SarPhat - စာဖတ်

SarPhat - စာဖတ် ဆောင်းပါးရေးမယ်၊ ဖတ်မယ်၊ ဝင်ငွေတိုးလာမယ့် မြန်မာနိုင်ငံမှ ပထမဦးဆုံး Social Publishing Platform

သီတင်းကျွတ်ပိတ်ရက်တွေလည်း လာတော့မှာဆိုတော့ အမှတ်တရတွေလည်း အများကြီးရှိမှာပေါ့...သီတင်းကျွတ်မှာ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုလေ...
03/10/2025

သီတင်းကျွတ်ပိတ်ရက်တွေလည်း လာတော့မှာဆိုတော့ အမှတ်တရတွေလည်း အများကြီးရှိမှာပေါ့...

သီတင်းကျွတ်မှာ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုလောက် ပြောပြပါဆိုရင်တော့ ဘာများဖြစ်နိုင်မလဲ?

Comment မှာ ပြောပြပြီး မျှဝေခဲ့ပါလား👇

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#သီတင်းကျွတ်

'ငါမဖြစ်နိုင်ဘူး' ဆိုတာ ဘယ်သောအခါမှမရှိပါဘူး။ကိုယ့်စိတ်ထဲ ဒီလိုစဥ်းစားမိနေသမျှတော့ ကိုယ့်လုပ်နိုင်စွမ်းကို ကန့်သတ်မိသွား...
08/09/2025

'ငါမဖြစ်နိုင်ဘူး' ဆိုတာ ဘယ်သောအခါမှမရှိပါဘူး။
ကိုယ့်စိတ်ထဲ ဒီလိုစဥ်းစားမိနေသမျှတော့ ကိုယ့်လုပ်နိုင်စွမ်းကို ကန့်သတ်မိသွားသလိုပါပဲ။

အကြောင်းပြချက်တွေ၊ ဆန့်ကျင်ချင်နေတဲ့ အတွေးတွေကသာ ကိုယ်သွားမယ့်လမ်းကို ပိတ်ဆို့ထားတာ ဖြစ်ပါလိမ့်မယ်။

𝗠𝗼𝘁𝗶𝗠𝗼𝗻𝗱𝗮𝘆 ဆိုတဲ့ အစီအစဥ်ကနေ အပတ်စဥ် တနင်္လာနေ့တိုင်း လူငယ်တို့ စိတ်ခွန်အားဖြစ်စရာ ကျော်ကြားထင်ရှားသူများပြောခဲ့တဲ့ ဆိုရိုးစကားတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပြီနော်။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#စိတ်ခွန်အား

အောင်မြင်တယ်ဆိုတာ ကိုယ်ရဲ့တန်ဖိုးကို အသိအမှတ်ပြုခြင်းပါ။ဒါကြောင့် အသိအမှတ်ပြုခံရဖို့ မကြိုးစားပါနဲ့၊ တန်ဖိုးရှိဖို့သာ ကြ...
01/09/2025

အောင်မြင်တယ်ဆိုတာ ကိုယ်ရဲ့တန်ဖိုးကို အသိအမှတ်ပြုခြင်းပါ။

ဒါကြောင့် အသိအမှတ်ပြုခံရဖို့ မကြိုးစားပါနဲ့၊ တန်ဖိုးရှိဖို့သာ ကြိုးစားပါ💪

Albert Einstein ရဲ့ ဒီဆိုရိုးစကားနဲ့အတူ အတ္တကြီးတဲ့အောင်မြင်မှုထက်၊ အားလုံးကို ကောင်းကျိုးပြုတဲ့တန်ဖိုးတစ်ခု ရရှိလာအောင် ဦးစားပေးဖို့ လူငယ်တွေအတွက် SarPhat ကလည်း တိုက်တွန်းချင်ပါတယ်။

