SarPhat - စာဖတ်

SarPhat - စာဖတ် ဆောင်းပါးရေးမယ်၊ ဖတ်မယ်၊ ဝင်ငွေတိုးလာမယ့် မြန်မာနိုင်ငံမှ ပထမဦးဆုံး Social Publishing Platform

စိတ်ကူးတွေကို အောင်မြင်မှုအဖြစ် ပြောင်းလဲပေးတဲ့ တံတား " Discipline "လူအများစုက အောင်မြင်ဖို့အတွက် "ခေတ္တခဏ ဖြစ်ပေါ်လာတဲ့...
04/09/2026

စိတ်ကူးတွေကို အောင်မြင်မှုအဖြစ် ပြောင်းလဲပေးတဲ့ တံတား " Discipline "

လူအများစုက အောင်မြင်ဖို့အတွက် "ခေတ္တခဏ ဖြစ်ပေါ်လာတဲ့ Motivation " ကိုပဲ အားကိုးတတ်ကြပါတယ်။ မိမိ အောင်မြင်မှု အတွက် Motivation ကို ပဲ အလုံးစုံ ပုံအပ်ပြီး မှီခိုထားလို့ မရပါဘူး ။ Discipline ကတော့ အောင်မြင်မှု ပန်းတိုင်ရောက်တဲ့အထိ ရေရှည်လင်းလက်စေတာ ဖြစ်ပါတယ်။ Jim Rohn ( ဂျင်မ် ရွန် ) အမေရိကန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာနှင့် တစ်ကိုယ်ရေတိုးတက်ရေးဆိုင်ရာ နာမည်ကျော် ဟောပြောသူ တစ်ဦးကလည်း ပြောခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ SarPhat ပရိသတ်ကြီးအတွက် စည်းကမ်းကောင်းများ ရဲ့ အရေးပါပုံ နှင့် တည်ဆောက်နည်း အချက်များကို ဝေမျှပေးလိုက်ပါတယ်ရှင်။

စည်းကမ်းကောင်းများ ဘယ်လောက်အထိ အရေးပါသလဲ။

* စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်ဆောင်ရမည့် အလုပ်ကို ပုံမှန်လုပ်ဆောင်ဖြစ်အောင် တွန်းအားပေးပါတယ်။

* အချိန်နှင့် စွမ်းအင်ကို စနစ်တကျ သုံးစွဲနိုင်အောင်လုပ်ဆောင်ပေးပါတယ်။အရေးမကြီးသည့် အရာများတွင် အချိန်ဖြုန်းခြင်းကို လျှော့ချပေးပြီး ထိရောက်သည့် ရလဒ်များကို ဆောင်ကြဉ်းပေးပါတယ်။

* မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေပါတယ်။ ကိုယ်တိုင်သတ်မှတ်ထားသည့် ကတိများကို အကောင်အထည်ဖော်နိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် လေးစားမှု (Self-Respect) မြင့်တက်လာစေပါတယ်။

ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိလာအောင် တည်ဆောက်နိုင်မည့် နည်းလမ်းများ

(၁) သေးငယ်သည့် အလေ့အကျင့်များမှ စတင်ပါ ။

တစ်ရက်တည်းနှင့် ဘဝတစ်ခုလုံး ပြောင်းလဲရန် မကြိုးစားပါနှင့်။ မနက်တိုင်း နေ့စဉ် လုပ်သင့်သည့် အလေ့အကျင့်လေးတွေက စပြီး စည်းကမ်းရှိရှိဖြင့် လုပ်ဆောင်ပါ။

(၂) စနစ်ကို အာရုံစိုက်ပါ ။

ပထမ ဆုံ ပန်းတိုင် (Goal) ထားရှိပါ။ နောက်တစ်ဆင့်မှာတော့ "ဝိတ်ကျရမည်" ဆိုသည့် ပန်းတိုင် ထားရှိပြီးတဲ့အခါ "တစ်နေ့ မိနစ် ၂၀ လေ့ကျင့်ခန်းလုပ်မည်" ဆိုသည့် စနစ်ကို စည်းကမ်းရှိစွာ တည်ဆောက်ပါ။

(၃) သွေးဆောင်မှုများကို ဖယ်ရှားပါ ။

မလိုအပ်သည့် အာရုံစိုက်စရာများကို ရှင်းလင်းထားခြင်းဖြင့် စည်းကမ်းပျက်ပြားမှုကို ကြိုတင်ကာကွယ်ပါ။

စည်းကမ်းဆိုတာ မိမိကိုယ်ကိုယ် ချုပ်ချယ်တာမဟုတ်ပါဘူး။ အမှန်တကယ်တော့ စည်းကမ်းရှိခြင်းက မိမိဘဝကို လွတ်လပ်ခွင့်ပေးတာ ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ စည်းကမ်းရှိသူက ငွေကြေးလွတ်လပ်ခွင့် ရသလို၊ ကျန်းမာရေးဆိုင်ရာ စည်းကမ်းရှိသူက ကျန်းမာကြံ့ခိုင်သည့် ဘဝကို ရရှိတာပဲ ဖြစ်ပါတယ်။စည်းကမ်းဆိုတာ မွေးရာပါ ပါရမီမဟုတ်ဘဲ နေ့စဉ် လေ့ကျင့်ယူရတဲ့ အရာတစ်ခုနဲ့သာတူပါတယ်။ ယနေ့မှစ၍ သေးငယ်သည့် အရာလေးများမှ စတင်ကာ စည်းကမ်းရှိသည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်လိုက်ကြရအောင်။

📢 အပတ်စဉ်တိုင်း အခုလိုမျိုး မိမိကိုယ်ကိုယ် တိုးတက်စေမယ့် သုတအဖြာဖြာနှင့် အပြုသဘောဆောင်သည့် အကြောင်းအရာများကို ဖတ်ရှုဖို့ SarPhat ကို Follow လုပ်ထားနိုင်ပါပြီ။

“ လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် ”

အေးမြစိမ်းလန်း မိုးရနံ့ နှင့် စက်တင်ဘာမိုး ၊ အလှချင်းပြိုင်မျိုး ။နွေအကုန် မိုးအကူး သို့မဟုတ် မိုးနှောင်းကာလ တော်သလင်းလသ...
01/09/2026

အေးမြစိမ်းလန်း မိုးရနံ့ နှင့် စက်တင်ဘာမိုး ၊ အလှချင်းပြိုင်မျိုး ။

နွေအကုန် မိုးအကူး သို့မဟုတ် မိုးနှောင်းကာလ တော်သလင်းလသို့ ကူးပြောင်းလာသည်နှင့်အမျှ ကောင်းကင်တစ်ခုလုံး မိုးတိမ်မည်းများ၊ တိမ်ညိုများ မကြာခဏ အုပ်ဆိုင်းနေတတ်ပါတယ်။ တော်သလင်းလ၏ ရာသီဥတုသည် "တော်သလင်းမြစ်ဝှမ်း၊ သင်္ဘောဝါးတိုင်မျှင်း" ဟုပင် တင်စားရလောက်အောင် လေငြိမ်ပြီး မြစ်ရေပြင် ငြိမ်သက်တတ်သော်လည်း ကောင်းကင်တွင်မူ မိုးတိမ်ညိုများ ညှို့မှိုင်းနေတတ်ပါတယ်။ ရှေးခေတ်က မီးဖိုချောင်တွင် ထင်း၊ ထိုင်မီး၊ မီးသွေးတို့ကို အဓိကထား အသုံးပြုကြရပါတယ်။ တော်သလင်းလတွင် မိုးရွာပါက စိုထိုင်းဆ မြင့်မားလွန်းသဖြင့် အပြင်တွင် လှောင်ထားသော ထင်းများ စိုစွတ်တတ်ပြီး ထင်းစိုကို မီးမွှေးရသဖြင့် မီးခိုးအလွန်ထွက်ပြီး မီးတောက်ရန် ခက်ခက်ခဲခဲ လုပ်ဆောင်ကြရပါတယ်။

