလုပ် စတင်ဖို့ တကယ်ကို
မဖြစ်နိုင်တော့ပါဘူး။ သံသရာတကွေ့မှာ ပြန်ဆုံကြ
ရင်တော့ဖြင့် လုပ်လက်စ ဆက် လုပ်နိုင်ကောင်းရဲ့။

တွေးကြည့်ရင် လွမ်းစရာ ကောင်းပြီး၊
ကြေကွဲဖို့လည်းကောင်းတဲ့ အဖြစ်တွေပါပဲ။
ကျနော်ကတော့ အမြဲသတိရနေမှာပါ ဆရာ။

[ စာထဲက —အသစ်တအုပ်ထုတ်မယ်ဆိုတဲ့ ရှေ့မှာ
‘စာရေးဆရာ’အမည်ပါငြား ကျနော် ဖျက်ထားပါ
တယ်။ သိကြတဲ့အတိုင်း ဆရာက ပဟေဠိဖွက်တာ
ဝါသနာပါတော့ ဘာစာမူလဲ မေးတဲ့အခါ လက်ထဲ
ရောက်ရင် ကြည့်လိုက်လေ၊ သိရလိမ့်မပေါ့လို့သာ
ရယ်ကာမောကာ ပြောခဲ့တာပါ။ အခုဖြင့် ဘယ်လိုမှ
သိရမယ် မဟုတ်တော့ပါဘူး ]

ဝင်းဇော်လတ်
၂၈ စက်တင်ဘာ ၂၀၂၅

[ ထပ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည် ]

▪️ ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်
ရန်ကုန်မြို့။ ၂၈၊ ၉ ၊၂၀၂၅။

 #ကြေကွဲဝမ်းနည်းခြင်းမန္တလေးမှာ အခြေစိုက်တဲ့ စာရေးဆရာ၊ စာနယ်ဇင်းသမားတဦးဖြစ်သူ ဆရာသင့်နော်(ခ) ဦးသန်းဌေးဟာဒီနေ့ မွန်းလွဲပိ...
27/09/2025

#ကြေကွဲဝမ်းနည်းခြင်း
မန္တလေးမှာ အခြေစိုက်တဲ့ စာရေးဆရာ၊ စာနယ်ဇင်း
သမားတဦးဖြစ်သူ ဆရာသင့်နော်(ခ) ဦးသန်းဌေးဟာ
ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲခန့်မှာ ကွယ်လွန်သွာကြောင်း
သိရသဖြင့် များစွာ စိတ်ထိခိုက် ဝမ်းနည်းမိပါတယ်။

ဆရာသင့်နော်က မန္တလေးမှာ ဥတ္တရလွင်ပြင်အမည်နဲ့
စာအုပ်ဆိုင် ဖွင့်လှစ်ပြီး စာပေဆိုင်ရာ လုပ်ငန်းများကို
တသက်တာပတ်လုံး လုပ်ကိုင်သွားခဲ့သူ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ စာအုပ်ရောင်းပွဲတွေ လုပ်စဉ်တုန်းက
တက်တက်ကြွကြွနဲ့ အမြဲလိုလို အကူအညီပေးခဲ့တဲ့
ဆရာ့ကျေးဇူးများကို အောက်မေ့ သတိရလျက်—

▪️
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်မိသားစု
ရန်ကုန်မြို့ ။
၂၇ စက်တင်ဘာ ၂၀၂၅။ စနေနေ့။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959449523317

Website

Alerts

Be the first to know and let us send you an email when Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zawgyipowin books-ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်:

Share

Category

ဇော်ဂျီဖိုလ်ဝင်တဲ့လားကွယ်ရို့

မြန်မာပြည်ရဲ့အကြီးဆုံးစာအုပ်တိုက်ကြီးလို့ ခပ်တည်တည်နဲ့ ဖိန့်လိုက်ရင် အထင်ကြီးကြမှာလားဗျ။ ဟဲ ဟဲ။ နောက်တာပါဗျာ။ ဇော်ဂျီဖိုလ်ဝင်ဆိုတာ တိုးမြစ်စာအုပ်တိုက်ရဲ့ လုပ်ငန်းခွဲတခုအနေနဲ့ သီးခြားရပ်တည်မယ်။ မတူခြားနားတဲ့ စာအုပ်တွေကို အသွင်တမျိုးနဲ့ထုတ်ဝေမယ်။ စာပေနဲ့အနုပညာ အသိပညာရေးရာမှာ ထက်ကြွလန်းဆန်းတဲ့ လူငယ်စာရေးဆရာတွေနဲ့ လက်တွဲပြီး စာအုပ်သစ်တွေ၊ အကြောင်းအရာသစ်တွေ ဖန်တီးမယ်။ ပြီးတော့...... ဝန်ဆောင်မှုအနေနဲ့ စာအုပ်တွေကို အိမ်အရောက် ပို့တာမျိုး လုပ်မယ်။ စာဖတ်သူတွေရဲ့ အားပေးမှုကို မျှော်လင့်ပါတယ်။ အားပေးမှုရရှိအောင်လည်း ဇော်ဂျီက စွမ်းသလောက်တော့ ကြိုးစားနေမှာပဲ။

ပညာဉာဏ်တန်ခိုးနဲ့ မြေလျှိုးလို့ မိုးပျံလိုက်ကြပါစို့ ဗျာတို့။