𝗠𝗼𝘁𝗶𝗠𝗼𝗻𝗱𝗮𝘆 ဆိုတဲ့ အစီအစဥ်ကနေ အပတ်စဥ် တနင်္လာနေ့တိုင်း လူငယ်တို့ စိတ်ခွန်အားဖြစ်စရာ ကျော်ကြားထင်ရှားသူများပြောခဲ့တဲ့ ဆိုရိုးစကားတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပြီနော်။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#စိတ်ခွန်အား #အိုင်းစတိုင်း

𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ ပရိသတ်တွေ တောင်းဆိုလာတဲ့အတိုင်း Feature အသစ်အသစ်တွေထဲက Dark Mode နဲ့  Font Size တွေပြောင်းနိုင်အောင် ထည့်ပေး...
31/08/2025

𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ ပရိသတ်တွေ တောင်းဆိုလာတဲ့အတိုင်း Feature အသစ်အသစ်တွေထဲက Dark Mode နဲ့ Font Size တွေပြောင်းနိုင်အောင် ထည့်ပေးလိုက်ပါပြီ။

🌙ညဘက်တွေ စာဖတ်မယ်ဆိုရင် 𝗗𝗮𝗿𝗸 𝗠𝗼𝗱𝗲 ကိုဖွင့်ထားပြီးသုံးနိုင်သလို၊ 𝗟𝗶𝗴𝗵𝘁 𝗠𝗼𝗱𝗲 ကိုလည်း အချိန်မရွေး ပြန်ပြောင်းနိုင်မယ်။
📱ဖတ်ရတာ စာလုံးတွေသေးလို့ဆိုရင်လည်း 𝗙𝗼𝗻𝘁 𝗦𝗶𝘇𝗲 ကို အချိန်မရွေး ပြောင်းလဲနိုင်မယ်။

ဒီလိုမျိုး Feature အသစ်တွေကို အသုံးပြုနိုင်ဖို့ဆိုရင်တော့ Google Play Store နဲ့ App Store တို့မှာ Update တင်လိုက်ရုံပါပဲ။

Google Play Store မရတဲ့ အခြားဖုန်းအမျိုးအစားတွေအတွက် အောက်ပါလင့်ခ်👇 ကနေ တိုက်ရိုက် Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။
📲https://www.sarphat.com/get-sarphat-app

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်

မလိမ်နဲ့နော်။ "ရေးချ" ကြီး တကားကားနဲ့ မလိုတဲ့နေရာတွေမှာ ထည့်သုံးနေတာ ကြာပြီမလား။ဒါကြောင့် မလိုအပ်ဘဲ "ရေးချ" ထည့်ရေးရင် မ...
29/08/2025

မလိမ်နဲ့နော်။ "ရေးချ" ကြီး တကားကားနဲ့ မလိုတဲ့နေရာတွေမှာ ထည့်သုံးနေတာ ကြာပြီမလား။

ဒါကြောင့် မလိုအပ်ဘဲ "ရေးချ" ထည့်ရေးရင် မှားတတ်တဲ့စကားလုံးတွေကို SarPhat ရဲ့ ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်…

ပြထားတဲ့ စကားလုံးတွေအပြင် အတွေ့များတဲ့ နောက်ထပ်စကားလုံးတွေကတော့

✅သာမန် ❌သာမာန်
✅စကြဝဠာ ❌စကြာဝဠာ
✅ရလဒ် ❌ရလာဒ်
✅စံပယ်ပန်း ❌စံပါယ်ပန်း
✅လှည်းယဉ် ❌လှည်းယာဉ် တိုပဲဖြစ်ပါတယ်။

"ရေးချ" လိုပြောကြတဲ့ ‘ဝိုက်ချ (-ာ)’ နဲ့ ‘မောက်ချ (-ါ)’ အသုံးပြုရာမှာဆိုရင်လည်း ဘယ်ဗျည်းနဲ့တွဲရင် ဘယ်သင်္ကေတကို သုံးရမယ်ဆိုတာ မှားတတ်ကြပါသေးတယ်