မိုးရွာသွန်းမှုကြောင့် ဈေးသွား၊ စျေးဝယ်ရ အခက်တွေ့တတ်ပြီး ဟင်းသီးဟင်းရွက်နှင့် ငါး၊ အသား များလည်း ရှားပါးသွားတတ်ပါတယ်။တော်သလင်းလတွင် မိုးရွာလျှင် စိမ့်မိုး သို့မဟုတ် စိုက်မိုး ဟုခေါ်ကြပြီး မိုးစဲရက်မရှိဘဲ ရက်ဆက် မစဲတစဲ ရွာသွန်းတတ်သည့် သဘာဝရှိတာကြောင့် မိုးသည်းထန်စွာ ခဏတဖြုတ် ရွာခြင်းမဟုတ်ဘဲ မိုးဖွဲဖွဲ သို့မဟုတ် မိုးအေးအေးဖြင့် တစ်နေကုန် တစ်ညလုံး မပြတ်ရွာသွန်းတတ်တဲ့ ကာလမျိုးလည်းဖြစ်ပါတယ်။အေးမြစိမ်းလန်းတဲ့ မိုးရနံ့ နှင့် အတူ (၇) ရက် သား၊သမီး အပေါင်း အစစ ၊ အရာရာ အဆင်ပြေချောမွေ့ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဗဟုသုတတွေကို အချိန်နှင့်တပြေးညီ သိရဖို့ Sarphat Channel Link ကို Join ထားနိုင်ပါပြီ။

https://www.messenger.com/channel/sarphat.mm

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

See less

Inside every human being there are treasures to unlock. လူတိုင်းရဲ့ ကိုယ်ခန္ဓာထဲမှာ ထုတ်မသုံးရသေးတဲ့ ရတနာသိုက်ရှိတယ်။ __...
31/08/2026

Inside every human being there are treasures to unlock.

လူတိုင်းရဲ့ ကိုယ်ခန္ဓာထဲမှာ ထုတ်မသုံးရသေးတဲ့ ရတနာသိုက်ရှိတယ်။

___Mike Huckabee.

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

“ နှလုံးသားအတွက် စာဖတ်ပါ ၊ ဦးနှောက်အတွက် ဆွေးနွေးပါ ”🌟သတင်းအချက်အလက်များနှင့် နည်းပညာတွေ ထွန်းကားလာတဲ့ ဒီနေ့ခေတ်ကြီးထဲမှ...
30/08/2026

“ နှလုံးသားအတွက် စာဖတ်ပါ ၊ ဦးနှောက်အတွက် ဆွေးနွေးပါ ”

🌟သတင်းအချက်အလက်များနှင့် နည်းပညာတွေ ထွန်းကားလာတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ အသိပညာတွေနောက်ကို စီးမျှောရင်း ကျွန်မတို့ရဲ့ စိတ်ဝိဉာဉ်တွေ ခြောက်သွေ့မသွားဖို့ အရေးကြီးပါတယ်။ အသိဉာဏ်လည်း ထက်မြက်ခြင်း၊ စိတ်ထားလည်း နူးညံခြင်း နဲ့ ပြည့်စုံစေပြီး စမတ်ကျတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ဆိုရင် 'နှလုံးသား' ရော 'ဦးနှောက်' ပါ တွေးတောခံစားတတ်ဖို့ လိုအပ်ပါတယ်။စာဖတ်ခြင်းက သင့်နှလုံးသားကို ပိုမိုနူးညံ့သိမ်မွေ့လာစေပြီး၊ စစ်မှန်တဲ့ ဆွေးနွေးငြင်းခုံခြင်းက သင့်ဦးနှောက်ကို ပိုမိုထက်မြက်လာစေပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ Sarphat ပရိသတ်ကြီးအတွက် မိမိရဲ့ အတွေးအမြင်နဲ့ ခံယူချက်တွေကို ပိုမိုမြင့်မားလာစေမယ့် "ဘဝအမြင်သစ် (၂) ချက်"အကြောင်းကို မျှဝေပေးလိုက်ပါတယ်ရှင်။

၁။ နှလုံးသားအတွက် စာဖတ်ပါ

✅စာဖတ်တဲ့အခါ ကျွန်မတို့ဟာ မိမိတို့ကိုယ်တိုင် မကြုံဖူးတဲ့ ဘဝများ ၊စာရေးဆရာများစွာရဲ့ ခံစားချက်နဲ့ စိတ်ဝိဉာဉ်တွေကို စာမျက်နှာတွေကတစ်ဆင့် နက်နက်ရှိုင်းရှိုင်း ထိတွေ့ခံစားခွင့် ရကြပါတယ်။ စာပေဟာ ခြောက်သွေ့နေတဲ့ နှလုံးသားကို စိုပြေလာစေပြီး သူတစ်ပါးအပေါ် စာနာနားလည်ပေးနိုင်စွမ်း ကိုလည်း တိုးပွားလာစေပါတယ်။ နှလုံးသားအတွက် စာဖတ်ခြင်းဟာ သင့်ကို ပိုမိုရင့်ကျက်ပြီး မေတ္တာတရားကြီးမားတဲ့ လူသားတစ်ယောက် ဖြစ်လာအောင် ပုံဖော်ပေးနိုင်တာ ဖြစ်ပါတယ်။

၂။ ဦးနှောက်အတွက် ဆွေးနွေးပါ

✅စာဖတ်ရုံသက်သက်နဲ့တင် မလုံလောက်သေးပါဘူး။ မိမိတို့ ဖတ်ထား၊မှတ်ထားတဲ့ ဗဟုသုတတွေကို အခြေခံပြီး သူတစ်ပါးနဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း ဟာလည်း သင့်ရဲ့ ဦးနှောက်ကို ပိုမိုပွင့်လန်းစေတာ ဖြစ်ပါတယ်။ ကိုယ်နဲ့မတူတဲ့ အတွေးအမြင်တွေကို နားထောင်ရင်း၊ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ပြန်လည်ဆန်းစစ်ရင်းနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း ( Critical Thinking ) တွေ တိုးတက်လာတတ်ပါတယ်။ စစ်မှန်တဲ့ ဆွေးနွေးမှုဟာ ဦးနှောက်ကို ပိုပြီး ထက်မြက်၊ မြန်ဆန်ပြီး ကျယ်ပြန့်လာအောင် မောင်းနှင်ပေးတဲ့ စွမ်းအားတစ်ခုပဲ ဖြစ်ပါတယ်။