အစဉ်အလာအရ မြန်မာဗျည်း (၃၃) လုံး ထဲက ‘ခ’ ‘ဂ’ ‘င’ ‘ဒ’ ‘ပ’ ‘ဝ’ ဆိုတဲ့ ဗျည်း (၆) လုံးကလွဲရင် ကျန်တဲ့ဗျည်းတွေအားလုံးမှာ ‘အာ’ သရ သင်္ကေတ နဲ့တွဲတဲ့အခါ ‘ဝိုက်ချ (-ာ)’ ကို သုံးရပါတယ်။

မြန်မာစကားလုံး အသုံးအနှုန်းတွေအတွက် ဗဟုသုတရစရာတွေကို အပတ်စဥ်ပြောပြပေးသွားမှာဖြစ်လို 𝗦𝗮𝗿𝗣𝗵𝗮𝘁 page ကို Like & Follow လုပ်ပြီး ဖတ်ရှုဖို့ မမေ့နဲ့နော်။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#အမှားအမှန် #ဝေါဟာရ #စကားလုံး #ရေးချ

Google ကနေ တိတ်တခိုးလေး ဖန်တီးနေတယ်လို့ သတင်းထွက်နေတဲ့ 𝗡𝗮𝗻𝗼 𝗕𝗮𝗻𝗮𝗻𝗮 𝗔𝗜 ကတော့ Creative Field ထဲက လူတွေကြားထဲမှာ မုန်တိုင်း...
28/08/2025

Google ကနေ တိတ်တခိုးလေး ဖန်တီးနေတယ်လို့ သတင်းထွက်နေတဲ့ 𝗡𝗮𝗻𝗼 𝗕𝗮𝗻𝗮𝗻𝗮 𝗔𝗜 ကတော့ Creative Field ထဲက လူတွေကြားထဲမှာ မုန်တိုင်းထန်နေပါတယ်❗

လက်ရှိ AI Image Editor တွေဖြစ်တဲ့ Adobe, Flux Kontext, SeedEdit, GPT-Image-1, Qwen, Hi-Dream အကုန်လုံး 𝗡𝗮𝗻𝗼 𝗕𝗮𝗻𝗮𝗻𝗮 လောက် ကောင်းအောင်မပြင်နိုင်ကြဘူးဆိုတာကိုတော့ ဝန်ခံကြရမှာပါပဲ။

အခုဆိုရင် TBH Lab တို့လို Content Creator တွေနဲ့ Marketing လောက၊ Creative Field ထဲကလူတွေကြားမှာ အရမ်းကို Popular ဖြစ်နေတဲ့ Nano Banana ကို Gemini App မှာပဲ 2.5 Flash ကို ရွေးပြီး စမ်းကြည့်နိုင်သလို 👉https://lmarena.ai/ မှာလည်း ဝင်သုံးကြည့်နိုင်ပါတယ်။

တကယ်ရော ဒီငှက်ပျောသီး AI က ကောင်းနေလို့? ဘာတွေများ ထူးခြားနေလို့လဲ? ဆိုတဲ့ အကြောင်းအရာကိုတော့ SarPhat Platform မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်👇

SarPhat တွင် အပြည့်အစုံဖတ်ရှုရန်
📲https://www.sarphat.com/articles/27337

#စာဖတ်

UC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica ဆိုတာ ဘယ်လိုလူမျိုးလဲ❓သူ့ရဲ့ သုတေသန ဓာတ်ခွဲခန်းကနေ Databric...
23/08/2025

UC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica ဆိုတာ ဘယ်လိုလူမျိုးလဲ❓

သူ့ရဲ့ သုတေသန ဓာတ်ခွဲခန်းကနေ Databricks နဲ့ Anyscale လို အောင်မြင်ကျော်ကြားတဲ့ Startup ကုမ္ပဏီကြီး (၄) ခုကို တည်ထောင်ပြီး ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိတဲ့ ဘီလီယံနာတစ်ယောက် ဖြစ်လာခဲ့သူပါ။

ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူဟာ စီးပွားရေးလောကထဲကို အချိန်ပြည့်မဝင်ဘဲ စာသင်ခန်းနဲ့ သူ့ရဲ့ကျောင်းသားတွေကို အခုထိ မစွန့်လွှတ်သေးပါဘူး။ ဘာကြောင့်များလဲ❓

သူ့ရဲ့ စိတ်ဝင်စားစရာ ဘဝဇာတ်ကြောင်းနဲ့ ဘယ်လိုအောင်မြင်ခဲ့လဲ၊ ဘာကြောင့်စာသင်ခန်းထဲကို ပြန်လာခဲ့တာလဲ၊ သူကဘယ်လိုလူမျိုးလဲဆိုတာ SarPhat Platform မှာ "အခမဲ့" ဖတ်ရှုနိုင်ပါပြီ👇

SarPhat တွင် အပြည့်အစုံဖတ်ရှုရန်
📲https://www.sarphat.com/articles/27318

#စာဖတ်
#ဘီလီယံနာ #တက္ကသိုလ် #စီးပွားရေး

တစ်ချိန်က Calculator တွေကို စသုံးတော့ လူတွေရဲ့ ခေါင်းနဲ့တွက်ချက်နိုင်စွမ်းကို ကျဆင်းစေတယ်လို့ ဝေဖန်ခဲ့ကြဖူးပါတယ်။ ဒီနေ့ခ...
22/08/2025

တစ်ချိန်က Calculator တွေကို စသုံးတော့ လူတွေရဲ့ ခေါင်းနဲ့တွက်ချက်နိုင်စွမ်းကို ကျဆင်းစေတယ်လို့ ဝေဖန်ခဲ့ကြဖူးပါတယ်။ ဒီနေ့ခေတ်မှာတော့ AI (Artificial Intelligence) ဟာ အဲဒီလို အခြေအနေမျိုးနဲ့ တစ်ကျော့ပြန် ရင်ဆိုင်နေရပါပြီ❗

လုပ်ငန်းခွင်ထဲကို AI ဝင်ရောက်လာတာဟာ ဝန်ထမ်းတွေအတွက် အင်မတန်အသုံးဝင်တဲ့ လက်ထောက်တစ်ယောက်လား၊ ဒါမှမဟုတ် လူ့ရဲ့ပင်ကိုယ်စဉ်းစားဉာဏ်ကို သတ်ပစ်မယ့် ရန်သူတော်ကြီးလားဆိုတဲ့ အငြင်းပွားမှုတွေဟာ နေရာတိုင်းမှာ ကျယ်လောင်စွာ ထွက်ပေါ်နေပါတယ်။

📲AI အပေါ် စိုးရိမ်သူတို့ရဲ့ အမြင်၊ AI က လက်ထောက်ကောင်းတစ်ယောက်လား၊ AI ကို အသုံးချတတ်သူဟာ အနာဂတ်မှာ ဘယ်လိုဖြစ်လာနိုင်မလဲ?

ဒီလို AI နဲ့ပတ်သက်ပြီး စိတ်ဝင်းစားဖို့ကောင်းတဲ့အကြောင်းအရာကို SarPhat မှာ "အခမဲ့" ဝင်ရောက်ဖတ်ရှုလိုက်ပါ👇

SarPhat တွင် အပြည့်အစုံဖတ်ရှုရန်
📲https://www.sarphat.com/articles/27317

#စာဖတ်

ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့က International Friendship Day ပါ။လူငယ်အရွယ်အမှတ်တရတွေထဲမှာ ခင်မင်ရတဲ့ သူငယ်ချင်းတွေက ဘဝရဲ့တစ်စိတ...
30/07/2025

ဒီနေ့ ဇူလိုင် ၃၀ ရက်နေ့က International Friendship Day ပါ။

လူငယ်အရွယ်အမှတ်တရတွေထဲမှာ ခင်မင်ရတဲ့ သူငယ်ချင်းတွေက ဘဝရဲ့တစ်စိတ်တစ်ပိုင်းလိုမျိုး ပါဝင်နေကြမှာ ငြင်းမရပါဘူး…