💯ဘဝရဲ့ စိန်ခေါ်မှုများနှင့်ထိုးနှက်ချက်တွေကို ထိန်းညှိနိုင်တဲ့ လူသားတစ်ယောက်အဖြစ် ရှင်သန်ဖို့ဆိုရင် နှလုံးသားရဲ့ အလှတရားရော၊ ဦးနှောက်ရဲ့ ထက်မြက်မှုပါ ဟန်ချက်ညီနေဖို့ လိုအပ်ပါတယ်။ စာဖတ်ခြင်းဖြင့် သင့်နှလုံးသားကို အေးချမ်းရင့်ကျက်အောင် တည်ဆောက်ပါ၊ အသိပညာရှင်တွေနဲ့ ဆွေးနွေးခြင်းဖြင့် သင့်ဦးနှောက်ကို အမြဲတမ်း ထက်မြက်နေအောင် သွေးလိုက်ပါ။ ယနေ့ကစပြီး နှလုံးသားရော ဦးနှောက်ပါ ထက်မြက်ပြီး သဘောထားပြည့်ဝတဲ့ ဘဝပိုင်ရှင်အဖြစ် ကြိုးစားတည်ဆောက်ပြီး နေထိုင်သွားကြရအောင်လားရှင်။

📢 အပတ်စဉ်တိုင်း အခုလိုမျိုး မိမိကိုယ်ကိုယ် တိုးတက်စေမည့် စိတ်ဓာတ်ခွန်အားဖြစ်ဖွယ် ဆောင်းပါးကောင်းတွေ ဖတ်ရှုဖို့ Sarphat ကို Follow လုပ်ထားနိုင်ပါပြီ။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

#နှလုံးသားအတွက်စာဖတ်ပါ

လူမှုဆက်ဆံရေးနှင့် အောင်မြင်မှု၏သော့ချက်ရှင် ( Dale Carnegie )" လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ စက်မှုလက်မှုဆိုင်ရာ အတတ်ပညာ...
27/08/2026

လူမှုဆက်ဆံရေးနှင့် အောင်မြင်မှု၏သော့ချက်ရှင် ( Dale Carnegie )

" လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ စက်မှုလက်မှုဆိုင်ရာ အတတ်ပညာတွေအပြင် လူမှုဆက်ဆံရေး နှင့် စကားပြောစွမ်းရည်ပေါ်မှာ ၁၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ အချိုးကျ မှီနေတယ် " လို့ လမ်းညွှန်ခဲ့သူကတော့ ကမ္ဘာကျော် စာရေးဆရာကြီး Dale Carnegie ပဲ ဖြစ်ပါတယ်။

သူဟာ စကားပြောနည်းစနစ်များ၊ အောင်မြင်ရေးနှင့် လူမှုဆက်ဆံရေးဆိုင်ရာ သင်တန်းများ၏ ဖခင်ကြီးဖြစ်ပြီး သူရေးသားခဲ့သည့် စာအုပ်များဟာလည်း ယနေ့ထက်တိုင် ကမ္ဘာတစ်ဝန်း အရောင်းရဆုံးစာအုပ်စာရင်းတွင် ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဒေးလ် ကာနီဂျီကို အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ်၏ ဆင်းရဲ နွမ်းပါးသော တောင်သူလယ်သမား မိသားစုမှ ၁၈၈၈ ခုနှစ်တွင် မွေးဖွားခဲ့တာပါ။ ငယ်စဉ်က မနက် ၃ နာရီခွဲတွင် အိပ်ရာထ နွားနို့ညှစ်ပြီးမှ ကျောင်းတက်ခဲ့ရသလို၊ ကောလိပ်ကျောင်း တက်ရောက်ချိန်တွင်လည်း အဝတ်အစား မပြည့်စုံမှုကြောင့် အောက်ကျို့ ခဲ့ရဖူးသူ ဖြစ်ပါတယ်။

သို့သော် သူဟာ မိမိ၏ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲကာ စကားပြောကလပ် (Debating Club) များတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး စကားပြောစွမ်းရည်ကို လေ့ကျင့်ခဲ့ပါတယ်။ နောက်ပိုင်းတွင် YMCA အသင်းကြီး၌ ညနေပိုင်း စကားပြောနည်း သင်တန်းများ စတင်ပို့ချရာမှ လူကြိုက်များလာခဲ့ပြီး ကမ္ဘာကျော် Dale Carnegie Course အဖြစ် အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပါတယ်။

📢ဒေးလ် ကာနီဂျီ ရေးသားခဲ့သည့် စာအုပ်များအနက် မြန်မာနိုင်ငံမှာလည်း ဘာသာပြန်လက်ရာများစွာဖြင့် ထိတွေ့ဖတ်ရှုဖူးကြသည့် အထင်ကရ စာအုပ်တွေကတော့ -

* How to Win Friends and Influence People ( 1936 ) :

🔹ကမ္ဘာပေါ်တွင် စာအုပ်စောင်ရေ သန်း 30 ကျော် ရောင်းချခဲ့ရပြီး လူမှုဆက်ဆံရေးနယ်ပယ်၏ ကျမ်းစာဟု တင်စားခံရသော စာအုပ်ဖြစ်သည်။ မြန်မာဘာသာသို့ "အပေါင်းအသင်းတိုးဖို့ စကားပြောနည်း" သို့ "မိတ်ဆွေတိုးနည်းနှင့် လွှမ်းမိုးနိုင်သောနည်းများ" အဖြစ်လည်း ပြန်ဆိုကြပါတယ်။

* How to Stop Worrying and Start Living (1948 ):

🔹သောကနှင့် စိတ်ဖိစီးမှုများကို မည်သို့ရင်ဆိုင်ကျော်လွှားရမည်ကို လက်တွေ့ကျကျ လမ်းညွှန်ထားသည့် စာအုပ်ဖြစ်ပြီး မြန်မာဘာသာသို့ "သောကကင်းဝေး နေနိုင်ရေး” စသည်ဖြင့် အသီးသီး ဘာသာပြန်ဆိုခဲ့ကြပါတယ်။

* The Quick and Easy Way to Effective Speaking:

🔹လူထုရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုနိုင်ရန်နှင့် မိမိ၏ အတွေးအခေါ်များကို ထိရောက်စွာ ပေးပို့နိုင်ရန် လမ်းညွှန်ထားသည့် စကားပြောနည်းစနစ် စာအုပ်ဖြတယ်။

🌟ဒေးလ် ကာနီဂျီထံမှ အတုယူစရာကောင်းသည့် အချက်တွေကတော့-

1) ဆင်းရဲဒုက္ခကို တွန်းအားအဖြစ် ပြောင်းလဲခြင်း

✅သူသည် မိသားစု ဆင်းရဲနွမ်းပါးမှုနှင့် ကျရှုံးမှုများစွာကို အကြောင်းပြကာ လက်မှိုင်မချခဲ့ဘဲ၊ မိမိကိုယ်ကိုယ် တိုးတက်စေမည့် စကားပြောအတတ်ပညာကို ဇွဲနက်နက်ဖြင့် လေ့ကျင့်နိုင်ခဲ့သူ ဖြစ်ပါတယ်။

2) သူတစ်ပါးကို စာနာနားလည်ခြင်း

✅သူ့၏ သီအိုရီများ၏ အဓိက မဏ္ဍိုင်မှာ မိမိအတ္တကို ရှေ့မတင်ဘဲ တစ်ဖက်လူ၏ ရှုထောင့်မှ ဝင်ရောက်ကြည့်ရှုခြင်းနှင့် စိတ္တဇအတ္တကို အသိအမှတ်ပြုပေးခြင်းတို့ ဖြစ်ပါတယ်။