ချစ်ခင်မှုတွေကို တစ်ရက်လောက်ပဲဖြစ်ဖြစ် ပြန်အမှတ်တရရှိစေဖို့ ရည်ရွယ်ထားတဲ့ Friendship Day မှာ ကိုယ့်အပေါ် ကောင်းပြီး အချိန်ပေးတဲ့၊ တန်ဖိုးထားရတဲ့ သူငယ်ချင်းတွေကို မမေ့နဲ့နော်…

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#မိတ်ဆွေ #သူငယ်ချင်း

"မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး. . ."ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် (၉)ဦး ကျဆုံးခဲ့ရတဲ့ ဒီနေ့ ဇူလို...
19/07/2025

"မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး. . ."

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် (၉)ဦး ကျဆုံးခဲ့ရတဲ့ ဒီနေ့ ဇူလိုင် (၁၉) ရက်နေ့ဟာ 2025 မှာ (၇၈)နှစ် ပြည့်မြောက်ခဲ့ပါပြီ။

နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ (၇၈) နှစ်အကြာက ဒီနေ့ဟာ ကြေကွဲဖွယ်သမိုင်းစာမျက်နှာတစ်ခု ဖြစ်ခဲ့သလို အာဇာနည်နေ့အကြောင်း လူသိနည်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။

🚩စွန့်လွှတ်မှု၊ တန်ဖိုးထားမှု၊ ဦးဆောင်မှုတွေနဲ့ ဇူလိုင် (၁၉) ရက်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်များကို SarPhat မှ မမေ့မလျော့ဂုဏ်ပြုရင်း အာဇာနည်နေ့ရဲ့ သမိုင်းစာမျက်နှာတစ်ချို့ကိုလည်း SarPhat Platform မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဖတ်ရှုရန် Link
📲https://www.sarphat.com/articles/27119

#စာဖတ်

#အာဇာနည်နေ့ #သမိုင်းစာမျက်နှာ #ဗိုလ်ချုပ်အောင်ဆန်း #၁၉ဇူလိုင်

တကယ့်ကို တန်ဖိုးကြီးတဲ့ ဆုံးရှုံးမှုကြီးပါပဲ...အသက် (၆၇) နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာမောင်သာချို ကတော့ ကွယ်လွန်ချ...
10/07/2025

တကယ့်ကို တန်ဖိုးကြီးတဲ့ ဆုံးရှုံးမှုကြီးပါပဲ...

အသက် (၆၇) နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာမောင်သာချို ကတော့ ကွယ်လွန်ချိန်မတိုင်ခင်လေးမှာတင် စာပေတွေကို ဆက်လက်ရေးသားနေခဲ့ပြီး သူ့ရဲ့စာအုပ်တွေထဲက "သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ" စာအုပ်ဟာဆိုရင် သမီးဖြစ်သူကိုရည်ရွယ်ပြီး ဆုံးမစကားတွေ ထည့်သွင်းရေးသားထားတဲ့၊ ဖတ်လို့ကောင်းတဲ့ စာအုပ်လေးလည်း ဖြစ်ပါတယ်။

မိသားစုနှင့်ထပ်တူ စိတ်နှလုံးညှိုးနွမ်းရသလို ဆရာ့ရဲ့ စာပေတွေကို အမြဲသတိရနေမှာပါ 💔

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#မောင်သာချို #ကွယ်လွန်

ဝါဆိုလပြည့် ရက်မြတ်အခါတော်နေ့လေးမှာ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း SarPhat မှ ဆုမွန်ကောင်းတောင်းလိုက်ပါ...
09/07/2025

ဝါဆိုလပြည့် ရက်မြတ်အခါတော်နေ့လေးမှာ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
SarPhat မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့

Address

No. 10(B), MTP Condo, Near Than Lan Bus Stop, Hlaing Township
Yangon
11052

Alerts

Be the first to know and let us send you an email when SarPhat - စာဖတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category