3) လက်တွေ့ကျသော ဘဝအမြင်

✅စက္ကူပေါ်မှ သီအိုရီသက်သက် မဟုတ်ဘဲ လူထုနှင့် တိုက်ရိုက်ထိတွေ့ရာမှ ရရှိလာသော အတွေ့အကြုံများကို အခြေခံ၍ မည်သူမဆို လက်တွေ့ကျင့်သုံးနိုင်သည့် နည်းလမ်းများကို ချပြခဲ့ခြင်း ဖြစ်ပါတယ်။

4) တိတ်ဆိတ်သော သောကများကို အောင်နိုင်ခြင်း

✅လူတိုင်း ကြုံတွေ့ရသည့် မရေရာသော သောကများကို "အတိတ်အတွက် မနောင်တရဘဲ၊ ဒီနေ့ တစ်နေ့တာအတွက်သာ အကောင်းဆုံး ယှဉ်ပြိုင်ပါ" ဆိုသည့် "Day-tight Compartments" နည်းလမ်းဖြင့် ရင်ဆိုင်ရန် သင်ကြားပေးခဲ့ပါတယ်။ဒေးလ် ကာနီဂျီဟာ သာမန် လယ်သမားဘဝမှသည် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ၏ ဘဝများကို ပြောင်းလဲပေးနိုင်ခဲ့သည့် စံပြပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူ၏ သင်ကြားချက်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နီးပါးက ရေးသားခဲ့သော်လည်း ယနေ့ခေတ် လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်ခေတ်တွင်ပင် ပိုမိုအရေးပါနေဆဲ ဖြစ်ပါတယ်။

📢 အပတ်စဉ်တိုင်း အခုလိုမျိုး ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းနဲ့ မိမိကိုယ်ကိုယ် တိုးတက်စေမယ့် သုတအဖြာဖြာကို ဖတ်ရှုဖို့ Sarphat ကို Follow လုပ်ထားနိုင်ပါပြီ။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

#မိတ်ဆွေတိုးနည်း #အောင်မြင်ရေးအတတ်ပညာ

" ၅၀/၃၀/၂၀ ငွေခွဲဝေသုံးစွဲခြင်း နည်းဗျူဟာ " 💵ငွေကြေး လွတ်လပ်ခွင့်ဆိုတာ ဝင်ငွေအမြောက်အမြားရတာထက် "ငွေကို စနစ်တကျ စီမံခန့်...
24/08/2026

" ၅၀/၃၀/၂၀ ငွေခွဲဝေသုံးစွဲခြင်း နည်းဗျူဟာ "

💵ငွေကြေး လွတ်လပ်ခွင့်ဆိုတာ ဝင်ငွေအမြောက်အမြား
ရတာထက် "ငွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း" ပေါ်မှာ အဓိက မူတည်ပါတယ်။သင့်အနေနဲ့ ကိုယ့်ရဲ့ ပင်ပန်းမှုတွေ လုပ်အားတွေထည့်ထားသလောက် ရလာတဲ့ဝင်ငွေတွေကို လေလွင့်မှုမရှိပဲ ငွေကြေးစနစ်တကျ စီမံခန့်ခွဲပြီး စုဆောင်းလိုသူများအတွက် ၅၀/၃၀/၂၀ ငွေခွဲဝေသုံးစွဲနည်း စနစ်က အသုံးတည့်စေနိုင်မှာ အသေအချာပါပဲ။ တစ်လ ဝင်ငွေတွေ ဘယ်လောက်ပဲရရ လကုန်ရင် ငွေမကျန်လို့ စိတ်ညစ်နေရပါသလား။

🗣️ငွေကိုစနစ်တကျဖြင့် ကျစ်ကျစ်လစ်လစ် စီမံပြီး ကိုင်တွယ်လိုသူများနှင့် ငွေကိုဘယ်လိုစတင်စုဆောင်းခြင်း သို့ ငွေပွားလိုသူများအတွက် အလွယ်ကူဆုံး "၅၀/၃၀/၂၀ နည်းဗျူဟာ" ကို ချစ်ခင်လေးစားစွာဖြင့် မျှဝေပေးလိုက်ပါတယ်။

🌟ဒါဟာ မိမိရဲ့ လစဉ် ရရှိတဲ့ ဝင်ငွေ ( Net Income ) ကို အဓိက အပိုင်း (၃) ပိုင်း ခွဲဝေသုံးစွဲတဲ့ စနစ်ပဲ ဖြစ်ပါတယ်။

၁။ ၅၀% - (Needs) မရှိမဖြစ် လိုအပ်ချက်များအတွက်ပဲဖြစ်ပါတယ်။

🔹မိမိရရှိတဲ့ ဝင်ငွေရဲ့ ၅၀% ကို မရှိမဖြစ် ကုန်ကျမယ့် စရိတ်တွေအတွက် အဓိက သီးသန့်ဖယ်ထားရပါမယ်။ ဒါတွေဟာ မသုံးလို့ မရတဲ့ အရာတွေ ဖြစ်ပါတယ်။

✅ပါဝင်သည့်အရာများ - မီးဖိုး/ရေဖိုး/အင်တာနက်ဖိုး၊ စားသောက်စရိတ်၊ သွားလာရေးစရိတ်၊ ဆေးဝါးနှင့် ကျန်းမာရေး။

❗သတိပြုရန် - ဒီ ၅၀% ထက် ပိုကုန်နေရင် မိမိရဲ့ လူနေမှုစရိတ်ကို ပြန်လည်စိစစ်ဖို့ လိုအပ်နေပါပြီ။ တချို့ လျှော့ချလို့ရနိုင်သည့် အသုံးစရိတ်များရှိရင် သေချာစွာ စီစစ်ပြီး လျှော့ချရပါမယ်။

၂။ ၃၀% - (Savings & Debt) စုဆောင်းခြင်းနှင့် အနာဂတ်အတွက်

🔹အရေးကြီးဆုံး အပိုင်းဖြစ်တဲ့ ၃၀% ကိုတော့ ကိုယ့်ဝင်ငွေ ဝင်ရောက်လာတာနဲ့အမျှ လက်ခံရရှိတာနဲ့ ချက်ချင်း ဖယ်ထုတ်စုဆောင်းရပါမယ်။ လကုန်မှ ပိုမှစုမည်ဆိုပါက ဘယ်တော့မှ ကျန်လိမ့်မည်မဟုတ်ပါ။

✅ပါဝင်သည့်အရာများ -

၁) အရေးပေါ်ရန်ပုံငွေ (Emergency Fund) တည်ဆောက်ခြင်း

၂) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း (Investment)

❗သတိပြုရန် - လစာရရချင်း ဒီ ၃၀% ကို စုဘဏ်အကောင့် သို့ ငွေသားစုဆောင်းတတ်သူတွေအတွက် ငွေစု သေတ္တာ ထဲသို့ အရင်ဆုံး သီးသန့် ရွှေ့လိုက်ပါ ။

၃။ ၂၀% - (Wants) လိုချင်သည့် ဆန္ဒများအတွက်ပဲ ဖြစ်ပါတယ်။

🔹ဝင်ငွေရဲ့ ၂၀% ကိုတော့ မိမိဘဝကို ပျော်ရွှင်စေမယ့်၊ စိတ်ထွက်ပေါက်ဖြစ်စေမယ့် အရာတွေအတွက် သုံးစွဲနိုင်ပါတယ်။ ငွေစုတယ်ဆိုတာ ဒုက္ခခံတာမဟုတ်ဘဲ စနစ်တကျသုံးတာဖြစ်လို့ ဒီအပိုင်းက မိမိကိုယ်ကို ဆုလာဘ်ပေးတဲ့ အပိုင်းပါ။

✅ပါဝင်သည့်အရာများ - အပြင်ထွက်စားခြင်း၊ အထည်/အသုံးအဆောင်သစ်ဝယ်ခြင်း၊ ခရီးသွားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း သို့မဟုတ် ဝါသနာပါရာ အပန်းဖြေခြင်းများ ပဲ ဖြစ်ပါတယ်။

❗သတိပြုရန် - ဒါတွေဟာ မရှိရင်လည်း အသက်ဆက်ရှင်လို့ရတဲ့ အရာများဖြစ်လို့ ကိုယ့်အပေါ် မူတည်ပြီး မလိုအပ်သေးရင် ဒီအသုံးစရိတ်ကို ချိန်ပြီး လျှော့ချလို့ ရရင် လျှော့ ချနိုင် ရပါမယ်။

💯တစ်နှစ်ပတ်လုံး ဒီနည်းစနစ် နဲ့ စနစ်တကျ ဇွဲရှိရှိ၊စည်းကမ်းရှိရှိနဲ့ အသုံးချကြည့်ပါ မိတ်ဆွေ။သင့်ရဲ့ ငွေကြေးကိုင်တွယ်မှု ဟာ ပြီးခဲ့တဲ့ နှစ်တွေထက် ပိုမိုကျစ်လစ် စနစ်ကျလာစေမှာ သေချာပါတယ်။ လေလွင့်မူနည်းလာမယ်။ ငွေကို ကျွမ်းကျင်စွာ သေချာစီမံလာနိုင်လာမှာ အသေချာပါပဲ။ ‌ ငွေကြေး စီမံမှု လိုအပ်နေ သေးတယ်လို့ မိမိကိုယ်ကို ယူဆတယ်ဆိုရင် သင့်အနေနဲ့ ၅၀/၃၀/၂၀ နည်းလမ်းလေးနဲ့ စတင်ပြီး စမတ်ကျတဲ့ အနာဂတ်ကို တည်ဆောက်လိုက်ပါ။

📢 အပတ်စဉ်တိုင်း အခုလိုမျိုး အတွေးအမြင်ကောင်းတွေနဲ့ ဗဟုသုတရဖွယ်ရာအကြောင်းအရာကောင်းများစွာကို အမျိုးအစားစုံလင်စွာ ဖတ်ရှုဖို့ Sarphat ကို Follow လုပ်ထားနိုင်ပါပြီ။

ဗဟုသုတတွေကို အချိန်နှင့်တပြေးညီ သိရဖို့ Sarphat Channel Link ကို Join ထားနိုင်ပါပြီ။

https://www.messenger.com/channel/sarphat.mm

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

#ငွေကြေးစီမံခန့်ခွဲမှု

“ ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ့် တာဝန်ကို သင်မမေ့ပါနဲ့ ”🗣️ဘဝဆိုတာ အမြဲတမ်း ကိုယ့်ရည်မှန်းထားတဲ့ပန်းတိုင်တွေ ၊ စံနှုန်းတွေကို...
22/08/2026

“ ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ့် တာဝန်ကို သင်မမေ့ပါနဲ့ ”

🗣️ဘဝဆိုတာ အမြဲတမ်း ကိုယ့်ရည်မှန်းထားတဲ့ပန်းတိုင်တွေ ၊ စံနှုန်းတွေကို လိုက်မှီအောင် ပြေးလွှား၊ရုန်းကန်နေရတဲ့ ပြိုင်ပွဲတစ်ခုလိုပါပဲ။ အဲဒီလို ပြေးလွှားနေရတဲ့ကြားထဲမှာ လူတော်တော်များများဟာ ဘေးလူတွေ စိတ်ကျေနပ်ဖို့ ၊ သူတစ်ပါး အဆင်ပြေဖို့အတွက်ပဲ အမြဲတမ်း ရှေ့တန်းတင် စဉ်းစားပေးလေ့ရှိပြီး ကိုယ်တိုင်ရဲ့ စိတ်ချမ်းမြေ့မှုများ ၊ ပျော်ရွင်မှု ၊ စိတ်ပင်ပန်းမှုနဲ့ နာကျင်မှုတွေကိုတော့ ထည့်တွေးဖို့ အနောက်မှာ ချန်ထားခဲ့မိတတ်ကြပါတယ်။

🌟ဒါပေမဲ့ ကမ္ဘာကျော် ဒဿနိကဗေဒပညာရှင်ကြီး ( Soren Kierkgaard ) ကတော့

" ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ့် တာဝန်ကိုမမေ့ပါနဲ့ ။ "
( Do not forget your duty to love yourself ) ဟူ၍ ဆိုခဲ့ဖူးပါတယ်။

📣ဒီနေ့မှာတော့ Sarphat ပရိသတ်ကြီးအတွက် သူတစ်ပါးမျက်စိထဲ အဆင်ပြေအောင် နေထိုင်ရမည့်အစား မိမိကိုယ်ကိုယ် ဦးစွာအလေးပေးစဉ်းစားတတ်ပြီးချစ်ခင်မြတ်နိုးဖို့ ဘာကြောင့် လိုအပ်တာလဲဆိုတဲ့ အချက်အချို့ကို ချစ်ခင်လေးစားစွာဖြင့် မျှဝေပေးလိုက်ပါတယ်ရှင်။

၁။ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းက အတ္တ ( Ego ) မဟုတ်ပါ။

✅ ပတ်ဝန်းကျင်က လူအတော်များများဟာ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာ ၊ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတာကို အတ္တကြီးတယ်လို့ မှားယွင်းသတ်မှတ်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း (Self-love) ဆိုတာ အတ္တမဟုတ်ဘဲ ဘဝမှာ အသက်ရှင်နေထိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ "တာဝန် (Duty)" တစ်ခု ဖြစ်ပါတယ်။

၂။ နေ့ရက်တိုင်းရဲ့ ပထမဆုံး ဦးစားပေး ( First Priority ) ဖြစ်သင့်တာဟာ "သင်”ပါ။

✅ မနက်ခင်း နိုးထလာတဲ့အချိန်ကစလို့ ညအိပ်ရာဝင်တဲ့အထိ သင်ဟာ ဘေးလူတွေရဲ့ စိတ်ကျေနပ်မှု၊ မိသားစုရဲ့ လိုအပ်ချက်၊ အလုပ်ခွင်က ဖိအားတွေကိုပဲ ရှေ့တန်းတင်ပြီး ရှင်သန်နေမိသလား။ မှတ်ထားရမှာက နေ့ရက်တိုင်းမှာ ပထမဆုံး ဦးစားပေးပြီး ဂရုစိုက်ရမယ့်သူဟာ "သင်ကိုယ်တိုင်" ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သာယာမှု ရှိမှသာ ဘဝရဲ့ စိန်ခေါ်မှုများနှင့် အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါ။

၃။ သင့်နှလုံးသားထဲမှာ... သင်ကိုယ်တိုင်အတွက် နေရာပေးထားပါ။

✅ တစ်ခါတလေမှာ ကျွန်မတို့ဟာ သူတစ်ပါးရဲ့ အလိုမကျမှုတွေ၊ အပြစ်တင် ဝေဖန်စကားတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးပြီး စိတ်ပျက်အားလျော့တတ်ကြပါတယ်။ အခုအချိန်မှာ သင့်နှလုံးသားကို ပြန်လည်ဆန်းစစ်ကြည့်ပါ။

- သင့်စိတ်နဲ့ နလုံးသားအထဲမှာ သူတစ်ပါးရဲ့ အမြင်တွေနဲ့ပဲ ပြည့်နှက်နေသလား။

- သင်ကိုယ်တိုင်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို လက်ခံနားလည်ပေးတဲ့ " ကိုယ်ပိုင်နေရာလေး " ရှိနေပြီလား။

- ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးခြင်း၊ အသိအမှတ်ပြုပေးခြင်းကသာ သင့်နှလုံးသားထဲမှာ ကိုယ့်အတွက် နေရာပြန်ပေးခြင်း ဖြစ်ပါတယ်။

💯လောကကြီးမှာ သူတစ်ပါးကို ဂရုစိုက်ဖို့ ကြိုးစားနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်ပယ်ထားမိတာမျိုး မဖြစ်ပါစေနဲ့ ။ သင့်ဘဝရဲ့ ဇာတ်ကြောင်းမှာ သင်ဟာ အရံ မဟုတ်ဘဲ အဓိက ဇာတ်ဆောင်များပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ရဲ့ အမှားတွေကို ခွင့်လွှတ်ပါ၊ အောင်မြင်မှု သေးသေးလေးတွေကို ချီးကျူးပါ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ့် တာဝန်ကို အလေးအနက်ဆုံး ကျေပွန်အောင် ဖြည့်ဆည်းပေးလိုက်ရအောင်လားရှင်။

📢 အပတ်စဉ်တိုင်း အခုလိုမျိုး မိမိကိုယ်ကိုယ် တိုးတက်စေမယ့် စိတ်ဓာတ်ခွန်အားဖြစ်ဖွယ် ဆောင်းပါးကောင်းတွေ ဖတ်ရှုဖို့ Sarphat ကို Follow လုပ်ထားနိုင်ပါပြီ။

ဗဟုသုတတွေကို အချိန်နှင့်တပြေးညီ သိရဖို့ Sarphat Channel Link

https://www.messenger.com/channel/sarphat.mm

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

#ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

"တားဆေးအသိ မှန်ကန်၊ အမျိုးသမီးတို့၏ ကျန်းမာရေး ဘေးကင်းစေဖို့ ဧကန်"👩အမျိုးသမီးများ ကျန်းမာရေး ဘေးကင်းလုံခြုံဖို့အတွက် သား...
21/08/2026

"တားဆေးအသိ မှန်ကန်၊ အမျိုးသမီးတို့၏ ကျန်းမာရေး ဘေးကင်းစေဖို့ ဧကန်"

👩အမျိုးသမီးများ ကျန်းမာရေး ဘေးကင်းလုံခြုံဖို့အတွက် သားဆက်ခြား/တားဆေး အသိပညာ ဗဟုသုတ မှန်ကန်ရေးသည် မရှိမဖြစ် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုလည်းဖြစ်ပါတယ်။ သားဆက်ခြား/တားဆေး အသုံးပြုရာမှာ လူအများစုက ကလေးမရအောင် တားဆီးပေးတဲ့ ဆေးမျိုးတည်းလို့သာ ပြေးမြင်ကြလေ့ ရှိပါတယ်။ ဒါပေမဲ့ သားဆက်ခြား/တားဆေး တွေကို အသုံးပြုတဲ့ နည်းလမ်းနဲ့ ဆေးအမျိုးအစား ပေါ်မူတည်ပြီး ကျန်းမာရေးဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေဟာလည်း အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။

📢 ဒီနေ့မှာတော့ Sarphat ပရိသတ်ကြီးအတွက် အမျိုးသမီးများ ကျန်းမာရေး ဘေးကင်းလုံခြုံဖို့အတွက် သားဆက်ခြား/တားဆေး အသိပညာ၊ဗဟုသုတ မှန်ကန်ရေး သည် မရှိမဖြစ် အရေးကြီးပါတာကြောင့် ချစ်ခင်လေးစားစွာဖြင့် ဝေမျှပေးလိုက်ပါတယ်ရှင်။

၁။ အရေးပေါ် သန္ဓေတားဆေး (တစ်လုံးတည်း (သို့ ) နှစ်လုံးပါကတ်) ကို ရေရှည်သုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးများ

အရေးပေါ် သန္ဓေတားဆေး (Emergency Contraceptive Pills) များကို အရေးပေါ်အခြေအနေများတွင်သာ သုံးစွဲရန် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဤဆေးများကို ပုံမှန်တားဆေးအဖြစ် မကြာခဏ သောက်သုံးပါက -

✅ရာသီစက်ဝန်း ပုံမှန် မဖြစ်ခြင်းနှင့် ရာသီဓမ္မတာအလွန်အမင်းများခြင်း သို့မဟုတ် ထိခိုက်မှုရှိခြင်း၊
✅ဟော်မုန်း အပြောင်းအလဲကြောင့် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သား တင်းရင်းနာကျင်ခြင်း၊
✅ စိတ်မူမမှန်ခြင်းနှင့် စိတ်ဓာတ်ကျလွယ်ခြင်း စသည့် ကျန်းမာရေး ဆိုးကျိုးများကို ကြုံတွေ့ရနိုင်ပါတယ်။

❌ဒါကြောင့် အရေးပေါ်တားဆေးကို အကြိမ်ဖန်များစွာ သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

၂။ ပုံမှန်သောက်သုံးရသော သန္ဓေတားဆေးများ၏ ကျန်းမာရေး ကောင်းကျိုးများ

ပုံမှန် ရာသီစက်ဝန်းအတိုင်း (၂၁ ရက် သို့မဟုတ် ၂၈ ရက်ပါ) သောက်သုံးရသည့် သန္ဓေတားဆေးများသည် ကလေးရရှိမှုကို တားဆီးပေးရုံတင် မဟုတ်ဘဲ အမျိုးသမီးများ၏ ကျန်းမာရေးအတွက်လည်း အောက်ပါ ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါတယ်။

✅ ရာသီစက်ဝန်း မှန်ကန်စေခြင်း : ရာသီမမှန်သည့် အမျိုးသမီးများအတွက် ရာသီစက်ဝန်းကို ပုံမှန်ဖြစ်အောင် ကူညီပေးပါတယ်။
✅ရာသီလာစဉ် ကိုက်ခဲမှုကို လျှော့ချပေးခြင်း : ရာသီလာစဉ် ဗိုက်အောင့်၊ ဗိုက်နာခြင်းနှင့် သွေးဆင်းများခြင်းများကို သက်သာစေပါတယ်။
✅ ရာသီသွေးဆင်း လွန်ကဲခြင်းကို လျှော့ချပေးခြင်း : ရာသီသွေးဆင်းများသူများတွင် သွေးဆင်းပမာဏကို လျှော့ချပေးသဖြင့် သွေးအားနည်းရောဂါ (Anemia) ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါသည်။
✅ သားအိမ်နှင့် မမျိုးဥအိမ် ကင်ဆာရောဂါများကို ကာကွယ်ပေးခြင်း : ရေရှည် စနစ်တကျ သောက်သုံးပါက မမျိုးဥအိမ် ရေအိတ်တည်ခြင်း (PCOS) ကို အထောက်အကူပြုပြီး သားအိမ်ကင်ဆာနှင့် မမျိုးဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။PCOS ရှိသူများတွင် ဟော်မုန်းပမာဏကို ညီမျှစေပြီး ရာသီမှန် စေပါသည်။
✅ဝက်ခြံနှင့် ဟော်မုန်းပြဿနာများကို သက်သာစေခြင်း : ဟော်မုန်းကြောင့်ဖြစ်သည့် ဝက်ခြံများကို လျှော့ချပေးနိုင်ပြီး သိသိသာသာ သက်သာစေပါတယ်။

💡သန္ဓေတားဆေးများသည် သင့်လျော် မှန်ကန်စွာ အသုံးပြုတတ်ပါက အမျိုးသမီးတို့၏ ကျန်းမာရေးအတွက် များစွာ အကျိုးပြုနိုင်သလို၊ လွဲမှားစွာ အသုံးပြုပါကလည်း ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိမိနှင့် ကိုက်ညီမည့် သန္ဓေတားနည်းလမ်းကို ဆရာဝန် သို့မဟုတ် ကျန်းမာရေးကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ စနစ်တကျ ရွေးချယ်သုံးစွဲသင့်ပါတယ်။

📢 အပတ်စဉ်တိုင်း အခုလိုမျိုး အမျိုးသမီး ကျန်းမာရေး ဗဟုသုတများနှင့် မိမိကိုယ်ကိုယ် တိုးတက်စေမည့် အကြောင်းအရာကောင်းများ ဖတ်ရှုဖို့ Sarphat ကို Follow လုပ်ထားနိုင်ပါပြီ။

ဗဟုသုတတွေကို အချိန်နှင့်တပြေးညီ သိရဖို့ Sarphat Channel Link

https://www.messenger.com/channel/sarphat.mm

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

#အမျိုးသမီးကျန်းမာရေး #သန္ဓေတားဆေးအသိ #ကျန်းမာရေးဗဟုသုတ

"အရှုံးမပေးတဲ့ နှလုံးသား၊ လေးစားရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့အားကစား။"🌟ကြိုးဝိုင်းရဲ့ အလယ်၊ ဒေါင်းတံဆိပ်ပါတဲ့ ဘောင်းဘီတိုကို...
19/08/2026

"အရှုံးမပေးတဲ့ နှလုံးသား၊ လေးစားရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့အားကစား။"

🌟ကြိုးဝိုင်းရဲ့ အလယ်၊ ဒေါင်းတံဆိပ်ပါတဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး လက်အိတ်မဲ့ လက်သီးဆုပ်တွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတဲ့ ကစားသမားနှစ်ဦး နှင့်အတူ လဲကျသွားတိုင်း ပြန်ထနိုင်တဲ့ ကြံ့ကြံ့ခံနိုင်သည့် အားမာန်တွေ၊ သိက္ခာရှိရှိ ဝင့်ကြွားနိုင်တဲ့ မြန်မာ့သွေးတွေရဲ့ ရဲရင့်မှုကို ထင်ရှားစွာတွေ့မြင်ရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့အားကစား နည်းတစ်ခုဖြစ်ပါတယ်။၊ မြန်မာလူမျိုးတွေရဲ့ သွေးသားထဲ၊ ဝိဉာဉ်ထဲအထိ ရာစုနှစ်ပေါင်းများစွာ ကိန်းအောင်းနေတဲ့ မြန်မာ့ရိုးရာကိုယ်ခံပညာတစ်ခု အဖြစ် အသိအမှတ်ပြုထားကြတာ သေချာပါတယ်။

📣 ဒီတစ်ခါမှာတော့ Sarphat ပရိသတ်ကြီးအတွက် မြန်မာ့သမိုင်းရဲ့ ရဲရင့်မှုတွေကနေ ကမ္ဘာ့အလယ်အထိ ဟိန်းစေခဲ့တဲ့ မြန်မာတို့ရဲ့ မြန်မာ့ရိုးရာလက်ဝှေ့အကြောင်းကို အသေးစိတ် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

⚜️ ပုဂံထက် ရှေးကျသော ပျူခေတ်ဦးမှ မြစ်ဖျားခံလာခဲ့သော မြန်မာ့လက်ဝှေ့သမိုင်းဟာ ပုဂံခေတ်မှ စတင်တာမဟုတ်ဘဲ အေဒီ (၁) ရာစုကနေ (၉) ရာစုအထိ ထွန်းကားခဲ့တဲ့ ပျူခေတ် ကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ရှေးဟောင်းပျူမြို့တော်ဟောင်းတွေ ( ဥပမာ- ဟန်လင်း၊ သရေခေတ္တရာ ) ကနေ တူးဖော်ရရှိခဲ့တဲ့ ရှေးဟောင်းအနုပညာလက်ရာတွေ၊ မြေထည်တွေနဲ့ ကြေးရုပ်တုငယ်တွေထဲမှာ ခါးတောင်းကျိုက်ပြီး လက်ဝှေ့ထိုးနှက်နေတဲ့ကစားသမားပုံစံတွေ ကို အထင်အရှား တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ မြန်မာ့လက်ဝှေ့ပညာရပ်ဟာ နှစ်ပေါင်းကြာမြင့်ပြီး သက်တမ်းရှိပြီးသား ဖြစ်ကြောင်း သက်သေပြနေတဲ့အစောဆုံး အထောက်အထားပဲ ဖြစ်ပါတယ်။

⚜️ သမိုင်းတစ်လျှောက် မင်းခမ်းမင်းနားနှင့် ပျူခေတ်ကနေ ပုဂံ၊ အင်းဝ၊ကုန်းဘောင်ခေတ်အထိ ရောက်လာတဲ့အခါ လက်ဝှေ့ဟာ သာမန်အားကစားတစ်ခုတင် မဟုတ်တော့ဘဲ အရေးပါတဲ့ မြန်မာ့ရိုးရာအမွေနှစ် ကိုယ်ခံပညာရပ်တစ်ခု ဖြစ်လာပါတယ်။ ဘုရင်တွေ၊ စစ်သူကြီးတွေဟာ ရဲမက်တွေကို လက်နက်မဲ့ တိုက်ခိုက်ရေး အရည်အချင်းရှိစေဖို့ တွန်းအားပေးလေ့ကျင့်စေခဲ့ပြီး နန်းတွင်းအလှူအတန်းတွေ၊ မင်းခမ်းမင်းနားတွေမှာ ဘုရင်ကိုယ်တိုင် ရှေ့တော်မှောက်ကနေ ပွဲကြည့်ကာ ဆုလာဘ်တွေ ချီးမြှင့်တဲ့အထိ အလေးအမြတ်ထားခြင်း ခံခဲ့ရပါတယ်။

⚜️ လက်ဝှေ့၏ အငွေ့သက်စစ်စစ် မြန်မာ့လက်ဝှေ့ကို ယနေ့တိုင် ပျောက်ပျက်မသွားအောင် ထိန်းသိမ်းပေးခဲ့တဲ့ တကယ့်အသက်သွေးကြောကတော့ "မြေဝိုင်းလက်ဝှေ့" ဓလေ့ပဲ ဖြစ်ပါတယ်။ ရှေးယခင်က ကြိုးဝိုင်းတွေ၊ ဆိုင်းဘုတ် စတာတွေ မရှိပါဘူး။ ကျေးရွာတွေမှာ ဘုရားပွဲ၊ အလှူပွဲ၊ ကထိန်ပွဲတွေ လုပ်ပြီဆိုရင် မြေပြင်ကွင်းပြင်မှာပဲ သဲတွေခင်း၊ လူတွေက ဝိုင်းဖွဲ့ထိုင်ပြီး ဝိုင်းအုံကြည့်ကြရာကနေ "မြေဝိုင်း" လို့ ခေါ်တွင်ခဲ့တာပါ။

✅ ကန်တော့ပွဲပေး စိန်ခေါ်ခြင်း : ထိုးနှက်ချင်တဲ့သူက ကွင်းလယ်မှကန်တော့ပွဲ သို့ လာကိုင်ပြီး မိမိနဲ့ ထိုးမယ့်သူကို စိန်ခေါ်ရပါတယ်။

✅ အတားအဆီးမရှိ ရိုးရှင်းမှု : ဒိုင်လူကြီးကလည်း အဆုံးအဖြတ်သတ်မှတ်သည့်အခါတွေမှာ အချိန်တိုင်းကိရိယာ စတာတွေမရှိလို့ မောင်း ကိုသုံးကာ အချိန်သတ်မှတ်ကြပါတယ်။ အကာအကွယ်ဆိုလို့ လျှော်ကြိုး သို့မဟုတ် အဝတ်စကို လက်မှာပတ်၊ ခါးတောင်းကျိုက်ပြီး သွေးချင်းချင်းနီအောင် အားမာန်အပြည့်နဲ့ ထိုးနှက်ကြတဲ့ လူထုအခြေပြု ရိုးရာစစ်စစ် ဖြစ်ပါတယ်။

⚜️ ကမ္ဘာပေါ်မှာ ရှိသမျှ လက်ဝှေ့ပညာရပ်တွေထဲမှာ မြန်မာ့လက်ဝှေ့က အပြင်းထန်ဆုံး ဖြစ်နေရခြင်းက လက်သီး၊ တံတောင်၊ ဒူး၊ ခြေထောက် နှစ်ဖက်စလုံးအပြင် "ဦးခေါင်းတိုက်ခြင်း"လည်း ပါဝင်ပါတယ်။ ဒါကြောင့် "ခြေလက်ကိုးပါး အားကစား" လို့ လူသိများပြီး ပြိုင်ဘက်ကို အလဲထိုးနိုင်မှသာ အနိုင်ရမယ့် စည်းမျဉ်းဖြစ်လို့ ကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဇွဲ ၊ သတ္တိကို အမြင့်ဆုံး စမ်းသပ်ကြတဲ့ ပညာရပ် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့သမားများ၏ ရင်ဘတ်ထဲတွင် လဲကျသွားလျှင် ပြန်ထမည်၊ နာကျင်လျှင် ပို၍ အားထည့်မည်ဆိုသည့် အရှုံးမပေးသော နှလုံးသား ကိန်းဝပ်နေသည်။ ဒဏ်ရာ ဒဏ်ချက်များကြားမှ အဆုံးအထိ စိန်ခေါ်တိုက်ခိုက်သည့် ကစားသမားတို့၏ ဇွဲနှင့် သတ္တိမှာ ပရိသတ်များ၏ ရင်ကို လှုပ်ခတ်စေဆန်းပင် ဖြစ်သည်။

⚜️ မြေဝိုင်းမှသည် ကမ္ဘာက လေးစားရသည့် နိုင်ငံတကာစင်မြင့်ဆီသို့ ရည်ရွယ်၍ ၁၉၅၃ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ပေါ်ပေါက်လာပြီး စည်းမျဉ်းတွေ စနစ်တကျ သတ်မှတ်ကာ မြေဝိုင်းကနေ ကြိုးဝိုင်းစင်မြင့်ထက်ကို စတင်တက်လှမ်းနိုင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ကမ္ဘာတစ်ဝှမ်းက MMA ချန်ပီယံတွေ၊ Muay Thai သမားတွေကပါ မြန်မာ့လက်ဝှေ့ရဲ့ ခံနိုင်ရည်နဲ့ ပြင်းထန်တဲ့ စွမ်းပကားကို လာရောက်စိန်ခေါ် ယှဉ်ပြိုင်ကြရတဲ့အထိ ရပ်တည်နေပြီ ဖြစ်ပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့သည် ဒေသတွင်း သိုင်းပညာတစ်ခုတည်း မဟုတ်တော့ဘဲ ကမ္ဘာ့ MMA နှင့် Muay Thai အသိုင်းအဝိုင်းကပါ လေးစားအတုယူရသည့် ကမ္ဘာ့အဆင့် ကိုယ်ခံပညာရပ်တစ်ခုအဖြစ် သက်ဆိုင်ဆက်နွှယ်နေလျက်ရှိနေပါတယ်။

⚜️ ပျူခေတ် မြေထည်ရုပ်တုလေးတွေကနေ စတင်ခဲ့ပြီး ကျေးလက်မြေဝိုင်းတွေရဲ့ ရုန်းကန်မှုကြားကနေ ကမ္ဘာ့စင်မြင့်အထိ ရောက်ရှိလာတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ဟာ မြန်မာလူမျိုးတို့ရဲ့ ဇာတိမာန်နဲ့ အလျှော့မပေးတဲ့ " မြန်မာ့စိတ်ဓာတ်" ရဲ့ သက်သေပြမှုတစ်ခုပါပဲ။ ဘဝမှာလည်း လောကဓံရဲ့ ရိုက်ခတ်မှုတွေကြောင့် ဘယ်နှစ်ကြိမ်ပဲ လဲကျပါစေ၊ မြေဝိုင်းထဲက လက်ဝှေ့သမားတွေလိုပဲ အရှုံးမပေးတဲ့ နှလုံးသားနဲ့ ပြန်ထပြီး ရဲရဲဝံဝံ ရင်ဆိုင်သွားကြရအောင်လားရှင်။

📢အပတ်စဉ်တိုင်း အခုလိုမျိုး ဗဟုသုတရဖွယ်ရာ ဆောင်းပါးကောင်းတွေ ဖတ်ရှုဖို့ Sarphat ကို Follow လုပ်ထားနိုင်ပါပြီ။

ဗဟုသုတတွေကို အချိန်နှင့်တပြေးညီ သိရဖို့ Sarphat Channel Link ကို Join ထားနိုင်ပါပြီ။

https://www.messenger.com/channel/sarphat.mm

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

မိုင်ပေါင်း ထောင်သောင်းချီတဲ့ခရီးကို  ခြေတစ်လှမ်းနဲ့ စတင်ရတယ်။A Journey of a thounsand miles begins with a single step. ...
17/08/2026

မိုင်ပေါင်း ထောင်သောင်းချီတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စတင်ရတယ်။

A Journey of a thounsand miles begins with a single step.

_____ Lao Tzu.

ဗဟုသုတတွေကို အချိန်နှင့်တပြေးညီ သိရဖို့ Sarphat Channel Link ကို Join ထားနိုင်ပါပြီ။

https://www.messenger.com/channel/sarphat.mm

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက်”

Address

No. 10(B), MTP Condo, Near Than Lan Bus Stop, Hlaing Township
Yangon
11052

Alerts

Be the first to know and let us send you an email when SarPhat - စာဖတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category